Chapter : 22 ( ငါက မင်းအမေပဲ [2] )
ရှန့်ချန့်ယန် : ''တခြားမေးစရာရှိသေးလား''
ဟိုင်ရိက ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
"ရှိတယ်"
ရှန့်ချန့်ယန်က သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ကြည့်လိုက်၏။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟိုင်ရိက မေးလိုက်သည်။
ဟိုင်ရိ : ''ကြွက်စုတ်လေး၊ မင်း ပိုက်ဆံကော ရခဲ့လား"
ရှန့်ချန့်ယန်က ကြောင်တောင်တောင် စိုက်ကြည့်နေသည်။
''ခင်ဗျား အဲဒါကို မေးတယ်ပေါ့"
ဟိုင်ရိ : ''အင်း''
ရှန့်ချန့်ယန်က မေးခွန်းကို ဖြေလိုက်သည်။
"ရခဲ့တယ်၊ မရရင် ကျွန်တော် ဖျော်ဖြေရေးလောကမှာ ပရဟိတ လုပ်နေတယ်ထင်လို့လား''
ဟိုင်ရိ : ''ဟားဟားဟား၊ မင်းကုမ္ပဏီက အများကြီး ဖြတ်သွားပြီလားလို့ ငါစိုးရိမ်နေတာ၊ ပိုက်ဆံရတယ်ဆိုတော့ ကောင်းတာပေါ့''
ရှန့်ချန့်ယန်၏ မိသားစုသည် ချမ်းသာကြွယ်ဝခြင်း မရှိသလို အလယ်အလတ်အဆင့်ဟုပင် မသတ်မှတ်နိုင်ပေ။ ဆင်းရဲသော မိသားစုမှ ကလေးများသည် ငယ်စဉ်ကတည်းက မိသားစုကို ထောက်ပံ့ရသောကြောင့် ဟိုင်ရိသည် ရှန့်ချန့်ယန် ပိုက်ဆံနည်းနည်းသာ ရရှိပြီး ဤလမ်းကို ရွေးချယ်ခြင်းကြောင့် များစွာ ဒုက္ခရောက်ခဲ့ရသည်ကို အမြဲစိုးရိမ်ခဲ့သည်။ ရှန့်ချန့်ယန် မိမိကိုယ်ကို သတ်သေပြီးနောက်တွင်လည်း ဟိုင်ရိသည် သူ့မိသားစုအကြောင်း မည်သည့်သတင်းမှ မတွေ့ခဲ့ရပေ။ ၎င်းသည် သူ့ရင်ထဲတွင် အမြဲရှိနေသော စိုးရိမ်ပူပန်မှု တစ်ခုပင်ဖြစ်၏။
ရှန့်ချန့်ယန် : ''ကျွန်တော် ပိုက်ဆံ မရခဲ့ရင်တောင် သူတို့က ကျွန်တော် သေသွားပြီဆိုတဲ့ အမှန်တရားကိုပဲ လက်ခံနိုင်မှာပဲ''
ရှန့်ချန့်ယန် : ''ဘယ်သူမှ တခြားလူတစ်ယောက်ကို အသက်ရှင်ဖို့ ဒါမှမဟုတ် အသက်ရှင်ချင်စိတ် ထည့်သွင်းပေးဖို့ အတင်းအကြပ် မလုပ်နိုင်ဘူး၊ လူတစ်ယောက်မှာ သေဆုံးခွင့်ရှိတယ်..အဲဒါက သူတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ''
ဟိုင်ရိ တိတ်ဆိတ်နေသည်။ သူ ဘာပြန်ဖြေရမှန်း မသိဖြစ်နေ၏။
အဘယ်ကြောင့်ဆိုသော် ရှန့်ချန့်ယန်၏ ဆယ့်ကိုးနှစ်သား လူငယ်တစ်ယောက် မပြောသင့်သည့် စကားများကို ကြားတိုင်း သူသည် မျက်ရည်များကို အမြဲထိန်းထားရသောကြောင့်ပင်။
သူတို့ နှစ်သက်သော ကောင်လေး...အလွန် အလုပ်ကြိုးစားပြီး၊ အလွန်ပိန်ပိန်ပါးပါး၊ အရည်အချင်းရှိသော Idol တစ်ယောက်သည် ကမ္ဘာကြီးကို ငြီးငွေ့သော စကားမျိုးများကို သူတို့ရှေ့တွင် ပြောနေသည်ကို မည်သူက လက်ခံနိုင်မည်နည်း။
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို အခြားမေးခွန်းများ မမေးတော့ပေ။ ထိုအစား ရှန့်ချန့်ယန်က သူ့ကို မေးလိုက်သည်။
ရှန့်ချန့်ယန် : ''ကော၊ ခင်ဗျား ဘာလို့ ဒီကို လာတာလဲ''
ဟိုင်ရိ တိတ်ဆိတ်နေသည်။ ရှန့်ချန့်ယန် သူ့ကို ပခုံးတွန့်ရင်း လွှတ်ချလိုက်မည်ဟု ကြံစည်နေစဉ် သူက ပြုံးလိုက်၏။
ဟိုင်ရိ : ''ငါ နေမကောင်းလို့ မဟုတ်ဘူးလား''
( TN : စိတ်နေမကောင်းတာမျိုးပါ ပြောရရင် ရူးနေတာပါပဲ )
''ငါ နည်းနည်း စိတ်ဓာတ်ကျနေတာလေ"
ဟိုင်ရိ ပြောပြ၏။
"ငါ့ကို စတုတ္ထထပ်ကို ပို့လိုက်တာ၊ တခြား ဘာဖြစ်နိုင်ဦးမှာလဲ၊ သေတာ ဘယ်လိုလဲ သိဖို့ပဲ ငါရောက်လာတာ''
ရှန့်ချန့်ယန် သူ့ကို ကြည့်သော အကြည့်တွင် ရှုပ်ထွေးမှု အရိပ်အယောင်လေး ရှိနေသည်။ ဟိုင်ရိက အဓိပ္ပာယ်မဲ့ဟန်ဆောင်ကာ ဆက်ပြော၏။
''ငါငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်၊ ဓားက သံချေးတက်နေလို့ မအောင်မြင်ခဲ့တာ၊ အဲဒီတုန်းက ငါမူလတန်းကျောင်းသားလေးပဲ ရှိသေးတယ်"
ရှန့်ချန့်ယန်: ''...''
ဟိုင်ရိ : ''ပုံမှန်ဆို ငါ ကောင်းကောင်းမွန်မွန်ပါပဲ၊ သာမန်လူတစ်ယောက်လိုပဲ၊ ဒါပေမယ့် ငါမကောင်းတဲ့အချိန်တွေ ရှိတယ်၊ ဝက်ရူးပြန်ရောဂါလိုပဲ၊ စိတ်ထိတ်လန့်တိုက်ခိုက်မှုတွေ ခံစားရပြီး အဲဒီအခါကျရင် အသက်ရှင်နေတာ သိပ်အဓိပ္ပာယ်မရှိဘူးလို့ ခံစားရပြီး သေလိုက်ရရင် ကောင်းမယ်လို့ ထင်တယ်''
ရှန့်ချန့်ယန် : ''ကုသမှု မခံယူဘူးလား''
ဟိုင်ရိ : ''အင်း၊ မခံယူဘူး၊ ငါအပါအဝင် ဘယ်သူမှ ဒါက ရောဂါမှန်း မသိကြဘူး''
ရှန့်ချန့်ယန် : ''ကော၊ ပြန်လိုက်ပါ၊ ခင်ဗျားကောင်းကောင်းနေနိုင်မယ်လို့ ထင်တယ်.. ပြန်ပြီး သေချာကုသမှုခံယူလိုက်၊ ခင်ဗျား သက်သာလာနိုင်တယ်"
ဟိုင်ရိက နည်းနည်းလေး စိတ်လှုပ်ရှားသွားသည်။ သို့သော် သူက နည်းနည်းပါးပါး မိုက်မဲသောလေသံဖြင့် ပြန်ဖြေလိုက်၏။
ဟိုင်ရိ : ''မဖြစ်နိုင်ဘူး၊ ငါ ဟင်းသီးဟင်းရွက်တစ်ပင်လို ဖြစ်နေလောက်ပြီ''
ရှန့်ချန့်ယန် : ''...''
ဟိုင်ရိ : ''အိုက်ယား အဲဒါ ဒီလိုပါပဲ၊ ထားလိုက်ပါတော့''
ရှန့်ချန့်ယန် : ''နှမြောစရာပဲ၊ ကော...ခင်ဗျား ဒီမှာရှိမနေသင့်ဘူးလို့ ခင်ဗျားကို ပထမဆုံး မြင်ကတည်းက ကျွန်တော်ခံစားရတာ"
ဟိုင်ရိ : ''ဘာလို့လဲ''
"ခင်ဗျားက တော်တော် တောက်ပတဲ့ လူမျိုးပဲ"
ရှန့်ချန့်ယန်က သူ့ကိုယ်သူ သရော်ကာ ရယ်မောလိုက်သည်။
"ဒီကလူတွေက သေခြင်းတရားရဲ့ အရှိန်အဝါ ပြင်းထန်တယ်၊ ခင်ဗျားက ချောတယ်၊ ပိုက်ဆံလည်း မရှားဘူး ထင်တယ်၊ ဒီကလူတွေလို မဟုတ်ဘူး''
ဟိုင်ရိသည် မသိစိတ်က မေးချင်နေ၏။
'မင်းလို မဟုတ်ဘူးလို့ ဆိုလိုတာလား'
သို့သော် ဒုတိယအကြိမ် စဉ်းစားမိတော့ ရှန့်ချန့်ယန်သည် ဤနေရာ၏ ပတ်ဝန်းကျင်နှင့် အလွန်ကိုက်ညီနေသည်။ သူသည် ဤနေရာနှင့် သက်ဆိုင်သူတစ်ဦးလိုပင်။ ဤနေရာ၏ စည်းမျဉ်းများကို လက်ဖဝါးလို သိပြီး ဤနေရာနှင့် လိုက်ဖက်ညီကာ သေချင်စိတ်ရှိနေသူတစ်ဦးဖြစ်၏။
ဟိုင်ရိ : ''ကောင်စုတ်လေး၊ မင်း ပြန်မသွားချင်ဘူးလား''
ရှန့်ချန့်ယန်က ခိုင်မာစွာ ပြောလိုက်သည်။
''မသွားချင်ဘူး''
ဟိုင်ရိသည် ပါးစပ်ပိတ်သွားသည်။ ရှန့်ချန့်ယန်က သူ့ကို စောင်းငဲ့ကြည့်လိုက်၏။ သူသည် သကြားလုံးကို ပေါ့ပေါ့ပါးပါး စုပ်နေရင်း ရင်ဘတ်လေ့ကျင့်ခန်းနှစ်ကြိမ်ကို ပြီးမြောက်ခဲ့ပြီး...
ရှန့်ချန့်ယန် : "ကျွန်တော့်ဘဝ ပျက်စီးသွားပြီ၊ ဒါကြောင့် မပြန်ချင်တော့ဘူး"
"ဘယ်သူပြောလဲ"
ဟိုင်ရိ၏ နာကျင်စရာနေရာကို ထိုးနှက်လိုက်သည့်အတိုင်းပင်။
"ဘယ်အစိတ်အပိုင်းက ပျက်စီးသွားတာလဲ"
ရှန့်ချန့်ယန်: "နည်းနည်း ပိုပြီး စိတ်တည်ငြိမ်နိုင်မလား"
"ဪ"
ဟိုင်ရိ ပြန်ပြောလိုက်သည်။
"အခု ဒီလောက်ဆို စိတ်တည်ငြိမ်ပြီထင်လား"
ရှန့်ချန့်ယန်: "အဆင်ပြေသလိုပါပဲ"
ဟိုင်ရိ ယဉ်ကျေးစွာ မေးလိုက်သည်။
"မင်း ပျက်စီးသွားပြီလို့ ဘယ်သူပြောလဲ"
ရှန့်ချန့်ယန် : "ကျွန်တော်ပဲ"
"အဲဒီအရာတွေ"
ရှန့်ချန့်ယန်၏ အသံက တည်ငြိမ်နေသည်။
"အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ၊ ကျွန်တော် သူတို့ကို မဖြေရှင်းချင်ဘူး၊ ဖြေရှင်းနိုင်စွမ်းလည်း မရှိဘူး"
ဟိုင်ရိ: "အဲဒါတွေ ဘယ်တစ်ခုမှ မင်းရဲ့ပြဿနာမဟုတ်ဘူး"
"ကျွန်တော့် ပြဿနာပဲ"
ရှန့်ချန့်ယန်က ဟိုင်ရိကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
"ဒါ ဘာလို့ ကျွန်တော့်ပြဿနာ မဟုတ်ရမှာလဲ"
ဟိုင်ရိက သူ၏တည်ငြိမ်သော အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။ အကြောင်းပြချက်မသိဘဲ သူ၏အကြည့်ကို မသိစိတ်က ရှောင်လွှဲလိုက်မိ၏။
သူ၏သတိစိတ်သည် လွန်ခဲ့သောရက်အနည်းငယ်ဆီသို့ ပြန်ရောက်သွားသည်။ သူ့စိတ်ထဲတွင် ထိုနေ့သည် မှောင်မိုက်ပြီး မိုးရွာသောနေ့ဖြစ်၏။ သူသည် အလုပ်များသောနေ့ပြီးနောက် ညဘက်တွင် Weibo ကို ဖွင့်ကြည့်လိုက်ရာ ထိပ်တန်း Trend တွင် 'ရှန့်ချန့်ယန်၊ ရှန့်ယွီ' ကို တွေ့လိုက်ရသည်။
ပြတင်းပေါက်အပြင်ဘက်မှ မိုးခြိမ်းသံကြီး ရုတ်တရက် ထွက်ပေါ်လာပြီး သူ့နှလုံးသားထဲတွင် မသိစိတ်က ပဲ့တင်ထပ်သွား၏။ ကြိုတင်နိမိတ်မကောင်းသည့်အတိုင်း သူ့နှလုံးခုန်နှုန်း ခဏတာ ရပ်တန့်သွားသည်။
၎င်းကို နှိပ်လိုက်သောအခါ မားကတ်တင်းအကောင့်တစ်ခုက အမဲရောင်ဗီဒီယိုတစ်ခုကို တင်ထားသည်ကို သူတွေ့လိုက်ရ၏။ ထိုဗီဒီယိုအောက်တွင် မှတ်ချက်များ တစ်သောင်းကျော် ရှိနှင့်ပြီးဖြစ်သည်။
အကြောင်းပြချက်မသိဘဲ ဟိုင်ရိသည် ထိုဗီဒီယိုကို နှိပ်ကြည့်ရန် သတ္တိမရှိခဲ့ပေ။ သူသည် မှတ်ချက်ကဏ္ဍကို အရင်ဖွင့်ကြည့်လိုက်ရာ လူကြိုက်များသော မှတ်ချက်များမှာ '??' နှင့် 'ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလဲ' ဟူသော စာသားများ ဖြစ်နေ၏။
ဟိုင်ရိသည် ဗီဒီယိုထဲမှ အကြောင်းအရာကို ခန့်မှန်းပြီးသား ဖြစ်သည်။ ထပ်မံ၍ အပြင်ဘက်မှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး သူ့မျက်နှာကို ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားစေ၏။ သူသည် ဗီဒီယိုကို နှိပ်ကြည့်လိုက်သည်။
ဗီဒီယိုထဲတွင် အမဲရောင်ပုံရိပ်များကို တွေ့ရသည်။ လှေကားထစ်တွင် ရှန့်ယွီက ခေါင်းမော့ကာ ရှန့်ချန့်ယန်ကို ပါးစပ်ချင်း နမ်းလိုက်၏။ ရှန့်ချန့်ယန်က ခေါင်းငုံ့ထားသည်။ သူရှောင်လွှဲခြင်းမရှိသော်လည်း သူ့မျက်နှာအမူအရာကိုလည်း မြင်ရခြင်းမရှိပေ။
ဟိုင်ရိသည် ထိုစဉ်က သူ့ခေါင်း ဘယ်လို လွတ်သွားခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။ တစ်စက္ကန့်မျှ သူ၏ခေါင်းသည် ဗလာဖြစ်နေခဲ့သည်။ ဗလာနတ္ထိ နေရာလွတ်ကြီးတစ်ခု။
ယခုအချိန်အထိ ဟိုင်ရိသည် ရှန့်ချန့်ယန်နှင့် ရှန့်ယွီတို့ မည်သို့သော ဆက်ဆံရေးရှိသည်ကို မသိသေးပေ။ သူသိသည်မှာ နောက်ဆက်တွဲအဖြစ်အပျက်များသာ ဖြစ်၏။ ကုမ္ပဏီက ထိုဗီဒီယိုကို အတုအယောင်ဖြစ်သည်ဟု ကြေညာခဲ့ပြီး ပါဝင်ပတ်သက်သူနှစ်ဦးကို ကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ခွင့်မပြုခဲ့ပေ။
စစ်မှန်သော ပရိသတ်များမှာ အွန်လိုင်းတွင် ရူးသွပ်သွားကြပြီး Netizen များလည်း ထိုနည်းတူပင် ဖြစ်ကြသည်။
( TN : Internet ပေါ်က လူထုကို ခေါ်တဲ့ အခေါ်အဝေါ်ပါ )
ရုတ်တရက် ဤပေါင်းစပ်မှုကို အာရုံစိုက်လာကြပြီး ရှန့်ယွီနှင့် ရှန့်ချန့်ယန်တို့သည် ထမင်းစားပွဲတွင် ပြောဆိုစရာ ကိစ္စဖြစ်လာခဲ့သည်။ သူတို့နှစ်ဦးအတူတူ ပါဝင်ခဲ့ဖူးသော အစီအစဉ်များနှင့် ရှန့်ချန့်ယန် တီးခတ်ခဲ့သော Erhu သီချင်းကိုပင် အသေးစိတ် ဂရုတစိုက် လေ့လာခွဲခြမ်းစိတ်ဖြာခဲ့ကြ၏။
ရှန့်ချန့်ယန်သည် ထိုအချိန်က မှတ်ချက်ကဏ္ဍတွင် သူ့အား ဆဲဆိုထားသော စကားလုံးများကို မြင်တွေ့ခဲ့ရမည်ဖြစ်သည်။ ထိုဖြစ်ရပ်ပြီး တစ်လမပြည့်မီတွင် ရှန့်ယွီသည် အဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။
ထိုစဉ်က သူသည် သူ၏ကိုယ်ပိုင်ပြဿနာများကြောင့်ဖြစ်ပြီး ရှန့်ချန့်ယန်နှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့၏။ သူသည် ရှန့်ချန့်ယန်ကို တစ်ဖက်သတ် နှစ်သက်ခဲ့ခြင်းသာ ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် ရှန့်ချန့်ယန်၏ ပရိသတ်များသည် ရှန့်ချန့်ယန် အဖွဲ့မှ ထွက်ခွာခြင်းကို လက်မခံခဲ့ကြသောကြောင့် သူအဖွဲ့တွင် ဆက်ရှိနေခဲ့၏။
သုံးလမပြည့်မီတွင် ရှန့်ယွီသည် အစီအစဉ်တစ်ခုတွင် သူ၏သဘောထားကို ပြောင်းလဲခဲ့ပြီး ရှန့်ချန့်ယန်သည် သူ့အပေါ် သံသယဖြစ်ဖွယ် ပြုမူခဲ့ကြောင်းနှင့် ထိုအချိန်က ပတ်ဝန်းကျင်မှ ပြင်းထန်သော ခံစားချက်တို့ လွှမ်းမိုးနေသော လေထုကြောင့် နမ်းခဲ့ခြင်းသည် သဘာဝကျသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုစကားနှင့် ရှန့်ချန့်ယန်၏ တမင်တကာ ဖုံးကွယ်ထားမှုသည် သူ့ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေကြောင်းအထိပင်။
အစကနေအဆုံးအထိ ရှန့်ချန့်ယန်သည် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်တုံ့ပြန်မှုမှ မပေးခဲ့ဘဲ သူ့သေဆုံးချိန်အထိ ထိုအတိုင်းပင် ရှိနေခဲ့သည်။ ဟိုင်ရိသည် သူဘာကြောင့် ခေါင်းမာနေသည်ကို မသိခဲ့ပေ။ ရှင်းပြချက်ပေးရန် ဘယ်လောက်တောင် ခက်ခဲနိုင်သနည်း။ သို့သော် ထိုအချိန်က လူထု၏ ခံစားချက်သည် သက်ရှိများကို မြှုပ်နှံခြင်းနှင့် တူညီကြောင်း သူသိရှိခဲ့၏။
ဟိုင်ရိ ပြောလိုက်သည်။
"အကြောင်းပြချက် ဘာပဲဖြစ်ဖြစ်၊ မင်းအမှားလို့ ငါမထင်ဘူး၊ မင်းတို့နှစ်ယောက် တကယ်တွဲနေရင်တောင် ဘာဖြစ်လဲ"
"တွဲတယ်လား"
ရှန့်ချန့်ယန်က လှောင်ပြောင်ရယ်မောလိုက်သည်။
"ခင်ဗျားမှာ တကယ့်ကို ပြင်းပြတဲ့ စိတ်ကူးစိတ်သန်းရှိတာပဲ၊ သူတို့တွဲကြတယ်လို့တောင် သူတောင် မပြောခဲ့ဘူး၊ ခင်ဗျား ဘယ်ကကြားတာလဲ"
ဟိုင်ရိ : "ဒါဆို မင်း..."
"ခံစားချက်နဲ့တူတယ်"
ရှန့်ချန့်ယန် ပြောပြ၏။
"ရှင်းရှင်းလင်းလင်း ပြောလို့ရမလား၊ ကျွန်တော်ကိုယ်တိုင်က သူ့ကို ကြိုက်လားမကြိုက်လား၊ လက်ခံနိုင်မလားမခံနိုင်လားဆိုတာ မေးခွန်းတွေ ဘယ်လိုဖြေရမှန်းမသိဘူး... သူ့အနမ်းကို ဘာလို့မရှောင်လဲ၊ကျွန်တော်ကိုယ်တိုင်က မသိဘူး၊ ပထမဆုံးအကြိမ်ပဲလို့ ပြောရင် ဘယ်သူကကော ယုံမှာလဲ"
ဟိုင်ရိ သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
"ယုံတဲ့လူ ရှိမှာပေါ့"
ရှန့်ချန့်ယန် ခေတ္တရပ်သွားသည်။
ဟိုင်ရိ : "ငါက မင်းရဲ့ပရိသတ်၊ မင်းပြောတာ မှန်တယ်ဆိုတာ အကုန်ယုံတယ်"
ရှန့်ချန့်ယန်မှာ စကားလုံးမရှိတော့ပေ။ သူသည် သကြားလုံးကို စုပ်နေရင်း အချိန်အကြာကြီး ရပ်နားနေခဲ့ပြီးနောက်မှ သူ့အတွေးများကို ပြန်ရှာတွေ့ခဲ့၏။
"ဘာလို့လဲ"
ဟိုင်ရိလည်း တိတ်ဆိတ်သွားသည်။
ဟိုင်ရိ : "သူ(ရှန့်ယွီ)ဘာလို့ အဲဒီစကားတွေကို နောက်မှ ပြောတာလဲ"
အဲဒါက ရှန့်ချန့်ယန်ကို အဆုံးအရှုံးမဲ့အခြေအနေကို ရောက်စေသည်နှင့် အတူတူပင်။ ရှန့်ယွီ ဘာကြောင့် သူ့ထုတ်ပြန်ချက်ကို ရုတ်တရက် ပြောင်းလဲလိုက်သနည်း။
ဟိုင်ရိက သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ခဲ့သည်ဟု ထင်ခဲ့ပေသော်လည်း ရှန့်ချန့်ယန်က ပြော၏။
"ကျွန်တော်လည်း မသိဘူး"
"သူ ကျွန်တော့်ကို အချိန်အကြာကြီး ဆက်သွယ်မလာခဲ့ဘူး"
ရှန့်ချန့်ယန် ရှင်းပြ၏။
"နောက်ဆုံးတွေ့ခဲ့တာက သူ ကျွန်တော့်အပေါ် သံသယဖြစ်ဖွယ်ပြုမူခဲ့တယ်လို့ ပြောတဲ့ အင်တာဗျူးမှာပဲ"
ရှန့်ချန့်ယန်၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုအချို့ရှိနေသည်။
"သံသယဖြစ်ဖွယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဒါက အရေးပါလား"
ဟိုင်ရိ : "သူ မင်းကို ကြိုက်တယ်လို့ ပြောခဲ့လား"
"မပြောဘူး"
ရှန့်ချန့်ယန် ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော် ခန့်မှန်းကြည့်လိုက်တာ"
ဟိုင်ရိမေးလိုက်၏။
"မင်း ခန့်မှန်းကြည့်လိုက်တာလား ဒါဆို မင်း ဘယ်လိုဖြေရှင်းခဲ့လဲ"
ရှန့်ချန့်ယန်က ပြတ်ပြတ်သားသားပင်။
"ကျွန်တော် တကယ် ဂရုမစိုက်ခဲ့ဘူး၊ ဘာပြောရမှန်းလည်း မသိခဲ့ဘူး"
ဟိုင်ရိ : "သူ မင်းကို တစ်ခုခု ဝယ်ပေးခဲ့လား"
ရှန့်ချန့်ယန် ခေါင်းညိတ်လိုက်သည်။
ဟိုင်ရိ : "အရမ်းဈေးကြီးခဲ့လား"
ရှန့်ချန့်ယန်: "အဲလောက်ပေါ့"
ဟိုင်ရိ : "မင်း ဘယ်လိုဖြေရှင်းခဲ့လဲ"
ရှန့်ချန့်ယန် : "ကျွန်တော် သူ့ကို ပိုက်ဆံပေးခဲ့တယ်"
ဟိုင်ရိ : "အဲဒါကို ထည့်မတွက်ဘူး"
ရှန့်ချန့်ယန် : "..."
ထင်ရှားသည်မှာ သူ မည်သို့ရေတွက်သည်ကို နားမလည်သေးပေ။ တကယ်တော့ ဟိုင်ရိကိုယ်တိုင်လည်း သေချာမသိခဲ့ပါ။ စိတ်ခံစားမှုများသည် ဝိုးတဝါးကိစ္စများဖြစ်၏။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ရှန့်ချန့်ယန်က တစ်ချိန်ချိန်တွင် ရှန့်ယွီကို မရည်ရွယ်ဘဲ သဲလွန်စပေးခဲ့ခြင်း သို့မဟုတ် မတော်တဆ မီးပွားများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် ရှန့်ယွီနှင့် ရှန့်ချန့်ယန်တို့ မဖြစ်နိုင်သောအခြေအနေသို့ ရောက်ရှိကာ ထိုအနမ်းဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုကိစ္စတွင် ရှန့်ချန့်ယန်သည် မတုံ့ပြန်နိုင်ဘဲ လက်ခံခဲ့သည်ဟုသာ မှတ်ယူနိုင်၏။
သို့သော် ဟိုင်ရိသည် ရှန့်ချန့်ယန်ဘက်တွင် အမြဲရှိနေလိမ့်မည်။ ရှန့်ချန့်ယန် အဖွဲ့မှမထွက်ခဲ့၊ ရှင်းပြချက်ပေးရန် ထွက်မလာခဲ့ဘဲ နောက်ဆုံးတွင် ရှင်းပြနိုင်ခြင်းမရှိခဲ့ပေ။
( TN : ရှန့်ချန့်ယန်က ငယ်သေးတဲ့အတွက် အချင်းချင်း ဖလစ်နည်းတွေကို မသိပါဘူးတဲ့ရှင်၊ မသိတဲ့အတွက် သူ့အပြုအမူတွေက သူ့ကိုကြိုက်တဲ့ ရှန့်ယွီကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားတာ၊ ရှန့်ယွီကလည်း သူ့ဘဝကြီး ပျက်စီးပြီးတဲ့နောက် ရှန့်ချန့်ယန်ကိုပါ ဆွဲချလိုက်တဲ့ သဘောပေါ့ ၊ ရှန့်ချန့်ယန်ကလည်း သူအပြောခံရတာတောင် ဘယ်လို ဖြေရှင်းချက်ပေးရမလဲ မသိခဲ့ပါဘူးတဲ့ )
ဤအရာကြောင့် သူသေဆုံးရန် ဖိအားပေးခံခဲ့ရပြီး အခြားမည်သည့်အရာကြောင့်မှ မဟုတ်ပေ။ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံရသောကြောင့် သူသည် လူတိုင်းနှင့် မထိုက်တန်ဟု ခံစားခဲ့ရသည်။
ပုဂ္ဂိုလ်ရေးအရ ဟိုင်ရိသည် သူနှစ်သက်သော ကလေးဘက်တွင် ဆက်လက်ရပ်တည်ခဲ့၏။ ရှန့်ချန့်ယန် အတော်အသင့် ခံစားခဲ့ရပြီးပြီဟု သူခံစားခဲ့ရသည်။
ရှန့်ချန့်ယန် : "ကျွန်တော် ခင်ဗျားတို့ကို ရှင်းပြချက် မပေးခဲ့ဘူးလား"
ဟိုင်ရိက ရွှင်ရွှင်လန်းလန်းပင်။
"အရေးမကြီးပါဘူး၊ အားလုံးက အတိတ်က ကိစ္စတွေပါပဲ"
'ငါ့ဖင်ကြီးကိုအတိတ်'
ဟိုင်ရိက အတွင်းစိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
'ဒီလောင်ဇီ(ဟိုင်ရိ) ပြန်မလာတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ငါ့ဘဝရဲ့ ရည်မှန်းချက်က အဲဒီ 0 ကို သေတဲ့အထိ ဖျက်စီးပစ်ဖို့ပဲ၊ သူတက်လာပြီး နာမည်ရနေတုန်း ငါ့သားကို သွေးဆောင်ခဲ့တယ်၊ သူ ချီးသာသွားစားလို့ရပြီ'
( TN : ဟိုင်ရိက သူ အသက်ပြန်မရှင်တာ ရှန့်ယွီအတွက် ပိုကောင်းမယ်ပေါ့နော် မဟုတ်ရင် ရှန့်ယွီကို တစ်စစီ ဆွဲဖြဲပါမယ်တဲ့ရှင် )
🌟🌟🌟