Ch 7
ငါ့ဆီ ဘယ်သူမှမလာကြတော့ ငါလဲနေ့ရက်တွေကို စံအိမ်ထဲကစာဖတ်ခန်းမှာပဲ တွန့်လိမ်ရင်း၀တ္ထုဖတ်ပြီးကုန်ဆုံးနေရတာပေါ့။
တစ်ခုကောင်းတာက အခုအနာဂတ်မှာ ငါမဖတ်ရသေးတဲ့စာအုပ်အသစ်တွေအများကြီးရှိလာပြီး စာအုပ်တွေကိုနှစ်အလိုက် အမျိုးအစားအလိုက်တောင်စီထားပေးတယ်လေ။
ဒီစာဖတ်ခန်းကို စီမံထားတဲ့သူကငါ့အကြိုက်ကိုကောင်းကောင်းသိတဲ့သူပဲဖြစ်ရမယ်။
ဒီရက်တွေအတွင်းမှာငါပျော်ပျော်ကြီးကိုစာဖတ်နေခဲ့တာ။
အထူးသဖြင့် အခုငါကိုင်ထားတဲ့
"အာဏာရှင်မြို့စားမင်းရဲ့ဖိအားပေးအချစ်" ဆိုတဲ့စာအုပ်ဆို အရမ်းစွဲမက်စရာကောင်းလွန်းလို့ စာရေးသူနဲ့တောင် မိတ်ဆွေဖြစ်ချင်မိတဲ့အထိပဲ။
ဒါပေမယ့် အဲ့ဒီဇာတ်လမ်းနဲ့ဇာတ်ကောင်တွေက တစ်နည်းနည်းနဲ့ ရင်းနှီးနေပုံပေါ်တယ်။
ဥပမာဆိုရင်
အဓိကမင်းသားကအစပိုင်းမှာ လုံး၀ပြီးပြည့်စုံပြီးလူကြီးလူကောင်းဆန်ပေမဲ့နောက်ပိုင်းမှာ အကြင်နာတရားကင်းလာတာမျိုး။
မင်းသားက ဘွဲ့ထူးဂုဏ်ထူးတွေမရခင်မှာ သူ့မိသားစုရဲ့ဘ၀ကကြမ်းတမ်းခဲ့ပြီး မိသားစုတစ်စုရဲ့မိတ်ဆွေတစ်ယောက်ဆီမှာခိုလှုံခဲ့တဲ့ဇာတ်ကြောင်းမျိုး။
မင်းသမီးကသူခိုလှုံခဲ့တဲ့မိသားစုကမိတ်ဆွေရဲ့ သမီးဖြစ်နေတာမျိုး။
ထပ်ပြောရရင် ဇာတ်လိုက်နှစ်ယောက်က ဆယ်နှစ်ကြာအောင်လှည့်ပတ်နေပြီး မင်းသားက အာဏာတွေရလာတဲ့အချိန်မှာ ဒုတိယမင်းသားအပေါ် ခံစားချက်တွေရှိနေတဲ့မင်းသမီးကို အကျဉ်းချထားတဲ့ဇာတ်ကြောင်းကအစရင်းနှီးနေတာ။
သူတို့ကအမွှာနှစ်ယောက်တောင်မွေးခဲ့သေးတယ်တဲ့လေ။
အဲ့တာကအရမ်းမတိုက်ဆိုင်လွန်းဘူးလား?
စာရေးဆရာက ဇာတ်ကြောင်းတစ်ချို့ကိုချဲ့ကားထားပေမဲ့ ဒီ၀တ္ထုက အပြင်မှာတကယ်ရှိတဲ့ အတွဲကို ကိုးကားပြီးရေးထားသလိုပဲနော်။
အဲ့ဒီအကြောင်းစဉ်းစားရင်း ငါညစာပါမစားနိုင်တော့ပဲ မင်းသားနဲ့မင်းသမီးရဲ့ စေ့စပ်ပွဲအခန်း ကိုအသေးစိတ်ဖတ်နေမိတော့တယ်။
အရမ်းပင်ပန်းလာတဲ့အထိဖတ်နေမိတော့ မျက်လုံးတွေဆက်မဖွင့်နိုင်တော့ပဲ စာကြည့်စားပွဲပေါ်မှာတင်အိပ်ပျော်သွားတော့တယ်။
နောက်တစ်နေ့နှိုးလာတော့ ငါက ကုတင်ပေါ်မှာရောက်နေတာတဲ့လေ။
ဒီစံအိမ်ထဲက ငါ့ကိုညလယ်ခေါင်ကြီး သူတစ်ယောက်ထဲကလွယ်လို့ ဘယ်သူက ပြန်သယ်လာပေးရဲမှာတဲ့လဲ။
အဲ့အကြောင်းတွေးမိပြီး မကူကယ်နိုင်စွာပဲတခစ်ခစ်ရယ်လိုက်မိတယ်။
ချီယန်ချီ ချီယန်ချီ ဆယ်နှစ်
ကြာပြီးတာတောင် ရှင်ကဒီအတိုင်းပါပဲလား။