Chapter(96)
Viewers 26k

Arc(6) ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ(၂)။

ခပ်ဝေးဝေးခုန်သွားပြီးနောက် စဲ့ရှီးအာကသူ့အဝတ်အစားအရှေ့ကိုသိက္ခာရှိသောအမူအရာဖြင့်ချက်ချင်းဆန့်လိုက်သည်၊ အထူးသဖြင့် လည်တိုင်ကိုတင်းကြပ်စွာချည်လိုက်သည်။

လင်ခုံးလုတစ်အောင့်ကြာပြောစရာစကားပျောက်ရှသွားရသည်။ အရင်ဘဝကဆိုဒီလူသူရှေ့မှာရှိနေတုန်းက အများဆုံးသူ့ကိုယ်သူသစ်ရွက်အနည်းငယ်ဖြင့်ဖုံးထားရုံသာ။

ထိုအချိန်ကသူဟာလင်ခုံးလုသူ့အကြောင်းပြောတာကိုနားမထောင်ဘဲ တည့်တိုးပြောလာသည်။
"အဝတ်အစားဝတ်ရတာသက်တောင့်သက်သာမရှိဘူး၊ ကိုယ်တို့ဝံပုလွေတွေကအဝတ်တောင်မဝတ်ကြဘူး။"

ဒါပေမဲ့ အခြားဝံပုလွေတွေမှာအမွှေးထူထူရှိကြတယ်လေ၊ သူ့မှာရှိလို့လား။

အရှက်ကတော့ ၊ ဟက် ၊ ဝံပုလွေဘုရင်ရဲ့ဘဝမှာအဲ့လိုစကားလုံးမျိုးမရှိဘူး။

အခုဆိုသူပြန်မွေးဖွားလာပြီ၊ သူလူသားယောင်ဆောင်ပြီးတော့ ခပ်ခွာခွာနေဖို့သင်ယူရမယ်မလား။

လင်ခုံးလုသူ့ကိုမထူးခြားမခြားနားစိုက်ကြည့်လိုက်ပြီး သူ့ရင်ထဲမှာအူမြူးနေပေမဲ့ သူ့မျက်နှာထက်ထုတ်မပြဘဲ ပဟေဠိဖြစ်ချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"ဒါဘယ်နေရာလဲ။ မင်းကဘယ်သူလဲ။ ပြီးတော့ငါကဘာလို့..တွင်းထဲမှာရှိနေတာလဲ။"

ဒါကိုကြားသော် စဲ့ရှီးအာမှာသူ့အဝတ်အစားကိုဆန့်နေသည့်လက်များတောင့်သွားရပြီး သူ့ခန္ဓာကိုယ်ပေါ်ကမြေကြီးများကိုအလိုလိုလှမ်းကြည့်ကာ အနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရသည်။

ဒါပေမဲ့ခဏကြာတော့ သူဟာအရင်ဘဝကလူလိမ်လေးအရူးလုပ်တာခံမည့်အချစ်ရူးဝံပုလွေဘုရင်မဟုတ်တော့မှန်းသဘောပေါက်သွားသည်။ အရင်ဘဝကလူလိမ်လေးရှေ့မှာတိုးတက်လာခဲ့သည့်မသိလိုက်မသိဘာသာတုံ့ပြန်မှုများကအသုံးမဝင်တာမို့ မေ့ပစ်လိုက်သင့်သည်။

အခုဆိုသူကသွေးအေးပြီး အချစ်မရှိတော့။

လူလိမ်လေးကသူ့လက်တွဲဖော်မဟုတ်သဖြင့် သူ့ကိုကြောက်ဖို့မလိုအပ်။

ဒါကိုတွေးမိရင်း စဲ့ရှီးအာရုတ်တရက်ယုံကြည်ချက်ပြန်ရှိလာကာ လက်ပိုက်လျက်တွင်းဆီလျှောက်သွားပြီး လင်ခုံးလုကိုငုံ့ကြည့်ကာ မထူးခြားမခြားနားပြောလိုက်သည်။
"ငါတူးတာ၊ ငါမြှုပ်တာ၊ ဘာဖြစ်လဲ။"

လင်ခုံးလု: ကျွတ်၊ ဒီကလေးပြန်မွေးဖွားလာပြီးနောက်ပိုင်း သူ့မှာစရိုက်ကောင်းရှိလာတာပဲ။

ဒါပေမဲ့ဝံပုလွေပေါက်လေးများကိုဘယ်လိုကောင်းကောင်းမွန်မွန်ကိုင်တွယ်ရမလဲသူသိသည်။ ရန်သူကသန်မာနေရင် ငါကအားနည်းရမယ်။ ရန်သူကအားနည်းရင် ငါသန်မာရမယ်။ တူညီသောစည်းမျဥ်းစည်းကမ်းက ငယ်ရွယ်ပြီးတက်ကြွသောချစ်သူများကိုတိုက်ခိုက်ရာတွင်အသုံးဝင်သည်။

လင်ခုံးလုချက်ချင်းမျက်မှောင်ကြုတ်ကာ နှလုံးသားအောက်ခြေမှပြောလိုက်မိသည်။ "ဘာဖြစ်လို့လဲ။ ငါသေပြီထင်လို့လား။"

ထို့နောက်သူခေါင်းမော့ကာ စဲ့ရှီးအာကိုကြည့်လိုက်ပုံမှာ သူ့ခွန်အားအကုန်ကုန်သွားသည့်အလား၊ သူအားနည်းစွာပြောလိုက်သည်။
"ငါမကြာခင်သေသွားလောက်မယ်လို့ငါလဲခံစားနေရတယ်၊ အချိန်အကြာကြီးသတိလစ်နေပြီးနောက်မှာငါမင်းကိုကြောက်အောင်လုပ်မိသွားလား။"

သေချာတာပေါ့၊ စဲ့ရှီးအာ၏မျက်နှာပြောင်းလဲသွားကာ သူအရင်ကသုံးရက်ကြာသတိလစ်မေ့မြောနေခဲ့ပြီး သုံးရက်လုံးလုံးဘာမှမစားရမသောက်ရသေးမှန်း သူခပ်မြန်မြန်သတိရသွားသည်။ လူတိုင်း.....

စဲ့ရှီးအာ၏နှလုံးသားနစ်မြုပ်သွားရကာ သူ၏စိတ်ပူမှုကိုမဖုံးကွယ်နိုင်လေတော့။

ဒါပေမဲ့သူခုနကအကြင်နာတရားကင်းမဲ့ရန်ကျိန်ဆိုထားမှန်းသတိရသွားကာ သူ့မျက်နှာထားမှာတစ်အောင့်ကြာထူးဆန်းသွားပြီးမှ ဗလုံးဗထွေးအသံဖြင့်ပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့၊ မင်းကဒီတိုင်း...ဗိုက်ဆာပြီးပင်ပန်းနေတာနေမယ်။"

သူပြောရင်း သူ့ပတ်ပတ်လည်ကဧရာမသစ်ပင်အမြင့်ကြီးများကိုအလိုလိုကြည့်ကာ ပစ်မှတ်ကိုအမြန်လိုက်ရှာလိုက်သည်။ အရင်ဆုံး သူသစ်ပင်ဘေးကိုလေရူးပမာပြေးသွားပြီးမှ သစ်ပင်ပင်စည်ပေါ်ကို"ခုန်ခုန်ခုန်"တက်လိုက်ပြီး လှုပ်ရှားမှုအနည်းငယ်အတွင်းမှာသစ်ကိုင်းနှင့်သစ်ရွက်များကြားတွင်ပျောက်ကွယ်သွားတော့သည်။

လင်ခုံးလုခေါင်းမော့ကာ သူပျောက်သွားသည့်ဘက်ကိုအံ့သြတကြီးကြည့်မိလျက် သူ့နှုတ်ခမ်းထောင့်များမှာအလိုလိုကော့တက်သွားသည်။

သေချာတာပေါ့၊ မကောင်းတဲ့စိတ်တန်ဖိုးကမြင့်နေပေမဲ့လည်း ဝံပုလွေများမှာပြောရခက်ပြီးနှလုံးသားနူးညံ့ပျော့ပြောင်းဆဲပင်။

ခဏကြာသော် စဲ့ရှီးအာကအိတ်ကပ်ထဲတွင်ဘယ်ရီသီးတစ်ခိုင်နှင့်အတူ သစ်ပင်ပင်စည်ပေါ်မှလျှောဆင်းလာသည်။

သူလင်ခုံးလုကိုဘယ်ရီသီးများတန်းပေးချင်ပေမဲ့ တစ်ဖက်လူကအသန့်ကြိုက်သည့်အပြင် သူကသူ့လက်နှစ်ဖက်ဖြင့်မြေကြီးတူးထားပြီး သစ်သီးများကိုမဆေးရသေးမှန်းသတိရသွားတော့ သူအလိုလို"ကျွတ်"ခနဲစုတ်သပ်မိကာ ရေကန်ဘက်လှည့်ထွက်သွားလိုက်သည်။

ဧရာမသစ်ရွက်ပင်ကြီးဘေးကဖြတ်သွားချိန်မှာ သူသစ်ရွက်ကြီးတစ်ရွက်ပင်ကောက်လိုက်သည်။

သူရေကန်ဘေးမှာထိုင်ချပြီး သစ်သီးရိုင်းများဆေးရန်ပြင်လိုက်ချိန်မှာ သူရုတ်ခြည်းတောင့်ခဲသွားရပြန်သည်။

သူဘာလုပ်နေတာလဲ။ မင်းဘာလို့အဲ့လူကိုအလိုလိုခစားနေရပြန်တာလဲ.....

စဲ့ရှီးအာအနည်းငယ်စိတ်ပျက်သွားရကာ ဘယ်ရီသီးလေးတစ်လုံးကိုဒေါသတကြီးတောက်ပစ်လိုက်မိပေမဲ့ ထို့နောက်တွေးမိပြန်သည်: ထားလိုက်ပါတော့လေ၊ ဘာပဲဖြစ်ဖြစ် ငါလက်ဆေးရအုံးမှာပဲဟာ၊ ဘယ်ရီသီးကိုတော့လမ်းကြုံဆေးလိုက်တာပေါ့။

သူထိုလူလိမ်လေးအတွက်ဆေးပေးတာမဟုတ်ဘဲ ဒီတိုင်း...ဒီတိုင်းဖြစ်ချင်တော့ သူ့ဘာသာသူစားချင်လာလို့ရယ်။

ဟုတ်တယ်၊ အဲ့လိုပဲ။

လင်ခုံးလုပြုံးကာဖြင့် တစ်စုံတစ်ယောက်၏ဒေါသထွက်နေသောကျောပြင်ကိုကြည့်နေမိသည်။ စဲ့ရှီးအာဆေးကြောထားသောသစ်သီးများကိုသစ်ရွက်ဖြင့်ကိုင်လျက် အနောက်လှည့်လာချိန်မှာ သူချက်ချင်းမျက်နှာထားပြောင်းကာ အားနည်းချင်ယောင်ဆက်ဆောင်လိုက်သည်။

အမှန်တော့ ဟန်ဆောင်စရာမလို၊ ဒီကိုယ်ကBအဆင့်ဆင့်ကဲတိုးတက်လာသူမို့ သုံးရက်ကြာမစားမသောက်ဘဲနေရင် တကယ့်ကိုအနည်းငယ်အားနည်းလာပေသည်။

သူမျက်မှောင်ကြုတ်ထားပြန်တာကိုမြင်လိုက်ရတော့ စဲ့ရှီးအာအလိုလို​ခြေလှမ်းအရှိန်တင်လိုက်မိပေမဲ့ အနားရောက်သွားချိန်မှာ သူသစ်သီးကိုတွင်းအစွန်မှာတင်ပေးကာ အေးစက်စက်ပြောလိုက်သည်။
"စား။"

လင်ခုံးလုအံ့သြချင်ယောင်ဆောင်ကာ ပျော်ရွှင်စွာမေးလိုက်သည်။
"ငါ့အတွက်သီးသန့်ခူးပေးခဲ့တာလား။"

စဲ့ရှီးအာ: ....ဘယ်နေရာကသီးသန့်ဖြစ်နေလို့လဲ။

ဒါပေမဲ့သူလင်ခုံးလုကိုမြင်ရတာတကယ်ပျော်နေတာမို့ ထေ့ငေါ့ပြောဆိုရန်တအားရှက်ရွံ့နေမိသည်။

လင်ခုံးလုသူ့အဖြေကိုမစောင့်ဘဲ အနီရောင်သစ်သီးကိုလှမ်းယူကာကိုက်ချလိုက်သည်။

သစ်သီးမှာအလွန်ချိုပြီး အသားမှာမွှေးပျံ့ကာ အရည််ရွှမ်းပြီးရေငတ်ပြေသည်။

လင်ခုံးလုမနေနိုင်ဘဲမျက်လုံးမှေးစင်းလိုက်မိပြီး မထိန်းနိုင်ဘဲဆက်တိုက်စားမိသည်။

အသားနှင့်အရည်နှစ်မျိုးစလုံးကအနီရောင်မို့ ဒီအခိုက်အတန့်မှာသူ့နှုတ်ခမ်းများကိုပို၍ပင်နီစွေးသွားစေလေရာ သူ့ကိုပို၍ပင်လှပသွားစေသည်။

စဲ့ရှီးအာလည်းသစ်သီးတစ်လုံးယူကာ တစ်ကိုက်ကိုက်လိုက်သည်။ သူ့မျက်လုံးများကသူ့နှုတ်ခမ်းပေါ်မသိလိုက်မသိဘာသာကျရောက်သွားကာ မနေနိုင်ဘဲတွေးလိုက်မိသည်: လူလိမ်လေးရဲ့နှုတ်ခမ်းအရောင်ကသစ်သီးအရောင်နဲ့တစ်ထပ်တည်းပဲ။ သူသာတစ်ကိုက်ကိုက်လိုက်ရင် သစ်သီးလိုချိုနေမှာမဟုတ်လား။

အချိန်အတော်ကြာစိုက်ကြည့်နေမိကြီးနောက် အကြောင်းတချို့ကြောင့် သူ့ပါးစပ်ရုတ်တရက်ခြောက်သွေ့လာပြီး သကြားလုံးမျိုချလိုက်သကဲ့သို့ သစ်သီးကိုသူ့ပါးစပ်ထဲထိုးထည့်လိုက်သည်။

ထိုစဥ် လင်ခုံးလုကခေါင်းမော့ကာ သူ့ကိုအပြုံးလေးဖြင့်ပြောလာသည်။
"အသီးကအရသာရှိတယ်၊ ကျေးဇူးပဲနော်။"

"အာ?" စဲ့ရှီးအာမှာသူ့အပြုံးကြောင့်မျက်စိကျိန်းသွားကာ အသီးနင်လုမတတ်ဖြစ်သွားရသဖြင့် သစ်သီးအူတိုင်ကိုအမြန်ထွေးထုတ်ကာ တောင့်တင်းစွာခေါင်းလှည့်ပြီး ဂနာမငြိမ်သောမျက်ဝန်းတို့ဖြင့်အကြည့်လွှဲလိုက်မိသည်။

သူ့မျက်နှာထားကွဲပြားသွားတာကိုလင်ခုံးလုမြင်လိုက်ပေမဲ့ အကြောင်းရင်းကိုတော့မသိပေ။ တစ်စက္ကန့်တာသံသယဝင်နေပြီးနောက် သူဆက်ပြောလိုက်သည်။
"ငါလှုပ်နိုင်တဲ့ပုံမပေါ်ဘူး၊ မင်းငါ့ကိုဒီတွင်းထဲကကူထုတ်ပေးလို့ရမလားဟင်?"

ကြယ်ရောင်အောက်မှာ သူ့မျက်နှာကတောက်ပကာသန့်ရှင်းနေပြီး သူ့နှုတ်ခမ်းတစ်စုံကအနီရင့်နေလျက် သူ၏ရွှေရောင်ဆံပင်မှာညလေကြောင့်မသိမသာလှုပ်ခတ်သွားပုံမှာ တောအုပ်အနက်ရှိုင်းဆုံးထဲတွင်အချိန်အတော်ကြာနေထိုင်ခဲ့သည့်နတ်သူငယ်လေးပမာ။

ဒါပေမဲ့သူဒီအခိုက်အတန့်မှာဘယ်လောက်သွေးဆောင်နေလိုက်လဲ။

စဲ့ရှီးအာအလိုလိုခေါင်းလှည့်လိုက်မိတော့ သူ့မျက်လုံးများကသူ့နှုတ်ခမ်းပေါ်မသိလိုက်မသိဘာသာကျရောက်သွားလေရာ သူအလျင်စလိုပြန်လှည့်ပြီး ပြတ်သားသောလေသံဖြင့်ပြောလိုက်သည်။
"မကူညီနိုင်ဘူး။"

ဝံပုလွေဘုရင်ကသွေးအေးပြီးတော့ အချစ်မရှိဘူးလို့သူပြောခဲ့သားပဲ။

ဒါပေမဲ့လင်ခုံးလုကမျက်မှောင်အသာကြုတ်ကာ သူ၏ဒဏ်ရာရထားသော​​ခြေထောက်ကိုအနည်းငယ်လှုပ်လိုက်တော့ ချက်ချင်းညည်းလိုက်မိကာ သူ့မျက်နှာဖြူဖျော့သွားရသည်။

စဲ့ရှီးအာခေါင်းအမြန်လှည့်ကြည့်မိပြန်တော့ လင်ခုံးလု၏အသားအရောင်ကနာကျင်မှုကြောင့်ဖြူဖျော့နေပြီး သူ၏ချောမွေ့သောနှဖူးကချွေးစေးပြန်နေမှန်းမြင်လိုက်ရသဖြင့် သူ့နှလုံးသားရုတ်ခြည်းတင်းကြပ်သွားရော့သည်။

လူလိမ်လေးရဲ့ဘယ်လက်မောင်းနှင့်ညာ​ခြေကျိုးသွားပြီးတော့ သူတကယ်မလှုပ်ရှားနိုင်မှန်းသူမှတ်မိသည်။ အရင်ဘဝကသူကိုယ်တိုင်သူ့ကိုကူညီပေးခဲ့တာ....

ထားလိုက်တော့၊ သူတွန့်ဆုတ်ဆုတ်နဲ့ပဲ ထပ်ကူညီလိုက်မယ်။ အဆုံးမှာ ဒီလူကိုကုသပေးတာကသာလျှင် တစ်ဖက်လူကိုသူ့အတွက်အလုပ်လုပ်ပြီး သူ့အသက်ကယ်ကျေးဇူးကိုပြန်ဆပ်ခိုင်းလို့ရမှာလေ။

သူ့လောဂျစ်နှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေသည်ဟုစဲ့ရှီးအာမခံစားရပေရာ ဆိုးဝါးသောမျက်နှာထားဖြင့်ပြောလိုက်သည်။ "ငြိမ်ငြိမ်ထိုင်နေ။"

ပြောပြီးနောက် သူဝါးတစ်ချောင်းသွားခုတ်ကာ ဝါးချောင်းကိုကျောက်ပြားဖြင့်အလယ်မှနေ၍ နှစ်ပိုင်းခွဲလိုက်ပြီး လင်ခုံးလု၏လက်မောင်းနှင့်​ခြေထောက်ကိုတစ်ချောင်းစီချည်ကာပတ်ပေးလိုက်သည်။

ထို့နောက်သူလင်ခုံးလု၏ခါးကိုဆုပ်ကိုင်ကာ သူ့ကိုတွင်းအပြင်သယ်ထုတ်လာလိုက်သည်။

လင်ခုံးလုတစ်ခဏမျှလန့်သွားပေမဲ့ သူမတုံ့ပြန်နိုင်ခင် သူဟာအလွယ်လေးပင့်မခံရကာသူ့ပုခုံးပေါ်အတင်ခံလိုက်ရပြီဖြစ်သည်။

အဆုံးမှာ စဲ့ရှီးအာကSအဆင့်ဆင့်ကဲတိုးတက်လာသောလူသားတစ်ယောက်ဖြစ်ပြီး သူဟာဝံပုလွေအုပ်နှင့်အတူနေထိုင်ကာ နှစ်စဥ်နှစ်တိုင်းအမဲလိုက်ထွက်လေ့ရှိသည်ပင်။ သူကပိန်ပါးပုံပေါက်ပေမဲ့ ကြီးမားသောခွန်အားရှိသည်။

သူလင်ခုံးလု၏ခါးကိုဆုပ်ကိုင်လိုက်တုန်းက သူ့မျက်နှာမှာမနေနိုင်ဘဲနီစွေးသွားရကာ အလိုလိုတွေးလိုက်မိသည်: အရမ်းပိန်ပြီးတော့နူးညံ့တယ်။

သူအလိုလိုအားအနည်းငယ်လျှော့လိုက်မိပုံမှာ သူ့ခါးကိုမတော်တဆချိုးမိသွားမှာစိုးသည့်နှယ်။

လင်ခုံးလုသူ့ပုခုံးပေါ်မှောက်လျက်အသယ်ခံလိုက်ရတော့ သူဝမ်းဗိုက်ရုတ်တရက်နာကျင်လာလေသည်။

ဝံပုလွေပေါက်လေးကတအားပိန်ပေမဲ့ ပုခုံးကတော့မာချက်ပဲ။ ကြွက်သားအပြင်အရိုးပဲရှိမယ်ထင်တယ်။

ပြီးတော့ပုခုံးပေါ်အသယ်ခံလာရပြီးနောက်မှာ သူ့မျက်နှာကအောက်စိုက်နေပြီး သူ့ကိုလှုပ်ခါလျက်မူးဝေသွားစေသည်။

သူစဲ့ရှီးအာ၏ကျောပြင်ကိုအမြန်ပုတ်ကာပြောလိုက်မိသည်။
"ရပ်တော့၊ ငါခေါင်းမူးလာပြီ၊ မင်းမှတ်ထားပေးလို့ရမလား။"

စဲ့ရှီးအာ: "....." သူကရွေးနေသေးတယ်လား။ သူ့ကြည့်ရတာသူ့အခြေအနေကိုနားမလည်တဲ့ပုံပဲ။

"နားထောင်၊ မင်းကိုငါကယ်ခဲ့တာ။ မင်းငါ့အပေါ်အကြွေးတင်နေတယ်။ မင်းကအခုကစပြီးငါ့ကျွန်ပဲ၊ မင်းငါ့အကြွေးကိုပြန်ဆပ်ဖို့အလုပ်လုပ်ရမယ်။" သူအေးစက်စက်အသိပေးလိုက်သည်။

"အင်း၊ ခေါင်းမူးတယ်...." လင်ခုံးလုအားနည်းစွာပြောလိုက်သည်။

စဲ့ရှီးအာ: "...." တကယ်ဒုက္ခပေးတာပဲ။

ကျွန်လေးနေပြန်ကောင်းပြီး သူ့အတွက်အလုပ်လုပ်ပေးရန်အလို့ငှာ သူ့မှာရွေးချယ်စရာမရှိဘဲလင်ခုံးလုကိုအောက်ချပြီး ကျောပိုးပြောင်းသယ်လိုက်ရသည်။

ဒါပေမဲ့သူကျောပိုးလိုက်ချိန်မှာ သူ့ကျောပြင်ကလူလိမ်လေး၏ရင်ဘတ်နှင့်အလွန်နီးကပ်လွန်းလို့ လူလိမ်လေး၏နှလုံးခုန်သံကိုပင်ခံစားလို့ရသည်။

လူလိမ်လေး၏ဝင်လေထွက်လေကလည်းသူ့နားနှင့်နီးကပ်နေပြီး ၎င်းမှာနွေးထွေးလျက် လေရှုထုတ်မှုကသူ့လည်ပင်းကိုအနည်းငယ်ယားယံသွားစေသည်။

စဲ့ရှီးအာမနေနိုင်ဘဲလည်ပင်းကျုံ့လိုက်ချင်မိပြီး သူ့မျက်နှာမှာအနည်းငယ်နီစွေးလျက် သူ့အတွေးများစတင်ပျံ့နှံ့လာသည်---

လူလိမ်လေးကသူနဲ့ကပ်နေပါလား။ ဘာလို့သူနဲ့ဒီလောက်ကပ်မှရမှာလဲ။ အု(ပ်စ်)၊ သူအရင်ကခေါင်းလျှော်ခဲတယ်။ သူလွန်ခဲ့တဲ့နှစ်ရက်တုန်းကတစ်ကြိမ်ပဲအလေးအနက်လျှော်ခဲ့တာရယ်။ သူသန့်ရှင်းအောင်မလျှော်ခဲ့မိတာများလား။

သူ့နားရွက်များတဖြည်းဖြည်းချင်းနီစွေးလာပြန်တာကိုမြင်လိုက်ရတော့ လင်ခုံးလူမနေနိုင်ဘဲလန်းဆန်းကာသိချင်လာသည်။

ငယ်ရွယ်ပြီးရိုးသားဖြူစင်တဲ့ချစ်သူကတကယ်ရှားတယ်။ သူဒီကမ္ဘာမှာအပေါ်ထပ်တက်ပြီးဦးဆောင်နိုင်သလိုခံစားလိုက်ရတယ်၊ သူတစ်ခါလောက်ပဲဖြစ်ဖြစ်အစစ်အမှန်လွှမ်းမိုးချုပ်ကိုင်နိုင်ချင်တာရယ်။

သူစဲ့ရှီးအာ၏နားရွက်များကိုတမင်ဆွဲညှစ်ကာ ပဟေဠိဖြစ်ချင်ယောင်ဆောင်လျက် ပြောလိုက်သည်။
"မင်းနားရွက်တွေအရမ်းနီနေတယ်။"

စဲ့ရှီးအာ: "!"

သူ့နားရွက်များရုတ်တရက်ဆွဲညှစ်ခံလိုက်ရပုံမှာ သူ့သွေးကြောများဆွဲညှစ်ခံလိုက်ရသည့်အလား၊ သူ့တစ်ကိုယ်လုံးရုတ်ခြည်းတောင့်ခဲသွားလေတော့သည်။

"မင်းပူလို့လား။" လင်ခုံးလုအပြုံးလေးဖြင့်မေးလိုက်သည်။
"ငါမင်းကိုယပ်ခတ်ပေးရင်ကော?"

သူပြောရင်း တစ်ဖက်လူ၏နားရွက်များထံသူ့လက်များဖြင့်ရိုက်လိုက်သည်။ လေသိပ်မရဘဲ နားသီးလေးကိုဖြတ်တိုက်သွားပေမဲ့ ယားကျိကျိခံစားချက်ကိုဆောင်ကျဥ်းလာပေသည်။

စဲ့ရှီးအာသူ့နားရွက်များကိုအလျင်စလိုရွှေ့လိုက်မိပြီး ခဏကြာတော့သူစကားလုံးနှစ်လုံးကိုမအောင့်နိုင်တော့ပေ။ "မလုပ်နဲ့၊ ပူတယ်။"

လင်ခုံးလုအပြုံးကိုဖိနှိပ်ကာ ဆက်ပြောလိုက်သည်။
"ဒါနဲ့စကားမစပ်၊ ငါမင်းနာမည်ကိုမသိသေးဘူး၊ ငါမင်းကိုဘယ်လိုခေါ်ရမလဲ။"

စဲ့ရှီးအာမှာအရေးကြီးမေးခွန်းတချို့ကိုကြားလိုက်ရသ​ယောင်ဖြင့် ချက်ချင်းအေးစက်စက်မျက်နှာထားဆင်မြန်းကာ အလေးအနက်ပြောလာသည်။
"ငါ့ကိုဘုရင်(ဝမ်)လို့ခေါ်။"

လင်ခုံးလု: "....."

သူတစ်အောင့်ကြာတွေးလိုက်ပြီးမှ အလေးအနက်ပြောလိုက်သည်။
"ဝမ်လူကြီးမင်းကိုး၊ ငါ့ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။"

စဲ့ရှီးအာ: "....."

သူတစ်အောင့်ကြာအောင့်အီးနေမိပြီးမှ လေသံပြောင်းကာပြောလိုက်သည်။
"ဘုရင်ကြီး(သာ့ဝမ်)။"

လင်ခုံးလု: "...." မင်းကအသက်ငယ်ငယ်လေးနဲ့ လေသံကတော့လေးနက်နေတာပဲ။ မင်းကိုဘေးအိမ်ကဘုရင်အိုကြီးလို့ခေါ်ရင်ကော? ဘုရင်အိုကြီးကဘုရင်ကြီးထက်တစ်ဆင့်ပိုမြင့်တယ်လေ။

နှစ်ယောက်သားမှာအပြန်အလှန်စကားစမြည်စပြောကြသည်။

စဲ့ရှီးအာမှာဖျတ်လတ်မြန်ဆန်ပေမဲ့ လင်ခုံးလု၏ဒဏ်ရာရထားသည့်လက်နှင့်​ခေထောက်ကိုထိမိမှာစိုးလို့ အလိုလိုနှေးချလိုက်သည်။

ထိုသို့ဖြင့် သူတို့ဝံပုလွေများ၏ပိုင်နက်ထဲရောက်လာကြသည်။

စဲ့ရှီးအာကလူသေကောင်ကိုပြန်ခေါ်လာမှန်းမြင်လိုက်ရတော့ ဝံပုလွေအုပ်ကြီးမှာချက်ချင်းအံ့သြသွားကြသည်။ သူတို့အကုန်လုံးခေါင်းမော့ကာ ၎င်းတို့၏အမွှေးထူထူတြိဂံနားရွက်များကိုပင့်လျက် သူတို့ဘုရင်ကိုကြည့်လိုက်ကြသည်။

"အာဝူး---" ဝမ်၊ မင်းဘာလို့သူ့ကိုပြန်ခေါ်လာတာလဲ။

ဝံပုလွေများအနက်တစ်ကောင်ကစတင်အူလိုက်​လေရာ အခြားကောင်များကလိုက်အူကြသည်။

"အာဝူး!" မင်းသဘောကျတဲ့တစ်ယောက်ကိုတွေ့ဖို့ဆိုတာခပ်ရှားရှားပဲ၊ ဝမ်ကသူ့ကိုမြှုပ်ဖို့တွန့်ဆုတ်နေတာလား။

"အာဝူး~" ငါ့အထင်သူစားချင်လို့နေမှာ၊ ရှလွတ်!

လင်ခုံးလုစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့ပေမဲ့ ဟက်စကီးခွေးနှင့်တူသည့်ဒီဝံပုလွေများကိုမြင်လိုက်ရချိန်မှာ မနေနိုင်ဘဲရယ်မောမိဆဲပင်။

သူစဲ့ရှီးအာနောက်မှာရုတ်တရက်ခေါင်းပြူထွက်လာတာကိုမြင်လိုက်ရတော့ ဝံပုလွေအုပ်ကြီးမှာအထိတ်တလန့်နောက်ဆုတ်သွားမိကြသည်။

"အာဝူး!" ကောင်းရော၊ အလောင်းလှည့်စားတာခံလိုက်ရပြီ။

စဲ့ရှီးအာဝံပုလွေတစ်သိုက်ကိုလျစ်လျူရှုပြီး လင်ခုံးလုကိုချောမွေ့ကာသန့်ရှင်းသောကျောက်တုံးကြီးပေါ်တန်းတင်ကာ သူ့ကိုထိုင်စေသည်။

ဒီကျောက်တုံးကသူ၏ပလ္လင်ဖြစ်ပြီး အခုတော့ ၊ ကျွတ် ၊ လူလိမ်လေးကိုထိုင်ခိုင်းလိုက်ရပြီ။

အရာအားလုံးက လူလိမ်လေးသူ့ခန္ဓာကိုယ်ကိုအမြန်ဆုံးဂရုစိုက်ပြီး သူ့ကျွန်ဖြစ်ကာ အလုပ်လုပ်ဖို့ဖြစ်သည်!

ထိုအချိန်ကျရင် သူလူလိမ်လေးကိုသူ့အတွက်ပလ္လင်အသစ်ဆယ့်ခုနစ်ခု ဆယ့်ရှစ်ခုလုပ်ခိုင်းမည်ဟု စဲ့ရှီးအာတိတ်တခိုးကြုံးဝါးလိုက်သည်။

ဒီမြင်ကွင်းကိုမြင်သော် ဝံပုလွေများအကုန်ရှော့ခ်ရသွားကြသည်။

ဟုန်ဝေ(အမြှီးနီ)ကား အမြှီးထိပ်ဖျားမှာအနီရောင်အမွှေးစုအနည်းငယ်ရှိသည့်ငယ်ရွယ်သောဝံပုလွေဖြစ်သည်။ ၎င်းကအမဲလိုက်ရာတွင်အလွန်သန်မာပြီးခက်ထန်ကာ စဲ့ရှီးအာနှင့်အလွန်ထင်ပေါ်လှသည်။

၎င်းမှာသတ္တိအရှိဆုံးဖြစ်ပြီး ပထမဆုံးပလ္လင်နားကပ်လာကာ အဖြေရှာချင်နေလေသည်။

ထိုစဥ် လင်ခုံးလုကစဲ့ရှီးအာကိုပြုံးပြကာပြောလိုက်သည်။
"ကျေးဇူးပါ၊ ဘုရင်! ကြီး!"

စဲ့ရှီးအာအနည်းငယ်ရှက်သွေးဖြာသွားပြီး သူ"ဘုရင်ကြီး"ဟုခေါ်လိုက်ချိန်မှာ သူ့လေသံကအနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသည်။ ဒါပေမဲ့ဘာကထူးဆန်းမှန်းသူမပြောနိုင်ဘဲ သူ့ရင်ထဲမှာယားကျိကျိဖြစ်သွားခဲ့သည်။

ဒါပေမဲ့ဟုန်ဝေမှာတော့အလန့်တကြားအနောက်ခုန်သွားကာ ရှော့ခ်ရစွာအော်လိုက်မိသည်။ "အသက်ရှိနေတယ်၊ တကယ်အသက်ရှင်နေတာ!"

"ဘာရယ်? မဖြစ်နိုင်ပါဘူး။ ငါအနံ့ခံခဲ့တယ်။ သူသေပါပြီဆို။"

"ဒါပေမဲ့သူစကားပြောနေပြီးတော့ သေရွာကပြန်လာတယ်လေ။"

"ငါမြင်တယ်၊ နတ်ဘုရားပဲ၊ ဝံပုလွေနတ်ဘုရားပဲ!"

"အမှန်ပဲ၊ သူကဝမ်လိုပဲကောင်းကင်ပေါ်ကဆင်းသက်လာခဲ့တာ။ နတ်သက်ကြွေလာတဲ့ဝံပုလွေနတ်ဘုရားဖြစ်မယ်။ ဝံပုလွေနတ်ဘုရားကသာဘုရင်ဖြစ်ဖို့ထိုက်တန်တယ်။"

"ငါသိတာကတော့ ဘုရင်ကဒီလောက်ခွန်အားကြီးရင် သူ့လက်တွဲဖော်ကသာမန်ထက်ပိုမှာပဲ။"

"ဟုတ်တယ်၊ ဘုရင်ဖြစ်ဖို့ထိုက်တန်တယ်!"

"ထင်ထားတဲ့အတိုင်းပဲ၊ လူတိုင်းပဲ ဝံပုလွေနတ်ဘုရားကိုလာပူဇော်ကြဟေ့!"

ခဏကြာသော် ဝံပုလွေများမှာတောင်ထွတ်နှင့်မြေပြန့်လွင်ပြင်များတွင်ဆွဲဆွဲငင်ငင်အူလိုက်ကြပြီး တစ်ကောင်ပြီးတစ်ကောင်အူနေကြသဖြင့် အဝေးတစ်နေရာကအခုပဲအိပ်ဖို့ပြင်နေသည့်တိရစ္ဆာန်ငယ်လေးများကိုတုန်ခိုက်ကာ တစ်ညလုံးထွက်ပြေးသွားစေလေတော့သည်။

ပြောစရာမလိုဘဲ ဟုန်ဝေကအရင်ဆုံးရှေ့​ခြေဖဝါးတို့ဖြင့်ဒူးထောက်ချကာ လင်ခုံးလုထံအူလာသည်။

ဒါကိုမြင်သော် အခြားဝံပုလွေများကတစ်ကောင်ပြီးတစ်ကောင်လိုက်အူကြသည်။

လင်ခုံးလုကြက်သေသေသွားရသည်။ ဘာဖြစ်ကုန်တာလဲ၊ အရင်ဘဝကဒီလိုမဖြစ်ခဲ့ပါဘူး။

စဲ့ရှီးအာရှက်ရွံ့သွားရကာ ဟုန်ဝေ၏နှဖူးကိုသူ့လက်ဖြင့်ဖြတ်ရိုက်ကာ ဒေါသတကြီးပြောလိုက်သည်။
"ဝေးဝေးသွား။"

ဟုန်ဝေမှာကြောက်သွားပြီး သူ့နားရွက်များမှာသူ့ခေါင်းနောက်ဆီကပ်သွားလျက် စိတ်ပျက်လက်ပျက်ဖြင့်ခပ်သုတ်သုတ်ထွက်သွားတော့သည်။

ဒါကိုမြင်သော် အခြားဝံပုလွေများအအူရပ်သွားကြသည်။

စဲ့ရှီးအာအခုပဲသစ်ရွက်ကြီးအနည်းငယ်ကောက်ကာ လင်ခုံးလုထံပစ်ပေးပြီး မာထန်သောမျက်နှာပေးဖြင့်ပြောလိုက်သည်။
"မြန်မြန်အိပ်တော့။"

လင်ခုံးလု: "....." မင်းဝံပုလွေတစ်ကောင်ကိုအူပြီးထိန်းကျောင်းတဲ့ပုံစံကတကယ်တော့ချစ်စရာလေးပဲ။

_______