Ch-30
Viewers 3k

Unicode


စုချီယွဲ့သည် *အဖွဲ့၊ ဖန်ကလပ်ရှိသော အခြားနာမည်ကြီးကြယ်ပွင့်များနှင့် မတူပါချေ။ သူ့ကိုပြောဆိုနေကြသော မှတ်ချက်များကို မည်သူမှမထိန်းချုပ်ပေးသလို ရှင်းလင်းပေးကြမည့်သူလည်းမရှိခဲ့။ သူနှင့် ကျိုးရှင်းယဲ့တို့၏ ဓာတ်ပုံများကို နေရာတိုင်းမှာ ပြန်လည်တင်ထားကြပြီး လူများစွာ သူ့ကို ဆဲဆိုနေခဲ့ကြသည်။ 


(*အဖွဲ့ဆိုတာက အနုပညာရှင်နောက်မှာရှိနေတဲ့ လက်ထောက်၊ မန်နေဂျာ၊ ပြည်သူ့ဆက်ဆံရေးဌာနတို့ကိုပြောတာပါနော်၊ တခုခုဖြစ်တာနဲ့ သူတို့က planတွေချပြီး ဖြေရှင်းပေးကြတာမျိုးပေါ့) 


သူက Weibo အကောင့်ကို ပရိုဂရမ်အဖွဲ့ကို မပေးထားသည့်အတွက်ကြောင့် အနှီလူတွေအားလုံး ခုန်ပေါက်နေကြခြင်းပင်။ 


တချို့ကလည်း ထန်ယဲ့၏ Weiboသို့ အပြေးအလွှားသွားကာ အလှည့်စားမခံရန် ​အော်ဟစ်နေကြသည်။ 


စုချီယွဲ့ ပိုကြည့်မိလေလေ၊ စိတ်အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ဤဓာတ်ပုံများကြောင့် သူနှင့် ကျိုးရှင်းယဲ့တို့ တွဲခဲ့ဖူးကြောင်း ငြင်းဆိုလို့မရတော့ပေ။ ဘာပဲဖြစ်ဖြစ် အမှန်ပဲဆိုတော့... 


[ချင်းဟောက်ချူး : @စုချီယွဲ့၊ မင်းရှိနေလား?] 


[စုချီယွဲ့ : trending searchတွေကို ကြည့်ရရင် ငါ့မှာ haterများရှိနေတာလားဟ?] 


[စွင်းဇီ : စဉ်းစားကြည့်လေ၊ ဒီဟာတွေကို ဘယ်သူက ပို့စ်တင်နိုင်မလဲလို့? ဒါမှမဟုတ် မင်း ဘယ်သူ့ကို စော်ကားမိထားလဲ?] 


[ကျန်းခိုင် : ဒီပုံတွေကိုတင်ချင်ကြတာ ပုံမှန်ပါပဲ။ အားလုံးက ကျောင်းဖိုရမ်မှာရှိနေတာပဲလေ] 

စုချီယွဲ့ ခေါင်းကိုက်နေလေပြီ။ *ကျန်းသာ့ရဲ့ ဖိုရမ်ဟာ တကယ့်ကို ပြဿနာတစ်ခုပဲ။ ထိုဖိုရမ်၌ သူနှင့် ကျိုးရှင်းယဲ့တို့၏ CPပရိသတ်များစွာရှိနေပြီး ကျိုးရှင်းယဲ့နှင့် သူလမ်းခွဲပြီးနောက် အနှီလူက အထပ်မြင့်အဆောက်အဦးပင် ဆောက်လိုက်သေးသည်ပင်။

(*ကျန်းသာ့ = ကျန်းချန်တက္ကသိုလ်) 


[ချင်ဟောက်ချူး : ဒါဆို Weiboပေါ်တင်ခဲ့တဲ့သူက ကျောင်းသားဟောင်းတစ်ဦး ဖြစ်နိုင်လား?] 


[စွင်းဇီ : ဒါမှမဟုတ် ကျိုးရှင်းယဲ့လည်းဖြစ်နိုင်တယ်နော်။ ငါပြောမယ်၊ စုချီယွဲ့ မင်းနဲ့ ထန်ယဲ့တို့အတူတူရှိနေတာကို ကျိုးရှင်းယဲ့က မနာလိုဖြစ်နေလို့ မင်းတို့နှစ်ယောက်လမ်းခွဲခဲ့တာလေ။ ကျိုးရှင်းယဲ့ လက်စားပြန်ချေချင်တာက ပုံမှန်ပဲပေါ့] 


[စုချီယွဲ့ :...သူ မနာလိုမဖြစ်ပါဘူးကွာ၊ ပြီးတော့ ထန်လောင်ရှီးနဲ့ ငါက အတူတူရှိနေတာမဟုတ်ဘူး [သက်ပြင်းချ]] 


[ချင်ဟောက်ချူး : [မျက်လုံးလှိမ့်ပြနေသော.gif]] 


[ကျန်းခိုင် : [သရဲပဲယုံမယ်.gif]}】 


[စွင်းဇီ : [ထားလိုက်ပါတော့လေ.gif]] 


စုချီယွဲ့ : ... 


[စုချီယွဲ့ : ငါနည်းလမ်းစဉ်းစားကြည့်လိုက်ပါဦးမယ်] 


[ချင်ဟောက်ချူး : အမ်း..... အချစ်လို့ခေါ်တဲ့ အမုန်းမျိုးလည်းရှိတာပဲလေ။ ပျားတွေနဲ့ လိပ်ပြာတွေကို ဆွဲဆောင်နိုင်တဲ့ မင်းရဲ့ မျက်နှာလေးကြောင့် မင်းကို လူဘယ်နှယောက် တိတ်တိတ်လေးချစ်နေကြလဲဆိုတာ ဘယ်သူသိမှာလဲကွာ? ဒီလိုအချစ်ကနေ အမုန်းပြောင်းလဲသွားတဲ့ ဒရာမာတွေက အရမ်းဝမ်းနည်းစရာကောင်းတာပဲ] 


[စုချီယွဲ့ : ... ] 


စုချီယွဲ့ လဲလျောင်းနေရင်း ဟိုလှိမ့်ဒီလှိမ့်လုပ်နေမိသည်။ သူ တကယ်ပဲ ဘာလုပ်ရမှန်းမသိတော့ဘူးလို့။ ဒါကိုဖိနှိပ်ဖို့ ရေတပ်ငှားလိုက်ရမလား? Hot searchကနေဖယ်ဖို့ ငွေသုံးလိုက်ရမလား? ဒါမှမဟုတ် ဘာတွေဖြစ်နေတာလဲလို့ ကျိုးရှင်းယဲ့ကိုသွားမေးလိုက်ရမလား? 


ဒါပေမယ့် ကျိုးရှင်းယဲ့လုပ်တယ်လို့ ပြောလို့လည်းမရပြန်ဘူး။ သူ့မှာ သက်သေမရှိဘဲ သူများဆီ သွားလို့မကောင်းဘူးလေ။ 


စုချီယွဲ့ စိုးရိမ်နေချိန်တွင် ဟိုင်နမီဒီယာမှ ကျန်းဟုန်ဟွေးက နောက်ထပ်ဖုန်းခေါ်လာပြန်သည်။ 


"ဟယ်လို မစ္စတာစု၊ မင်းဆီမှာ ပြဿနာတချို့ ကြုံနေရတယ်လို့ ကျွန်တော်ကြားမိတယ်ဗျာ။ မင်း ဟိုင်နမီဒီယာနှင့် လက်မှတ်ထိုးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက မင်းအတွက် ဒီကိစ္စကို တာဝန်ယူဆောင်ရွက်ပေးပါလိမ့်မယ်" 


စုချီယွဲ့ : ... ဒီဖျော်ဖြေရေးကုမ္ပဏီရဲ့ နှာခေါင်းက တကယ်ကောင်းတာပဲ! 


"အဲဒါ ခင်ဗျားဝယ်ထားတဲ့ black hot searchလား?" 


ကျန်းဟုန်ဟွေး : "မစ္စတာစု နားလည်မှုလွဲနေပါပြီဗျာ။ ဟိုင်နမီဒီယာက ဒီလိုမျိုးကိစ္စတွေမလုပ်ဘူး" 


ဖျော်ဖြေရေးကုမ္ပဏီတွင် ဟိုင်နမီဒီယာ၏ ဂုဏ်သတင်းအကြောင်း စုချီယွဲ့သိပေသည်။ သူတို့ကို ဖော်လံဖားနေကြတဲ့ အနုပညာရှင်တွေ ဒီလောက်များတာ၊ သူတို့က တခြားသူတွေနဲ့ စာချုပ်ချုပ်ဖို့ တအားလောနေဖို့ လိုအပ်လို့လားနော်? 


အကယ်၍ အခြားတစ်ယောက်က ဟိုင်နမီဒီယာထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုရခဲ့ပါက ခုန်ပေါက်နေမှာမဟုတ်လား? 


စုချီယွဲ့ တွေးကြည့်နေမိသည်။ အနှီblack hot searchကို သူ လျစ်လျူရှုထားပြီး ဟိုင်နမီဒီယာနှင့် လက်မှတ်မထိုးဘူးဆိုပါက သူ့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ? ထန်ယဲ့ ပရိသတ်တွေက သူ့ကိုမုန်းကြမည်ဖြစ်သလို ထန်ယဲ့နှင့် သူ အတူတူရှိနေသည်ကို တားဆီးကာကွယ်ကြလိမ့်မည်ပင်။ 


သည့်အပြင် အင်တာနက်မှာ တစ်ယောက်ယောက်က သူ့ကို ဆဲဆိုကြိမ်းမောင်းနေခြင်းဟာ သူ့ကို မထိခိုက်စေနိုင်ပါချေ။ အင်တာနက်သုံးစွဲသူတို့၏ မှတ်ဉာဏ်မှာ ဆိုးရွားကြ၍ ရက်အနည်းငယ်ကြာပြီးနောက် အနှီကိစ္စကို မေ့သွားကြမည်ဖြစ်သည်။ 


အရှုံးအမြတ်တွက်ချက်ပြီးနောက် စုချီယွဲ့ ဤကိစ္စကို ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ချစ်ခြင်းမေတ္တာသည်ကား မည်သည့်ပုံစံဖြစ်ဖြစ် မည်သည့်နေရာမှာဖြစ်ဖြစ် အချဥ်ဖောက်နိုင်လေ၏။ ဟုတ်ပြီ၊ သူက အရမ်းအရေထူလွန်းလို့ စက်သေနတ်နဲ့ ပစ်လို့မရနိုင်ဘူးလေ။ 


"ကျေးဇူးတင်ပါတယ်ဗျ အထွေထွေမန်နေဂျာကျန်း၊ ဒါက ကြီးကြီးမားမားကိစ္စမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဆိုရိုးစကားရှိတယ်လေနော်၊ အနက်နဲ့ အနီရောင်ဟာလည်း အနီပါပဲတဲ့" 


ကျန်းဟုန်ဟွေး : ... ဒီတာဝန်က အရမ်းခက်လိုက်တာကွာ။ 


အနှီblack hot searchသည် Weiboမှာ တစ်ညလုံးရှိနေခဲ့ပြီး ရေတပ်က ဦးဆောင်ကာ ဆဲဆိုနေခဲ့သည်။ နောက်တစ်နေ့တွင်လည်း hot searchမှာ မူလနေရာ၌ပင်ရှိနေဆဲ။ 


ထန်ယဲ့ အလုပ်များလွန်းနေသဖြင့် အနှီကိစ္စကိုမသိခဲ့သလို စုချီယွဲ့ကလည်း မပြောပြချင်ခဲ့ပေ။ ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ သူ့ကို မနှောင့်ယှက်ပါဘူးနော်။ မမောပန်းတဲ့သူတွေကတော့ ကျိန်ဆဲနေပါစေလေ။ 


နောက်တစ်နေ့မနက်စောစော၌ စုချီယွဲ့ ဝတ်စုံလဲကာ သူ့၏ ဒုတိယမြောက်ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့သည်။ 


တစ်ဖက်တွင်မူ ပန်လုံမြို့၌ လင်းကွေ့ကျီးက အိမ်မှာ ဂုဏ်သရေရှိဧည့်သည်တော်နှစ်ဦးကို လက်ခံကြိုဆိုနေလေ၏။ 


"မင်္ဂလာပါ မစ္စလင်း၊ ကျွန်မက ဟိုင်နမီဒီယာရဲ့ HRဌာနခေါင်းဆောင် ချန်ရှင်း၊ ဒါကတော့ ကျွန်မတို့ ဟိုင်နမီဒီယာရဲ့ လက်ထောက်အထွေထွေမန်နေဂျာ ကျောက်ယွီဖေးပါ။ ဒါက ကျွန်မတို့ရဲ့ လုပ်ငန်းကတ်တွေနှင့် IDတွေပါ" 


ချန်ရှင်းသည် ဝတ်စုံကို ကျကျနနဝတ်ဆင်ထားပြီး ကျက်သရေရှိကာ ချောမောလှပသလို လုပ်နိုင်စွမ်းရှိသူပင်။ 


လင်းကွေ့ကျီးက ဟိုင်နမီဒီယာမှဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ တက်ကြွလာပါတော့သည်။ ဟိုင်နမီဒီယာနှင့် စာချုပ်ချုပ်ဖို့ စုချီယွဲ့ ငြင်းဆန်လိုက်တုန်းက အရမ်းနှ​မြောစရာကောင်းတယ်လို့ သူမ အမြဲတမ်းခံစားနေခဲ့ရပေမယ့် သူတို့ဘက်မှ ဝန်ထမ်းတွေကိုယ်တိုင် အိမ်တံခါးလာခေါက်လိမ့်မယ်လို့ သူမ လုံးဝမမျှော်လင့်ထားမိခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူးဟေ့။ 


လင်းကွေ့ကျီးက ပျင်းရိသော်လည်း အလွန်ထက်မြက်သူပင်။ သူမက ချန်ရှင်းပေးလိုက်သည့် IDကို ဂရုတစိုက်ကြည့်ရှုခဲ့ပြီး သူတို့က အမှန်တကယ် ဟိုင်နမီဒီယာ၏ ဝန်ထမ်းများဖြစ်ကြောင်း အတည်ပြုပြီးနောက်မှ စတင်စကားစမြည်ပြောပါတော့သည်။ 


"မြန်မြန်ထိုင်ကြပါရှင်၊ ဒီကိုလာရတာ ပင်ပန်းသွားမှာပဲနော်" 


လင်းကွေ့ကျီးက ဧည့်သည့်များအတွက် လက်ဖက်ရည်ဖျော်ရန်နှင့် သစ်သီးများခွဲတော့မည်ဖြစ်သော်လည်း ချန်ရှင်းက သူမကို အမြန်တားလိုက်သည်။ 


"ကျွန်မတို့ ရေမဆာပါဘူး၊ ကျေးဇူးပြုပြီး ထိုင်ပါဦး" 


ကျောက်ယွီဖေး၏ ဤတစ်ကြိမ်တာဝန်မှာ ခက်ခဲလေသည်။ စုချီယွဲ့က သူ့ကို နှစ်ကြိမ်တိုင်တိုင် ငြင်းပြီးပြီဖြစ်ကြောင်း ကျန်းဟုန်ဟွေးက ပြောပြခဲ့ပြီး ယနေ့ အနှီကိစ္စကို ပြီးမြောက်အောင်နည်းလမ်းရှာရမည်ဟု ပြောခဲ့သည်။


xxx