5
ငါ့မတိုင်ခင် မူရင်းကိုယ်ကရွှီရှကို လတွေအများကြီး ပိုးပန်းခဲ့ရတာ။
မူရင်းဇာတ်ကြောင်းအရဆိုရင် မစ္စတာလုနိုင်ငံကို ပြန်ရောက်ပြီး ငါရွှီရှကိုပိုးပန်းခဲ့တာသိသွားတော့ အရမ်းတွေသ၀န်တိုပြီး မူရင်းကိုယ်ကိုချက်ခြင်း အဆုံးသတ်ပစ်လိုက်ရော။
ဒါကြောင့် ငါ့ဘ၀လေးကိုကာကွယ်ဖို့ မစ္စတာလု နိုင်ငံကို ပြန်ရောက်မလာခင် အဓိကအောက်ပုဂ္ဂိုလ်ရွှိရှနဲ့ ဝေးဝေးမှာနေရမယ်လို့ ဆုံးဖြတ်ထားတယ်။
အခုဆို မစ္စတာလုနိုင်ငံကို ပြန်ရောက်လာပြီလေ!
ပြီးတော့သူက သီးသန့်အခန်းထဲမှာတဲ့လား?
ငါသူ့ရဲ့အသည်းအသက်လေးကို ပိုးပန်းခဲ့တယ်ဆိုတာ သိသွားပြီး ငါ့ကိုရှင်းပစ်တော့မှာလား?
"ကျွန်တော်မသွားဘူး!"
ငါနောက်လှည့်ပြီး ထွက်ပြေးဖို့ပြင်တော့တယ်။
ငါ့ဘ၀က အရေးကြီးတယ်လေ။
ဒါပေမဲ့ မန်နေဂျာကငါ့လက်ကို အတင်းဆွဲကိုင်ပြီး တံခါးကိုတွန်းဖွင့်လိုက်တာမလို့ ငါအချိန်မှီ မလွတ်မြောက်နိုင်ခဲ့ဘူး။
တံခါးပွင့်လာတော့ အဖြူရောင်အင်္ကျီနဲ့ ချောမောတဲ့ယောင်္ကျားတစ်ယောက်ဆီ ငါ့အကြည့်က ရောက်သွားတယ်။
ငါကြက်သေသေသွားမိပြီ။
ယန်ယီ...
သူကဘာလို့ဒီရောက်နေတာလဲ?