Ch 38
Viewers 24k

(38)

 

အဟွတ် အဟွတ် အဟွတ်

 

သံပုရာရည်ဖန်ခွက်ကို စားပွဲပေါ်မှာတင်ပြီး ရုန်ရုန် စားပွဲပေါ်မှ တစ်သျူးကို လှမ်းစမ်းလိုက်တယ်။ သူ့ရဲ့မျက်နှာကို ဦးထုပ်နဲ့ကွယ်နေတာကြောင့် ခဏလောက်ကြာတာတောင် မတွေ့ခဲ့ဘူး။

 

မော့လိုက်

 

ရုန်ကျန်းရဲ့အသံကိုကြားတော့ ရုန်ရုန်ပူးပေါင်းမှုအပြည့်နဲ့ ခေါင်းမော့လာတယ်။

 

ရုန်ကျန်းက သူ့ရဲ့မေးကို လက်တစ်ထက်နဲ့ပင့်မကာ သူ့ရဲ့အိတ်ကပ်ထဲမှလက်ကိုင်ပုဝါကိုထုတ်ပြီး ရုန်ရုန်ရဲ့မျက်နှာနဲ့ ပါးစပ်ထောင့်စွန်းတွေကို သုတ်လိုက်တယ်။

 

ရုန်ရုန်ဆီကို ရောက်နေတဲ့ တစ်ခုကိုတော့ သူထုထိပြန်မရသေးဘူး။ ရုန်ကျန်းကလည်း ရုန်ရုန်ဆီကနေ ပြန်တောင်းခြင်းမရှိခဲ့ဘူး။

 

ဒါက အဝတ်စလေးတစ်ခုပဲလေ။

 

သူ့ရဲ့လက်ထဲမှာရှိနေတဲ့တစ်ခုက မကြာခင်တုန်းက အထူးစပါယ်ရှယ်ဆိုင်မှ ပြန်ရောက်လာတဲ့ဟာပဲ။

 

ညီအစ်ကိုနှစ်ယောက်ရဲ့ ကိုယ်နေဟန်ထားက အထင်လွဲဖို့ လွယ်ကူလွန်းတယ်။

 

ဒါပေါ့။ အတူထိုင်နေခဲ့တဲ့ မိန်းကလေးနှစ်ယောက်သည်လည်း သေချာပေါက် အထင်လွဲသွားကြတယ်။

 

လှပတဲ့မိန်းကလေးက ဘာဆက်လုပ်ရမှန်း မသိတဲ့ပုံနဲ့ ကြောင်အမ်းနေခဲ့တယ်။

 

ဆက်ဆီဆန်ဆန်ဝတ်ထားတဲ့တစ်ယောက်က ပထမဆုံး တုံ့ပြန်လာတဲ့သူပဲ။

 

တောင်းပန်ပါတယ်.. ခွင့်ပြုပါဦး

 

သူမက ညီအစ်မဖြစ်သူရဲ့လက်ကိုဆွဲပြီး ထွက်သွားခဲ့လေတယ်။

 

 

တာ့ရုန် အနာဂတ်မှာ အပန်းဖြေခရီးထွက်မယ်ဆိုရင် မင်းရဲ့ညီလေးကို ခေါ်မလာတာကောင်းလိမ့်မယ်.. မဟုတ်ရင် မက်မွန်ပန်းပွင့်တွေက အဝေးကိုပဲလွင့်သွားတော့မှာ

 

စွမ်းချီက ဝိုင်ခွက်ထဲမှရေခဲတွေကိုလှုပ်ခါရင်း လှောင်ရယ်လိုက်တယ်။

 

ရုန်ကျန်းက သူနဲ့ ရုန်ရုန်တို့ရဲ့ တည်နေရာကို ပြောင်းလဲလိုက်ပြီ။ သူ့ရဲ့ညီလေးကို နေရောင်မှ မထိအောင် ကာကွယ်ပေးဖို့အတွက် ဖြစ်ပုံပဲ။

 

သူ့ကိုယ်သူ မတိုင်ခင်တုန်းက မိန်းကလေးထိုင်ခဲတဲ့နေရာဆီရွှေ့ပြောင်းခဲ့ပေမဲ့ ထိုမိန်းကလေးထိုင်ခဲ့တဲ့ခုံမှာ မထိုင်ပါပဲ ရုန်ရုန်အတွက် ထည့်ပေးလာတဲ့ ခုံမှာသာ ဝင်ထိုင်ခဲ့တယ်။

 

ရုန်ကျန်း ထိုသံပုရာရည်ကိုလည်း သောက်လို့မရတော့ဘူး။ ဒါကြောင့် ရုန်ရုန်ကို ဘာသောက်ချင်လဲဆိုတာကိုမေးကာ ရုန်ရုန်က စပျစ်ဖျော်ရည်သောက်ချင်တာကြောင့် စားပွဲထိုးဆီမှာ ရုန်ရုန်အတွက် စပျစ်ဖျော်ရည်နဲ့ သူ့အတွက် သံပုရာရည်ကို မှာလိုက်တယ်။ ပြီးနောက် Lasagna၊ စတေ့ခ်နဲ့တခြားသော အရံဟင်းပွဲတွေကိုလည်း မှာလိုက်တယ်။

 

(T/n_ Lasagna က ပါစတာအမျိုးအစားတစ်မျိုးပါပဲ သူက အလွှာအလွှာနဲ့ အသားတွေ ချိစ့်တွေနဲ့ အုပ်ထားတာမျိုးပါ အပေါ်မှာပုံထည့်ပေးထားတယ်နော်)

 

သူ မှာပြီးတဲ့အချိန်မှာ စွမ်းချီရဲ့စနောက်တဲ့စကားကိုကြားတော့ ခပ်ဖျော့ဖျော့ပြန်ပြောလာတယ်။

 

ဘာမှ မှားမနေဘူး

 

ဘာမှမှားမနေဘူးပေါ့..အခုလေးတင် တစ်ဖက်က သူ့ရဲ့ခေါင်းကိုမော့ပြီး တစ်ဖက်က ပါးစပ်ထောင့်ကို သုတ်ပေးနေတာလေ.. ငါသာ မင်းတို့နှစ်ယောက်က ညီအစ်ကိုမှန်းကိုမသိထားရင် ငါလည်း အထင်လွဲမိမှာပဲ.. အနာဂတ်မှာ မင်းရဲ့အနားမှာ မိန်းမတွေရှိနေဦးမယ်ထင်လို့လား.. တကယ်လို့ တစ်ယောက်ယောက်က မင်းနဲ့စကားပြောချင်ရင်တောင် မင်းညီလေးကိုမြင်ရင် မင်းတို့နှစ်ယောက်က စုံတွဲတွေလို့ထင်သွားမှာပဲ.. ငါမင်းကို မဟုတ်တမ်းတရားပြောနေတာမဟုတ်ဘူး.. ဒါက အမှန်တရားပဲ.. ပြီးရင် မင်းကတော့ တစ်ယောက်တည်းသေရလိမ့်မယ်

 

ရုန်ကျန်း အလျင်မလိုစွာပြောလာတယ်။

 

သင့်တော်တဲ့တစ်ယောက်တော့ ရှိနေမှာပဲ

 

မင်းကြည့်လိုက်ပေါ့

 

စွမ်းချီက မေးလာပြန်တယ်။

 

စကားမစပ် တာ့ရုန်.. မင်း အဲဒီအကြောင်းကိုရော တွေးတောဖူးလို့လား

 

စပျစ်ဖျော်ရည်သောက်နေတဲ့ ရုန်ရုန်က ချက်ချင်းပဲ ရပ်တန့်လိုက်ကာ သူ့ရဲ့နားရွက်ကို ထောင်ထားလိုက်တယ်။

 

ရုန်ကျန်းက ရုန်ရုန်ရဲ့ လှုပ်ရှားမှုလေးကို မြင်သွားတာကြောင့် ဦးထုပ်အစွန်းကို အသာပုတ်လာတယ်။

 

ကိုယ့်ဟာကိုယ်သောက်နေ

 

ပြီးနောက် ခေါင်းကိုပြန်မော့ပြီး စွမ်းချီကို အေးစက်စွာလှမ်းပြောလေတယ်။

 

မင်းအလုပ်မဟုတ်ဘူး

 

ဒါက နည်းနည်းတော့ ရိုင်းတာပဲ။

 

ရုန်ရုန် အနည်းငယ် အသစ်အဆန်းဖြစ်စွာ ပြုံးလိုက်တယ်။

 

ဒါက ကောကော စကားပြောရင့်သီးတာကို ကျွန်တော်ပထမဆုံးကြားဖူးတာပဲ

 

သူသိသလောက်ဆိုရင် သူ့အစ်ကိုက ကလေးအရွယ်ကနေ အခု အရွယ်ရောက်လာတဲ့အထိ တစ်ခါမှ ရင့်ရင့်သီးသီးမပြောခဲ့ဖူးဘူး။

 

သူ့ရဲ့သူငယ်ချင်းကောင်းတွေရှေ့မှာဆိုရင် တခြားကောင်လေးတွေလိုမျိုး သူ့အစ်ကိုက ဆဲဆိုတတ်လောက်လား?

 

စွမ်းချီ သူ့ရဲ့မျက်လုံးတွေကို လှိမ့်လိုက်တယ်။

 

ဘာဖြစ်လို့လဲ.. မင်းရဲ့အစ်ကိုက လူမဟုတ်ဘူးလား? သူက အီးတွေ သေးတွေမပါတတ်ဘူးလား? မနက်ပိုင်းမှာ မမာတတ်ဘူးလား? အိုး ဟုတ်သားပဲ.. ငါက မင်းရဲ့အစ်ကိုနဲ့ တစ်ခါမှ အတူမအိပ်ဖူးတော့ ဒီအကြောင်းကိုမသိဘူး.. ရှောင်ရုန်ရုန် မင်းက မင်းရဲ့အစ်ကိုနဲ့ အတူအိပ်နေကျမလား.. အဲဒါကို သတိမထားမိဘူးလား? မင် မနက်ပိုင်းတွေမှာ နိုးထတတ်လား? ရိုးရိုးသားသားပြောရရင် ငါ သူ့ကိုသံသယဝင်နေတာ... မလုပ်နိုင်တာများလားဆိုပြီး

 

စွမ်းချီက ကိုယ်တစ်ဝက်ကို အရှေ့ကိုကိုင်းထားပြီး တီးတိုးပြောနေဟန်ရှိတယ်ဆိုပေမဲ့ သူ့ရဲ့လေသံကတော့ လျှော့ချထားခြင်းမရှိဘူး။

 

စွမ်းချီရဲ့စကားတွေက ပိုပိုပြီး ဆိုးရွားလာတာကိုမြင်တော့ ရုန်ကျန်း သူ့ကို တားမြစ်လာတယ်။

 

စွမ်းချီ တော်တော့

 

စွမ်းချီက နားထောင်ရင်သာ ထူးဆန်းနေလိမ့်မယ်။

 

သူက ရုန်ရုန်ရဲ့ ဦးထုပ်အနားကိုလှမ်းဆွဲပြီးပြောပြန်တယ်။

 

ရှောင်ရုန်ရုန် မင်းရဲ့ချီကောဆီမှာ 20G*အရင်းအမြစ်တွေရှိတယ်.. ဒါတွေအကုန်လုံးက ချီကောရဲ့ဘဝတစ်ဝက်လောက်စုဆောင်းလာခဲ့တဲ့ ရတနာတွေနော်.. မင်းသာစိတ်ဝင်စားရင် ချီကောက မင်းဆီကို သီးသန့် messageကနေပို့ပေးလိုက်မယ်

 

(T/n_ 20G :mean AV)

 

ရုန်ရုန် ဦးထုတ်ကို ပြန်ဆွဲလိုက်ကာ ပြုံးပြီးပြောလိုက်တယ်။

 

ချီကောက ကျွန်တော် စိတ်ဝင်စားမယ်လို့ထင်လို့လား

 

ဘာလဲ မင်းက မင်းရဲ့ချီကောစုဆောင်းထားတဲ့ရတနာတွေကိုအထင်သေးတာလား

 

မဟုတ်ဘူး အကြိုက်ချင်းမတူတာပါ

 

စွမ်းချီက မတုံ့ပြန်နိုင်ပဲ လှောင်ရယ်လိုက်တယ်။

 

မျက်နှာကိုဖြတ်ရိုက်ခံချင်နေတာပဲ ကောင်စုတ်လေး! ငါ့ရဲ့ 20Gထဲမှာ ဘယ်လို အလှလေးတွေစုနေတာလဲသိရဲ့လား? မင်းတစ်ယောက်ကိုမှ မကြိုက်ဘူးဆိုတာကိုတော့ ငါမယုံဘူး

 

ရုန်ရုန်: ချီကော.. ကျွန်တော်က ယောကျာ်းတွေကိုကြိုက်တာ

 

စွမ်းချီ ခုံပေါ်ကနေပြုတ်ကျသွားလုမတတ်ပဲ။

 

အမ်.. ကောင်းပြီလေ

 

အိုး ငါမေ့တော့မလိုပဲ.. မင်းက ယောကျာ်းတွေကိုကြိုက်တာပဲ

 

တစ်ဆိတ်လောက်.. မင်းက သဘာဝအတိုင်း ယောကျာ်းတွေကိုကြိုက်ပြီးမွေးလာတာလား ဒါမှမဟုတ် မင်းကလေးအရွယ်မှာ မျိုးမစစ်တချို့နဲ့တွေ့ပြီး အချိုးဖျက်ခံလိုက်ရတာလား

 

ရုန်ကျန်းရဲ့အမူအယာက ချက်ချင်းပဲ အေးစက်ပြီး ညှို့မှိုင်းလာတယ်။

 

ရုန်ရုန်ရဲ့လိင်ပိုင်းဆိုင်ရာပြသနာက ရုန်ကျန်းအတွက်လည်း အချိန်အကြာကြီး ဒုက္ခဖြစ်စေခဲ့တယ်။

 

တကယ်လို့ သဘာဝအတိုင်းဖြစ်လာတာဆိုရင် သူလက်မခံနိုင်စရာ ဘယ်လိုအကြောင်းပြချက်မှမရှိဘူး။

 

ရုန်ရုန်က မိန်းကလေးကိုပဲကြိုက်ကြိုက်၊ ယောကျာ်းလေးကိုပဲကြိုက်ကြိုက်၊ သူ့ရဲ့ညီငယ်လေးဖြစ်နေဦးမှာပဲ။

 

ဒါပေမဲ့ နောက်ဘက်က အကြောင်းပြချက်ကြောင့်ဆိုရင်တော့ သူ အဲဒီလူကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး!

 

ရုန်ရုန်ကတော့ စွမ်းချီမေးလာတဲ့ မေးခွန်းကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

 

သူ့ရဲ့အတိတ်ဘဝတုန်းကလည်း သူ သိပ်ပြီးမတွေးခဲ့ဘူးလေ။

 

ကျိုးယွီကသာ ရုန်ရုန် ထင်မြင်ချက်ကောင်းရှိခဲ့တဲ့ တစ်ယောက်တည်းသော လိင်တူယောကျာ်းပဲ။

 

ကျိုးယွီမတိုင်ခင်တုန်းက သူဘယ်လိင်တူတစ်ယောက်ကိုမှ သဘောမတွေ့ခဲ့ဘူး။

 

ကြည့်ရတာ သူကလေးအရွယ်ကတည်းက ဘယ်မိန်းကလေးကိုမှလည်း စိတ်မဝင်စားခဲ့ပုံရတယ်။

 

သူ ကျိုးယွီကို ကြိုက်နေကြောင်းကိုရှာတွေ့သွားတော့ တစ်ဖက်လူက လိင်တူဖြစ်နေခဲ့တာတောင် သူက ယောကျာ်းလေးတွေကို သဘောကျတာပဲဆိုပြီး အလျှင်အမြန်လက်ခံခဲ့တယ်။

 

သူက အရာအားလုံးကို သူစိတ်ထဲရှိတာကို လုပ်ခဲ့တာ။

 

ကျိုးယွီကလည်း သူ့ကို ဘယ်တုန်းကမှ အတိအလင်းမငြင်းခဲ့ဘူး။

 

အခုချိန်မှာတော့ ဒါက သူ့ရဲ့ ရုန်မိသားစုရဲ့သခင်လေးဆိုတဲ့နောက်ခံကြောင့် ကျိုးယွီက သူ့ကိုအလွယ်တကူအပြစ်မလုပ်ရဲခဲ့လို့ဆိုတာကို သိသွားခဲ့ပြီ။

 

ကျိုးယွီက တရားမဝင်ကလေးပဲ။

 

ကျိုးမိသားစုရဲ့ခေါင်းဆောင်က အပြင်းအထန်နေမကောင်းဖြစ်နေခဲ့ပြီး ကျိုးမိသားစုက မိသားစုဝင်တွေအားလုံးကို အိမ်ကို ခေါ်ဆောင်ခဲ့တယ်။

 

အသက်ကြီးသူ၊ အသက်ငယ်သူဆိုတာမရှိသလို တိုက်ရိုက်ဆင်းသက်လာတဲ့ ဆွေမျိုးကိုလည်း ထည့်မတွက်ဘူး။ တကယ်လို့ မင်းမှာသာ အရည်အချင်းရှိနေမယ်ဆိုရင် ကျိုးမိသားစုရဲ့ခေါင်းဆောင်နေရာက မင်းအတွက်ဖြစ်လာလိမ့်မယ်။

 

ကျိုးယွီရဲ့အဖေက သူရဲ့စွမ်းရည်မှာ အလယ်အလတ်အဆင့်သာဖြစ်ကြောင်း သိထားတဲ့အတွက် သူ့ရဲ့အကျိုးစီးပွားအတွက်စဥ်းစားကာ ဆင်းရဲသားရပ်ကွက်မှ သူ့ရဲ့တရားမဝင်သားကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်။ ထိုအချိန်မှစပြီး သူ့ရဲ့တစ်ကိုယ်လုံးပြောင်းလဲသွားခဲ့ကာ ကျိုးမိသားစုရဲ့ သခင်ငယ်လေးဖြစ်လာခဲ့တယ်။

 

ဘာမှမရှိတဲ့ ဆင်းရဲသားတစ်ယောက်ကနေ လူချမ်းသာအဖြစ် နေ့ချင်းညချင်းပြောင်းလဲသွားခဲ့တယ်။ ဒီအတွေ့အကြုံကပဲ ကျိုးယွီကို အခြေအနေရဲ့တန်ဖိုးအဆင့်အတန်းကိုအကဲဖြတ်တတ်သူတစ်ယောက်ဖြစ်လာစေခဲ့တယ်။

 

သူက သူ(ရုန်ရုန်)အပါအဝင် ထိုလူချမ်းသာသခင်လေးအစစ်အမှန်တွေထက် အသက်ရှင်သန်ရမဲ့လမ်းကြောင်းကို ပိုပြီးကောင်းကောင်းသိနေခဲ့တယ်။

 

ဒါပေမဲ့ သူ့ရဲ့အရင်ဘဝတုန်းက သူတကယ်ကိုမသိခဲ့ဘူး။

 

ကျိုးယွီမှ သူက အဖြောင့်တစ်ယောက်ဖြစ်ပြီး ယောကျ်ားတွေကို စိတ်မဝင်စားကြောင်းပြောခဲ့တယ်။

 

သူ့ရဲ့စိတ်ဝင်စားမှုက မလျော့သွားခဲ့ပဲ တကယ်လို့ သူ(ကျိုးယွီ)သာ မကြိုးစားဖူးရင် စိတ်ဝင်စားလား မဝင်စားဘူးလား ဘာကြောင့်သိမှာလဲလို့ ပြန်ပြောခဲ့တယ်လေ။

 

မကောင်းဆိုးရွားဘောပင်တစ်ချောင်းလိုမျိုး လူတွေရဲ့တင်ပါးနောက်ကနေ တကောက်ကောက်လိုက်ခဲ့တယ်။

 

နိုဗယ်ရဲ့ ပလော့တည်ဆောက်ပုံထဲမှာ အရယ်ရဆုံးသောအရာကတော့ သူ(ကျိုးယွီ)က လူဆိုးလူညစ်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပေမဲ့ တခြားသူတွေရဲ့အမြင်မှာ သန့်ရှင်းစင်ကြယ်သွားအောင် ဆေးကြောခံလိုက်ရတယ်လေ။

 

ကျိုးယွီက သူ့ကိုလက်မခံချင်ခဲ့ပေမဲ့ ဒီအသိုင်းအဝိုင်းထဲမှာ ခြေကုတ်ယူနိုင်ဖို့အတွက် သူ့ဆီမှ ရရှိနိုင်မဲ့အမြတ်အစွန်းတွေကိုတော့လိုချင်ခဲ့တယ်။

 

သူက လှေကားတစ်ခုသာပဲ။

 

ကျိုးယွီ အမြင့်ကိုတက်ဖို့ နင်းခြေသွားနိုင်မဲ့ လှေကားလေ။

 

နိုဗယ်ရဲ့ဇာတ်လိုက်တွေကတော့ သူတို့ရဲ့သူတော်ကောင်းဆန်မှုတွေကို ချပြခွင့်ရဖို့ ကံကောင်းတတ်ကြတယ်။ ကျိုးယွီရဲ့ တရားဝင်တွဲဖက်က ကျင်းရီဖြစ်နေတဲ့အတွက် သူ့လိုအမြှောက်စာခံလေးက သူနဲ့ မတွဲဖက်နိုင်မှာကတော့ သေချာပေါက်ပဲ။

 

မဟုတ်ဘဲ ကျိုးယွီရဲ့အရည်အချင်းတစ်ခုတည်းနဲ့သာဆိုရင် သူ့ရဲ့ရှိသမျှအရာအားလုံးကို အသုံးချပြီးတာနဲ့ သူ့ကို အမှိုက်ပုံဆီလွှင့်ပစ်ပြီး နောက်ကိုပြန်သွားကာ ကျင်းရီနဲ့ အတူဆက်ပြီးရှိနေနိုင်ပါ့မလား။

 

ရုန်ရုန် မျှော်လင့်ထားသလိုပဲ နိုဗယ်ထဲမှာ ကျိုးယွီက နောက်ဆုံးတော့ ကျင်းရီကိုရွေးချယ်သွားခဲ့တယ်။ သူ ကျင်းရီကိုကြိုက်လို့လား။ ဒါမှမဟုတ် ထိုအချိန်မှာ ကျင်းရီက ရုန်မိသားစုရဲ့ အစစ်အမှန်သခင်လေးအဖြစ် အသိမှတ်ပြုခံထားရပြီဖြစ်လို့လားဆိုတာကိုတော့ သူမသိနိုင်ဘူး။

 

မဟုတ်သေးပါဘူး.. ဒီမေးခွန်းက အဲလောက်ထိဖြေရခက်နေလို့လား? ဒါမှမဟုတ် မင်းက Tvစီးရီးတွေမှာလာသလိုမျိုး ကျိုးယွီတစ်ယောက်တည်းကိုပဲ သဘောကျနေလို့လား?

 

အရင်တုန်းကတော့ မှန်ခဲ့တယ်။

 

ဒါက အတိတ်ဘဝတုန်းက ကိစ္စတွေပဲလေ။

 

ဒီဘဝမှာတော့ ပြန်လည်မွေးဖွားလာတဲ့အချိန်က မကြာသေးတဲ့အတွက် သူ ဘယ်သူ့အပေါ်ကိုမှ စိတ်မဝင်စားသေးဘူး။

 

စားပွဲထိုးက စတေ့ခ်တွေချပေးလာတယ်။

 

ရုန်ရုန် တစ်ဝက်ခေါက်ထားတဲ့ လက်သုတ်ပုဝါကို သူ့ပေါင်ပေါ်မှာခင်းပြီး စတေ့ခ်မှ တဖောက်ဖောက်ပေါက်နေတဲ့ဆီပူတွေ လာစင်မှာကို ကာကွယ်လိုက်တယ်။

 

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ကျွန်တော်က ကျိုးယွီကို လုံးဝစိတ်မဝင်စားတော့ဘူး

 

ဆီပေါက်သံက ရပ်သွားပြီဖြစ်လို့ ရုန်ရုန် လက်သုတ်ပုဝါကို ဘေးသို့ ပြန်ထားလိုက်တယ်။

 

ပြီးနောက်မှာတော့ ကျိုးယွီတစ်ယောက် ဘယ်အချိန်မှန်းမသိ သူ့ရဲ့ရှေ့မှာ ရောက်နေတာကိာတွေ့လိုက်ရလေတယ်။

 

***