35:
သူ့ကိုမြေမြှပ်လိုက်တယ်
ဒီအကြီးဆုံးအစ်မက
အလွန်အရသာရှိစွာစားနေပြီး လုံးဝမထိန်းချုပ်ထားဘူး။ ဒါကိုကြည့်ရင် သူမရဲ့ ပုံမှန်ဘဝ
အဆင်မပြေကြောင်းနှင့် အလွန်ဆာလောင်နေခဲ့ရကြောင်းတို့ကိုမြင်နိုင်တယ်။
ဆုဆုကတော့
တစ်ဖက်လူရဲ့ အစာအိမ်ကို စိတ်ပူနေခဲ့တယ်။ သူမကိုယ်တိုင်ကတော့ မနက်တုန်းက
ထမင်းမစားခဲ့တာတောင် ဗိုက်မဆာနေခဲ့ဘူး။
ထို့အပြင် ဒီမှာ
အမေလင်းသဘောကျချက်တဲ့ဟင်းတွေက အများကြီးမရှိဘူး။ အဓိကဟင်းလျာက
အသားဟင်းနှစ်မျိုးဖြစ်ပြီး တစ်မျိုးမှာ ကြက်သားနှင့်အာလူးချက်ဖြစ်ပြီး
နောက်တစ်မျိုးကတော့ ယုန်သားဟင်းပဲ။ ဆုဆုက အသားဝယ်ဖို့ ပိုက်ဆံပေးခဲ့တာကြောင့်
အမေလင်းက သူမ အသားများများစားချင်နေတယ်လို့ တွေးပြီး ဒါတွေကိုများများထည့်ပေးပြီး
အသီးအရွက်ဟင်းနှစ်ပွဲသာထည့်ပေးလိုက်တယ်။
သူမ မနေ့တုန်းက
ယုန်သားစားပြီးသွားပြီဖြစ်လို့ မစားချင်တော့ဘူး။ ဒါအပြင် ဒီအကြီးဆုံးအစ်မက
အလွန်တိုက်ခိုက်လိုစွာစားနေပြီး သူမရဲ့လက်တွေကို နည်းနည်းလောက်တောင်
မဆန့်ထုတ်နိုင်ဘူးလို့ ခံစားရတယ်။ သူမက တော်ဝင်အမျိုးသမီးတစ်ယောက်လို ပြုမူချင်တာ
မဟုတ်ပေမဲ့ တစ်စုံတစ်ယောက်ဆီက အစားအစာကို လုယူချင်စိတ်တော့မရှိဘူး။
လင်းချွမ်
ဝင်လာချိန်မှာ သူ့ရဲ့အသစ်စက်စက်ဇနီးလေးက အလုပ်မှတ်တွေ သိမ်းဆည်းနိုင်ဖို့
နည်းလမ်းမရှိဘူးဆိုတာကို သဘောပေါက်နားလည်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမသာ
လူအများနဲ့ ဝိုင်းဖွဲ့ပြီး လုယက်စားသောက်ရမယ်ဆိုရင် သေချာပေါက် ထိခိုက်ရလိမ့်မယ်။
စွပ်ပြုတ်လေးတောင် ယူသောက်နိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် သူ့ရဲ့
ညီမဖြစ်သူနဲ့ပက်သက်ပြီးတော့လည်း သူ ဘာမှမပြောနိုင်ဘူး။ သူမရဲ့မိသားစုအခြေအနေက
မကောင်းဘူးဆိုတာကို သူသိထားသလို သူမက မနက်စာတောင်မစားဘဲ
ဒီကိုလာခဲ့ရတာဖြစ်မယ်ဆိုတာကိုလည်းခန့်မှန်းမိတယ်။ ဒီအထိ
လမ်းလျှောက်လာခဲ့ရတာကြောင့် အမှန်တကယ်ဗိုက်ဆာနေလောက်ပြီ။
“တစ်ခုခုမှားနေလို့လား?”
ဆုဆု
မေးလိုက်တယ်။
“စားပြီးပြီလား..
အခု အရက်(ခွက်ချင်းတိုက်ပြီး)နဲ့ ဆုတောင်းပေးတဲ့အချိန်ကိုရောက်ပြီ”
“စားပြီးသွားပြီ”
ဆုဆုက သူမရဲ့
လက်ထဲမှ တူကိုချလိုက်ပြီး ခန်ပေါ်မှ
ဆင်းကာ လင်းချွမ်နဲ့အတူ ထွက်လာခဲ့တယ်။ အပြင်ဘက်ကို ရောက်တော့
ဝိုင်ခွက်တွေချထားလျှက်ရှိနေတဲ့ ခြံရှေ့မှ စားပွဲဝိုင်းတွေဆီ ဆွဲခေါ်ခံလိုက်ရတယ်။
ဒီလိုဆန္ဒပြုရာမှာ
အမျိုးသားဧည့်သည်များကို အရင် ခွက်ချင်းတိုက်ပြီး သောက်ရလိမ့်မယ်။ သူတို့တွေက
စားပွဲတစ်ခုံပြီးတစ်ခုံ ဆုမွန်ကောင်းပြောလာကြပြီး လင်းချွမ်းကလည်း စားပွဲတိုင်းမှာ
ရပ်ပြီး သောက်ခဲ့တယ်။
ဒါပေမယ့်
စားပွဲကဆယ်လုံးကျော်တောင်ရှိနေတာကြောင့် ဆုဆု သူ့ရဲ့အင်္ကျီရဲ့ထောင့်ကိုဆွဲပြီး
အနည်းငယ် စိုးရိမ်စွာနဲ့ပြောလိုက်တယ်။
“အဆင်ပြေရဲ့လား?”
“ပြေတယ်”
“ရှင်
သောက်နိုင်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။”
စာအုပ်ထဲမှာ
ဒီအရံဇာတ်ကောင်က အများကြီးသောက်နိုင်တယ်လို့ မပြောထားခဲ့ဘူးလေ။
လင်းချွမ်ရဲ့
ရှင်သန်လိုစိတ်က ပြင်းပြလွန်းတယ်။
“ကိုယ်က
အများကြီးသောက်တတ်တဲ့သူ မဟုတ်ပါဘူး.. ဒီခွက်တွေက သေးနေလို့ပါ”
ဒါက
ခွက်အသေးလေးဘဲ ဆိုပေမဲ့ သူမသာ သောက်ရင် သုံးလေးခါလောက် မူးသွားနိုင်တယ်။
ဒါပေမယ့်
ဒီကလူတွေကတော့ အရက်ပမာဏက နည်းပါးလွန်းတယ်လို့ ပြောလိမ့်မယ်။ ဒါက စားပွဲပေါ်က
ပန်းကန်လုံးကြီးထက် နည်းနည်းတော့သေးတယ်လေ။
အခုခေတ်မှာ
လူတွေက အရက်ကို အလွန်ကောင်းမွန်စွာ သောက်နိုင်ကြပြီး
သူတို့သောက်တဲ့အချိန်မှာ ပန်းကန်လုံးကြီးတွေ၊ အိုးတွေ၊ ဂျားတွေနဲ့
မော့သောက်လေ့ရှိတယ်။ အတိုချုပ်ပြောရရင် ဒီလိုကြွေခွက်ဆိုတာက
အလွန်အသုံးနည်းပါးလွန်းတယ်။
အခုချိန်ထိတော့
အဆင်ပြေပါတယ်။ သူအမူးလွန်သွားတာမျိုးမဖြစ်ဖို့ မျှော်လင့်ရမှာပဲ။
အဆုံးမှာ
သူတို့တွေက ဒီနေ့မှ လက်ထပ်ထားတာလေ။ နည်းနည်းလောက်
သတိရှိနေသေးတာကပိုကောင်းလိမ့်မယ်။
သိသိသာသာပါပဲ။
သူမက သူမူးနေမှာကို “မကြိုက်”မှန်းသိသွားတဲ့ လင်းချွမ်က
ထိုခွက်အသေးနဲ့နဲ့အပြည့် မသောက်တော့ပါပဲ သူ အနည်းငယ် မူးလာပြီဖြစ်လို့
ခွက်တစ်ဝက်လောက်သာ သောက်နိုင်တော့မဲ့အကြောင်း နှိမ့်ချစွာ ပြောလာခဲ့လေတယ်။
ရလဒ်ကတော့ သူ့ရဲ့
ရဲဘော်ရဲဘက်ဆီမှာ သနားညှာတာမှုကင်းစွာ အရိုက်ခံလိုက်ရတယ်။
“မူးနေတယ်..
မူးနေတယ်ပေါ့လေ? ငါတို့ တစ်ညလုံး အရက် အတူတူသောက်ဖူးတယ် မင်းက အထူး...”
သူ့ရဲ့ခြေထောက်က
အောက်ဘက်မှ ပြင်းပြင်းထန်ထန် အကန်ခံလိုက်ရတယ်။
နည်းနည်းတော့
နာတယ်လေ။
လင်းချွမ်ရဲ့
လုပ်ဖော်ကိုင်ဖက်ရဲဘော်က ချက်ချင်းပဲ ပါးစပ်ပိတ်သွားခဲ့တယ်။ အခုတော့ သူ
လုံးဝကြီးနားလည်သွားပြီ။ သူ့ရဲ့သူငယ်ချင်းက ဇနီးသည်ဖြစ်သူကို ကြောက်နေတာပဲ!
လက်ထပ်ပြီးစကတည်းက
ဒီလောက်ထိ အလွန်အမင်းနာခံပြီးလိမ္မာနေတယ်။ သူအရင်က တစ်စုံတစ်ယောက်ပြောဖူးတာကို
သတိရမိသွားပြီ။ ဒါကို မြောက်ပိုင်းမှလူတွေက ‘ဇနီးမယားဆီမှာ
အထိန်းချုပ်ခံချင်တဲ့ အမျိုးသား’လို့ ခေါ်တာမလား?
ကြည့်ရတာ သူက
စိတ်ထင်တိုင်းလုပ်လို့ရတဲ့ ယောကျ်ားတစ်ယောက် မဟုတ်တော့တဲ့ပုံပဲ။
ဒါပေမယ့် သူ
ဘာမှမပြောခဲ့ပဲ အချိန်ရှိလာတဲ့အချိန်ကျမှသာ သူ့ဆီကိုပြေးလာဖို့ တွေးထားလိုက်တယ်။
ဒါပေမယ့်
သူရထားတဲ့ ဇနီးလေးကိုပဲ ကြည့်လိုက်ဦးလေ။ သူမက လှပပြီး ချစ်စဖွယ်ကောင်းကာ
အသားအရည်ကလည်းနှင်းပွင့်လေးတွေလိုဖြူဆွတ်နေခဲ့တယ်။ ဒီလိုမိန်းကလေးမျိုးက မြို့မှာ
လက်ထပ်နိုင်တယ်။ သူမသာ လင်းချွမ်နဲ့အတူ စစ်တပ်မှာနေဖို့ စစ်တပ်ထဲသို့
ရောက်လာခဲ့ရင် တခြားလူတွေကတော့ မနာလိုလွန်းလို့ မျက်လုံးတွေနီရဲနေရတော့မှာပဲ။
စစ်သားတစ်ယောက်အတွက်
ဇနီးရှာရခက်တယ်လို့ ဆိုကြပေမယ့် ဒီလင်းချွမ်ကတော့အိမ်ပြန်ရောက်တာနဲ့
ဒီလောက်ကောင်းတဲ့ ဇနီးကို ရှာတွေ့နိုင်တာ တကယ့်ကို အံ့သြစရာပဲ။
သတို့သားဘက်က
သူငယ်ချင်းကောင်း(သတို့သားအရံ)တစ်ယောက်အနေနဲ့ သူ တစ်ဖက်လူကို
မနာလိုဖြစ်နေဆဲပေမဲ့လည်း သူ အရက်သောက်တာကိုထိန်းဖို့ကြိုးစားနေတာကို
ကူညီပေးရလိမ့်မယ်။ အဆုံးမှာ သူက ဒီည သတို့သမီးအခန်းကိုသွားရဦးမယ်မလား။
နောက်ဆုံးတော့
အမျိုးသားဧည့်သည်အားလုံးရဲ့ ဆုတောင်းပေးတဲ့ဝိုင်တွေကို
သောက်ပြီးသွားခဲ့ပြီ။ အမျိုးသမီး ဧည့်သည်တွေအတွက်ကတော့
ပိုပြီးရိုးရှင်းပါတယ်။
ဝိုင်တွေနဲ့
ဆုတောင်းစကားတွေ ပြီးစီးသွားချိန်မှာတော့ လင်းချွမ်က ဆုဆုကို အိမ်ထဲမှာ အနားယူဖို့
ပြန်လွှတ်လိုက်တယ်။ သူမက တခြားလူတွေဆီကနေ အနိုင်ကျင့်ခံနေစရာမလိုဘူး။ နောက်ပြီး
အရက်သောက်ပြီးချိန်မှာ လူတော်တော်များများက ထွက်သွားခဲ့ကြပြီ။
ဆုဆု
ရည်ရွယ်ချက်ရှိရှိနဲ့ ထိုင်ပြီး စာအုပ်တစ်အုပ် ယူဖတ်နေလိုက်တယ်။
ထိုစာအုပ်က
ကမ္ဘာကျော် “Red and Black” စာအုပ်ရဲ့ အင်္ဂလိပ်ဗားရှင်းပဲ။
သူမ
တက္ကသိုလ်မှာကတည်းက အင်္ဂလိပ်စာ သိပ်ပြီးမကောင်းလှတာကြောင့် ကိုယ့်ကိုယ်ကိုယ်
အင်္ဂလိပ်စာအုပ်တွေ ဖတ်ဖို့အတွက် ဖိအားပေးခဲ့တယ်။ သူမ ဒီစာအုပ်ကို
ဖတ်မပြီးသေးတာကြောင့် ယူလာခဲ့တဲ့အတွက် ဒီနေ့ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ ဖတ်ဖို့
တွေးခဲ့တာ။
ဒါပေမယ့် သူမ
စာအုပ်ကို ထုတ်လိုက်ချိန်မှာပဲ စာအုပ်အဖုံးက ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်။
သူမ ဝယ်ခဲ့တုန်းကလို ကာဗာမျိုးမဟုတ်တော့ဘဲ အလွန်ခေတ်နောက်ကျတဲ့ပုံစံဖြစ်နေခဲ့တယ်။
ဘာစာမှတောင် ရှိမနေခဲ့ဘူး။
သို့သော်လည်း
အတွင်းပိုင်းမှ အကြောင်းအရာတွေကတော့ ပြောင်းလဲသွားခြင်းမရှိဘူး။
တကယ်တမ်းမှာ သူမက
စာအုပ်ကို ဖတ်ချင်နေတာမျိုးမဟုတ်ဘူး။ စိတ်လှုပ်ရှားနေလို့သာ ဖတ်ဖို့
လုပ်နေခဲ့တာ။ ဒါက သူမရဲ့ ပထမဆုံးအကြိမ် လက်ထပ်တာဖြစ်ပြီး အခန်းထဲကို
အထည့်ခံထားရရတာလေ။ သူမ ဒါကို တွေးမိလေလေ ပိုပြီးစိတ်လှုပ်ရှားလေလေပဲ။ ခုနတုန်းက
လင်းချွမ်နဲ့တွဲရပ်နေချိန်မှာတောင် လက်ဖဝါးတွေက ချွေးတွေထွက်နေခဲ့တာ။
ဒါက
ဘယ်လိုအခြေအနေကြီးလဲ? အနည်းငယ် ထူးဆန်းပြီး အနည်းငယ်လည်း ကြောက်စရာ
ကောင်းနေတယ်။
သူမတွေးတောနေစဥ်မှာပဲ
တံခါးပွင့်လာပြီး အဒေါ်ရဲ့သားက အခန်းထဲကိုဝင်လာခဲ့တယ်။ ဆုဆုတစ်ယောက်တည်း
အခန်းထဲမှာ ရှိနေတာကိုတွေ့တော့ တံခါးကို နောက်ပြန်ပိတ်ပြီး ပြုံးရင်းပြောလာတယ်။
“မင်း
စာဖတ်နေတာလား.. ဘာစာအုပ်ဖတ်နေတာလဲ.. ငါလည်း အထက်တန်းကျောင်းသား တစ်ယောက်ဆိုတော့
စာအုပ်တွေအားလုံးကိုဖတ်ဖြစ်တယ်”
ဆုဆုကလည်း
သိပ်ပြီး ဂရုစိုက်မနေခဲ့ဘူး။ သူက ကောလိပ်တက်တုန်းက ယောက်ျားလေးအတန်းဖော်
တော်တော်များများနဲ့ အတူတူ စာသင်ခဲ့ဖူးတယ်လေ။ ဒါကြောင့် သူမရဲ့လက်ထဲမှ
စာအုပ်ကို ဝှေ့ယမ်းရင်းပြောလိုက်တယ်။
“အနီနှင့် အနက်”
“နာမည်ကြီးစာအုပ်ပဲ..
ငါ ဒီစာအုပ်ကို မဖတ်ဖူးဘူး .. အချိန်ကျရင် ငါ မင်း နဲ့ စာအုပ်ချင်း လဲပြီး
ဖတ်လို့ရမလား”
“အိုခေ ကျွန်မလည်း
စာအုပ်တွေ အများကြီးယူမလာခဲ့ဘူးဆိုတော့ အဆင်ပြေတာပေါ့”
ဒီဖက်ခေတ်မှာ
တီဗီနဲ့အင်တာနက်တွေမရှိတာကြောင့် ပျင်းစရာကောင်းလွန်းတယ်။ ဖတ်စရာစာအုပ်ရှိနေရင်
ဒါကိုအစားထိုးပြီး အပျင်းပြေဖတ်နေလို့ရတယ်။
“စကားမစပ်..
ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူး.. ငါ့နာမည်က ချောင်ကျင်းကော်”
“ဟယ်လို
ကျွန်မနာမည်ကဆုဆု .. ရှင် သိလောက်ပါတယ်”
ဒီနာမည်ကို
နားမလည်နိုင်လောက်အောင် ရင်းနှီးနေတာပဲ။
ဒါနဲ့
ချောင်ကျင်းကော်ဆိုတဲ့နာမည်က စာအုပ်ထဲမှာ ပါတဲ့ပုံရတယ်။ အဖေလင်း
ဆုံးပါးသွားပြီးနောက် သူက လင်းမိသားစုကိုယ်စားဆိုပြီး အမေလင်းဆီမှာ
မိသားစုပိုင်ဆိုင်မှုပစ္စည်းတွေကို တောင်းဆိုခဲ့တယ်။ သူက သူမရဲ့သားတွေက
သားသမီးဝတ္တရားကျေပွန်မှာမဟုတ်ဘဲ ဒုတိယအဒေါ်က ဆင်ဆင်းရဲရဲနဲ့အသက်ကြီးပြီးသေဆုံးသွားရလိမ့်မယ်လို့ပြောခဲ့တယ်။
ဒါကြောင့်
အမေလင်း အလွန် ဒေါသဖြစ်ခဲ့ရတယ်။
သူမ
ထိုအကြောင်းကို တွေးတောလိုက်မိတော့ ယခင်တုန်းက တစ်ဖက်လူကို နွေးထွေးစွာ
ကြိုဆိုခဲ့တဲ့ မျက်လုံးတွေက အေးစက်သွားရတယ်။ ဒါပေမယ့် တစ်ဖက်လူက ထိုအကြည့်ကို
ခံစားမိပုံမရဘဲ အရှေ့ကို ဆက်တိုးလာခဲ့လေတယ်။
ဒီအချိန်မှာ
ဆုဆုက တစ်ဖက်လူ အနည်းငယ်လွန်နေပြီဟု ခံစားလိုက်မိတယ်။ သူက သူမရဲ့ဘေးမှာတောင်
ကပ်ပြီးဝင်ထိုင်နေပြီ။
သူမ
မျက်မှောင်ကြုတ်ပြီး တစ်ဖက်ကို ရွှေ့လိုက်ပေမဲ့ သူက ထပ်ပြီး ပူးကပ်လာတုန်းပဲ။
“မင်းလည်း စာတွေ
အများကြီးဖတ်ဖူးလောက်မှာပဲ.. ငါက နာမည်ကြီး စာအုပ်တွေကိုပဲ အများဆုံး
ဖတ်ဖြစ်တာ.. မင်းဖတ်တဲ့စာအုပ်တွေနဲ့ ဘာတွေများ ကွာခြားနေလဲ နဲ့
ကြည့်,ကြည့်ရအောင်”
သူရဲ့
လှုပ်ရှားမှုတွေက သူမနဲ့ အချိန်အတော်ကြာအောင် သိနေပြီးသားလိုမျိုးပဲ။
ဒါက
ရင်းနှီးကျွမ်းဝင်လွန်းနေပြီမဟုတ်ဘူးလား?
သို့သော်လည်း
တစ်ဖက်လူက သူမရဲ့စာအုပ်ကို ကောက်ကိုင်ပြီး ဖတ်လိုက်ပြီးချိန်မှာ သူ့ရဲ့မျက်နှာက
ချက်ချင်းပဲ ရုပ်ဆိုးလာခဲ့တယ်။
ဆုဆုလည်း
ထိုအမူအယာကို မြင်တွေ့လိုက်ရတယ်။ သူက အင်္ဂလိပ်လိုရေးထားတာကို
နားမလည်တဲ့ပုံပဲ!
ဆုဆုက
မူလတန်းအရွယ်ကတည်းက အင်္ဂလိပ်စာသင်ကြားလာခဲ့တဲ့သူလေ။ ဒီတော့
အထက်တန်းကျောင်းသားတစ်ယောက်က မူရင်းစာအုပ်ကိုတွေ့ခဲ့ချိန်မှာ
ဒီလောက်ထိအံ့သြသွားလိမ့်မယ်လို့ မထင်ထားခဲ့တာကြောင့် နွေးထွေးတဲ့ အပြုံးနဲ့
မေးလိုက်တယ်:
“အမ် စာအုပ်က
မဆိုးဘူးမလား”
တစ်ဖက်လူ
ဘယ်လောက်ထိရှက်နေမလဲဆိုတာကို သူမ ဂရုမစိုက်ဘူး။
“ဟုတ်တယ်.. ဒါက
အတော်လေးကောင်းတာပဲ.. ဒါနဲ့ ငါ လုပ်စရာတစ်ခုရှိနေသေးလို့ အပြင်ကို
အရင်ထွက်လိုက်ဦးမယ်”
သူက
ပြောပြီးတာနဲ့ မတ်တတ်ထရပ်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ်။ သို့ပေမယ့်
ထိုမိန်းကလေးနှင့် ပတ်သက်ပြီး သူ့ရဲ့စိတ်ထဲမှာ ထင်မြင်ချက်အချို့ ရှိနေခဲ့ပြီ။
သူက
နိုင်ငံခြားဘာသာစကားကို နားမလည်ကြောင်း ရှင်းရှင်းလင်းလင်းသိနေတာတောင် သူမက သူမက
စာအုပ်လဲပြီးဖတ်ချင်တယ်လို့ပြောခဲ့တယ်။ သူမက ရည်ရွယ်ချက်ရှိရှိ သူ့ကို
သတ်ဖို့ ကြိုးစားနေတာ အသေအချာပဲ။
စာရေးဆရာမှာ
ပြောစရာရှိပါတယ်:
တကယ်တော့
ဆုရွှယ်ပါ့က အဲလိုမရည်ရွယ်ခဲ့ပါဘူး။