(24)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (24)

အသက်ရှင်​နေတဲ့အလောင်း



ကျွန်တော်တို့အားလုံး အလွန်ထိတ်လန့် တုန်လှုပ်သွားကာ ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။ အစောကတည်းက ဒီခေါင်းတလားက တစ်ခုခုတော့ မှားနေနိုင်ကြောင်း ခန့်မှန်းမိသော်လည်း ထိမိလိုက်သောအခါ အေးစက်စက် လေများကို ကူကယ်ရာမဲ့ ရှူသွင်းလိုက်မိကြသည်။ 


ဤလှုပ်ရှားမှုသည် ခေါင်းတလား အတွင်းက ခေါင်းတလားသခင်က လှုပ်ရှားလာနိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ဆိုလိုပါက ကောင်းတဲ့ကိစ္စတော့ မဟုတ်တော့ချေ။ 


တခွေ၏ မျက်နှာသည် ဖြူဖျော့သွားကာ တုန်လှုပ်သွားပြီး။


"အထဲမှာ တစ်ခုခု အသက်ရှင်နေသလိုပဲ... သခင်သုံး ဒီအခေါင်းကို ဒီအတိုင်း ထားခဲ့သင့်တယ် ထင်တယ်နော်"


ဦးလေးသုံးသည် ခေါင်းတလား၏ တည်ဆောင်ပုံကို သေသေချာချာ ကြည့်ကာ ခေါင်းယမ်းလိုက်သည်။


"မဖြစ်နိုင်ဘူး.... ဒီအခေါင်းကို အလုံပိတ်ထားတာ လေကအထဲကို လုံးဝ မဝင်နိုင်ဘူး... အထဲမှာ ဘယ်လိုသတ္တဝါပဲ ဖြစ်ဖြစ် အသက်ရှိနေခဲ့ရင်တောင် အခုက အနှစ်သုံးထောင်လောက် ကြာသွားပြီ ဆိုတော့ အသက်ရှုကြပ်ပြီး သေသွားလောက်ပြီ... ဒါအပြင် ဒါက ခေါင်းတလားတစ်ခုပဲ အထဲမှာ ခေါင်းတလား အလွှာတွေ အများကြီး ရှိတယ်... ဆိုတော့ တစ်လွှာ ဒါမှမဟုတ် နှစ်လွှာကို အရင်ဖယ်ပြီး သေချာနားထောင်ကြည့်ရအောင်”


ဝူရှဲလည်း ထိုခေါင်းတလား၏ အလေးချိန်ကို အကြမ်းဖျင်း ခန့်မှန်းမိပါသည်။ သူ့မှတ်ဉာဏ်တွင် အလေးဆုံးသော ကြေးခေါင်းတလားသည် လေကူသွမ်းရှိ ကျိန်းဟုန်ရီ သင်္ချိုင်းမှ ဧရာမအခေါင်းကြီး ဖြစ်သည်။ အလေးချိန်က ကိုးတန်ခန့် ရှိ၏။ ယခုခေါင်းတလားနှင့် အရွယ်အစား တူသော်လည်း ကျိန်းဟုန်ရီရဲ့ သင်္ချိုင်းဂူထဲက ခေါင်းတလားကိုတော့ သစ်သားပျဉ်ပြားများဖြင့် ထုလုပ်ထားသည်။ ယခုခေါင်းတလားမှာ ကြေးဝါဖြင့် ပြုလုပ်ထားပြီး အလေးချိန် ကိုးတန်ကျော် ရှိနိုင်သည်။ အတိအကျ ပမာဏကိုတော့ သူလည်း ခန့်မှန်း၍မရပေ။


တခွေ နဲ့ သူ့ဦးလေးသုံးတို့ဟာ ခေါင်းတလားရဲ့ အက်ကွဲကြောင်းထဲက မီးဆေးတွေကို ဓားနဲ့ ခြစ်ထုတ်ပြီး အက်ကြောင်းထဲ ဓားဖိသွင်းကာ လှန်ထုတ်ဖို့ ကြိုးစားကြည့်သည်။ 'ဖုန်း'ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ကြေးခေါင်းတလားရဲ့ အဖုံးက အနည်းငယ် စောင်းသွားသည်။


ဝူရှဲလည်း ပြေး၍ စောင်းနေ ကြေးခေါင်းတလား အဖုံးကို ကူထုတ်ပြီး တွန်းထုတ်လိုက်သည်။ ကြေးပြားကြီးမှာ အနည်းဆုံး ၈၀၀ ကီလိုဂရမ်ကျော် အလေးချိန် ရှိတာကြောင့် တ၀က်ကို ရွှေ့ဖို့ပင် အချိန်အတော် ကြာသွားသည်။ သူတို့မှာ အရမ်း မောပန်းလွန်းလို့ အသက်ရှုမဝတော့သလို ဖြစ်လာသည်။ 


နောက်ဆုံးမှာတော့ ပခုံးကနေ မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကြေးခေါင်းတလား အဖုံးကို တစ်ဖက်သို့ လှန်လိုက်ကာ နောက်ဆုံးတွင် အတွင်းဘက်က ခေါင်းတလားပုံစံကို ဖော်ထုတ်လိုက်​တော့သည်။


ကျောက်စိမ်းတုံးများဖြင့် ထုလုပ်ထားသော လက်ရာမြောက် ကျောက်စိမ်းယွန်းထည် အခေါင်းတလား ဖြစ်သည်။ ထိုကျောက်စိမ်းတုံးများကို အလွန်သေသပ်စွာ ပြုလုပ်ထားပြီး အချွန်ပုံနှင့် အဝိုင်းပုံ ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ထားသဘ်။ ဤသည်မှာ ကောင်းကင်သည် ဝိုင်းနေလို့ နေရာအရပ်သည်လည်း ဝိုင်းနေသည် ဟူသော စကားကို အကျဉ်းချုံး၍ ကျောက်စိမ်းကို အသိုက်ကို လုပ်ထားပုံပင်။ 


အခေါင်းထဲမှာတော့ ဆေးခြယ်ထားတဲ့ သစ်သားခေါင်းတလား တစ်လုံး ရှိသည်။ အပြင်ဘက်မှာ ကျောက်စိမ်းတွေနဲ့ ဖုံးထားတာကြောင့် ဘာဆေးခြယ်ထားလဲတော့ မပြောနိုင်သေးချေ။ ဖန့်ကျစ်မှာ ခေါင်းတလားကို မြင်လိုက်ရတော့ မျက်လုံးတွေ ကျွတ်ကျမတတ် ဖြစ်သွားရှာ၏။ 


သူ့မျက်နှာတစ်ခြမ်းမှာ ဒဏ်ရာတွေနဲ့ ဖုံးအုပ်ထားသော်လည်း ကျန်​နေတဲ့ တစ်ဝက်နဲ့ ငိုတစ်လှည့် ပြုံးတစ်လှည့် လုပ်နေတော့သည်။ 


"အမေရေ.... ကျောက်စိမ်းတွေမှ အများကြီးပဲ အခု ငါတော့ ဘေးတိုက် လမ်းလျှောက်လို့တောင် ရပြီ" 


အံကြိတ်ကာ ယူတော့မယ့် အချိန်မှာပဲ ဦးလေးသုံးက ဆိုလာ၏။


"မဖြစ်ဘူး.... ဒါက ရှင်းကျန်း ကျောက်စိမ်း အမျိုးအစားပဲ... ခွဲထုတ်ပြီးရောင်းရင် သိန်းရာဂဏန်းနဲ့ပဲ ရောင်းနိုင်မှာ.... ငါတို့မှာလူတွေ အများကြီးရှိတယ် ခွဲဝေယူဖို့တောင် မလောက်ဘူး.... ဒီအဖိုးတန်ကျောက်စိမ်း အသိုက်ကြီးပါ မသွားမှပဲ ရမယ်!”


ဖန့်ကျစ် ဒုက္ခရောက်သွားသည်။ ဦးလေးသုံးရဲ့ မျက်လုံးတွေ ပြူးကျယ် ပြလာတဲ့အခါ အမှားတွေကို မကျူးလွန်ဝံ့တော့ဘဲ ခေါင်းကို ကုတ်ပြီး နောက်ဆုတ်လိုက်တော့သည်။ 


ဦးလေးသုံးက ဆေးခြယ်ထားသော သစ်သားခေါင်းတလားကို ခေါက်​ကြည့်လိုက်ပြီး 


"ပုံမှန်ဆို စစ်မတ်ခေတ်ကာလရဲ့ မင်းညီမင်းသားတွေနဲ့ ဘုရင်တွေရဲ့ ခေါင်းတလားကို နှစ်လွှာ သုံးလွှာ ​လုပ်ထားတတ်တယ်... သစ်ပင်ကို ပထမအလွှာအဖြစ် ရေတွက်မယ်ဆိုရင် ငါတို့အခု ဒုတိယအလွှာကို ဖယ်ရှားလိုက်ပြီ။ ပြီးတော့ အောက်အလွှာက အဖိုးတန်ဆုံး ဖြစ်နိုင်တယ်" 


ပြောပြီးနောက် ဦးလေးသုံးသည် ခေါင်းတလားမှ ရွှေချည်များကို ဓားဖြင့် ဂရုတစိုက် ဖယ်ထုတ်ခဲ့သည်။ ရွှေမှုန်များကို ဖယ်ရှားဖို့ နာရီဝက်လောက် အချိန်ယူလိုက်ရကာ ခေါင်းတလား တစ်ခုလုံးကို နောက်ဆုံးမှာ ဖယ်ထုတ်လိုက်နိုင်သည်။ 


ကျောက်စိမ်း ခေါင်းတလားကို ဖယ်ရှားပြီးသည်နှင့် သစ်သား ခေါင်းတလားပေါ်ရှိ ပန်းချီကားများကို တွေ့လိုက်ရသည်။ ဤအရာများကို ကမ္ပည်းစာများထက် နားလည်ရန် ပိုမိုလွယ်ကူပါ၏။ ဝူရှဲ မိုင်းတွင်းမီးအိမ်အား ဖွင့်ကာ ဂရုတစိုက် ကြည့်လိုက်တော့ ထိုပေါ်တွင် ရေးထားသော ဇာတ်ကြောင်း ပန်းချီကားများစွာ ရှိနေတာ တွေ့လိုက်ရသည်။ 


​ကျောက်စိမ်း ခေါင်းတလားထဲကို သစ်သား ခေါင်းတလားအား မြှုပ်နှံထားတဲ့ မြင်ကွင်း ဖြစ်နိုင်သည်။ အလယ်မှာ အပေါက်ပါတဲ့ သစ်ပင်ကြီးတစ်ပင်ကို တွေ့ကာ သစ်သားခေါင်းတလားကိုတော့ အရိုးစုများစွာက သယ်ဆောင်လာကြပြီး အနားမှာ လူတော်တော်များများက တလေးတစား ဒူးထောက် ဂါဝရပြုနေကြသည်။ 


ဦးလေးသုံးကတော့ ကျောက်စိမ်း အသိုက်အအုံကို သေသေချာချာ ခေါက်ပြီး သူ့ကျောပိုးအိတ်ထဲမှာ ထည့်ထားလိုက်သည်။ ဝူရှဲ သယ်ဖို့ ကြိုးစား​ကြည့်တော့ သယ်ရတာ အရမ်းလေးပြီး ကျောပေါ်တင်ပြီးတောင် သယ်ရခက်​တော့မယ့်ပုံပင်။


ထိုအရာကြောင့် တခွေဟာ ရုတ်တရတ် စိတ်အားထက်သန်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ အတွင်းက ဆေးသုတ်ထားတဲ့ သစ်သားခေါင်းတလားကို ဆက်ဖွင့်လိုက်ပါတော့သည်။ ဦးလေးသုံးက သူ့ကို ဖမ်းဆွဲပြီး 


“တစ္ဆေမြင်တော့ မင်းက မူးလဲတယ်... ပိုက်ဆံကိုမြင်တော့ အသက်မရှင်ချင်တော့ဘူးပေါ့ ဟုတ်လား!! အောက်မှာ တစ်ထပ်ပဲ ရှိတော့တယ် ပေါ့ပေါ့ဆဆ မလုပ်နဲ့ ဖြည်းဖြည်းလုပ်စမ်း!" 


ပြောပြီးနောက် ဦးလေးသုံးက ငုတ်တုတ်ထိုင်ချလိုက်ပြီး ခေါင်းတလားအား နားရွက်နား တင်ကာ စကားမပြောရန် လက်ဟန်ခြေဟန်ဖြင့် ဝူရှဲတို့အား ပြလိုက်သည်။ 


သူစိတ်အနှောင့်အယှက် ဖြစ်သွားမှာ ကြောက်တာနဲ့ ဝူရှဲတို့လည်း အသက်ဝဝ မရှုရဲတော့ချေ။ အချိန်အတော် ကြာအောင် နားထောင်ပြီးနောက် သူတို့ဘက်ကို လှည့်ကြည့်လာကာ ဖြူဖျော့​နေတဲ့ မျက်နှာနဲ့ ပြောလာ၏။ 


“အထဲကဟာကြီးက အသက်ရှူနေသလိုပဲ” 


အထဲမှာ သရဲတစ္ဆေတွေရဲ့ အော်သံကြားရင် ငါတို့ လက်ခံနိုင်တုန်းပဲ။ ခုတော့ အထဲမှာရှိတဲ့ အရာက ထူးထူးဆန်းဆန်း အသက်ရှုနေတဲ့ အရာတစ်ခု ရှိနေတယ် ဆိုတော့ တခွေမှာ အရမ်းထိတ်လန့်သွားပြီး စကားပင် ထစ်သွားသည်။


"မဟုတ်မှ အသက်ရှင်လျက် သေနေတဲ့ လူများလား!"


ဦးလေးသုံးက 


"ချီးပဲ! ဒီမှာ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြောခိုင်းစမ်းနဲ့... ဒီအခြေအနေထိတောင် ရောက်နေပြီ.... ငါတို့ သူ့အတွက် ကျောက်စိမ်း ခေါင်းတလား ဘုတ်​ပြားကို ပြန်ပေးလိုက်ရမှာလား?"


မြည်းနက်ခွာကို ထုတ်ယူကာ ​ခေါင်းတလားထဲသို့ ချည်နှောင်ထားရင်း ဝူရှဲအား အချက်ပြလိုက်သည်။ ဝူရှဲ သေနတ်ကို ကောက်ကိုင်လိုက်ပြီး တခွေကလည်း သူ့လက်ထဲမှာရှိတဲ့ တူရွင်းကို ကောက်ကိုင်လိုက်ပြီး ခေါင်းတလား ဘေးမှ စောင့်နေသည်။ အထဲက ဘာကြီးပဲ ထွက်လာလာ တစ်ခါတည်း ရိုက်ပစ်ဖို့ အဆင်သင့် ပြင်ထားလေသည်။


ဦးလေးသုံးသည် သူ့လက်ထဲသို့ နှစ်ကြိမ် တံတွေးထွေးကာ ပထမဦးစွာ သူ့ကိုယ်သူ ခိုင်ခံ့စေရန် သူ့လက်နှစ်ဖက်ကို ရွှေ့ကာ အထဲသို့ ဓာတ်မီးနဲ့ ထိုးကြည့်တောမယ့် အချိန်မှာပဲ သူတို့နောက်မှ အသံတစ်ခုက ထွက်ပေါ်လာသည်။ 


"ရပ်လိုက်!"


နောက်ကို ပြန်ကြည့်လိုက်တော့ ဘယ်အချိန်က နိုးနေမှန်းမသိတဲ့ ဖက်တီးက ခေါင်းကိုကိုင်ပြီး လက်တွေကို ဝှေ့ယမ်းပြနေလေသည်။ 


“မဖြစ်ဘူး မဖြစ်ဘူး... ဒီလိုဖွင့်လိုက်ရင် ပြဿနာတတ်လိမ့်မယ်.... အတွေ့အကြုံ နည်းနည်းပါးပါး​လေနဲ့း မင်းတို့က သူ့ကို အနိုင်ယူချင်နေသေးတာလား? အထဲက မှောင်နေတာ ဓာတ်မီးနဲ့ သွားထိုးရင် သေလမ်းရှာနေသလိုပဲ ဖြစ်နေလိမ့်မယ်"


ဦးလေးသုံးက "ဒါဆို မင်းက ဘယ်လိုဖွင့်မလို့လဲ?"


ဖက်တီးက သူ့လက်ကို ဝှေ့ယမ်းပြီး ဦးလေးသုံးကို နောက်ဆုတ်ခိုင်းလိုက်သည်။ ယွန်းထည် ခေါင်းတလားနဲ့ ကြေးခေါင်းတလား ကြားက နေရာလွတ်ထဲ သူ့လက်ကို ထည့်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ အကြာကြီး ငုံ့နေပြီးနောက် ရုတ်တရက် သူ့လက်ကို အတင်းတွန်းထုတ်လိုက်ရာ လျှပ်တပြက် အသံတစ်ခု ကြားရပြီး ခေါင်းတလားသည် အလယ်မှ သပ်ရပ်စွာ ကွဲထွက်သွားသည်။ 


အဲဒီအခိုက်အတန့်မှာ ခေါင်းတလားထဲကနေ အလွန်သနားစရာ ကောင်းတဲ့ အော်ဟစ်သံကို ကြားလိုက်ရ၏။ ဝူရှဲ ထိတ်လန့်သွားပြီး လက်တွေ ပျော့ဖတ်သွားကာ သေနတ်ကို ပစ်ချလုနီးပါး ဖြစ်သွားသည်။


ဖက်ဆီးက ချက်ချင်း ပြန်ထကာ သူ့လက်ဖြင့် အချက်ပြလိုက်သည်။


"နောက်ဆုတ်!"


ဝူရှဲ့ သေနတ်ကို မသိစိတ်က ကောက်ကိုင်လိုက်ပြီး ခေါင်းတလားကို ချိန်ထားရင်း ခြေလှမ်းအနည်းငယ်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ ယွန်းထည် အခေါင်းဟာ ကြာပန်းလို တက်လာပြီး ခေါင်းတလားရဲ့ ဘယ်ညာ အက်ကွဲကြောင်းတွေကို လှန်ချလိုက်၏။ ဒီဇိုင်းက ရင်သပ်ရှုမောဖွယ် ကောင်းလောက်တာကြောင့် စိုက်မကြည့်ဘဲ မနေနိုင်ချေ။ 


တစ်ချိန်တည်းမှာပင် အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ထားသည့် အမျိုးသားတစ်ဦး ခေါင်းတလားထဲ ထထိုင်လိုက်တာကို တွေ့လိုက်ရတော့ ဝူရှဲ သူ့ပုခုံးကို မြှောက်ကာ သေနတ်ဖြင့် ပစ်ခါနီးတွင် ဖက်တီးက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး 


“မလှုပ်နဲ့.... သူ့ခန္ဓာကိုယ်ပေါ်ကဟာက ရတနာပဲ!! မဖျက်စီးမိစေနဲ့"


ထိုအချိန်တွင် လျှို့ဝှက် ဆန်းကြယ်သော ဘုရင်လုရှန်၏ ရုပ်သွင်ကို မြင်လိုက်ရသည်။ ရှားပါး စိုစွတ်နေသော အလောင်းတစ်လောင်း ဖြစ်သည်။ သူ့တစ်ကိုယ်လုံးရှိ အသားအရည်သည် ဖြူဖွေး ကြည်လင်နေ၍ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားပုံက သေသွားစဥ်က အင်မတန် နာကျင်ခဲ့ပုံပင်။ 


မျက်နှာ အသွင်အပြင်က ပုံပျက် အက်ကွဲလုမတတ် ဖြစ်နေသည်။ ဝူရှဲစိတ်ထဲ ထူးဆန်းသွားသည့။ သူ့မှာ အမျိုးသမီး အလောင်းကို နှစ်ထောင်ချီကြာအောင် မဆွေးမြေ့အောင် ထိန်းထားနိုင်တဲ့ နည်းလမ်းရှိရက်သားနဲ့ ဘာကြောင့် သူ့ခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်ခဲ့တာလဲ။


ဦးလေးသုံးက ဘေးနားကို လှမ်းကြည့်လိုက်ပြီး 


"ဒါက အံသြစရာကောင်းတဲ့ ကျုံးကျီလို့ ထင်လိုက်တာ... ကြည့်စမ်း သူ့နောက်မှာ ထောက်ဖို့ သစ်သားတစ်ချပ် ရှိနေတာပဲ.... သူ ထထိုင်နိုင်တာ အံ့သြစရာတော့ မရှိပါဘူး"


ဝူရှဲတို့ အားလုံးလည်း လျှောက်သွားကာ ကြည့်လိုက်ကြတော့ အလွန်နူးညံ့ သိမ်မွေ့သော ယန္တရားတစ်ခု ဖြစ်နေတာ တွေ့လိုက်ရသည်။ ရုပ်အလောင်းကို ဖွင့်ပြီးသည်နှင့် အထဲက ယန္တရားဟာ အလောင်းကို သစ်သားချောင်းဖြင့် တွန်းတင်ကာ ထထိုင်သွားအောင် လုပ်လိုက်ခြင်း ဖြစ်မည်။ သာမန် ဂူသင်္ချိုင်းဖောက်သူ တစ်ဦးသာဆိုရင် သေလောက်အောင် ကြောက်လန့်နေပေလိမ့်မည်။


ဤအခိုက်အတန့်တွင် သူတို့အားလုံး သက်ပြင်းချမိကြသည်။ ဘုရင်လုရှန်သည် အရာအားလုံးကို အမှန်တကယ် ကြံစည်ထားခဲ့သည်ဟု ထင်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် သရဲကြောက်သူများသည် သင်္ချိုင်းမဖောက်သလို သင်္ချိုင်းဖောက်သူတွေကလည်း သရဲတစ္ဆေကို ကြောက်ကြသူများ မဟုတ်နိုင်ကြောင်း သူစဥ်းစားခဲ့သင့်သည်။ 


သရဲတစ္ဆေကို ကြောက်၍ တခြားသူများ၏ ခေါင်းတလားကို ညဘက် ဖွင့်ဝံ့သူများသည် စိတ်ပျက်အားငယ် နေသူများ မဖြစ်နိုင်ရာ တစ်ဖက်လူက သူတို့အပေါ် ဒီအချက်ကိုတော့ လျှော့တွက်မိသွားလေပြီ။ 


ဝူရှဲတို့အားလုံး ဝိုင်းဖွဲ့ လိုက်ကြသည်။ ဝူရှဲ သူဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာကို လေ့လာနေ၏။ ဒါက တကယ့်နောက်ဆုံး ခေါင်းတလား ဖြစ်ကာ သူ့ရဲ့ သံချပ်ကာက ရွှေချည်ကျောက်စိမ်း သံချပ်ကာ ဖြစ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ကျောက်စိမ်းတုံးတွေက အနက်ရောင် ဖြစ်သွားတာကို အနီးကပ် ကြည့်တဲ့အခါ သေချာမြင်ရလေသည်။ 


ဝူရှဲ သေချာ ကြည့်နေမိစဥ် အလောင်း၏ ရင်ဘတ်သည် အသက်ရှုနေသကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဖြစ်နေနေသေးတာကို မြင်လိုက်ရသည်။ အသက်ရှုသံက အခုမှ သိသာထင်ရှား လွန်းလာတော့ သူ့နှာခေါင်းထဲက အစိုဓာတ်ကိုတောင် လှမ်းမြင်နေရပြီ။


တခွေက အံ့အားသင့်စွာဖြင့် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး 


"ဒါ... ဒီဟာ... ဒီဟာ​ကြီးက အသက်ရှင်နေတယ်နဲ့ တူတယ်!"