၇၈
Viewers 9k

[ငါ အော်ဟစ်ဖို့အဆင်သင့်ဖြစ်နေပြီကို မင်းတို့က ငါ့ကို ဒါပြတယ်??]

[ငါက နတ်ဆိုးဆန်တဲ့တိုက်ပွဲကိုမြင်ချင်တာ။ ဒီလိုတိုက်ပွဲမျိုးကိုမြင်ချင်တာမဟုတ်ဘူး!!!]

[တတိယသခင်လေးက အိပ်ရာထဲမှာမစွမ်း​ဆောင်နိုင်လို့ ဒီအချိန်မှာ သူတို့ရန်ဖြစ်နေကြတာလား။]

[ငါက တတိယမြောက်သခင်​လေးဖြစ်ခဲ့ရင် သူမကို အိပ်ရာထဲခေါ်သွားမှာ။]

[အ​ပေါ်ကမှတ်ချက်။ မာစတာရန်ရဲ့တိုက်ခိုက်စွမ်းရည်က တတိယသခင်​လေးကို အဲ့လိုလုပ်ဖို့ခွင့်ပြုမှာမဟုတ်ဘူး အို​ကေ?]

[မာစတာရန်က တိုက်ခိုက်တဲ့အချိန်ဆို အရမ်းချောတာပဲ။]

တံခါးအပြင်ဘက်ရှိလူများက ဝင်လာသည်။ အတော်လေးကျယ်သောအခန်းသည်ရုတ်တရက်ကျပ်သွားသည်။

နောက်ပြန်လှည့်ကြည့်စရာမရှိသကဲ့သို့ပင်ရန်ဖြစ်နေကြသည့်လူနှစ်ယောက်လည်း ထိုအချိန်တွင်ရပ်တန့်သွားသည်။

ချူးကျင်းချန်းသည် တံခါးဝမှလူအုပ်ကိုကြည့်ကာ နှုတ်ခမ်းပေါ်မှအပြုံးမပျက်ပေ။ "ဒီလောက်တောင်လူစည်​နေတာလား?"

"တတိယမြောက်သခင်​လေး၊ ကျွန်​တော်တို့က သခင်​လေးကို ပြန်ခေါ်လာခဲ့ဖို့အမိန့်ရထားပါတယ်" ဟု သက်တော်စောင့်ခေါင်းဆောင်က တလေးတစားပြောသည်။

"အိုး?" ချူးကျင်းချန်း၏အကြည့်သည် စူးရှပြီး သက်တော်စောင့်ပေါ် ရောက်သွားသည်။

သက်တော်စောင့်က ခေါင်းကိုပိုငုံ့လိုက်ပြီး စကားပြန်မပြောရဲဘဲ ငြိမ်သက်စွာရပ်စောင့်နေသည်။

"ကျင်းချန်း" ဝမ်ယု​ဖေးက ညင်သာစွာပြောသည်။

သူမ ရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းပြီး ချူးကျင်းချန်းဆီသို့ လျှောက်သွားလိုက်သည်။

သူ့နဖူးပေါ်ကချွေးကိုမြင်၍ ဝမ်ယု​ဖေးက ဒေါသဖြင့်ပြောလိုက်သည်။ “ရှင့်ကိုယ်ရှင် ပြန်ကြည့်ဦး။နဖူးက ချွေးတွေထွက်နေပြီ။ရှင်က သန့်သန့်ရှင်းရှင်းနေရတာကြိုက်တာမဟုတ်ဘူးလား။"

ချူးကျင်းချန်းက သူမကိုငုံ့ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။

ဝမ်ယု​ဖေးအနည်းငယ်မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုကိုက်လိုက်သည်။ "ဖိုးဖိုးက တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်လို့ကြားလို့ ကျွန်မစိတ်ပူပြီး ဒီကိုလိုက်လာခဲ့တာ။ ရှင် ကျွန်မကို အပြစ်မတင်ဘူးမလား"

"မတင်ဘူး" ချူးကျင်းချန်းက အဝေးကိုကြည့်လိုက်ပြီး သူ့အမူအရာ ပုံမှန်ဖြစ်သည်။

"ကောင်းတာ​ပေါ့။ ကျွန်မ ဒီည ရှင်နဲ့အတူပြန်လိုက်ပြီး ဖိုးဖိုးဆီကို အလည်သွားမယ်။" ဝမ်ယု​ဖေးတောက်ပစွာပြုံးလိုက်သည်။

ရှိနေသူအားလုံးက သူတို့နှစ်ယောက်ကို မျက်လုံးထဲ၌ရှုပ်ထွေးမှုဖြင့် ကြည့်နေကြသည်။

[တတိယသခင်လေးနဲ့ဖေး​ဖေးက တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်သိကြတယ်။ ပြီးတော့ သူတို့က အရမ်းရင်းနှီးပုံပေါ်တယ်။]

[ဖိုးဖိုး?????]

[ရင်းနှီးတယ်? သူတို့ဆက်ဆံရေးကတစ်ခုခုမှားနေသလို ငါခံစားရတာဘာကြောင့်လဲ။]

[ငါတို့မာစတာရန်မှာ ပြိုင်ဖက်ရှိလာ​တော့မှာလား။]

[ဝမ်ယု​ဖေးက သူမရဲ့ပြိုင်ဖက်သာဆိုရင် ရှီရန်အနိုင်ရမှာမဟုတ်ဘူး။]

[မာစတာရန်က ဝမ်ယု​ဖေးထက်ပိုလှပြီး အရည်အချင်းပိုရှိတယ်။ မာစတာရန်ကအနိုင်ယူနိုင်မယ်လို့ ငါထင်တယ်။]

[ရှီရန်ရဲ့ပရိသတ်တွေက အရှက်မရှိကြဘူး။ သူမက ငါတို့ဖေး​ဖေးနဲ့ ဘယ်ယှဥ်နိုင်မလဲ။ ဖေး​ဖေးရဲ့ မိသားစုနောက်ခံက ရှီရန်ကို ချေမှုန်းဖို့ လုံလောက်နေပြီးသား ဟုတ်ပြီလား။]

[ဝမ်နှင့်ချူးမိသားစုတွေက သူငယ်ချင်းဟောင်းတွေဖြစ်ပုံပဲ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာအံ့သြစရာတော့မရှိပါဘူး။]

[သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိတာထက်ပိုတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မရိုးရှင်းလောက်ဘူး။]

[နိုး!!! ငါ့နတ်ဘုရားစုံတွဲ!!!]

[ငါတို့ဖေး​ဖေးနဲ့တတိယသခင်လေးတို့က ပိုလိုက်ဖက်တာက အသိသာကြီး။ သူတို့က ပြီးပြည့်စုံတဲ့စုံတွဲတစ်တွဲပဲ။]

မှတ်ချက်များသည် ချူးကျင်းချန်းနှင့်ဝမ်ယု​ဖေးတို့ကြားကဆက်ဆံရေးကို မှန်းဆလာကြသည်။

ချူးကျင်းချန်းသည် ဆိုဖာပေါ်တွင်ပျင်းရိစွာထိုင်လိုက်ပြီး သူ့ခြေထောက်ရှည်ကို ချိတ်ထိုင် ထားသည်။

စင်္ကြံမီးက အလင်းမှိန်နေ​သောအခန်းကို လင်းသွားစေသည်။တဖျပ်ဖျပ်ဖျပ်လှုပ်ခတ်နေသောနောက်ခံမီးအ​ရောင်ကိုဆန့်ကျင်ပြီး သူ့အမူအရာက အထက်စီးဆန်​နေသည်။ "ငါ မလိုက်ရင်ကော ဘယ်လိုလုပ်မှာလဲ"

သက်တော်စောင့်၏ကြောက်ရွံ့မှုက နောက်ကျသွားပြီဖြစ်သည်။

သူ၏သခင်ကြီးနှင့်နှိုင်းယှဉ်လျှင် တတိယသခင်​လေးသည် ချူးမိသားစုတွင်ကြောက်စရာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။

"တောင်းပန်ပါတယ် တတိယသခင်​လေး။ ဒါက သခင်ကြီးရဲ့အမိန့်ပါ။သခင်​လေးမလိုက်ရင် ကျွန်​တော်တို့က သခင်​လေးကို အတင်းခေါ်သွားရပါလိမ့်မယ်"

သက်တော်စောင့်က ထိုစကားကိုပြောသောအခါတွင် ချူးကျင်းချန်းကိုတောင် မကြည့်ဝံ့ပေ။

ချူးကျင်းချန်း၏နှုတ်ခမ်းပေါ်မှအပြုံးသည် ရပ်တန့်သွားသည်။

သူ့အကြည့်က လူတိုင်း၏ကွဲပြားခြားနားသောအမူအရာအပေါ် ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် လှပအေးစက်သောမျက်နှာပေါ် ရောက်သွားသည်။

"ကျွန်​​တော် သူတို့နဲ့လိုက်သွားရမှာလား" ချူးကျင်းချန်းရုတ်တရက် မေးလိုက်သည်။

လူတိုင်းက နားမလည်သော်လည်း သူ့အကြည့်ကို သတိထားမိသောအခါ ချက်ချင်းပင် သဘောပေါက်သွားသည်။

ဝမ်ယု​ဖေးသည် ချူးကျင်းချန်း အနားတွင် ရပ်နေကာ သူမ၏အရှေ့၌အခြားအမျိုးသမီးတစ်ဦးကို သူအ​လေး​​ပေးဆက်ဆံနေသည်ကို စောင့်ကြည့်နေသည်။

သူမ ဝမ်းနည်းနေသော်လည်း ၎င်းထက် ယခု အချိန်တွင် ရှီရန်ကို ဖယ်ရှားရန်စိတ်ဆုံးဖြတ်လိုက်သည်။

အခန်းအလယ်၌ သူမ ရပ်နေကာ ချူးကျင်းချန်း၏ငြိမ်သက်နေသောမျက်လုံးကို သူမ တွေ့လိုက်ရသည်။ "ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါ"

"မထွက်သွားချင်ရင်ဘယ်လိုလုပ်ရမလဲ" ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများက သူမ၏နှုတ်ခမ်းပေါ် ရောက်သွားကာ ပ​ဟေဠိဆန်စွာပြောလိုက်သည်။

ထိုနှုတ်ခမ်းက သူ မကြားချင်သောအရာကို အမြဲတမ်းပြောတတ်သည်။

ရှီရန်သည် ကျင်းချန်း၏အတွေးများကို နားမလည်နိုင်ဘဲ သူမ စိတ်ကိုသာအလိုလိုက်လိုက်သည်။ "သူတို့ကို တိုက်ခိုက်ဖို့....ကျွန်မရှင့်ကို ကူညီပေးနိုင်တယ်... "

"ဖူး" ကျူးယို့ဟန်က အ​ခြေအ​နေမဟန်သည့်အချိန်တွင် ရယ်မောမိပြီး ချက်ချင်းပဲ သူ့ပါးစပ်ကို အုပ်လိုက်သည်။

ထိုအဖြေက ကျူးယို့ဟန်တင်မကဘဲ လူတိုင်းအတွက်ရယ်စရာကောင်း​နေသည်။

[မျှော်လင့်ထားတဲ့အတိုင်းမာစတာရန်ကတော့ ဟားဟားဟား။]

[ပြောလာမယ့်စကားက တိုက်ရိုက် ဒါမှမဟုတ် ချိုမြိန်တဲ့စကား​တွေဖြစ်မယ်လို့ ငါထင်ခဲ့ပေမယ့် ဒါက​တော့ ရိုးရှင်းလွန်းပြီးအကြမ်းထည်ဆန်လွန်းပါတယ်ကွာ။]

[မာစတာရန်က တကယ်ကိုတည့်တိုးသမားပဲ]

"မစ္စရှီက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်နော်" လို့ ဝမ်ယုဖေးက အပြုံးလေးဖြင့် ရယ်စရာတွေ့သွားသလိုပြောသည်။

အမျိုးသမီးတစ်ဦးက ယောက်ျားလို 'တိုက်ခိုက်တယ်' ဆိုတဲ့စကားကို ဘယ်လိုပြောနိုင်မှာလဲ။

သူမသည် ချူးကျင်းချန်းကို ကြည့်ကာ အံ့အားသင့်သွားသည်။

ထိုအချိန်တွင် ချူးကျင်းချန်းက သူ့မေးစေ့ကို လက်နဲ့ထောက်လိုက်သည်။ ထူးထူးခြားခြား ပြုံးပြရင်း သူ့နှုတ်ခမ်းထောင့်များကကွေးတက်သွားသည်။

သူ မုဒ်​ကောင်းနေကြောင်း မည်သူမဆို မြင်နိုင်သည်။

'ဒါပေမဲ့ ဘာလို့လဲ?'

'ရှီရန်က သူ့ကို ကူညီတိုက်ခိုက်​ပေးမယ်လို့ပြောတာကြောင့်လား'

လူတိုင်းက စူးစမ်းချင်စိတ်ဖြင့် သိချင်ကြသည်။

ချူးကျင်းချန်းသည် ဖြည်းညှင်းစွာမတ်တပ်ထရပ်ပြီး ခိုင်မာသောခြေလှမ်းများဖြင့် ရှီရန်ဆီသို့ လျှောက်သွားသည်။

သူမတ်မတ်ရပ်ပြီး အောက်ကိုငုံ့ကြည့်သည်။

ထို့နောက် ရှီရန်မော့ကြည့်လိုက်သည်။

သူတို့ မျက်လုံးချင်းဆုံသွားသည်။

ချူးကျင်းချန်းက ပြုံးပြီး သူ့လေသံက နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်​နေသည်။ "ကျွန်​တော် အိမ်ခဏပြန်လိုက်ဦးမယ်။ ကျွန်တော် ပြန်လာမှာကိုစောင့်နေ​နော်"

ရှီရန် မျက်တောင်ခတ်လိုက်ပြီး သူမ၏မျက်အိမ်က စိတ်ရှုပ်ထွေးမှုအချို့ကို ပြနေသည်။

'ချူးကျင်းချန်းပြန်လာတာကို ငါ ဘာလို့စောင့်ရမှာလဲ။'

သူမ ပါးစပ်ကို ဖွင့်လိုက်သည်။

သူမ ပြောလာမည့်အရာကို ကြိုခန့်မှန်းမိ၍ ချူးကျင်းချန်းက သူမကို တားလိုက်သည်။ "ပြန်ပြောစရာမလိုပါဘူး။ စောင့်ပဲ​စောင့်နေ​ပေး။"

ယနေ့ သူ၏ကောင်းမွန်နေ​သောစိတ်အ​ခြေအ​နေကို ပျက်ဆီးမသွားချင်ပေ။

ထိုစကားကို ပြောပြီးနောက် ချူးကျင်းချန်းသည် လှည့်ပြန်ကာ လျင်မြန်စွာထွက်သွားသည်။

ဝမ်ယု​ဖေးက ချက်ချင်းလိုက်သွားသည်။ ရှီရန်ကိုကျော်ဖြတ်သွားသောအခါ သူမကို ဖော်ရွေသောအပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။"မစ္စရှီ၊ နောက်မှထပ်တွေ့ကြမယ်နော်"

ချူးကျင်းချန်းထွက်သွားသည်နှင့် တပြိုင်နက်သက်တော်စောင့်များကလည်း စနစ်တကျ ထွက်ခွာသွားကြသည်။ အခန်းသည် ချက်ချင်းပင် လူလွတ်သွားသည်။

"ကျင်းချန်းက စိတ်​​ကောင်း​ဝင်နေပုံရတယ်​။  ဘာလို့လဲ သိလား ရှီရန်"

ကျူးယို့ဟန်သည် ရှီရန်ကို တစ်ချက်ကြည့်လိုက်သည်။

သူမက သ​ဘောမ​ပေါက်ပုံပေါ်နေသည်။

စကားတစ်ကြောင်းက ချူးကျင်းချန်းကို အရမ်းပျော်အောင်လုပ်နိုင်လို့လား?

ချူးကျင်းချန်းသည် သူ၏သက်တော်စောင့်များနှင့်အတူ ပင်လယ်ကမ်းစပ်အိမ်ထဲမှထွက်လာသည်။

ရုန်းရင်းဆန်ခတ်ဖြစ်မှုကို သိချင်သော အိမ်နီးချင်းတစ်ဦးသည် ခေါင်းပြူထွက်ကြည့်ပြီးမြင်ကွင်းကိုမြင်လိုက်ရသဖြင့် တုန်လှုပ်သွားပြီး တံခါးနှင့်ပြတင်းပေါက်များကို ချက်ခြင်းပိတ်လိုက်သည်။

သက်တော်စောင့်များသည် ချူးကျင်းချန်းကို အလယ်ဇိမ်ခံကားဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။

ဝမ်ယု​ဖေး နောက်​မှလိုက်လာကာ ကားထဲဝင်​ထိုင်​လိုက်​သည်​။

သူမသည် နှုတ်ခမ်းပေါ် ၌အပြုံးတစ်ခုဖြင့်ဖုန်းကိုကစားနေသောချူးကျင်းချန်းကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။

သူမ၏အမူအရာ မည်းမှောင်သွားသော်လည်း သူမ ပြုံးနေသေးသည်။ "ကျင်းချန်းပျော်နေတာလား"

"အင်း" ချူးကျင်းချန်းက ပြန်ပြောပြီး သူ့လေသံကမြင့်​နေသည်။

သူ့စိတ်က ရှီရန် ပြောနေသည့်စကားကို ပြန်​တွေးနေတုန်းပင်ဖြစ်သည်။

- သူတို့ကို တိုက်ခိုက်ဖို့ ကျွန်မရှင့်ကို ကူညီပေးနိုင်တယ်

သူ့နှုတ်ခမ်းပေါ်မှအပြုံးသည် နက်ရှိုင်းလာသည်။

ထိုစကားသည် သူကြားဖူးသမျှစကားထဲ၌အချိုသာဆုံးစကားပင်ဖြစ်သည်။

အနက်ရောင်ဇိမ်ခံကားများ တစ်စီးပြီး တစ်စီး မောင်းထွက်သွားပြီး ကမ်းခြေအိမ်သည် တိတ်ဆိတ်သွားပြန်သည်။

ရှီရန်က အခန်းကို ပြန်သွားသည်။

တစ်ချိန်တည်းမှာပင် ဂျီဝမ်ဖုန်းနှင့်ကျူးယို့ဟန်တို့သည် ထိုနေရာတွင်ရှိနေသေးသည်။

သူမ ခေါင်းငုံ့လျက်ကုတင်ပေါ်၌ထိုင်နေကာ မျက်ခုံးများကျဥ်း​မြောင်းလာပြီး ထိုမျက်ခုံးနှစ်ခုကြားတွင်အနည်းငယ်အ​မှောင်ကျနေသည်။

ကျူးယို့ဟန်နှင့်ဂျီဝမ်ဖုန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

"ရှီရန်၊ ဘာဖြစ်လို့လဲ။ စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။ ကျင်းချန်းထွက်သွားတာ​ကြောင့်လား"

[ အိုးးးးး ! တတိယသခင်​လေး ထွက်သွားလို့လား။]

[မာစတာရန်ဉာဏ်အလင်းရသွားပြီလား???]

[လူကထွက်သွားပြီကို အခုမှသ​ဘော​ပေါက်တာက ဘာလုပ်လို့ရမှာလဲ။]

[မာစတာရန်ရဲ့ တတိယမြောက်သခင်​လေးကတကယ်ကံမကောင်းဘူး။]

[တတိယသခင်​လေးက ဒါကို ဘာလို့မမြင်ရတာလဲ။ သူမြင်ရင် သူ အရမ်းပျော်သွားမှာ။]

[တတိယသခင်ငယ်လေးထွက်သွားတုန်းက ပျော်နေတာ​ကော မလုံလောက်​သေးဘူးလား။ သူ ခုန်ပေါက်မတတ်ပဲ။]

[မာစတာရန်က တတိယသခင်​လေးနဲ့ဝေးကွာရမှာကို သေချာပေါက်ဝန်လေးနေတယ်။ မာစတာရန် ဒီလိုအမူအရာပြတာကို ပထမဆုံးမြင်ဖူးတာပဲ။]

[မာစတာရန်၊ စိတ်မညစ်ပါနဲ့။ တတိယသခင်​လေးက သူ့ကိုစောင့်နေဖို့ ပြောခဲ့တယ်လေ။ သေချာပေါက် သူပြန်လာမှာပါ။]

[မာစတာရန်အတွက် ငါ့နှလုံးသားလေးကနာကျင်နေတယ်။ ငါပေးစားတဲ့အတွဲက တကယ်ဝေးရတော့မှာလား။]

ဂျီဝမ်ဖုန်းသည် မြင်ကွင်းကို မခံနိုင်ဘဲ သက်ပြင်းချလိုက်သည်။"ရှီရန်၊ စိတ်မညစ်ပါနဲ့ တတိယသခင်​လေးက..."

သူ စကားမဆုံးခင်၌ ရှီရန်မော့ကြည့်လလာသည်။

သူမ၏မျက်နှာက သိချင်စိတ်ပြင်းပြပြီး စိတ်ရှုပ်​နေကာ သူမ၏နှုတ်ခမ်းရဲရဲက အနည်းငယ်ဖွင့်သွားသည်။

"ချူးကျင်းချန်းကို ကိုယ်ခံပညာ ဘယ်သူသင်ပေးခဲ့တာလဲ?"

လူတိုင်း: "?"