၆၅
Viewers 9k

[ရေချိုးကန်?!!!!]


[ဘယ်သူက ရေချိုးကန်ဆွဲတာကိုအရမ်းထူးချွန်နေရတာလဲ။]

[ရေချိုးကန်ရဲ့​နောက်ကွယ်အဓိပ္ပာယ်တစ်ခုခုရှိနေတာလား။]

[ဒါက လူလည်ကျတဲ့ လုပ်ရပ်ပဲ။ ငါတို့ကလေးလေးကဆွဲထားတယ်လို့ ဘာလို့ငါ ထင်​နေရတာလဲ။]

မှတ်ချက်များတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ကျန်သောဧည့်သည်အမျိုးသမီးသုံးယောက်ကလည်း ရေချိုးကန်ကို မည်သူဆွဲသည်ကို သိချင်နေကြသည်။

"အားလုံးရွေးချယ်ပြီးပြီဆို​တော့ တစ်နေ့တာအတွက် ကျွန်တော်တို့ရဲ့ အမျိုးသားဧည့်သည်တွေကို တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်ကြရအောင်။ ပထမတစ်ယောက်ကတော့ ယွီဇစ်ကျန်းရွေးချယ်ခဲ့တဲ့ ဝက်ဝံလေးပန်းချီကားကိုဆွဲခဲ့တဲ့သူပါ။"

ဒါရိုက်တာ၏အသံနောက်တွင် တံခါးနှစ်ဘက်စလုံးမှ ပွင့်လာပြီး ရုပ်ပုံလွှာသည် တဖြည်းဖြည်း ပေါ်လာသည်။

[ဝက်ဝံငယ်၊ သူက ချူးကျင်းချန်းဖြစ်ရမယ်။]

[တတိယသခင်​လေး မနေ့က ဝက်ဝံလေးနှစ်ကောင်ကို ကိုင်ထားတယ်။ သူပဲဖြစ်ရမယ်။]

[သိသာပါတယ်။ ဒီဝက်ဝံကို မာစတာရန်အတွက် ဆွဲခဲ့တာ။ ကံမကောင်းစွာနဲ့ပဲ မာစတာရန်က နောက်ဆုံးမှရွေးချယ်ခဲ့တဲ့သူ​လေ။]

[ယွီဇစ်ကျန်းက​ရော ဝက်ဝံငယ်ကို တတိယသခင်​လေးက ရွေးချယ်ခဲ့တယ်လို့ထင်နေတာလား။]

[အရပ်ရှည်၊ ချမ်းသာပြီး ချောမောတဲ့ ယောက်ျားတွေကို ဘယ်သူက မကြိုက်လို့လဲ။ နင်တို့ရဲ့ ရှီရန်ကပဲ ရွေးလိုရမလား။]


[သူတို့စုံတွဲရဲ့ ပရိသတ်တွေက အေးအေးဆေးဆေး နေပေးနိုင်မလား။]

ယွီဇစ်ကျန်းသည် သူမလက်ထဲတွင် ပန်းချီကားတစ်ချပ်ကို စိတ်လှုပ်ရှားကာကိုင်လိုက်ပြီး တံခါးနောက်ကွယ်ရှိလူကို သူမ စိုက်ကြည့်နေသည်။

သို့သော် တံခါးကို လုံး၀ဖွင့်လိုက်သောအခါ လူတိုင်းရှေ့တွင် ပေါ်လာသည့်ရုပ်ပုံ​ကြောင့်  ယွီဇစ်ကျန်းက မယုံကြည်နိုင်ဖြစ်​နေသည်။

သူ ဘယ်လိုဖြစ်နိုင်မှာလဲ။

ဝက်ဝံပုံပိုင်ရှင်သည် သွယ်လျကာ ငွေရောင် ဆံပင်ရှိပြီး ဖြူဖွေးသော အသားအရည်ရှိသည်။ ၎င်းက ကျူယီ​ဖေးဖြစ်သည်။

ကျူယီ​ဖေးက ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်လာသည်။

သို့သော် ယွီဇစ်ကျန်း၏လက်ထဲမှ ပန်းချီကားကို သူမြင်လိုက်သောအခါတွင် သူ့အပြုံးသည် အေးခဲသွားပြီး ရှီရန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

[ဖူး ဟားဟား၊ ငါ တကယ်ရယ်ချလိုက်တော့မယ်]


[ဒီနှစ်ယောက်က သူတို့ရဲ့ စိတ်ပျက်မှုတွေကို ဒီ​လောက်​တောင်ရှင်းရှင်းလင်းလင်း လူသိအောင် လုပ်စရာလိုလို့လား။]

[ ယွီဇစ်ကျန်းရဲ့ အမူအရာက ဘာလဲဟ။ ငါတို့ ကလေးကို ရွေးမိတာ သူမရဲ့ကံကောင်းခြင်းပဲလေ၊ ဟုတ်ပြီလား။]

[အင်တာနက်ကျော်ကြားသူက အင်တာနက်ကျော်ကြားသူပဲ။ ဒီရိုးရှင်းတဲ့အမူအရာကို​တောင် သူမ မဖုံးကွယ်ထားနိုင်ဘူး။]

[ငါတို့ကလေးလေးက မာစတာရန်ကို စိတ်ထဲရှိနေ​ပေမဲ့ ယွီဇစ်ကျန်းက သူ့ကို ရွေးချယ်ခဲ့တယ်။]

[ဒီရှိုးပွဲက ဘာကြောင့် အင်တာနက်ကနာမည်ကြီးတစ်​ယောက်ကို လိုအပ်တယ်ဆိုတာကို ငါနားမလည်ဘူး။]

နောက်အလှည့်ကျလာသည်မှာ ရှီဝန်ဖေးဖြစ်သည်။ သူမလက်ထဲတွင် နှလုံးသားပန်းချီကားတစ်ချပ်ရှိသည်။

နှလုံးသားပန်းချီကားပိုင်ရှင်က...

လူတိုင်းက ကျုံးယူဖန်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါတွင် အားလုံးက သက်ပြင်းချကြသည်။

[သူတို့နှစ်ယောက်က တကယ်ကို ဖောက်ပြန်နေကြတာပဲ။]

[တတိယသခင်​လေးနဲ့တွေ့တဲ့အခါ ဖြစ်​နေမယ့် သူတို့ရဲ့အမူအရာတွေကို သိချင်မိတယ်]

[သေတာပဲ! ခွေးဝဲစားနှင့် ခွေးဝဲစားမတို့ တစ်ဖွဲ့တည်းကျပြန်ပြီလား။]

[ဒီနှစ်ယောက်က ကြိုပြီးစီစဉ်ထားကြတာဟုတ်တယ်မလား??]

ဧည့်သည်ယောက်ျားနှစ်ယောက် ပေါ်လာပြီးနောက် ချူးကျင်းချန်းနှင့် ပိုင်ကျင်းထျန်နှစ်ယောက်တည်းသာ ကျန်တော့သည်။

တစ်ခုက ပင်လယ်ပုံနှင့် နောက်တစ်ခုက ရေချိုးကန်ပုံဖြစ်သည်။

ရေချိုးကန်ကို မည်သို့ပင်အလွန်ဆွဲအားကောင်းအောင်ဆွဲထား​စေကာမူ ထိုလူချောနှစ်ယောက်နှင့် ၎င်းကိုယှဥ်တွဲစဥ်းစားရသည်မှာ လူတိုင်းအတွက် ခက်ခဲသည်။

ကူကျားသည် တည်ငြိမ်သော အမူအရာဖြင့် ပန်းချီကားကို လက်ထဲတွင် ကိုင်ထားသည်။

သူမ ရှီရန်ဘက်သို့ လှည့်လိုက်သည်။ "အစ်မပန်းချီကားကို ကျင်းထျန်ဒါမှမဟုတ် တတိယမြောက်သခင်​လေးထဲက ဘယ်သူ ဆွဲတယ်လို့ ထင်လဲ"

ရှီရန်က မဖြေဘဲ ပြုံးလိုက်သည်။

ကူကျားသည် မကြာမီ သူမ၏အဖြေသိလိုက်ရသည်။

- ထိုသူသည် ပိုင်ကျင်းထျန် ဖြစ်သည်။

ထို့ကြောင့် ယခု ရေချိုးကန်ပန်းချီကားပိုင်ရှင် ဖြစ်သောလူတယောက်တည်းသာ ကျန်တော့သည်။

လူတိုင်း၏အကြည့်အောက်တွင်  ချူးကျင်းချန်းသည် ခန်းမထဲသို့ဝင်လာသည်။

ယနေ့တွင် သူသည် ထူးထူးခြားခြားနုပျိုနေပုံ​ပေါ်သည်။

ရိုးရှင်းသော တီရှပ်အဖြူနှင့် အနက်ရောင်ကားဂိုဘောင်းဘီဖြင့် ကောလိပ်ကျောင်းသားတစ်ဦးပုံစံ ပေါက်နေသည်။

သူသည် ရှီရန်အနားတွင် ရပ်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ခု​တွေ့​နေရသည်။

[ရေချိုးကန်ကို ဆွဲတဲ့သူက တတိယသခင်​လေး။ ငါ သူဖြစ်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။]

[တခြားအရာတွေကလွဲလို့ တတိယသခင်​လေးရဲ့အပြုံးကရိုးရှင်းတဲ့အပြုံးတစ်ခုဖြစ်ပုံမပေါ်ဘူး။]

[ဘုရင်တစ်ပါးရဲ့အပြုံးလိုပဲ]

[ရေချိုးကန်မှာ အဓိပ္ပာယ်တစ်ခုခုရှိနေတာလား။]

[တတိယသခင်​လေးက မာစတာရန်ရဲ့ငါးဖြစ်ချင်တယ်လို့ ပြောပြချင်နေတာလား။]

[တတိယသခင်​လေးက မာစတာရန်ရဲ့ငါးဖြစ်ချင်တယ်?? နင်တို့ ဘာတွေတွေးနေတာလဲ]

[မာစတာရန်ကို အရုပ်က​လေးလိုကစားဖို့ သူ့ရဲ့စိတ်ပိုင်းဖြတ်ထားတာကို ထုတ်ပြဖို့ တတိယသခင်​လေးက ကြိုးစားနေတာ ဖြစ်နိုင်တယ်။]

စခရင်ပေါ်တွင် မှန်းဆချက်အမျိုးမျိုးရှိသည်။

ဒါရိုက်တာသည် စခရင်ပေါ်ရှိအကြောင်းအရာများကို သတိပြုမိသောကြောင့် ချက်ချင်း အပိုင်းပိုတစ်ခုကို ထည့်သွင်းလိုက်သည်။

“ကဲ၊ အခု ဘယ်ဘက်ကနေစလို့ညာဘက်အထိဧည့်သည်ယောက်ျားတိုင်းက ပန်းချီကားရဲ့ အဓိပ္ပါယ်ကို ပြောပြပေးရပါမယ်” လို့ သူ ကျယ်လောင်စွာ ပြောသည်။

ထိုအပိုင်းက အနည်းငယ် မထင်မှတ်ထားသောအပိုင်းဖြစ်သည်။

ကျူယီ​ဖေးက  ရှီရန်ကို ကြည့်လိုက်ပြီး "ဝက်ဝံကချစ်စရာလေးလို့ထင်လို့ ကျွန်တော် ဆွဲခဲ့တာ" ဟု မှုန်ကုပ်ကုပ်ပြောသည်။

ပိုင်ကျင်းထျန်အသံက နွေးထွေးနူးညံ့သည်။ "မနေ့ညက ကမ်းခြေမှာ လမ်းလျှောက်ထွက်ခဲ့တယ်။ ပင်လယ်ကအရမ်းလှလွန်းလို့ ကျွန်​​တော် မှင်တက်မိသွားတယ်"

[ဒီနှစ်ယောက်က တစ်ခုခုကို ရည်ညွှန်းနေတယ်လို့ ငါဘာလို့ခံစားမိတာလဲ??]

[ ပိုင်ကျင်းထျန်နဲ့ ကျူယီ​ဖေးက ရှီရန်နဲ့တစ်ဖွဲ့တည်းကျချင်တဲ့ပုံပဲ။]

[တတိယသခင်​လေးရဲ့ ရေချိုးကန်က အနိုင်ရသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။]

[မနေ့ညက ကမ်းခြေတိုက်ပွဲအပြီးမှာ တတိယမြောက်သခင်​လေးက ဒီနေ့ ထပ်မံအနိုင်ရခဲ့တယ်။]

[မျှော်လင့်ထားတဲ့အတိုင်း တတိယမြောက် သခင်​လေးပဲ အနိုင်ရတယ်]

ကျုံးယူဖန်က ပခုံးတွန့်လိုက်ပြီး "ကျွန်​တော် ဘယ်လိုပုံဆွဲရမှန်းမသိလို့ နှလုံးသားကို ဆွဲလိုက်တာပါ" လို့ပြောလိုက်သည်။

"ဒါပေမယ့် အရမ်းချစ်စရာကောင်းတယ်"  ရှီဝန်ဖေးက  ကျုံးယူဖန်နှင့် သူမ၏ရင်းနှီးမှုကို ဖုံးကွယ်မထားဘဲ ကျီစယ်ကာပြောလိုက်သည်။

သူမနဲ့ ကျုံးယူဖန်ကြားက ဖြစ်ပျက်ခဲ့သောအရာများကို လူတိုင်းက ခန့်မှန်းမိကြပြီမို့ သူမ၏ခံစားချက်များကို ဖုံးကွယ်ထားစရာမလိုတော့​ပေ။

လျှို့ဝှက်ပြီး ဟန်ဆောင်နေမည့်အစား ပွင့်ပွင့်လင်းလင်း ချပြခြင်းက ပိုကောင်းသည်။

သူတို့ ကောင်းကောင်းစွမ်းဆောင်နိုင်ပါက ထောက်ခံသူပရိသတ် အများအပြား ရရှိနိုင်ပေမည်။

မယားငယ်ကိစ္စအတွက်မူ...

အင်တာနက်သုံးစွဲသူများက အမှန်တရားကို မသိကြပေ။ အချိန်တန်ပါက သူမ ပြောချင်သောအရာအားလုံးကို သူတို့လက်ခံကြ​ပေမည်။

[သူတို့နှစ်ယောက်က ဟန်တောင်မဆောင်ကြတော့ဘူး။]

[ကြည့်ရတာရွံစရာကြီး။ ကျော်လိုက် ကျော်လိုက်။]

[တချို့လူတွေက ကောလဟာလတွေကိုပဲ နားထောင်ကြတယ်။ ဖေး​ဖေးက အဲ့ဒီလိုလူစားမျိုးမဟုတ်ဘူး၊ အို​ကေလား?]

[ရှီရန်က သူ့စေ့စပ်ထားသူဖြစ်တာကြောင့်နဲ့ပဲ ဖေး​ဖေးက အငယ်အနှောင်းဖြစ်ရမယ်??]

[ရှီဝန်ဖေးရဲ့ပရိသတ်တွေက​တော့ တကယ့် လက်လန်စရာပဲ​ဟေး။]

[ဒီရေချိုးကန်ရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ငါ စောင့်မျှော်နေတုံးပဲ။]

ချူးကျင်းချန်းသည် သူ့ပန်းချီကားကို လက်ထဲတွင် ကိုင်ထားပြီး အားလုံး၏မျက်လုံးများက သူ့အ​ပေါ် ရောက်နေသည်။

ပရိသတ်တင်မကပဲ အားလုံးကလည်း ချူးကျင်းချန်းက အဘယ်ကြောင့် ရေချိုးကန်ကို ဆွဲခဲ့သည်ကို သိချင်မိကြသည်။

"ရေချိုးကန်ထဲမှာ တတိယသခင်​လေးက​ ပုံဆွဲခဲ့လို့ ရေချိုးကန်ကိုဆွဲတာလို့တော့ မပြောနဲ့နော်။" ယွီဇစ်ကျန်းသည် အ​ခြေအ​နေကို ပေါ့ပါးစေရန် ကြိုးစားသည်။

ချူးကျင်းချန်းက သူမကို မော့ကြည့်လိုက်သည်။

ချူးကျင်းချန်းကို သူမ၏အကောင်းဆုံးအပြုံးဟု သူမထင်သည့်အပြုံးကိုပြုံးပြလိုက်သည်။

သို့သော် ချူးကျင်းချန်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး​နေပြီဖြစ်သည်။

ယွီဇစ်ကျန်းအံကြိတ်ကာ ရှီရန်ကို စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ရှီရန်သည် ယွီဇစ်ကျန်းကို ဂရုမစိုက်နိုင်တော့ပေ။ သူမ မျက်လုံးကို ကျဥ်း​မြောင်းလိုက်သည်။

တခြားသူများက မသိသော်လည်း သူမက အ​ဖြေကို သိသည်။

ရေချိုးကန်ကို မြင်လိုက်သည့်အခိုက်တွင် ပုံရိပ်များက သူမစိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။

ထို​ပြောရခက်​သောအ​ခြေအ​နေနဲ့ အနမ်းခံထားရသောအမှတ်သား...

ချူးကျင်းချန်းက လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး  ရှီရန်၏မျက်လုံးကို ဆုံလိုက်သည်။ သူ့အပြုံးက ကျီစယ်​နေသည်။ "ကျွန်​တော် ပြောလိုက်လို့ရမလား?"

[ကျွန်​တော် ပြောလို့ရမလား????]

[ ဒါကလည်း မာစတာရန်နဲ့သက်ဆိုင်​နေတာလား ??]

[တစ်ခုခုတော့မှားနေပြီ။ တစ်ခုခုတော့ အရမ်းမှားနေပြီ။]

[တတိယသခင်​လေးက ငါတို့ကို အထူးသတင်းကောင်းတစ်ခုပေးတော့မယ်လို့ ခံစားရတယ်။]

ရှီရန်က အသက်မပါသောအပြုံးကိုပြုံးပြသည်။ "အဲဒါက ကျွန်မနဲ့ဘာဆိုင်လို့လဲ"

"မင်းနဲ့ဘာမှမဆိုင်ဘူးလား?" ချူးကျင်းချန်းသည် ထိုစကားများကို သေသေချာချာ စဉ်းစားနေသည်။

ရှီရန်က စိတ်ထဲကနေ အော်ဟစ်လိုက်ပြီး ချူးကျင်းချန်း၏ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းကို စိုက်ကြည့်နေသည်။

ချူးကျင်းချန်းသည် ထိုညနှင့်ပတ်သက်​သောအ​ကြောင်းအရာ တစ်စုံတစ်ရာကို ပြောဝံ့ပါကသူမက သူ့ကို ပါးစပ်ပိတ်အောင်လုပ်​ပေမည်။

ချူးကျင်းချန်းသည် ခဏလောက် စဉ်းစားနေသည်။

လူတိုင်း၏စူးစူးရှရှအကြည့်များအောက်တွင် သူ၏နှုတ်ခမ်းပါးလွှာသည် တဖြည်းဖြည်း ပွင့်လာသည်။ "ဘာလို့လဲဆို​တော့  ကျွန်​တော်တို့ ပထမဆုံး​တွေ့တဲ့​နေရာမို့လို့​လေ"

လူတိုင်း ဆွံအသွားသည်။

[-ီး -ီး  -ီး!!]

[အဲဒါကို တိုက်ရိုက်ထုတ်လွှင့်နိုင်လို့လား??]

[ဒါက ငါ အခကြေးငွေပေးစရာမလိုဘဲ ကြည့်ရှုနိုင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလား???]

[ချီး ငါထင်​နေတဲ့အရာများလား။ ရေချိုးကန်မှာအ​ပျော်ရှာတာလား?]

[ဖောက်ပြန်တာဖြစ်ရမယ်။ ငါဂရုစိုက်မ​နေ​တော့ဘူး။ သူတို့နှစ်ယောက်ကြား တစ်ခုခုတော့ရှိရမယ်!!]

[ငါတို့ပေးစားတဲ့အ​ချောအလှအတွဲက အခိုင်အမာရပ်တည်နေတယ်။]

[ဘယ်လိုတွေ့ဆုံမှုမျိုးက ရေချိုးကန်မှာဖြစ်နိုင်မလဲ??? ချီး! စိတ်ကူးယဉ်မိပြီ။]

[မာစတာရန်ရဲ့မျက်နှာအမူအရာကို ကြည့်လိုက်ကြဦး။]

[မာစတာရန်- တစ်စုံတစ်ယောက်ကို ဓားနဲ့ထိုးချင်တဲ့အခါ မင်းရဲ့အမူအရာကို ဖုံးကွယ်လို့မရနိုင်ဘူး။]