59
“ခြောက်စုံယူမှာလား?”
ဒါက
အလွန်များတာကြောင့် သူ ခဏလောက်တွေးတောပြီး နှစ်ဆင့်လောက် လျှော့ပေးလိုက်တယ်။
နောက်ဆုံးတော့ ဒီဖိနပ်တွေက ဂိုဒေါင်ထဲမှာ စုပုံနေခဲ့ပြီး လွှင့်ပစ်လိုက်ရမယ်ဆိုရင်
ပိုက်ဆံတွေ ဆုံးရှုံးသွားနိုင်တယ်လေ။
“ဒါဆို
ကျွန်မရွေးလိုက်မယ်”
ဆုဆု ဆိုင်ရှင်ကိုပြောပြီး
ဖိနပ်တွေကို ရွေးနေလိုက်တယ်။ နောက်ပိုင်းကျမှသာ သူမ သိရှိခဲ့ရတယ်။ ဒီဖိနပ်က
တောင်ဘက်ကနေ ရောင်းချဖို့ယူဆောင်လာတာဖြစ်ပြီး နိုင်ငံရေးအခြေအနေက
သိပ်ပြီးမရှင်းလင်းလှတာကြောင့် အခုအချိန်ထိ သိမ်းထားခဲ့ရတာတွေပဲ။
ဒါကိုရောင်းဖို့
နောက်ထပ်အချိန်တစ်နှစ်လောက် ထပ်ယူခဲ့ရပြီး လာဝယ်တဲ့သူတွေကလည်း
အရမ်းကိုနည်းပါးတာကြောင့် သူတို့အနေနဲ့ စျေးကို လျှော့ပြီးရောင်းချလိုက်ရုံသာ
တတ်နိုင်ခဲ့ကာ တော်တော်များများကိုလည်းလည်း ရောင်းချပြီးသွားပြီ။
ဒီရှူးဖိနပ်တွေက
အရည်အသွေးတွေ ကောင်းမွန်လွန်းတာပဲ။ တကယ်လို့ ဒါတွကို ပြန်ယူသွားမယ်ဆိုရင်
ရောင်းချလို့ရနိုင်လောက်လား?
သူမ
ထိုအကြောင်းစိတ်ထဲကနေ တွက်ချက်ကြည့်လိုက်တယ်။ ရွာထဲဲက လူတွေက တစ်နှစ်ကို
ယွမ်အနည်းငယ်ပဲ သုံးနိုင်တယ်ဆိုပေမဲ့ နှစ်ယွမ်တန် ဝါဂွမ်းဖိနပ်ကိုတော့
စီးနိုင်နေတဲ့သူတွေတော့ ရှိနေတုန်းပဲ။ ပြောရရင် သူမယူလာမဲ့ ဖိနပ်တွေက
ပိုပြီးကောင်းတယ်လေ။
သို့ပေမယ့်
သူမအနေနဲ့ ဒါတွေကို ဒီလောက် အဝေးကြီး သယ်သွားနိုင်မှာမဟုတ်ဘူး။ ဒီတော့ သူမ
သက်ပြင်းအသာချလိုက်ပြီး ဖိနပ်ခြောက်စုံကိုသယ်ပြီး တည်းခိုခန်းကို ပြန်သွားရုံသာ
တတ်နိုင်ခဲ့တယ်။ အိမ်ကိုရောက်တော့ သူမက လင်းချွမ်အတွက် ဝယ်လာတဲ့ အဝတ်အစား
အသစ်အားလုံးကို လျှော်ဖွပ်လိုက်တယ်။ ဒါတွေက ခန္ဓာကိုယ်နဲ့ နီးကပ်စွာ
၀တ်ဆင်ရမဲ့ အဝတ်အစားတွေလေ။ ပြီးနောက်မှာ အခြောက်ခံဖို့အတွက် တည်းခိုခန်းမှ
မီးဖိုပေါ်မှာ တင်ထားပြီး တစ်ညလုံးနီးပါး အခြောက်ခံခဲ့တာကြောင့်
နောက်တစ်နေ့မနက်မှာ ခြောက်သွေ့လုနီးပါးဖြစ်နေခဲ့ပြီဖြစ်လို့ ထုပ်ပိုးပြီး ဆေးရုံသွားခဲ့တယ်။
သူမရောက်တဲ့အချိန်မှာတော့
လင်းချွမ်က သန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်သလို သူ့ရဲ့မျက်နှာပေါ်မှ
ရောင်ရမ်းမှုတွေကလည်း ပျောက်သွားခဲ့ပြီ။ သူ့ရဲ့အခြေအနေက မနေ့ကထက် အများကြီး
ပိုကောင်းလာပုံရတယ်။
သူမက
စစ်သားလေးကိုကြည့်ပြီး သူမထွက်သွားခင်မှာ လင်းချွမ်ကို ဘောင်းဘီလဲပေးဖို့
အကူအညီတောင်းလိုက်တယ်။ ပြီးမှသာ အပေါ်ဘက်အဝတ်အစားတွေကို လဲပေးလိုက်တယ်။
စစ်သားလေးကတော့
သူ့ရဲ့မရီးက အလွန်သန့်ရှင်းမှုကိုကြိုက်တာပဲလို့ တွေးမိရင်း သူ့ရဲ့ တပ်ရင်းမှူးကို
အဝတ်အစားလဲပေးလိုက်တယ်။ ကြည့်လေ။ အခုဆို အရင်တုန်းကထက် ပိုပြီး
ချောမောခန့်ညားသွားပြီမဟုတ်ဘူးလား။
သူမက
စစ်သားလေးကို ပြန်လွှတ်လိုက်ပြီးနောက် အထဲကိုဝင်သွားပြီး ပြောလိုက်တယ်။
“ကျွန်မ
ရှင့်ရဲအဝတ်အစားတွေကို သွားလျှော်လိုက်ဦးမယ် .. မလှုပ်နဲ့ဦးနော်”
“မလုပ်နဲ့
ကိုယ် အိမ်ပြန်ရောက်မှလျှော်လိုက်မယ်”
ဒီအဝတ်အစားတွေအားလုံးက
ခန္ဓာကိုယ်နှင့်ကပ်ပြီးဝတ်ထားတာတွေဖြစ်ပြီး သွေးတွေလည်းပေနေသေးတယ်။ဒီတော့
သူ့ရဲ့ဇနီးလေးကို မလျှော်စေချင်တာ သဘာဝပဲလေ။
“ရှင်
ဘာတွေကိုကြောက်နေတာလဲ ကျွန်မ ရှင့်ရဲ့အဝတ်အစားတွေကို မလွှင့်ပစ်ပါဘူး”
သူမ သူ့ကို
စိုက်ကြည့်လိုက်ပြီး ရေဇလုံကိုယူကာ အပြင်သို့ထွက်သွားတော့တယ်။ သူမ
အဝတ်လျှော်ပြီးပြန်လာချိန်မှာတော့ ဇာတ်လိုက် လင်းတုံဟဲလည်း ရောက်နေနေပြီဖြစ်ကာ
လင်းချွမ်နဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။
“ ကပ္ပတိန်
ရှင်လည်း ရောက်လာပြီပဲ”
ဆုဆိက သူ့ကို
လှမ်းပြောလိုက်ပြီး လျှော်ဖွပ်ထားတဲ့ အဝတ်အစားကို ဘေးဘက်မှာ
လှမ်းထားလိုက်တယ်။ ထို့နောက်ဘေးနားမှ ရေခွက်ထဲမှာ ရေမရှိတော့တာကိုမြင်တော့
ရေပြန်ဖြည့်ပေးလိုက်ပြီး လင်းချွမ်ရဲ့အိပ်ယာကိုသန့်ရှင်းပေးလိုက်တယ်။ ပြီးနောက်မှာ
ဘေးမှာရှိတဲ့ တံမြက်စည်းကိုလှမ်းယူပြီး အခန်းတစ်ခုလုံးကိုလှည်းကျင်းလိုက်ပြန်တယ်။
သူမအနေနဲ့
အလုပ်တွေအများကြီး မလုပ်တတ်ဘူးဆိုပေမဲ့ အဆောင်တစ်ခုမှာ
နေထိုင်ခဲ့ဖူးတာကြောင့် ဒါတွေကိုတော့လုပ်နိုင်သေးတယ်။
ဒီတော့
သန့်ရှင်းရေးအတွက်ရောက်လာတဲ့ အန်တီကြီးက သိမ်မွေ့နူးညံ့တဲ့မိန်းကလေးတစ်ယောက်က
သူမကိုကူညီပြီးလုပ်ပေးနေတာကိုမြင်တော့ ပြုံးပြီးပြောလာတယ်။
“အိုး
ဒီမိန်းကလေးက တကယ်ကို လုပ်နိုင်စွမ်းရှိတာပဲ.. ငါတို့လုပ်ရမဲ့အလုပ်တွေကိုပါ
လုပ်ပြီးသွားပြီ”
“ဒါက
ဘာမှဟုတ်ပါဘူး.. ဒီအခန်းကလည်း အဲလောက်ထိညစ်ပတ်နေတာမဟုတ်ဘူးလေ.. ကျွန်မ ခဏလောက်ပဲ
လုပ်ခဲ့ရတာပါ”
ဆုဆုက
သူတို့ကိုပြုံးပြီး ပြောနေချိန်မှာ လင်းချွမ်နဲ့ လင်းတုံဟဲတို့က
သူမကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရတာကြောင့် မေးလိုက်မိတယ်။
“ဘာဖြစ်လို့လဲ?”
လင်းချွမ်က
တစ်ဖက်သို့လှည့်ကာ ချောင်းဖျော့ဖျော့ဆိုးလာပြီး လင်းတုံဟဲကပြန်ပြောလာတယ်။
“အိုး မင်းက
အတော်လေးချဉ်းကပ်ရလွယ်တယ်လို့ ငါတို့ မထင်ထားခဲ့လို့ပါ”
ကောလိပ်ကျောင်းသူတစ်ယောက်က
သန့်ရှင်းရေးလုပ်အန်တီကြီးတွေနဲ့ အချိန်အကြာကြီး စကားစမြည်ပြောနိုင်တာ
တကယ့်ကိုအံ့သြစရာကောင်းတယ်။
“ကျွန်မက
ထူးကဲသာလွန်နေတဲ့သူမျိုးမဟုတ်ပါဘူး.. ဘာကို ချဉ်းကပ်နိုင်တယ်လို့ပြောနေတာလဲ..
ကျွန်မ တက္ကသိုလ်တက်တုန်းကလည်း သန့်ရှင်းရေးလုပ်တဲ့အစ်မအိမ်မှာ
ညစာသွားစားလေ့ရှိတယ်”
ဆုဆုက အမြဲတစေ
သဘောကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူမရဲ့ရုပ်ရည်က အလွန်ပဲလှပလွန်းတာကြောင့်
လူတွေက သူမအနားသို့ ချည်းကပ်ရခက်ခဲတယ်လို့ ထင်မြင်ကြကာ
သူမကိုအေးစက်တဲ့သူလို့သတ်မှတ်ကြလေ့ရှိတယ်။
လင်းတုံဟဲက
ပြုံးလိုက်ပြီး မနေ့ညကတုန်းက အဖြစ်အပျက်ကို ပြန်တွေးလိုက်မိတယ်။ သူနဲ့သူမက ခဏလောက်
ရှုပ်ထွေးနေခဲ့ကြပြီး နောက်ဆုံးမှာ တည်းခိုခန်းမှာပဲ အဆုံးသတ်သွားခဲ့တယ်...
အဲဒီနောက်..
သူမက
အခုအချိန်မှာ ဘယ်လောက်ထိ ခက်ခဲနေတဲ့အကြောင်း ဘယ်လောက်ထိ အဆင်မပြေ
ဖြစ်နေခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ပြောပြခဲ့ပြီး သူက သူမကို စိတ်နှလုံး အပြည့်နဲ့
နှစ်သိမ့်ပေးခဲ့တယ်။ သူ့အနေနဲ့ နောက်ဆုံး ခြေလှမ်းကို
လှမ်းနိုင်ခဲ့လိမ့်မယ်ဆိုတာကို ဘယ်လိုများ သိနိုင်ခဲ့မှာတဲ့လဲ။
သူက
တာဝန်ယူချင်ခဲ့ပြီး ချင်ယွဲ့ယွဲ့တို့အိမ်ကိုသွားကာ လက်ထပ်ခွင့်တောင်းချင်ခဲ့ပေမဲ့
အငြင်းခံခဲ့ရတယ်။
သူက
စစ်တပ်ထဲမှာရှိနေတဲ့ လင်းချွမ်ရဲ့အခြေအနေလောက်မကောင်းပေမဲ့ သူ့ရဲ့နှလုံးသားက
မှန်ကန်ပါတယ်။ သူမက ဘာလို့ ဒီလောက်တောင် ပြတ်ပြတ်သားသား ငြင်းခဲ့ရတာလဲ။ သူတို့တွေက
အကြင်လင်မယားဖြစ်သွားခဲ့ပြီဆိုတာ သိသာနေတာပဲလေ။
ဆုဆုက
အမျိုးသားဇာတ်လိုက်ရဲ့ အမူအယာက မှားယွင်းနေကြောင်းသတိပြုမိခဲ့ပြီး
လင်းချွမ်တောင်မှ မျက်မှောင်ကြုတ်ပြီးမေးခဲ့တယ်။
“ဘာမှားနေလို့လဲ?”
“ဘာမှမဟုတ်ဘူး
အစ်ကိုဘယ်လိုပြန်မလဲဆိုတာကို တွေးမိသွားလို့”
လင်းတုံဟဲက
အကြောင်းအရာကို အမြန်ပြောင်းလိုက်တယ်။
လင်းချွမ်: “စစ်တပ်က ငါ့ကို
ပြန်ပို့ပေးဖို့ ကားတစ်စီးပို့ပေးလောက်တယ်.. ပြောရရင် ငါ့ရဲ့အခြေအနေက
ရထားမစီးနိုင်လောက်ဘူးလေ”
ဒါကိုကြားတော့
ဆုဆုရဲ့မျက်လုံးတွေက တောက်ပလာခဲ့တယ်။
“ရှင့်ကိုကားနဲ့
ပြန်ပို့ပေးမှာလား?”
“အမ်”
“ဒါဆို ကျွန်မ
ပစ္စည်းနည်းနည်းလောက် ယူလာလို့ရလား’
“ရတယ်”
လင်းချွမ်က
သူမရဲ့စိတ်လှုပ်ရှားနေပုံက အနည်းငယ်ထူးဆန်းတယ်လို့ထင်လိုက်ပေမဲ့ ထိုပုံလေးကလည်း
အလွန်ချစ်စရာကောင်းနေတယ်လေ။
“ကောင်းလိုက်တာ..
လင်းချွမ် ကျွန်မ ရှင့်ကိုပြောမယ်.. မတိုင်ခင်တုန်းက ကျွန်မ စျေးသွားဝယ်တော့
သတိပြုမိခဲ့တာ....”
သူမက
လင်းချွမ်ကို ဖိနပ်လက်ကျန်တွေအကြောင်းကိုပြောပြလိုက်တယ်။
“ဒါက
စျေးချိုတယ်ဆိုတော့ ကျွန်မတို့ ဘာလို့ပြန်သယ်မသွားရမှာလဲ? ကွန်မြူနတီမှာ
သွားရောင်းမယ်ဆိုရင် စျေးပိုတင်ပြီးရောင်းလို့ရတယ်လေ”
သူမက ဒီဘက်ခေတ်မှ
အခြေအနေတွေကို သိပ်ပြီးမရင်းနီးတာကြောင့်* လင်းချွမ်ကိုပဲ
သဘာဝကျစွာမေးမြန်းလိုက်တယ်။
(Note _စျေးထဲမှာ
သွားရောင်းခွင့်ရှိမရှိ)
လင်းချွမ်က
ခေါင်းခါပြီး ပြောလာတယ်။
“အခု တိုင်းပြည်က
လူတိုင်းကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တွန်းအားပေးနေပြီဆိုတော့ ဒီလိုမျိုးတွေကို
ဘယ်သူမှ ဂရုမစိုက်တော့ဘူး.. နောက်ပြီး ကွန်မြူနတီမှာလည့်
ဈေးဆိုင်အသေးလေးတွေရှိနေတာပဲလေ ..ကိစ္စမရှိပါဘူး”
လင်းတုံဟဲကလည်းပြောလာတယ်။
“အခုအခြေအနေက
အရမ်းကောင်းပါတယ်.. လူတိုင်းကလည်း ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းချင်နေကြပြီလေ..
ဒီတော့ အရင်တုန်းက ဒီချုပ်ပြီးသားအရာတွေကို မတွေးရဲခဲ့ကြပေမယ့် အခုချိန်မှာတော့
မင်းအနေနဲ့ ဒီတောင်ပိုင်းက အရာတချို့ကို ပြန်ယူလာနိုင်ပြီလို့ ပြောလို့ရတယ်”
လင်းတုံဟဲက
ဆုဆုရဲ့ စာအုပ်တွေအများကြီးဖတ်ထားတဲ ခေါင်းက အခုလိုမျိုးတွေကိုလည်း
တွေးတောနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူမက စျေးသက်သက်သာသာနဲ့
အရည်အသွေးကောင်းတဲ့အရာကိုရမယ်ဆိုရင် ကွန်မြူနတီဆီသို့ ပြန်သယ်သွားဖို့ကိုပါ
တွေးတောနိုင်ခဲ့တာပဲ။
သူတောင်မှ
စီးပွားရေးအတွက်သွားတဲ့အချိန်တွေ ဒါမှမဟုတ် အပြင်ထွက်တဲ့အချိန်တွေမှာ စီးဖို့
တစ်ရံလေုက်ဝယ်ရန် ဖြားယောင်းခံလိုက်ရတယ်။ အဆုံးမှာ ဘယ်လူငယ်ကများ
အလှအပကိုမမက်မောလို့လဲ။ အဓိကအချက်က ဒါတွေက စျေးကြီးတဲ့ပုံလည်း
ပေါ်နေသေးတယ်လေ။
သမဝါယမတွေမှာ
ဖိနပ်သွားဝယ်မယ်ဆိုရင် သုံးယွမ်ကျော်ကုန်ကျမှာဖြစ်ပြီး အရေးကြီးဆုံးကတော့
လက်မှတ်တွေလိုအပ်နေသေးတာပဲ။ ဒီရက်ပိုင်းတွေမှာ လက်မှတ်တွေက နည်းသထက် နည်းပါးလာတယ်။
“တကယ်လား? ဒါဆို
ကောင်းတာပေါ့.. ကျွန်မအတွက် ပိုက်ဆံအများကြီး မစုဆောင်းနိုင်ဘူးဆိုပေမဲ့
ရွာသားတွေအတွက်တော့ အဆင်ပြေသွားလိမ့်မယ်”
ဆုဆု လေးနက်တဲ့
မျက်နှာနဲ့ပြောလိုက်တယ်။ သူမ လိမ်ခဲ့တာမဟုတ်ဘူး။ ဖိနပ်တွေက စုစုပေါင်းအရံ ၅၀
ကျော်ရှိတယ်လေ။ ဒီတော့ တစ်ရံကို ၁ယွမ်အမြတ်ရမယ်ဆိုရင်တောင် ယွမ် ၅၀ ပဲရလိမ့်မယ်။
သူမကတော့ ထိုပမာဏကို အရမ်းနည်းတယ်လို့ ခံစားမိတယ်။
ဒါပေမယ့်
ရွာတွေမှာဆိုရင်တော့ ထိုပိုက်ဆံက အများကြီးလို့ သတ်မှတ်နိုင်တယ်။
“ဇနီးလေး..
ကိုယ့်ရဲ့လစာက မကြာခင်ရတော့မယ်”
အချိန်တိုင်း
ငွေရှာဖို့အကြောင်းကို တွေးတောနေစရာ မလိုဘူး။ သူ့အနေနဲ့ သူ့ရဲ့မိသားစုကို
ထောက်ပံ့ပေးနိုင်သလို.. ဒီတစ်ကြိမ်မှာ ထောက်ပံ့ကြေးလည်း ရရှိလိမ့်မယ်။
“ကောင်းပြီ ကျွန်မ
ရှင့်အတွက် အာဟာရဖြည့်စွတ်စာတွေ ဝယ်လိုက်မယ်”
ဆုဆုကတော့
ဖိနပ်တွေ ပြန်ယူနိုင်တော့မယ်ဆိုတာကိုသိလိုက်ရတာကြောင့် အလွန်ပျော်ရွှင်နေခဲ့ပြီး
ညနေမှာ ပြန်ကြည့်ကြည့်ဖို့ စဉ်းစားနေခဲ့တယ်။
ဒီနေ့မှာတော့
လင်းချွမ်က အိပ်ရာထဲကထနိုင်ပြီဖြစ်ပေမယ့် သူ ထတဲ့အချိန်မှာတစ်စုံတစ်ယောက်က
တွဲပေးဖို့လိုအပ်သေးတယ်။ သူရဲ့ ခန္ဓာကိုယ်က ကြီးမားပြီး
ပိန်ပါးတယ်လို့ထင်ရရင်တောင် အတော်လေးလံလွန်းတယ်။ ဒီတော့ ဆုဆုက သူ့ကိုကူညီပေးဖို့
လာတဲ့အချိန်မှာ သဘောမတူခဲ့ပဲ ဘေးနားမှာသာရပ်ပြီးကြည့်ခိုင်းခဲ့တယ်။
သူက
ဘယ်လိုလုပ်ပြီး သူ့ရဲ့ဇနီးကို တွဲပေးခိုင်းနေရမှာလဲ။ တကယ်လို့ သူသာ
မထိန်းနိုင်ခဲ့ပဲ နောက်ကိုပြန်လဲသွားပြီး သူ့ရဲ့ဇနီးကို
တိုက်မိသွားခဲ့ရင်ဘယ်လိုလုပ်မလဲ။ သူမရဲ့ ခန္ဓာကိုယ်အသေးလေးနဲ့
သူ့ရဲ့ခန္ဓာကိုယ် တိုက်မိသွားမယ်ဆိုရင် သွေးအန်သွားရတဲ့အထိ ဖြစ်သွားနိုင်တယ်။
ဆုဆုကတော့ သူ
ဘာတွေတွေးနေလဲဆိုတာကိုမသိခဲ့ဘူး။ အခုချိန်မှာ သူတို့က သုံးယောက်တောင် စစ်တပ်ထဲမှာ
ရှိနေပြီဖြစ်လို့ ထမင်းလာပို့ပေးတော့မှာမဟုတ်ဘူး။ ဒါကြောင့် သူမကိုယ်တိုင်
လက်မှတ်ယူပြီး ဆေးရုံရဲ့ ဒုတိယထပ်မှ ကန်တင်းမှာ နေ့လည်စာသွားယူခဲ့တယ်။
သူမအနေနဲ့ သူတို့
သုံးယောက်က စားစရာတွေ ဘယ်လောက်ရနိုင်မလဲဆိုတာကိုမသိခဲ့ပေမဲ့
ကံကောင်းထောက်မစွာဖြင့် စစ်တပ်က နေ့လယ်စာ သုံးဘူး ပေးလာခဲ့တယ်။ ဒါကြောင့် သူမက
ဟင်းနှစ်မျိုးကိုရွေးချယ်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့တယ်။
အစားအသောက် ပမာဏက
လုံးဝကို မနည်းပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ ဟင်းပွဲအတွက်
လက်မှတ်မလိုအပ်ခဲ့ဘူး။
လူတစ်ယောက်အတွက်
ဘန်းမုန့်ကြီးနှစ်ခုရှိတယ်။ ဒါက လုံလောက်ပါ့မလားတော့မသိဘူး။ သို့ပေမယ့် သူမ
မကုန်ရင် သူတို့အတွက် တစ်ခုထပ်ပေးလို့ရသေးတယ်လေ။
**