46 : ပွဲအစီအစဉ်ကိုပူးပေါင်းခြင်း
ဒါပေမယ့် ဆုဆုက သူမရဲ့ ခေါင်းကိုခါရမ်းရင်း ပြောလိုက်တယ်။
“ကျွန်မက ဒီလိုအစီအစဥ်က
တခြားလူ(ရဲ့ကား)နဲ့ဝင်တိုက်မိမှာကို စိတ်ပူတာ”
“ကားက ဝင်တိုက်တာလား”
အတွင်းရေးမှူးကျစ်က စိတ်ဝင်တစား မေးလာတယ်။
ဆုဆု ခေါင်းညိတ်လိုက်တယ်။ ပြီးမှ ဒီဘက်ခေတ်က လူတွေက
သူမပြောတဲ့စကားကို အနည်းငယ် လိုက်လျောညီထွေ မဖြစ်နေကြောင်း သတိပြုလိုက်မိပြီး
စကားလုံးအသစ်အချို့ကို နားမလည်နိုင်ဖြစ်နေတာကို သဘောပေါက်သွားရတယ်။
ဒါပေမယ့် နည်းနည်းတော့ ထူးဆန်းတယ်။ လင်းချွမ်နဲ့ဆိုရင်
ဒီလိုအရာမျိုးက ဘာလို့ မဖြစ်ခဲ့တာလဲ?
အိုး.. အဲဒီလူက အမြဲတမ်း လေးနက်လွန်းတဲ့သူပဲလေ။ သူက
နားမလည်ရင်တောင် နားထောင်နေမှာဖြစ်ပြီး ဘယ်တော့မှ ပြန်မေးမှာမဟုတ်ဘူး။ အခု
ဆယ်ရက်ကျော်လောက် ခွဲခွာပြီးနောက်မှာတော့ သူ့ကို ပိုပိုပြီး လွမ်းလာရပြီ။
“တကယ်လို့
ကျွန်မတို့ရဲ့အစီအစဉ်ကအခြားသူတွေရဲ့အစီအစဥ်တွေနဲ့ တူညီနေမယ်ဆိုရင် ဆုတွေရဖို့အတွက်
လွယ်တော့မှာမဟုတ်ဘူး”
ဆုဆုက ရှင်းပြလိုက်တော့ တခြားလူတွေကချက်ချင်း
ခေါင်းညိတ်လာကြပြီး လင်းတုံဟဲက ထပြောလာတယ်။
“အဲဒါကတော့ ရဲဘော်ဆုရဲ့ အရည်အချင်းအပေါ်မှာလည်း
မူတည်လိမ့်မယ်”
ဆုဆု : “ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်.. ကျွန်မရဲ့
အရည်အချင်းကြောင့်နဲ့တော့ ရွာကို သေချာပေါက်အရှက်ရစေမှာ မဟုတ်ပါဘူး”
သူမပြောတာကိုကြားတော့ ပါတီအတွင်းရေးမှူးက ပြန်ပြောလာတယ်။
“ဒါဆို ပြန်သွားပြီး စဉ်းစားကြည့်ကြဦးပေါ့.. ပြီးမှပဲ
နောက်တကြိမ် အစည်းအဝေးလုပ်ကြမယ်”
“ကောင်းပြီ”
ဆုဆုလည်း တွေးတောဖို့လိုသေးတယ်။ သူမအနေနဲ့လည်း
အစီအစဉ်အတွက်စာရင်းကို ဘယ်လိုလုပ်ပြီး ချက်ချင်း ချရေးနိုင်မှာလဲ။
စွမ်းယင် : “မင်းမှာ
တစ်ခုခုလိုအပ်တာရှိရင် ငါ့ဆီကိုလာခဲ့လေ.. ငါမင်းကို သေချာပေါက် ပံ့ပိုးပေးမယ်”
ဆုဆု ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ ထို့နောက် သူမ
အပြင်ကို ထွက်လာချိန်မှာပဲ လင်းရှန်က သူမကို လာကြိုနေတာကို တွေ့လိုက်ရတယ်။
ဒီလူငယ်လေးဆီမှာ တွန်းအားတစ်ခုရှိနေပုံရပေမယ့် သူမ သူ့ကို
စာအုပ်ပေးလိုက်ပြီးကတည်းက ပိုပြီးသာမာန်ဖြစ်လာခဲ့တယ်။ သို့ပေမယ့်လည်း စကားကတော့
မပြောနိုင်သေးဘူး။
ဒီအကြောင်းကိုပြောမှ လင်းမိသားစုထဲမှာ အမျိုးသား
ဘယ်နှစ်ယောက်လောက်ကများ စကားပြောရတာကို ကြိုက်လို့လဲ။
သူမ သူ့ရဲ့နောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့ပြီး
ပွဲအစီအစဉ်အကြောင်းကို တွေးတောနေခဲ့တယ်။
အိမ်ပြန်ရောက်ပြီးနောက် သူမ ထိုကိစ္စအကြောင်းကို
ပြောပြလိုက်ချိန်မှာ အမေလင်းက မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။
“မင်း မလုပ်ချင်ဘူးဆိုရင် သူတို့ အရူးလုပ်ပြီး
လှည့်စားတာကို နားမထောင်နဲ့.. ဒီအလုပ်က မင်းရဲ့ခေါင်းပေါ်ကို တာဝန်
မကျသင့်ဘူး.. ရွာထဲက အမျိုးသမီးတွေက ဒီကိစ္စကို မအောင်မြင်နိုင်လောက်ဘူးဆိုတာကို
သူတို့သိလို့ မင်းအပေါ်လွှဲချချင်တာပဲ ဖြစ်ရမယ်”
“ကျွန်မလည်း သိပါတယ်.. ဒါပေမယ့် ချွမ်ဇီကို
အရှက်ရအောင်မလုပ်ချင်ဘူး”
ဆုဆုရဲ့စကားကိုကြားတော့ အမေလင်းရဲ့မျက်နှာက
ပိုမိုကြည်လင်လာခဲ့ပေမဲ့ သူမက ဆုဆုကို ချက်ချင်းပဲ စတင်ဖြောင်းဖြပြန်တယ်။
“အဲလိုဆိုရင်တောင် မင်းလုပ်နိုင်သလောက်ပဲလုပ်ပါ..
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံနဲ့”
“သိပါပြီ အမေ”
ဆုဆု မိသားစုဝင်တွေနဲ့ စကားပြီးနောက် သူမက
အစီအစဉ်အပေါ်မှာပဲ အာရုံရောက်နေခဲ့တာကြောင့် သူမကို ဘာလို့
ဒီလောက်တောင်ဂရုစိုက်ပေးနေရတာလဲဆိုတဲ့အကြောင်းကို အမေလင်းဆီ မေးဖို့ကို
မေ့လျော့သွားခဲ့တယ်။
ဒါပေမယ့် လင်းရှန်ကတော့ သူ့ရဲ့အမေနဲ့ အဖေကြားက ဒီလိုမျိုး
စကားတွေကို ကြားခဲ့ရလေတယ်။
“ဒီကလေးက ဒီပုပ်ပွနေတဲ့အရာကို ဘာလို့ တာဝန်ယူပြီးလုပ်ရတာလဲ..
အဲဒါက ကျေးဇူးတင်စကားပြန်မရနိုင်တဲ့ အလုပ်ပဲကို.. နောက်ပြီး သူမက
ကျန်းမာရေးကောင်းတယ်မလား? ရှင့်ရဲ့သားက ကျန်းမာရေးကောင်းလွန်းတယ် .. ဒီတော့
သူမရဲ့ခန္ဓာကိုယ်က ဘာမှ မှားယွင်းမနေဘူးဆိုရင် အခုလို အိမ်ထောင်ပြုပြီးစအချိန်မှ
ကိုယ်ဝန်ရဖို့ လွယ်လိမ့်မယ်.. ကောင်းကင်က နှင်းတွေကျနေတုန်းပဲ..
လမ်းလျှောက်သွားရတာက လွယ်ကူတာမဟုတ်ဘူး တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?”
အမေလင်းက စိုးရိမ်တကြီးပြောလာခဲ့တယ်။
“ဒါဆို ကောင်လေးသုံးယောက်ကိုပဲ
သူမကိုစောင့်ကြည့်ပေးခိုင်းကြတာပေါ့”
အဖေလင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့မိန်းမ
အရမ်းအတွေးလွန်နေတယ်လို့ ခံစားမိနေခဲ့တယ်။
“ကျွန်မတို့တွေ ချွမ်ဇီကို မရခင်တုန်းက
လက်ထပ်ပြီးကာစမှာ ကလေးတစ်ယောက်ရှိခဲ့သးတာကို မမေ့လိုက်နဲ့ ..အဲဒီအချိန်တုန်းက
ကျွန်မက ဘာတစ်ခုမှ မသိခဲ့ဘူး.. နှင်းတွေကျနေတဲ့အချိန် ထင်းသယ်ဖို့ သွားတုန်းက
ချော်လဲခဲ့တယ်လေ.. ဟင်း.. ဗေဒင်ဆရာကလည်းပြောခဲ့ပြီး လူတိုင်းက ကျွန်မမှာ
သမီးတစ်ယောက်ရလာလိမ့်မယ်လို့ပြောခဲ့ကြတာ.. ဒါပေမယ့် ကျွန်မ သူ့ကို
မထိန်းသိမ်းနိုင်ခဲ့ဘူး”
သူမက စကားပြောပြီးနောက်
သက်ပြင်းနောက်တစ်ကြိမ်ထပ်ချလိုက်ပြန်တယ်။
ထိုကလေးအကြောင်းကိုပြန်တွေးမိတော့ အဖေလင်းလည်း
အလွန်စိတ်မကောင်းဖြစ်သွားရပြီး သူ့ရဲ့ဆေးလိပ်အိတ်ကို ခေါက်ရင်း ပြောလာတယ်။
“နောက်ကျရင် သူမအတွက် ခန်ကို မီးထည့်ပေးဖို့
ဟိုင်ဇီနဲ့ ရှန်ဇီကိုခိုင်းလိုက်မယ်”
“ကောင်းပြီ.. မနက်ပိုင်းတွေမှာလည်း ဒီကို မနက်စာစားဖို့
မလာခိုင်းနဲ့တော့ မနက်ခင်းတွေက လမ်း ချော်လွန်းတယ်”
အမေလင်းက ထိုအကြောင်းကိုပြောပြီးသွားချိန်မှာ စိတ်ထဲသို့
မထည့်ထားတော့ပေမဲ့ ထိုစကားဝိုင်းကိုကြားလိုက်ရတဲ့ လင်းရှန်ကတော့
အလေးအနက်မှတ်ယူသွားခဲ့တယ်။
သူက ဆုဆုကို သိပ်မကြိုက်ဘူးဆိုရင်တောင် သူမဆီမှာ
သူ့အစ်ကိုအကြီးဆုံးနဲ့ ကလေးတစ်ယောက်ရှိနေတယ်ဆိုတာကိုကွားလိုက်ရချိန်မှာ
ရှော့ရသွားတုန်းပဲ။
သူ အိမ်ကိုပြန်ရောက်တော့ ထင်းသွားကောက်ရာမှ ပြန်လာကြတဲ့
သူ့ရဲ့ဒုတိယအစ်ကိုနဲ့ စတုတ္ထညီကို တွေ့လိုက်ရတယ်။ အခုချိန်မှာ
မြက်တွေကိုသွားရိတ်ပြီးရင် ထိုနေရာမှာ ထင်းအဖြစ်အသုံးပြုနိုင်တဲ့
သစ်ကိုင်းစလေးတွေရှိတာကြောင့် သူတို့ ပြန်လာတိုင်း ကောက်ယူလာခဲ့ကြလေ့ရှိတယ်။
သူတို့ အိမ်ထဲကိုရောက်တာနဲ့ ပုံမှန်ဆိုရင် ခေါင်းမာလွန်းတဲ့
တတိယကလေးက တံခါးကို အသံပိတ်ကာ လေသံတိုးတိုးနဲ့ပြောလာတာကိုကြားလိုက်ရတယ်။
“အမေက ငါတို့မရီးမှာ ကလေးရှိနေပြီလို့ပြောတယ်.. ငါတို့တွေ
သူမကို စောင့်ရှောက်ဖို့လိုတယ်”
“ဘာလဲ?”
အဲလောက်တောင် မြန်တာလား? လင်းဟိုင်တစ်ယောက် ချက်ချင်းပဲ
တာဝန်ဝတ္တရားတွေက သူ့ကို လွှမ်းခြုံသွားသလိုမျိုးခံစားလိုက်ရတယ်။ သူ ရုတ်တရက်
ဦးလေးတစ်ယောက် ဖြစ်လာပြီ။ ဒီခံစားချက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံနေခဲ့တယ်။
လင်းကျင်းက စိတ်လှုပ်ရှားစွာနဲ့ ပြောလာတယ်။
“ဒါဆို ကျွန်တော်က စတုတ္ထဦးလေးဖြစ်သွားပြီ မဟုတ်ဘူးလား”
“ငါက တတိယဦးလေးလား?”
“ဒါဆို.. ငါက ဒုတိယဦးလေးလား”
ကောင်လေးသုံးယောက်က ခဏလောက်ငြိမ်သက်သွားပြီးခဲ့နောက်
လင်းဟိုင်က သူ့ရဲ့ခေါင်းကိုကုတ်ခြစ်ကာ ရှက်ရွံ့စွာနဲ့ပြောလာတယ်။
“ငါ ငါ့တူမအတွက် ခန်ကို သွားမီးသွားထည့်ပေးလိုက်ဦးမယ်”
“ကျွန်တော်လည်း သွားမယ် ကျွန်တော်လည်း သွားမယ်”
လင်းကျင်းကလည်း ချက်ချင်းပဲ လက်ကို မြှောက်လိုက်ကာ ညီအစ်ကို
နှစ်ယောက်သား အနောက်ဖက်အိမ်သို့ ပြေးသွားကြတော့တယ်။
ဆုဆုကတော့ ဘာတစ်ခုမှ မသိသေးပါပဲ ယခုခေတ်နဲ့
လိုက်လျောညီထွေဖြစ်စေမဲ့ သီချင်းစာသားတွေကို ပေါင်းစပ်ရေးသားနေခဲ့တယ်။ သူမက
လက်ရှိခေတ်ကာလကို တွေးတောကာ လိုက်ဖက်စေမဲ့ သီချင်းတွေကို ရောနှောပြီးရွတ်ဆိုဖို့
ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆိုရင် သိပ်ပြီးဆန်းကျယ်နေတော့မှာမဟုတ်ဘူး။
ဒါနဲ့အဆင်မပြေရင်တော့ နောက်တစ်ခု ရွေးချယ်ရတာပေါ့။
သူမ အလေးအနက် ရေးသားနေချိန်မှာ အပြင်ဘက်ခြံတံခါးက
ရုတ်တရက်ပွင့်လာပြီး လင်းမိသားစုရဲ့ ဒုတိယနဲ့ စတုတ္ထမြောက်သားတွေ ဝင်လာခဲ့ကြတယ်။
နှစ်ယောက်သားက အနည်းငယ်အေးနေသလို ခံစားရပုံရပြီး သူမအတွက် မီးဖိုပေးလာကြကာ
ရေတစ်နွေးတစ်အိုးလည်း ကြိုချက်ပေးလာကြတယ်။ ပြီးနောက် ရေတိုင်ကီထဲတွင်
ရေများများမရှိတော့တာကိုတွေ့လိုက်ရတာကြောင့် လင်းဟိုင်က ရေပုံးကိုယူပြီး
ခြံဝင်းအတွင်းရှိ ရေတွင်းဆီသို့ ရေသယ်ဖို့ ထွက်သွားခဲ့ပြန်တယ်။
လက်ရှိခေတ်ရေတွင်းတွေက ပုံးကို ရေတွင်းထဲသို့
ကြိုးနဲ့ပစ်ချပြီး ပြန်လည်ဆွဲတင်ရန်လိုအပ်တဲ့
တွင်းနက်ရေကန်အမျိုးအစားဖြစ်နေတုန်းပဲ။ ဆောင်းရာသီမှာ အပေါ်ယံ အလွှာတစ်ခုလုံး
အေးခဲသွားမှုကို စိုးရိမ်ရသောကြောင့် ထိုရေတွင်းကိုကို ထူထဲတဲ့ ပိတ်ကြမ်းဖြင့်
ဖုံးအုပ်ထားရတယ်။
“မင်းတို့ မီးထည့်ပေးနေစရာ မလိုပါဘူး.. ပြန်သွားပြီး
အနားယူလိုက်ကြတော့လေ.. နောက်မှ ငါဘာသာငါ မီးထည့်လိုက်ပါ့မယ်”
ပြောရရင် သူမက မီးဖိုဖို့ကိုလည်း သင်ယူခဲ့ပြီးဖြစ်ကာ
အခုချိန်မှာ အရာအားလုံးကို ကောင်းကောင်းမလုပ်နိုင်သေးတာပဲရှိတော့တာလေ။
သူမကိုယ်တိုင် အေးခဲထားတဲ့ဖက်ထုပ်တွေကို ပေါင်းနိုင်နေပြီဖြစ်သလို
ရိုးရှင်းတဲ့ထမင်းနဲ့ ခေါက်ဆွဲကိုတောင် ချက်ပြုတ်နိုင်ပြီ။
မင်းအနေနဲ့ကောင်းကောင်းမလုပ်နိုင်သေးဘူးရင်တောင်
အရာအားလုံးကို ဆက်လက်သင်ယူနေရမယ်!
တကယ်တော့ ဆုဆုကို အတော်လေး သန်မာတယ်လို့ပြောနိုင်တယ်။ သူမက
စာသင်ဖို့အတွက် အပြင်မှာပဲ တစ်ချိန်လုံး နေထိုင်ခဲ့ရတာလေ။ အထက်တန်းအရွယ်မှာ
ပြည်နယ်အဆင့်ဝင်ခွင့်ရပြီး အားလပ်ရက်တွေမှာပဲ မြို့ထဲမှာရှိတဲ့
အိမ်ကိုပြန်နိုင်ခဲ့တယ်။
ဖြည်းဖြည်းချင်းနဲ့ အခြေခံတွေကစပြီးလေ့လာရင် အရာအားလုံးကို
ပြီးမြောက်နိုင်တယ်။
ဒါပေမယ့် ကျောင်းမှာတုန်းက လျှပ်စစ်မီးဖိုတွေရှိတာကြောင့်
အသင့်စား အမြန်စားသောက်ကုန်တွေကို လုပ်နိုင်တယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ မင်းသာ
ဘာမှမလုပ်ရင် ဘာတစ်ခုမှစားရမှာမဟုတ်ဘူး။ အသင့်စား ခေါက်ဆွဲခြောက်လိုမျိုးတောင်
ရှိမနေခဲ့ဘူး။
သူမ ရေမခပ်နိုင်တဲ့အဓိကအကြောင်းအရင်းကတော့ ပုံးက
အတော်တော်လေးနေလို့ပဲ။
ကံကောင်းထောက်မစွာနဲ့ လင်းဟိုင်ကရေသယ်ဖို့အတွက် အမြဲတမ်း
ကူညီပေးခဲ့တယ်။ ထိုရေပုံးတွေက အလွန်လေးလံနေပေမဲ့ ဆယ့်ခုနစ်နှစ်၊
ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးကတော့ ရေ ပုံးနှစ်ပုံး တစ်ပြိုင်တည်းဆွဲဖို့ကို
ကျင့်သားရနေခဲ့ပြီ။
“ရပါတယ် မရီး.. မရီး အနားယူနေလို့ရတယ်.. ညဘက်
စားချင်တာတစ်ခုခုရှိနေရင်လည်း ကျွန်တော် မရီးအတွက် လုပ်ပေးမယ်”
လင်းကျင်းက အချိန်အတော်ကြာအောင်အတူရှိနေခဲ့ပြီးတဲ့နောက်မှာ
စကားအတော်လေးပြောလာခဲ့တယ်။ သို့ပေမယ့် သူ့ကိုယ်သူ လေးစားမှုကတော့ ပြင်းထန်တုန်းပဲ။
ဆုဆု သူ့ရဲ့ခေါင်းကို ပွတ်လိုက်ပြီး ပြန်ပြောလိုက်တယ်။
“ ငါ ခဏနေရင် အိပ်တော့မှာ .. ဘာမှမစားတော့ဘူး .. ဒါနဲ့
ငါ့ဆီမှာကိတ်မုန့်တွေရှိတယ် မင်တို့ပြန်ရင် ယူသွားပြီးစားလိုက်ကြဦး”
သူမ ယူလာတဲ့ မုန့်တွေကလည်း တစ်ညတာကုန်လွန်သွားရင်
အသစ်ပြန်ရောက်လာလေ့ရှိတယ်။ သူမ အရင်တုန်းက သတိမထားမပြုမိခဲ့ပေမယ့်
အခုနောက်ပိုင်းမှာတော့ အစားအသောက်တွေက သူမ ယူလာခဲ့စဥ်ကအတိုင်း တူညီနေဆဲဖြစ်တာကို
ရှာတွေ့ခဲ့တယ်။
နောက်ပြီး သူမ အဆာပြေမုန့်တွေ အများကြီး
ယူလာခဲ့ပေမယ့် ထိုအမျိုးမျိုးသောမုန့်တွေထဲမှ အများစုက ကိတ်မုန့်တွေ အဖြစ်
ပြောင်းသွားခဲ့တယ်။ ဒါပေမယ့် ချောကလက်တွေ သကြားလုံးတွေ နဲ့
ပေါင်မုန့်အနည်းငယ်လည်းပါဝင်ပြီး အားလုံးက လက်ရှိခေတ်မှာ ခေတ်စားနေတဲ့
အစားအစာတွေပဲ။
ယခုချိန်မှာတော့ လင်းကျင်းက သူ့ရဲ့ မရီးဆီမှာ
စားစရာတစ်ခုခုရှိမယ်လို့ပြောလာရင် ယဥ်ကျေးမနေတော့ပဲ အချို့ကို ယူသွားပြီး
အိမ်ကိုယူသွားကာ စားတတ်နေပြီ။
ညီအစ်ကိုနှစ်ယောက်က ဆုဆုအတွက် ခြံထဲမှာ ကျဆင်းထားတဲ့
နှင်းတွေကို လှည်းကျင်းပေးနေခဲ့ကြတယ်။ သူတို့တွေ ဆုဆုလုပ်ဖို့အတွက်
ချန်မထားချင်ကြဘူး။
“မင်းတို့တွေ ဒီလောက်အေးနေတာကို လှည်းနေစရာမလိုပါဘူး..
မနက်ဖန်မှ လုပ်လို့ရတယ်လေ”
ဆုဆုကတော့ ဒီနေ့မှာ ကလေးနှစ်ယောက်က
အရမ်းကိုတက်ကြွလွန်းနေတယ်လို့ တွေးနေခဲ့တယ်။ သူတို့က
အလွန်အမင်းတွေးတော၀ဥ်းသားပေးလွန်းနေတယ်။
“ဒီနေ့ညမှာ မရီး ချော်လဲနေရင်ဘယ်လိုလုပ်မလဲ.. ကျွန်တော်
အခုပဲ ပြီးအောင်လုပ်ခဲ့မယ်.. မရီး အထဲကိုဝင်တော့လေ.. အပြင်မှာ အေးလွန်းတယ်”
လင်းဟိုင်က သူ့ရဲ့လက်တွေကို အားပါးတရ ဝှေ့ရမ်းလိုက်ပြီး
သူ့ရဲ့ညီလေးနဲ့အတူ အချိန်မဆွဲပဲ အလုပ်ကိုပြီးအောင်လုပ်လိုက်တယ်။
သူတို့နှစ်ယောက် အလုပ်တွေအကုန်ပြီးတဲ့နောက်ကျမှသာ အိမ်ထဲကို
ပြန်ဝင်လာခဲ့ကြတယ်။
တကယ်တော့ အိမ်ထဲအထိ ဝင်လာကြတာမဟုတ်ဘူး။ သူတို့က
တံခါးဝနားမှာ ရပ်နေကြတာလို့ ပြောရလိမ့်မယ်။
ဆုဆု အနည်းငယ် ထူးဆန်းသလိုခံစားရပြီး မေးလိုက်တယ်။
“တစ်ခုခုမှားနေလို့လား”
လင်းကျင်းက ရှက်ရွံ့စွာနဲ့ လင်းဟိုင်ရဲ့ မျက်နှာကို
စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ခွန်အားတွေကို စုစည်းကာ ပြောလာတယ်။
“မရီး ..ကျွန်တော် ကျွန်တော့်ရဲ့အစ်ကိုနှစ်ယောက်နဲ့
ဆွေးနွေးပြီးသွားပြီ..ကျွန်တော်တို့အားလုံး တူမလေး လိုချင်တယ်.. အဆင်ပြေလား?”