Ch 48
Viewers 11k

48 : အမြင့်သံသီဆိုဖို့ သွားရှာခြင်း

 

ဒီလိုနဲ့ လင်းမိသားစုထဲမှ တူမလေးလိုချင်နေကြတဲ့ညီငယ်သုံးယောက်မှာ တစ်ညနေလုံး အလိုက်ခံခဲ့ရပြီး ကံမကောင်းတဲ့တစ်ယောက်သောသူကတော့ အမေလင်းဆီမှာ အရိုက်နှက်ခံလိုက်ရတယ်။

 

ဆုဆုကတော့ သူမ ပြန်ရောက်ပြီး လင်းဟိုင်ရဲ့လည်ပင်းပေါ်မှ ဒဏ်ရာကို မြင်တွေ့လိုက်မှသာ ထိုအကြောင်းကို သိခဲ့လေတယ်။

 

သူမ ထိုအကြောင်းကို အတိအကျ မမေးနိုင်ခဲ့ပေမယ့် အမေလင်းက သူမဆီမှာ ထိုအရာရှိနေပြီလို့ သံသယရှိနေတာကြောင့် သူမကို အလွန်အမင်းဂရုစိုက်နေတယ်ဆိုတာကို သူမ ခန့်မှန်းနိုင်ခဲ့တယ်။ မဟုတ်သေးဘူး။ သူမ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်။

 

ဒါပေမယ့် ဘယ်လိုရှင်းပြရမှာလဲ။

 

ကောင်းပြီ။ ရိုးရိုးသားသားပဲ ပြောလိုက်ကြတာပေါ့။

 

ထို့ကြောင့် သူမက အမေလင်းဆီသို့ သူမရဲ့အန်တီက ကြင်စဦးအချိန်မှာ ရောက်လာခဲ့တဲ့အကြောင်းကို သင့်တော်တဲ့အချိန်တစ်ခုရှာပြီး ပြောပြခဲ့တယ်။ ပြီးတော့ လင်းချွမ်က သူမအတွက်တွေးတောပေးခဲ့ပြီး ဘာတစ်ခုမှ မလုပ်ဘဲ ပြန်လည်းထွက်သွားရတဲ့အကြောင်းကိုရောပေါ့။

 

အမေလင်းကတော့ ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလားမသိဖြစ်ခဲ့ရပြီး သူမရဲ့သားက အလွန် သနားစရာကောင်းသလိုခံစားခဲ့ရတယ်။ ဒါပေမယ့် အချိန်အတန်ကြာအောင်တွေးပြီးနောက် သူမက နှစ်သစ်ပြီးတာနဲ့ ဆွေမျိုးတွေ အလည်အပတ်သွားခွင့်ရှိတဲ့အချိန်မှာ ဆုဆုကိုသွးလည်နိုင်စေဖို့ ချက်ချင်းပြင်ဆင်လာခဲ့ပြီး သူမက ပစ္စည်းတွေတောင် အခုကတည်းကပြင်ဆင်နေတော့တယ်။

 

ထိုအရာတွေက ဆုဆုကို ရယ်ရမလား ငိုရမလားမသိဖြစ်စေကာ ထိုအကြောင်းတွေကို လင်းချွမ်ဆီသို့ပို့မဲ့စာထဲမှာ ထည့်ရေးခဲ့တယ်။

 

လင်းချွမ်ကတော့ စာကိုလက်ခံရရှိပြီးနောက် အံ့အားသင့်ပြီး ရပ်တန့်သွားခဲ့ရတယ်။

 

တူမလေးဟုတ်လား?

 

အဲဒါ သူ့ရဲ့သမီးလေးလို့ပြောချင်တာမဟုတ်ဘူးလား?

 

သူက ဆုဆုနဲ့တူညီတဲ့တောက်ပပြီးချစ်စရာကောင်းတဲ့ နတ်သမီးလေးတစ်ယောက်ရရှိလာမှာကိုတွေးလိုက်မိတော့ ချက်ချင်းပဲ သူ့ရဲ့ညီငယ်တွေအဖွဲ့ထဲကို အားပေးထောက်ခံဝင်ရောက်လိုက်လေတယ်။

 

ဒီလိုနဲ့ သူစာပြန်ရေးတဲ့အချိန်မှာတော့:

 

ရဲဘော်ဆုဆု လူတိုင်းရဲ့မျှော်လင့်ချက်တွေအရ နှစ်သစ်ကူးပြီးလို့ မင်း လာရောက်လည်ပတ်ပြီးတဲ့အချိန်မှာ သူတို့အတွက် သမီးလေးတစ်ယောက်ကို ချက်ချင်းပဲ သယ်ဆောင်ပေးသွားပြီး မွေးပေးလိုက်ပါ။

 

ဆုဆုတစ်ယောက် ထိုစာကိုလက်ခံရရှိပြီးနောက်မှာတော့ ကောင်းကင်ကိုသာ မော့ကြည့်လိုက်မိတယ်။ လင်းချွမ်က ကားမောင်းနေတယ်လို့ သူမ ခံစားမိနေသော်လည်းပဲ သူမဆီမှာအထောက်အထားမရှိနေခဲ့ဘူး။

 

ဒါပေမယ့် သူကလည်းပဲ သမီးလေးတစ်ယောက်ရရှိလာဖို့ကို သဘောတူနေတယ်ဆိုတာကိုတော့ သူမ နားလည်ခဲ့တယ်။

 

သူမလည်း အနာဂတ်မှာ သူမရဲ့ကလေးမွေးလာမဲ့အချိန်ကို စိတ်ကူးယဥ်ကြည့်ခဲ့ဖူးတယ်။ သူမ သမီးလေးမွေးမယ်ဆိုရင် သူမနဲ့အတူ သားအမိနှစ်ယောက်ဆင်တူဝတ်စုံလေးဝတ်ပြီး အပြင်ကိုထွက်မယ်။ သူမ ကြီးပြင်းလာတဲ့အချိန်မှာလည်း သူမနဲ့ ဆင်တူလေးတွေ ဆင်ပေးမယ်။ သူတို့သားအမိတွေက သူငယ်ချင်းတွေလိုမျိုး ဈေးဝယ်ထွက်လိုက် ဆိုင်တွေမှာစားသောက်လိုက်လုပ်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

 

ဒါပေမယ့် အခုအချိန်မှာတော့ သူမမှာ ဒီအကြောင်းတွေကို တွေးနေဖို့ အချိန်မရှိသေးဘူး။

 

မုဆိုးမချောင်က ပွဲအစီအစဥ်မှာပါဝင်ဖို့အတွက် ငြင်းဆန်နေခဲ့ပြီး ပြောဆိုရတာအလွန်ခက်ခဲနေခဲ့တယ်။ တခြားလူတွေအားလုံးက နောက်ဆုံးမှာ ခေါ်ဆိုနိုင်ခဲ့ပြီဖြစ်ပေမဲ့ သူမကတော့ အတော်လေးခက်ခဲလွန်းနေတယ်။ သူမအနေနဲ့ လေးငါးခါလောက် ငြင်းပယ်ခံခဲ့ရပြီး အကြောင်းပြချက်တွေကလည်း အလွန်ထူးဆန်းနေသေးတယ်။

 

ဆုဆု အပူပေးထားတဲ့ခန်ပေေါ်မှာ လှဲလျောင်းရင်း လေးလေးနက်နက် စဉ်းစားနေမိတယ်။နောက်ဆုံးမှာတော့ အကြံဥာဏ်ရရှိလာစေဖို့ သူမရဲ့ ကျောပိုးအိတ်ကြီးကြီးကို ဖွင့်ရန်ကလွဲရင် တခြားနည်းလမ်းကိုမတွေးနိုင်တော့ဘူး။

 

မမျှော်လင့်ဘဲ သူမက အနီရောင်မာဖလာတစ်ထည်ကိုတွေ့ရှိလိုက်တယ်။ မူလတုန်းကတော့ သူမက ဒါကို အအေးဒဏ်ကို ကာကွယ်ရန်အတွက် ယူလာချင်ခဲ့တာ။ သို့ပေမယ့် ထိုအချိန်တုန်းက တခြားအရောင်တွေလည်း မရှိခဲ့သလို စျေးလည်း သိပ်မကြီးလို့သာ သူမ ဒါကိုယူလာခဲ့တာ။ သို့ပေမယ့် ထိုမာဖလာက တရုတ်ချည်ထိုးထားတဲ့ပုံစံကိုကြိုက်တာကြောင့် သူမ ယူလာခဲ့တာပဲ။

 

သူမ ဒါမသုံးနိုင်ဘူးဆိုရင် တခြားတစ်ယောက်ယောက်ကို လက်ဆောင်ပေးလို့ရတယ်လို့ပြောခဲ့တဲ့အတွက် သူမ သဘောတူခဲ့တယ်။

 

လက်ရှိကိစ္စက သူမရဲ့အကျိုးစီးပွားလုပ်ငန်းမဟုတ်ပေမယ့် သူမအနေနဲ့ အရာအားလုံးကို ပြီးပြည့်စုံစေချင်တယ်။

 

ဒါကြောင့် သူမ ထိုမာဖလာကိုယူပြီး မုဆိုးမချောင်ရဲ့နေအိမ်ဆီကို တိတ်တဆိတ်လာခဲ့တယ်။ ယနေ့မှာ သူမတစ်ဦးတည်းသာ အိမ်မှာရှိနေပြီး ခန်ပေါ်မှာ ဖိနပ်ကို ချုပ်လုပ်နေခဲ့တယ်။

 

ပြောရမယ်ဆိုရင် ဒီမုဆိုးမချောင်က ရုပ်ရည်ချောမောလှပတယ်လို့ဆိုနိုင်တယ်။ အနည်းဆုံးတော့ သူမက အမေလင်းထက်အများကြီးငယ်ရွယ်ပုံရတယ်။

 

သူမ ရောက်လာတာကိုမြင်တော့ မုဆိုးမချောင်ကပြောလာတယ်။

 

မင်းကို  ငါတို့အိမ်မှာနေခိုင်းတုန်းကတော့ မင်းက လက်မခံခဲ့ဘူး.. အခုတော့ မင်းက အရမ်းကို လုံ့လစိုက်ပြီး ဒီကိုပြေးလွှားလာနေတာပဲ..  မင်း ငါတို့အိမ်ကိုပဲ လာနေလိုက်ရင် ပိုမကောင်းဘူးလား.. အဲလိုဆိုရင် လင်းမိသားစုကလည်း မင်းဆီကနေ အခွင့်ကောင်းယူနေတာကိုလည်း ခွင့်ပြုနေစရာမလိုတော့ဘူး

 

လင်းချွမ် နဲ့ ကျွန်မ အိမ်ထောင်ပြုပြီးနေပါပြီ.. ဘယ်သူက ဘယ်သူ့ကို အခွင့်ကောင်းယူနေတယ်ဆိုတာမျိုး မရှိပါဘူး.. ဒီနေ့က ကျွန်မ ရှင့်ကို ထပ်ပြီး ဖိတ်ခေါ်ဖို့ လာခဲ့တာပါ.. အခုချိန်မှာ ရာသီဥတုကအရမ်းအေးနေတော့ လူတိုင်းက အိမ်မှာပဲနေပြီး ဘယ်ကိုမှမသွားချင်ကြဘူးဆိုတာကိုသိပါတယ်.. ဒီမာဖလာကို ရှင်နဲ့အတူ ယူသွားလိုက်ပါ.. အနည်းဆုံး ဒါက ရှင့်ကို နွေးထွေးစေလိမ့်မယ်

 

ဆုဆုက လက်ဆောင်တွေပေးတဲ့နေရာမှာလည်း အလွန်တော်နေသေးတယ်။ သူမက လူ့ဘောင်အဖွဲ့အစည်း(အလုပ်လုပ်ရင်း)ထဲကို မ၀င်ရောက်ခဲ့သေးဘူးဆိုပေမဲ့လည်း အချိန်ပိုင်းအလုပ်အနည်းငယ်ကို လုပ်ဖူးခဲ့ပြီး အချို့အရာတွေကို သင်ယူနိုင်ခဲ့သေးတယ်လေ။

 

မုဆိုးမချောင်ကတော့ ထိုမာဖလာကို မင်လိုက်တာနဲ့ အလွန်အမင်း သဘောကျကြိုက်နှစ်သက်သွားခဲ့တယ်။ ဆုဆုက မြို့ပော်မှာ ချမ်းသာတဲ့သူတစ်ဦးဖြစ်ကြောင်း  သူမသိထားပြီး ဆုဆုထုတ်ယူလာတဲ့အရာတွေကလည်း အလွန်ကောင်းနေမယ်ဆိုတာကို သိထားခဲ့တယ်။ သူမက လက်ကိုဆန်ထုတ်ပြီး မာဖလာကို လှမ်းပကိုင်လာတယ်။ ထို့နောက် သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့ပြီး :

 

ငါ တောင်းပန်ပါတယ်...

 

ရှင်က ဒီလိုအသံမျိုးကိုပိုင်ဆိုင်ထားတာလေ.. လူတိုင်းက ရှင့်ရဲ့အသံကိုသဘောကျ ကြတယ်.. ဒါပေမယ့် ဒီအကြောင်းကို ကျွန်မတို့နှစ်ယောက်ပဲသိပါစေ.. တကယ်လို့ တခြားလူတွေပါလိုချင်လာရင် ကျွန်မမှာမရှိတော့ဘူး

 

ဆုဆုက ရှက်ရွံ့စွာပြောလိုက်တယ်။

 

ကောင်းပြီ.. ဒီအကြောင်းကို တတိယလူက မသိစေရဘူး.. ဒီမာဖလာက အရမ်းကောင်းလွန်းတယ်.. ဒါအတွက် မင်းဘယ်လောက်ပေးခဲ့ရလဲ

 

သူမဖွင့်ကြည့်လိုက်ချိန်မှာ ဒါက သိုးမွှေးတွေနဲ့ထိုးထားတာဖြစ်နေပြီး အလွန်နွေးထွေးလွန်းတာကိုတွေ့လိုက်ရတယ်လေ။

 

ဆယ်ယွမ်ကျော်လောက်လေ.. တိတိကျကျတော့ ကျွန်မ မမှတ်မိတော့ဘူး

 

ယွမ်တစ်ရာကျော်ဆိုတာက တကယ်တော့ သိပ်ပြီးစျေးမကြီးဘူး။ သို့ပေမဲ့လည်း ထိုစျေးနှုန်းက တစ်နှစ်မှာတစ်ကြိမ်သာ လျှော့ပြီးရောင်းချပေးတာဖြစ်လို့ တကယ့်စျေးနှုန်းက ထိုစျေးထက်များလိမ့်မယ်။

 

ဘာ..ဆယ်ယွမ်ဟုတ်လား? အဲဒါက ငါတို့ မိသားစု တစ်နှစ်စ်စာသုံးဖို့ လုံလောက်လောက်တယ်

 

မုဆိုးမချောင်က မာဖလာကိုနှစ်ကြိမ်လောက်ပွတ်သပ်လိုက်ပြီး ပိုလို့တောင်  ချစ်မြတ်နိုးလာခဲ့သည်။

 

ဆုဆု ပြုံးပြီး ပြောလိုက်တယ်။

 

ရှင် ဒါကို တန်ဖိုးထားပြီးသုံးရင်ရပါတယ်.. ဒါဆို  ကျွန်မတို့တွေ မနက်ဖြန်သီချင်းဆိုဖို့ စတင်မယ်ဆို ဘယ်လိုထင်လဲ

 

ကောင်းပြီ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်

 

မုဆိုးမချောင်က အလွန်တက်ကြွလာခဲ့ပြီး လက်ဆောင်ကိုလက်ခံပြီးနောက်မှာ  ချက်ချင်းပင် သဘောတူလက်ခံခဲ့တယ်။

 

ဆုဆု စိတ်သက်သာရာရကာ သက်ပြင်းချပြီး အိမ်ပြန်ဖို့အတွက် မတ်တပ်ထရပ်လိုက်တယ်။  မုဆိုးမချောင်ကလည်း သူမကိုလိုက်ပို့ပေးဖို့ အိမ်ပေါ်မှဆင်းလာခဲ့တယ်။ သို့ပေမယ့် သူမ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် သူမရဲ့ကောင်စုတ်လေးက အေးအေးလူလူ လမ်းလျှောက်လာတာကို သူမမြင်တွေ့လိုက်ရလေတယ်။

 

မုဆိုးမချောင်ရဲ့သားကတော့ သူ့အမေရဲ့နောက်မှ ဆုဆုကိုမြင်ရချိန်မှာ ခဏလောက်ကြောင်အမ်းသွားပြီး ပြောလာတယ်။

 

ရဲဘော်ဆုဆုရောက်နေတာလား  ခဏလောက်ထိုင်ပါဦး

 

ဆုဆု ခေါင်းခါရမ်းပြီး ပြောလိုက်တယ်။

 

မထိုင်တော့ပါဘူး.. ကျွန်မ ထမင်းစားဖို့ ပြန်သွားရတော့မယ်

 

ကျန်းကျစ်ချင်း မင်း မကောင်းတဲ့ကောင်! ဘယ်နေရာကနေပြန်လာတာလဲ

 

မုဆိုးမချောင်က ဒေါသကြောင့် ပြူးဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ပြောလာတယ်။

 

ခဏလေး ရှင် သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ

ဆုဆု ဝင်မေးလိုက်တယ်။

 

မုဆိုးမချောင် : ကျန်းကျစ်ချင်းလေ ဘာဖြစ်လို့လဲ?

 

ဆုဆုရဲ့ မျက်လုံးတွေက မုဆိုးမချောင်ထက် ပိုပြီးဝိုင်းစက်သွားရတယ်။  ဇာတ်လိုက်မ စီးပွားရေးစလုပ်တဲ့အချိန်မှာ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရတယ်လို့ စာအုပ်ထဲမှာ ပြောခဲ့တာကို သူမ မှတ်မိနေတုန်းပဲ။

 

ထိုအချိန်မှာ သူမ ပညာတတ်လူငယ်အဖြစ် ရွာမှာနေထိုင်ခဲ့စဥ်တုန်းက တစ်ရွာတည်းသားဖြစ်တဲ့အမျိုးသားနဲ့ တွေ့ဆုံခဲ့ရဖို့ကိုမမျှော်လင့်ခဲ့ဘူး။  ထိုအချိန်မှာ ထိုတစ်ရွာတည်းသားက လက်ဝတ်ရတနာဆိုင် နှစ်ဆိုင်ရှိနေပြီဖြစ်ကာ ထင်ပေါ်ကျော်ကြားတဲ့လူချမ်းသာအဖြစ်ရှိနေခဲ့ပြီ။ 

 

သူက သူမကို လိုက်ဖို့အတွက် သူမ စတင်အလုပ်လုပ်နိုင်ရန်အတွက် ပိုက်ဆံထုတ်ပေးခဲ့တယ်။ သူမဆီကို ပန်းတွေ ကားတွေနဲ့ နာမည်ကြီး ဘရန်းပစ္စည်းအမျိိုးမျိုး ပို့ပေးခဲ့တယ်။

 

ဇာတ်လိုက်မက နည်းလမ်းမျိုးစုံသုံးပြီး ငြင်းဆိုခဲ့ကာ နောက်ဆုံးမှာတော့ သူက သူမကို ကျောခိုင်းပြီး သူမအတန်းဖော်နှင့် လက်ထပ်နိုင်ခဲ့တယ်။ ထို့နောက်မှာတော့ ဇာတ်လိုက်မရဲ့ အတန်းဖော်က ဇာတ်လိုက်မရှေ့မှာ တစ်ကြိမ်ပြီးတစ်ကြိမ် သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကို ကြွားလုံးထုတ်ခဲ့တယ်။  ဒါကြောင့် နောက်ဆုံးမှာ ဇာတ်လိုက်မထံမှ မောင်းထုတ်ခြင်းကို ခံခဲ့ရလေတယ်။

 

နောက်ပိုင်းမှာတော့ ထိုအတန်းဖော်အမျိုးသမီးရဲ့ ခင်ပွန်းသည်က အမျိုးသားဇာတ်လိုက်ကို ဒုက္ခပေးခဲ့ပြီး အဆုံးမှာ အမျိုးသားဇာတ်လိုက်က သူ့ရဲ့ လုပ်ငန်းတွေအားလုံးကို ပျက်စီးသွားအောင် ချေမွှခဲ့တယ်။ ထိုအချိန်မှာ ဇာတ်လိုက်မရဲ့အမျိုးသမီး အတန်းဖော်ကတော့ ထိုလူ့ကို သစ္စာဖောက်ကာ အခြားယောကျ်ားနှင့် ထွက်ပြေးသွားခဲ့လေတယ်။

 

အဲဒီအချိန်မှာ ဇာတ်လိုက်မက ထိုတစ်ရွာတည်းသားဖြစ်သူက သူမရဲ့စီးပွားရေးမှာ ကူညီခဲ့ဖူးကြောင်းကို ပြန်လည် သတိရသွားပြီး သူနှင့် သူ့အမေကို လုပ်ငန်းသစ်တစ်ခု စတင်နိုင်စေရန်အတွက် ငွေတစ်ထောင်ပေးခဲ့လေတယ်။ ထိုအချိန်မှစ၍ ထိုတစ်ရွာတည်းသားဖြစ်သူက ဇာတ်လိုက်မကို လက်လျှော့လိုက်တော့တယ်။

 

အဲဒီတစ်ရွာတည်းသားက ကျန်းကျစ်ချင်းပဲ။

 

သူမအနေနဲ့ မုဆိုးမချောင်ရဲ့သားဖြစ်သူက အနာဂတ်မှာ ရတနာကုန်သည်သူဌေးကြီးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် သူက ဇာတ်လိုက်မကိုလိုက်ဖို့အထိ အမြင်အာရုံတွေ မကောင်းဘူးဖြစ်ခဲ့တာပဲ။

 

ဘာဖြစ်လို့လဲ?

 

မုဆိုးမချောင်က မေးလာတယ်။

 

နာမည်ကောင်းပဲ

 

သူမ သက်ပြင်းချလိုက်တယ်။

 

သို့ပေမယ့်မုဆိုးမချောင်က ရှက်ရွံ့စွာနဲ့ ပြန်ပြောလာမှာကိုတော့ ဘယ်သူကသိမှာလဲ_

 

ဟုတ်တယ် ဒီနာမည်ကို  သူ့ရဲ့သေသွားတဲ့အဖေက ပေးခဲ့တာလေ

 

ဆုဆုအနေနဲ့ သူမက ကျန်းကျစ်ချင်းရဲ့အဖေနဲ့ ချစ်မိသွားပြီးလက်ထပ်ခဲ့တာဖြစ်ပေမဲ့ သူတို့တွေလက်ထပ်ပြီး မကြာခင်မှာပဲ ခင်ပွန်းသည်ကို ရန်သူတွေဖက်မှ ရိုက်နှက်ပြီးသတ်ပစ်ခဲ့တာဖြစ်ကြောင်းကိုသိထားခဲ့တယ်။

 

ထိုအချိန်မှစပြီး မုဆိုးမချောင်က  နောက်အိမ်ထောင်မပြုခဲ့ပေမဲ့ သူမရဲ့ကလေးကိုပြုစုပျိုးထောင်ရန်အတွက် သူမအတွက် အလွန်စိတ်မကောင်းစရာကိစ္စတွေကိုအမှန်တကယ် လက်ခံလုပ်ခဲ့တယ်။

 

ဆုဆု ကျန်းကျစ်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ဒီရွာထဲမှာ အရည်အချင်းရှိသူတွေနဲ့ ပြည့်နှက်နေတာပဲလို့ တွေးတောရင်းနဲ့ ပြန်ထွက်လာခဲ့တယ်။ သူမအနေနဲ့ အနာဂတ်မှာ အရည်အချင်းရှိသူတွေကို ဂရုစိုက် သတိထားရမယ်။

 

Big boss တွေကို အပြစ်မလုပ်မိတာကောင်းလိမ့်မယ်။ သို့ပေမဲ့ ဇာတ်လိုက်ကတော့ တချို့သော မမြင်နိုင်တဲ့ လူချမ်းသာတဲ့သူတွေကို စော်ကားအပြစ်လုပ်လို့ ရနိုင်တာပဲ။

 

သူတို့တွေက အမျိုးသမီးဇာတ်လိုက်ရဲ့ အနာဂတ်အသက်မွေးဝမ်းကြောင်းအတွက် ပြင်ဆင်နေပေးခဲ့ကြပေမယ့် သူတို့တွေ မလုပ်နိုင်ခဲ့...

 

သူမ ထိုအကြောင်းကို တွေးတောနေစဥ်မှာပဲ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်လာမဲ့ စုန့်လော်စန်းကို တွေ့လိုက်ရလေတယ်။ လက်ရှိအချိန်မှာ သူမ မသိတဲ့ လူဆိုးတစ်စုကို ရွာအစွန်မှာရှိတဲ့ တောအုပ်ထဲမှာ သူ့ကို ရိုက်နှက်နေခဲ့ကြတယ်။

 

ဒီအခြေအနေက ရဲကို အကြောင်းကြားသင့်တဲ့အခြေအနေဆိုပေမယ့် ဆုဆု သူမရဲ့ လက်ကိုင်ဖုန်းကို လှမ်းထိလိုက်ချိန်မှာ ဖုန်းက တောင်ပေါ်မှာ ပြုတ်ကျကျန်နေခဲ့တာကို ပြန်သတိရသွားခဲ့တယ်။

 

သူမ ဘယ်လိုလုပ်ရမလဲ?

 

ဆုဆု ခဏလောက် တွေးကြည့်နေချိန်မှာ တစ်စုံတစ်ယောက်က ထိုလူစုဆီကိုပြေးသွားလိုက်ပြီး လှမ်းအော်ပြောလိုက်တယ်။

 

သူကိုမရိုက်နဲ့ !ရပ်လိုက်!

 

**