(21)
Viewers 5k

Chapter (21)

ရှေးဟောင်းဓား၏ အမည်



လီကျင်လုံ ရုံးတော် အပြင်ဘက်တွင် ၁၅မိနစ် ကြာအောင် စောင့်လာပြီးနောက် အမှုထမ်း အရာရှိများ ထွက်လာသည်ကို မြင်လိုက်ရသည်။ အရင်ဆုံး ထွက်လာသူက တလီတရားရုံးက ဟွမ်ရုံနှင့် သူ၏ ခေါင်းဆောင်ဟောင်း ဟူရှန်းတို့ပဲ ဖြစ်သည်။ လီကျင်လုံ မတ်တပ်ထရပ်ကာ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေသော ပုံစံဖြင့် လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။


ဟူရှန်းက စကားတစ်ခွန်းမှ မပြောလာပေ။ သူက လီကျင်လုံကို ကြည့်ကာ တန်ပြန်အရေးယူမှုများကို မစဉ်းစားနိုင်တော့အောင် ဖြစ်နေသည်။ နှစ်များ ကြာလာသည်နှင့်အမျှ ဤလက်အောက်ငယ်သားဟောင်း လီကျင်လုံ၏ နာမည်မှာ ယခင်အချိန်ထိ အလွန်ညံ့ဖျင်းခဲ့သည်။ စစ်သူကြီးတွေကို သီးသန့်မေးရင် လီကျင်လုံကို သိပ်မကြိုက်တာက များ၏။ 


လက်အောက်ငယ်သား အားလုံးက လီကျင်လုံဟာ လျှို့ဝှက်ဆန်းကြယ်ပြီး နောက်ခံက ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ကြောင်း၊ သူတို့ကို မကြိုက်သလို မောက်မာတယ်လို့တောင် တချို့ကတောင် ပြောကြသည်။ ဟူရှန်း နောက်ထပ် မေးခွန်းများကို မမေးတော့ပေ။ သူ၏ နတ်ဆိုးနှင်ဌာနကို ပိတ်ပင်ပြီးနောက် သူမည်ကဲ့သို့ အခြေချ နေထိုင်ရမည် ဆိုတာဟာ ခက်ခဲသော မေးခွန်းတစ်ခုသာ ဖြစ်​​လေသည်။


သူတို့နှစ်ဦး စကားပြောသောအခါတွင် ဟွမ်ရုံနှင့် ဟူရှန်းတို့သည် သာမာန်အတွေးများ ရှိပြီး သူတို့ရှေ့မှလူငယ်သည် သနားစရာကောင်းသည်ဟုပင် ခံစားလာရသည်။ သားအကြီးဆုံး အနေဖြင့် ငယ်ငယ်ကတည်းက သူ့ဘိုးဘွားအိမ်ကို ရောင်းခဲ့ရပြီး သူ့မိသားစုက မရှိတော့တဲ့အပြင် နောက်ဆုံးတော့ တိုးတက်မှုတချို့ ရှိလာခဲ့ပေမယ့် အခု နတ်ဆိုးနှင်ဌာနကပါ ပြန်ပိတ်ပင်ခံရတော့မယ်။


"မင်းမှာ လက်အောက်ငယ်သား ညီလေးတစ်ယောက် ရှိလား" 


ဟူရှန်း အနည်းငယ်လှမ်းပြီး မေးလိုက်သည်။ လီကျင်လုံမှာ ချက်ချင်းဆိုသလို ဟုန်ကျွင့် ဒုက္ခရောက်သွားမှာကို စိုးရိမ်သွား၏။ လီကျင်လုံရဲ့ အမူအရာက ပြောင်းလဲသွားတာကို တစ်ချက် ကြည့်လိုက်တဲ့အခါ ဟွမ်ရုံသည် လီကျင်လုံဘေးက ဟုန်ကျွင့်ကို သတိရသွားသည်။ 


"ရှိတယ် ဘာဖြစ်လို့လဲ?"


ဟူရှန်း: "သူ့ကို ဒီကိုခေါ်ခဲ့... ပြီးရင် မင်း လုံဝူစစ်တပ်ထဲ ပြန်လာလို့ရပြီ... ကျန်တဲ့လူတွေကို အရာရှိတွေကို လွှတ်လိုက်မယ် နောက်လရဲ့ ငါးရက်မြောက်နေ့မှာ နတ်ဆိုးနှင်ဌာနရဲ့ ကမ္ပည်းပြားကို ကောက်ယူပြီး ရွှေ့ဖို့ ဆယ်ရက် အချိန်ပေးမယ်"


လီကျင်လုံသည် တစ်စုံတစ်ရာ ပေါက်ကွဲသွားသလိုမျိုး သူ့ခေါင်းထဲတွင် ပေါက်ကွဲသံကို ရုတ်တရက် ကြားလိုက်ရပြီး ဗြောင်ကျကျ ပြန်ကြည့်လိုက်သည်။ 


ဟူရှန်း: "အခက်တွေ့နေတာ သိတယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ငါ မင်းအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့တာ... ငါလုပ်ချင်တယ်လို့ မင်းထင်လား စိတ်အေးအေးထားပြီး ရက်အနည်းငယ်ကြာမှ ပြန်ပြောတော့"


ထိုစကားကို ပြောပြီးနောက် ဟူရှန်းသည် လီကျင်လုံအနီးသို့ လျှောက်သွားကာ ပုခုံးကို တစ်ချက်ပုတ်၍ ထွက်ခွာသွားခဲ့သည်။


ဟွမ်ရုံ: "လီကျင်လုံ ကမ္ဘာပေါ်မှာ မိစ္ဆာတွေရှိတယ်ဆိုတာ ငါယုံကြည်တယ် မင်းရဲ့စကားကိုလည်း ငါယုံကြည်တယ် ဒါပေမဲ့ တစ်ချို့အရာတွေက မင်းသွားမှ ဖြစ်တော့မှာ... မင်းဘဝရဲ့အခက်ခဲဆုံး အရာက မင်းအမွေဆက်ခံကတည်းကပဲ မင်းမှာ တိရန်ကျယ်ရဲ့ ဓားတစ်ချောင်းရှိရင် နှိမ့်ချပြီး အချိန်ကုန်ခံဖို့ နိယာမ တချို့ကိုလည်း သိထားရမယ်"


လီကျင်လုံ ဟွမ်ရုံ ပြောတာကိုလည်း မကြားနိုင်တော့ပေ။ ဟူရှန်းကို အမြန်လှည့်ကြည့်၍ တလီတရားရုံးသို့ လိုက်သွားခဲ့သော်လည်း ဟူရှန်းသည် လမ်းမကြီးပေါ်တွင် ခဏတာ ရပ်နေသည်ကိုသာ တွေ့ရပြီး ကမ္ဘာကြီးက လည်နေသလိုပင် ဖြစ်သွားသည်။ 


လီကျင်လုံမှာ ညနေ ငါးနာရီထိုးသောအခါတွင် နတ်ဆိုးနှင်ဌာန တံခါးဝကို မည်သို့မည်ပုံ ပြန်ရောက်လာသည်ကိုပင် မသိ​တော့ပေ။ သူ့အမြင်ထဲတွင် ဘုရင်ဖူတောက်သည် မှော်လက်နက် ခြောက်လက်ကို ကိုင်ဆောင်ကာ နူးညံ့သိမ်မွေ့သော အလင်းရောင်ဖြင့် ဖုံးအုပ်ထားပြီး သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။


......


​ခြံဝင်းအတွင်း၌ ခွက်နှင့် ပန်းကန်အနည်းငယ်က ပြန့်ကျဲနေပြီး ခန်းမအတွင်းရှိ ထိုင်ခုံများကို ရွှေ့ကာ သစ်ပင်အောက်တွင် ချထားလိုက်၏။ လက်ဖက်ရွက်အချို့ကလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေ​​သေးသည်။ 


အခန်းတိုင်းရဲ့ တံခါးမှာ မီးတွေပိတ်ထားလေပြီ။ တခြားလူတွေက သူ့ကို မစောင့်နိုင်တော့တာကြောင့် အနားယူကုန်ပြီ ထင်ပါရဲ့။ လီကျင်လုံသည် ဟင်းလင်းပြင်တွင် ရပ်ကာ သူ့ရှေ့က မြင်ကွင်းကို အကြာကြီး ငြိမ်သက်စွာ ကြည့်နေသည်။


တစ်ဖက်မှာတော့ ဟုန်ကျွင့်သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး ထူးဆန်းသော အိပ်မက်တစ်ခုထဲသို့ ပြုတ်ကျသွားသည်။ အိပ်မက်ထဲက ချန်အန်းဟာ အလောင်းကောင်​တွေ တောင်လို ပြုံနေ၏။ တမင်နန်းတော်မှာလည်း အနက်ရောင် အခိုးအငွေ့တွေနဲ့ ဖုံးလွှမ်းနေတဲ့ သွေးပင်လယ်ကြီးလည်း ဖြစ်​နေသည်။ အလောင်းတွေရဲ့ လက်တွေက သူ့ဆီကို သူ့ကို ဆွဲထုတ်ဖို့ ဆန့်တန်းပြီး ကြိုးစားနေသည်။ 


ဟုန်ကျွင့် ထိတ်လန့်ပြီး နတ်အလင်းငါးရောင် အကာအကွယ်ကို သုံးချင်ပေမယ့် နတ်အလင်းတွေက ထွက်မလာချေ။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နတ်ဆိုးနှင် ဌာနကို ပြန်သွားချင်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီအချိန်မှာ သူစဉ်းစားမိတာက ချုံမင်နဲ့ ချင်းရှူံ မဟုတ်ဘဲ လီကျင်လုံ ဖြစ်နေသည်။ 


"ခေါင်းဆောင်... ခေါင်းဆောင် ခင်ဗျား ဘယ်မှာလဲ" 


သူ ချန်အန်းမြို့ကို ဖြတ်ပြေးသွားရာ နေရာတိုင်းတွင် အနက်ရောင် မြူခိုးများက ဖုံးလွှမ်းနေ၏။ ထိုအရာတွေက သူ့ကျောကို အေးစက်သွားစေတာကြောင့် ဟုန်ကျွင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။ သူပြန်ထလာသောအခါတွင် ရင်ဘတ်ထဲမှ ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ နာကျင်မှုက သူ့ရင်ဘတ်ကို ဖောက်ထွက်လုနီးပါး ပြင်းထန်လှသည်။


"လီကျင်လုံ--!"


"ဟုန်ကျွင့်!"


အခန်းထဲမှာတော့ လီကျင်လုံသည် ဟုန်ကျွင့် အိပ်ယာပေါ်က လှိမ့်ချလိုက်ပြီး သူ့နာမည်ခေါ်သံကို ကြားလိုက်လေရာ သူ့ကို ဖမ်းဖို့ ခြေလှမ်းပြင်လိုက်သည်။ 


ဟုန်ကျွင့် ရုတ်​တရက်​ လန့်​ပြီး နိုးလာ​ခဲ့သည်။ လီကျင်လုံက စိုးရိမ်နေတဲ့ အမူအရာနဲ့ သူ့ကို အံ့သြစွာ ကြည့်​လျက်ရှိသည်​။ ဟုန်ကျွင့်နဖူးမှာ ချွေးတွေ တသွင်သွင် စီးကျနေပြီး သူ့မျက်လုံးတွေလည်း ပြူးကျယ်ထားကာ မျက်နှာကပါ ဖြူဖျော့နေသည်။ ဟုန်ကျွင့် မထိန်းနိုင်ဘဲ မရပ်မနား မောဟိုက်နေသည်။


"အိပ်မက်ဆိုး မက်လို့လား" 


လီကျင်လုံ အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်ထားပြီး ဟုန်ကျွင့်၏ ပုခုံးများကို ပွေ့ဖက်ထားသည်။ ဟုန်ကျွင့်ကလည်း လီကျင်လုံ၏ အဝတ်များကို တင်းတင်းဆုပ်ထား၏။ ထို့နောက် သူ့ခေါင်းကို လီကျင်လုံ၏ လက်နှစ်ဖက်​ကြားတွင် မြှုပ်လိုက်ပြီး သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။


.......


ညအချိန် ဖြစ်သော်လည်း လီကျင်လုံအခန်းတွင် မီးများ ထွန်းထားသည်။ ဟုန်ကျွင့် အရှေ့ဘက်ခန်းမှ စိတ်ငြိမ်ဆေး တချို့ကိုယူကာ လီကျင်လုံ၏ အခန်းတံခါး အပြင်ဘက်မှ ဖြတ်သွားစဥ် တစ်ဖက်လူဆီက အသံကို ကြားလိုက်ရ၏။ 


"ငါ့အတွက်လည်း ပေးပါ..."


ဟုန်ကျွင့်? "ကျွန်​တော်ပြင်ဆင်ပြီး ခင်ဗျားဆီ ပို့ပေးမယ်"


ထိုနေ့တွင် လီကျင်လုံ လှည့်ထွက်သွားသည့် မြင်ကွင်းကို သူ မှတ်မိနေသေးပြီး နောက်ပိုင်းတွင် ငါးကြင်းနတ်ဆိုးက တချို့လူများက သူတို့အခန်းထဲသို့ ဝင်ရတာကို မကြိုက်ကြောင်း ပြောခဲ့တာကို ဟုန်ကျွင့် မှတ်မိနေသေးသည်။


"ငါနဲ့ ခဏ​လောက်နေ​ပေးပါဦး" 


လီကျင်လုံက ပြောလာခဲ့သည်။ ဟုန်ကျွင့်သည် ခြေဗလာဖြင့် သွားကာ မီးလုံးတစ်လုံးကို ပွတ်၍ စားပွဲဘေးရှိ ကြေးမီးဖိုလေးကို ထွန်းညှိလိုက်သည်။ ထို့နောက် ကြေးအိုးတစ်လုံးထဲ ဆေးဖက်ဝင် ပစ္စည်းများကို ထည့်ပြီး ရောမွှေလိုက်တော့သည်။


လီကျင်လုံ "မင်း ငယ်ငယ်က အိပ်မက်ဆိုး မက်ဖူးလား" 


ဟုန်ကျွင့် ခေါင်းခါပြီး "မမက်ဖူးဘူး....တောင်ပေါ်ဆင်းပြီးတော့ ကျွန်တော် အိပ်မက်ဆိုးတွေ မက်လာတယ်"


"မင်းအိမ်ကို လွမ်းနေ​ပြီလား" 


လီကျင်လုံ သက်ပြင်းချလိုက်ပြီး ထပ်မေးလိုက်၏။ ထို့နောက် သူ့အပြင်ဘက်က အကျီကို ချွတ်လိုက်ပြီး အတွင်းဝတ် တစ်ထည်တည်း ဝတ်ထားသည့် အသားအရေက နှင်းလိုပင် ဖြူဖွေးနေသည်။ လီကျင်လုံ စားပွဲတစ်ဖက်တွင် ဒူးထောက်ထိုင်၍ ဟုန်ကျွင့်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ 


ဟုန်ကျွင့်သည် ပန်းကန်လုံးအတွင်းရှိ ဆေးဖက်ဝင် ပစ္စည်းများကို ညင်သာစွာ မွှေကြော်ရန် ကြေးဇွန်းတစ်ချောင်းကို အသုံးပြုလေသည်။ မီးတောက်သည် သူရဲကောင်းဆန်သော လူငယ်လေး၏ မျက်ခုံးကို ထင်ဟပ်​နေရာ အနည်းငယ် ဝမ်းနည်းနေပုံရသည့် ပုံရိပ်ကလေးကို တွေ့ရ၏။ 


လီကျင်လုံဆီက "အိမ်ကို လွမ်းနေလား" ဟူသော စကားကို ကြားလိုက်ရသောအခါ ဟုန်ကျွင့် လီကျင်လုံကို မော့ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ ထိုအပြုံးသည် ဘဝမှာ မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေသော လီကျင်လုံ၏ နှလုံးသား နက်ရှိုင်းသော ကြိုးများကို ညင်သာစွာ လှီးဖြတ်သွားသလို ခံစားလိုက်ရပြီး လှိုင်းတပိုးသံတွေပင် အသံထွက်လာသည်။ 


"ကျောက်ကျစ်လုံက လူတွေက အမြဲတမ်း ဆုံးရှုံးစရာတွေ အများကြီးပဲတဲ့.... နောက်ကြောင်းပြန်ကြည့်မှ အကျိုးကျေးဇူးတွေ ကို သိလာကြတာတဲ့" ဟုန်ကျွင့်က ပြုံး၍ပြော၏။


"ကျွန်တော် အိမ်က ထွက်လာပြီးတော့ အိမ်ကို လွမ်းနေပြီ ဒါပေမဲ့ နတ်ဆိုးနှင် ဌာနကိုလည်း သဘောကျတယ်... ဒီက လူတိုင်းကို သဘောကျတယ်"


လီကျင်လုံမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံဖြင့် မေးလိုက်သည်။ 


"နတ်ဆိုးနှင်ဌာနက ဘာကိုကြိုက်တာလဲ?"


"သဖန်းပင်လေး" ဟုန်ကျွင့်က သူ့ခေါင်းကို လှည့်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။


"ခင်ဗျားလည်း ကျွန်​တော့်အတွက် ဆေးခြယ်ပေးတယ် အတူ ကစားခိုင်းပြီး ကျွန်တော်နဲ့လည်း အဖော်ပြုပေးတယ်လေ..."


လီကျင်လုံ: "ဘာလို့လဲ မသိဘူး ဒါပေမဲ့ မင်းအတွက် ရည်ရွယ်တယ်လို့ အမြဲခံစားရတယ်"


ဆေးပစ္စည်းများ၏ ရောစပ်ထားသော မွှေးရနံ့များအောက်တွင် လီကျင်လုံ၏ စိတ်အနှောက်အယှက်များ သက်သာရာရသွားသလိုပင် သူ့ရှေ့က လူငယ်ကို ကြည့်ရင်း မကူညီနိုင်ဘဲ ဖြစ်နေသည်။ သူ့ကို အမြဲတမ်း အထူးဂရုစိုက်ချင်နေ၏။ 


ဘာလို့လဲ ဆိုတော့ သူက တခြား သုံးယောက်နဲ့ မတူပေ။ ဆိုတော့ ထိုလူတစ်ယောက်စီမှာ သူတို့အစီအစဉ်နဲ့သူတို့ ရှိတယ်လေ။ ဟုန်ကျွင့်ကတော့ မဟုတ်ချေ။ သူက လှပပြီး ဆွဲဆောင်မှု ရှိလို့လား။ ဒါလည်း မဟုတ်လောက်ပေ။ 


"ဒီနေ့ ဘာဖြစ်လို့လဲ" 


ဟုန်ကျွင့်က ခေါင်း​လေးမော့ပြီး မေးပြန်၏။ လီကျင်လုံ ဟုန်ကျွင့်၏ မျက်လုံးများထဲက တောက်ပသော အကြည့်ကို မြင်လိုက်ရသော် သူ ရုတ်တရက် နားလည်သွားတာကြောင့် ရယ်မောလိုက်မိသည်။


ဟုန်ကျွင့်သည် ပြင်ပက အကြောင်းအရာများစွာကို မသိသည့်အပြင် သူ့မျက်လုံးများသည် သူမြင်ရသော ရယ်မောနေသည့် အခြားသူများ၏ မျက်လုံးများနှင့် မတူသလို တခြားသူများကို ရှုံ့ချတတ်သော လုံဝူစစ်တပ် အတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း မတူပေ။ သူသည် အကြံအစည်မရှိ၊ လူတို့၏ စိတ်နှလုံးလို ဖောက်ပြန်လိုစိတ် မရှိ။ သူသည် ကမ္ဘာကြီးနှင့် လူ့ခံစားချက်များ အကြောင်းကို မသိတဲ့ ဖြူစင်သည့် ကလေးလေးလိုပင်။ 


လူတို့သည် လိမ်လည်လှည့်စားရန် မလိုအပ်ပါက ရိုးရှင်းသော လူများနှင့် မိတ်ဆွေဖွဲ့ရတာကို အမြဲ နှစ်သက်ကြသည်။


"ကျွန်တော့်ကြောင့် လှည့်စားခံရပြန်ပြီလား"


လီကျင်လုံ အလွန်ပျော်နေပြီး ကူကယ်ရာမဲ့ ပြုံးကာ ခေါင်းခါလိုက်သည်။ ဟုန်ကျွင့်ရဲ့ မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး လီကျင်လုံ တွေးနေပုံကို သူ နားမလည်နိုင်သလို ဖြစ်နေပါ၏။ အမှန်တော့ သူသည် လူအများစု၏ စကားကို တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့ပြီး ဤလောက၌ လူများ မကြာခဏ ပြောစရာရှိ​ကြသည်ကို သူသိသည်။


လီကျင်လုံ: "မင်းအိမ်မှာ သိပ်ဂရုမစိုက်ဘူးလား... အမြဲတမ်း လူတွေကို လှည့်စားပြီး ပြဿနာရှာနေတာလား"


"ချုံမင် ဒေါသထွက်တာ အရမ်းကြောက်စရာ ကောင်းတာကို ကျွန်တော် ဘယ်လိုလုပ် ပြဿနာရှာရဲမှာလဲ?" 


"နည်းနည်းတော့ ပြဿနာ ရှာတယ်ပေါ့လေ"


လီကျင်လုံမှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဟုန်ကျွင့်နဲ့ တွေ့ပြီးကတည်းက ကံမကောင်းတဲ့ အရာတွေက တစ်ခုပြီးတစ်ခု ရိုးရှင်းသလိုနှင့် ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့တဲ့ အနှစ်၂၀က အတွေ့အကြုံတွေထက် အများကြီး ပိုချဲ့ကားလာတယ်လို့ပင် ခံစားလာရ၏။ 


"သာမန်လူတွေကို မင်း နားမလည်ပါဘူး... သူတိုဘဝက ခက်ခဲတယ်"


ဟုန်ကျွင့်ကလည်း ခေါင်းညိတ်ပြီး ပြန်ပြောပါသည်။  


"ဟုတ်တယ် သာမန်လူတွေက အရမ်းသနားစရာကောင်းတယ် မိစ္ဆာတွေနဲ့ နတ်ဆိုးတွေက တောင်နတ်တွေနဲ့ တောရိုင်းနတ်ဆိုးတွေလို ဖြစ်နေတာ.... နတ်ဆိုးတွေက အရာခပ်သိမ်းရဲ့ ရန်ငြိုးနဲ့ နာကျင်မှုတွေရဲ့ ဘုရင်ပဲ"


လီကျင်လုံရဲ့ နှလုံးသားတွေ တုန်လှုပ်သွားသည်။ 


"အားလုံးက 'နတ်ဆိုး' ဆိုတဲ့ စကားလုံးကို ပြောကြတယ်... မိစ္ဆာကို ငါမြင်ဖူးပေမယ့် နတ်ဆိုးက ဘယ်မှာလဲ... ချန်အန်းမှာလည်း ရှိလား"


ဟုန်ကျွင့်က ခဏလောက်စဉ်းစားပြီး ပြော၏။ 


“နတ်ဆိုးနှင်သူရဲ့ အဆုံးစွန်တာဝန်က ပြည်တွင်းက နာကျင်မှုတွေကို ဖယ်ရှားဖို့ အတွင်းမှာရှိတဲ့ နတ်ဆိုးတွေကို မောင်းထုတ်ဖို့ပဲ... နှစ်တွေကြာလာတာနဲ့ နတ်ဆိုး အတားအဆီးတွေကို ချေမှုန်းပြီး ကမ္ဘာကြီးကို သန့်စင်စေရမယ်တဲ့” 


ဟုန်ကျွင့်သည် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေခဲ့သောကြောင့် စိုးရိမ်ပူပန်မှုများစွာ မရှိခဲ့ပါ။ သို့သော် ထိုက်ဟန်တောင်မှ ထွက်ခွာပြီး နှစ်လအကြာတွင် ပြည်မကြီးထဲရှိ ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ ပျော်ရွှင်မှုများနှင့် ခါးသီးမှုများက အလွန်ပြင်းထန်ကြောင်း တွေ့ရှိခဲ့သည်။


လမ်းခရီးတွင် ဆင်းရဲခြင်း၊ သေဆုံးခြင်း၊ ရောဂါဘယနှင့် အိုမင်းခြင်းများကို မြင်တွေ့ခဲ့ရသည်။ ငါးကြင်းနတ်ဆိုးသည် ဤတရားတို့သည် မွေးခြင်း၊ အိုခြင်း ၊ ဝေဒနာ၊ သေခြင်း၊ နာကြည်းခြင်း ၊ မုန်းတီးခြင်း ၊ ချစ်ခြင်းမှ ခွဲခွာခြင်း၊ မရှာကြံခြင်း စတာတွေ အပြင် စည်းစိမ်ငါးပါး ဟူသော ချမ်းသာမှု စသည်တို့ လူသားတွေရဲ့ ဘဝဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 


ထိုဝေဒနာ အမျိုးမျိုးတို့သည် ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင် အတွင်းသို့ ပျံ့နှံ့သွားပြီး ဤအစွမ်းထက်သော စွမ်းအားများက အဆက်မပြတ် သန့်စင်သွားကြသည်။ သို့ရာတွင် ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ သန့်စင်မှုအဆင့်ကို ကျော်လွန်သည်နှင့် "နတ်ဆိုး" အဖြစ်သို့ စုရုံးလာလိမ့်မည်။ 


ဟုန်ကျွင့်သည် ချုံမင်နဲ့ ချင်းရှူံတို့ ပြောသော "နတ်ဆိုး" ဟူသည့် စကားလုံးများကို အမြဲသတိရ​နေမိသည်။ နတ်ဆိုးတွေရဲ့ တည်ရှိမှုကို အလွန်သိချင်ပေမယ့် ငါးကြင်းနတ်ဆိုးက နတ်ဆိုးမွေးတာကိုသာ ရှင်းပြပြီး စကားရပ်လိုက်၏။ 


ဟုန်ကျွင့် ရှင်းပြပြီးနောက် လီကျင်လုံက မျက်မှောင်ကြုတ်ပြီး ဆက်ပြောလေသည်။ 


"ဒါက တိကုန်း ပြောခဲ့သလိုပဲ ဖြစ်နိုင်တယ်... ကုန်းမြေကြီးရဲ့ ဘေးဆိုးကြီး" 


ဟုန်ကျွင့်သည် လီကျင်လုံ၏ စိုးရိမ်သောက ရောက်နေသလို အမူအရာကို ကြည့်ကာ ပြုံးလျက် ပြောပါသည်။


"ခင်ဗျားဘာလို့ အမြဲတမ်း စိတ်မချမ်းသာသလို ဖြစ်နေတာလဲ?" 


"ငါ မပျော်နိုင်ဘူး" 


လီကျင်လုံမှာ မောပန်းနွမ်းနယ်နေတဲ့ ပုံစံဖြင့် ဖြေလေသည်။ သို့သေည် ဟုန်ကျွင့်ကို ကြည့်လိုက်တော့ သူ့နှုတ်ခမ်းက စိတ်သက်သာရာရစွာ ပြုံးပြလိုက်သည်။ 


"ဒါပေမဲ့ မင်းနဲ့ စကားပြောတိုင်း ငါ့စိတ်တွေ ပိုကောင်းလာတယ်"


"ကျွန်တော်တို့ ဆေးမသောက်ရသေးဘူး" 


ဟုန်ကျွင့် ပွက်ပွက်ဆူနေတဲ့ရေကို ကောက်ယူပြီး ကြေးဇလုံထဲကို လောင်းချပြီး ဖျော်ရည်အဖြစ် ဆက်မွှေလိုက်သည်။ 


"သူတို့က ခင်ဗျားဆီက လျော်ကြေးတောင်းနေတာလား? ကျွန်တော့်မှာ နည်းနည်း ရှိသေးတယ်... "


ဟုန်ကျွင့် သူ့ပုလဲတွေယူဖို့ ထခါနီးမှာပဲ လီကျင်လုံ လှမ်းတားလိုက်သည်။ 


"လျော်ကြေးပေးဖို့ မလုံလောက်ဘူး... မေ့လိုက်ပါ ငါ ဖြေးဖြေးချင်း စဉ်းစားပါ့မယ်... ဒုက္ခအပေးဆုံးကတော့ တရားရုံးတစ်ခုလုံးက ငါ့ကိုတွေ့ဖို့ မလိုလားဘူး... ဒါပေမဲ့ သူတို့ပြောတာကလည်း ကျိုးကြောင်း ဆီလျော်ပါတယ်"


ဟုန်ကျွင့်: "ခင်ဗျားတို့ ဧကရာဇ်ကို သွားရှာရင်ရော? နန်းတော်က သူပိုင်တယ်မလား... သူ့ကို တောင်းပန်ပြီး သူသဘောတူတယ် ရတယ်လေ... ကျွန်တော်ဆို တောင်ပေါ်က မဆင်းခင် ယောင်ကျင်းနန်းတော်ကို မီးရှို့ခဲ့​သေးတယ်"


လီကျင်လုံ: "..."


ဟုန်ကျွင့်သည် အိပ်မက်က လန့်နိုးလာသူလို နောက်ထပ် စကားလုံးတစ်လုံးဖြင့် နှိုးလိုက်သော်လည်း နောက်ဆုံးတွင် လီကျင်လုံက ခေါင်းညိတ်ပြနေသေးသည်။ ဟုန်ကျွင့်ပုံစံမှာ တစ်လောကလုံးထက် သူသည် စကားတစ်ခွန်း ပြောနေသမျှ အရာအားလုံးထက် ပိုထိရောက်သည့်အတိုင်းပင်။


လီကျင်လုံသည် ဧကရာဇ်မင်း ဘာလုပ်နေသည်ကို သိပြီး ဧကရာဇ်ပ သူ့ကို ယုံကြည်နေသမျှ အရာရှိမင်းတွေ ဘာလုပ်နိုင်မှာလဲ။ သို့သော် ဧကရာဇ်မင်းအား အကြောင်းနှင့်အကျိုးကို ယုံကြည်ရန် ဘယ်လို ဆွဲဆောင်နိုင်မယ် ဆိုတာက ရှိသေးသည်။ အနည်းဆုံးတော့ အဲဒီနည်းက နောက်လရဲ့ ပဉ္စမနေ့ မတိုင်ခင်မှာ လုပ်ရမှာပင်။


လီကျင်လုံ: "ငါပြန်စဉ်းစားကြည့်ဦးမယ် ဒီကိစ္စက မပြီးသေးဘူး နန်းတော်ထဲမှာလည်း မိစ္ဆာ ရှိတယ်..."


သူ့တွင် မရေရာသော အကြောင်းတစ်ခု ရှိနေကြောင်း နားလည်သွားသော ဟုန်ကျွင့်သည် ဆေးပန်းကန်လုံးအား သူ့ထံသို့ ပေးလာသည်။ လီကျင်လုံက ၎င်းကို ပထမဆုံး သောက်ရန် လှုံ့ဆော်ပေးခဲ့ပြီး အဖြေကို စတင်စဉ်းစားခဲ့သည်။ ဟုန်ကျွင့်က တစ်ဝက်သောက်ပြီး လီကျင်လုံက ၎င်းကိုယူကာ သောက်လိုက်သည်။


"ဆေးက အရမ်းများသွားပြီ ထင်တယ်..."


ဟုန်ကျွင့် သောက်ပြီးတာနဲ့ ခေါင်းမူးလာသည်။ လီကျင်လုံက ဆေးသောက်ပြီ။ တစ်ဖက်က ဟုန်ကျွင့်၏ မျက်လုံးများက မူးဝေနေကာ ပြိုလဲလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသော်လည်း ဟုန်ကျွင့်ကို မထိန်းပေးနိုင်ခင် သူကပါ ရုတ်တရက် မူးဝေလာပြီး ဟန်ချက်ပျက်သွားလေသည်။


"မင်း.. ဟုန်ကျွင့်..."


ဟုန်ကျွင့်သည် အချိန်အတော်ကြာအောင် လှည့်ပတ်နေပြီး ကပျာကယာ ထိုင်ချလိုက်ပြီးနောက် လီကျင်လုံကို မှီကာ အိပ်ပျော်သွားလေသည်။


"ဒါက ဘယ်လိုဆေးမျိုးလဲ စောင့်.." 


လီကျင်လုံ ဟုန်ကျွင့်လက်ကို ဆုပ်ကိုင်လိုက်ပေမယ့် လက်က ချော်ထွက်သွားပြီး သတိလစ်သွားတော့သည်။


.......


နောက်နေ့မနက်။


နေရောင်ခြည်က ချန်အန်းတစ်ခွင်လုံးပေါ် ဖြာကျလာခဲ့သည်။ အားထိုက်တစ်ယောက် လီကျင်လုံ အခန်းနားက ဖြတ်သွားစဥ် ရုတ်တရက် လီကျင်လုံက ကုတင်အစွန်းတွင် အိပ်ပျော်နေကာ သူ့ခြေထောက်များက အနည်းငယ် ကားထားလျက် ရှိ၏။ ဟုန်ကျွင့်ကတော့ သူ့​ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေပြီး နှစ်ယောက်လုံးက အတွင်းဝတ် အင်္ကျီကိုသာ ၀တ်လျက် သက်တောင့်သက်သာ အိပ်ပျော်နေကြသည်။ 


အားထိုက် : "..."


"ချိုးယုံစစ်!"


အားထိုက် အပြင်ဘက်ကို လျင်မြန်စွာ ပြေးထွက်၍ လက်ကို ဝှေ့ယမ်းလိုက်သော် အလွန်အမင်း အနံ့ခံအာရုံ​ကောင်းသော ချိုးယုံစစ်ကလည်း အပြေးကလေး ရောက်လာသည်။ သူသည် အခန်းတွင်းရှိ မြင်ကွင်းကို မြင်လိုက်သောအခါ နှစ်ယောက်စလုံး ပါးစပ်ဖွင့်ကာ အော်တော့မည့်အခိုက် ငါးကြင်းနတ်ဆိုးက သူတို့ပါးစပ်တွေကို ပိတ်ထားလိုက်သည်။


"မော့ရစ်ကန်းကို လာကြည့်ဖို့ ခေါ်လိုက်ရမလား?"


ငါးကြင်းနတ်ဆိုး: "ဘာကြည့်စရာရှိလို့လဲ ဘာကများ စိတ်​ဝင်​စားစရာ ရှိလို့လဲ? ခေါင်းဆောင်ရဲ့ တံခါးကို အမြန်​​သော့ခတ်​လိုက်​!"


"မနေ့ညက ကြားလား ဟုန်ကျွင့်က သူ့နာမည်ကို ထပ်ခါထပ်ခါ ခေါ်နေတာ... ခေါင်းဆောင် ခေါင်းဆောင် လီကျင်လုံ လီကျင်လုံ! ဆိုပြီလေ!'


"ဟုတ်​တယ်​ ဟုတ်​တယ်​ ငါကြားတယ်​ ငါကြားတယ်​ ဒါပဲ! ဒါ​ပေမဲ့ သူတို့က ဟုန်ကျွင့်အခန်းထဲမှာ မဟုတ်​ဘူးလား?" 


အသံက မှိန်ဖျော့သွားသော်လည်း လီကျင်လုံက ဦးစွာ သတိပြန်ဝင်လာသည်။ သူ့အပေါ်တွင် လဲလျောင်းနေသော ဟုန်ကျွင့်ကြောင့် နှလုံးခုန်သံက ရုတ်တရက် မြန်လာသည်။ 


"ဟုန်ကျွင့်... ထတော့! "


ဟုန်ကျွင့်သည် မနေ့ညက စကားပြောရတာနဲ့ အလုပ်များပြီး အိပ်ပျော်​စေတဲ့ ဟင်းရည်ကို တစ်ပန်းကန်လုံး သောက်မိသွားရာ အရမ်းများသွားသောကြောင့် သတိလစ်သွား၏။


ဟုန်ကျွင့် သူ့ကို အခန်းထဲ ပြန်ခေါ်သွားချင်ပေမယ့် အားလုံးက လန့်နိုးနေကြပြီ။ ငါးကြင်းနတ်ဆိုးက သူ့ကိုမြင်ရင် ဆူညံနေဦးမည်။ လီကျင်လုံ သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။ သို့နှင့် ဟုန်ကျွင့်ကို သူ့အိပ်ယာပေါ် ကောက်တင်ကာ စောင်ခြုံပေးလိုက်သည်။ 


ပင်မခန်းမထဲတွင် မော့ရစ်ကန်းသည် တစ်နေရာမှရရှိသော သားရေဒိုင်းကို လိမ်ရန် ကိရိယာတစ်စုံကို အသုံးပြုကာ အလုပ်ရှုပ်နေသည်။ အားထိုက်က သလင်းကျောက် အပိုင်းအစနှင့် ကစားနေပြီး ချိုးယုံစစ်ကတော့ လက်ဖက်ရည် ထိုင်သောက်နေသည်။ လီကျင်လုံ ရေချိုးပြီးတာနဲ့ အားလုံးက နှုတ်ဆက်ကြရင်း မနေ့ညက အဖြစ်အပျက်တွေကို စိုးရိမ်တကြီး မေး၍ အလုပ်ရှုပ်နေကြ၏။


လီကျင်လုံက ခေါင်းညိတ်ပြီး ဘာမှ မပြင်းထန်ဘူးလို့ ပြောလျက် ချိုးယုံစစ် ပေးလာတဲ့ လက်ဖက်ရည်ကို လက်ခံလိုက်သည်။ အားထိုက် နှင့် ချိုးယုံစစ်တို့သည် ထူးဆန်းသော အကြည့်များဖြင့် ဖလှယ်လိုက်ကြသည်။ မော့ရစ်ကန်း သူတို့ကို သံသယရှိစွာ တစ်ချက်ကြည့်လိုက်သည်။


“ဒါဆို ဒီအမှုကို ပိတ်မှာလား” အားထိုက်က မေးသည်။


"မပိတ်သေးဘူး... ငါတို့ဒီနေ့ ဆက်စစ်ဆေးရမယ်"


လူတိုင်းက သူတို့ရဲ့မျက်နှာမှာ သံသယတွေ ရှိနေကြပေမယ့် လီကျင်လုံက သူ့အတွေးနဲ့သ နောက်ဆုံးမှာ ပြောလာသည်။ 


"အားလုံးပဲ မင်းတို့ငါ့ကို မှော်ပညာ သင်ပေးနိုင်မလား"


လူတိုင်း၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။


လီကျင်လုံ: "ငါ မင်းတို့ကို မထိန်းထားချင်ဘူး... မင်းတို့ပြောတာ မှန်တယ် မိစ္ဆာတစ်ကောင်ကို ဖမ်းတဲ့အခါ အင်အားကို ငါ အမြဲတမ်း အားကိုးလို့ မရဘူး"


ဟုန်ကျွင့် နိုးလာသောအခါတွင် လွန်ခဲ့သည့် ရက်အနည်းငယ်၏ ပင်ပန်းနွမ်းနယ်မှု မရှိတော့ကြောင်း ခံစားလိုက်ရသည်။ လက်တွေကို ဆန့်တန်းရင်း အကြောဖြေလျှော့လိုက်တော့ စောင်ပေါ်မှ အနံ့ကောင်းတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ သူပြန်ကြည့်လိုက်တော့ ဒါက သူ့အခန်း မဟုတ်​နေမှန်း သိလိုက်သည်။


"ခေါင်းဆောင်?! ခေါင်းဆောင်လီ?! ခင်ဗျား ဘယ်မှာလဲ?"


လီကျင်လုံသည် လူသုံးယောက်ဟာ ခြံထဲက ဟင်းလင်းပြင်၌ စကားပြောနေခဲ့ပြီး ဟုန်ကျွင့် သူ့နာမည်ကို ခေါ်နေတာ ကြားတော့ လီကျင်လုံ ချက်ချင်း ရှက်သွားသည်။ 


မော့ရစ်ကန်း: "ဟုန်ကျွင့်? မင်း ဘာဖြစ်လို့လဲ?"


ဟုန်ကျွင့်သည် အဖြူရောင်ဝတ်စုံ ဝတ်ထားလျက်မှ ကမန်းကတမ်း ပြေးထွက်လာ၏။ 


"ခေါင်းဆောင်လီ? မနေ့ညက ဘာဖြစ်သွားတာလဲ"


ထိုစဥ် ငါးကြင်းနတ်ဆိုး၏ လက်ထဲက ခွက်ကနဲ မြည်သံနှင့်အတူ ပြုတ်ကျသွားသည်။ လီကျင်လုံက မိုက်မဲတဲ့စကားတွေကို ရပ်လိုက်ဖို့ အလျင်စလို အချက်ပြခဲ့ပေမယ့် ဟုန်ကျွင့်က ဆက်ပြောနေသည်။  


"ကျွန်​တော်ဘာလို့ ခင်ဗျားခုတင်ပေါ်မှာ အိပ်​နေရတာလဲ ခင်ဗျား ကျွန်တော့်ကို စောင်တောင် ခြုံထား​ပေးသေးတယ်!"


မော့ရစ်ကန်း လီကျင်လုံကိုကြည့်ပြီး အံ့သြသွားသည်။ ဟုန်ကျွင့်ဘက် လှည့်လာတဲ့ အားထိုက်နဲ့ ချိုးယုံစစ်က တညီတညွတ်တည်း ပြောပါ၏။  


"မဟုတ်လောက်ပါဘူးနော် ဘာဖြစ်နေတာလဲ?"


"လီကျင်လုံ!"ငါးကြင်းနတ်ဆိုးက ဒေါသတကြီးဖြင့် ထအော်သည်။ 


"မင်း ငါတို့အိမ်က ဟုန်ကျွင့်ကို ဘာလုပ်လိုက်တာလဲ" 


လီကျင်လုံလည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ​ပြန်ဟောက်တော့သည်။


"ခုန်ဟုန်ကျွင့်! မင်း စိတ်ငြိမ်ဆေး ဟင်းရည်ကို သောက်လိုက်တာ! ဝိညာဉ်ထွက်ပန်း ဝတ်မှုန်ကို အနံ့ခံမိသလိုနဲ့ အားလုံးကို မေ့သွားရလား မနေ့ညက မင်းအရင်ဆုံး အိပ်မက်ဆိုးမက်ပြီး ထအော်လိုက်တယ်... ပြီးတော်... အေးအေးဆေးဆေး ဟင်းရည်သောက်ချင်လို့ ငါ့အခန်းထဲက မီးဖိုကို ငှားလိုက်တယ်!"


ဟုန်ကျွင့်က ဒါကို သတိရပြီး ခေါင်းညိတ်ကာ တောင်းပန်လိုက်သည်။ 


"ထူးဆန်းလိုက်တာ ကျွန်တော်ခင်ဗျားကို ဘာလို့ ခေါ်လိုက်မိတာလဲ..."


"ငါဘယ်လိုလုပ်သိမှာလဲ!"


"ခေါင်းဆောင်... မင်း ဒီလောက်ရှင်းပြနေစရာ မလိုဘူးရယ်"


အားထိုက်က ကမန်းကတန်း ဝင်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် ချိုးယုံစစ်ကလည်း နောက်က လိုက်လာ၏။ 


"ဟုတ်ပါတယ် ခေါင်းဆောင်... ငါတို့အားလုံး နားလည်ပါတယ်"


"မင်းတို့ ဘယ်လိုလူမိုက်​တွေလဲ!" 


လီကျင်လုံ ဒေါသထွက်ကာ သေလုမတတ် ဖြစ်​နေပြီး စိတ်တည်ငြိမ်ရန် အချိန်အတော် ကြာသွားခဲ့သည်။


......


ဟုန်ကျွင့် သူ့အဝတ်အစားတွေ ပြောင်းဝတ်ပြီး ခေါက်ဆွဲစားဖို့ စင်္ကြံအောက်လမ်းကနေ ထွက်လာတော့ အားထိုက်နဲ့ ချိုးယုံစစ်က လီကျင်လုံကို မှော်ပညာအကြောင်း သင်ပေးတာကို မြင်လိုက်ရသည်။ ဟုန်ကျွင့် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ 


"ငါ့ရဲ့ သွေးကြောထဲမှာ ဝိညာဉ်စွမ်းအား မရှိဘူး" လီကျင်လုံက ဆိုသည်။


မော့ရစ်ကန်း: "ခေါင်းဆောင် တကယ်တော့ သေမျိုးလူသား တစ်ယောက်အနေနဲ့ မင်းက ထူးထူးခြားခြား ဖြစ်နေပါပြီ"


လီကျင်လုံ သက်ပြင်းချလိုက်ပြီး "မလုံလောက်ဘူး"


မြေခွေးမိစ္ဆာနှင့် ဖေးအောင်ရှေ့တွင် သူ့ကို ဟုန်ကျွင့်သာ အလျင်အမြန် မဆွဲထားပါက စက္ကန့်အနည်းငယ်အတွင်း မိစ္ဆာ၏ ဝါးမျိုခြင်းကို ခံရမည်ဖြစ်သည်။


ချိုးယုံစစ်: "ဘဝမှာ အရေးကြီးဆုံး အရာက ဦးနှောက်ပဲ.... ဒုတိယအချက်က မှော်စွမ်းအား မင်းမှာ မှော်လက်နက်နဲ့ လေ့ကျင့်ပျိုးထောင်မှုရှိရင် မင်းအရာရာကို ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားနဲ့ လုပ်နိုင်တယ် မင်းမှာ အင်အားမလုံလောက်ရင် နတ်ဆိုးတွေရဲ့ လက်ထဲမှာ အနှေးနဲ့အမြန် သေလိမ့်မယ်"


"မင်းမှာ ဟုန်ကျွင့် ရှိတယ်"


"ဟုတ်တယ် မင်းမှာ ဟုန်ကျွင့် ရှိ​နေတယ်"


ဟုန်ကျွင့်:"?"


လီကျင်လုံ သူ့ဓားကို ချလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ထိုစဥ် ဟုန်ကျွင့်ကလည်း ရှေ့ထွက်လာကာ ဆိုလာ၏။ 


"ငါလည်း သိချင်နေတာကြာပြီ ဒါက ဘယ်လိုမှော်လက်နက် အမျိုးအစားလဲ"


ဟုန်ကျွင့် အနေဖြင့် လီကျင်လုံရဲ့ ဓားကို အလေးအနက်ထား ကြည့်တာ ဒါတတိယအကြိမ် ဖြစ်လေသည်။ 


"မှော်လက်နက်ကို မှန်မှန်ကန်ကန် အသုံးပြုရင် စွမ်းအား မရှိသူတောင်မှ သိုင်းသမား ဖြစ်နိုင်တယ်လို့ ချင်းရှုံက ပြောဖူးတယ်"


ချိုးယုံစစ်: "ဒါအမှန်ပဲ... နတ်ဆိုးနှင်သူ တော်တော်များများမှာ မွေးရာပါ ဝိညာဥ်သွေးကြောတွေ မရှိဘူး သူတို့က ရန်သူကို မှော်လက်နက် အနည်းငယ်နဲ့ ကောင်းကောင်းအသုံးချ​ပြီး အနိုင်ယူကြတယ်... ဒီဓားကို ကြည့်ရအောင်"


ချိုးယုံစစ်၊ အားထိုက်နှင့် မော့ရစ်ကန်းသည် လီကျင်လုံ၏ဓားကို အလေးအနက်ထား ကြည့်တာက ပထမဆုံးအကြိမ် ဖြစ်သည်။ လီကျင်လုံက ပြောလိုက်သည်။ 


"ဒီဓားက ဟုန်ကျွင့်ရဲ့ ဓားပျံနဲ့ ဆက်စပ်နေပုံရတယ်"


ဟုန်ကျွင့်လည်း သူ့လက်ချောင်းများကြားရှိ ဓားပျံကို ထုတ်ကာ ဝိညာဉ်စွမ်းအားကို ထိုးသွင်းရန် ကြိုးစားကြည့်သည်။ တစ်ချိန်တည်းတွင် ရိုးရှင်းသော အနက်ရောင် ဓားရှည်ကြီးက ရွှေရောင်အလင်းများဖြင့် တောက်ပလာ​လေသည်။


"ယိုး!" အားလုံး အံ့သြသွားသည်။


ဟုန်ကျွင့်: "ဓားပျံက မိစ္ဆာရဲ့ကိုယ်ထဲကို ဖောက်လိုက်တဲ့အခါ မိစ္ဆာရဲ့ စွမ်းအားအရ အသက်ဝင်လာလိမ့်မယ် ဒီဓားရှည်နဲ့ ဓားပျဲက သံတစ်မျိုးတည်းနဲ့ လုပ်ထားတာ ဖြစ်နိုင်တယ်"


ချိုးယုံစစ်: "ဖြစ်နိုင်တယ်... နောက်တစ်ခါ တောက်ပလာပြန်ပြီ"


ဓားပျံနှင့် ဓားရှည်တို့သည် အချင်းချင်း ပဲ့တင်ထပ်ကာ ဓားရှည်ပေါ်၌ စာကြောင်းတစ်ကြောင်း ပေါ်လာပြီး ပိုမိုတောက်ပလာသည်။


"ဒါ... "


ချိုးယုံစစ် လီကျင်လုံကို ကြည့်လိုက်ပြီး တစ်ဖန် ဓားကို ​ပြန်ငုံ့ကြည့်လိုက်သည်။ လီကျင်လုံကတော့ မျက်မှောင်ကြုတ်ကာ မေး​လေ၏။ 


"ဘာလဲ?"


"ဒီဓားက ဘယ်လောက်ကျလဲ?" 


"ငါးသိန်းငါးသောင်း" 


"ငါးသန်းခွဲ ပေးမယ်... ငါ့ကို ဆယ်လတ်လောက် မှာပေးပါလား?"


ချိုးယုံစစ် ပြုံးပြီး ပြောလိုက်သော်လည်း ဓားကိုတော့ လီကျင်လုံဆီ ပြန်ပေးလိုက်သည်။ သူက အားလုံးထဲမှာ မှော်လက်နက်တွေ အကြောင်း အသိဆုံးဖြစ်လို့ သူဒီလိုပြောလာတဲ့အခါ အားလုံးက တစ်ပြိုင်တည်း မတ်တပ်ထရပ်လိုက်သည်။ 


လီကျင်လုံ: "ဒီ မှော်လက်နက်က ဘာလဲ" 


"ပညာရှိဓား" 


"ဘာ?!" ငါးကြင်းနတ်ဆိုးက အံ့သြသွား၏။


"မင်းသိလို့လား" လီကျင်လုံ မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။


ငါးကြင်းနတ်ဆိုး: "မသိဘူး"


လီကျင်လုံ: "..."


ငါးကြင်းနတ်ဆိုး: "ဒီအချိန်က အံ့သြရမယ့် အချိန်တန်လို့ ထင်လို့လေ"


လူတိုင်း ​ငြိမ်ကျသွား၏။