အပိုင်း ၂၁၀ ( Demon Sect Leader 12 )
Viewers 42k

ကံကောင်းတာကတော့ သူ့ရဲ့ လက်ရှိဇာတ်ကောင်က အတိတ်မေ့နေတဲ့ သခင်ကျင်းပဲ!


ယန်ကျင်းဇီသည် ယန်ရှိူ့ကို ကြည့်လိုက်သည် : “ အားရှိူ့၊ ငါ့ဘေးနားမှာ ထိုင်! ”


အခြားအရိပ်သက်တော်စောင့်များကို အေးစက်စွာ ကြည့်နေသော ယန်ရှိူ့သည် ယန်ကျင်းဇီထံသို့ ချက်ချင်း သွားကာ ထိုင်သည် : “ ကျင်းဇီ ” 


“ အားရှိူ့၊ အတူစားရအောင်။ ” ယန်ကျင်းဇီက ပြုံးနေသည်။


“ ကောင်းပြီ။ ” ယန်ရှိူ့ ပြန်ဖြေကာ ယန်ကျင်းဇီရှေ့ရှိ စားစရာကို သူ့ကိုယ်ပိုင်နှင့် လဲလှယ်လိုက်သည်။ 


ကျန်အရာများကိုမူ… သူ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားပြီး စားပစ်တယ်၊ သခင့်ကို စားခွင့်မပေးဘူး!


ယန်ရှိူ့သည် လျင်မြန်စွာ စားကာ ပတ်ဝန်းကျင်ရှိ အရိပ်သက်တော်စောင့်များကို ဂုဏ်ယူစွာဖြင့် စစ်ဆေးလိုက်သည်။ 


စိတ်မကောင်းစရာမှာ သူသည် တစ်နှစ်ပတ်လုံး အမူအရာကင်းမဲ့နေပြီး အရိပ်သက်တော်စောင့်များက အလွန်နှေးကွေးကြရာ မည်သူကမှ သူ၏ ဝင့်ကြွားမှုကို သတိမပြုမိကြချေ။ သူတို့ထဲမှ တစ်ဦးက ပြောသည် : “ သခင်လေးက ဒါတွေ စားရတာ ကြိုက်တာကိုး။ အနာဂတ်မှာ ကျွန်တော် ပိုဝယ်လာခဲ့မယ်။ ” 


ယန်ကျင်းဇီသည် အခြေအနေကို သတိပြုမိပြီး အနည်းငယ် ရယ်ချင်သွားသည်။ 


ယခင်က နတ်ဆိုးဂိုဏ်းတွင် ယန်ရှိူ့သည် မျက်နှာဖုံးကို အမြဲဝတ်ဆင်ထားခဲ့ပြီး ယန်ရှိူ့၏ ခံစားချက်များကို သူ မြင်ရရန် မလွယ်ကူခဲ့ချေ။ ယခုမူကား…ယန်ရှိူ့က သူ့ကို ဟိုယခင်ကတည်းက သဘောကျခဲ့သည်ကို သိရှိပြီးနောက် သူသည် ယန်ရှိူ့၏ ခံစားချက်များစွာကို ရုတ်တရက် မြင်တွေ့နိုင်ခဲ့သည်။ 


သူ ၎င်းကို တွေ့မြင်ပြီးနောက်... သူသည် ၎င်းက အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။ 


ယန်ရှိူ့က တခြားသူတွေ သူ့အတွက် ဝယ်လာတဲ့ မနက်စာတွေ အကုန်လုံးကို စားပြီး သူ မစားရအောင်လို့ ကြိုးစားနေတာလား? ယန်ရှိူ့ အလွန်အကျွံ စားမိပြီး ဗိုက်ထဲတွင် အဆင်မပြေဖြစ်မည်ကို ကာကွယ်ရန်အတွက် ယန်ကျင်းဇီသည် ယန်ရှိူ့ သူ့အတွက် ပြင်ဆင်လာသော မနက်စာကို လျင်မြန်စွာ စားလိုက်သည် : “ ငါ ဗိုက်ပြည့်ပြီ။ ” 


ယန်ရှိူ့သည် သူ့လက်ထဲရှိ ကျန်နေသော ပေါက်စီတစ်ဝက်ကို စားလိုက်၏ : “ ငါလည်း ဗိုက်ပြည့်ပြီ! ” 


မနက်စာစားပြီးနောက် ယန်ကျင်းဇီသည် လှည်းရထားထဲသို့ ဝင်လိုက်သည်။ 


ယန်ရှိူ့အပါအဝင် အရိပ်သက်တော်စောင့်များ အားလုံးသည် မြင်းစီးကြသော်ငြား သူက လှည်းစီးသည်။ အရိပ်သက်တော်စောင့်များက သူဟာ အထူးအားနည်းသည်ဟု အမြဲခံစားရပြီး သူ့ကို မြင်းမစီးခိုင်းရဲကြချေ။


သေချာတာပေါ့၊ သူလည်း လှည်းစီးရသည်ကို သဘောကျသည်... သူသည် အပြင်ဘက်တွင် နေပူ၊မိုးရွာခံရသည်ကို သဘောမကျပေ။


ထို့အပြင် သူတို့ နတ်ဆိုးဂိုဏ်းထဲတွင် ရှိနေစဥ်အတောအတွင်း အရိပ်သက်တော်စောင့်များသည် အများအားဖြင့် မျက်နှာဖုံးများ တပ်ထားကြပြီး ယန်ရှိူ့ကလည်း မျက်နှာဖုံးတစ်ခုကို အမြဲဝတ်ဆင်ထားသည်။ မည်သူကမှ သူတို့ကို မသိကြသော်လည်း လူအများအပြားက သူ့မျက်နှာကို သိကြသည်။ ယခု သူတို့က နတ်ဆိုးဂိုဏ်း တည်နေရာနှင့် မဝေးကွာသေးရာ ဂရုစိုက်ခြင်းက ပိုကောင်းသည်။ 


သို့သော် သူတို့သည် ကျန်းနန်ရှိ လျန်ကျိုးစီရင်စုသို့ ရောက်သောအခါ စိတ်ပူစရာ မလိုတော့ပေ။ 


နတ်ဆိုးဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ၊ အဲ့နေရာက ကျန်းနန်၊ ဘယ်သူက သူ့ကို မှတ်မိနိုင်မှာလဲ?


ယန်ကျင်းဇီသည် လှည်းထဲသို့ ဝင်ပြီး လှည်း၏ ခွေးခြေခုံကို ဂွမ်းကပ်များနှင့် ဖုံးလွှမ်းထားကြောင်း တွေ့လိုက်ရသည်။ 


သူနှင့် လှည်းအတူစီးသည့် အစေခံမိန်းမပျိုနှစ်ဦးက သူ့ထံတွင် ချီးမွမ်းမှုကိုလည်း တောင်းခံလာခဲ့သည် : “ သခင်ကျင်း၊ မနေ့ညက ပင်ပန်းထားတယ်။ ပိုပြီးနူးညံ့တဲ့ နေရာမှာ ထိုင်ရတာ ပိုကောင်းပါတယ်။ “


ယန်ကျင်းဇီ : “ ... ” 


ယန်ကျင်းဇီ လှည်းအပြင်ကို ကြည့်လိုက်သည်၊ ယန်ရှိူ့က အားမာန်အပြည့်ဖြင့် ဤအချိန်တွင် မြင်းပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။


“ အားရှိူ့၊ မင်း လှည်းထဲဝင်ပြီး ငါနဲ့ စကားပြောနိုင်မလား? ” ယန်ကျင်းဇီ မေးလိုက်သည်။ 


ယန်ရှိူ့သည် တုံ့ဆိုင်းမှုမရှိဘဲ လှည်းထဲသို့ ဝင်လာသည် : “ ကျင်းဇီ၊ မင်း ဘာပြောမလို့လဲ? ”


“ ငါတို့ အရင်တုန်းက ကိစ္စတွေအကြောင်းကို စကားစမြည် ဆွေးနွေးပြောဆိုရုံပါပဲ။ ” ယန်ကျင်းဇီသည် ဘေးသို့ဖယ်ကာ ယန်ရှိူ့ကို ထိုင်စေသည်။ 


ယန်ရှိူ့ဟာ မနေ့ညက နှစ်နာရီကြာအောင် သူ့ထံ၌ လူးလှိမ့်ခံခဲ့ရပြီး မြင်းမစီးခြင်းက ပိုမိုကောင်းမွန်မည်ပင်။ 


“ ကောင်းပြီ။ “ ယန်ရှိူ့ သဘောတူလိုက်သည်။ သူသည် ယန်ကျင်းဇီဘေးတွင် ထိုင်နေသော်လည်း မည်သည့်အကြောင်း ပြောရမည်ကို မသိဘဲ နောက်ဆုံးတွင် ပြောလိုက်မိသည် : “ မင်းရဲ့ လက်မောင်းတွေ ကျဥ်နေလား? ငါ မင်းလက်ကို နှိပ်ပေးရမလား? ” သူသည် မနေ့က ညတဝက်တာလုံး ယန်ကျင်းဇီ၏ လက်မောင်းပေါ်တွင် အိပ်ခဲ့သည်။ 


“ မကျဥ်ပါဘူး၊ ဒါပေမယ့် ငါ မင်းကို နှိပ်ပေးစေချင်တယ်။ “ ယန်ကျင်းဇီ ရယ်မောလိုက်သည်။


ယန်ရှိူ့၏ လက်မှာ တုန်ရီသွားပြီးနောက် ယန်ကျင်းဇီ၏ လက်မောင်းကို ချက်ချင်း ဆွဲယူလိုက်၏။


အစေခံမိန်းမပျိုနှစ်ဦးသည် ထပ်မံဆွံ့အသွားကြပြန်သည် — တကယ်ပဲ ဘာတွေဖြစ်နေတာလဲ? နှိပ်ချင်တယ်ဆိုရင်တောင် ခါးကို နှိပ်သင့်တယ်လေ၊ ဟုတ်တယ်မလား? ဘာလို့ လက်မောင်းတွေကို နှိပ်တာလဲ?


“ အားရှိူ့၊ မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲ။ ” ယန်ကျင်းဇီသည် လမ်းတလျှောက်တွင် ယန်ရှိူ့နှင့်ပတ်သက်ပြီး ကြွားဝါနေခဲ့သည်။ 


အပြင်ဘက်တွင် လှည်းမောင်းနေသော အရိပ်သက်တော်စောင့်နှင့် လှည်းအောက်တွင် ပုန်းခိုနေသော အရိပ်သက်‌တော်စောင့်တို့ နှစ်ဦးစလုံးသည် ယန်ကျင်းဇီ၏ စကားများကို ကြားကြပြီး အနည်းငယ် ချဥ်တူးသကဲ့သို့ ခံစားလိုက်ကြရသည်။ 


သူတို့လည်း သူ့လက်မောင်းများကို နှိပ်ပေးနိုင်သည်။ ဘာလို့ သခင်က သူတို့ကို မလုပ်ခိုင်းတာလဲ?


သူတို့ စိတ်ဓာတ်ကျသွားသည်။ သို့သော် ယန်ကျင်းဇီသည်လည်း ထပ်တူညီစွာပင် စိတ်ဓာတ်ကျနေသည်။ 


ဤအရိပ်သက်တော်စောင့်များ တစ်ဦးချင်းစီနှင့် သူတို့တိုင်းက သူ့လှည်း၏ အမိုးပေါ်တွင် လှဲရရန်ကို မစောင့်နိုင်ကြချေ။ သူသည် သူ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကိုပင် ဆုံးရှုံးရမတတ်ပင်။


မူလက ယန်ကျင်းဇီသည် ဖြေးညှင်းစွာ ခရီးဆက်ပြီး လမ်းတွင် ပျော်ပျော်နေရန် ရည်ရွယ်ခဲ့သော်ငြား ယခုမူ သူသည် အမြန်သာ သွားချင်တော့သည်။ 


လျန်ကျိုးစီရင်စုသို့ သူတို့ ရောက်သောအခါ သူသည် ဤအရိပ်သက်တော်စောင့်များ အလုပ်ရှုပ်အောင် အလုပ်အနည်းငယ် ပိုမိုစီစဥ်ပေးမည်။ အဲ့ဒါမှ သူတို့က သူ့ကို စိုက်ကြည့်နေဖို့ အချိန်မရှိတော့မှာ!


လှည်းဟာ အနည်းငယ် လှုပ်ခါနေသည်။ သို့ရာတွင် ခုံများကို ဂွမ်းကပ်များနှင့် အုပ်ထားရာ ၎င်းက လူများကို များစွာ ခံစားရပိုကောင်းစေသည်…


ယန်ကျင်းဇီသည် ယန်ရှိူ့ကို လှည်းထဲတွင် စကားပြောဆိုရန် ခေါ်ထားခဲ့ပြီး တစ်ရက်တာ အနားယူပြီးနောက် မှောင်လာသောအခါ သူတို့သည် ရွာတစ်ရွာထဲတွင် ရပ်နားခဲ့သည်။


အရိပ်သက်တော်စောင့်များသည် ရွာထဲတွင် အိမ်တစ်လုံးကို ငှားရန် ငွေသုံးခဲ့ပြီး ယန်ရှိူ့သည် ယန်ကျင်းဇီ နေထိုင်ရန် အခန်းကို အပြေးအလွှား သွားပြင်ဆင်သည်။ ထို့နောက် သူသည် ယန်ကျင်းဇီကို အိမ်ထဲတွင် နားနေစေကာ ဤအချိန်တွင် သူက ရေသယ်ပြီး မနေ့ညမှ အိပ်ရာခင်းများကို စတင်လျှော်ဖွပ်သည်။ 


ယန်ကျင်းဇီသည် သူဟာ တကယ်ပင် လုံလုံလောက်လောက် အလုပ်မကြိုးစားနေသည်ဟု ခံစားရသည်။ ယန်ရှိူ့က တနေ့လုံး အလွန်အင်အားပြည့်ဝနေပြီး အခြေချပြီးနောက်တွင်ပင် သူက အိပ်ရာခင်းများကို လျှော်ရန် ပြေးသွားဆဲဖြစ်သည်။ 


သို့သော် အစေခံမိန်းမပျိုနှစ်ဦးမှာ ယန်ကျင်းဇီ ကို အလွန်အားကျနေသည် : “ သခင်ကျင်းကို သခင်လေးက တကယ် ချစ်တယ်။ ” ဘယ်လိုလုပ် သာမန်ယောကျာ်းတွေက ဒီလိုကိစ္စတွေကို လုပ်နိုင်မှာလဲ? သူတို့၏ ဇနီးက ကလေးမီးဖွားခဲ့ပြီး အိပ်ရာခင်းများကို ညစ်ပေစေခဲ့ကာ သူတို့သည် ၎င်းကို ကူညီလျှော်ဖွပ်ရန် ဆန္ဒမရှိဘဲ မီးဖွားပြီးခါစ ဇနီးကိုပင် ပြန်လည်လျှော်ဖွပ်ခိုင်းခဲ့သည်။ 


“ သခင်လေးက ငါ့ကို အချစ်ဆုံးပဲ။ ” ယန်ကျင်းဇီ ရယ်မောလိုက်သည်။ သို့သော် သူ စကားပြောပြီးသည်နှင့်တပြိုင်နက် အရိပ်သက်တော်စောင့်တစ်ဦး ပေါ်လာသည် : “ သခင်ကျင်း၊ လျှော်စရာအဝတ် ရှိလား? ကျွန်တော် မင်းအတွက် လျှော်ပေးရမလား? ” 


“ သခင်ကျင်း၊ ကျွန်တော် မင်းကို ကူညီပြီးစောင်လျှော်ပေးနိုင်ပါတယ်။ ” 


“ ကျွန်တော်လည်း လျှော်နိုင်တယ်! ”


...



ယန်ကျင်းဇီသည် သူတို့ကို တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆိုခဲ့သည်။ 


ဤအချိန်တွင် အစေခံမိန်းမပျိုနှစ်ဦးသည် ယန်ကျင်းဇီကို အလွန်အံ့အားသင့်စွာဖြင့် စတင်ကြည့်ရှုနေကြပြီဖြစ်သည်။


ဤသခင်လေးကျင်းမှာ သူတို့၏ အမြင်ထဲတွင် ကြည့်ကောင်းသော်လည်း သူက ထိပ်တန်းတော့ မဟုတ်ချေ။ ဘာလို့ သက်တော်စောင့်တွေက တစ်ယောက်ပြီးတစ်ယောက် သခင်ကျင်းကို လာဖားနေတာလဲ? 


သိကြတဲ့အတိုင်း ဒါက ယောကျာ်းတစ်ယောက်လေ!


လောကကြီး ပြောင်းလဲသွားပြီလား? အခု အမျိုးသားတွေက အမျိုးသားတွေကိုပဲ ကြိုက်ကြတော့တာလား?


ပြီးတော့ ဒီသက်တော်စောင့်တွေက နည်းနည်းလေး အတင့်ရဲမနေကြဘူးလား? သခင်လေးကျင်းက ယန်သခင်လေးရဲ့လူ၊ သူတို့က သူ့ကို အဝတ်အစားတွေကိုတောင် ကူလျှော်ချင်နေကြတယ်!


ယန်ကျင်းဇီသည် အစေခံမိန်းမပျိုနှစ်ဦး၏ မျက်လုံးထဲတွင်တော့ သူဟာ လူများစွာကို ပြုစားထားသည့် ကပ်ဘေးသယ်ဆောင်လာသော အလှလေးတစ်ဦး ဖြစ်နေပြီမှန်း မသိရှာပေ။ 


ထိုညတွင် သူသည် ယန်ရှိူ့ကို ပွေ့ဖက်ကာ အလုပ်ကြိုးစားခဲ့သည်။ 


ထို့နောက် နောက်တစ်နေ့တွင် သူသည် ယန်ရှိူ့က ပိုမိုအားအင်ပြည့်ဝနေပြီး အရာရာတိုင်းအတွက် စိတ်အားထက်သန်မှုများ ပြည့်ဝနေသည်ကို တွေ့ရှိခဲ့ရသည်။


သိုင်းပညာရှင် ပီသတယ်၊ သူရဲ့ ခန္တာကိုယ်ခွန်အားက တကယ် ကောင်းတာပဲ!


ယန်ကျင်းဇီသည် ယန်ရှိူ့ကို ပွေ့ဖက်ပြီး ညစဥ်ညတိုင်း ကခုန်ခဲ့သည်။ အချိန်ကုန်ဆုံးသွားပြီး များမကြာမီ သူတို့သည် လျန်ကျိုးစီရင်စုသို့ ရောက်ရှိခဲ့သည်။ 


လျန်ကျိုးစီရင်စုတွင် သိုင်းဂိုဏ်းများ မရှိချေ။ သာမန်လူများစွာသာ ရှိပြီး လူတိုင်း၏ ဘဝမှာ အများအားဖြင့် ချမ်းသာကြွယ်ဝကြကာ လမ်းများမှာ အလွန်သက်ဝင်လှုပ်ရှားနေသည်။ 


ဤနေရာရှိ ဗိသုကာနှင့် ဓလေ့ထုံးထမ်းများမှာ နတ်ဆိုးဂိုဏ်းတည်ရှိရာ မြောက်ပိုင်းနှင့် အလွန်ကွဲပြားသည်။ မြို့ထဲဝင်သည့်အချိန်မှစ၍ အရိပ်သက်တော်စောင့်များသည် စိတ်ပါဝင်စားနေကြပြီး သူတို့သည် ယန်ကျင်းဇီကို အာရုံသိပ်မရှိကြတော့ချေ။


ယန်ကျင်းဇီသည် ဤသည်ကို အလွန်စိတ်ကျေနပ်သည်။ သူသည် လှည်းထဲတွင် ထိုင်နေပြီး ယန်ရှိူ့ကို မှီကာ အိပ်ချင်ယောင်ဆောင်နေသည်။ သို့ရာတွင် တကယ်တော့ သူဟာ တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။


“ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း” ကို အဆင့်ရှစ်အထိ သူ လေ့ကျင့်ပြီးနောက် သူ၏ အတွင်းအားမှာ ထပ်မံမတိုးတက်တော့ပေ။ ယခု သူသည် ဆက်လက်လေ့ကျင့်ရန်အတွက် အဆင့်ကိုးကို လေ့လာချင်သည်။ 


အတွင်းအားကျင့်ကြံခြင်း အသစ်စက်စက် နည်းလမ်းတစ်ခုကို ဖန်တီးရန်မှာ မလွယ်ကူချေ။ သို့ရာတွင် ယန်ကျင်းဇီသည် သူ့ကိုယ်သူ ယုံကြည်မှုရှိ‌နေဆဲဖြစ်သည်။ 


တခြားသူများသည် အဆင့်တစ်မှ ရှစ်အထိ ပြုလုပ်နိုင်ခဲ့ပြီး သူသည် အဆင့်ကိုး၊ အဆင့်တစ်ဆယ် သို့မဟုတ် အဆင့်ဆယ့်တစ်နှင့် ဆယ့်နှစ်အထိပင် သေချာပေါက် လုပ်‌ဆောင်နိုင်သည်။ 


မည်သို့လုပ်ရမည် ဆိုသည့်အတွက်မူ… သေချာတာပေါ့၊ သူ စမ်းသပ်ဖို့လိုတယ်!


လူအများစုသည် သူတို့၏ အတွင်းအားများကို သူတို့ခန္တာကိုယ်ထဲတွင်‌ လျှောက်သွားခိုင်းလျှင် သေချာပေါက် ပြဿနာရှိမည်ဖြစ်ပြီး ချီဖောက်ပြန်ရန် လွယ်ကူသည်။ သို့သော် ယန်ကျင်းဇီသည် အမှန်တကယ် မကြောက်ပေ။


သူ၏ အတွင်းအားထိန်းချုပ်မှုမှာ သန်မာလွန်းပြီး သူသည် တစ်ခုခုမှားနေမှန်း ရှာတွေ့လျှင် သူ၏ ရှုပ်ထွေးနေသော အတွင်းအားကို လမ်းမှန်သို့ ရောက်အောင် ချက်ချင်း ပြန်ဆွဲနိုင်သည်။ ထို့ကြောင့် သူသည် တစ်ခုခုဖြစ်မည်ကို စိတ်ပူစရာမလိုပေ။


ယန်ရှိူ့ ရှာတွေ့သွားလျှင်ပင်… ယန်ရှိူ့ဟာ သူ့ခန္တာကိုယ်ထဲရှိ လျှောက်သွားနေသော အတွင်းအားက တစ်ခုခုမှားနေသည်ဟုသာ တွေးလိမ့်မည်ဖြစ်သည်။ 


ယန်ကျင်းဇီသည် အလွန်အေးဆေးနေသော်လည်း သူ မှီနေသော ယန်ရှိူ့မှာမူ ပိုပြီး စိတ်ဖိစီးလာကာ သူ၏ ကြွက်သားများမှာ တောင့်တင်းလာသည်။ 


သူတို့သည် လျန်ကျိုးစီရင်စုသို့ ရောက်ရှိနေပြီဖြစ်ပြီး အခြားသူများက သခင့်ကို သူ၏ ကိုယ်ပိုင်အထောက်အထားနှင့်ပတ်သက်ပြီး သေချာပေါက် ပြောပြကြလိမ့်မည်ပင်။


ယခင်နေ့ရက်များမှာ သူ့ဘဝ၏ အပျော်ဆုံးနေ့ရက်များ ဖြစ်သည်။ 


သူတို့ကို အမြဲနှောင့်ယှက်နေသော တခြားအရိပ်သက်တော်စောင့်များ ရှိသော်ငြား သခင်က သူနှင့် မခွဲမခွာရှိကာ သူတို့သည် အမြဲအတူရှိပြီး ညစဥ်ညတိုင်း ချစ်ခင်ကြသည်။ ဤသည်မှာ သူ တွေးပင် မတွေးရဲခဲ့သော ဘဝ ဖြစ်သည်။ 


ယခုမူကား ဤအရာအားလုံး အဆုံးသတ်တော့မည်ပင်။


သခင်က အတိတ်မေ့နေရင်တောင်မှ သူရဲ့အထောက်အထားကို သိပြီးသွားရင် သူနဲ့ အတူထပ်ရှိချင်တော့မှာ မဟုတ်မှန်း သေချာတယ်!


ယခု သူသည် သခင့်ကို မှတ်ဉာဏ်ပြန်မရရှိစေချင်ရုံသာမက သခင့်ကို အတိတ်မှ အရာရာတိုင်းကိုလည်း မသိရှိစေချင်ပေ။ ဥပမာအားဖြင့် သူသည် အခြားအရိပ်သက်တော်စောင့်များနှင့် အမှန်တကယ်ပင် မကွဲပြားဘဲ သူတို့ဟာ သူတို့၏ သခင့်ကို ကာကွယ်ရန် တာဝန်ရှိသော လူများသာ ဖြစ်သည်။   


သူ့တွင် ဤကဲ့သို့သော သစ္စာမဲ့သည့် အတွေး မရှိသင့်သော်ငြား သူ ၎င်းကို မထိန်းချုပ်နိုင်ပေ။ 


ဤသို့ပျော်ရွှင်ဖွယ်ဘဝကို သူသည် လက်မလွှတ်ပေးချင်ဘဲ ၎င်းကို အချိန်အကြာ့အကြာကြီး တည်ရှိနေစေချင်သည်။


သူသည် သူ့သခင်ကို အခြားသူများထံမှပင် အဝေးသို့ ခေါ်ဆောင်သွားချင်သည်။  


သို့သော်လည်း ဤသည်က အလုပ်မဖြစ်ချေ။


ယခုအခါ သခင့်တွင် အတွင်းအားမရှိပေ။ သူတစ်ဦးတည်းသာဆိုလျှင် သူက သခင့်ကို မကာကွယ်နိုင်မည်အား သူ စိုးရိမ်သည်။ 


ဒါဆို သူ ဘာလုပ်သင့်လဲ?


“ကုန်သည်ယာဥ်တန်း”က စံအိမ်တစ်ခု၏ ဝင်ပေါက်တွင် ရပ်တန့်သွားပြီး ယန်ရှိူ့သည် သူ့ရင်ခွင်ထဲရှိ နိုးလာပုံရသော ယန်ကျင်းဇီကို ကြည့်ကာ လက်ဆန့်ထုတ်ပြီး ယန်ကျင်းဇီ၏ အိပ်ပျော်စေသော အပ်စိုက်အမှတ်ကို နှိပ်လိုက်သည်။


ယန်ကျင်းဇီ အံ့အားသင့်သွားသည်။ 


ယန်ရှိူ့က သူ့ကို အမှန်တကယ် သဘောကျမှန်း ရှာတွေ့ပြီးနောက် သူသည် ယန်ရှိူ့၏ သူ့အတွက် ခံစားချက်များကို ပိုပိုပြီး တွေ့မြင်လာနိုင်ခဲ့သည်။ 


သူက ယန်ရှိူ့ကို ပေါ့ပေါ့ပါးပါး နမ်းလိုက်ပြီး ယန်ရှိူ့က နေ့တစ်ဝက်ကြာအောင် ပျော်ရွှင်နိုင်သည်။ ယန်ရှိူ့က သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်သည်မှာ သိသာထင်ရှားပြီး အရာရာတိုင်းတွင်လည်း သူ့ကို ဦးစားပေးသည်။


ယုတ္တိကျကျ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ယန်ရှိူ့က ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ သူ့ကို သစ္စာဖောက်မည်မဟုတ်ချေ။


ရလဒ်ကမူ... ယန်ရှိူ့က သူ့ရဲ့ အိပ်ပျော်စေတဲ့အမှတ်ကို နှိပ်လိုက်တယ်လား? 


ယန်ရှိူ့က တကယ်ပဲ ဘာလုပ်ချင်တာလဲ?


ယန်ကျင်းဇီသည် အနည်းငယ် သိချင်သွားပြီး စတင်၍ အိပ်ချင်ယောင်ဆောင်လိုက်တော့သည်။ 


အဘယ်ကြောင့် သူက အိပ်ချင်ယောင်ဆောင်ရသည့်အတွက်မူ... ၎င်းက အနည်းငယ် ကသိကအောင့်ဖြစ်စရာပင်။ ယန်ရှိူ့က သူ၏ အိပ်ပျော်စေသော အပ်စိုက်အမှတ်ကို နှိပ်ချိန်တွင် သူသည် သူ၏ အတွင်းအားကို ခန္တာကိုယ်ထဲတွင် လှည့်ပတ်ရန် ထိန်းချုပ်နေခဲ့သည်။ ထို့ကြောင့် ယန်ရှိူ့၏ အပ်စိုက်အမှတ်ကို နှိပ်မှုက သူ့အတွက် လုံးဝ အသုံးမဝင်ချေ။ 


ယန်ရှိူ့သည် ယန်ကျင်းဇီ၏ အိပ်ပျော်ရာ အပ်စိုက်အမှတ်ကို နှိပ်လိုက်ပြီးနောက် ယန်ကျင်းဇီကို ပွေ့ချီကာ လှည်းပေါ်မှ ဆင်းလိုက်သည်။


ပတ်ဝန်းကျင်ရှိ အရိပ်သက်တော်စောင့်များ လှမ်းကြည့်သောအခါ သူက “တိတ်ဆိတ်” ဟူသော အပြုအမူကို ပြုလုပ်လိုက်ပြီး ယန်ကျင်းဇီ အိပ်ပျော်နေကြောင်း ပြသလိုက်သည်။ 


အရိပ်သက်တော်စောင့်များ အားလုံးသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး လူတိုင်းသည် သခင် နေမည့် စံအိမ်ထဲရှိ သခင့်၏ အခန်းထံသို့ တိုးတိတ်စွာ လျှောက်သွားကြသည်။ 


စောစီးစွာ ရောက်နေကြသော အရိပ်သက်တော်စောင့်များသည် အခန်းကို သန့်ရှင်းပြီးသားဖြစ်သည်။ ယန်ရှိူ့သည် ယန်ကျင်းဇီကို ကုတင်ပေါ်တွင် တင်ကာ အခြားအရိပ်သက်တော်စောင့်များကို ကြည့်လိုက်သည် : “ သခင်က မှတ်ဉာဏ်ဆုံးရှုံးထားတယ်။ သူက ဒီရက်တွေမှာ အိပ်မပျော်နိုင်ဘဲ ညဘက်မှာ ကောင်းကောင်းမအိပ်

နိုင်ဘူး။ နောက်ဆုံးတော့ သူ အိပ်ပျော်သွားပြီ။ သူ့ကို မနှောင့်ယှက်ရအောင်။ အပြင်ထွက်ပြီး စကားပြောကြမယ်။ ” 


သူ ဒီလူတွေကို သခင့်ရဲ့အထောက်အထားကို ဖုံးကွယ်ထားဖို့ လက်ခံလာအောင် လုပ်ရမယ်!


____