【Volume 2 : လက်ထောက်လေး ၁၃】
Chapter 36
မကြာခင် ကုမ္ပဏီ၏ နေ့လယ်စာစားချိန် ရောက်လာသည်။
ကျန်းယွီချွမ်းသည် ဥက္ကဋ္ဌထိုင်ခုံပေါ်တွင် လဲလျောင်းပြီး မျက်လုံးများကိုမှိတ်ကာ ပင်ပန်းနွမ်းနယ်နေသောအာရုံကြောကို ပြေလျော့ကာ စိတ်ကို အနားယူလိုက်သည်။
ကျန်းကျင်ယန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး လက်ထောက်တစ်ယောက်အနေဖြင့် အလွန်အားလပ်နေသောကြောင့် ကျန်းယွီချွမ်း၏ပခုံးနှင့် ကျောကို ပွတ်သပ်ပေးချင်နေသည်။
"မင်းရဲ့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်" ကျန်းယွီချွမ်းသည် ခေတ္တအနားယူပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ကျန်းကျင်ယန်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
ကျန်းကျင်ယန်သည် အနည်းငယ် ရှက်သွေးဖြာသွားသည်။ "ဘာမှမခက်ခဲပါဘူး။ ကျွန်တော် ဘာအလုပ်မှမလုပ်တာ။"
ကျန်းယွီချွမ်းသည် ဖြည်းညှင်းစွာပြောလေသည်။ "မင်းလုပ်ခဲ့ပါတယ်။"
ကျန်းကျင်ယန်သည် ဤစကားကိုကြားသောအခါ အနည်းငယ်ရှက်သွားသည်...
'ငါ ဘာလုပ်ခဲ့လို့လဲ။ တစ်မနက်လုံး ငါ မုန့်စားရင်း အချိန်ကုန်နေတာကို…'
'ဟ ငါသိပြီ။ ဒီအကြံအစည်သမားလေးက မင်းမရှိရင် ငါမနေနိုင်အောင် ငါ့ကိုအလိုလိုက်ချင်နေတာ မဟုတ်လား။'
ရုတ်တရက် ကျန်းယွီချွမ်းသည် မသိမသာ "အင်း"ဟု တိုးတိုးလေးပြောလိုက်သည်။
ကျန်းကျင်ယန်သည် "အင်း"ကြောင့် အံ့အားသင့်သွားသည်…
'ခဏနေပါဦး…'
'အဲဒီမစ္စတာကျန်းရဲ့"အင်း"က တိုက်ဆိုင်မှုပဲလား။'
"ကိုယ့်ကိုရေခွက်သွားယူပေး" ကျန်းယွီချွမ်းသည် သူ့အင်္ကျီလက်ကို လိပ်တင်ပြီး သူ့ကော်လံကို ဖြေလျှော့ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"ကောင်းပြီ မစ္စတာကျန်း" ကျန်းကျင်ယန်၏ အတွေးများ ပြတ်တောက်သွားပြီး ရေသန့်ဘူးဆီသို့ ချက်ချင်း လှမ်းသွားကာ ရေအေးတစ်ဝက်နှင့် ရေနွေးတစ်ဝက်၊ အပူချိန် အလယ်အလတ်ရှိပြီး ရေပမာဏ လေးပုံသုံးပုံ ပြည့်သွားသည်။
တည်ငြိမ်ပြီး တိကျလေသည်။
ရေတစ်ခွက်နှင့် ကျန်းယွီချွမ်းဆီသို့ လျှောက်လာစဉ် ကျန်းကျင်ယန်သည် 'နှလုံးသားခိုးယူထားသောလက်ထောက်'၏ ပထမအခန်းကို မတွေးတော၍မနေနိုင်ပေ။ အဖွင့်မြင်ကွင်းတွင် ရှုပ်ထွေးပြီး ချစ်စရာလက်ထောက်လေးသည် ပွက်ပွက်ဆူနေသော ရေများကို လွှမ်းမိုးသောဥက္ကဋ္ဌ၏ ဘောင်းဘီပေါ်ဖိတ်ကျသွားကာ သူ၏အာရုံကို ဖမ်းစားခဲ့သည်။
လွှမ်းမိုးသောဥက္ကဋ္ဌသည် ယုတ်မာသောအပြုံးဖြင့် ပြောလိုက်သည်။ "မင်း ဖိတ်ကျသွားတဲ့ရေတွေကို သုတ်ဖို့ မင်းတာဝန်ယူရမယ်။"
လက်ထောက်သည် သူ့မျက်လုံးများတွင် မျက်ရည်များဖြင့် ဥက္ကဋ္ဌဘောင်းဘီပေါ်က ရေကို သုတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိဘဲ သူ့လက်ချောင်းများသည် ဥက္ကဋ္ဌ၏ထိလွယ်ရှလွယ် အစိတ်အပိုင်းတွေကို ရံဖန်ရံခါ ပွတ်ရင်း ဇာတ်လမ်းတစ်ခုလုံးက သည်ညစ်ညမ်းသော လေထုထဲမှာ အပြင်းအထန် ဖုံးလွှမ်းသွားသည်။
ပထမတော့ ကျန်းကျင်ယန်သည် ဖတ်ရှုရင်း သူ့စိတ်ထဲတွင် ရူးသွပ်စွာ အပြစ်တင်နေသည်။ ပွက်ပွက်ဆူနေသောရေများကို လောင်းချပြီးနောက် သိပ္ပံပညာ၏နောက်ဆက်တွဲတိုးတက်မှုကတော့ အမျိုးသားဇာလိုက်သည် ကံမကောင်းစွာဘဲ မိန်းမစိုး(မစွမ်းဆောင်နိုင်သူ)ဖြစ်လာပြီး ဇာတ်လမ်းတစ်ခုလုံး ပြီးဆုံးသွားတာမျိုးဖြစ်နိုင်သည်။
သို့သော် နောက်ပိုင်းမှာတော့ သည်လိုမျိုးတွေ အများကြီးမြင်လာရပြီး ကျန်းကျင်ယန်သည် ဤစိတ်ကူးကို လုံးဝစွန့်လွှတ်လိုက်ကာ စာရေးသူ၏နေရခက်သောအရှိန်အဟုန်အတိုင်း စီးမျောရန် သူ့ကိုယ်သူ လွတ်ထားလိုက်သည်။
စာက စာသက်သက်သာဖြစ်သည်။ ကျန်းကျင်ယန်သည် သူ့အလုပ်မှာ အမြဲအလေးအနက်ထားပြီး ဂရုတစိုက်ရှိကာ အလားတူ အဆင့်နိမ့်အမှားများပြုလုပ်ရန် သူ့ကိုယ်သူ ဘယ်သောအခါမျှ ခွင့်ပြုမည်မဟုတ်ပေ။
"မစ္စတာကျန်း၊ ခင်ဗျားအတွက် ရေယူလာပြီ။" ပြန်လည်တွေးတောခြင်းပြီးနောက် ကျန်းကျင်ယန်သည် ရေခွက်ကို ကျန်းယွီချွမ်း၏လက်ထဲသို့ မြဲမြံစွာပေးပြီး သူ့ကို သတိပေးလိုက်သည်။
ကျန်းယွီချွမ်းသည် "အင်း"ဟု ခပ်တိုးတိုးအသံပြုလျက် မျက်လွှာချထားသည်။
သို့သော် ကျန်းကျင်ယန် တစ်ဖက်သို့လှည့်နေချိန် လမ်းတစ်ဝက်တွင် သူ့နောက်မှ ဘမ်းခနဲအသံကိုကြားလိုက်ရသည်။ သူ အမြန်လှည့်ကြည့်လိုက်ရာ ရေခွက်သည် စားပွဲပေါ်တွင် အပြစ်ကင်းစွာ မှောက်ကျနေကာ ခွက်သည် စားပွဲအစွန်းသို့ မျက်နှာမူလျက်ရှိသည်။ ရေသည် စီးကျပြီး ကျန်းယွီချွမ်း၏ဘောင်းဘီကို စင်သွားကာ ဧရိယာအကျယ်ကြီးစိုစွတ်သွားပြီး ရွှဲနစ်နေဆဲဖြစ်သည်။
ကျန်းကျင်ယန်: "…"
'မစ္စတာကျန်း အမှန်အတိုင်းပြောလိုက်၊ မင်း တမင်လုပ်တာမလား။'
ကျန်းယွီချွမ်းသည် သူ့ခြေတံရှည်များကို အမူအရာမဲ့စွာ ဖြန့်ကားလျက် ကုလားထိုင်ကို လှည့်ကာ ကျန်းကျင်ယန်ကို မျက်နှာမူပြီး ခပ်တိုးတိုးပြောသည်။ "မင်း ဖိတ်ကျသွားတဲ့ရေတွေကို သုတ်ဖို့ မင်းတာဝန်ယူရမယ်။"
ဝတ္ထုထဲက စာကြောင်းများနှင့် အတူတူပဲဖြစ်သည်။
ရုတ်တရက် ကျန်းကျင်ယန်၏ခေါင်းထဲတွင် မြင်းအကောင်တစ်ရာ သူ့ဆီပြေးဝင်လာသလို ခံစားလိုက်ရသည်: "…"
'မစ္စတာကျန်း၊ မင်း 'နှလုံးသားခိုးယူထားသောလက်ထောက်'ရဲ့ ပထမအုပ်ရော ဒုတိယအုပ်ရော ဖတ်ဖူးတာလား။'
'မင်းလို ဥက္ကဋ္ဌတစ်ယောက်က ဉာဏ်ရည်နိမ့်စေတဲ့အရာတွေကို နေ့တိုင်းဖတ်ရတာ တကယ်အဆင်ပြေရဲ့လား။ ငါပြောပြမယ်၊ မင်းကုမ္ပဏီ ဒေဝါလီခံရလိမ့်မယ်။'
"မြန်မြန်လုပ်လေ။" ကျန်းယွီချွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းကျင်ယန်သည် ရွေးချယ်စရာမရှိဘဲ စားပွဲပေါ်ရှိ စက္ကဘူးထဲမှ စက္ကူအနည်းငယ်ယူကာ ကျန်းယွီချွမ်း၏ခြေတံရှည်ကြားတွင် ဒူးတစ်ဖက်ထောက်ပြီး ကျန်းယွီချွမ်း၏စိုသွားသောဘောင်ဘီးပေါ်ကို စက္ကူအား မဝံ့မရဲတင်ကာ ၎င်းက ရေကို အလိုအလျောက်စုပ်ယူနေသကဲ့သို့ တည်ငြိမ်စွာ ကြည့်နေသည်။
'ဟုတ်တယ်၊ မင်းခေါင်းထဲမှာ တာဝန်မဲ့ထင်ယောင်ထင်မှားတွေရှိနေတဲ့အခါ ဒါက တကယ်ဆိုးဝါးပေမဲ့…'
သို့သော် အမှန်တော့ ကျန်းကျင်ယန်သည် ရှက်လွယ်သောလူပျိုလေးဖြစ်နေဆဲဖြစ်ပြီး အရေးကြီးအခိုက်အတန့်များတွင် အလွန်မဝံ့မရဲဖြစ်ကာ ရှက်လာတတ်သည်။
ကျန်းယွီချွမ်း၏နှုတ်ခမ်းထောင့်များသည် ရယ်မောခြင်းကို ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ တုန်ယင်သွားသော်လည်း သူ့လေသံက အေးစက်နေဆဲဖြစ်သည်။ "ဘယ်လိုသုတ်ရမလဲ ငါမင်းကို သင်ပေးရဦးမလား။"
ကျန်းကျင်ယန်သည် နောက်ဆုံးတစ်ခေါက်က ကျန်းယွီချွမ်း သူ့အား ဘိလိယက်ကစားနည်းသင်ပေးခဲ့သည်ကို ချက်ချင်းသတိရလိုက်သည်။ သူမငြင်းမီ ကျန်းယွီချွမ်းသည် စက္ကူကိုင်ထားသော သူ၏ညာလက်ကို ခိုင်မာစွာ ဆုပ်ကိုင်လိုက်သည်။ သူသည် စက္ကူနှင့် သူ့လက်ဖဝါးကို သူ့လိင်အင်္ဂါကို ပွတ်တိုက်လျက် ဖိလိုက်ပြီး တင်းမာသောလေသံဖြင့် ပြောသည်။ "အားနည်းနည်းသုံးဦး။"
'ငါ့လက်ဖဝါးက အကာအကွယ်မဲ့နေတဲ့ မာကျောကျောအရာတစ်ခုကို တင်းတင်းကျပ်ကျပ် ဖိနေတယ်…'
ကျန်းကျင်ယန်က သူ့အမူအရာကို အမြန်ထိန်းလိုက်သည်...
'လခွမ်း၊ မစ္စတာကျန်း၊ မင်း ဘာလို့ ထပ်ပြီးမာနေရတာလဲ။ မစ္စတာကျန်း။'
'ရေနွေးပူနဲ့ လောင်းချခံရတာတောင် မာနိုင်တယ်ပေါ့။ မင်းရဲ့စရိုက်က အရမ်းစက်ဆုပ်စရာကောင်းတယ်မဟုတ်လား မစ္စတာကျန်း။'
"ကောင်းကောင်းသုတ်လိုက်။" ကျန်းယွီချွမ်းသည် ဂုဏ်သရေရှိစွာကြည့်ရင်း ကျန်းကျင်ယန်၏လက်ကိုဖိပြီး အပေါ်အောက်ရွှေ့လိုက်သည်။
ကျန်းကျင်ယန်သည် သူ့မျက်နှာအမူအရာကို ထိန်းထားရန် သူ၏တစ်ဘဝလုံးကြိုးစားအားထုတ်မှုကို အသုံးပြုရင်း လေးလံသောနှုတ်ခမ်းထောင့်များ၊ လေးနက်သောမျက်လုံးများ၊ မလှုပ်မယှက်မျက်ခုံးများနှင့် အေးစက်စက်မေးစေ့ကဲ့သို့သော အစိတ်အပိုင်းများကို အသုံးပြုကာ သူ့စိတ်ထဲတွင် တည်ငြိမ်ရုံသာမက အနည်းငယ်ရယ်မောခြင်းနေကြောင်းကိုလည်း ပြသရန်ကြိုးစားခဲ့သည်။
သို့သော် ရှက်သွေးဖြာခြင်းလိုမျိုး အရာများကို နတ်ဘုရားများပင် မထိန်းချုပ်နိုင်ပါ။
ကျန်းယွီချွမ်းကြောင့် အပေါ်အောက်ဖိချပြီး သုံးကြိမ်တိုင်တိုင် ပွတ်တိုက်ပြီးနောက် ကျန်းကျင်ယန်သည် ကျန်းယွီချွမ်းပစ္စည်း၏ အရွယ်အစား၊ တုတ်ခိုင်မှု၊ အရှည်နှင့် ပုံသဏ္ဌာန်ကို ကျွမ်းကျင်သွားပြီးဖြစ်သည်။ သူ့မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ နီရဲနေကာ သူ့လက်များသည် အနည်းငယ်တုန်ယင်နေပြီး သူ့စိတ်ထဲက အတွေးများကို လုံးဝမထိန်းချုပ်နိုင်ပေ။ သူ၏ပြင်းထန်သောနှလုံးခုန်သဲက သူ့ကို အသက်ရှူမြန်စေသည်။
သို့သော် ကျန်းယွီချွမ်းက သူ့ကို အလွတ်ပေးရန် ဆန္ဒမရှိပေ။ အကြိမ်ပေါင်းများစွာ အခေါက်ခေါက်အခါခါ သုတ်ပြီးနောက် ကျန်းယွီချွမ်းက အေးစက်စွာပြောသည်။ "ခြောက်အောင်သုတ်လို့မရတော့ဘူး။ ကိုယ်ဘယ်လိုလုပ်ရမလဲ။"
ကျန်းကျင်ယန်သည် ခဏလောက် နှုတ်ဆိတ်နေပြီးနောက် ပြောလေသည်။ "…ကုမ္ပဏီအောက်ထပ်မှာ ဆံပင်လေမှုတ်စက်ရှိတယ်။ ကျွန်တော် သွားယူပေးရမလား။"
'ကျစ်… လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ အရူးဥက္ကဋ္ဌပဲ။ မင်းကို အရမ်းစွဲလမ်းဖို့ ငါရူးနေမှဖြစ်လိမ့်မယ်။'
ကျန်းယွီချွမ်းသည် မျက်လွှာချပြီး ခဏလောက် စဉ်းစားကာ ခေါင်းကိုခါယမ်းလိုက်သည်။ သူသည် စိတ်အခြေအနေကောင်းနေပုံရပြီး ကျန်းကျင်ယန်၏လက်ကိုလွတ်လိုက်ကာ ပြောသည်။ "ထားလိုက်တော့။"
ထို့နောက် ကျန်းကျင်ယန်၏အကြည့်အောက်တွင် ကျန်းယွီချွမ်းသည် စကားတစ်ခွန်းမှမဆိုဘဲ နားနေခန်းထဲသို့ လျှောက်သွားပြီး တံခါးပိတ်လိုက်သည်။ တစ်မိနစ်ကြာပြီးနောက် သူသည် ဝတ်စုံအသစ်ကိုဝတ်ဆင်ကာ ထွက်လာသည်။
ကျန်းကျင်ယန် မေ့လဲလုနီးပါးဖြစ်သွားသည်: "…"
'မင်းမှာ လဲစရာအဝတ်တွေရှိနေတာကို မင်းဘောင်းဘီသုတ်ဖို့ ငါ့ကို ဖိအားနေသေးတယ်ပေါ့။ မင်းဘာဖြစ်ချင်နေတာလဲ။'
သို့သော် ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏ရှုတ်ချမှုကို သတိမထားမိပေ။ ယင်းအစား သူသည် နာရီကို တည်ငြိမ်စွာ ငုံ့ကြည့်ပြီး ပြောလိုက်သည်။ "ထမင်းအရင်သွားစားရအောင်။ ထမင်းစားပြီးရင် အလုပ်ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ကိုယ်မင်းကို အနီးနားလိုက်ပြပေးမယ်။"
ကျန်းကျင်ယန်သည် တလေးတစား သူ့လက်များကို အောက်ချပြီး ကျန်းယွီချွမ်းနောက်မှလိုက်ကာ ရုံးခန်းထဲမှ ထွက်သွားသည်။ "ကောင်းပါပြီ။ ကျွန်တော့်အတွက် အလုပ်ရှုပ်ခံလို့ ကျေးဇူးတင်ပါတယ် မစ္စတာကျန်း။"
'ဟေ့လူ၊ မင်း ဒီလိုမျိုး စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ငါ့ရဲ့ခန္ဓာကိုယ်ရရင်တောင် ငါ့နှလုံးသားကို မရဘူးကွ။'
ကျန်းယွီချွမ်း၏ရုံးသို့ သတင်းပို့သည့်နေ့မှစ၍ လက်ထောက်လေး၏ပျော်ရွှင်သောဘဝ စတင်ခဲ့သည်။
နေ့တိုင်း အလုပ်မျာပြီး အသေးအဖွဲကိစ္စမျိုးစုံဖြင့် အလုပ်ရှုပ်နေသော လင်ဖုလက်အောက်တွင် အလုပ်လုပ်ရချိန်နှင့်မတူဘဲ သည်နေရာရှိ အလုပ်အများစုကို ကျန်းယွီချွမ်း၏တခြားလက်ထောက်များက လုပ်ကြသည်။ကျန်းကျင်ယန်သည် နေ့တိုင်း အလွန်အားလပ်နေသောကြောင့် စိုးရိမ်မှုကိုခံစားရသည်။ မြင့်မားသောလစာရသည့် ရာထူးတစ်ခုရထားသဖြင့် သူသည် အမြဲတမ်း ဦးနှောက်ခြောက်ခံကာ တခြားလက်ထောက်များကို တစ်စုံတစ်ခုကူညီရန် ကြိုးစားသော်လည်း သူ လုံးဝမပါဝင်နိုင်ပေ။ အလုပ်တစ်ခုချင်းစီကို တာဝန်ယူရန် စေတနာအပြည့်ဖြင့် လုပ်ဆောင်ပေးသူများ ရှိနေသည်။ သူ၏တည်ရှိမှုက အပိုဝန်ထမ်းသာဖြစ်ကြောင်း ကျန်းကျင်ယန်သိလိုက်သည်။ လက်ထောက်ဆိုသည်ထက် သူက လာဘ်ကောင်ရုပ်နှင့်ပိုတူသည်။
တခြားလက်ထောက်များသည် ဤကဲ့သို့မျှတမှုမရှိသောအလုပ်တာဝန်ခွဲဝေမှုကို မကျေမနပ်ဖြစ်တာမျိုးမရှိရုံသာမက ကျန်းကျင်ယန်ကိုလည်း အလွန်လေးစားမှုရှိကြသည်။ ကျန်းကျင်ယန်ကို သူတို့မြင်လိုက်တိုင်း သူတို့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ခုပေါ်လာသည်။
'ဒါက တကယ်ကြောက်စရာကောင်းတာပဲ။'
"မစ္စတာကျန်း၊ ကျွန်တော့်အတွက် အလုပ်တာဝန်တစ်ခုလောက်ပေးပါဦး။" တစ်ပတ်ကုန်လွန်သွားပြီး အခြေအနေက လုံးဝမပြောင်းလဲသောကြောင့် ကျန်းကျင်ယန်သည် အလွန်ထိတ်လန့်စွာ ပြောလိုက်၏။
'အလုပ်မလုပ်ဘဲ မင်းပိုက်ဆံယူနေရင် အချိန်တိုအတွင်း မင်းခန္ဓာကိုယ်နဲ့ပေးဖို့ တောင်းဆိုခံရလိမ့်မယ်။'
ကျန်းယွီချွမ်းသည် စာရွက်စာတမ်းများကို ချလိုက်ပြီး မတ်တတ်ထရပ်ကာ အညောင်းဆန့်ရင်း ကြမ်းပြင်မှမျက်နှာကြက်ပြတင်းပေါက်ဆီသို့ လျှောက်လာပြီး ပြောသည်။ "ကိုယ်နဲ့အတူ ရှုခင်းလာကြည့်လေ။"
"…ကောင်းပါပြီ မစ္စတာကျန်း။" ကျန်းကျင်ယန်သည် နာခံစွာ လျှောက်လာပြီး ကျန်းယွီချွမ်း၏ဘေးတွင် ရပ်လိုက်သည်။
ကျန်းယွီချွမ်း၏ရုံးခန်းသည် မြို့၏အကြီးဆုံးစီးပွားရေးခရိုင်အနီးရှိ ကုမ္ပဏီ၏အမြင့်ဆုံးထပ်တွင်ရှိသည်။ ဤအမြင့်တွင်ရပ်နေကာ ရှုခင်းသည် အလွန်ကောင်းမွန်ပြီး မြို့၏အချမ်းသာဆုံးနေရာများကို မြင်ကွင်းကျယ်ကြည့်ရှုနိုင်သည်။
"မင်းဘာတွေစဉ်းစားနေတာလဲ။" ကျန်းယွီချွမ်းသည် ခေတ္တငြိမ်သက်ပြီးနောက် မေးသည်။
ယခုအချိန်တွင် ကျန်းကျင်ယန်၏စိတ်ထဲမှာ မြန်ဆန်သောထုတ်လွှင့်မှုသည် ကြမ်းပြင်မှမျက်နှာကြက်ပြတင်းပေါက်အထိ နက်ရှိုင်းသောပြဇာတ်တစ်ခုကို ဖျော်ဖြေနေသည်။
သူ့စိတ်ထဲတွင် ကျန်းကျင်ယန်ကို ကျန်းယွီချွမ်းသည် ကြမ်းပြင်မှမျက်နှာကြက် ပြတင်းပေါက်တွင် ကပ်ထားပြ သူ့ခန္ဓာကိုယ်ကို အေးစက်စက်မှန်၌ ဖိထားစေခဲ့သည်။ သူသည် အပြင်ဘက်က ညအမှောင်ကို ကြောင်တက်တက်စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းနှင့် သူ့စိတ်မှာပါ အသနားခံနေသည်။ “တော်ပါတော့၊ ကျွန်တော်တို့ကို မြင်သွားလိမ့်မယ် မစ္စတာကျန်း၊ ရပ်လိုက်ပါတော့။” ကျန်းယွီချွမ်းသည် ခပ်ဆိုးဆိုးအပြုံးဖြင့် ပြောလေသည်။ “ကောင်ဆိုးလေး၊ မင်းက လူမြင်ခံရမှာကို အရမ်းစိတ်လှုပ်ရှားနေတာပေါ့။”
'ဒီအတွက် မင်းငါ့ကို အပြစ်တင်လို့ရမလား။ ငါစိတ်လှုပ်ရှားတာက မင်းရဲ့ပစ္စည်းကြောင့်လေ။' ကျန်းကျင်ယန်သည် စိတ်ထဲတွင် ရှက်ကိုးရှက်ကန်းနှင့် ဒေါသများ ရောထွေးကာ ငြင်းခုံလိုက်ပြီး မျက်နှာခပ်တည်တည်ဖြင့် ပြောသည်။ "ဒီနေရာက ရှုခင်းက အရမ်းလှတယ်လို့ ကျွန်တော်ထင်နေတယ်"
ကျန်းယွီချွမ်းသည် ခေါင်းညိတ်ပြီး ဆီလျော်မှုမရှိသောလေသံဖြင့် ပြောသည်။ "ဒါကောင်းတာပဲ။ ကိုယ် အရင်က မစဉ်းစားမိဖူးဘူး။"
ကျန်းကျင်ယန်: "…"
'ရှုခင်းက လှတယ်လို့ပဲ ငါပြောလိုက်တာပါ၊ ဘာတွေမျှော်လင့်နေတာလဲ။'
'မင်းငါ့ကို စိတ်ကျေနပ်စေဖို့ မစောင့်နိုင်ဘူးဆိုရင်တောင် မင်းရဲ့ချီးမွမ်းစကားထဲမှာ သူတော်ကောင်းယောင်ဆောင်နေစရာမလိုဘူး… အရမ်းရှက်စရာကောင်းတယ် ဟုတ်ပြီလား။'
ရှုခင်းကို ခဏလောက်ကြည့်ပြီးနောက် ကျန်းယွီချွမ်းသည် သူ့ထိုင်ခုံတွင် ပြန်ထိုင်ပြီး အနက်ရောင်မှတ်စုစာအုပ်လေးကို ဖွင့်လိုက်သည်။
ကျန်းကျင်ယန် သည်မှာအလုပ်လုပ်ကတည်းက ဤမှတ်စုစာအုပ်ကို ကျန်းယွီချွမ်း၏စားပွဲပေါ်တွင် နေ့တိုင်းတင်ထားခဲ့သည်။
ကျန်းယွီချွမ်း၏နောက်တွင် သူရပ်နေသောကြောင့် သူရှက်ရွံ့ပုံမပေါ်ဘဲ မှတ်စုစာအုပ်လေးကို ကျန်းကျင်ယန် တစ်ချက်ကြည့်လိုက်သည်။
သူဖွင့်ထားသောစာမျက်နှာသည် သိပ်သည်းဖြောင့်စင်းသောစာလုံးများနှင့် ပြည့်နှက်နေပုံရသည်။
ကျန်းယွီချွမ်းသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး လေးနက်စွာရေးပြီးနောက် မှတ်စုစာအုပ်ကိုပိတ်ကာ ဘာမျှမဖြစ်သကဲ့သို့ သူ့စားပွဲတွင် အလုပ်ဆက်လုပ်နေသည်။
ကျန်းကျင်ယန်လည်း သူ့နေရာသို့ တိတ်တိတ်လေး ပြန်ထိုင်ချလိုက်သည်။
'တစ်ခုခုထူးဆန်းနေသလို ငါအမြဲခံစားရတယ်… ငါ့အမြင်မှားတာပဲလား။'
TK Team Chapter 36