(9)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (9)

ရှေးဟောင်းဂူသင်္ချိုင်း



ဖုန်းကို မကြာသေးမီက လွှင့်ပစ်ထားရပုံပင်။ ဝူရှဲ့ ကောက်ကိုင်လိုက်သည်နှင့် သွေးများစွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။ 


"ကြည့်ရတာ ဒီမှာ ကျွန်​တော်တို့တွေထက် ကြိုရောက်နေတဲ့လူ အများကြီး ရှိနေပုံရတယ်... ဒဏ်ရာရထားတဲ့ လူတစ်ယောက် ရှိပုံပဲ.... ဒီဖုန်း ကောင်းကင်ကနေ ပြုတ်မကျလာတာတော့ သေချာတယ်"


ဖုန်းကို ဖွင့်ကြည့်လိုက်တော့ နိုင်ငံခြားက ခေါ်ထားတဲ့ နံပါတ်တချို့ပဲ တွေ့ရပြီး တခြားအချက်အလက်တွေ လုံးဝ မရှိချေ။


ဦးလေးသုံးက


“ဘာပဲဖြစ်ဖြစ် သူတို့ကို လိုက်ရှာ​နေဖို့က မဖြစ်နိုင်ဘူး... မြန်မြန်လုပ်ရင် ပိုကောင်းမယ်"


ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း သဲလွန်စ မရှိသောကြောင့် လမ်းကြောင်း တစ်ခုဖွင့်ပြီး ဆက်လျှောက်နေလိုက်သည်။ ဒါပေမဲ့ ဒီလိုတောထဲမှာ ခေတ်မီတဲ့ ပစ္စည်းတစ်ခုကို မြင်နေရတာက မယုံနိုင်စရာပဲဟု အမြဲခံစားနေရလေသည်။ 


ဒါကြောင့် သူတို့ကလွဲရင် မကြာသေးခင်ကမှ ဒီတောထဲကို တခြားလူ တစ်ယောက်ယောက် လာသေးလားဟု အဘိုးအိုအား မေးလိုက်သည်။


အဘိုးအိုက 


"လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လူတစ်ဖွဲ့တော့ ရောက်လာသေးတယ်... သူတို့အခုထိ မထွက်လာသေးဘူး... ဒီနေရာက အရမ်း အန္တရာယ်များတယ် ဒီက သခင်ကြီးတို့ ကျုပ်တို့ ပြန်လှည့်ဖို့ အချိန်ရှိပါသေးတယ်"


"ခင်ဗျား ပြောချင်တာ မကောင်းဆိုးဝါး တစ်ကောင်ပဲ မဟုတ်လား?" တခွေက။


"ခင်ဗျားကို ပြောလိုက်မယ်!! ကျုပ်တို့ရဲ့ ဒီသခင်လေးက နှစ်ထောင်ချီ ဖုတ်ကောင်ကိုတောင် ဒူးထောက်သွားအောင် လုပ်နိုင်တယ်... သူရှိနေရင် ဘာမကောင်းဆိုးဝါး ဘာနတ်ဆိုးတွေမှ ကြောက်နေစရာ မလိုဘူး... ဟုတ်တယ်နော်??"


တခွေက မျက်နှာသေအား လှမ်းကြည့်လိုက်လေသည်။ သို့သော် တစ်ဖက်က သူ့အား လေဟု ထင်နေသကဲ့သို့ လုံးဝ မတုံ့ပြန်ခဲ့ပေ။ တခွေမှာ စိတ်မချမ်းသာ သွားသော်လည်း သူ့ခမျာ ဘာမှ မတတ်နိုင်ပေ။


ကောင်းကင်က မှောင်လာတဲ့အထိ တိတ်တဆိတ် လမ်းလျှောက်လာခဲ့ကြသည်။ ညနေ လေးနာရီ မထိုးခင်မှာ နောက်ဆုံးတော့ လိုရာခရီးကို ရောက်လာခဲ့ကြသည်။


ပျက်စီးလုနီးပါး ဖြစ်နေတဲ့ စစ်ဘက်တဲ တစ်ဒါဇင်ကို တွေ့လိုက်ရလေသည်။ တဲတွေရဲ့ အရည်အသွေးက အရမ်းကောင်းပြီး အခုအချိန်မှာ သစ်ရွက်တွေနဲ့ ဖုံးထားပေမယ့် အတွင်းထဲမှာ အရမ်းခြောက်သွေ့ပြီး သန့်ရှင်းနေတုန်းပဲ။ တဲထဲမှာ နေ့စဉ်သုံးပစ္စည်းတွေ အများကြီး ရှိနေတာ တွေ့ရတော့ ဝူရှဲ့တို့လည်း လန့်ဖျပ်သွားကာ အဘိုးအို မလိမ်ကြောင်း အတည်ပြုနိုင်လိုက်သည်။


စကားပြောစက် တစ်လုံးနှင့် ဓာတ်ဆီစည် အနည်းငယ်ကိုပင် တွေ့ရသည်။ မီးစက်အင်ဂျင်မှာ ဆီထည်ဖြင့် ပတ်ထားသော်လည်း အစိတ်အပိုင်း အများစုမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသည်။ 


ဖန့်ကျစ်က မီးစက်ကိုနှိုးရန် ကြိုးစားသော်လည်း တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။ ဓာတ်ဆီကတော့ ကျန်နေသေးလို့ အိုကေတယ်လို့ ဆိုရမည်။ တဲများနှင့် ကျောပိုးအိတ်များရှိ တံဆိပ်များ အပါအဝင် အားလုံးကို စုတ်ပြဲသွားတာကို တွေ့လိုက်ရတာကြောင့် အနည်းငယ် ထူးဆန်းသည်ဟု ဝူရှဲ့ ထင်မိသည်။


စခန်းမှာ မီးထွန်းပြီး ရိုးရိုးညစာလေး စားလိုက်သည်။ အဘိုးအိုသည် အစာစားနေစဉ်တွင် သတိထားပြီး ဘေးပတ်ပတ်လည်ကို ကြည့်နေ၏။ မြွေဆိုးကြီးတစ်ကောင် ရုတ်တရက် ပြေးထွက်လာကာ သူ့အား ကြိုးဆွဲချသွားမည်ကို စိုးရိမ်နေသလိုပင်။ အစားအစာ၏ အရသာမှာ မနှစ်မြို့ဖွယ် ကောင်းနေသလို ရေတွေချည်း သောက်နေရသည်။


မျက်နှာသေသည် ထမင်းစားနေစဉ် မြေပုံကို ကြည့်၍ မြေခွေးဘီလူး၏ မျက်နှာကို ဆွဲထားသည့် မြေပုံပေါ်ရှိ နေရာကို ညွှန်ပြကာ ဆိုလာ၏။


"ငါတို့ အခု ဒီကို ရောက်နေပြီ"


သူတို့အားလုံး အနီးကပ် သွားပြီး ကြည့်လိုက်သော် မျက်နှာသေက ဆိုလာ၏။ 


"ဒီနေရာက ယဇ်ပူဇော်တဲ့ နေရာပဲ... အောက်ဖက်မှာ စင်မြင့်တစ်ခု ရှိနိုင်တယ်.... ယဇ်ပူဇော်မှုတွေကို ဒီနေရာမှာ မြှုပ်နှံထားနိုင်တယ်"


ဦးလေးသုံးသည် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်၍ မြေတစ်ဆုပ်စာ လက်တစ်ဆုပ်စာ နှာခေါင်းအောက်တွင် ထည့်ကာ အနံ့ခံကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါယမ်းကာ နောက်ထပ် ခြေလှမ်း အနည်းငယ် လှမ်း၍ နောက်လက်တစ်ဆုပ်ကို ဆုပ်လိုက်သည်။


“သင်္ချိုင်းက နစ်မြုပ်နေတာ အရမ်းနက်နေပြီ.... တူးထုတ်ပြီး ဂေါ်ပြားပေါ်က မြေဆီလွှာကိုကြည့်မှ အဆင်ပြေမယ်"


စတီးပိုက်များနှင့် ဂေါ်ပြားခေါင်းတို့ကို ချိတ်ဆက်ထားသည်။ ဦးလေးသုံးသည် ဂေါ်ပြားကို သင့်တင့်သည့် အနေအထားအဖြစ် ပြင်ဆင်၍ မြေပြင်ပေါ်သို့ ခြေဖြင့်နင်းချလိုက်သည်။ လက်ကိုင်တုတ် တိုတိုတုတ်တုတ်ကို ဂေါ်ပြားခေါင်းကို ရိုက်လိုက်သည်။ 


ဦးလေးသုံးက စတီးပိုက်ပေါ်တွင် လက်တစ်ဖက်ကို တင်ကာ အောက်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများကို ခံစားမိစေရန် ဂေါ်ပြား ၁၃ခုလောက် ဆက်ပြီးမှ ရုတ်တရက် 


"ရပြီ!"


ဂေါ်ပြားအပိုင်းကို အပိုင်းလိုက် ဆွဲထုတ်ပြီး နောက်ဆုံးတော့ လက်တစ်ဆုပ်စာ မြေဆီလွှာကို ထုတ်လိုက်သည်။ တခွေ ဂေါ်ပြားခေါင်းကို ဖယ်ပြီး မီးကိုပြဖို့ လမ်းလျှောက်သွားခဲ့သည်။


ဝူရှဲ့လည်း ဦးလေးသုံးနဲ့ အတူ ကြည့်လိုက်တော့ တစ်ချိန်တည်းမှာ မျက်နှာတွေ ဖြူဖျော့သွားကြသည်။ မျက်နှာသေလည်း အသံထွက်လာ၏။ မြေဆီလွှာသည် သွေးစိမ်ထားသလို သွေးကဲ့သို့ အရည်များဖြင့် ရွှဲနေသည်။


ဦးလေးသုံးကတော့ နှာခေါင်းနား ကပ်နမ်းပြီး မျက်မှောင် ကြုတ်လိုက်သည်။ ဦးလေးသုံးနဲ့ သူတို့နှစ်ယောက်စလုံးက သွေးအလောင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ဖတ်ဖူးကြပေမယ့် အဘိုးရဲ့ မှတ်စုတွေကနေ အတိအကျ မခန့်မှန်းနိုင်ပေမယ့် ရွှံ့ထဲမှာ သွေးတွေရှိနေရင် အောက်က သင်္ချိုင်းဟာ ထူးခြားတဲ့ အရာတစ်ခု ဖြစ်လိမ့်မည်။


ဝူရှဲ့ကတော့ ဦးလေးသုံး ဘာဆုံးဖြတ်မယ် ဆိုတာကို သိချင်စိတ်ဖြင့် ကြည့်လိုက်တော့ ဦးလေးသုံးက ခဏလောက် စဉ်းစားပြီး စီးကရက်တစ်လိပ်ကို မီးညှိပြီး ပြောလာလေ။


“ဘာပဲဖြစ်ဖြစ် အရင်တူးရအောင်”


ဖန့်ကျစ်နှင့် တခွေသည် မရပ်ဘဲ နောက်ထပ် ပေါက်တူး အနည်းငယ်ကို ပေါက်တူးနှင့် တူးထုတ်ပြီးနောက် သူ၏ ဦးလေးသုံးအား ဂေါ်ပြားခေါင်းများ ပေး​ပြလိုက်သည်။ သူတို့ အလုပ်ရှုပ်နေတာကို ကြည့်ရင်း ခဏအတွင်းမှာပဲ ရှေးဟောင်းသင်္ချိုင်းရဲ့ ယေဘုယျ ကောက်ကြောင်းကို မြေပြင်ပေါ် ဆွဲချသွားလေသည်။


ဂူရှာဖွေခြင်းနှင့် နေရာချထားခြင်းသည် ဂူသင်္ချိုင်းဖောက်သူတို့၏ အခြေခံ ကျွမ်းကျင်မှု ဖြစ်သည်။ ယေဘူယျအားဖြင့် ပြောရလျှင် အပေါ်မှ ပုံသဏ္ဌာန် မည်သို့ပင် ရှိစေကာမူ အောက်ဖက်ရှိ သင်္ချိုင်းသည် ဤကဲ့သို့ဖြစ်နေရမည် ဖြစ်သည်။ 


ဂူသင်္ချိုင်းဖောက်သူတို့သည် အနည်းငယ်မျှသာ အမှားလုပ်မိ တတ်သော်လည်း ဤအကြမ်းဖျဉ်း ပုံစံကို ကြည့်လိုက်သောအခါ ဝူရှဲ့စိတ်ထဲ တစ်ခုခု မှားနေသည်ဟု ခံစားလာရသည်။ ၎င်းတို့အနက် စစ်မတ်ကာလ ဂူသင်္ချိုင်းတွင် မြေအောက်နန်းတော် မရှိသော်လည်း အောက်ဖက်မှာတော့ ရှိ​နေကြောင်း သိသာထင်ရှားပြီး အမိုးပါ ရှိနေတာက အထူးအဆန်း ဖြစ်နေသည်။


ဦးလေးသုံးကတော့ လက်ညိုးနဲ့ တိုင်းတာပြီး ခေါင်းတလားရဲ့ အနေအထားကို အဆုံးအဖြတ် ပေးရင်း ပြောလာသည်။


“အောက်မှာ အုတ်ခေါင်မိုး တစ်ခုရှိတယ်.... ဂေါ်ပြားခေါင်းနဲ့ ထိပြီး ကွဲသွားလို့မရဘူး.... ဒါကြောင့် အနီးစပ်ဆုံး အနေအထားကို အခြေခံပြီး အမှတ်အသား လုပ်ရမယ်... ဒီမြေအောက်နန်းတော်က ထူးဆန်းလွန်းတယ် အဲဒီအုတ်တွေက ပါးလွှာတယ်ဆိုရင် ငါ့ရဲ့ စုန့်မင်ဆက် အုတ်ဂူ​တွေရဲ့ အတွေ့အကြုံ အတိုင်း နံရံကို အရင်ဖောက်လိုက်ရုံပါပဲ.... အဆင်မပြေရင် အစက ပြန်စရမှာမို့ မြန်မြန် လုပ်ရမယ်"


ဦးလေးသုံးနဲ့ တခြားသူတွေဟာ ဂူသင်္ချိုင်းတွေ ဖောက်လာတာ ဆယ်နှစ်ကျော်ပြီ။ သူတို့ရဲ့ ဆိုင်ကလုန်းလို အရှိန်ပြင်းပြင်းနဲ့ ပေါက်တူး သုံးချောင်းက အတက်အဆင်းဖြင့် အလုပ်လုပ်နေရာ ခုနစ်မီတာ ရှစ်မီတာလောက် တစ်ချက်တည်း ကျသွားတော့သည်။ 


မြေကြီးတူးစရာ မလိုတော့ဘူး။ ဒီတော့ သူတို့က ရွှံ့တွေကို အပြင်ဘက်ကို ကျုံးထုတ်ကြရတော့သည်။ ခဏအကြာမှာတော့ တခွေက


"ပြီးပြီ!"


တခွေသည် အောက်ခြေ အပေါက်ကြီးကို တူးပြီး အုတ်နံရံကြီးကို ရှင်းထုတ်လိုက်သည်​။ သူတို့ မိုင်းတွင်းမီးခွက်ကို ဖွင့်ကာ အထဲသို့ ဆင်းသွားကြသည်။ တခွေက အုတ်နံရံကို လက်နှင့်ခေါက်မလို့ ပြင်ချိန် မျက်နှာသေက ကမန်းကတန်း ဆွဲလိုက်လေသည်။


"မထိနဲ့!" 


မျက်နှာသေး၏ မျက်လုံးများက စူးရှလွန်းသဖြင့် တခွေပင် ထိတ်လန့်သွားသည်။


သူက လက်နှစ်ချောင်းဆန့်၍ နံရံပေါ်တင်ကာ အုတ်အက်ကွဲကြောင်းများကို ထိလိုက်သည်။ အချိန်အတော်ကြာ ထိတွေ့ပြီးနောက် ရပ်တန့်သွားကာ။


“အထဲမှာ သူခိုးတွေကို ဆန့်ကျင်ထောင်ချောက် ဆင်ထားတဲ့ အရာတစ်ခု ရှိတယ်.... လှုပ်ရှားလိုက်တာနဲ့ အုတ်တွေ အားလုံးထဲက ထွက်လာလိမ့်မယ်... တွန်းလို့မရဘူး ဖြိုခွင်းလို့ မရဘူး!"


ဖန့်ကျစ်လည်း နံရံကိုထိပြီး မေးလိုက်သည်။


"အက်ကွဲတာ​လေးတောင် မဖြစ်နိုင်ဘူးလား? ဒီအုတ်ခဲတွေကို ဘယ်လိုထုတ်ရမှာလဲ" 


မျက်နှာသေ အစ်ကိုလေးသည် သူ့ကိုယ်ပိုင် လုပ်ငန်းကိုသာ တွေးတောရင်း အုတ်နံရံ အက်ကွဲကြောင်းအတိုင်း စမ်းသပ်ကြည့်ကာ ရုတ်တရက် အုတ်ခဲကို နံရံမှ အမှန်တကယ် ဆွဲထုတ်လိုက်​လေသည်။ ဤရှေးဟောင်း အုတ်ခဲသည် အလွန်ခိုင်ခံ့​ပေ၏။ 


နံရံမှ အုတ်တစ်ချပ်ကို ဆွဲထုတ်ရန် လက်နှစ်ချောင်းသာ လိုအပ်သည်အား ကြည့်ပုံဖြင့် ဒီလက်နှစ်ချောင်းက တကယ်ကို ထူးခြားကြောင်း ထင်ရှားလေသည်။


အုတ်ခဲကို မြေကြီးပေါ်တွင် ဂရုတစိုက်ချထား၍ အုတ်နောက်ဘက်သို့ ညွှန်ပြလိုက်ရာ အနောက်တွင် အနီရောင် ဖယောင်း နံရံတစ်ခုကို တွေ့လိုက်ရသည်။ သူက ဆိုလေသည်။ 


“ဒီနံရံမှာ ရှေးခေတ် အဂ္ဂိရတ်ပညာမှာ သုံးတဲ့ အလူမီအက်ဆစ်တွေနဲ့ ပြည့်နေတယ်.... ထိမိတာနဲ့ ပြင်းထန်တဲ့ အက်ဆစ်တွေက ခန္ဓာကိုယ်ပေါ်ကို တခဏချင်း လောင်းချလိုက်ပြီးသား ဖြစ်သွားပြီး အရေပြား ပျောက်ကွယ်သွားတဲ့အထိ လောင်ကျွမ်းသွားလိမ့်မယ်”


ဝူရှဲ့ တံတွေး မျိုချလိုက်မိသည်။ ရုတ်တရက် အရေခွံမပါသော အလောင်းကောင်အား အဘိုး မြင်လိုက်သည်နှင့် အံ့သြထိတ်လန့် သွားတာကို ပြေးသတိရမိလေ၏။ အဲဒါက သွေးအလောင်းကောင် မဟုတ်ဘဲ အက်စစ်နဲ့ ထိမိသွားတဲ့ ဘိုးဘိုးကြီးပဲ ဖြစ်လေမလား? ဒါပေမဲ့ အဘိုးရဲ့ သေနတ်ပစ်ချက်က ဘိုးဘိုးကြီးကို ထိသွားတယ် မဟုတ်လား?


မျက်နှာသေက တခွေကို နောက်ထပ် ငါးမီတာ ဒေါင်လိုက် တွင်းကို တူးခိုင်းပြီး သူ့အိတ်ထဲက ဆေးထိုးအပ်နဲ့ ပလပ်စတစ် ပြွန်တစ်ချောင်းကို ကိုယ်တိုင် ထုတ်ယူကာ ​ပြွန်​ချောင်းကို အပ်နဲ့ ချိတ်ပြီး ပြွန်ကို အနက်ဆုံး တွင်းအပေါက်ထဲကို ထည့်လိုက်သည်။


ဖန့်ကျစ်က တစ်ဖက်ကို ပန်ဇီသည် မီးအပူပေးပြီး မျက်နှာသေက အပ်ကို ဖယောင်းနံရံထဲသို့ ဂရုတစိုက် ထည့်လိုက်သည်နှင့် ချက်ချင်းပင် ပိုက်၏ အခြားစွန်းမှ အက်စစ်များဟာ တခွေတူးထားသော တွင်းထဲသို့ စိမ့်ဝင်သွားသည်။


မကြာမီတွင် အနီရောင် ဖယောင်းနံရံသည် အဖြူရောင် အဖြစ်သို့ ပြောင်းလဲသွားကာ အတွင်းရှိအရာ အားလုံး မရှိ​တော့ပုံရသည်။ မျက်နှာသေက ခေါင်းညိတ်ပြီး ဆို၏။


"ရပြီ!"


ချက်ချင်းပင် အုတ်များကို ရိုက်ထုလိုက်ကြသည်။ မကြာမီတွင် လူတစ်ဦး ဖြတ်သန်းသွားလာနိုင်သော နံရံတွင် အပေါက်တစ်ခု ပေါက်သွားခဲ့သည်။


သင်္ချိုင်း၏ မြောက်ဘက်ခြမ်းမှ ဖောက်ထွင်း ဝင်ရောက်လာပြီး မြေပြင်ပေါ်တွင် ရှေးအက္ခရာများဖြင့် ရေးထွင်းထားသည့် ကျောက်ခေါင်းတခါး တစ်လုံးကို တွေ့လိုက်ရသည်။


အုတ်ဂူအလယ်မှာ သေးငယ်၍ မီးခွက် ရှစ်လုံးဖြင့် ဝိုင်းရံထားပြီး အုတ်ဂူအလယ်တွင် ခြေလေးချောင်းထောက် လေးထောင့်ပုံပါရှိသည့် အဂ္ဂိရတ်အိုးတစ်လုံး ရှိလေသည်။ အုတ်ဂူရဲ့ မျက်နှာကျက်မှာတော့ နေ၊လ၊ ကြယ်ပုံများ ရေးဆွဲထားကာ ဂူသင်္ချိုင်းကတော့ တောင်ဘက်မှာ ရှိပုံရသည်။


အဲဒီနောက်မှာတော့ အောက်ဘက်ကို ဆင်းသွားပုံရတဲ့ လမ်းတစ်လမ်း ရှိပေမယ့် ဘယ်ကို ရောက်သွားနိုင်တဲ့ လမ်းလဲတော့ ဘယ်သူမှ မသိနိုင်ပေ။


ဦးလေးသုံးကတော့ သူ့ခေါင်းကို ရှေ့တိုးကာ အနံ့ခံ​ကြည့်ပြီး လက်ဝှေ့ယမ်းပြရာ သူတို့လည်း နောက်ကနေ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားခဲ့သည်။


ဦးလေးသုံးသည် မြေပြင်ပေါ်ရှိ စကားလုံးများကို ကြည့်ပြီး မျက်နှာသေအား မေးလိုက်လေသည်။ 


"အစ်ကိုလေး.... ဒီစကားလုံးတွေကို ကြည့်မယ်ဆိုရင် ဘယ်သူ့ကို ဒီမှာမြှုပ်နှံထားတယ် ဆိုတာ ပြောပြနိုင်မလား?"


မျက်နှာသေက ခေါင်းခါယမ်းပြီး ဘာမှ မပြောလာပေ။


မီးတုတ်တစ်ချောင်းကို လုပ်၍ မီးစာကို မီးခွက်ထဲသို့ ပစ်ချပြီး သင်္ချိုင်းတစ်ခုလုံး ထွန်းတောက်သွားခဲ့သည်။ အဘိုး၏ မှတ်စုများတွင် မြင်ခဲ့ရသည့် နောက်ဆုံး မကောင်းဆိုးဝါးကြီး အကြောင်း တွေးမိပြီး အဘိုးက ထူးဆန်းသည့် အူမြူးနေသံများကို ထပ်ခါထပ်ခါ ကြားရကြောင်း ပြောပြခဲ့လေသည်။


သူ့စိတ်ထဲ အရမ်း​ကြောက်​စရာ ကောင်းတယ်လို့ တွေးနေချိန်​မှာ ဖန့်ကျစ်က အထဲမှာ ဘာ​တွေရှိ​နေတယ်​ဆိုတာ မြင်​ချင်​လို့ အိုး​ပေါ် တက်​သွား၏။ ရုတ်တရက် သူက 


"သခင်သုံး ဒီမှာ ရတနာတစ်ခုရှိတယ်!"


ဝူရှဲ့တို့အားလုံး တက်လာပြီး အိုးထဲမှာ ခေါင်းမပါတဲ့ မံမီအ​လောင်းကို တွေ့လိုက်ရလေသည်။ သူ့အဝတ်အစားတွေ စုတ်ပြဲသွားပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ကျောက်စိမ်း လက်ဝတ်ရတနာတချို့ ရှိနေသေးသည်။ ဖန့်ကျစ်က ယဉ်ကျေးမနေဘဲ တိုက်ရိုက်ချွတ်ပြီး သူ့လက်မှာ ဝတ်ဆင်လိုက်တော့သည်။


“ဒါက လူ့ခန္ဓာကိုယ်ကို ပူဇော်ပြီးတဲ့နောက် ကျန်ခဲ့တဲ့ ခန္ဓာကိုယ်ပဲ ဖြစ်နိုင်တယ်.... ခေါင်းကို ကောင်းကင်မှာ ပူဇော်ပြီး အလောင်းကို ပူဇော်ဖို့ ဒီမှာ တင်ထားကြတယ်... သူက စစ်သုံ့ပန်း ဖြစ်လိမ့်မယ်... အစေခံဆိုရင် သူတို့ရဲ့လက်မှာ ကျောက်စိမ်း ရတနာမျိုး ရှိနေမှာ မဟုတ်ဘူး"


ဖန့်ကျစ်သည် အောက်ဘက်ရှိ တခြားအရာများကို ကြည့်ရန် အိုးထဲသို့ ခုန်ဆင်းသွားသည်။ မျက်နှာသေက သူ့ကို တားရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့သည်။ ကျောက်ခေါင်းတလားကို ပြန်ကြည့်သော် ကံကောင်းထောက်မစွာ တုံ့ပြန်မှု မရှိလာခဲ့ပေ။ 


ဦးလေးသုံးက 


“ဒီကောင်လေးကတော့... အဲဒီထဲမှာ ယဇ်ပူဇော်ဖို့ အိုးခွက်ပန်းကန်နဲ့ အမွှေးတိုင်တွေ သုံးကြတယ်... ကောင်လေး မင်းက ယဇ်ပူဇော် ခံချင်လို့လား?"


ဖန့်ကျစ်က ရယ်မောလိုက်ပြီး 


"သခင်သုံး... ကျွန်တော်က တခွေ မဟုတ်ဘူး... ကျွန်တော့်ကို မခြောက်ပါနဲ့" 


သူက အတွင်းထဲက ကျောက်စိမ်း ပုလင်းကြီးကို ထုတ်ယူလိုက်ပြီး 


"ကြည့်လိုက်... ဒီထဲမှာ ကောင်းတာ​လေးတွေ အများကြီး ရှိတယ်.... ဒီအိုးကို လှန်ကြည့်ရအောင် တခြားဘာရှိသေးလဲ မသိဘူး"


“မရှုပ်တော့နဲ့ မြန်မြန် ထွက်လာခဲ့!” 


ဦးလေးသုံးက မျက်နှာသေရဲ့ မျက်နှာက ကျောက်ခေါင်းတလားကို ကြည့်ပြီး ဖြူဖျော့သွားတာကို မြင်လိုက်ရရာ တစ်ခုခု ဖြစ်လာနိုင်တာကို သိသဖြင့် အော်ပြောလိုက်သည်။


အဲဒီအချိန်မှာတော့ ဝူရှဲ့လည်း အသံ တစ်သံကို ကြားလိုက်ရသည်။ လှည့်ပြီး နားထောင်လိုက်ရင်း သူကိုယ်တိုင်လည်း ငြိမ်ငြိမ် မနေနိုင်တော့ချေ။ အသံက ခေါင်းတလားထဲက ထွက်လာတာ မဟုတ်ဘဲ မျက်နှာသေဆီက ထွက်လာခဲ့တာ ဖြစ်လေသည်။


 



ဘာသာပြန် = တကယ်တော့ ဒီဇာတ်လမ်းက ဝူရှဲ့က သူတို့ဇာတ်လမ်းအကြောင်း ပြောပြနေတဲ့ ပုံစံမျိုး ရေးထားတဲ့ အခန်းတွေပါပါတယ်။ ကျွန်တော်က ကျွန်တော်တို့ အဲ့လိုမျိုးတွေက များတယ်။ ဒါပေမဲ့ အသွေးက အဲ့နေရာမှာ ဝူရှဲ့ နာမည်ကို အစားထိုးလိုက်ပါတယ်။ ဝူရှဲ့ ဆိုတဲ့ ကာရိုက်တာက စာဖတ်သူတိုင်းကို ခံစားချက်တစ်ခုခု ပေးစွမ်းနေမယ်လို့ ထင်ပါတယ်။ ကျွန်တော် ဆိုရင် ဝူရှဲ့လေးကို မျက်စိထဲ မမြင်ကြမှာ စိုးလို့ပါ။