Ch 44
Viewers 11k

44) စာအုပ်ကို ပေးပြီးနောက်

 

လင်းရှန် ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ ထိုစာအုပ်အကြောင်းကို သူကြားဖူးပေမယ့် မဖတ်ဖူးတာကြောင့် သူ သေချာပေါက်ဖတ်ချင်နေခဲ့တယ်။ ဆုဆုရဲ့စကားကိုကြားတဲ့အချိန်မှာ သူ အပြင်ကို ထပ်မထွက်နိုင်တော့ပေမဲ့ ထိုစာအုပ်ကိုဖတ်ချင်တယ်လို့ ပြောမယ်ဆိုရင်လည်း သူ့ရဲ့မျက်နှာကိုထိန်းထားနိုင်တော့မှာမဟုတ်ဘူး။ အဆုံးမှာ သူက တစ်ဖက်လူကို သဘောမကျတဲ့အကြောင်းတွေပြောခဲ့ဖူးတယ်လေ။

 

ဆုဆု စိတ်ထဲကနေ ရယ်မောလိုက်မိပြီး တွေးတောလိုက်တယ်။

 

မင်းက စိတ်ကြီးဝင်လွန်းနေတယ်ပေါ့လေ။ မင်းက ဇာတ်လိုက်မကို သဘောကျနေတာမဟုတ်ဘူးလား။ အခုတော့ မင်းရဲ့ အသက်သွေးကြောကို ဖမ်းဆုတ်ခံလိုက်ရပြီမလား?

 

ထိုစာအုပ်က ဘာမှမဟုတ်ဘူး။ သို့ပေမယ့် ဇာတ်လိုက်မက ဒီကောင်ငယ်လေးကို စုတ်ပြဲနေတဲ့ သင်ရိုးညွှန်းတမ်းပြင်ပစာအုပ်ဖြင့် သူ့ဖက်ကိုပါလာအောင် မဲဆွယ်စည်းရုံးလိုက်နိုင်ခဲ့တာ။ ဒါအပြင် တချို့အရာတွေကိုတော့ သူမကိုယ်တိုင် ကောက်နုတ်ထားတဲ့အရာတွေပဲ။ ဆုဆု မူရင်းစာအုပ်ထဲက ဇာတ်ကွက်တွေကို အပြည့်အစုံမမှတ်မိပေမယ့် ဇာတ်လိုက်မရဲ့ ဝေဖန်ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ တွေးခေါ်မှုတွေကို သည်းမခံနိုင်ဘူး။ သူမက တစ်ခါတစ်လေမှာ စကားစု တစ်ခုနှစ်ခုလောက်ရေးပြပြီး အလွန်ကြီးမားတဲ့အကူအညီအဖြစ် ယူဆခဲ့တာ။

 

ဆုဆု : “မင်းတို့ ခဏစောင့်ဦး.. ငါ မင်းတို့ကိုလက်ဆောင်ပေးမယ်”

 

ထို့နောက် သူမ အနောက်ဘက်ခြံဆီကိုပြန်သွားခဲ့တယ်။

 

အမေလင်းက ထိုအခွင့်အရေးကို အရယူပြီး သူမရဲ့ သားသုံးယောက်ကို သင်ကြားပေးလိုက်တယ်။

 

“မင်းတို့ရဲ့မရီးက မင်းတို့အပေါ် တကယ့်ကိုကောင်းတယ်..  အခုချိန်မှာ စာအုပ်တွေက ဘယ်လောက်ဈေးကြီးလဲဆိုတာ မင်းတို့ သိမှာမဟုတ်ဘူး.. ဒီတော့အနာဂတ်မှာ မင်းတို့တွေ သူမရဲ့အလုပ်တွေ ပိုပြီးကူညီပေးရမယ်.. သူမကို ဒေါသမထွက်စေနဲ့ နားလည်လား

 

နားလည်ပါပြီ

 

လင်းကျင်းကတော့ အနိုင်ယူဖို့အတွက်အလွယ်ကူဆုံးပဲ။ သူက အရိုးတွေထဲအထိ ခေါင်းမာတဲ့ ကောင်လေးတစ်ယောက်လို ထင်မြင်ရပေမဲ့ တကယ်တမ်းမှာ အလွန်ပဲချော့မြူရလွယ်ကူတယ်။ အစားအသောက်နည်းနည်းလောက် ရသွားတာနဲ့ နာခံလာလိမ့်မယ်။

 

နောက်ပြီး လင်းဟိုင်ဆိုတဲ့ကောင်လေးကတော့ ပိုပြီးအကြမ်းထည်ဆန်တယ်။ သူ့ဆီမှာ မဖြေရှင်းနိုင်တဲ့အခက်အခဲတွေကြုံလာရင် သူ့အစ်ကိုကြီးရဲ့စကားကို နားထောင်လိုက်ရရုံပဲ။ ဒီတော့ သူ့အနေနဲ့ ဘာတွေလုပ်မလဲကို စိတ်ပူတွေးတောနေစရာမလိုဘူး။ သို့သော်လည်း ရိုးသားတဲ့ကလေးတွေက နာကျင်ထိခိုက်အလွယ်ဆုံးဖြစ်တာကြောင့် ဆုဆုက သူမထက် အများကြီး မငယ်တဲ့ လင်းဟိုင်အတွက် ကြည့်ပေးရတာကိုအကြိုက်ဆုံးပဲ။

 

ဆုဆု ပြန်လာချိန်မှာတော့ သူမက စာအုပ်တွေနှင့် ဘောပင်တစ်ချောင်းကိုယူလာခဲ့တယ်။ သူမ ဒီကိုမလာခင်က ဘောပင်သုံး၊လေးချောင်းနှင့် မရေမတွက်နိုင်လောက်တဲ့ မှတ်စုစာအုပ်တွေ ယူလာခဲ့တာကြောင့် ဒါကိုပေးလိုက်နိုင်တယ်လေ။   အကြီးဆုံးကောင်လေး လင်းဟိုင်အတွက်ကတော့ သူ့အနေနဲ့ ဒီလိုကြီးထွားအရွယ်ရောက်လာတဲ့အချိန်မှာ ဝတ်စရာအဝတ်အစားက တစ်ဒါဇင်လောက်တောင် မရှိတာကြောင့် သူမ မတိုင်ခင်တုန်းက လင်းချွမ်အတွက် ဝယ်ခဲ့တဲ့အဝတ်အထည်ကို ထုတ်ယူခဲ့တယ်။

 

မူလတုန်းက သူမက သူ့အတွက် အဝတ်အစားတွေ ချုပ်လုပ်ပြီး စာတိုက်ကနေတဆင့် သူ့ကို ပို့ချင်ခဲ့ပေမယ့် သူထွက်ခွာသွားချိန်တုန်းက စစ်တပ်ထဲမှာ ထိုကဲ့သို့ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကိုဝတ်လို့မရဘူးလို့ပြောခဲ့တယ်။

 

သူ ဒါကို မလိုချင်ဘူးဆိုမှတော့ သူ့ရဲ့ညီကိုပဲ ဝတ်ခိုင်းလိုက်ကြတာပေါ့။ သူမကတော့ အဝတ်အစားတွေကို မချုပ်နိုင်တာကြောင့်  အမေလင်းကိုပဲ ချုပ်လုပ်ခိုင်းရလိမ့်မယ်။

 

သူမ လက်ဆောင် သုံးခုလုံးကို ယူပြီးနောက် အရှေ့ဘက်အိမ်ဆီသို့ ပြန်သွားရင်း သဘာဝတရားကြီးကို နက်နက်နဲနဲညည်းငြူနေမိတယ်။ အရင်တုန်းက လင်းချွမ်ပြင်ဆင်ထားတဲ့ထင်းတွေကို သူမက အတော်လေးများလွန်းတယ်လို့ တွေးမိခဲ့တယ်။ အခုချိန်ကျမှသာ ထိုအမျိုးသားက အမှန်တကယ်တွေးတောတတ်ကြောင်းသဘောပေါက်သွားခဲ့တယ်။

 

သူမ အရှေ့ဘက်ခြံကိုရောက်တော့ ဆယ်ကျော်သက်ကောင်လေး သုံးယောက်က ပင်မအခန်းထဲမှာ ရှိနေတုန်းပဲဆိုတာကို မြင်လိုက်ရတယ်။ သူမက ဘောပင်နှင့် မှတ်စုစာအုပ်တွေကို လင်းကျင်းဆီကို လှမ်းပေးရင်း ပြောလိုက်တယ်။

 

ဒါတွေက မင်းစာလေ့လာဖို့အတွက်

 

အသစ်.. ဘောပင်အသစ်လား?

 

လင်းကျင်းအနေနဲ့ အခုချိန်မှာ သူ့ရဲ့ဆရာထံမှ ဘောပင်နဲ့သုံးဖို့ အပြောခံထားခဲ့ရပေမဲ့ သူ သူ့ရဲ့မိသားစုဆီကိုပြန်မပြောခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့မိသားစုက  အစ်ကိုအကြီးဆုံးရဲ့ မင်္ဂလာပွဲအတွက် ပိုက်ဆံတွေအများကြီး သုံးစွဲထားခဲ့ရတာလေ။

 

သူ့ရဲ့မရီးအသစ်က သူ့ကို တကယ်ကြီး ဘောပင်အသစ်တစ်ချောင်းပေးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။  နောက်ဆုံးတော့ သူ အတန်းဖော်တွေရှေ့မှာ ခေါင်းငုံ့ထားစရာ မလိုတော့ဘူး။ အရေးအကြီးဆုံးက ဒီမှတ်စုစာအုပ် အသစ်နှစ်အုပ်ကလည်း တကယ်ကို ကြည့်ကောင်းပြီး မမြင်ဖူးတဲ့ တံဆိပ်ဖြစ်ပဲ။

 

အင်း.. စာကြိုးစားရမယ်နော် နားလည်လား?

 

ကျေးဇူးတင်ပါတယ် မရီး

 

သူတကယ်ပဲ အရမ်းပျော်နေပြီ။

 

ဆုဆုသည်လည်း သူ့ဆီမှ အပျော်တွေ ကူးစက်ခံလိုက်ရပြီး ရယ်မောကာ စာအုပ်အသစ်တစ်အုပ်ကို လင်းရှန်ဆီသို့ လှမ်းပေးလိုက်တယ်_

 

ဒါကိုမင်းကိုပေးမယ်.. ဂရုတစိုက်ကိုင်ဦး

 

လင်းရှန် အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။  သူ့အနေနဲ့ သင်ရိုးညွှန်းတမ်းစာအုပ်အပြင် တခြားသော စာအုပ်တွေကိုမဖတ်ခဲ့ဖူးဘူး။ အထူးသဖြင့် နာမည်ကြီးစာအုပ်တွေကို မဖတ်ဖူးခဲ့ဘူး။ သူ မထိန်းနိုင်စွာနဲ့ ထိုစာအုပ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်တယ်။

 

  ကောင်းပြီ

 

ဆုဆုက သူတို့အတွက် ပစ္စည်းတွေကို ပေးပြီးတဲ့နောက် ကျန်ရှိနေသေးတဲ့ လင်းဟိုင်ကို အဝတ်အထည်စကို လှမ်းပေးလိုက်တယ်။

 

ဒီအထည်က မင်းအတွက် အနွေးထည် ဝတ်လို့ရအောင်လို့

 

ဒီလောက်တန်ဖိုးကြီးတဲ့ လက်ဆောင်ကို သူ့ကို ဘယ်လိုလုပ် ပေးနိုင်တာလဲ

 

အမေလင်းက ဝင်ပြောလာတယ်။

 

ဆုဆုက သူ့ဆီကို အဝတ်အထည်စကိုလှမ်းပေးလိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ်။

 

သူက အသက်ကြီးလာပြီလေ.. သူလည်း ပိုကောင်းတဲ့အဝတ်အစားတွေကို အမြဲတမ်းဝတ်ဆင်ဖို့ လိုအပ်လာပြီ.. ဒါမှ အချိန်ရောက်လာရင် ဇနီးတစ်ယောက်ရှာတွေ့နိုင်မှာပေါ့

 

လင်းဟိုင် ကြောင်အမ်းသွားခဲ့တယ်။ သူသည်လည်း ဇနီးတစ်ယောက်ရှာရမဲ့အချိန်ကို ရောက်တော့မယ်ဆိုတာ သေချာပေမဲ့ သူတို့ရဲ့မိသားစုက သူ့ရဲ့ အစ်ကိုကြီးအကြောင်းကိုသာ တွေးတောနေရပြီး သူ့အတွက် သိပ်မတွေးခဲ့ကြဘူး။ သူမက သူ့ကို ကောင်းမွန်စွာဝတ်စားနိုင်ပြီး ဇနီးတစ်ယောက်ရှာတွေ့ဖို့အတွက် မျှော်လင့်ပေးတဲ့ ပထမဆုံးလူဖြစ်နေလောက်တယ်။

 

အမေလင်းက တွေးကြည့်ပြီး ပြန်ပြောလာခဲ့တယ်။

 

ကောင်းပြီ.. မင်းက ဒီလိုမျိုးတွေးတောပြီးသားဆိုတော့ ငါ သူ့အတွက် အဝတ်အစားချုပ်ပေးလိုက်မယ်

 

တရုတ်နှစ်သစ်ကူးသွားချိန်မှာ ဘယ်သူက အဝတ်အစားသစ်တွေကို မဝတ်ချင်လို့လဲ။ အခြားညီလေးတွေကလည်း သူ့ကို မနာလိုဖြစ်မိသွားကြပေမဲ့ သူတို့ရထားတဲ့ ပစ္စည်းတွေနဲ့လည်း မလဲလိုက်နိုင်တာကတော့ သေချာပေါက်ပဲ။

 

ကျေးဇူးတင်ပါတယ် မရီး

 

လင်းဟိုင်က နောက်ဆုံးတော့ သူမကို မရီးလို့ ခေါ်လာခဲ့ပြီ။

 

အမေလင်းက သူ့ကိုလှမ်းပြောလာတယ်။

 

မင်းရဲ့ မရီးကို ပြန်လိုက်ပို့ပေးလိုက်ဦး..  အပြင်မှာ မှောင်နေပြီးတော့ လမ်းကချောနေတာ

 

ကောင်းပြီ

 

လင်းဟိုင်က ဆုဆုကို ပြန်ပို့ပေးခဲ့ပြီး သူမအတွက် ခန်ကိုတောင် မီးဖိုပေးချင်ခဲ့သေးတယ်။

 

ဆုဆု:  မလိုတော့ဘူး..  ငါ တစ်ညနေလုံး မီးဖိုထားပြီးပြီ

 

သူမက ရေနွေးတစ်အိုးကြိုချက်ပြီး ဘယ်သူမှမရှိတဲ့အချိန်မှာ အမှန်တကယ်ရေချိုးဖို့ တွေးထားခဲ့တယ်။

 

သူမရဲ့စကားကိုကြားတော့ လင်းဟိုင်က ခေါင်းကုတ်ကာ ပြန်ထွက်ပြေးသွားခဲ့တယ်။ သူ့ရဲ့ မရီးကို အနာဂတ်မှာ ပိုပြီးကူညီပေးရမယ်။  သူမက သူ့အပေါ် တကယ့်ကိုအများကြီး ကောင်းပေးတယ်လေ။

 

ဆုဆုက တစ်ဖက်လူထွက်သွားတာကိုမြင်တော့ တံခါးကို မင်းတုံးချလိုက်ကာ လိုက်ကာတွေကို ပိတ်လိုက်ပြီး ရေချိုးလိုက်တယ်။ ဒီဘက်မှ ရာသီဥတုအခြေအနေက အေးစက်လွန်းတာကြောင့် သူမ တိုက်ပွဲကို အလျှင်အမြန်အဆုံးသတ်ပြီး ခန်ပေါ်မှာလှဲကာ အနားယူဖို့ ပြင်လိုက်တယ်။

 

ဆောင်းရာသီက အလွန်အေးစက်လွန်းတယ်။ သူမ အခန်းထဲကတောင် မထွက်ချင်တော့ဘူး။

 

ဒါကြောင့် နှစ်နာရီကြာအောင် စာသင်ရတဲ့အချိန်မှလွဲရင် သူမက ခန်ကိုအပူပေးပြီး အိပ်ယာပေါ်မှာပဲ စောင်ခြုံပြီး ထိုင်နေလေ့ရှိတယ်။ သို့ပေမယ့်လည်း အမြဲတမ်းအိမ်ထဲမှာပဲ တစ်ချိန်လုံး နေရတာကို ငြီးငွေ့လာတာကြောင့် သူမ လင်းချွမ်ရဲ့ အကြောင်းကို စတင် တွေးနေမိလာရတယ်။

 

သူနဲ့ အချိန်ခဏလောက်သာ အတူနေခဲ့ရတယ်ဆိုပေမဲ့ သူမ သူ့ကို တကယ်ပဲလွမ်းဆွတ်မိတယ်။ နောက်ပြီး ထိုအရူးကောင်ရဲ့စာတိုလေးအကြောင်းကိုတွေးမိတော့ နောက်တစ်ကြိမ်သွေးအန်မိတော့မလိုဖြစ်လာရပြန်တယ်။

 

တခြား ဘာကိုမှ မပြောရင်တောင် အဝေးကိုရောက်နေတဲ့အချိန်မှာ စာအရှည်ကြီး ရေးသင့်တယ်လေ။ သို့ပေမယ့် ထိုအမျိုးသားကတော့ တစ်ကြောင်းထဲပဲ ရေးလာခဲ့တယ်!

 

သူမ ထိုစာကို တခြားလူတွေဆီကနေ အဝေးကို တိတ်တိတ်လေး ခွဲထွက်ပြီး စာကို ဖွင့်ဖတ်ကြည့်ခဲ့ပြီးနောက်မှာ သုံးရက်လောက်ကြာတဲ့အထိ ပြန်လည်မကုစားနိုင်ဖြစ်ခဲ့ရတယ်လေ။

 

ပြောစမ်းပါ။ ဘယ်လို ယောကျ်ားမျိုးက သူ့ရဲ့ဇနီးဆီကိုစာရေးတဲ့အချိန်မှာ ဒီလိုမျိုး ရေးသားလို့လဲ?

 

ဒါကြောင့်ပဲ သူမ သူ့ဆီကို ယခုအချိန်ထိ  စာပြန်ရေးပြီး အကြောင်းပြန်ခဲ့ခြင်းမရှိသေးဘူး။

 

သူမ ဘာကိုပြန်ပြောရမလဲဆိုတာတောင် မစဉ်းစားနိုင်ဖြစ်နေရတာ။

 

နောက်ဆုံးတော့ သူက သူမကို ခံစားချက်ပိုကောင်းအောင် မလုပ်ဘူးဆိုရင် သူမကလည်း သူ့ကို ခံစားချက်ကောင်းအောင်မလုပ်နိုင်ဘူးလို့ တွေးလိုက်ပြီး စောင်အောက်က ထွက်လာကာ ဘောပင်ကို ကောက်ယူပြီး ရေးသားလိုက်တယ်:

 

ချစ်ရတဲ့ ချွမ်ဇီ.. ရှင်ထွက်သွားပြီးကတည်းက...

 

သူမက သူမရဲ့ တရုတ်စာပေစကားလုံးတွေအပေါ် နားလည်တတ်ကျွမ်းမှုကို အသက်သွင်းခဲ့ပြီး သူမရေးသားနေတဲ့စာလွှာထဲမှာ ချစ်ခြင်းမေတ္တာတွေအကြောင်းကို တရွေ့ရွေ့နှင့် ပုံဖော်လိုက်တယ်။

 

သူမ ရေးထားတဲ့စာကို ကိုယ်တိုင်ပြန်ဖတ်ပြီးတဲ့နောက် ဒီစာက လင်းချွမ်ရဲ့ စိတ်ကိုလှုပ်ရှားစေမှာသေချာတယ်လို့ ခံစားမိတယ်။ သူမ သူ့ကို မထိန်းနိုင်ဘူးဆိုတာကို မယုံကြည်ဘူး။

 

သို့သော်လည်း သူမက မြို့ကိုသွားရတာကိုမကြိုက်တာကြောင့်  လင်းဟိုင်ကိုပဲ စာပို့ပေးပြီး သူမရဲ့လစာကိုထုတ်ပေးဖို့အတွက် အကူအညီတောင်းလိုက်နိုင်တယ်။

 

ယခုအချိန်မှာ သူမက စာတိုက်ဆီကို မသွားနိုင်တဲ့အတွက် လင်းဟိုင်ကို ကိုယ်စား လွှတ်ထားနိုင်ပေမယ့် လစာထုတ်ဖို့အတွက် ထောက်ခံစာတစ်စောင် ရေးပေးလိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ထိုထောက်ခံစာသာ မပါခဲ့ရင် ပိုက်ဆံက တကယ် ထုတ်ယူလို့ မရနိုင်ဘူး။

 

ထို့ကြောင့် လင်းဟိုင်က ရွာမှရုံးခွဲဆီသို့ သွားကာ ထောက်ခံစာတစ်စောင်တောင်းခဲ့ပြီး ရွာမှ မြို့ဆီသို့ လှည်းဖြင့်လိုက်သွားခဲ့တယ်။ သူကငယ်ရွယ်ပြီးအပူဓာတ်များပြားတဲ့ ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် သူက တရုတ်နှစ်သစ်ကူးကာလအတွင်း သူမလိုအပ်တဲ့နေရာတွေကို သွားပေးနိုင်ခဲ့တယ်။

 

တကယ်တမ်းမှ ဒီဘက်ခေတ်ရဲ့ နှစ်သစ်ကူးကာလအတွက် ဘာတစ်ခုမှဝယ်စရာမရှိဘူး။ အခုချိန်မှာ မိသားစုအတွင်း ပိုက်ဆံတွေအများကြီးမရှိဘူးလေ။ သို့ပေမယ့် နှစ်သစ်ကူးရဲ့ အငွေ့အသက်က အရမ်းကိုကောင်းမွန်နေတုန်းပဲဆိုတာကို ဆုဆု တွေ့လိုက်ရတယ်။ လူတိုင်းက နှစ်သစ်ကူးအတွက်ပြင်ဆင်နေကြပြီး တခြားလူတွေနဲ့ တွေ့ဆုံအချိန်မှာလည်း စကားများရန်ဖြစ်တာတွေမရှိကြပါပဲ ပုဲမှန်ထက်ပိုပြီး ညင်သာနေခဲ့ကြတယ်။

 

ဒီနှစ်ရက်အတွင်း သူမရဲ့ စာသင်ချိန်မှာလည်း လူတိုင်းရဲ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့ဝေဆာနေကြပြီး တစ်ခါတစ်ရံမှာ တရုတ်နှစ်သစ်ကူးအချိန်အတွင်း ဘာလုပ်ကြမလဲဆိုတာကို ဆွေးနွေးနေခဲ့ကြတယ်။