(50) ပွဲအစီအစဥ်
ဆုဆုမှာ ကိုယ်ဝန်မရှိမှန်းကို အမေလင်းသိထားပြီဖြစ်ပြီး သူမ
ဘယ်လိုမျိုးပဲ လှည့်ပတ်ပြေးလွှားနေပါစေ ကိစ္စမရှိဘူးဆိုတာကို
သိထားပြီးသားဖြစ်ပေမဲ့ သူမက ချွေးမဖြစ်သူကို
မုဆိုးမချောင်နဲ့ဆက်ဆံပြောဆိုနေရတဲ့အပေါ်မှာ စိတ်မချနိုင်ဖြစ်နေတုန်းပဲ။ အဆုံးမှာ
ထိုအမျိုးသမီးရဲ့ ဂုဏ်သတင်းက သိပ်ပြီးမကောင်းလှဘူးမလား။
ကံကောင်းထောက်မစွာနဲ့ စွမ်းယင်က သူမနဲ့အတူအဖော်ပြုပြီး
လိုက်ပေးနေသေးတယ်။
သို့ပေမယ့် သူတို့ရဲ့ရွာက ဒီလောက်ထိ
အေးခဲနေတဲ့အချိန်ဖြစ်နေတာကြောင့် သူမရဲ့ချွေးမဖြစ်သူအိမ်သို့
သီချင်းဆိုလေ့ကျင့်ဖို့အတွက်အမျိုးသမီးတွေအားလုံး ရောက်လာကြလိမ့်မယ်လို့တော့
မထင်ထားခဲ့ဘူး။
သူမ အိမ်ထဲကို ဝင်လိုက်တာနဲ့ အိမ်ကအလွန်အမင်းစည်ကားနေတာကို
တွေ့လိုက်ရတယ်။
အမေလင်း အံ့သြသွားခဲ့ရတယ်။ သူမအနေနဲ့ ဒီရွာကို
ရောက်လာပြီးတဲ့အချိန်ကတည်းက အလုပ်ကိစ္စနဲ့သွားလာတာကလွဲရင် အိမ်ကို
လူများများစားစား ရောက်မလာဖူးဘူး။ သူမလည်း လုပ်စရာရှိတာမှန်သမျှကို လက်ထဲကနေ
လုပ်နေရင်းနဲ့ သူမရဲ့ချွေးမက သီချင်းဆိုနည်းတွေကိုပြောပြနေတာကိုနားထောင်နေခဲ့တယ်။
သူ့ရဲ့ချွေးမက အနာဂတ်မှာ ကြီးမားတဲ့အရာတွေ
လုပ်ကိုင်နိုင်လိမ့်မယ်လို့ အဖိုးကြီးက ပြောခဲ့ပေမဲ့ သူက ဒီအဖွားအိုကြီးကို
ချော့မော့စကားဆိုရုံပဲလို့ သူမထင်ထားခဲ့တာ။ သို့ပေမယ့် အခုကြည့်ရတာတော့
သူမရဲ့ချွေးမက တကယ်ကို အရည်အချင်းရှိတာပဲ။
ပထမတုန်းကတော့ ဆုဆုက တခြားလူတွေဆီမှာ
အနိုင်ကျင့်ခံခဲ့ရမှာကို သူမ နှစ်ရက်လောက် စိတ်ပူနေခဲ့သေးတယ်။ သို့ပေမယ့် သူမရဲ့
ငယ်ရွယ်တဲ့ချွေးမလေးက စကားကို ချောမွတ်စွာပြောဆိုနိုင်ပြီး ဘယ်သူဆီကမှ
အပြစ်ဆိုစကားတွေထွက်မလာနိုင်တာကိုတွေ့ခဲ့ရတယ်။ သူမက ခေါင်းဆောင်တစ်ယောက်လိုမျိုး
လူတွေကို ထိန်းထားနိုင်ခဲ့တယ်။
နောက်ပိုင်းမှာတော့ သူမ စိတ်သက်သာရာရသွားသော်လည်း
အနောက်ဘက်အိမ်မှ စုံလင်လှတဲ့သရဲတစ္ဆေသံတွေနှင့် ဝံပုလွေအူသံတွေကို
တစ်ခါတစ်ရံ ကြားလာရတော့တယ်။
ဆုဆုအတွက်လည်း မလွယ်ကူခဲ့ဘူး။ သူမအနေနဲ့
သူတို့တွေကိုသင်ကြားပေးဖို့အတွက် ကျောင်းမှာ သင်ယူခဲ့ဖူးတဲ့ ပညာရေးသင်ကြားစနစ်
နည်းလမ်းတွေအားလုံးနီးပါးကို အသုံးပြုခဲ့ရတယ်။
ထို့အပြင် စွမ်းယင်က ရွာမှာရှိနေတဲ့
အမျိုးသမီးတွေအားလုံးနှင့် အလွန်ရင်းနှီးတာကြောင့် သူမကို ကိုယ်စားလှယ်ကောင်းတွေ
ရွေးချယ်ခိုင်းလိုက်တယ်။ သူတို့တွေက မှတ်ဉာဏ်ကောင်းရုံသာမက ဖော်ပြနိုင်စွမ်းလည်း
ကောင်းမွန်ရမယ်။
သူမ နှစ်ရက်ကြာအောင် အော်လိုက်ပြီးနောက်မှာတော့ သူမရဲ့အသံက
ပြာနှမ်းလုနီးပါးဖြစ်လာခဲ့ပြီး ထိုနေ့မှာ ကျစ်ရှုနဲ့ လင်းတုံဟဲတို့ကလည်း
လာရောက်လည်ပတ်ခဲ့ကြတယ်။ ဆုဆုက သူတို့ရဲ့ရွာအတွက် အရမ်းကိုအလုပ်ကြိုးစားတဲ့အတွက်
သူမကို ဆုချရမယ်။
ဒီဘက်ခေတ်မှာ သကြားလုံးအထောက်အပံ့တွေက
ရှားပါးနေတုန်းပဲ။ နှစ်သစ်ကူးအကြိုကာလမှာတောင် နေရာအများစုမှာ
သကြားလုံးတွေကို မမြင်ဖူးကြဘူး။ ဒါကို အတွင်းရေးမှူးက
ခက်ခက်ခဲခဲရလာတဲ့သကြားလုံးတစ်ပေါင်ကို သူမအတွက် ထုတ်ပေးလာခဲ့တယ်။
ဆုဆု သူတို့ကို အတွင်းထဲသို့ကြိုဆိုလိုက်တယ်။ အခုချိန်မှာ
ရွာတွေဘက်မှာ အလွန် အေးလွန်းနေပြီလေ။ ဒါကြောင့် စာတတ်မြောက်ရေးအတန်းတွေကိုတောင်
သူမရဲ့နေရာဆီကို ရွှေ့ထားချင်နေတာ။ ပြီးတော့ သင်ကြားရေးကို ရပ်တန့်လိုက်တဲ့
လူတွေလည်း များလာပြီး သူမအတွက် အလုပ်တွေပိုနည်းလာရတယ်။
ပါတီအတွင်းရေးမှူးနှင့် လင်းတုံဟဲတို့ ရောက်လာတဲ့အချိန်မှာ
သူမ ထွေထွေထူးထူးမခံစားရပါပဲ သူမရဲ့အခန်းထဲသို့ဝင်လာဖို့
အပြုံးနဲ့ကြိုဆိုလိုက်တယ်။
သူမက တံခါးကိုဖွင့်ရင်းပြောလိုက်တယ်။
“ ကပ္ပတိန် ပါတီအတွင်းရေးမှူး.. ဝင်လာခဲ့ကြလေ”
“မင်းအတွက် တကယ်ခက်ခဲခဲ့မှာပဲ”
အတွင်းရေးမှူးကျစ်က
ဆုဆုရဲ့အသံတွေအက်ကွဲနေတာကိုကြားနိုင်ခဲ့တယ်။
လင်းတုံဟဲက ဆုဆုကို တစ်ချက်လှမ်းကြည့်လာတယ်။ အရင်တုန်းက သူ
သူမအပေါ် မကောင်းမြင်ခဲ့ဖူးပြီး မြို့ပေါ်မှရောက်လာတဲ့ ဒီမိန်းမလှလေးက
လူတိုင်းအပေါ်အေးစက်လိမ့်မယ်လို့ တွေးခဲ့တယ်။
သူမက သူနှင့် ချင်ယွဲ့ယွဲ့တို့
တိတ်တဆိတ်ပြောခဲ့တဲ့စကားတွေကို လျှို့ဝှက်ပြီး မှတ်တမ်းတင်ခြင်းကဲ့သို့သော
သူ့ရဲ့နောက်ကွယ်ကနေ ဒေါသထွက်စရာကိစ္စအချို့ကို ပြုလုပ်ခဲ့တယ်လေ။
သို့ပေမဲ့ အခုချိန်မှာတော့ သူမက သိပ်ပြီး
စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်လို့ မထင်တော့ဘူး။ အနည်းဆုံးတော့
လက်ရှိတာဝန်က ထမ်းဆောင်ဖို့ရာအတွက်မလွယ်ကူဘူးလေ။ သိတဲ့အတိုင်း
ဒီဖျော်ဖြေမှုက အလွန်လေးလံတဲ့တာဝန်ဖြစ်ပြီး အနည်းဆုံး သူသာဆိုရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။
ဒီမိန်းကလေးကတော့ အသက် (20)တောင် မပြည့်သေးပေမယ့်
ဒီလိုအမျိုးသမီးတွေနဲ့ တစ်နေ့လုံး ဥာဏ်ပညာရှိစွာ
သတ္တိရှိစွာအတူတိုက်ခိုက်နေခဲ့တယ်။ ဒါက အမှန်တကယ်ကို ပင်ပန်းစေမှာပဲ။
ဘာပဲဖြစ်ဖြစ် သူတောင်မှ ဒီအမျိုးသမီးတွေကို
အပြစ်မလုပ်ရဲဘူးလေ။ အဆုံးမှာ သူတို့ရွာက အမျိုးသမီးတွေက ကြမ်းတမ်းတယ်ဆိုတဲ့
နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့သူတွေပဲ။
“ဒါက သိပ်ပြီး မပင်ပန်းပါဘူး.. ရွာအတွက် ဆုတွေရအောင်
ကူညီပေးနိုင်သရွေ့ အဆင်ပြေပါတယ်.. ကျွန်မကြောက်တာက...”
ဆုဆု သူမရဲ့ ခေါင်းကိုအသာထိလိုက်ပြီး ရှက်ရွံ့စွာ
ပြုံးလိုက်တယ်။
“ဒီစာသားတွေက မင်းကိုယ်တိုင်ရေးထားတာလို့ ငါကြားခဲ့တယ်”
လင်းတုံဟဲက တာလျို့ဆီကနေ ဒီအကြောင်းကို သိထားခဲ့တယ်။
တကယ်တမ်းမှာ တိုးတက်မှုကိုနှစ်သက်တဲ့ လူငယ်တစ်ယောက်အနေဖြင့် သူ ဒီလိုအရာအပေါ်မှာ
အလွန်ပဲသဘောကျနှစ်သက်နေခဲ့တာ။
ဆုဆုက သူ့ကို ခက်ခဲအောင်မလုပ်ခဲ့ဘူး။
အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်အတွက် စိတ်မကောင်းဖြစ်သလိုခံစားရတာက ဘာမှ
မှားယွင်းမနေဘူးလေ။ ဒါပေမယ့် သူတို့တွေက တခြားလူကိုနာကျင်စေပြီးမှ
သူတို့ကိုယ်သူတို့ ပထမနေရာမှာထားနေလို့တော့မရဘူး။
ကောင်းပြီ။ ဒါပေမယ့်လည်း သူတို့ရဲ့ အကွက်ချမှုမပါဝင်ရင်
သူမအနေနဲ့ အမျိုးသားအရံဇာတ်ကောင်ကို ဒီလောက်မြန်မြန်လက်ထပ်နိုင်မှာမဟုတ်ဘူး။
ဒီတော့ သူမက သူမရေးထားတဲ့ စာရွက်ကိုပြလိုက်တယ်။
“ ရှင်ရေးချင်တာရှိရင် ချရေးလိုက်လေ”
လင်းတုံဟဲက ထိုစာရွက်ကို လက်ခံရရှိပြီးနောက်
သူ့ရဲ့မျက်လုံးတွေက အလင်းတစ်ချက်လက်သွားရတယ်။ အဆုံးမှာ သူက အထက်တန်းကျောင်းကိုသာ
တက်ဖူးပြီး တစ်စုံတစ်ခုရေးသားရတာကို အမြဲတမ်းကြိုက်နှစ်သက်ခဲ့တယ်။
အခု ဆုဆုရေးထားတဲ့စာက
လက်ရှိနိုင်ငံတော်ရဲ့အခြေအနေနဲ့ကိုက်ညီနေပြီး လူတိုင်းက
ဖွံ့ဖြိုးတိုးတက်မှုတွေလိုအပ်တယ်လို့ ခံစားသွားရစေတယ်။ အထူးသဖြင့်
အမျိုးသမီးတွေနဲ့ ပညာရေးအတွက်ပဲ။
“မင်းရေးထားတဲ့စာက တကယ်ကောင်းတယ်”
လင်းတုံဟဲက စာရွက်ကို ပြန်ပေးရင်း စိတ်ရင်းမှန်ဖြင့်
ချီးကျူးကာ ပြုံးရင်းနဲ့ပြောလာတယ်။
“လက်ရေးကလည်း အရမ်းလှတယ်”
သူ့အနေနဲ့ သူမက အထက်က စီစဉ်ပေးခဲ့တဲ့ နည်းပညာနဲ့
စိုက်ပျိုးရေး တက္ကသိုလ်တစ်ခုခုမှက ဘွဲ့ရခဲ့တာလို့ တွေးထားတာဖြစ်ပေမဲ့
မဟုတ်တဲ့ပုံပဲ။ သူမက အမှန်တကယ်ကို ကျွမ်းကျင်နေခဲ့တာ။ အခုချိန်မှာ သူကသာ
အရောင်ထည့်ထားတဲ့မျက်လုံးနဲ့ တခြားလူကိုကြည့်ပြီးအကဲဖြတ်မိတာဖြစ်ကြောင်း
သိသွားခဲ့ရတယ်။
ဆုဆု သူမရဲ့လက်ကို ဝှေ့ယမ်းပြီး :
“ဒါက ဘာမှမဟုတ်ပါဘူး”
အမျိုးသားဇာတ်ဆောင်က သူမကိုတောင် ချီးကျူးနေတယ်။ ဒီနေ့ နေက
အနောက်က ထွက်လာတာများလား။
အတွင်းရေးမှူးက မတိုင်ခင်တုန်းက သူတို့နဲ့ ပတ်သက်ပြီး
တစ်ခုခုလုပ်ပေးနိုင်တာရှိနေလောက်မလားဆိုတာကို လာကြည့်တာဖြစ်ပေမဲ့ လက်ရှိမှာ
သူတို့တွေ အဆင်ပြေပြေနဲ့ဆက်သွားနေတာကိုမြင်တွေ့လိုက်ရတာကြောင့် စိတ်သက်သာရာရစွာ
သက်ပြင်းချလိုက်မိတယ်။ ထို့နောက် ဆုဆုကို တရုတ်နှစ်သစ်ကူးမှာ
အိမ်ပြန်မှာလားလို့မေးလိုက်တယ်။
ဆုဆုက မိဘမဲ့တစ်ယောက်ဖြစ်ကြောင်း ပြောခဲ့မယ်ဆိုရင်
ဒီရွာထဲမှာ ဝိုင်းပယ်တာကိုခံရမှာကို လင်းမိသားစုက စိုးရိမ်နေခဲ့တာကြောင့် သူမက
မိဘမဲ့တစ်ယောက်ဆိုတဲ့အကြောင်းကို မပြောပြခဲ့ဘူး။
ဒါပေါ့။ အဲဒါက သူမ လက်မထပ်ခင်တုန်းက ကိစ္စတွေလေ။ အခုတော့
ဒီကမ္ဘာပေါ်မှာ သူမအတွက်မိသားစုရှိနေပြီဖြစ်တာကြောင့် ဆုဆု ဘာကိုမှ မကြောက်ဘူး။
ဒီတော့ ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်။
“ကျွန်မက မိဘမဲ့ဖြစ်လို့ မိသားစုမရှိဘူး..
အိမ်ကိုလည်းပြန်စရာ မလိုဘူး.. ဒါက ကျွန်မရဲ့အိမ်ပဲ”
မိဘမဲ့လား?
ထိုစကားက ကျစ်ရှုနဲ့ လင်းတုံဟဲ နှစ်ယောက်လုံးကို
အံ့သြစေခဲ့တယ်။ ဒီလိုမျိုးလှပနုနယ်မိန်းကလေးက မိဘမဲ့ဖြစ်နေလိမ့်မယ်လို့
သူတို့တွေမမျှော်လင့်ထားမိခဲ့ကြဘူး။
သူမက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက မိဘမဲ့ဖြစ်ခဲ့တာ
ဖြစ်လိမ့်မယ်။ အဆုံးမှာ စစ်ပွဲကြောင့် နိုင်ငံအတွင်းမှာဖရိုဖရဲတွေဖြစ်ခဲ့ရတယ်လေ။
ပါတီအတွင်းရေးမှူးနှင့် လင်းတုံဟဲတို့က ဒီကိစ္စကို
အကျယ်တဝင့် မပြောသင့်တဲ့အကြောင်းကိုသိထားပြီး နှစ်သိမ့်စကားအနည်းငယ်ပြောကာ
ထွက်လာခဲ့ကြသော်လည်း သူတို့ရဲ့စိတ်ထဲမှာတော့ သူမအပေါ်
သဘောထားတွေပြောင်းလဲသွားခဲ့ကြတယ်။ မိဘမဲတစ်ယောက်က ကောလိပ်ကျောက်ကိုပြီးဆုံးတဲ့အထိ
တက်နိုင်တာ အလွန်ခက်ခဲပြီး ချီးကျူးစရာကောင်းလွန်းတယ်။
နောက်ပြီး လင်းတုံဟဲ
သူ့ရဲ့ကိုယ်ပိုင်ဘဝအတွေ့အကြုံကိုပြန်တွေးမိခဲ့တယ်။ သူကိုယ်တိုင်ကလည်း စစ်ကြောင့်
မိဘမဲ့တစ်ဦးဖြစ်လာခဲ့တာလေ။ ဒါပေမယ့် သူကတော့ လင်းမိသားစုဆီမှာ မွေးစားခံခဲ့ရပြီး
ကံကောင်းလွန်းခဲ့တယ်။
သူ အပေါ်ယံအရကြည့်မိခဲ့ချိန်မှာ ဆုဆုက လင်းချွမ်ကို
လက်ထပ်ဖို့ တမင်ရည်ရွယ်ချက်ခဲ့တာလို့ အစတုန်းက ထင်ခဲ့ပေမယ့် အခုချိန်မှာတော့
လင်းချွမ်က သူမကို ကယ်တင်လိုက်တာကြောင့် အမှန်တကယ် လက်ထပ်ခဲ့တာဖြစ်လိမ့်မယ်။
နောက်ပြီး ဒုတိယဦးလေးရဲ့ မိသားစုကလည်း တကယ်ကို နွေးထွေးတာပဲလေ။
ဆုဆုအနေနဲ့ ဇာတ်လိုက်ရဲ့ဦးနှောက်က ဒီလောက်ထိ
အလင်းပွင့်သွားတာကို မသိခဲ့ဘူး။ သူမက သူတို့တွေကို လေ့ကျင့်ပေးခဲ့ပြီး
အချိန်ကျရောက်လာချိန်မှာ ကွန်မြူနတီဆီကို သွားခဲ့ကြပြန်တယ်။ လူတိုင်းက
မြည်းလှည်းနှစ်စီးနဲ့ စီးလာခဲ့ကြပြီး လမ်းတစ်လျှောက်မှာလည်း လေ့ကျင့်ခဲ့ကြတယ်။
လေထုက အလွန်ကောင်းမွန်နေခဲ့ပြီး ဆုဆုကတော့ သူတို့ကို
အရမ်းစိတ်မလှုပ်ရှားစေချင်ခဲ့ဘူး။ တကယ်တော့ စိတ်လှုပ်ရှားစရာဘာမှမရှိဘူးလေ။
ဒီအတိုင်း ပွဲအစီအစဥ်လေးပဲမလား။
ဒါပေမယ့် သူတို့တွေ ကွမ်မြူနတီဆီကို ရောက်တဲ့အချိန်မှာတော့
ထိုနေရာမှာ လူတွေအများကြီးစုပြုံနေတာကိုမြင်လိုက်ရတယ်။ အထူးသဖြင့်
အမျိုးသမီးတွေ အများကြီးပဲ။
လူတိုင်းက စည်းကမ်းတကျရှိနေကြပေမဲ့
ဒီအချိန်မှာအတော်လေးအာရုံစိုက်မှုတွေပြင်းထန်နေခဲ့ကြတယ်။
လူတိုင်း ရောက်ရှိလာချိန်မှာတော့ တစ်စုံတစ်ယောက်က သူတို့ကို
ပြိုင်ပွဲဝင်နေရာဆီကိုဝင်ဖို့ စီစဉ်ပေးပြီးခဲ့တယ်။ ထို့နောက် အစီအစဉ်အကြောင်းကို
ဦးစွာ သတင်းပို့ပေးရပြီး ပွဲကိုစတင်ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုပွဲအခန်းအနားက သိပ်ပြီး
ကြီးကျယ်နေတာမျိုးမဟုတ်တာကြောင့် ဆုဆုလည်း အထဲကိုဝင်သွားရုံသာတတ်နိုင်ခဲ့တယ်။
ပရိုဂရမ်အတွက် စာရင်းသွင်းပြီးတဲ့နောက်မှာ သူတို့တွေစောင့်နေခဲ့ကြပြီး မကြာခင်မှာ
သူတို့အလှည့်ရောက်လာတော့ဖြစ်ကြောင်း တစ်ယောက်ယောက်က အကြောင်းကြားလာခဲ့တယ်။
လင်းတုံဟဲ၊ ပါတီအတွင်းရေးမှူးနှင့် အဖွဲ့ခေါင်းဆောင်တို့က
အမျိုးသားတွေဖြစ်ပေမဲ့ သူတို့တွေက လုပ်ငန်းတာဝန်များကို ထမ်းဆောင်ဖို့ရန်အတွက်
ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့အပေါ် အလွန်ဂုဏ်ယူနေပုံရတယ်။သ ထိုအထဲမှာ ရွာအများအပြားက
ပြိုင်ပွဲအတွက်ဖွဲ့စည်းဖို့မတတ်နိုင်တာကြောင့် ရောက်ရှိမလာတာတွေလည်းရှိတယ်။
ဒါကြောင့်ပဲ သူတို့တွေ ဝေဖန်အပြစ်တင် ခံခဲ့ရတယ်။
ဒီဘက်ခေတ်မှလူတွေက ဂုဏ်သိက္ခာကို အလွန် အလေးအနက်ထားကြတယ်။
ဒီတော့ ခုလိုမျိုးဝေဖန်ပြစ်တင်ခံ လိုက်ရပြီဆိုရင် သူတို့တွေ
ကွန်မြူနတီကိုစီးပွားရေးလုပ်ဖို့အတွက် လာရောက်တဲ့အချိန်တွေမှာ နှိမ့်ချခံရတော့မယ်။
ဒီတော့ သူတို့တွေ ပိုပြီးအထောက်အပံ့တွေရလာတော့မဲ့အပေါ်မှာ အတွင်းရေးမှူးနဲ့
လင်းတုံဟဲတို့က ပျော်ရွှင်နေခဲ့ကြတယ်။
တစ်ဖက်မှာတော့ ဆုဆုက သူမရဲ့ပေါင်းစပ်ထားတဲ့သီချင်းက
အတော်လေးကောင်းမွန်တယ်လို့ခံစားနေရတယ်။
သို့သော်လည်း လက်ရှိတခြားသော ပြိုင်ပွဲဝင်သွားသူတွေကလည်း
ညီညီညာညာရွက်ဆိုမှုတွေဖြစ်ပြီး တခြားရွာတွေရဲ့ရွာရှိအစီအစဉ်တွေက ကြည့်ရှုလို့
လုံးဝအဆင်မပြေကြောင်းမြင်တွေ့နိုင်တယ်။
သူမ သူတို့ကို နှိမ့်ချတာ မဟုတ်ဘူး။ သို့ပေမယ့်
သူတို့တွေမှာ လေ့ကျင့်ချိန်က မရှည်ကြာတဲ့အတွက် လူတိုင်းဆီမှာ ပြဿနာရှိနေတတ်ပြီး
ရယ်စရာကောင်းတဲ့ အခြေအနေတွေလည်း ရှိလာခဲ့တယ်။