3
ကြမ်းပြင်ပေါ် လဲကျနေတဲ့ ကောင်လေးက သူ့ရဲ့ အေးစက်စက်အရှိန်အဝါကြောင့် တုန်လှုပ်နေပြီ စကားတစ်ခွန်းတောင် ပြန်မပြောနိုင်ခဲ့ဘူး။
အခြား အတန်းဖော်ဟောင်းသုံးယောက်ကလဲ ထိတ်လန့်နေပြီး စကားပြောဖို့ ကြောက်ရွံ့နေခဲ့ကြတယ်။
ဘာတွေဖြစ်နေလဲဆိုတာ သတိမမူမိတဲ့ငါက သီးသန့်အခန်းထဲကနေ အဲ့အမျိုးသားရဲ့ သယ်ထုတ်သွားတာကိုခံလိုက်ရတာ။
နောက်တစ်နေ့ ငါနှ်ိုးလာတော့ ခေါင်းတစ်ခုလုံးမူးဝေနေပြီး မနေ့ညက မှတ်ဉာဏ်တွေကလဲ မရေမရာ မှုန်ဝါးနေခဲ့တယ်။
ကြည့်ရတာ ငါအမူးလွန်သွားပြီးတော့ ယန်ယီ ရောက်လာခဲ့သလိုပဲ။
ငါရဲ့နောက်ဆုံး အမြင်အာရုံက အားနည်းပြီး ညင်သာတတ်တဲ့ ယန်ယိီရဲ့မျက်၀န်းတွေက အဲ့တုန်းက အေးစက်နေပြီး အခြားတစ်ယောက်ဖြစ်သွားသလိုမျိုး ကြမ်းကြုတ်တဲ့ အကြမ်းတွေနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တာ...
ငါ့လက်ကို ပွတ်လိုက်တော့ လက်ပေါ်ကအမွှေးတွေက ကြောက်လန့်တကြားထောင်မတ်နေခဲ့ပြီး အဲ့ဒီအချိန်မှာပဲ တံခါးကပွင့်လာခဲ့တယ်။
ယုန်ပေါက်လေးပုံစံအေပရွန်ကို ၀တ်ဆင်ထားတဲ့ ယောင်္ကျားက သူရဲ့နာခံတတ်တဲ့ပုံစံနဲ့ အခန်းထဲ၀င်လာပြီး မျက်နှာမှာလဲ ညင်သာတဲ့အပြုံးတစ်ပွင့်နဲ့ပြောလာတယ်။
"ယောင်္ကျားက နှိုးလာပြီပဲ"
ငါမျက်တောင်ခတ်လိုက်ပြီး လက်ကိုကုပ်လိုက်ရင်း ငါ့ရှေ့က ရိုသေကျိုးနွံ့နေတဲ့ ယောင်္ကျားကိုကြည့်နေမိတယ်။
ငါမနေ့က အရက်သောက်တာများသွားလို့ အမူးလွန်ပြီး ပေါက်ကရတွေမှတ်မိနေတာပဲဖြစ်ရမယ်။
ဘယ်လိုဖြစ်လို့ ငါ့ရဲ့နူးညံ့ပြီးနာခံတတ်တဲ့ မိန်းမက အဲ့လိုကြမ်းကြုတ်တဲ့အကြည့်နဲ့ ကြည့်နိုင်မှာလဲ...
ငါ့ကို အငမ်းမရဝါးမျိုစားသောက်ချင်နေ
တဲ့ ပုံစံမျိုးနဲ့လေ?