【Volume 2 : လက်ထောက်လေး ၁၇】
Chapter 40
ကျန်းယွီချွမ်းသည် ဧည့်ခန်းရှိ ဒုတိယထပ်သို့သွားသော လှေကားအနီးတွင် ရပ်ရင်း စိုစွတ်နေသော စကျင်ကျောက်ကြမ်းခင်းကို လက်ညှိုးထိုးပြကာ မျက်မှောင်ကြုတ်ပြီး ပြောသည်။ "ကြမ်းပြင်က အရမ်းချောတာကို ဘာလို့သတိပေးချက်မရှိရတာလဲ။"
ဒါကို တာဝန်ခံသော ဧည့်ကြိုမန်နေဂျာက ထိတ်လန့်သွားပြီး ပါးစပ်ကိုဖွင့်ကာ စကားပြောတော့မည့်အချိန်မှာ အပေါ်ထပ်မှ လူအုပ်ကြီး၏အော်ဟစ်သံက ရုတ်တရက်ထွက်လာသည်။ ထို့နောက် ဒုတိယထပ်က စကျင်ကျောက်လှေကားမှ ပထမထပ်သို့ ရုပ်သွင်တစ်ခုက ဒယိမ်းဒယိုင် လိမ့်ကျလာသည်။
ထိုလူသည် လျှပ်စီးလက်သလို လှေကားတစ်ဒါဇင်ကျော်ကျော်ကို လှိမ့်ဆင်းလာပြီးနောက် လှေကားရှေ့တွင် ဘမ်းခနဲအသံဖြင့် အောက်သို့ပြုတ်ကျပြီး မလှုပ်မယှက် လဲလျောင်းနေလေသည်။
အလွန်ကြေကွဲစရာကောင်းလှသည်။
ကြမ်းသုတ်ပြီးနောက် ကြမ်းပြင်က တကယ်ချောတယ်ဆိုတာ သူသက်သေပြလိုက်သလိုပင်။
ဧည့်ကြိုမန်နေဂျာသည် ဤမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားပြီး သူ၏အမြင်အာရုံမှာ မှောင်မိုက်သွားပြီး နေရာတွင်ပင် မေ့လဲသွားခဲ့သည်။
သို့သော် မည်သူမျှ သူ့ကို ဂရုမစိုက်ခဲ့ပါ...
အားလုံးသည် ကံဆိုးသူဧည့်သည်ထံ အမြန်ပြေးသွားကာ ကျန်းကျင်ယန်သည် လက်ကိုင်ဖုန်းကို ထုတ်ယူပြီး ၁၂၀ ကို ခေါ်ရန် ပြင်ဆင်ခဲ့သည်။ ကျန်းယွီချွမ်းသည် ထူးထူးခြားခြား အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။ သူသည် ဧည့်ကြိုမန်နေဂျာကို အပြစ်တင်ခြင်း မရှိခဲ့သလို အခြေအနေကို သွားရောက်စစ်ဆေးခြင်းလည်း မရှိခဲ့ပေ။ သူသည် နေရာတွင် ငြိမ်ငြိမ်လေး ရပ်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် လှေကားဒါဇင်ကျော်မှ လိမ့်ကျလာသော ကံဆိုးသူဧည့်သည်သည် ငါးကြင်းတစ်ကောင်ကဲ့သို့ ရုတ်တရက် ခုန်တက်လာပြီး သူ၏တောက်ပသောမျက်လုံးများသည် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားကာ ဒဏ်ရာရသွားသည့် လက္ခဏာမျိုးမပြပေ။
ထို့နောက် ကြမ်းပြင်ပေါ်တွင် မေ့လဲသွားသော ဧည့်ကြိုမန်နေဂျာလည်း သတိပြန်လည်လာပြီး သူ့ကိုယ်သူ ကြမ်းပြင်ကနေ ထလိုက်သည်။
တစ်ချိန်လုံး သူ သတိလစ်သွားတာကို ဘယ်သူမှ သတိမထားမိကြပေ...
ကံဆိုးသူဧည့်သည်သည် သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ထိတ်လန့်တကြား အမူအရာဖြင့် ကြည့်ကာ သတိရှိစွာ မေးလိုက်သည်။ "တစ်ခုခုများလိုအပ်လို့လား။"
ကျန်းကျင်ယန်: "…"
အဲဒါက ငါတို့ မင်းကို မေးရမှာလေ။
ပြန်လည်ကောင်းမွန်သွားသော ဧည့်ကြိုမန်နေဂျာသည် ချက်ချင်းပင် တောင်းပန်ရန် အပြေးအလွှားသွားပြီး သူ့ခါးတွင် စပရင်ရှိနေသကဲ့သို့ ဦးညွှတ်ခဲ့သည်။
"ရပါတယ်၊ ရပါတယ်၊ ကျွန်တော်မနာပါဘူး။" ကံဆိုးသူလေးသည် သူ့နောက်က တောင်တက်အိတ်ကို ညွှန်ပြပြီး တောက်ပသောအပြုံးဖြင့် ငိုလုနီးပါးဖြစ်နေသော ဧည့်ကြိုမန်နေဂျာကို နှစ်သိမ့်လိုက်သည်။ "ကျွန်တော်မှာ နာကျင်မှုဒဏ်ကိုသက်သာအောင် တောင်တက်အိတ်ပါတယ်။"
ဧည့်ကြိုမန်နေဂျာသည် အလွန်ရင်ထဲထိသွားပြီး သူ့ကို လက်ထပ်ချင်နေသကဲ့သို့ ကြည့်နေခဲ့သည်။
အခြေအနေက အခုလေးတင် အရေးတကြီးဖြစ်နေတော့ လူတိုင်းက သူ့ရုပ်ရည်ထက် ကံဆိုးသူလေး ရှင်သလား သေသလားဆိုတာကို ပို၍စိုးရိမ်ခဲ့ကြသည်။ သို့သော် လေထုသည် ပြေလျော့သွားပြီးနောက်မှာတော့ သူရုတ်တရက် ပြုံးလိုက်ပြီး လူတိုင်း၏အာရုံက သူ့မျက်နှာကို အာရုံပြောင်းသွားသည်။
ကံဆိုးသူလေးသည် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်ရှိသော ကောင်ကလေးတစ်ဦးဖြစ်ပြီး ကလေးဆန်သောအမူအရာ၊ ကြီးပြီးတောက်ပနေသောမျက်လုံးများ၊ သေးငယ်သောမျက်နှာနှင့် နူးညံ့သိမ်မွေ့သောမျက်နှာထားရှိသည်။ သူပြုံးလိုက်သောအခါ အလွန်ညီညာသောအဖြူရောင်သွားများကို ထုတ်ဖော်နေကာ သူ၏ဘယ်ညာပါးနှစ်ဖက်တွင် ပါးချိုင့်များပါပြီး သူ့ကို အလွန်ချစ်စရာကောင်းစေသည်။
ကျန်းကျင်ယန် သူ့ကို မပျော်မရွှင် ကြည့်လိုက်သည်: "…"
ကျစ်၊ ဒီမျက်နှာက မိန်းမထက် ပိုလှတာပဲ။
သူ့ပတ်ဝန်းကျင်ရှိ လူအုပ်စုကို စိတ်ချစေရန်အတွက် ကံဆိုးသူလေးက ထပ်ရှင်းပြသည်။ "တကယ်တော့ ကျွန်တော် မကြာခဏ လှေကားထစ်ကနေ လိမ့်ကျတတ်တယ်။ ဒါကို ကျင့်သားရနေပါပြီ။"
"မင်းက လှေကားထစ်တွေကနေ လိမ့်ကျရတာတောင် ကျင့်သားရနေပြီလား။" လူတိုင်းသည် ရုတ်တရက် ဘာပြောရမှန်းမသိသောကြောင့် ရယ်မောခြင်းမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ကျန်းယွီချွမ်းသည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်ကာ သူ၏ပုံမှန်ငြိမ်သက်အေးစက်သော မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများနှင့် စူးစမ်းလိုစိတ်များဖြင့် ကောင်လေးကို စိုက်ကြည့်နေသည်။
ကျန်းကျင်ယန်သည် အေးစက်စက်သရော်ရင်း ချဉ်တင်တင်လှိုင်းလုံးက သူ့ကို ဆေးကြောသွားသည်: "…"
အိုး… ဒူပေနာပေခံတဲ့ ကြာပန်းဖြူလေးပဲ။
ကံဆိုးသူလေးသည် လူတိုင်းကို ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြပြီး သူ့ခြေရင်းမှာကျနေသော တောင်တက်တုတ်ကို ကောက်ကိုင်လိုက်ကာ ဟိုတယ်တံခါးဆီ လျှောက်သွားသည်။
သူ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးသည်နှင့် သူ့နောက်ကျောဖြင့် ဘမ်းခရဲ လဲကျသွားခဲ့သည်။
ဧည့်ကြိုမန်နေဂျာသည် ချက်ချင်းပင် သူ၏ကုတ်အင်္ကျီကို ချွတ်ကာ သူ့အတွက်လမ်းခင်းပေးရန် ကူညီချင်ခဲ့သည်။
"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်၊ ကျွန်တော်လမ်းသွားရင် လမ်းကိုမကြည့်လို့ပါ။" ကံဆိုးသူလေးသည် ထရပ်ပြီး ခြေလှမ်းသုံးလှမ်းလှမ်းပြီးနောက် သူသည် ကျန်းယွီချွမ်း၏ခြေရင်းတွင် ဘမ်းခနဲ လဲကျသွားသည်။
ရည်ရွယ်ချက်ရှိရှိမဟုတ်ဘူးဆိုတာ ဘယ်သူမှယုံမည်မဟုတ်ပေ။
ကျန်းယွီချွမ်းသည် ခေါင်းယမ်းလိုက်ပြီး ကူညီရန် ကိုင်းညွတ်လိုက်သော်လည်း သူ့လက်သည် ကံဆိုးသူလေး၏လက်မောင်းကိုပင် မထိမီ ကျန်းကျင်ယန်က အမြန်ပြေးလာပြီး သူ့ကို အရင်ကူညီခဲ့သည်။ သူသည် ကံဆိုးသူလေးကို သတ်ချင်လုနီးပါးအကြည့်ဖြင့် စိုက်ကြည့်ပြီး ပြောသည်။ "လူကြီးမင်း အဆင်ပြေရဲ့လား။"
ကံဆိုးသူလေးသည် သူ့လက်များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းကာ ရှက်ရွံ့စွာပြောသည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်တော် တကယ်အဆင်ပြေပါတယ်။"
ကျန်းကျင်ယန်သည် ဒေါသထွက်လွန်း၍ အံကြိတ်ထားသည်: "…"
ဟ… ရှိုးထုတ်နေလိုက်ပါလား။
ရိုးသားနူးညံ့သိမ်မွေ့သော ကြာပန်းဖြူလေးသည် လွှမ်းမိုးသောဥက္ကဋ္ဌ၏ ရှေ့တွင် တစ်ကြိမ်ပြီးတစ်ကြိမ် ပြုတ်ကျသွားခဲ့သည်။ သူသည် နာကျင်ပြီး ချွေးများထွက်ကာ အံကြိတ်ရင်း သူ တကယ်အဆင်ပြေကြောင်း အခိုင်အမာပြောခဲ့သည်။
ငါ မင်းကိုပြောလိုက်မယ်၊ ငါ ဒီလိုဇာတ်ကွက်ကို လွန်ခဲ့တဲ့ရှစ်လလောက်က သေလောက်အောင် ကြည့်ခဲ့ဖူးပြီးသား။
ဒါကြောင့် မင်း လက်လျှော့သင့်ပြီ။ မင်း ဘယ်လောက်ပဲကြိုးစားကြိုးစား မစ္စတာကျန်းက မင်းကို ဘယ်တော့မှ သတိထားမိမှာ မဟုတ်ဘူး။
ဘာလို့လဲဆိုတော့ သူတကယ်ချစ်တဲ့သူက ရေခဲနှင်းကြာပန်း ငါပဲ…
ကျန်းယွီချွမ်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
"..." ကျန်းကျင်ယန်သည် အလွန်ထိတ်လန့်သွားပြီး သူ့လက်များ တုန်ခါသွားကာ ကံဆိုးသူအား သူ့ဘေးရှိ အလှရေကန်ထဲသို့ တွန်းချလုနီးပါးပင်။
ကျန်းယွီချွမ်းသည် မိမိကိုယ်ကိုသတ်သေရန် ဆန္ဒရှိနေသော ဧည့်ကြိုမန်နေဂျာကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဒီလိုဘေးကင်းရေးပြဿနာတွေကို ငါတို့ လျစ်လျူရှုလို့မရဘူး နားလည်လား။"
ကျန်းကျင်ယန် သက်ပြင်းချလိုက်သည်: "…"
ငါ သေလောက်အောင် ကြောက်သွားတာပဲ။ ငါထင်လိုက်တာက…
ဒါပေမဲ့ မစ္စတာကျန်းက ဘာလို့ စကားထစ်တာလဲ။ ဒါက သူ့စရိုက်နဲ့ မကိုက်ညီဘူး။
သေလောက်အောင် ကြိမ်းမောင်းခံရမည်ဟု မူလက ထင်ခဲ့သော ဧည့်ကြိုမန်နေဂျာသည် ကမန်းကတန်း ခေါင်းညိတ်ကာ ချော်မလဲစေသောအခင်းများနှင့် "သတိပြုရန်: ကြမ်းပြင်ကချော်လဲလွယ်သည်"ဆိုင်းဘုတ်ကို ယူဆောင်ရန် လူတစ်ယောက်ကို ချက်ချင်းစေလွှတ်လိုက်သည်။ ထို့နောက် သူသည် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပြောဆိုလိုက်သည်။
"ကောင်းပြီ၊ နောက်တစ်ခါ ပိုပြီးသတိထားပါ။" ကျန်းယွီချွမ်းသည် လက်ဝှေ့ယမ်းပြပြီး လုံးဝဒေါသမထွက်ပုံရသည်။
တခြားတစ်ဖက်တွင် ကံဆိုးသူဧည့်သည်သည် တောင်တက်တုတ်ဖြင့် မြေပြင်ကို ဂရုတစိုက်ထောက်ကာ ဟိုတယ်ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
ကျန်းကျင်ယန်၏ မွေးရပ်မြေသည် ထင်ရှားသော တောင်တန်းများ၊ မြစ်များ၊ လူကြီးများ၏ မွေးရပ်မြေများ၊ အပန်းဖြေဥယျာဉ်များနှင့် သမုဒ္ဒရာကမ္ဘာများ အပါအဝင် လည်ပတ်စရာ နေရာများစွာရှိသည့် လူသိများသော ကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများရာသီအတွင် နှစ်စဉ်ခရီးသွားများ အများအပြား ဆွဲဆောင်လျက်ရှိသည်။
ယနေ့ အပြင်မှာ နေရောင်က တောက်ပနေပြီး အပြင်ထွက်ကစားရန် သင့်တော်သောနေရာတစ်ခုလို့ မြင်မိသည်။
ထိုအချိန်တွင် ကံဆိုးသူဧည့်သည်သည် တံခါးဆီသို့ ခြေတစ်ဖက်ဆန့်လိုက်သည်...
"ဝုန်း ဝုန်း ဝုန်း…"
မိုးကုပ်စက်ဝိုင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော မိုးခြိမ်းသံတစ်ခုဖြစ်သည်။
ကံဆိုးသူလေးသည် လန့်ဖျပ်သွားပြီး ကောင်းကင်တွင် လျင်မြန်စွာ စုပြုံနေသော မည်းမှောင်နေသည့် တိမ်တိုက်များကို ကြောင်တက်တက် မော့ကြည့်လိုက်သည်။
ကျန်းကျင်ယန်၏နှုတ်ခမ်းသည် လှုပ်ယမ်းပြီး ကျယ်လောင်စွာရယ်မောလုနီးပါးပင်: "…"
ငါ့လူရှေ့မှာ တမင်လဲကျရဲတာကို… မဟုတ်ဘူး၊ ငါတို့ဥက္ကဋ္ဌကျန်းရှေ့မှာလို့ပြောတာ။ မင်းရဲ့အတုံ့အလှည့်ကို မြန်မြန်ရရှိလိမ့်မယ်။
ဘယ်လိုလဲ။ မင်း မိုးကြိုးပစ်ခံရတော့မယ်မဟုတ်လား။
"ဒီနေ့ မိုးလေဝသခန့်မှန်းချက်က မိုးကြိုးမုန်တိုင်းဖြစ်မဲ့ပုံပဲ..." မန်နေဂျာက တိုးတိုးလေးပြောသည်။
မိုးရေစက်ကြီးများသည် မြေပြင်ပေါ်ကျလာပြီး မကြာသေးမီက နေသာသောရာသီဥတုသည် သဲလွန်စမရှိအောင် ပျောက်ကွယ်သွားသည်။
ကံဆိုးသူလေးသည် သက်ပြင်းချရင်း သူ၏တောက်ပနေသာသောမျက်နှာလေးသည် ကြက်ဟင်းခါးသီးကဲ့သို့ ရှုံ့တွကာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း မိုးတိတ်ရန် စောင့်နေသည်။
ကျန်းယွီချွမ်း၏အကြည့်က ကံဆိုးသူလေးတွင် ရှိနေခဲ့သည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်ပြီး သူ့နှုတ်ခမ်းထောင့်ကို မြှောက်ကာ ပထမဆုံးအကြိမ် ပြုံးလိုက်သည်။
မစ္စတာကျန်းရဲ့မျက်နှာပေါ် ဒီလိုအပြုံးမျိုး ဘယ်သူမှမယူဆောင်လာနိုင်တာ နှစ်တွေကြာလှပြီ…
ကျန်းကျင်ယန်၏မျက်နှာသည် အန္တာတိကတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် အေးခဲသွားခဲ့သော မံမီကဲ့သို့ ရုတ်တရက် အေးခဲသွားသည်။
ငါမနာလိုဘူးနော်၊ ငါ မင်းကို အလေးအနက် သတိပေးနေတယ်နော် မစ္စတာကျန်း၊ ငါမနာလိုဘူး။
မင်းရှေ့မှာ ပြုတ်ကျစေတဲ့ ဆိုးဝါးတဲ့ဇာတ်ကွက်က မင်းရဲ့ နှစ်သက်ဖွယ်ကို တိုးလာစေမှာလား။ ဟားဟား၊ အောက်တန်းကျလိုက်တာ၊ အပြင်က အောက်တန်းကျတဲ့ဥက္ကဋ္ဌတွေအတိုင်းပဲ…
…ဒါဆို ငါ ဒီနေ့ကစပြီး တစ်နေ့ ရှစ်ကြိမ်လောက် လဲကျပြမယ်။ ငါ့ဟာငါလဲကျတာ ဘယ်သူ့ကိုကြောက်ရမှာလဲ။
"ဒါဆို ဒီနေ့တော့ဒီလောက်ပဲ။" ကျန်းယွီချွမ်းသည် မပျော်မရွှင်ဖြစ်နေသာ ကျန်းကျင်ယန်ဘက်သို့ လှည့်ကာ "အပေါ်တက်ပြီး နေ့လယ်အစည်းအဝေးအတွက် ပစ္စည်းတွေ ပြင်ဆင်ရအောင်။"
"ကောင်းပြီ မစ္စတာကျန်း" ကျန်းကျင်ယန်သည် အတွေ့အကြုံရှိသောလေထုဖြင့် ချော်လဲကျဟန်ဆောင်ရန် ပြင်ဆင်လိုက်သည်။
သို့သော် မြေကြီးနှင့်ထိခါနီးအချိန်တွင် ကျန်းကျင်ယန်စခန္ဓာကိုယ်ကို ကြီးမားသောလက်တစ်စုံက ရုတ်တရက် ဆုပ်ကိုင်လိုက်ရာ ကျယ်ပြန့်ပြီး ခိုင်မြဲသော ပွေ့ဖက်မှုပါ လိုက်ပါလာသည်။ ရင်းနှီးသော ရေမွှေးနံ့နှင့် ကျန်းယွီချွမ်း၏ အေးစက်စက်အသံသည် သူ့နားထဲတွင် အလွန်နီးကပ်စွာ မြည်လာပြီး စကားလုံးခြောက်လုံးသာရှိသည်။ "ဂရုစိုက်ပါ ကျင်ယန်"
ချက်ချင်းပင် ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏လက်ကို လွတ်လိုက်ပြီး သူ့ကို တည့်တည့်ဖြတ်လျှောက်သွားသည်။
"ကောင်းပြီ မစ္စတာကျန်း" ကျန်းကျင်ယန်သည် ရှက်သွေးဖြာသွားပြီး တခြားလူများ မမြင်စေရန် ခေါင်းငုံ့ကာ အလျင်အမြန် လိုက်သွားသည်။
သူတို့တွေ အိမ်မွေးတိရစ္ဆာန်ဆေးရုံတွင် ဆုံပြီးကတည်းက ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်အား အခေါ်အဝေါ်ပြောင်းသွားခဲ့သည်။
ခေါင်းဆောင်တစ်ဦးသည် လက်အောက်ငယ်သားများအား သူတို့၏ရင်းနှီးမှုကိုပြသရန်အတွက် သူတို့၏ လက်အောက်ငယ်သားများကို အမည်အပြည့်အစုံတပ်ခေါ်ဆိုခြင်းသည် အထူးအဆန်းမဟုတ်သော်လည်း... ကျန်းကျင်ယန်သည် သူ့နာမည်ခေါ်လိုက်တိုင်း သူ့နှလုံးခုန်နှုန်း အနည်းငယ် မြန်လာသည်ဟု ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် ဤအမည်သည် သူ၏ကြည်လင်အေးမြသောအသံဖြင့် ခေါ်သောအခါတွင် အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။
သူတို့နှစ်ယောက်သည် ကျန်းယွီချွမ်း၏ရုံးခန်းထဲကို ပြန်ရောက်ပြီး ပုံမှန်အတိုင်းပဲ ကျန်းကျင်ယန်သည် သူ့မှတ်စုစာအုပ်ထဲက မှတ်တမ်းများကို လက်ထောက်ဝမ်အား ပေးလိုက်သည်။
မိုးက သည်းထန်စွာရွာပြီး ကြမ်းပြင်မှမျက်နှာကျက်ပြတင်းပေါက် အပြင်ဘက်တွင် မိုးရေများ ဖုံးကာနေသည်။ မိုးကုပ်စက်ဝိုင်းပေါ်ရှိ မိုးခြိမ်းသံများ မြည်ဟီးနေပြီး လူတိုင်း တမင်အပြင်မထွက်စေချင်ပုံရသည်။
ကျန်းကျင်ယန်သည် မိုးသည်းစွာရွာနေသော မြို့ကိုကြည့်ရင်း ကြမ်းပြင်မှ မျက်နှာကြက်ပြတင်းပေါက်ရှေ့တွင် ရပ်နေသည်။ ကောင်းကင်သည် မှုန်မှိုင်းနေသော်လည်း အဆောက်အအုံများသည် မိုးရေ၏ဆေးကြောကြောင့် သန့်ရှင်းတောက်ပနေခဲ့သည်။
ကျန်းယွီချွမ်းသည် သူ့လည်စည်းကို ဖြည်လိုက်ပြီး ဥက္ကဋ္ဌ၏ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာလဲချလိုက်ကာ ခဏလောက် အနားယူပြီးနောက် သူ့ဖုန်းကို ထုတ်ပြီး ခဏလောက်ကလိပြီးနောက် ကျန်းကျင်ယန်ကို ခေါ်လိုက်သည်။ "ကျင်ယန် ဒီကိုခဏလာဦး။"
အာ… အဲဒီကြာပန်းဖြူကို မင်းဘယ်လိုပြုံးပြခဲ့သလဲ ငါမမေ့သေးဘူး။
ကျန်းကျင်ယန်သည် အလွန်မပျော်ရွှင်သေးဘဲ လမ်းလျှောက်လာပြီး အေးစက်စက်ပြောလိုက်သည်။"ဘာကိစ္စရှိလို့လဲ မစ္စတာကျန်း"
"ကြည့်လိုက်။" ကျန်းယွီချွမ်းသည် ဖုန်းကို ခပ်မြင့်မြင့်မြှောက်လိုက်သောကြောင့် ဘေးတွင် ရပ်နေသော ကျန်းကျင်ယန်က ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဖန်သားပြင်ပေါ်တွင် လွန်ခဲ့သောလဝက်က သူတို့ကယ်တင်ခဲ့သော ကြောင်ဖြူလေးရှိနေသည်။ ၎င်းသည် ကောင်းကောင်းမွန်မွန် ပြန်လည်သက်သာလာပုံရသည်။ ၎င်း၏အပြာရောင်မျက်လုံးကြီးတစ်စုံသည် ကင်မရာကို အပြစ်ကင်းစွာ ကြည့်နေပြီး ကင်မရာကို ထိချင်သလို ၎င်း၏ခပ်ဖောင်းဖောင်းလက်ကလေးကို မြှောက်လိုက်သည်။
ကျန်းကျင်ယန်သည် လုံးဝဆွဲဆောင်ခံလိုက်ရသော်လည်း အေးစက်စက်ဟန်ဆောင်နေဆဲဖြစ်သည်။ "အိုး… အဲဒါက မစ္စတာကျန်းရဲ့ကြောင်ပဲ။"
ကောင်းလိုက်တာ။ မင်း တကယ်သက်သာသွားပြီပဲ။ မင်းဖေဖေက ဘယ်လောက်စိတ်ပူနေသလဲ သိရဲ့လား နှင်းဘောလုံးရေ။
ဘုရားရေ၊ မင်းလက်ဖဝါးပေါ်က ပန်းရောင်အသားနုလေးတွေက ချစ်စရာကောင်းလိုက်တာ။ မင်းကွာ၊ နှင်းဘောလုံးရေ၊ ဒီလိုချစ်စရာကောင်းတဲ့လုပ်ရပ်က စည်းမျဉ်းချိုးဖောက်နေတာ မင်းသိရဲ့လား။
ငါမင်းကို အပြစ်ပေးတဲ့အနေနဲ့ အကြိမ်တစ်ရာနမ်းပစ်မယ်။
ကျန်းယွီချွမ်းသည် ဓာတ်ပုံအနည်းငယ်ကို ကျန်းကျင်ယန်အား ပြလိုက်သည်။ "ဒဏ်ရာက သက်သာသွားပြီ။ မင်းနဲ့ မင်းညီမ ကိုယ့်အိမ်ကို အချိန်မရွေးလာပြီး သူ့ကိုကြည့်လို့ရတယ်။"
ကျန်းကျင်ယန်သည် အဖက်မလုပ်သောအမူအရာကို ထိန်းထားသည်။ "သူ ပြန်သက်သာလာတာ ကောင်းပါတယ်။"
မင်းဘာကိုစောင့်နေတာလဲ။ ဒီနေ့က အကောင်းဆုံးနေ့ပဲလေ။ ဒီလိုမိုးသည်းတဲ့နေ့မှာ အိမ်မှာနေပြီး မင်းရဲ့ကြောင်နဲ့ကစားဖို့က အကောင်းဆုံးပဲမဟုတ်ဘူးလား။
"ဒါဆို ဒီနေ့လုပ်လိုက်ရအောင်။" ကျန်းယွီချွမ်းသည် သူ့ဖုန်းကို သိမ်းလိုက်၏။ "အဆင်ပြေတယ်မလား။"
'လုံးဝမိုက်တယ်။' ကျန်းကျင်ယန်သည် စိတ်လှုပ်ရှားစွာဖြင့် နှလုံးခုန်သံမြန်နေသော်လည်း တည်ငြိမ်စွာပြောသည်။ "ဟုတ်ကဲ့၊ ကျေးဇူးပါ မစ္စတာကျန်း။ ကျွန်တော့်ညီမက အရမ်းပျော်နေတော့မှာပဲ။"
ကျန်းယွီချွမ်းသည် သူ၏ပုံမှန်လှောင်ပြောင်ရယ်သံကို ပေးလိုက်ပြီး ပေါ့ပေါ့တန်တန်တန် ပြောလေသည်။ "စကားမစပ် ကိုယ် သူ့ကို နှင်းဘောလုံးလေးလို့ နာမည်ပေးထားတယ်။"
"…" ကျန်းကျင်ယန်သည် နေရာမှာတင် တိတ်တဆိတ် ပေါက်ကွဲသွားခဲ့သည်။
TK's Note: Volume 3 မှာပါမဲ့ ကံဆိုးခြင်းနတ်ဘုရားလေးကို ပြသသွားပြီ သိကြလား သိကြလား~~~
TK Team Chapter 40