Chapter (5)
လုံဝူ လီမိသားစု
တံခါးနောက်ကို ဝင်သွားတော့ တံခါးအတွင်း၌ ဥယျာဉ်တစ်ခုရှိပြီး ဥယျာဉ်ထဲတွင် ကြာကန်တစ်ကန်လည်း ရှိနေတာ တွေ့လိုက်ရသည်။ ကြာပန်းရနံ့များကလည်း မွှေးနေပေသေးသည်။ အမွှေးအကြိုင်တွေနဲ့ အိမ်တစ်လုံးရဲ့ ကျက်သရေက ဟုန်ကျွင့်ကို ဆွဲဆောင်သွားရာ ဟုန်ကျွင့်လည်း ထိုလူကို ဆွဲခေါ်ကာ စင်္ကြံလမ်းထဲသို့ ဝင်သွားသည်။ ဘယ်ညာ ကြည့်လိုက်တော့ ဒီနေရာက တကယ်ကို လှပလွန်းတာ တွေ့လိုက်ရ၏။
ဒီမိသားစုက နှစ်ထပ်အိမ်လေး ဆောက်ထားပြီး အပေါ်ထပ်ကနေ မိန်းကလေးတစ်ယောက်ရဲ့ အသံကိုလည်း ကြားနေရသည်။ ဟုန်ကျွင့်မှာ မိစ္ဆာသားရဲကို တစ်ညလုံး လိုက်ဖမ်းနေခဲ့ရတာကြောင့် အနားယူဖို့ နေရာရှာချင်နေပြီ ဖြစ်သည်။ ချက်ချင်း ထိုင်ချလိုက်ပြီး စင်္ကြံလမ်းကို မှီ၍ ငိုချင်သလို ဖြစ်လာသော်လည်း မျက်ရည်များက မထွက်လာခဲ့။
ထိုအချိန်တွင် ငန်းဝါရောင်စကတ် ဝတ်ထားသော မိန်းကလေးတစ်ဦးသည် လက်ထဲတွင် အကိုင်းအခက် မီးဖြင့် စင်္ကြံလမ်းအတိုင်း လျှောက်လာကာ ဟုန်ကျွင့်ရဲ့ခေါင်းကို မီးအိမ်ဖြင့် ဆောင့်မိသွားသည်။
ထိုအချိန်တွင် မောပန်းနွမ်းနယ်နေသော ဟုန်ကျွင့်လည်း မြေပြင်ပေါ် လဲကျသွား၏။ သူ့ဘေးတွင် လဲလျောင်းနေသော ငါးကြင်းခေါင်းက အိတ်ထဲမှ ထွက်လာကာ ငါးပါးစပ်ကလည်း ဖွင့်လိုက်ပိတ်လိုက် လုပ်နေတာကြောင့် မိန်းကလေးက အံ့သြသွားရှာသည်။
ကောင်မလေး : "..."
ဟုန်ကျွင့် ဇဝေဇဝါဖြစ်ပြီး ခေါင်းကို လှည့်ကြည့်လိုက်တော့ ထိတ်လန့်နေတဲ့ သူမမျက်လုံးတွေကို တွေ့လိုက်ရသည်။
ကောင်မလေးက အော်မိလုနီးပါး ဖြစ်သော်လည်း ဟုန်ကျွင့် အမြန်ထကာ သူမကို မအော်ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။ ကောင်မလေးဘက်ကိုလည်း အမြန်လှည့်ကာ အကြိမ်ကြိမ် ဦးညွှတ်ပြသည်။
တစ်ညလုံး မိုးသည်းစွာ ရွာပြီးနောက် ဟုန်ကျွင့် မျက်နှာပေါ်ရှိ အညစ်အကြေးများက ဆေးကြောပြီးသား ဖြစ်သွားပြီ။ သူ့အသားအရည်က ချောမွေ့ပြီး ရုပ်ရည်က ချောမောလွန်းလှရာ ကောင်မလေးမှာ ခဏကြာတော့မှ အသိစိတ်တွေ ပြန်ဝင်ရောက်လာခဲ့သည်။
ဟုန်ကျွင့်က "ငါ့ကိုမင်းဆီမှာ ခဏလောက် နေခွင့်ပေးပါလား"
ဟုန်ကျွင့်၏ ဖခင်သည် ဥဒေါင်းဘုရင် ဟုခေါ်သော လှပသော အမျိုးသားတစ်ဦး ဖြစ်ပြီး သုံးလောကကို လွှမ်းခြုံထားခဲ့သူပင်။ သူ့ကို နံပါတ်နှစ်အဖြစ် အသိအမှတ် ပြုထားပါက ဘယ်သူကမှ နံပါတ်တစ်ကို မယူဝံ့ပေ။ သူ ခြေဆန့်လိုက်သည်နှင့် နတ်ဘုရားမများကို ပန်းလေးတွေ ကျဲလာစေတဲ့အထိ ချောမောလွန်းလှသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ငါးရာခန့်က သူပေါ်လာသောအခါတွင် နတ်ဘုရားမများသည် ပန်းများကို ဖြန့်ကျဲပစ်ခဲ့သည့် ဖြစ်ရပ်တစ်ခုပင် ရှိခဲ့သေးသည်။ ထိုဖြစ်ရပ်က နတ်ဆိုးမျိုးနွယ်ထဲ သေကြေပျက်စီးစေတဲ့ အဖြစ်ဆိုးကိုပင် ရောက်သွားစေခဲ့သေး၏။
ဟုန်ကျွင့်သည် ငယ်စဉ်ကပင် ဖခင်ကို ဆုံးရှုံးခဲ့ရပြီး ဖခင်အရင်းဖြစ်သူ ခုန်ရွှမ်းနှင့်အတူ မကြီးပြင်းလာခဲ့ရခြင်းမှာ သနားစရာ ကောင်းလှသည်။ သူသည် ချုံမင်တွင် ဆယ့်နှစ်နှစ်ကြာ ထိန်းသိမ်းထား ခံခဲ့ရပြီး အရှေ့ တောင်တန်းများ၊ အနောက်ဘက် စမ်းချောင်းများနှင့် တောရိုင်းများကြား မကြာခဏ ပတ်ပြေးနေလေ့ရှိသည်။
နေ့ဘက်တွင် နေပူ၊ ညဘက် မိုးရွာ၍ ရံဖန်ရံခါ မီးခိုးငွေ့များပင် ထွက်လာတတ်သည်။ လေနှင့်မိုးသည် သူ့အား များစွာ ပျက်စီးစေသော်လည်း မျက်ခုံးများ၊ နူးညံ့သော နှုတ်ခမ်းပါးများနှင့် သူ့အဖေထံမှ အမွေဆက်ခံထားသော သွားဖြူများအပြင် လူငယ်လေး၏ ထူးခြား သန့်ရှင်းတောက်ပသော ရောင်ဝါသည် သူ့ကိုတွေ့တွေ့ချင်း လူအများကို အံ့အားသင့် မိန်းမောသွားစေနိုင်သည်။
"ရှင်...ဒီလူက ဘာဖြစ်နေတာလဲ?"
ကောင်မလေးက ဟုန်ကျွင်းဘေးက သတိလစ်နေတဲ့ စစ်သူကြီးကို လှည့်ကြည့်ကာ အာကနဲ ဖြစ်သွားလေသည်။
"ဒါစစ်သူကြီး ကျင်လုံမဟုတ်လား?"
"စစ်သူကြီး ဆိုတာ ဘာလဲ" ဟုန်ကျွင့်မှာ စိတ်ရှုပ်ထွေးနေပုံပါပဲ။
"ဘာလုပ်နေတာလဲ!"
ထိုစဥ် လေးထပ်မြောက် အဆောက်အဦးပေါ်မှ အမျိုးသမီး တစ်ယောက်ရဲ့ မကျေနပ်တဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။
"အောက်က စန်းအာလား ... နင့်ဘယ်သူ့ကို ခေါ်လာပြန်တာလဲ"
စန်းအာ အမည်ရသော မိန်းကလေးက ဟုန်ကျွင့်အား အလျင်အမြန် လက်ဟန်ပြပြီး ပြောပါသည်။
"လူတိုင်း အိပ်နေကြပြီ... ဆူဆူညံညံ မလုပ်နဲ့.... ကျွန်မနောက် လိုက်ခဲ့ပါ"
ဟုန်ကျွင့်လည်း မတ်တပ်ထရပ်ပြီး "စစ်သူကြီးကျင်လုံ" ကို ပွေ့ဖက်ကာ မိန်းကလေးနောက်ကနေ အပေါ်ထပ်ကို လိုက်သွားခဲ့သည်။ စစ်သူကြီးကို သစ်သားလှေကားထစ်ပေါ် ဆွဲတင်လိုက်စဥ် သံဖိနပ်က အသံတွေ မြည်လာရာ သူသံဖိနပ်ကို မချွတ်ပေးလိုက်မိကြောင်း သတိရသွားသဖြင့် အမြန် ဆွဲတင်လိုက်သည်။ သူ့ဖိနပ်ကိုလည်း ချွတ်ကာ အခန်းထဲသို့ ခေါ်ဆောင်၍ ကုတင်ပေါ် လှဲစေလိုက်သည်။ ဟုန်ကျွင့် သူ့အိတ်ကိုလည်း ချွတ်ကာ စားပွဲပေါ် တင်လိုက်သည်။
"ငါ ဘယ်လိုလုပ်ရမလဲ" ဟုန်ကျွင့် သူ့ကိုယ်သူ ပြန်ပြောသည်။
"ဒီငါးက ရှင့်ငါးလား?"
စန်းအာသည် စားပွဲပေါ်က ငါးကြင်းကို ကြည့်ရင်း မေးလိုက်သည်။ ကျောက်ကျစ်လုံရဲ့ ပါးဟက်တွေက တုန်ခါနေဆဲ။
ဟုန်ကျွင့် ခေါင်းညိတ်ပြလိုက်သည်။ စစ်သူကြီးက အောက်ခံအဖြူ ဝတ်ရုံကို ဝတ်ဆင်ထားကာ “ လီကျင်လုံ, ထန်မင်းဆက် နဂါးစစ်သည်” လို့ ရေးထားတဲ့ သူ့ခါးမှာ သံပြားတစ်ချပ်ကို ဟုန်ကျွင့် လှမ်းကိုင်လိုက်သည်။ အဲဒါကို ဖတ်ပြီးနောက် ဘာကိုဆိုလိုမှန်း မသိတာကြောင့် စားပွဲပေါ်သာ ပစ်ချထားလိုက်၏။
ငါးရောင်ခြယ် အကာအကွယ်ကို ဖြတ်ကျော်ကာ ဆွဲသီးကို ဖြိုခွဲပစ်တဲ့ ဓားကို လှမ်းကြည့်လိုက်တော့ ဓားက အရမ်းရိုးရှင်းပြီး လေးလံနေတာကို တွေ့လိုက်ရသည်။ ဓားက အနက်ရောင် ဖြစ်ကာ ဓားမျက်နှာပြင်ပေါ်တွင် သေးငယ်သော စာလုံးများကို ရေးထွင်းထားသည်။
ဟုန်ကျွင့်မှာ ဘာတွေဖြစ်နေလဲ မမြင်နိုင်တာကြောင့် လီကျင်လုံရဲ့ အဝတ်အစားတွေကို ဖြည်ချလိုက်သည်။ သူ့ရဲ့ သန်မာတဲ့ ရင်ဘတ်၊ သွယ်လျတဲ့ ပုံသဏ္ဌာန်နဲ့ သူ့ရင်ဘတ်၊ ဝမ်းဗိုက်ကြွက်သားတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား ဖြစ်သွားသည်။ နက်မှောင်သော ဓားတစ်စင်းလို မျက်ခုံးနှစ်ဖက်၊ ချောမောသော မျက်နှာ အသွင်အပြင်နှင့် မြင့်မားသော နှာတံနှင့်အတူ နှုတ်ခမ်းထောင့်များက အနည်းငယ် ပင့်တင်ထားသည်။
တစ်အောင့်ကြာမှ ဟုန်ကျွင့် နှလုံးမီးအိမ် ဆွဲသီး ကွဲသွားသည့် အခိုက်အတန့်ကို ပြန်အမှတ်ရပြီး ချင်းရှုံ ပြောခဲ့သည့် စကားကိုလည်း ပြန်သတိရသွားသည်။ ဆွဲသီးပုံသဏ္ဌာန် ကြေမွသွားသရွေ့ နှလုံးမီးအိမ်သည် ခန္ဓာကိုယ်တွင်းသို့ သဘာဝအတိုင်း ဝင်ရောက်သွားမည် ဖြစ်သည်။ သူပြောတဲ့အတိုင်းသာ မှန်လျှင် နှလုံးမီးအိမ်သည် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်သွားတာ ဖြစ်လိမ့်မည်။
သူ ဘာမှမခံစားရပေမယ့် တစ်ဖက်လူ ဒီလောက်ကြာကြာ သတိမေ့နေတာက ပုံမှန် မဟုတ်ဘူးချေ။ ယုတ္တိနည်း အရပြောရရင် သတိလစ်ပြီးတာနဲ့ ခဏကြာရင် နိုးလာသင့်သည်။ နှလုံးမီးအိမ်ကြောင့် ဖြစ်နိုင်လား။
ဟုန်ကျွင့်လည်း ထိုအလင်းရောင်တွေ ထွက်လာတဲ့ နှလုံးမီးအိမ်က ဘာအတွက်သုံးမှန်း မသိချေ။ ဒါကြောင့် သူ့နှလုံးခုန်သံကို နားထောင်ဖို့ လီကျင်လုံရဲ့ ရင်ဘတ်အရေပြားကို သူ့နားရွက်ဖြင့် ကပ်ကာ နားထောင်ကြည့်နေစဥ် စန်းအာမှာ အံ့သြသွားမိလေသည်။
"ငါတို့ကို ခဏလောက် အချိန်ပေးလို့ရမလား"
ဟုန်ကျွင့် ပြောလိုက်သည်။ စန်းအာက သူ့မျက်နှာကို ထူးဆန်းစွာ ကြည့်ကာ ခေါင်းညိတ်ပြလေသည်။
"စစ်သူကြီးကျင်လုံ ဒဏ်ရာရထားတာလား? သူ့အတွက် သမားတော် ပင့်ပေးရမလား?"
"သမားတော် ဆိုတာ ဘာလဲ"
ဟုန်ကျွင့် မသိစိတ်ကနေ မေးလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး... မလိုပါဘူး"
"ဒါဆို ကျွန်မ ရေသွားယူပေးပါ့မယ်"
စန်းအာက ပြောပြီး ထွက်သွားလေသည်။ ဟုန်ကျွင့်လည်း ငါးကြင်းနတ်ဆိုးကို ချက်ချင်း ဖမ်းကိုင်လိုက်ကာ။
"ကျောက်ကျစ်လုံ ထတော့!"
“သမားတော်ဆိုတာ လူတွေကို ကုသပေးတဲ့သူ.... ဒါဘယ်မှာလဲ ဘာဖြစ်ကုန်တာလဲ”
ဟုန်ကျွင့် ဖြစ်စဉ်ကို တစ်ခါတည်း ရှင်းပြလိုက်သောအခါ ငါးကြင်းနတ်ဆိုးက ထအော်တော့သည်။
“အား.... မင်းတော့ ဒုက္ခရောက်ပြီ...ဂွမ်းပြီ! အခု ဘယ်လိုလုပ်မလဲ?!"
"ငါလည်း မသိဘူးလေ --!"
ဟုန်ကျွင့် လုံးလုံး ရူးသွားလုမတတ် ဖြစ်လာသည်။
ငါးကြင်းနတ်ဆိုးက: "သူ့မျိုးရိုးနာမည်က ချန် လား"
"သူ့မျိုးရိုးနာမည်က ချန် မဟုတ်ဘူး... လီ..သူမျိုးရိုးနာမည် ပြောင်းထားတာများလား...."
"မင်းက ငတုံးလား?!...သူက ချန်မျိုးရိုးရဲ့ နောက်မျိုးဆက်လည်း မဟုတ်ပြန်ဘူး" ငါးကြင်းနတ်ဆိုးက အော်လိုက်သည်။
"သွားပြီ....သွားပြီ ဘာလုပ်ရတော့မလဲ!"
"သူ့ကိုသတ်လိုက်!...ပြောလို့မရဘူး နှလုံးမီးအိမ် ပြန်ထွက်လာလိမ့်မယ်..."
"သူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ.... သေချာပေါက် ငါက မှားတာကြီးကို!"
ငါးကြင်းနတ်ဆိုးက “သက်ရှိသတ္တဝါ အားလုံး ဒုက္ခရောက်တတ်တာပဲလေ... သူက ထက်မြက်တဲ့လူလို့ ထင်ရပေမယ့် မျက်ခုံးမွှေးတွေက နည်းနည်း အမှောင်ရိပ်သမ်းနေတယ်.. သူ့မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတာကို ငါမြင်နေရတယ်... သူအသက်ရှင်နေတာက ဘာမှ အသုံးမဝင်ဘူး... သူ့ကို သတ်လိုက်ကြရအောင်"
ဟုန်ကျွင့် : "..."
ဟုန်ကျွင့် သူ့ဉာဏ်ရည်ဉာဏ်သွေး အပြည့်နဲ့ စဥ်းစားနေချိန် ငါးကြင်းနတ်ဆိုးက ဆိုလေသည်။
"နှလုံးမီးအိမ်က လူမှားသွားလို့ အခု ငါတို့တော့ ဒုက္ခရောက်နေပြီဟ!"
ဟုန်ကျွင့်ဓားကို တုံ့ဆိုင်းစွာ ကိုင်လိုက်စဥ် ငါးကြင်းနတ်ဆိုးက အော်ပြန်သည်။
"မင်းက လူသား မဟုတ်ဘူးလေ... လူတစ်ယောက်ကို သတ်ရမှာကျ မင်းဘာကြောက်နေတာလဲ"
"ငါ့အမေက လူသားလေ!"
"မင်း နတ်ဆိုးကိုလည်း သတ်တာပဲလေ... မြန်မြန်လုပ်စမ်းပါ မဟုတ်ရင် ချန်မိသားစု အနာဂတ်မှာ ဘာဖြစ်သွားမလဲ မသိဘူး... နှလုံးမီးအိမ်ကို ချန်မိသားစုဆီ ပြန်ပေးရမယ် ပြီးရင် ကောင်းကင်နတ်ဆိုးက..."
ငါးကြင်းနတ်ဆိုးက သူသည် ပဲစေ့အစားများပြီး စကားတွေ ဖိတ်စင်သွားတာကို သတိပြုမိတာကြောင့် ချက်ချင်း ရပ်လိုက်သည်။
"ကောင်းကင်နတ်ဆိုး...?"
ဟုန်ကျွင့် ထိုနေ့က ချုံမင်နဲ့ ချင်းရှူံတို့ ကြားက စကားစမြည်များကို သတိရသွားသဖြင့် အံ့သြစွာ လှည့်မေးလိုက်သည်။
ငါးကြင်းနတ်ဆိုးက "ဘာပဲဖြစ်ဖြစ်... ငါတို့နှလုံးမီးအိမ်ကို ပြန်ယူရမယ်... မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ် ငါမင်းကို ခြောက်နေတာ မဟုတ်ဘူး... ဓားပျံဘယ်မှာလဲ.... မင်း ရှာတွေ့ပြီလား"
ဟုန်ကျွင့် : "မတွေ့သေးဘူး... တစ်ချောင်း လျော့သွားပြီ..."
"အား အား အား..... -"
ငါးကြင်းနတ်ဆိုး ရူးသွပ်သွားတော့သည်။
"မင်းကို မလိုက်ပါနဲ့လို့ ပြောတာကိုကျ မင်းနားမထောင်ဘူး!! ကြည့်စမ်း... ဒီအချိန်သာ ကုန်သွားတယ် ဓားပျံက ပျောက်သွားပြီ... နှလုံးမီးအိမ်ကလည်း..."
ဟုန်ကျွင့် ခေါင်းအုံးပုဝါကို ကိုင်ဆွဲကာ အမြှောင်းလိုက် လှိမ့်လိုက်ပြီး ငါးကြင်းနတ်ဆိုး၏ ပါးစပ်ထဲသို့ ချက်ချင်း တိတိကျကျ ထိုးထည့်လိုက်ကာ အဆုံးမရှိ တွေးတောမှုများကို ရပ်တန့်ခိုင်းလိုက်သည်။
ထိုစဥ် အပြင်မှာ တံခါးခေါက်သံ ကြားလိုက်ရပြီး စန်းအာတစ်ယောက် အိုးထမ်းကာ ဝင်လာခဲ့သည်။
"ရှင်ဘယ်သူနဲ့ စကားပြောနေတာလဲ"
လီကျင်လုံ ကုတင်ပေါ်တွင် သတိလစ်နေသေးသည်ကို မြင်သောအခါ စန်းအာလည်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ငါတို့ဘာသာငါ ပြောနေတာပါ...မင်း နည်းနည်း အချိန်ထပ်ပေးလို့ရမလား"
စန်းအာက မျက်နှာသုတ်ပုဝါတစ်ထည် ပေးလိုက်ပြီး ဟုန်ကျွင့်ကို ပြုံးပြုံးလေး ကြည့်ကာ ပြောလိုက်သည်။
"အိုး အဆင်ပြေပါတယ်"
စန်းအာ ထွက်သွားပြီးနောက် ဟုန်ကျွင့်လည်း လီကျင်လုံရဲ့ မျက်နှာကို ပေါ့ပေါ့ဆဆ သုတ်ပေးလိုက်သည်။ ထို့နောက် လူကို လှန်လိုက်ကာ သူ့ကိုယ်ပေါ် တစ်ဝက်လှဲခိုင်းထားလိုက်သည်။ ဟုန်ကျွင့် အသက်ပြင်းပြင်းရှူကာ ဘေးသို့ စောင်းလျက် ငါးရောင်ခြယ် စွမ်းအင်များကို စုစည်း၍ လက်တစ်ဖက်ဖြင့် လှုပ်ယမ်းလိုက်သည်။ ထို့နောက် သူ့လက်ကို လီကျင်လုံရဲ့ ရင်ဘတ်ပေါ် ဖိကပ်ထားလိုက်သည်။
ငါးကြင်းနတ်ဆိုးသည် လက်နှစ်ဘက်နှင့် ခြစ်ကာ ပါးစပ်ဖုံးထားသော ခေါင်းအုံးကို ဆွဲထုတ်ကာ အော်ပြန်လေသည်။
"ဟုန်ကျွင့် မတွန့်ဆုတ်နဲ့!"
ဟုန်ကျွင်သည် ရောင်စုံအလင်းရောင် ငါးရောင်ကို စုစည်းပြီး လီကျင်လုံ၏ ခန္ဓာကိုယ်အတွင်းသို့ အလင်းတန်းများ ထိုးသွင်းရန် စီစဉ်ထားသည်။ ဤနည်းဖြင့် နှလုံးမီးအိမ်သာ သူ့ကိုယ်ထဲ စီးဝင်သွားပါက သူ့အလိုလို ခုခံမှုကို လှုံ့ဆော်ပေးမည်ဖြစ်သည်။ သို့သော် သူ မှော်စွမ်းအားကို ထိုးသွင်းလိုက်သည့် အခိုက်တွင် လီကျင်လုံ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ရုတ်တရက် နိုးလာ၏။
တစ်ချိန်တည်းမှာပင် အပြင်ဘက်က ဆူညံသံများ ထွက်ပေါ်လာသည်။
"ရှန်ဝူစစ်တပ်က ကျူးကျော်သူကို လိုက်ရှာနေတယ်.... မသက်ဆိုင်တဲ့ လူတွေအားလုံး ဝေးဝေးမှာ နေကြ!"
လီကျင်လုံ မျက်လုံးများကို ဖွင့်ကာ ရုတ်တရက် ခေါင်းငုံ့ကြည့်လိုက်တော့ ဟုန်ကျွင့်လက်က သူ့ရင်ဘတ်ပေါ်တွင် ဖိထားတာကို တွေ့လိုက်ပြီးနောက် ဟုန်ကျွင်းလက်တစ်လျှောက် လိုက်ကြည့်ရင်း ဟုန်ကျွင့် မျက်လုံးများဆီ ရောက်သွားသည်။
ဟုန်ကျွင့် : "..."
လီကျင်လုံ : "..."
လီကျင်လုံမှာ စိတ်ရှုပ်ထွေးနေပုံရပြီး ဘောင်းဘီရှည် တစ်ထည်သာ ဝတ်ဆင်ထားကာ ခါးမှအဝတ်ကလည်း ခါးစည်းကြိုးအထိပါ ဖြည်ချခံထားရတာကို သတိပြုမိပြီး ချက်ချင်းဆိုသလိုပင် ဒေါသတကြီး ထအော်ပစ်လိုက်သည်။
"မင်း ဘာလုပ်တာလဲ!!"
ဟုန်ကျွင့် "မင်း ငါ့နှလုံးမီးအိမ်ကို..."
လီကျင်လုံ အော်ဟစ်ပြီး သူ့ရင်ဘတ်က ဟုန်ကျွင့်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ နှစ်ယောက်သား ကုတင်ပေါ်ကနေ ချက်ချင်း ပြုတ်ကျပြီး ဟုန်ကျွင့်လည်း အော်လိုက်၏။
"ရပ်လိုက်!"
အခန်းက ရုတ်တရက် ဖရိုဖရဲဖြစ်သွားသည်။
ငါးကြင်းနတ်ဆိုးက "ဟုန်ကျွင့်! သွားကြရအောင်... တစ်ယောက်ယောက် ထပ်လာနေပြီ!"
လီကျင်လုံ လှည့်ကြည့်လိုက်တော့ ငါးကြင်းနတ်ဆိုးကိုတွေ့တော့ သူချက်ချင်း ထိတ်လန့်သွားပြီး
"မိစ္ဆာ!"
ဟုန်ကျွင့်လည်း နောက်တစ်ကြိမ် ဒုက္ခထပ်ရောက်မှာကို ကြောက်သောကြောင့် လွယ်အိတ်ကို အမြန်ဆွဲယူကာ ငါးကြင်းနတ်ဆိုးကို ပွေ့ဖက်ကာ ပြတင်းတံခါးကို ချိုး၍ လှိမ့်ဆင်းလိုက်လေသည်။ လီကျင်လုံလည်း ဓားကို ကိုင်ဆောင်ထားလိုက်သည်။ သူသည် တုန်လှုပ်ခြောက်ခြားနေသော မျက်နှာဖြင့် အသက်ရှုကြပ်လျက် ဘာဖြစ်သွားမှန်း မသိသေးပေ။
ဟုန်ကျွင့်သည် ပြတင်းပေါက်မှ ခုန်တက်ပြီး တံစက်မြိတ်ပေါ်မှ လက်တစ်ဖက်ကို ချိတ်ကာ ခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွားသည်။ ထို့နောက် တံစက်မြိတ် အဆုံးအထိ အဆက်မပြတ် တောက်လျှောက်ပြေးကာ အုတ်ကြွပ်မိုးပေါ်မှ လျှောကျကာ လွတ်မြောက်သွားလေသည်။
လီကျင်လုံက အခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ထိုစဥ် အပြင်ဘက်မှ စကားသံများ ထွက်ပေါ်လာလေ၏။
"အထဲမှာ ဘယ်သူလဲ...ရှန်ဝူစစ်တပ်က စစ်ဆေးစရာ ရှိတယ်.... တံခါးမဖွင့်ရင်...."
စန်းအာရဲ့အသံက ထွက်လာသည်။
"လိင်ဆက်ဆံနေတဲ့ ဧည့်သည် နှစ်ယောက်ရှိတယ်... ကျေးဇူးပြုပြီး သူတို့ကို မနှောင့်ယှက်ပါနဲ့..."
"ရှန်ဝူစစ်တပ်" ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ တပြိုင်နက် လီကျင်လုံလည်း ဒီနေ့ရဲ့ဒုက္ခကို မဖြေရှင်းနိုင်တော့ဘူး ဆိုတာ သိလိုက်ရတဲ့အတွက် သူအရင် ထွက်ပြေးရတော့မယ် ဆိုတာ ချက်ချင်း သဘောပေါက်လိုက်၏။ မဟုတ်ရင် သူမျက်နှာပျက် သွားရလိမ့်မယ်။
သူ ချက်ချင်း ပြတင်းပေါက်မှ ခုန်ထွက်ပြီး လှိမ့်ထွက်လာသော်လည်း ဟုန်ကျွင့်လို ကျွမ်းကျင်မနေရာ သူသည် ကြမ်းပြင်ပေါ်မှ ရုတ်တရက် ချော်လဲကျသွားခဲ့သည်။ တစ်လျှောက်လုံး ကြွေပြားများ တစ်လျှောက် လျှောကျကာ တံစက်မြိတ်အောက်သို့ ပြုတ်ကျသွား၏။
လီကျင်လုံမှာ ဓားကို လက်တစ်ဖက်တည်းက ကိုင်ဆောင်ထားကာ အခြားလက်တစ်ဖက်ကိုတော့ အသုံးပြုရန် နေရာမရှိတော့သဖြင့် ခြေဖဝါးများကို ကြိမ်ဖန်များစွာ ကန်ထုတ်လိုက်ရာ ကြွေပြားများ ကျွတ်ထွက်ကုန်သည်။ သို့နှင့် အဆုံးတွင် ဆူညံနေသော လမ်းမတစ်ခုကို တွေ့လိုက်ရသည်။
ယခင်က ဟုန်ကျွင့် သူ့ကို တစ်လမ်းလုံး သယ်သွားခဲ့ပြီး သူပုန်းအောင်းတဲ့ နေရာကတော့ ချန်အန်းမှာ အကျော်ကြားဆုံး ဖြစ်တဲ့ "ဖျင်ကန်းလီ" ဖြစ်လေသည်။ ပြည့်တန်ဆာသည် စီးပွားရေးအတွက် ပွင့်လင်းသော အဆောက်အအုံများနှင့် ပြည့်နေသည်။ 'လျိုယင်းချွမ်းရှောင်' ဆိုလျှင် ချန်အန်း၏ အကောင်းဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်ပြီး ၎င်းအပြင်ဘက်တွင်မှ ချန်အန်း၏ အရှေ့မြို့တော် ဖြစ်သည်။
ဒီအချိန်မှာ မိုးရွာပြီး ကောင်းကင်က ကြည်လင်လာကာ လမ်းသွားလမ်းလာတွေနဲ့ ဈေးသည်တွေက လှမ်းကြည့်လိုက်တော့ သွေးပူနေတဲ့ လီကျင်လုံကို တွေ့လိုက်ရလေသည်။ ရှန်ဝူစစ်တပ်ကို ဦးဆောင်လာသော ခေါင်းဆောင်သည် ကိုယ်လုံးတီး တစ်ခြမ်းနှင့် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ နေ့ခင်းကြောင်တောင် ပြတင်းပေါက်မှ အလျင်အမြန် ခုန်ဆင်းကာ တံစက်မြိတ်ပေါ် အကြိမ်အနည်းငယ် ခပ်ကြမ်းကြမ်း လျှောကျ၍ အရှေ့ဈေးသို့ ပြုတ်ကျသွားတာကို ကြည့်နေ၏။
"ဟေး ဒါ စစ်သူကြီးကျင်လုံ မဟုတ်ဘူးလား"
"စစ်သူကြီးလီလား? ဟားဟား--"
လီကျင်လုံရဲ့ ဂုဏ်သိက္ခာမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားပြီး အသက်မရှူလိုက်မီတွင် လူများစွာက သူ့အား ဝန်းရံထားပြီးသား ဖြစ်နေသည်။ ရှန်ဝူစစ်တပ် ခေါင်းဆောင်သည် နွေဦးအရုဏ်ဦးမှ ထွက်ပေါ်လာဆဲ ဖြစ်သည့်နှယ်ကြည့်နေလေ၏။
လီကျင်လုံသည် ချက်ချင်း ရှောင်တိမ်းကာ ဓားကို ဆွဲထုတ်လိုက်သော် ရှန်ဝူစစ်တပ်၏ ကျန်စစ်သားများသည် နေရာတိုင်းတွင် အရှက်တကွဲ ပြေးလွှားကာ ရယ်မောလိုက်ကြပြီး ပုပ်သိုးနေသော စာပေပညာရှင်များနှယ် အကြောင်းကို အော်ပြောသွားကြလေသည်။
"စစ်သူကြီးကျင်လုံက လူကောင်းတစ်ယောက်ပါ.... ငြိမ်သက် တိတ်ဆိတ်ပေမယ့်လည်း သူ့အိမ်မက်က ဘယ်တော့မှ ဟောင်းနွမ်းမသွားဘူး ... သူဟာ တံစက်မြိတ်ပေါ် ပျံတက်ပြီး ကြွေပြားတွေကို ချိုးတဲ့ ရဲရင့်သူပဲ.... ပြည့်တန်ဆာအိမ်ကနေ နှုတ်ဆက်လာလို့ မျက်ရည်ကျမိပါရဲ့....!"
"လက်ရာကောင်းတယ်ဗျာ... အစ်ကိုရုန်ယွိကတော့ စကားဆက်ချက်... ကျုပ်လည်း ၂ကြောင်းလောက် ထပ်ဖြည့်ချင်တယ်..."
"လာ လာ ညီအစ်ကို လာ!"
"လှံပစ် ကျားပျံ စစ်သူကြီးက အသားအရေကောင်းစွာ မွေးဖွားလာသူပင်... သူဟာ ကိုယ်ခံပညာကို မကြောက်ပေမယ့် နဂါးစစ်တပ်ရဲ့ ခမ်းနားထည်ဝါတဲ့ ၀တ်စုံကို မေ့သွားခဲ့လေပြီ!"
လီကျင်လုံ : "..."
လီကျင်လုံသည် အရှေ့ဈေး နောက်ဘက်ရှိ ရေစည်ထဲ၌ ပုန်းအောင်းနေကာ သစ်သားအဖုံးကို အနည်းငယ် လှပ်၍ ချောင်းကြည့်နေခဲ့သည်။ သူ့အား လှောင်ပြောင်သရော်နေသော စာပေများက သာယာလို့ပင်။ ရှန်ဝူစစ်တပ်က တပ်ကို ရုတ်သိမ်းကာ အရှေ့ဈေးကို ဖြတ်ကျော်သွားတာကို မြင်လိုက်ရပြီးသာ မောဟိုက်စွာ သက်ပြင်းချလိုက်လေသည်။