(19)
Viewers 5k

Chapter (19)

ဖေးအောင်ရဲ့ တိုက်ခိုက်မှု



ဖေးအောင်သည် လူသားအဖြစ်သို့ တစ်ဖန်ပြန်လည် ပြောင်းလဲလိုက်သည်။ ပြင်းပြင်းထန်ထန် ထိခိုက်ထားတာကြောင့် ထရန် ရုန်းကန်ရင်း ၎င်း၏လက်ထဲတွင်တော့ မြေခွေးလေးကို ကိုင်ထားဆဲ ဖြစ်သည်။ ဖေးအောင်သည် ဝမ်းဗိုက်ကို ဓားပျံဖြင့် အပစ်ခံထားရပြီး ကြီးမားသော သွေးထွက်သံယို အပေါက်ကြီးတစ်ခု ထွက်လာသော်လည်း သူ၏ ပါးစပ်ထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။


ဖေးအောင်: “မေ့လိုက်ပါတော့... ဒီနေ့တော့…မဖြစ်နိုင်…မဖြစ်နိုင်​တော့ဘူး…” 


ခန်းမ အနောက်ဘက် ရင်ပြင်တွင် တမင်နန်းတော်ရှိ လူများအားလုံး နိုးလာပြီး စောင့်ကြည့်ရန် အမြန်ထွက်လာကြသည်။ သို့သော်လည်း အနက်ရောင် မြူမှုန်များသည် အရပ်ရပ်မှ ရွေ့လျားလာကာ မြေပြင် တစ်ခွင်လုံးကိုလည်း ဖုံးလွှမ်းထားရာ ၎င်းမြူမှုန်များက အသက်ရှင်နေသကဲ့သို့ပင်။


လီကျင်လုံ: "လူတိုင်း ပုန်းနေကြ အဲဒါ မိစ္ဆာ!"


ရဲရင့်သော မိန်းမစိုးနှင့် ကိုယ်ရံတော်တို့သည် အဝေးအထိ ထွက်ခွာသွားရန် မလိုလားသေးဘဲ နံရံထောင့်ဆီသို့ ဆုတ်ခွာသွားကြသည်။ အနက်ရောင် မြူခိုးများက ဖေးအောင်ဆီသို့ ဆက်လက် ပျံ့နှံ့သွားရာ လီကျင်လုံ လှည့်အော်လိုက်သည်။ 


"သူ့ကို တံဆိပ်ခတ်နိုင်တဲ့ မှော်အစီအရင် ရှိလား"


ဟုန်ကျွင့်: "မရှိဘူး....ငါ သူ့ကို ရိုက်လိုက်တယ်... သူက နဂိုပုံစံ မပြသေးဘူး...မင်းရဲ့ဓားနဲ့ စမ်းကြည့်ရင်ရော?"


ကံကောင်းထောက်မစွာ အဲဒီနေ့က ဟုန်ကျွင့် ဖေးအောင်နောက်ကို ဆက်မလိုက်ခဲ့ပေ။ မဟုတ်ရင်တော့ သူတို့အတွက် ပွဲ​ကြီးပွဲ​ကောင်း ဖြစ်သွားလိမ့်မည်။ လီကျင်လုံလည်း သူ့ဓားကို ခါယမ်းပြီး ပြောလိုက်သည်။ 


"မင်းတို့ ငါ့ကို ဖုံးထား!" 


တိတ်ဆိတ်နေသော ရင်ပြင်သည် အလွန်ထူးဆန်းစွာ ပျံ့လွင့်နေသော အနက်ရောင် မြူခိုးများထဲတွင် ဖေးအောင်၏ ဂါထာများ ရွတ်ဆိုသံကို ကြားနေရပြီး နောက်အခိုက်အတန့်တွင် သူက ခေါင်းကို မော့ကာ လူအုပ်ကို ကြည့်၍ တိုးတိုးလေး ပြောလိုက်သည်။


"ဘယ်သူ သေရမှာကြောက်လဲ?" 


မကြာခင်မှာပဲ ဟုန်ကျွင့်ဟာလည်း နတ်အလင်းရောင် ငါးရောင်ရှိတဲ့ အကာအကွယ်ကို ဖန်တီးပြီး လူတိုင်းရှေ့မှာ ရပ်လိုက်သည်။


တခဏချင်းမှာပဲ ဖေးအောင်ဘက်က အနက်ရောင် မီးခိုးလုံးကြီးဟာ “ဝုန်းခနဲ” ပေါက်ကွဲသံကြီး ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်က မြူမှုန်မည်းတွေဟာ ထောင်ပေါင်းများစွာသော အနက်ရောင် မီးတောက်တွေအဖြစ် ပြောင်းလဲသွားသည်။ မီးတောက်တွေကို ထိမိသူတွေဟာ မြေပြင်ပေါ် လူးလိမ့် လဲကျကုန်သည်။ အော်ဟစ်သံတွေ ရပ်သွားသော် လူတွေဟာ အနက်ရောင် ငါးပုတ်သင်ကောင်တွေ အဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ကျွင့်တို့ဆီသို့ ပြေးလာကြ၏။ 


ထောင့်လေးထောင့်စလုံး ငါးပုပ်သင်တွေနဲ့ ပြည့်နေပြီး ချွန်ထက်တဲ့ သွားတွေကို ဖြဲလျက် လူငါးယောက်ဆီ အသည်းအသန် ပြေးလာသည်။ ဟုန်ကျွင့်လည်း သူတို့ကို တားဆီးရန် ရောင်စုံနတ်ရောင်များကို ထုတ်လွှတ်လိုက်သည်။ တစ်စုံတစ်ဦးကို ထိခိုက်မိပါက မကယ်တင်နိုင်မှာ ကြောက်ရွံ့သောကြောင့် အဆိုပါ အသွင်ပြောင်း ငါးများကို မသတ်ဝံ့ပေ။ ထိုစဥ် လီကျင်လုံက ရင်ပြင်ရဲ့ အလယ်ဗဟိုက အနက်ရောင် မီးတောက်တွေဆီကို ဓားနဲ့ ပြေးဝင်သွားလေသည်။ 


ဟုန်ကျွင့်သည် အရောင်ငါးရောင်ရှိသော နတ်အလင်းရောင်ကို ကိုင်ဆောင်ကာ နံစော်နေသော အနက်ရောင်ငါးများ ရှိရာဘက်သို့ လမ်းဖွင့်လိုက်သည်။ အားထိုက်သည် လေပွေလှိုင်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ပြီး မော့ရစ်ကန်းကလည်း လက်သည်းခေါင်းမြှား ခုနစ်စင်းကို ပစ်သတ်လိုက်သော်လည်း ၎င်းတို့အားလုံးကို မသတ်နိုင်သေးပေ။ ချိုးယုံစစ်က ဘေးဘက်ကို လှည့်ကြည့်လိုက်ပြီး အလောတကြီးနဲ့ အော်လေသည်။ 


"မလာနဲ့ မလာနဲ့... ဟုန်ကျွင့် မင်း ဘယ်သွားမှာလဲ" 


လူတိုင်း: "..."


ငါးများသည် တစ်ယောက်ပြီး တစ်ယောက်ဆီသို့ တဟုန်ထိုး ပြေးသွားကာ အားထိုက်နဲ့ မော့ရစ်ကန်းတို့က တချိန်တည်း လှမ်း​အော်လိုက်ကြသည်။


အားထိုက်- "ချိုးယုံစစ်!"


မော့ရစ်ကန်းလည်း နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။ 


"မြန်မြန် တိုက်တော့!"


ချိုးယုံစစ်က ခါးသက်စွာ ပြုံးပြီးပြောသည်။ 


"မင်းတို့ လုပ်နိုင်ပါတယ်ကွာ.... ညီအစ်ကိုတို့ ငါ..."


သူစကားမဆုံးမီတွင် မော့ရစ်ကန်းသည် ရေဘဝဲတစ်ကောင်ကို တမင်တကာ လွှတ်လိုက်ရာ ၎င်းက ချိုးယုံစစ်ကို ပွေ့ဖက်တော့မလို ဖြစ်သွားသည်။ ထိုအချိန်တွင် ချိုးယုံစစ်သည် သူ၏ ပုံမှန် အေးစက်စက် အမူအရာက ပျောက်ကွယ်သွားကာ အထိန်းအကွပ် မရှိ လဲကျသွားသည်။ 


"ထွက်သွား!" ချိုးယုံစစ် အော်နေသည်။ 


ရေဘဝဲသည် ချွန်ထက်သော သွားများ ပြည့်နေသော ၎င်း၏ပါးစပ်ကြီးကို ဖွင့်ဟကာ ချိုးယုံစစ်၏ လည်ပင်းတစ်ဝိုက်သို့ ချွဲသလိပ်များဖြင့် လျှာကို ဆန့်ထုတ်လိုက်သည်။ ထိုစဥ် ချိုးယုံစစ်ရဲ့ ခံနိုင်ရည်သည် နောက်ဆုံးတွင် ပြတ်တောက်သွားပြီး အသံကုန် အော်ဟစ်ပစ်သည်။ 


"ဒီကနေ ထွက်သွား!"


ချိုးယုံစစ် စုတ်တံကို ဝှေ့ယမ်းပြီးပြီးချင်းမှာပဲ အားထိုက်နဲ့ မော့ရစ်ကန်းဟာ ရှေ့ကို တွန်းလှန်ပြီး ဆက်တိုက်နေသည်။ ရေဘဝဲသည် မြစ်ကိုဖြတ်ကူးတော့မည့် ငါးကြင်းတစ်ကောင်လို ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်မျောသွားလေ၏။ 


ချိုးယုံစစ်: "အား--! ထွက်သွား ဒီကနေ ထွက်သွား!"


လူတိုင်း: "..."


စုတ်တံသည် လေထဲတွင် တဆတ်ဆတ် တုန်နေကာ ရှေ့သို့ခုန်ဆင်းလာသော ငါးသည် ကြီးမားသော အင်အားဖြင့် ဆွဲငင်ခံလိုက်သကဲ့သို့ လွင့်သွားကာ ဗွမ်းခနဲ အသံနဲ့အတူ မှင်အိုင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား​တော့သည်။


ထိုအချိန်တွင် အားထိုက်နဲ့ မော့ရစ်ကန်းမှာ သူတို့ကျောဘက်သို့ လှည့်ကြည့်လိုက်ရာ တုန်တုန်ယင်ယင် ဖြစ်နေသော ချိုးယုံစစ်ဟာ အဖြူရောင် စကျင်ကျောက် စုတ်တံကို ကိုင်ထားလျက် ရှိကာ မရေမတွက်နိုင်သော ဥက္ကာပျံကဲ့သို့သော မှင်အမှတ်အသားများက လေထု အတွင်း၌ ပျံ့နှံ့နေ၏။ 


"မိစ္ဆာကြီး!"


ချိုးယုံစစ် ပြင်းပြင်းထန်ထန် အော်လိုက်ပြီး သူ့စုတ်တံကို ထပ်မံ ဝှေ့ယမ်းလိုက်​ပြန်သည်။


အားထိုက်တို့သည် ချိုယုံစစ်၏ ကြီးမားသော စုတ်ချက်တွေကြောင့် ဒဏ်ကြောင့် တခဏချင်းတွင် ရင်ပြင်တစ်ခုလုံးသည် ရှုခင်းပန်းချီအဖြစ်သို့ ပြောင်းလဲသွားပြီး ငါးများအားလုံးသည် ရေကူးမှင်များလို လွင့်ပျံသွားကြသည်။ ကောင်းကင်နှင့်မြေကြီးသည် တောက်ပနေပြီး ချိုးယုံစစ်ရှေ့တွင် မှင်လှိုင်းလုံးများ ပျံ့နှံ့သွားသည်။ ယွန်းထည်တိုင်များ၊ နန်းတော်နံရံများနှင့် တမင်နန်းတော်ရှိ ပတ်ဝန်းကျင်တောင်တန်းများသည် မှင်ပန်းချီများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


ထူးဆန်းသော စွမ်းအားဖြင့် လှိမ့်လိုက်ကာ ရင်ပြင်တစ်ဝိုက်တွင် လှည့်ပတ်နေသည့် အန္တရာယ်ရှိသော ရှုခင်းသည် ချိုးယုံစစ်လက်ထဲတွင် နွေဦးရာသီတွင် ကစားနေသည့် ငါးတစ်ရာ၏ပုံအဖြစ်သို့ ပြောင်းလဲသွားရသည်။ 


မော့ရစ်ကန်း ဒေါသတကြီးနဲ့ "မင်း ချသင့်တာကြာပြီ!"


အားထိုက်ကလည်း သေလုနီးပါး ဒေါသတကြီးဖြင့် လှမ်းအော်သည်။ 


"မင်းဘာလို့ မှော်လက်နက်ကို စောစော မထုတ်တာလဲ"


ချိုးယုံစစ်မှာလည်း မတတ်နိုင်ဘဲ ရှုပ်ယှက်ခတ်နေသော မျက်လုံးများဖြင့် ပြန်ကြည့်လာသည်။ 


"ဝိုး.... သူ လှုပ်ရှားနေပြီ လှုပ်ရှားနေပြီ... ကြည့်! ဘာဖြစ်သွားတာလဲ မသိဘူး" 


ဟုန်ကျွင့်မှာ ကမ္ဘာကြီးတစ်ခုလုံး ကွဲပြားသွားတယ်လို့ ခံစားမိပေမယ့် ထူးဆန်းတဲ့အရာကို သူ မပြောနိုင်ပါဘူး။ ပတ်ဝန်းကျင် ရှုခင်းတွေ အားလုံး ပျက်ယွင်းသွားသည် ။


လီကျင်လုံ: "ရပ်ကြည့်မနေနဲ့ အခုမြန်မြန် အခွင့်ကောင်းယူတော့!"


"ခဏနေဦး..." 


ဟုန်ကျွင့် သူ့ကိုယ်သူ ပျံတက်သွားပြီး မြေပြင်ပေါ်က မလှမ်းမကမ်းအထိ ရောက်သွားသလို ခံစားလိုက်ရသည်။


လီကျင်လုံသည် အနက်ရောင်လေထုကို ဓားဖြင့် ထိုးခါနီးတွင်ပင် ပျံသန်းသွားခဲ့သည်။ မှင်ရှုခင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်လုနီးပါး အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားပြီး အနက်ရောင်စွမ်းအင်များက တုန်လှုပ်ကာ ငါးများမှာ ငိုယိုကာ လွတ်မြောက်ချင်သော်လည်း ထိန်းမရပေ။


"မင်းရဲ့ မှော်တွေကို ဖယ်လိုက်!!" 


လီကျင်လုံ လှည့်ပြီး အော်လိုက်သည်။


"ကစား​နေတာကို ရပ်လိုက်တော့!"


အားထိုက်နဲ့ မော့ရစ်ကန်းကလည်း ချိုးယုံစစ်ဘက်ကို ထပ်ပြီး အော်လိုက်ကြသည်။ 


"အခုချက်ချင်း လုပ်တော့မယ်! ငါ့လက်ကို အခုလှုပ်ရှားလိုက်မယ်.... မင်းတို့ ဘာလုပ်ချင်​နေတာလဲ!"


ယခုအချိန်တွင် ရင်ပြင်သည် ကြီးမားသော မှင်ပန်းချီကား တစ်ချပ်ဖြစ်လာပြီး ပတ်ဝန်းကျင်ရှုခင်းများသည် စုတ်ပြတ် သတ်သွားကာ ပန်းချီကားတစ်ပိုင်း ဖြစ်လာသည်။ ပန်းချီကားထဲမှ အနက်ရောင် မီးတောက်များကြား ချိုးယုံစစ်သည် နောက်ဘက်ခန်းမရှေ့တွင် စုတ်တံကို ကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် ပြော၏။ 


"မထိန်းနိုင်တော့ဘူး သတိထား!"


လီကျင်လုံ: "ထွက်သွား!" 


ထိုအချိန်တွင် အနက်ရောင် မီးများ ဖုံးလွှမ်းနေသော ဖေးအောင်သည် အသံကျယ်ကြီးဖြင့် ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ အကြေးခွံများကို လွှတ်ထုတ်ရန် ၎င်း၏ နောက်ဆုံးခွန်အားကို အသုံးပြူ၍ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာစေသည်။ တစ်ချိန်တည်းတွင်ပင် ချိုးယုံစစ်သည် နတ်ဆိုးတန်ခိုးကြောင့် တုန်လှုပ်သွားခဲ့သည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ခြေတစ်လှမ်း ဆုတ်သွားသည်။


ပန်းချီကားထဲက အနက်ရောင် စွမ်းအင်ဟာ ပေါက်ကွဲပြီး ကွဲထွက်သွားသည်။ ဟုန်ကျွင့်နဲ့ လီကျင်လုံတို့ မြေပြင်ပေါ် လဲကျသွားပြီး တစ်ချိန်တည်းမှာပဲ ဟုန်ကျွင့်က သူ့လက်ကို မြှောက်လိုက်ပြီး အနက်ရောင် စွမ်းအင်အား နတ်အလင်းငါးရောင်ဖြင့် ချက်ချင်း ပိတ်ဆို့ထားလိုက်သည်။ 


"ဓားကို ဆွဲထုတ်လိုက်!" ဟုန်ကျွင့် အော်လိုက်သည်။


လီကျင်လုံက ပြုတ်ကျနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဟုန်ကျွင့်ကိူ ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား မြေပြင်ပေါ်သို့ လဲကျသွားသည်။ လီကျင်လုံသည် သူ့ဓားရှည်​ကို ငါးရောင်နတ် အလင်းတန်းအတွင်း ဆွဲထုတ်ပြီး ဓားတစ်စင်းတည်းဖြင့် ထိုးဖောက်လိုက်ရာ ဓားအစွန်းသည် ဖေးအောင်၏ တင်းမာသော ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပါသည်။


ဖေးအောင်၏ တောရိုင်းလို အော်သံများက ရုတ်တရက် ရပ်တန့်သွားကာ မြေပြင်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အုတ်ခဲများနှင့် ကျောက်တုံးများ မှင်ပန်းချီများလည်း ကျိုးသွားသည်။ တပြိုင်နက် အနက်ရောင် စွမ်းအင်များလည်း လွင့်ထွက်သွားသည်။ ကူးခတ်နေသော ငါးများနှင့် ထိန်းချုပ်ခံထားရသော လူများသည်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ကို ပြန်လည် ရရှိသွားခဲ့သည်။


ဖေးအောင် သေဆုံးသွားသည်နှင့် တပြိုင်နက် အနက်ရောင် စွမ်းအင် လေးခု ပေါက်ကွဲသွားသည်။ လီကျင်လုံ ဓားသွားကို ချက်ချင်း လှည့်လိုက်ပြီး ဓားရှည်ကြီးကို ကိုင်လိုက်သည်။ နှစ်ယောက်သား လေထဲမှာ လှည့်ပတ်ကာ လဲကျသွားစဥ် လီကျင်လုံဆီက ညည်းတွားသံတစ်ချက် ထွက်ပေါ်လာသည်။ ဟုန်ကျွင့် ငုံ့ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံးက လီကျင်လုံကို ဖိထားမိလေပြီ။ 


ထိုအချိန်တွင် လီကျင်လုံမှာ ကျောက်ကျစ်လုံ ခုန်ပေါက်သွားသလိုမျိုး လွင့်သွားခဲ့ခြင်း ဖြစ်သည်။ ဟုန်ကျွင့်လည်း ပြင်းအားကြောင့် ရုတ်တရက် ထိမှန်ကာ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့သည်။ နှစ်ယောက်သားက အဖြူရောင် စကျင်ကျောက် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခဲ့၏။ 


နံနက်ခင်း နေမင်းကြီးသည် အရှေ့အရပ်မှထွက်၍ တောင်ကြောကို လှည့်ကာ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက် တောက်ပလာနေသည်။ လီကျင်လုံကတော့ သူ့လက်တစ်ဖက်ကို ကိုင်ရင်းထရန် ရုန်းကန်နေရသည်။


ဟုန်ကျွင့်: "ခေါင်းဆောင်! ခေါင်းဆောင်! အဆင်ပြေရဲ့လား?"


လီကျင်လုံမှာ သူ့တစ်ကိုယ်လုံးကို မရေမတွက်နိုင်သော ဆင်များ တက်နင်းမိသွားသလို ခံစားလိုက်ရပြီး။ 


"ငါ့နံရိုးတွေ ကျိုးသွားတာလား... အတွင်းဒဏ်ရာတွေ ရှိနေသလိုပဲ..."


"ငါ့မှာ ဆေးရှိတယ်!" ဟုန်ကျွင့် ကမန်းကတန်း ပြောလိုက်သည်။


"မင်း ဆေးသောက်ပြီးတာနဲ့ ​ပြန်ကောင်းလာမယ်လို့ ငါအာမခံတယ်"


လီကျင်လုံ: "..."


အားထိုက်၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့လည်း ပြေးလာကြသည်။ ဟုန်ကျွင့် လီကျင်လုံလက်ကို ဆွဲကာ ထနိုင်သွားအောင် ကူညီပေးလိုက်ပြီး တည့်တည့် ရပ်နိုင်အောင်လည့း သူ့ပခုံးပေါ် မှီခိုင်းထားလိုက်သည်။


ရင်ပြင်ထဲတွင် သတိလစ်နေသော နန်းတော်အတွင်း နေထိုင်သူများနှင့် အစောင့်များဖြင့် ပြည့်နေသည်။ တမင်နန်းတော်က ပျက်ကျထားကာ ဘေးဘက်ခန်းမနှင့် ရေတွင်းတစ်ခု အပါအဝင် နေရာအနှံ့ အပျက်အစီးများ ပြန့်ကျဲနေပါသည်။ တိုင် ၇ တိုင် ကျိုးကျပြီး နံရံ ၃ ခု ပြိုကျခဲ့သည်။ ပြတင်းပေါက်များ၊ တံခါးများနှင့် စဉ့်ကူးများ၊ မရေမတွက်နိုင်သော အကြွင်းအကျန်များ ရှိပါသည်။


နေရောင်ခြည်က လူတိုင်းအပေါ်၌ ထွန်းလင်းလာသောအခါ မြေကြီးပေါ်က အရာတွေဟာ ရွှေပင်လယ်ကဲ့သို့ ဖြစ်​နေ​တော့၏။


"ခေါင်းဆောင်.... ခင်ဗျား ဘာပြောချင်လို့လဲ" 


ဟုန်ကျွင့်သည် လီကျင်လုံကို ကြည့်ရင်း သူ့အမူအရာမှာ တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။


"ငါပြောချင်တာက..."


လီကျင် အသက်ပြင်းပြင်း ရှူပြီး "ငါတို့ ပိုက်ဆံဘယ်လောက် လျော်ပေးရမှာလဲ?"


"ဘယ်လောက်​ပေးရမှာလဲ--"


"ပိုက်ဆံ ဘယ်လောက်လဲ..."


"ပိုက်ဆံ---"


"အား....--"


တောင်တန်းများ ကြားတွင် အချိန်အတော်ကြာ ထွက်နေသော အော်သံများဖြင့် ပဲ့တင်ထပ်သွားသည်။ 


......


နေသာလှတဲ့ ဆောင်းဦးရာသီမှာ ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်ရဲ့ အဝတ်တွေကို ခြံထဲမှာ နေပူလှန်းနေ၏။ အဝတ်လျှော်တိုင်း အဝတ်က ရွှံ့နဲ့ ငါးနံ့တွေလို အနံ့ထွက်နေပေမယ့် ဟုန်ကျွင့်ကတော့ ဘယ်တော့မှ မကြိုက်ဘူးလို့ မပြောပေ။ အပြင်ထွက်တဲ့ အခါ အဝတ်လျှော်ဖို့ အိမ်မှာ တစ်ယောက်ယောက် ရှိနေခဲ့တာက ဘယ်လောက်ကောင်းလိုက်လဲ။ 


ဒါပေမဲ့ ငါးကြင်းနတ်ဆိုးက ဟုန်ကျွင့် သူ့နောက်မှာ မကြာခဏ ရယ်တာကို စိတ်မ၀င်စားသလို ငါးအနံ့ကိုလည်း မကြိုက်လည်း မတတ်နိုင်ပါ။ ဟုန်ကျွင့်က သူ့ကို သူငယ်ချင်းအသစ်တွေနဲ့ အတူတူနေခွင့် မပေးဘဲ ခြံထဲမှာပဲနေခိုင်းပြီး အိမ်ကိုလည်း ဂရုစိုက်ခိုင်းနေသည်။ 


ငါးကြင်းနတ်ဆိုး ငြိမ်ကျသွားကာ သူ အနည်းငယ် စိတ်ပျက်သွားကာ ဟုန်ကျွင့်က သူ့ကို မလိုအပ်တော့ကြောင်း ခံစားလိုက်ရသည်။ "လူတွေဟာ အမြဲကြီးပြင်းရမယ်" ဆိုတဲ့ အမှန်တရားနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပေးနေခဲ့သည်။ 


"အမွှေးနံ့သာတွေ ပူ​ဇော်ရအောင်"


ငါးကြင်းနတ်ဆိုးက သူ့ကိုယ်သူ ပြောပြီး အမွှေးတိုင်ကို ရှာရန် ခုန်ဆင်းလိုက်သည်။ ထိုစဥ် အပြင်ဘက်မှာတော့ အားလုံး ပြန်ရောက်နေပါပြီ။ လီကျင်လုံ၏ မျက်နှာသည် သေလုနီးပါးဖြင့် ဖြူဖျော့နေ၏။ 


ဟုန်ကျွင့်: "ခေါင်းဆောင်ကို ဒီမှာထား" 


ငါးကြင်းနတ်ဆိုးက "မင်းတို့ ပြန်လာပြီလား.... လှုပ်ရှားတာ ဘယ်လိုလဲ?"


ခန်းမရှေ့တွင် လူတိုင်းက လှုပ်လှုပ်ရွရွ လဲလျောင်းနေကြသည်။ လီကျင်လုံရဲ့ အမူအရာက အနည်းငယ် ယိုင်တိုင်တိုင်ဖြင့်။ 


"မအောင်မြင်ဘူးလား?" ငါးကြင်းနတ်ဆိုးက နှလုံးသားထဲတွင် လျှို့ဝှက် ပျော်ရွှင်မှုတစ်ခုဖြင့် ဆိုလိုက်သည်။ 


"အစောကတည်းက သိရင် မင်းတို့နဲ့အတူ လိုက်ခဲ့ပါတယ်"


ဟုန်ကျွင့်: "မိစ္ဆာကြီး ​သေသွားပေမယ့် ဓားပျံကိုတော့ ပြန်မရခဲ့ဘူး"


ငါးကြင်းနတ်ဆိုးက ဓားပျံကို ဖြည်းဖြည်းချင်း ပြန်ရှာလို့ရကြောင်း သူ့ကို စကားအနည်းငယ်ပြောကာ နှစ်သိမ့်ပေးခဲ့သည်။ ထိုစဥ် လီကျင်လုံက ဆို၏။ 


"လူတိုင်းအတွက် ခက်ခဲတဲ့နေ့ပဲ.... အနားယူကြရအောင် တခြားဖြေရှင်းနည်းတွေကို ငါ ဖြည်းဖြည်းချင်း စဉ်းစားဦးမယ်"


လူတိုင်းက လီကျင်လုံရဲ့ ပုခုံးပေါ် ကိုယ်ချင်းစာတရားနဲ့ ပုတ်လိုက်တ်ပြီး အိပ်ဖို့ ကိုယ့်အခန်းကို ပြန်သွားကြသည်။ လီကျင်လုံ သူ့လက်ချောင်းများကို နဖူးပေါ်တင်ကာ ကြောင်တက်တက် ဖြစ်နေစဥ် ငါးကြင်းနတ်ဆိုးက “ဘာဖြစ်နေတာလဲ” ဟု မေးလာသည်။


"ငါ့ကို တစ်ယောက်တည်း အေးအေးဆေးဆေး နေခွင့်ပေးပါ..."


ငါးကြင်းနတ်ဆိုးက တံခါးကို ပိတ်ပြီး မထွက်ခင်မှာ လှည့်ပြောလိုက်သေးသည်။


"မင်း အဆင်မပြေဘူးဆိုရင် ဝတ်မှုန်နံ့သာသင်းသင်းလေး ရှူလိုက်မလား ငါအသစ်ဝယ်ပြီးပြီ"


လီကျင်လုံ ဒေါသတကြီး ပြုံးကာ မေးလိုက်သည်။


"ဘယ်လောက်လဲ?"


"ငွေသုံးထောင်နှစ်ရာ ကျန်သေးတယ်... အားထိုက်က ဆိုင်ရှင်နဲ့ ပြောထားတယ်တဲ့ ဒီတစ်ခါ အကြွေးယူပြီး ပိုက်ဆံရရင် နောက်လလောက်မှာ ပြန်လာဆပ်ပါတဲ့"


လီကျင်လုံ: "..."


တမင်နန်းတော်တွင် ထိုကဲ့သို့ အရိုက်ခံရပြီးနောက်တွင် လီကျင်လုံသာ အမှုဖြေရှင်းနေတုန်း တွေ့သွားသူတို့အား ဝိညာဥ်ထွက်ပန်း ဝတ်မှုန်ကို အနံ့ခံစေပြီးမှ ထွက်ပြေးရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။ မဟုတ်ပါက စောင့်ကြပ်နေသော နန်းတော်စောင့်များသည် မိစ္ဆာတွေကြောင့် ခေါင်းဆုံးရှုံးသွားရလိမ့်မည်။ 


ဒါပေမဲ့ အခုက မိစ္ဆာကပျောက်ကွယ်ပြီး မြေပြင်ကလည်း ရှုပ်ပွနေသည်။ မြို့တံခါးနဲ့ လုံဝူစစ်တပ်ထဲက ဟူရှန်းရဲ့အခန်းလည်း ပျက်စီးသွားပြီ။ ရှင်းပြစရာ ရှိတာတွေကို မှတ်စုတစ်ခုဆွဲဖို့ စုတ်တံတစ်ချောင်းကို ယူလိုက်သည်။ ရှန်ဝူစစ်တပ်၏ တလီတရားရုံး၊ ဝန်ကြီးဌာန၏ ပြုပြင်မှုများ၊ ရာဇ၀တ်မှုများအား ဧကရာဇ်၏ စစ်ဆေးမေးမြန်းမှုများသည် ပန်းချီနှင့် လုံခြုံရေးအပေါ် အခြေခံပြီး အရာအားလုံးကို ပြီးမြောက်ခဲ့သည်။


လီကျင်လုံသည် ညစ်ပတ်နေတဲ့ ၀တ်စုံကို ချွတ်ပြီး နေရာ၌သာ လှဲချလိုက်ကာ ခဏအကြာ၌ ပြန်နိုးလာခဲ့၏။ 


အကုန်လုံးက မောဟိုက်နေတာကြောင့် တံခါးတွေ အကုန်ပိတ်ပြီး မနက်စာမစားဘဲ အိပ်ပျော်သွားကြသည်။ ငါးကြင်းနတ်ဆိုးသည် မိမိအဝတ်ကို လျှော်ပြီးနောက် ရေကန်သို့ ပြန်သွားကာ ကောင်းကင်တွင် တိမ်ဖြူဖြူများကို ငေးမောကြည့်ရှုရင်း မှင်တက်စွာ အိပ်နေလေသည်။ နေ့လယ်လောက်အထိ ဘယ်သူမှ မနိုးသေးပေ။


မွန်းတည့်ချိန်၌ တံခါးအပြင်ဘက်မှ မြင်းခွာသံများနဲ့ လှည်းဘီးသံများကို ကြားလိုက်ရ၏။ တံခါးအပြင်ဘက်မှာတော့ ရထားလုံး လေးငါးစီးလောက် ရပ်ထားသည်။ ငါးကြင်းနတ်ဆိုး၏ ငါးခေါင်းက ဇတ်ကနဲ ထောင်လာကာ နိုးနိုးကြားကြား ဖြစ်သွားသည်။ ပါးစပ်ကိုဖွင့်ကာ ပိတ်ကာ လုပ်ရင်း လီကျင်လုံနှင့် ဟုန်ကျွင့်တို့ နိုးလောက်ပြီလားဟု တွေးနေသည်။


"သန့်ရှင်းတဲ့ ဧကရာဇ် ရောက်ရှိလာပါပြီ--"


မိန်းမစိုး၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။


“ဧကရာဇ် ကိုယ်လုပ်တော် ​ကြွလာပါပြီ…”


ငါးကြင်းနတ်ဆိုးသည် ဖန်းချောင်ချင်ပြောတဲ့ "ဆုလာဘ်" ကို အမှတ်တမဲ့ သတိရသွားပြီး ရေကန်ထဲမှ ချက်ချင်းထွက်ပြေးကာ နံရံအောက်ရှိ မြက်ခင်းပြင်တွင် ပုန်းနေလိုက်သည်။


"လက်ယာအမတ်ချုပ်ကြီး ရောက်လာပါပြီ..."


"သခင်မချင်း ​ရောက်​ရှိလာပါပြီ..."


"သခင်မကော်ကော် ရောက်ရှိလာပါပြီ--"


နတ်ဆိုးနှင်ဌာန တစ်ခုလုံးမှာ တံခါးတွေပိတ်ပြီး အိပ်နေတုန်းပါပဲ။


"နတ်ဆိုးနှင်ဌာနက ခေါင်းဆောင်လီ ဘယ်မှာလဲ သူ့ကို ချက်ချင်း ထွက်လာပြီး နှုတ်ဆက်ဖို့ ပြောလိုက်!"


"အဆင်ပြေပါတယ် ငါသွားကြည့်မယ်..."


"အိုး ဒီနတ်ဆိုးနှင်ဌာနက အရမ်းထူးထူးခြားခြား အလှဆင်ထားတာပဲ..."


"ဟုတ်လား အစ်မ... ဘယ်လိုမျိုးလဲ"


"ဒါကို ဖူတောက်မင်းဝန်လို့ခေါ်ပြီး နတ်ဆိုးတွေကို နှိမ်နင်းတာ"


"အဲဒါက အချိန်နဲ့ အလုပ်လုပ်ရတယ်လေ"


"ညောင်--"


"တိကုန်း ချန်အန်းမှာရှိတုန်း ဒီခြံဝင်းလေးကို ဝယ်လိုက်တယ်လို့ ကြားတယ်... ပျက်စီးနေတာ ကြာပါပြီ သန့်ရှင်းရေးလုပ်ဖို့ လက်သမားတချို့ကို စေလွှတ်နိုင်မယ်လို့ မထင်ထားဘူး"


"အရှင်မင်းကြီး ဒါက လွန်လွန်းတယ် လီမိသားစုက အရင်က ထင်ရှားတဲ့ မိသားစုတစ်ခုပါ မိသားစုက ဆုတ်ယုတ်နေပေမယ့် သူတို့ကိုယ်သူတို့ ဘယ်လို ပျော်ရွင်ရမလဲဆိုတာ သိနေကြတုန်းပဲ...လီကျင်လုံ ဘယ်မှာလဲ... လီကျင်လုံ?!"


ယန်ကော်ကျုံး၊ လီလုန်ကျီး၊ ယန်ယွိဟွမ်၊ သခင်မကော်ကော်၊ သခင်မချင်း စသည်တို့သည် ခြံဝင်းထဲတွင် ရပ်နေကြပြီး အမတ်က 


"ခေါင်းဆောင်လီ ဘုရင်မင်းမြတ် မင်းကို လာတွေ့တာကွ!"


"လီကျင်လုံ!" 


ယန်ကော်ကျုံး: "လူတွေ ဘယ်မှာလဲ... နတ်ဆိုးနှင်ဌာနမှာ လူရော ရှိသေးရဲ့လား?"


"ဘယ်သူလဲ ဘယ်သူလဲ ဘယ်သူလဲ" 


အားထိုက်က ပိုးသားညအိပ်ဝတ် အင်္ကျီဝတ်ပြီး ပြေးထွက်လာသည်။ ထို့နောက် ဟုန်ကျွင့်၊ ချိုးယုံစစ်နဲ့ မော့ရစ်ကန်းတို့သည်လည်း ခြေဗလာဖြင့် ပြေးထွက်လာကာ ဘယ်ညာ ကြည့်​နေကြသည်။


......


လီလုန်ကျီး ဒီနေ့ဝတ်ထားတာက ပေါ့ပေါ့ပါးပါး အဝတ်အစားပင်။ လီကျင်လုံခမျာ ပထမတစ်ချက်မှာ သတိမထားမိပေမယ့် လီကျင်လုံ အမူအရာကို ယန်ကော်ကျုံးကတော့ သတိပြုမိပြီး သူ့ရင်ထဲမှာ တုန်လှုပ်ခြောက်ခြား သွားတော့သည်။ 


"ဘာလို့ နေ့ခင်းကြောင်တောင်ကြီးကို အားလုံးက အိပ်နေကြတာလဲ" လီလုန်ကျီးက ရယ်လျက် ဆို၏။ 


လူတိုင်း: "..."


လီကျင်လုံ အတွင်းစိတ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။


"မနေ့ညက မိစ္ဆာတွေကို ဖမ်းဖို့ ထွက်သွားပြီး တစ်ညလုံး မအိပ်ခဲ့ရလို့ပါ... ကျွန်တော် စည်းကမ်းမတင်းကြပ်မိလို့ ခွင့်လွှတ်ပေးပါ.."


စကားပြောပြီးနောက် လီကျင်လုံက ဒူးတစ်ဖက်ထောက်ကာ လီလုန်ကျီးက သူ့ကို ကူညီရန် အလျင်အမြန် ခြေလှမ်းပြင်လိုက်သည်။ လီကျင်လုံ အနောက်တွင် ရပ်နေသော လူလေးယောက်ကို မြင်လိုက်သောအခါတွင် သူက ဝမ်းသာအားရဖြင့် ရောက်ရှိလာပြီး။ 


"မင်းတို့အားလုံးက လီကျင်လုံရဲ့ လက်အောက်ငယ်သားတွေလား... နာမည် ဘယ်လို ခေါ်ကြလဲ?"


လူငယ်လေးယောက်က လက်သီးတွေဆုပ်ကာ မတ်တတ်တွေ ရပ်နေကြပြီး ဂါဝရမပြုပေ။ ထိုအချိန်တွင် ထန်မင်းဆက်၏ စည်းမျဉ်းများအရ ဧကရာဇ်မင်းမြတ်ရှေ့တွင် ဒူးထောက်ရန် မလိုအပ်သော်လည်း ၎င်းတို့မှာ တရားဝင်ရာထူးများ မရှိကြပေ။ မယဉ်မကျေး မလေးစားတာက ဒါပထမဆုံးပင်။ သူတို့အားလုံး ရပ်နေသော်လည်း တစ်ဖက်လူတွေက အရိုအသေ မပေးကြချေ။ 


ယန်ကော်ကျုံးက ပြစ်တင်ရှုံ့ချတော့မည် ဖြစ်သော်လည်း ယန်ယွိဟွမ်က ပြုံးကာ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ အဆင်ပြေကြောင်း ညွှန်ပြလိုက်သည်။


"လူတိုင်းက ကျွန်မအစ်မရဲ့ ချင်းအာကို ရှာတွေ့အောင် ကူညီခဲ့ကြတာပဲ" 


ယန်ယွိဟွမ်က နူးညံ့တဲ့ အပြုံးလေးနဲ့ ဆိုလေသည်။ 


"ဒီနေ့ အားလုံးကို ကျေးဇူးတင်ဖို့ ဒီကို ရောက်လာတာ.... ဒီချင်းအာက သူမရဲ့ အသက်သွေးကြောပဲ ဒီရက်ပိုင်း ကြောင်လေးကို ရှာမတွေ့လို့ ဆိုပြီး ငိုနေခဲ့တာမှ အကြိမ်ကြိမ်ပဲ"


"ဟေး ဟေး ဟေး" 


သခင်မချင်းကော်က ယန်ယွိဟွမ်၏ စကားကို လျင်မြန်စွာ ကြားဖြတ်ပြောလိုက်ရာ ယန်ယွိဟွမ်လည်း ရွှင်မြူးသွား​တော့သည်။


ခရမ်းရောင်ကြယ်များဖြင့် လင်းထိန်နေသော လူသားကမ္ဘာ၏ ဧကရာဇ်မင်းကို ဟုန်ကျွင့်အနေဖြင့် ပထမဆုံး အကြိမ်မြင်ရခြင်း ဖြစ်ရာ အလွန်သိချင်စိတ်ရှိဖြင့် လီလုန်ကျီး၏ မျက်နှာကို မထိန်းနိုင်ဘဲ စိုက်ကြည့်နေသည်။ သူ့အသွင်အပြင်မှာ စွမ်းအင်ပြည့်နှက်နေပြီး ဘုန်းတန်ခိုးအာနုဘော် ရှိနေသည်ကို တွေ့ရသည်။ ဧကရာဇ်မင်းတစ်ပါး ဖြစ်သော်လည်း စကားပြောသောအခါ အလွန်လွယ်ကူသည်။ မျက်ခုံးကြားတွင်လည်း နေစွမ်းအင် အရိပ်အယောင်ကို သယ်ဆောင်ထားသေး၏။ 


ယန်ယွိဟွမ်၏ လှပသော မျက်နှာကလည်း တောက်ပသော လကဲ့သို့မြင်ရပြီး ထက်မြက်မှုကို ပေါ်လွင်စေသည်။ အရှင်မင်းကြီး၏ ကိုယ်လုပ်တော် အနောက်က သခင်မချင်းသည် အနည်းငယ် လှပသော်လည်း အနောက်မှာရပ်နေတဲ့ သခင်မကော်ကော်ကတော့ အသက်နည်းနည်း ပိုကြီးပြီး ဂုဏ်သိက္ခာရှိကာ စကားပြောရာမှာ လေးနက်သည်။ 


ယန်ကော်ကျုံးသည် လီကျင်လုံရှေ့တွင် ရပ်နေပြီး အရပ်ရှည်သည်။ လီကျင်လုံကတော့ သူ့ထက် အနည်းငယ် အရပ်မြင့်သည်။


"ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ ဒီကိုလာခဲ့တာပါ.." 


ယန်ယွိဟွမ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ထပ်ပြောလိုက်သည်။


"မိဖုရားရဲ့ ကျေးဇူးတင်စကား အတွက် ဂုဏ်ယူမိပါတယ်!"


လီကျင်လုံလည်း ကမန်းကတန်း ပြန်ပြောလိုက်သည်။ တခြားသူနှင့် ဟုန်ကျွင့်တို့သည် တူညီသော အတွေးအမြင်များ ရှိကြပြီး အသေးစိတ်တိုင်းကို မပျက်မကွက် မသိမသာ ကြည့်ကာ ဤလူအုပ်စုကို ဝိုင်းကြည့်နေကြသည်။


"လာ" 


ယန်ယွိဟွမ်သည် ဟုန်ကျွင့်ရဲ့ အကြိုက်ဆုံးမုန့်တွေနဲ့ ပြည့်နေတဲ့ သေတ္တာကို သူ့လက်နဲ့ဖွင့်လိုက်ပြီး ပြောလေသည်။ 


"အိမ်​တော်ထိန်းက ဒီမှယ စားရတာကြိုက်တဲ့ လူငယ်တစ်ယောက် ရှိတယ်၊ အိမ်မှူးက ဘယ်သူလဲ?"


"မင်ကျစ်မင်မုန့်တွေ အများကြီးပဲ!" 


(TN - မုန့်အဓိပ္ပာယ်က လူတွေ အဆီလိမ်းနေတာ ဆိုတဲ့ အသံထွက်နဲ့ သွားတူနေတာ!)


ဟုန်ကျွင့်က ကောက်ညှင်းပေါင်း ရွှေကိတ်မုန့်ကို တွေ့တဲ့အခါ ချက်ချင်းဆိုသလို မျက်လုံးတွေ တောက်ပသွားသည်။ 


"အရမ်း စားလို့ကောင်းတယ်!"


လီလုန်ကျီး: "..."


ယန်ကော်ကျုံး: "..."


လီကျင်လုံ: "…"


"ဘာတဲ့?" ယန်ယွိဟွမ် ရှင်းရှင်းလင်းလင်း မကြားရသေးခင်မှာ လီကျင်လုံက ဟုန်ကျွင့်ဘက်ကို ချက်ချင်းပဲ လှည့်ပြောလိုက်သည်။ 


"မြန်မြန် ကျေးဇူးမတင်သေးဘူးလား?"


"ကျေးဇူးတင်ပါတယ်!" 


ဟုန်ကျွင့် ဝမ်းသာအားရ ထခုန်ပြီး ကိတ်မုန့်ပုံးကို ယူလိုက်သည်။ သေတ္တာလေးက အလွှာကြီး သုံးထပ်ပါပြီး အားလုံး မုန့်တွေနဲ့ ပြည့်လျှံနေ၏။ ယန်ယွိဟွမ်က လီကျင်လုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟုန်ကျွင့်ကိုလည်း တစ်ချက် ကြည့်လိုက်ပြီးသည်။ နောက်ဆုံး လီကျင်လုံကို ပြုံးပြပြီး။ 


"ကျင်လုံ... ဘုရင်မင်းမြတ်က မင်းကို တစ်ခုခုပေးချင်တယ်လို့ ပြောခဲ့ပေမယ့် မင်းအတွက် သူ့ကို ချော့ပေးတာက တခြားအရာတွေထက် ပိုကောင်းတယ်လို့ ငါ့ကို ပြောခဲ့တယ် ဟုတ်တယ်မလား?"


လီကျင်လုံက ခဏတာ စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။ လီလုန်ကျီးက သူ့ပုခုံးပေါ်တင်ကာ ဆိုလေသည်။ 


"လက်ထပ်ပြီး စီးပွားရေးတစ်ခုစဖို့ အချိန်တန်ပြီ" 


လီကျင်လုံတစ်ယောက် ဤအဆုံးအစ မရှိသော စာကြောင်းကို မတုံ့ပြန်နိုင်မီ အားထိုက်က ၎င်းကို ဦးစွာနားလည်ခဲ့ပြီး ရယ်လေ၏။ ဟုန်ကျွင့်ကတော့ စိတ်ရှုပ်ထွေးနေပုံရပြီး လူအများ၏ စည်းစိမ်ဥစ္စာနှင့် ကြွယ်ဝချမ်းသာမှုထဲ (မုန့်တွေ) သူ့ကိုယ်သူ ပျော်ရွှင်စွာ နှစ်မြှုပ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း သခင်မချင်းသည် အိမ်တော်ထိန်း၏ အစီရင်ခံချက်ကို ဦးစွာနားထောင်ပြီးနောက် လီကျင်လုံသည် လူငယ်တစ်ဦးကို အိမ်​တော်မှ ကိတ်မုန့်များစားရန် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ယန်ယွိဟွမ်သို့ သတင်းပို့ခဲ့သည်။


ထုံးစံအတိုင်း သူတို့ညီအစ်မ သုံးယောက်လုံးသည် ထက်မြက်သူများ ဖြစ်ကြသည်။ ယခုဆို လီကျင်လုံက အိမ်ထောင် မပြုသေးပေ။ အချိန်မှစ၍ သူ့နောက်လိုက် လူငယ်တစ်ယောက် ရှိနေကြောင်း တွေ့လိုက်ရရာ ဒီအကြောင်း တွေးတောမိသည်မှာ သဘာဝကျပါသည်။ ဤလူငယ်ကို ဆုလာဘ်အဖြစ် မုန့်များ၊ ကိတ်မုန့်ပေးလျှင် ပိုကောင်း၏။ 


ထိုအချိန်တွင် ထန်မင်းဆက်၏ ရိုးရာဓလေ့များသည် ပွင့်လင်းလာကာ လီလုန်ကျီးသည် ဝတ်ရုံလက်ပြတ် (လိင်တူချစ်သူ) များကို မမြင်ချင်သော်လည်း ယန်ယွိဟွမ်က ထိုကဲ့သို့ပြောသောကြောင့် သူမကို လွှတ်ထားခဲ့ရသည်။


အလှည့်အပြောင်းတွေ ကြုံလာရပြီး လီကျင်လုံရဲ့ စကားလုံးတွေနဲ့ အမူအရာတွေကို သတိပြုမိပြီး အနည်းငယ် မှန်းဆကြည့်ရာ ချက်ချင်းဆိုသလိုပဲ လီကျင်လုံရဲ့ ချောမောတဲ့ မျက်နှာက နားရွက်တွေအထိ နီရဲလာခဲ့ပါတော့သည်။ ယန်ယွိဟွမ်က ထပ်ပြီး ပြုံးပြန်သည်။ 


"နောက်တာပါ... ကျင်လုံက ဆုနဲ့ထိုက်တန်တုန်းပါပဲ"


ထို့နောက် မိန်းမစိုးများသည် ပန်းကန်ပြားနှစ်ဆယ်၊ ငွေအချောင်းလေးဆယ်နှင့် နက်ပြာရောင် ဖဲကြိုးဆယ်ခု၊ ငွေတုံးအသေး နှစ်ဆယ်ပါသော ပန်းကန်ပြားများနှင့်အတူ လီကျင်လုံအား ဆုပေးလာရာ လီကျင်လုံလည်း ကျေးဇူးတင်စကား ဆိုလိုက်သည်။ အဓိပ္ပာယ်ရှိသော စကားများကို ပြောပြီးနောက် လီလုန်ကျီးလည်း လှည့်ထွက်သွားသည်။


"လာ ချင်းအာ.... ခေါင်းဆောင်လီကို နှုတ်ဆက်လိုက်ပါဦး" 


သခင်မချင်းက ကြောင်ရဲ့ခြေဖဝါးကို ကိုင်လိုက်ပြီး လီကျင်လုံဆီကို ဝှေ့ယမ်းပြလိုက်သည်။ လီကျင်လုံက မပွေ့ထားဘဲ ကိုင်ရုံသာ ကိုင်ထားပေမယ့် ဟုန်ကျွင့်ကတော့ ကြောင်ခေါင်းလေးကို ထိလိုက်သည်။ ကြောင်က လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ဟုန်ကျွင့်ဘက်သို့ စောင်း၍ ပွေ့ဖက်တော့မည့်နှယ် ပြုမူနေသည်။ 


လီကျင်လုံကတော့ စိတ်ထဲမှ ညည်းညူနေဟန်ဖြင့် စကားတွေ လျှောက်ပြော၍ ကြောင်ကို ပြန်ပေးလိုက်သည်။ ကံကောင်းထောက်မစွာပဲ သခင်မချင်းက ပြုံးရုံသာ​ပြုံး​ပြီး ကြောင်ကို ပြန်ယူသွားသည်။ သူမက လီလုန်ကျီးတို့ ရထားလုံးပေါ် တက်သွားတာကို မြင်သော် သူမလည်း ထွက်လာခဲ့၏။


"အရှင်မင်းကြီး လီရှန်းမြို့သို့ မောင်းထွက် ကြွလာတော်မူပြီ.....-" 


နောက်ထပ် အသံတစ်သံ တံခါးဝမှ ထွက်ပေါ်လာခဲ့ပြန်သည်။ ဟုန်ကျွင့် မနေနိုင်ဘဲ ပြေးကြည့်လိုက်သည်။ မမြင်နိုင်လောက်အောင် ကြီးကျယ် အခမ်းအနား အစောင့်များဟာ လမ်းကြားမှ လှည့်ထွက်သွားသည်။ ဟွာချင်းရေကူးကန်သို့ ဦးတည်နေသော လုံဝူနှင့် ရှန်ဝူ တပ်ဖွဲ့များ လိုက်ပါသွားသော အခမ်းအနားက အစောင့်များဖြင့် ပြည့်နေပါသည်။


အင်္ကျီအဖြူနှင့် ဘောင်းဘီရှည် ၀တ်ထားသည့် ကျန်လူများက ခြံဝင်းထဲတွင် ကျန်ရစ်ခဲ့သည်။ ငါးကြင်းနတ်ဆိုးသည် မြက်ခင်းပြင်မှ ပြေးလာပြီး ရေကန်ဆီသို့ “ဗွမ်းကနဲ” ဟူသော အသံဖြင့် ခုန်ဆင်းသွားသည်။