Ch 5
ငါ့ဆီ ရှက်နေဖို့အချိန်မရှိတာကြောင့်ချက်ခြင်းပဲ လှည့်ကြည့်မိလိုက်တော့
ဆယ်နှစ်အကြာ ကချီယန်ချီက ငါ့ရှေ့နားလေးတင်ရပ်နေပြီး သူ့ရဲ့လက်နှစ်ဖက်ကို နောက်ပစ်ထားတာကိုတွေ့လိုက်ရတယ်။
သူ့အသွင်အပြင်က သိပ်မပြောင်းသွားပေမဲ့သူ့ရဲ့ အရှိန်အဝါကတော့ လုံး၀ကိုပြောင်းလဲသွားခဲ့ပြီပဲ။
အတိတ်တုန်းက ချီယန်ချီက ဝါးပင်လေးလိုဖြောင့်မတ်ပြီး လူကြီးလူကောင်းဆန်တယ်လို့ လူတကာ ချီးကျူးရပေမဲ့ အခုတော့သူ့ရဲ့ ပုံပန်းသွင်ပြင်က ခန့်မှန်းရခက်သလို နက်မှောင်နေပြီး အကြည့်တွေဟာလည်း ရန်လိုစိတ်အပြည့်နဲ့စူးရှနေတာမလ်ို့သားကောင်ကိုရှာဖွေနေတဲ့ သားရဲကြီးအတိုင်းပင်။
"အားယန်"
ငါမကူကယ်နိုင်စွာပဲ တီးတိုးခေါ်လိုက်မိ တော့ နောက်တစ်စက္ကန့်မှာတင် ချီယန်ချီရဲ့အမူအယာက မနှစ်မြို့သလိုဖြစ်သွားပြီး ကလေးတွေကိုပြန််ခေါ်သွားဖို့ အိမ်တော်ထိန်းကိုအချက်ပြလိုက်တယ်။
ပြီးတာနဲ့ ဒီဖက်ပြန်လှည့်လာပြီး ငါ့လည်ပင်းကိုဆုပ်ကိုင်လာခဲ့တယ်။
"ဘယ်သူက မင်းကိုအဲ့လိုခေါ်ခွင့်ပြုထားလို့လဲ! "
ဆုပ်ကိုင်ထားတဲ့ အားကသိပ်မပြင်းပေမဲ့ သူ့ရဲ့အကြည့်တွေက ငါ့ကိုအပိုင်းပိုင်းဆုတ်ဖြဲချင်နေသလိုပဲ။
ငါကြောက်ရွံ့နေသင့်ပေမယ့်လည်း တုန်လှုပ်နေရမဲ့အစား ဘာမှမဆိုင်ပဲ ရင်ဖိုလာတာမလို့သူ့ကို
"သခင်လေးချီ" လို့ခေါ်လိုက်မိတယ်။
အတိတ်တုန်းက သူငါ့ကို အပျော်လှေစီးဖို့ခေါ်တာဖြစ်ဖြစ် လက်ဖက်ရည်သောက်ဖို့ခေါ်တာဖြစ်ဖြစ် တစ်ခါမှ စည်းမကျော်ရဲဘဲ ငါတို့အနားမှာအစေခံတွေကိုလည်းအမြဲလိုလို ရှိနေစေခဲ့တာလေ။
ဒါပေမယ့် ငါဆိုတာကလဲ စည်းတွေဘာတွေကိုဂရုမစိုက်တတ်တော့အခက်သားပဲ။
ဘယ်သူမှ ကြည့်မနေတဲ့အချိန်ဆို သူ့ရဲ့အင်္ကျီပေါ်ကနေသူ့လက်လေးကိုပွတ်သပ်ပေးလိုက်ရင် ချီယန်ချီလေးက ငါ့စနောက်မှုတွေကြောင့် ဖွဖွလေးရှက်သွေးတွေဖြာလာတတ်တယ်။
ဒါပေမယ့် အဲ့လိုမလုပ်ဖို့တော့ငါကိုတစ်ခါမှမတားခဲ့ဘူး။
တစ်ခါတလေသူပြာယာခတ်လာရင်
ပြန်တုန့်ပြန်တဲ့အနေနဲ့ ငါ့လက်ကိုလာကိုင်တတ်ပေမဲ့ မသင့်တော်တာကိုတွေးမိပြီး ချက်ခြင်းလက်ပြန်ရုတ်သွားတတ်တာလေးတွေ။
အဲ့လိုအချိန်မျိုးတွေမှာဆိုရင်ငါသူ့ကိုစနောက်ပြီး
"သခင်လေးချီ" လို့ခေါ်နေတတ်တယ်။