(22)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (22)

ရတနာရှစ်ပါးဘူး



ခရမ်းရောင် ရွှေသေတ္တာသည် အနည်းငယ် သေးငယ်သည်မှလွဲ၍ ၎င်းသည် ကျုံ့သွားသော ရတနာရှစ်ပါးဘူး (ရုပ်ပွားတော်များ ပါဝင်သော သေတ္တာ ရှစ်လုံး) ၏ ငွေရောင် အနားကွပ်နှင့် ခပ်ဆင်ဆင် တူ​လေသည်။ သို့သော် ထိုအချိန်က တရုတ်ပြည်တွင် ဗုဒ္ဓဘာသာကို မကိုးကွယ်သေးတာကြောင့် အထဲမှာ ထည့်ထားခဲ့တာက ရုပ်ပွားတော်ရဲ့ အကြွင်းအကျန် မဟုတ်တာ သေချာ၏။


ဝူရှဲ တုန်လှုပ်နေပေမယ့် အသံမထွက်ဘဲ တစ်ယောက်တည်း တွေးလိုက်မိတာက ဒါက ဖက်တီး ပြောခဲ့တဲ့ တစ္ဆေတံဆိပ်တုံးများ ဖြစ်နိုင်မလား။


သော့က အမျိုးသမီး အလောင်းရဲ့ ပါးစပ်ထဲမှာ ငြိမ်သက်နေဆဲပင်။ အသက်ပြင်းပြင်းရှူရင်း လျှာအောက်ကို လက်ညိုးနဲ့ ဖိ၍ သော့ကို ကိုင်လိုက်ပြီး သေသေချာချာ ထုတ်ယူလိုက်သည်။ သော့လက်ကိုင်မှာ ချည်ထားတဲ့ ပိုးချည်ပါးပါးလေးဟာ အမျိုးသမီး အလောင်းရဲ့ လည်ချောင်းအထိ ဆက်ထားသလို ဖြစ်နေတာကြောင့် တစ်ခုခု မှားနေပြီဆိုတာ သိလိုက်၏။


ရှန်မင်းဆက်ခေတ်တွင် တရုတ်လက်သမား ဆရာများသည် လူသေ အလောင်းများ အတွင်းသို့ စက်ယန္တရားတချို့ကို လိမ္မာပါးနပ်စွာ တပ်ဆင်ပြီး ရွှေကြိုးများဖြင့် ပစ်ခတ်နိုင်ခဲ့ကြောင်း အဘိုးဖြစ်သူက ပြောပြခဲ့ဖူးသည်။ သင်္ချိုင်းဖောက်သူသည် အလောင်းရဲ့ပါးစပ် သို့မဟုတ် စအိုမှ ကျောက်စိမ်းရတနာ သို့မဟုတ် တစ်ခုခုကို ထုတ်ယူလိုက်သည်နှင့် ရွှေချည်ကြိုးနဲ့ ဆက်ထားတဲ့ ယန္တရားက အသက်ဝင်လာပြီး မြှားလေးများ ခန္ဓာကိုယ်ထဲက ထွက်လာလိမ့်မည်။ 


ထိုအချိန်တွင် အလောင်း ခန္ဓာကိုယ်နှင့် ဂူဖောက်သူတို့ ခန္ဓာကိုယ်ကြား အကွာအဝေးသည် အလွန်နီးကပ်နေပြီး ရှောင်တိမ်းရန် မဖြစ်နိုင်သောကြောင့် ဒီယန္တရားအောက်မှာ လူဘယ်နှစ်ယောက်တောင် သေသွားခဲ့ပြီးပြီလဲပင် မသိချေ။ 


သူအ​စောက ​အမျိုးသမီး အလောင်းရဲ့ ဝမ်းဗိုက်ကို ဖိလိုက်မိပြီး ခက်ခက်ခဲခဲနဲ့ ထိမိသွားတာပဲ ကံကောင်းလှပေသည်။ ပြီးတော့ သူ့လှုပ်ရှားမှုကလည်း နှေးကွေးနေလို့ပင်။ ဖက်တီး ​ ဒါမှမဟုတ် ဖန့်ကျစ်ဆိုရင်တော့ သူတို့ လှည့်စားခံရမှာ ကြောက်ရသည်။ 


ဤအစီအစဥ်များ အားလုံးသည် သင်္ချိုင်းဓားပြများအတွက် အထူးဒီဇိုင်း ထုတ်ထားပုံရသည်ဟု ထင်မြင်မိသော်လည်း အခုအချိန်မှာတော့ သူ အေးအေးဆေးဆေး မခံစားနိုင်တော့ပေ။ 


သော့နောက်က ပိုးချည်က ရွှေ​ကြိုးနဲ့ ဆွဲထားပေမယ့် လက်သည်းနဲ့ စိပ်လိုက်တာနဲ့ ကျိုးသွားလေသည်။ သော့ကိုထုတ်ပြီး ခရမ်းရောင် ရွှေသေတ္တာအား သော့အပေါက်နဲ့ စစ်ကြည့်လိုက်သည်။ တကယ်ပဲ ဒီသော့ ဖြစ်နေသည်။


ဒီပုံးထဲမှာ ဘာထူးဆန်းလို့လဲ မသိဘူး။ ယန္တရားတစ်ခုလည်း ရှိကောင်းရှိနေနိုင်တယ်။ ဒါကို စဉ်းစားမိပြီး ဝူရှဲလည်း လောလောဆယ် မဖွင့်တာ ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်သည်။


ဒီအချိန်မှာတော့ အမျိုးသမီး အလောင်းဟာ ရုတ်တရက် ပြင်းထန်စွာ ခြောက်သွေ့သွားတာကို တွေ့လိုက်ရတာကြောင့် အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူ့မျက်နှာက လိမ္မော်သီးခွံလို ရှုံ့ပွနေတာကို မြင်လိုက်ရပြီး လည်ချောင်းထဲကနေ ကူကယ်ရာမဲ့ သရုပ်ဖော်တဲ့ အသံတစ်သံ ထွက်လာ၏။ 


စက္ကန့်ပိုင်းအတွင်း သက်ရှိထင်ရှား ရှိခဲ့သော အလှတရားတစ်ခုမှာ သူရှေ့တွင်ပင် နှစ်ထောင်ချီ မယ်တော်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရုံဖြင့် သူမ၏ လက်များ ကျိုးသွားကာ ညှိုးနွမ်းနေသော သူမ၏ ခန္ဓာကိုယ်သည် ကျောက်စိမ်းစင်ပေါ်မှ လဲကျသွားရင်း အဆက်မပြတ် ကျုံ့သွား​လေသည်။


ဝူရှဲ အရမ်းကြောက်သွားသည်။ ဒီသော့ပေါ်က ကျောက်မျက်တွေမှာ အလောင်းမပုပ်အောင် ထိန်းထားနိုင်တဲ့ အရာတွေ တကယ်ပါ၀င်နေပုံရ၏။ ဝူရှဲ အဲဒါကို ထပ်မတွေးဝံ့တော့တဲ့ အတွက် သော့နဲ့ သေတ္တာကို အိတ်ထဲ ထည့်လိုက်သည်။ ဒီနေရာက အချိန်အတော်ကြာ ရပ်နေရမယ့် နေရာကောင်း မဟုတ်ဘူးမှန်း သိတာကြောင့် ဖက်တီးကို ကျောပေါ်သို့တင်ကာ ထွက်ခွာခဲ့၏။ 


ဖက်တီးသည် သူ့အား အပြင်းအထန် လည်ပင်းညှစ်ခဲ့သော်လည်း ယခုတွင် အကြိမ်ပေါင်းများစွာ ဆွဲထုတ်လိုက်သည့်တိုင် လှုပ်ရှားမှု မရှိလာခဲ့ချေ။ သူ့ဆီကနေ သေတ္တာနဲ့ အရိုက်ခံလိုက်ရတာကြောင့် ဖြစ်နိုင်၏။ ဒီအချိန်မှာတော့ ကျွန်တော် သိပ်ဂရုမစိုက်နိုင်တော့ဘဲ ဖက်တီးရဲ့ လက်တစ်ဖက်ကို အရင် ဆွဲထူလိုက်ပြီး 


“ထတော့!”


အော်လိုက်ပြီး နောက်ကျောကို ဖြောင့်တန်းကာ ဖက်တီးကို သူ့​ကျောပေါ်မှာ တင်လိုက်သည်။ ဖက်တီးကောင်က လေးလံလွန်းလို့ သူ့ကို သွေးအန်မိတော့မတတ် ဖိထားလေသည်။ ဝူရှဲ့ ခေါင်းကို တိတ်တိတ်လေး ခါယမ်းပြီး လမ်းလျှောက်ရင်း ဖက်တီးရဲ့ ဘိုးဘေးတွေကို နှုတ်ဆက်(စိတ်ထဲက ဂါဝရပြု)လိုက်တော့သည်။ 


ကံအားလျော်စွာနဲ့ ကျောက်စင်္ကြံက သိပ်မ​ရှည်တဲ့အတွက် အလယ်အပိုင်းကို အမြန်ပဲ ရောက်သွားခဲ့သည်။ စပျစ်နွယ်ပင်တွေ ဖုံးနေတဲ့နေရာကနေ ထွက်သွားတာနဲ့ ချောက်ကမ်းပါးကို တွေ့လိုက်ရ၏။ 


ဦးလေးသုံးနဲ့ ဖန့်ကျစ်တို့ကိုတော့ အဲဒီပေါ်မှာ မတွေ့ရတော့ချေ။ သူတို့ ပြန်လှည့်သွားပြီး ထွက်လမ်းရှာနေကြပုံပင်။ ကျောက်စင်္ကြံ အဆုံးရှိ ယဇ်ပလ္လင်သို့ လျှောက်သွားကာ ဖက်တီးကို ထိုယဇ်ပလ္လင်ပေါ်တွင် တင်ကာ သူကိုယ်တိုင်လည်း ကောင်းကောင်း အနားယူလိုက်သည်။ ရုတ်တရက် ဦးလေးသုံးသည် မြေနှင့်အနီးဆုံးအပေါက်မှ ထွက်လာတာကို မြင်လိုက်ရ​လေ၏။


သူက ဒီလိုထူးဆန်းတဲ့ ဝင်္ကပါပတ်လမ်းလို အရာတွေနဲ့ အရမ်းရင်းနှီးတာကြောင့် ဦးလေးသုံး ဒီမှာ ရှိနေသရွေ့တော့ ဝင်္ကပါက ဘာမှ မဟုတ်တော့ပေ။ ဦးလေးသုံး သူ့​ကို မတွေ့မှာကို ကြောက်တာနဲ့ လက်ဝှေ့ယမ်းပြီး အော်ပြောလိုက်သည်။


"ဦးလေးသုံး... ကျွန်တော် ဒီမှာ!! “


ဦးလေးသုံးက သူ့ကိုမြင်တော့ ရယ်ချင်ပေမယ့် သူ့အမူအရာက ရုတ်တရက် ပြောင်းသွားပြီး သူ့ရဲ့ အနောက်ဖက်ကို ညွှန်ပြလာ၏။ ဝူရှဲ လှည့်ကြည့်လိုက်တော့ ဖက်တီးက ဘယ်အချိန်ကတည်းက ထထိုင်နေမှန်းမသိ ထိုင်နေပြီး မျက်လုံးပြာ မြေခွေးအလောင်းက သူ့အပေါ်မှာ လဲလျောင်းနေကာ ဖက်တီးရဲ့ နောက်ကျောဘက်ကနေ သူ့အား အေးစက်စက်နဲ့ စိုက်ကြည့်နေလေသည်။