(20)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (20)

သော့



ခေါင်းငုံ့ပြီး ကြည့်လိုက်တော့ ပုတီးစေ့တွေ ထည့်ထားတဲ့ ကြေးနီသော့တစ်ချောင်း ဖြစ်​နေတာကို မြင်လိုက်ရသည်။ ပုတီးလုံးက အစိမ်းရင့်ရောင် ဖြစ်ပြီး ထူးခြားတဲ့ ပုံစံပေါက်နေသည်။ သော့ပေါ်က ပါဝင်ပစ္စည်းတွေက ဘာပါလဲတော့ မပြောတတ်ပေ။


ရှေးခေတ်လူတွေက တစ်ခါတလေ လူတွေရဲ့ ပါးစပ်ထဲကို ပုတီးစေ့ ထည့်ထားတတ်တာကို သတိရသွားသည်။ ဒီသော့ကို ထုတ်ယူလိုက်ရင် သူ့ရှေ့မှာရှိတဲ့ လှပတဲ့ ရုပ်အလောင်းဟာ အနှစ်တစ်ထောင်ရှိတဲ့ မယ်တော်အဖြစ် ချက်ချင်းပြောင်းလဲသွားလိမ့်မည်။ ဒါပေမဲ့ ဒီအခြေအနေက ရှက်စရာ ကောင်းလွန်းတယ်လေ။


အဝေးက လူတစ်ယောက် အော်သံကို ရုတ်တရက် ကြားလိုက်တာနဲ့ ဝူရှဲ့ တုံ့ဆိုင်းသွားမိသည်။ မျှော်ကြည့်လိုက်တော့ သစ်ကိုင်း ခုနစ်ကိုင်းရှစ်ကိုင်းကို ခုတ်ထစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။ နွယ်ပင်တွေက သူ့ခေါင်းကို ဆွဲထားလေသည်။ ထိုသူက တခြားလူ မဟုတ်တဲ့ ဖက်တီးပဲ ဖြစ်ပေသည်။ 


နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရနဲ့ သူ့လိုပဲ အမှားလုပ်မိပြီး သူ့ထက်တောင် ပိုဒဏ်ရာရနေပုံပေါ်သည်။ ကံကောင်းထောက်မစွာနဲ့ သူကတော့ ခေါင်းကို မထိခဲ့ဘူး။ ဖက်တီးသည် နွယ်ကြိုးတွေကို ဖြတ်ချရင်း ပါးစပ်ကလည်း ကျိန်ဆဲနေ၏။


"အား...... ဒီလိင်တံထူထူရှိတဲ့ အပင်ရဲ့ အကိုင်းအခက်က ဒီလောက် သန်မာမယ်လို့ မထင်ထားဘူး!!" 


ထို့နောက် သူကြည့်လိုက်တော့ ဝူရှဲ့ကို မြင်သွားရာ အံ့ဩသွားတော့သည်။ 


"ရဲဘော်လေး.... မင်း ပန်းပွင့်မိန်းကလေးနဲ့ ဘာလုပ်နေတာလဲ?"


ဝူရှဲ့မှာ ငိုချင်သလို ရယ်ချင်သလို ဖြစ်​နေပေမယ့် အသံအကျယ်ကြီး မထွက်ရဲတာကြောင့် လက်ဟန်ခြေဟန်နဲ့ 


"သူက သေ​နေပြီ...ဘယ်လိုလုပ်ရမလဲ နည်းလမ်း စဉ်းစားပေးစမ်းပါ" 


ဖက်တီးက အာကနဲ အသံထွက်သွားပြီး သူ့တင်ပါးတွေကို လေထုထဲမှာ လိမ်ရင်း ပြောလာ၏။


“ဒါဆို မင်းငါ့ကို ချ​ပေးမှရမယ်!” 


ဝူရှဲ့ လက်ထဲက ဓားသွားကို အပေါ်ကို ပစ်​ပေးလိုက်တော့ ဖက်တီးက ဖမ်းပြီး စပျစ်နွယ်ပင်တွေကို ခုတ်ဖို့ ချက်ချင်း လှည့်ထွက်သွားသည်။ အစကတော့ သတိမထားမိပေမယ့် ရုတ်တရက် တွေးမိလိုက်တဲ့ အချိန်မှာတော့ အရမ်းနောက်ကျသွားပြီ။ ဖက်တီးကို 'ခဏ'လို့ ပြောတော့မယ့် အခါမှ ဖက်တီးမှာ အသံကုန် အော်ဟစ်ပြီး ပြုတ်ကျလာခဲ့သည်။ 


သူက သံချပ်ကာ အလောင်းပေါ် ပစ်လဲကျသွားကာ သံချပ်ကာအလောင်းရဲ့ မျက်နှာဖုံးကိုပါ ချွတ်ပစ်လိုက်သေးသည်။ အလောင်းကို ကြည့်ဖို့ ခေါင်းငုံ့ထားရင်းနဲ့ တစ်ဆက်တည်း ဖက်တီးက လှည့်လာပြီး 


"မကြည့်နဲ့ ဒါက မျက်လုံးစိမ်းမြေခွေးပဲ"


သူပြောတာ နောက်ကျသွားတာတော့ သနားစရာ ကောင်းလှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဝူရှဲ့မှာ မျက်နှာဖုံးအောက်က မျက်နှာကို မြင်လိုက်ရပြီးပြီ။ တစ်ချက် ကြည့်လိုက်ရုံနဲ့ ခေါင်းတွေ တဆတ်ဆတ်တုန်ပြီး ကြောက်လန့်တကြား မတ်တပ် ထရပ်လိုက်မိသည်။


“ဒါက ဘယ်လိုဖြစ်တာလဲ? လူရော ဟုတ်ရဲ့လား!"


မျက်နှာဖုံးအောက်တွင် ဖြူဖျော့နေသော မျက်နှာတစ်ခု။ ဂရုတစိုက် သေ​သေချာချာ ကြည့်လျှင် ထိုလူ၏ မျက်နှာ အသွင်အပြင်ကို ယောင်ဝါးဝါး ခွဲခြားနိုင်သေးသည်။ မျက်နှာ တစ်ခုလုံးတွင် အမွှေးအမျှင်မရှိ၊ မျက်ခုံးနှင့် မုတ်ဆိတ်မရှိ၊ မျက်နှာသည် အလွန် စူးရှကာ ပုံပျက်နေသည်။ 


ပုံပန်းသဏ္ဌန် အတိုင်းအတာအရ သူ့မျက်လုံးများသည် ရှည်လျားလုနီးပါး အခြမ်းလေးသာရှိပြီး စိမ်းပြာရောင် မျက်လုံးနှစ်လုံးထဲမှာ အေးစက်စွာ တောက်ပနေသော စိမ်းပြာရောင် ရှည်မျောမျော မျက်စံလေးများ ရှိသည်။ မျက်နှာသွင်ပြင်မှာ ခွဲခြားလို့ မရပေ။ လူမျက်နှာရှိတဲ့ မြေခွေးတစ်ကောင်လိုပင်။


အထူးသဖြင့် သူ့ရဲ့စိမ်းပြာရောင် မျက်လုံးနှစ်လုံးက ပိုလို့တောင် ထူးဆန်းနေသေးသည်။ ရိုးရိုးသားသား ပြောရရင် သာမန် လူသေကောင်တွေဆို စိတ်ကို ထိန်းထားနိုင်ပေမယ့် ဒီကောင်က သူ့ကို တိုက်ရိုက်ကြည့်ဖို့ မဝံ့မရဲ ဖြစ်သွားစေ၏။ အင်မတန် ကြောက်စရာ ကောင်းလှသည်။ 


စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင် ထားတာမရှိဘဲ မြင်မိပါက သေတဲ့အထိ ကြောက်လန့်နေပေလိမ့်မည်။ ဖက်တီးသည် အလွန်ထိတ်လန့်သွားပြီး ကျောက်စိမ်းစင်ပေါ်မှ ပြုတ်ကျသွားကာ တုန်လှုပ်စွာဖြင့် 


"မယုံနိုင်စရာပဲ... ဘုရင်လုရှန်က ဒီလို ပုံစံကြီး တကယ်ရှိတယ်ဟ!!"


"ဒါက တကယ့် ဘုရင်လုရှန်လား?" 


ဝူရှဲ့


"ဘာလို့ မြေခွေးတစ်ကောင်လို ဖြစ်နေရတာလဲ"


ဖက်တီးက သံချပ်ကာ အလောင်းကို ငုံ့ကြည့်ရင်း 


“ဒီရုပ်အလောင်းကို စိမ်းပြာမျက်လုံးနဲ့ မြေခွေးလို့ ခေါ်တယ်လို့ ငါ့သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်.... ဟိုးအရင်တုန်းက အမည်မသိမင်းဆက်တစ်ခုမှာ လူတစ်ယောက်က ရှေးဟောင်းသင်္ချိုင်း တစ်ခုကို ဖောက်ပြီး ရုပ်အလောင်းကို ဖွင့်လိုက်တော့ အလောင်းကောင်ပေါ်မှာ စိမ်း​ပြာမျက်လုံးနဲ့ မြေခွေးတစ်ကောင် ရှိနေတာကို တွေ့လိုက်ရတယ်တဲ့.... မြေခွေးတွေက နတ်ဆိုးတွေရဲ့ နိမိတ်လက္ခဏာပဲလေ အလောင်းကောင်ပေါ်မှာ မြေခွေးတစ်ကောင် ရှိနေတယ် ဆိုတော့ တော်တော်ဆိုးတယ်လို့ ပြောရမယ်... သူအစကတော့ ပစ္စည်းတွေ အကုန် ပြန်ထားခဲ့မလို့ပဲ... ဒါပေမဲ့ စိတ်မထိန်းနိုင်တော့ ကျောက်စိမ်းလိပ် တစ်ကောင်ကို တိတ်တိတ်လေး သိမ်းထားလိုက်တယ်လေ... နှစ်အနည်းငယ် ကြာတော့ သူ့မိန်းမနဲ့လက်ထပ်ဖို့ မွေးရပ်မြေကို ပြန်သွားခဲ့တယ်.... နောက်ပိုင်း သူ့မိန်းမ ကိုယ်ဝန်ဆယ်လမှာ ရုတ်တရတ် အော်ဟစ်ပြီး မူးမေ့လဲသွားတယ်....အဲဒီ ယောက်ျားလည်း အပြေးဝင်လာပြီး ကြည့်လိုက်တော့ သူ့မိန်းမ မွေးလာတဲ့ ကလေးမှာ မျက်လုံးက စိမ်းပြာရောင် ဖြစ်နေတယ်လေ... သူလည်းအစက မြေခွေးကသူတို့ကို ဒုက္ခပေးနေမှန်း မသိဘဲ ကလေးမှာ ထူးဆန်းတဲ့ ရောဂါရှိနေတယ်လို့ ထင်ပြီး လှည့်ပတ် အကူအညီ တောင်းကြည့်တယ်.. ကလေးရဲ့ဖျားနာမှုက မသက်သာတဲ့အပြင် ဆံပင်တွေလည်း တဖြည်းဖြည်း ကျွတ်ထွက်သွားတယ်.... မျက်နှာကလည်း မြေခွေးတစ်ကောင်လို တဖြည်းဖြည်း တူလာတော့ အဲဒီလူလည်း အဲ့ကျမှပဲ နိမိတ်လက္ခဏာကို နားလည်သွားတာ.... သူက ရှေးဟောင်းသင်္ချိုင်းကို ခရီးအတော်ကြာ လမ်းလျှောက်သွားပြီး ကျောက်စိမ်းလိပ်ကို ပြန်ထားလိုက်တယ်... ကလေးရဲ့ ရောဂါက မဆိုးရွားလာပေမယ့် ထူးဆန်းတဲ့ မြေခွေးလို မျက်နှာကတော့ ဘယ်တော့မှ မပြောင်းသွားတော့ဘူး"


ဖက်တီးက နှုတ်ခမ်းကို ပွတ်သပ်ရင်း


"ဒါပေမဲ့ ဒီမျက်လုံးစိမ်းပြာ မြေခွေးရုပ်အလောင်းက အရမ်းဆိုးတယ်.... အဲဒါကို ကြည့်ရင် ကူးစက်ခံရလိမ့်မယ် မျက်နှာက တဖြည်းဖြည်းနဲ့ သူ့လို ဖြစ်သွားလိမ့်မယ်... အဲ မင်းအစောတုန်းက မြင်လိုက်သေးလား?"


ဝူရှဲ့ မယုံပေမယ့် ဒီနတ်ဆိုးအဖြစ် ပြောင်းလဲသွားမယ် ဆိုတာကို ကြားလိုက်ရတော့ တုန်လှုပ်ချောက်ချားပြီး ကျိန်ဆဲလိုက်တော့သည်။


"မိုက်မဲတဲ့စကားတွေ မပြောစမ်းပါနဲ့.... ပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ အဲဒါက အနာဂတ်မှာ ဖြစ်လာမယ့်ဟာ.... မင်းငါ့ကို အခုအရင်ထုတ်ဖို့ ကူညီပေးဦး!"


ဖက်တီးလည်း ဒီအကြောင်း စဉ်းစားမိလေသည်။ ဒီအခြေအနေမှာ ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။ သူက ရောက်လာပြီး အမျိုးသမီးအလောင်းရဲ့ လက်ကို ဖြိုခွဲဖို့ ကူညီပေးခဲ့လိုက်သည်။ ခွန်အားကို ထိန်းပြီး အကြိမ်ပေါင်းများစွာ ကြိုးစားပေမယ့် လက်ကတော့ သံနဲ့လုပ်ထားသလိုမျိုး လုံးဝ မလှုပ်ချေ။ 


နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် ဆွဲထုတ်ပြီးနောက် ဖက်တီးလည်း မောပန်းနွမ်းနယ်လာသည်။ ဝူရှဲ့ သူ့မျက်လုံးတွေကို ပြန်ကြည့်လိုက်တော့ တစ်ဖက်ကသူ့ကို နှစ်သိမ့်ပေးလာ၏။


"စိတ်မပူပါနဲ့ ဖက်တီးဆိုတဲ့ ငါ့မှာ လှည့်ကွက်တွေ အများကြီးရှိတယ်.... အဆင်မပြေရင် သူ့လက်ကို ဖြတ်ပစ်မယ်"


"မဖြစ်ဘူး... ဒီအလောင်းမှာ အဆိပ်ရှိနေရင် ဘယ်လိုလုပ်မလဲ? လုံးဝ မဖြစ်ဘူး... နောက်ပြီး တစ်ဖက်လူနဲ့ ငါ့ကြားမှယ မုန်းတီးတာမျိုးလည်း မရှိဘူး.... သူများလက်ကို အရင်ဖြတ်ရတာ ရိုင်းစိုင်းရာ ကျလွန်းတယ်"


ဖက်တီးက ခေါင်းကုတ်လိုက်ပေမယ့် ပြောလာသေးသည်။


"သာမန်အတိုင်းဆို အလောင်းက သေသွားပေမယ့် မတောင့်တင်းသေးရင် သူ့မှာ မပြီးသေးတဲ့ ဆန္ဒတစ်ခုတော့ ရှိရမယ်.... မင်းသူမဆန္ဒကို ဖြည့်ဆည်းပေးရင် မင်းကို သဘာဝအတိုင်း လွှတ်လိုက်လိမ့်မယ်.... ခဏလေး မင်းသူမကို ချိတ်မိတုန်းက ထူးထူးခြားခြား တစ်ခုခု ဖြစ်ခဲ့သေးလား?"


သတိရလိုက်တာက ခုနတုန်းက သူ မတ်တပ်ထရပ်လိုက်တော့ သူမပါးစပ်က ရုတ်တရက် ပွင့်သွားပြီး အတွင်းထဲမှာ တစ်ခုခု ရှိနေပုံပေါ်၏။ နောက်ပြီး ထိုအရာက သော့နဲ့လည်း တူလေရာ သူမဆန္ဒက အဲဒါ ဖြစ်နိုင်ပါ့မလား။ ဒါကိုတွေးရင်း အလောင်းကောင်ရဲ့ ဦးခေါင်းကို သေသေချာချာ တည့်မတ်လိုက်ပြီး ဝူရှဲ့ ခပ်တိုးတိုးလေး ပြောလိုက်သည်။


“အပြစ်ပြုမိပါပြီ”


တိုးတိုးလေးပြောပြီး သူမပါးပြင်ကို ဖိလိုက်ရာ အမျိုးသမီး အလောင်းရဲ့ ပါးစပ်က အနည်းငယ်ပွင့်လာပြီး သူမရဲ့ လျှာအောက်မှာ ပုတီးစိမ်းထည့်ထားတဲ့ လက်တဆုပ်စာ သော့တစ်ချေညင်းကို ချက်ချင်း တွေ့လိုက်ရတော့သည်။


ဖက်တီးက အံ့အားသင့်စွာ ထအော်လိုက်လေ၏။


"ဟေး.... အဲဒါက ပစ္စည်းကောင်းလေးပဲကွ!! သူမက သော့ကို ဖယ်ပေးစေချင်တာ ဖြစ်မယ်... ဒီလိုပါးစပ်သေးသေးလေးနဲ့ ပါးစပ်ထဲမှာ သော့ထည့်ထားရတာ အဆင်မပြေဘူးလို့ မင်းမထင်ဘူးလား?"


ဝူရှဲ့လည်း စိတ်လှုပ်ရှားစွာနဲ့ 


"သူမ ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ"


ဖက်တီးက စိတ်မရှည်တော့ဘဲ 


"မင်းကိုယ်မင်း ကြည့်စမ်း.... မင်းမှာ ဒဏ်ရာ အနာအဆာတွေနဲ့တောင် ပြည့်နေပြီ.... သူမ ကိုက်လိုက်တာက ဘာဖြစ်မှာလဲ? ဘာပဲဖြစ်ဖြစ် မင်းလက်ကိုပဲ ကိုက်မှာလေ"


ဝူရှဲ့လည်း မှန်တော့ မှန်တယ်လို့ ထင်မိလေသည်။ ပါးစပ်ထဲကို ထည့်ဖို့ လက်နှစ်ချောင်း လိုတယ် ထင်တာကြောင့် အသက်ပြင်းပြင်း ရှူပြီး လက်နှစ်ချောင်းကို ထုတ်ကာ သူမနှုတ်ခမ်းကို ထိလုနီးပါး ဖြစ်တဲ့အထိ တုန်တုန်တုန်ယင်ယင်နဲ့ ဆန့်ထုတ်လိုက်သည်။


ရုတ်တရက် သူ့နားရွက်ဘေးကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။


"ရပ်လိုက်"