29-
နေရာထိုင်ခင်း စီစဉ်ခြင်း
ဒီနေ့ကျမှ
အိမ်ကိုရောက်လာခဲ့ကြတဲ့ ဧည့်သည်တွေအားလုံးက အမေလင်းရဲ့ အပျိုတုန်းက
မိသားစုဝင်တွေပဲ။ သူမက အဝေးမှာ အိမ်ထောင်ကျခဲ့ပြီး သူတို့နေတဲ့ နေရပ်မှာ
ရေကြီးလာခဲ့တာကြောင့် သူတို့တွေ အမေလင်းရဲ့ အပျိုတုန်းက အိမ်ဆီ ထွက်ပြေးခဲ့ကြတယ်။
ဒါပေမယ့် သူမအမေရဲ့မိသားစုရဲ့ရွာက အပြင်လူတွေကို နေထိုင်ဖို့
လက်မခံနိုင်ကြတာကြောင့် သူမက အဆင်းရဲဆုံးတောင်ပေါ်ရွာလေးဆီမှာ
အခြေချနေထိုင်ခဲ့ပြီး သူ့အမေရဲ့မိသားစုက ဒီကိုလာချင်တယ်ဆိုရင် တောင်ပေါ်ကို
ဆယ်မိုင်လောက် လမ်းလျှောက်ပြီးတက်လာခဲ့ရလိမ့်တယ်။
ဒီမှာ
လက်ထပ်ပွဲလို ပွဲကြီးရှိနေတာကြောင့် သူတို့တွေက ဧည့်သည်အနေနဲ့
ဒီကိုရောက်လာခဲ့ကြတာ။ ပထမအဒေါ်နှင့် အဒေါ်တို့က အမေလင်းနှင့် အတော်တူညီပြီး အလွန်
ကြင်နာတတ်ပုံရတယ်။ အဆုံးမှာ သူတို့တွေက ညီအစ်မတွေဖြစ်တာကြောင့်
သူတို့ရဲ့အသွင်အပြင်က ဆင်တူမှာပဲလေ။ တစ်ဖက်မှ နောက်ထပ်ဒေါ်ယွီကတော့
ပိုချမ်းသာပုံရပြီး သူမရဲ့မျက်လုံးတွေက ဇီဇာကြောင်ပုံအမူအယာတွေကိုဖော်ပြနေတယ်။
ပထမတော့
သူတို့တွေက သူမကို အသေးအဖွဲမေးခွန်းတချို့သာ မေးခဲ့ပြီး လေထုက
သိပ်ပြီးတင်းမာမနေခဲ့ဘူး။
ဒါပေမယ့်
ရုတ်တရက်ကြီး အဒေါ်ယွီက ဆုဆုကို အပေါ်အောက်အကဲခတ်သလိုကြည့်ရင်း မေးလာခဲ့တယ်။
“မြို့က
ကောင်မလေးတွေက ဆင်းရဲဒုက္ခတွေကို မခံစားခဲ့ရဘူး ထင်တာပဲ.. ဒါပေမယ့်
မြို့ပေါ်ကမိန်းကလေးတွေနဲ့ လက်ထပ်ချင်တဲ့လူတွေအများကြီးရှိနေမှာပဲ ဟုတ်တယ်မလား..
မင်း ဘာလို့ ဒီလိုဆင်းရဲတဲ့ရွာက လူနဲ့ လက်ထပ်ချင်ရတာလဲ?”
ထိုမေးခွန်းက
လူတိုင်းရဲ့စိတ်ထဲမှာ ရှိနေခဲ့တဲ့မေးခွန်းဖြစ်တဲ့ပုံပဲ။ အခုမှ အိမ်ထဲသို့ဝင်လာသော
လင်းချွမ်တောင်မှ ထိုမေးခွန်းရဲ့အဖြေကိုသိချင်နေခဲ့တယ်။
သို့သော်လည်း
အန်တီယွီ မေးလာခဲ့တဲ့ လေသံကတော့ မှားယွင်းနေခဲ့တယ်။ သူမက လင်းချွမ်ကို
အထင်အမြင်သေးတဲ့ပုံစံနဲ့မေးလာတာ။
နောက်ပြီး
ဒီမေးခွန်းက မှန်ကန်စွာဖြေနိုင်ဖို့ မလွယ်ကူပါပဲ ဆုဆုရဲ့ စိတ်ပိုင်းဆိုင်ရာ
ဉာဏ်ရည်ဉာဏ်သွေးကို စိန်ခေါ်နေပုံရတယ်။
သူမ ခပ်ဖွဖွ
ပြုံးလိုက်ပြီး ခေါင်းကို စောင်းကာ ပြောလိုက်တယ်။
“အခြားလူတွေကို
ကျွန်မ မသိဘူး.. နောက်ပြီး သူတို့တွေက ကျွန်မကို မကယ်ခဲ့ဘူး”
သူမရဲ့စကားတွေက
အလွန်ရိုးသားပုံရပြီး သူမရဲ့အမူအယာကလည်း အပြစ်ကင်းစင်နေခဲ့တယ်။
အဒေါ်ယွီရဲ့သားက
လင်းချွမ်ရဲ့ ပခုံးပေါ်သို့ အပြင်းအထန်တစ်ချက်ရိုက်လိုက်ပြီး ပုခုံးပေါ်ကို
လက်တင်လိုက်ပြီး ခပ်တိုးတိုးပြောလာတယ်။
“မင်း ဒီလောက်ထိ
ဆင်းရဲမွဲတေနေတာတောင် ဒီလိုကောင်းမွန်လွန်းတဲ့ချွေးမတစ်ယောက်ကို
ကယ်တင်နိုင်လိုက်တာ အရမ်းကံကောင်းတာပဲ.. ငါလည်း ဒီလိုမျိုး ကယ်တင်ချင်တယ်”
လင်းချွမ်က
သူ့ကို လျစ်လျူရှုထားပေမယ့် ဦးလေးရဲ့သားက ဝင်ပြောလာပြန်တယ်။
“ဒါဆို
မင်းအရင်ချွေးမက...”
လင်းချွမ်က
သူ့ရဲ့စကားတစ်ဝက်လောက်မှာ စိုက်ကြည့်လိုက်ပေမဲ့ တဖက်လူက ပြုံးပြီးဆက်ပြောလာတယ် ။
“ မင်းရဲ့
အရင်သတို့သမီးလောင်းကို မလိုချင်တော့ဘူးဆိုမှတော့ ဘာလို့ ငါနဲ့ မိတ်မဆက်ပေးရတာလဲ”
လင်းချွမ်
စကားမပြန်ပြောပါဘဲ ထိုဆွေမျိုးနှစ်ယောက်ကို ငှားထားတဲ့ စားပွဲနဲ့ ကုလားထိုင်ကို
ရွှေ့ဖို့ တိုက်ရိုက်ပဲခိုင်းလိုက်တယ်။ ဒီအချိန်မှာ လက်ထပ်ပွဲအတွက် စားပွဲဝိုင်း
လေး၊ ငါးခုံစာလောက်ထပ်လိုသေးတာကြောင့် သူတို့အနေနဲ့
ပန်းကန်ခွက်ယောက်တွေနဲ့ စားပွဲတွေကို ငှားရမ်းဖို့လိုအပ်တယ်။
အခန်းထဲမှာတော့
ဆုဆုရဲ့အဖြေကိုကြားပြီးနောက် အဒေါ်ယွီက ဘာမှပြန်မပြောတော့ဘူး။ သို့ပေမယ့်
သူမရဲ့မျက်နှာပေါ်မှာတော့ မနာလို မုန်းတီးစိတ်တွေနဲ့ ငြူစူမှုတွေကို
ဖော်ပြနေခဲ့တယ်။
သူမရဲ့သားဖြစ်သူ
အထက်တန်းကျောင်းပြီးတဲ့အချိန်မှာ နယ်မြို့လေးဆီမှ အုတ်ဖိုစက်ရုံမှာ
အလုပ်ဝင်ခွင့်ရခဲ့တယ်။ ဒါကြောင့်ပဲ သူက ချစ်သူရည်းစားတစ်ယောက်လိုချင်ပြီး
စာအုပ်နီ(လပ်ထပ်)လိုချင်ခဲ့သော်လည်း တစ်ဖက်လူတွေထံမှ
အထင်သေးနှိမ့်ချခံခဲ့ရတယ်။
သူမသားက
ယာယီအလုပ်သမားအဖြစ်သာ ဆက်ရှိနေခဲ့ပြီး ခုချိန်ထိ
အမြဲတမ်းဝန်ထမ်းမဖြစ်နိုင်ခဲ့တာကြောင့် သူက နည်းလမ်းမျိုးစုံနဲ့
ငြင်းပယ်ခံခဲ့ရတယ်။
ဒီကောင်မလေးရဲ့
အသွင်အပြင်က အလွန်လှပပြီး မျက်နှာသွင်ပြင်ကလည်း အပြစ်ပြောစရာတောင် မရှိဘူး။
အရေးကြီးတာက သူမရဲ့အသားအရည်ကအခွံခွာထားတဲ့ ကြက်ဥလိုမျိုး ဖြူဖွေးနူးညံ့နေတာပဲ။
ဒီလိုမိန်းကလေးမျိုးကို
အဲဒီနံစော်တဲ့ကောင်လေးဆီက ဈေးသက်သာစွာရရှိသွားတယ်။ ဒီ****ကောင်မလေးက ဘယ်က
ပိုကောင်းလဲတောင် သိပုံမရဘူး။
“စကားမစပ်
မင်းရဲ့မိသားစုမှာ လူတစ်ယောက်မှမရှိဘူးလို့ ငါကြားထားတယ်.. တစ်ယောက်ယောက်ကိုတော့
မင်းအတွက် ပစ္စည်းထိန်းသိမ်းပေးဖို့ ခေါ်ပေးရဦးမှာမလား.. ခန်းဝင်ပစ္စည်းဆိုတာက
အရမ်းထူးခြားတဲ့အရာပဲ.. မင်းကငယ်သေးတော့ ဘယ်လိုစီစဉ်ရမလဲဆိုတာ မသိလောက်ဘူး”
အန်တီယွီက
ထိုကိစ္စအပေါ် အလွန်စိုးရိမ်နေပုံရတဲ့ပုံစံနဲ့ မေးလာခဲ့ကာ တစ်ဖက်မှာရှိနေတဲ့
မိခင်လင်းကတော့ မျက်မှောင်ကြုတ်လိုက်မိတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ
ဆုဆုက သူမရဲ့ အပြင်ပန်းမှာ ထင်မြင်ရသလို အသက် ဆယ့်ခုနစ် ဒါမှမဟုတ်
ဆယ့်ရှစ်နှစ်ပဲရှိသေးတဲ့ ကောင်မလေးမဟုတ်ခဲ့ဘူး။ တကယ်တမ်းမှာ သူမက
အသက်နှစ်ဆယ်ကျော်နေခဲ့ပြီလေ။
” ကျွန်မမှာ
မိသားစုမရှိဘူးဆိုပေမယ့် ကောလိပ်ကနေ ဘွဲ့ရခဲ့ပြီးပြီ.. ဒီတော့ ဒါတွေအားလုံးကို
အဆင်ပြေပြေနဲ့ စီစဥ်နိုင်မှာပါ.. နောက်ပြီးလူတိုင်းက
အခုကစပြီး မိသားစုဝင်တွေဖြစ်တော့မှာဆိုတော့ အန်တီကို
အကူအညီတောင်းမယ်ဆိုရင်လည်း အဆင်ပြေပါတယ်”
ဆုဆုက
ထိုစကားကိုပြောပြီးနောက် အမေလင်းရဲ့လက်ကို ဆုတ်ကိုင်လိုက်တယ်။
“တကယ်လား..
မင်းက ကောလိပ်ကျောင်းသူလား.. တကယ်လို့ နောက်ကျရင် မင်း
မြို့ကိုပြန်ချင်ရင်တောင် စစ်တပ်က ထွက်ခွင့်ပေးမှာမဟုတ်ဘူး.. ငါပြောချင်တာက
မင်းရဲ့ယောက်ျားကို တတ်နိုင်သမျှမြန်မြန်လေ အလုပ်အကိုင်ပြောင်းခိုင်းရင်
ပိုကောင်းလိမ့်မယ်.. ဒါမှ မင်းတို့ တွေ အတူရှိနေနိုင်မှာ.. ငယ်ငယ်ရွယ်ရွယ်
လင်မယားနှစ်ယောက်က အချိန်အကြာကြီး ခွဲနေရတာ အဆင်မပြေဘူးလေ.. ဟုတ်တယ်မလား
ဒုတိယလေး”
အဒေါ်ယွီက
အပြုံးတစ်ခုနဲ့ပြောလာတယ်။ တကယ်တမ်းမှာတော့ သူမက သူတို့လက်ထပ်ပြီးပြီးချင်းပဲ
ကိစ္စ တစ်ခုခုဖြစ်လာစေချင်ခဲ့တာ။ အဲဒီအချိန်ကျရင် ဒုတိယလေးက ဒီမှာထိုင်ပြီး
အချီးကျူးခံနေရဦးမလားဆိုတာကို ကြည့်ရသေးတာပေါ့။
“ဒါက
ကိစ္စမရှိပါဘူး.. သူ သူ့ရဲ့စစ်တပ်မှာ အလုပ်လုပ်နေတာက အရေးကြီးကိစ္စပဲလေ”
ဆုဆုကတော့
ဒီအဒေါ်က မုန်လာဥနီစားတဲ့အပေါ်မှာ စိတ်ပူနေသလိုမျိုး
စိတ်ပူပြနေတယ်လို့တွေးလိုက်မိတယ်။ စာအုပ်ထဲမှာ ဒီအမျိုးသားအရံဇာတ်ကောင်ရဲ့
အခန်းကဏ္ဍက တော်တော်လေး တိုးတက်လာမှာလေ။ သူ့ကို
အလုပ်ပြောင်းခိုင်းရမှာတဲ့လား?
ငယ်ရွယ်တဲ့
စုံတွဲတွေ ခွဲခွာပြီးနေကြတာက မကောင်းပေမယ့် ဆက်ဆံရေးမှာ ပြသနာမရှိဘူးဆိုရင်
ဘာဖြစ်နိုင်မှာမို့လို့လဲ။ သူမက ဖောက်ပြန်ခံရတာကိုကြောက်နေတယ်လို့ ထင်နေတာလား။
အမေလင်းက
ခေါင်းညိတ်ပြလာကာ:
“ဒီမှာထိုင်နေလည်း
လုပ်စရာရှိတာမဟုတ်ဘူး.. အနောက်အိမ်ဆီပြန်လိုက်တော့လေ”
“ကောင်းပါပြီ”
“စောစောနားလိုက်.. မနက်ဖြန်ကျရင်
လူတွေ ပိုပြီးလာကြတော့မှာ”
“အမ်”
ဆုဆုက အမေလင်း
သူမ ညီအစ်မနှစ်ယောက်ကိုပါ စိတ်မသက်မသာဖြစ်အောင် မလုပ်ချင်တဲ့အကြောင်း
နားလည်လိုက်တာကြောင့် အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။ သူမ အိမ်ထဲက
ထွက်လာပြီးတဲ့နောက်မှာတော့ ပါးစပ်ထောင့်အနည်းငယ်တွန့်သွားရတယ်။ ဒီအဒေါ်က တကယ်ကို
ပြသနာရှာလွန်းတာပဲ။ သူမရဲ့ ခံစားချက်ကောင်းနေတဲ့ စိတ်တွေတောင် ပျက်စီးသွားရတယ်။
သူမ
အနောက်အိမ်ဆီပြန်ရောက်တော့ ဆုဆု သူမရဲ့ ကျောပိုးအိတ်ကြီးကို ခန်နားမှ
ဘီဒိုထဲကိုထည့်ထားခဲ့တယ်။ ထိုကျောပိုးအိတ်ကြီးက မှော်ဆန်လွန်းတယ်လို့
ခံစားခဲ့ရတာကြောင့် သူမ ဘာကိုမှ မထုတ်ယူခဲ့ဘူး။
တခြားလူတွေရှာတွေ့သွားရင်မကောင်းဘူးလေ။
ပြီးနောက် သူမ
ဝယ်ခဲ့တဲ့ မင်္ဂလာပစ္စည်းတွေအားလုံးကို စားပွဲပေါ်မှာတင်ထားလိုက်တယ်။ သူမ
မနက်ဖြန်မှာ လက်ထပ်ရတော့မယ်။ သူမခဏလောက်တွေးပြီး
ဒီဘက်ခေတ်ရဲ့ဆံပင်ပုံစံကိုလိုက်ပြီး ဘယ်နဲ့ညာနှစ်ဖက်ခွဲပြီး
ကျစ်ဆံမြီးကျစ်လိုက်တာကောင်းမယ်လို့တွေးလိုက်မိတယ်။
လင်းချွမ်
အိမ်ထဲကိုဝင်လာချိန်မှာ သူမက ကျစ်ဆံမြီးကျစ်နေတုန်းပဲ။
သူ့မျက်နှာက အနည်းဆိုးနေခဲ့တယ်။ ဆုဆုက သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်ကာ
ပြောစရာတစ်ခုခုရှိနေပုံရပေမဲ့ အဆုံးမှာတော့ ဘာမှပြောမလာခဲ့ပဲ နောက်ထပ်
တဲအိမ်တစ်ခုကိုပဲ သန့်ရှင်ရေးလုပ်ပြီး ခန်ကို မီးဖိုနေတာကို ကြည့်နေခဲ့တယ်။
ဆုဆုကဒီခေတ်ကာလရဲ့အတွေးအခေါ်တွေကို
သိပ်ပြီးမသိထားဘူး။ အမျိုးသားနဲ့ အမျိုးသမီး စေ့စပ်ထားပြီး လက်ထပ်ခါနီးမှာ
ခပ်ခွာခွာနေဖို့နေရမယ်ဆိုတာကိုတော့ ထားလိုက်တော့။
ဒီတော့
သူ့အနားကိုသွားပြီးမေးလိုက်တယ်။
“ရှင်ဘာလို့
ဒီအိမ်မှာ မီးဖိုနေရတာလဲ တစ်ယောက်ယောက်လာနေမလို့လား”
သူက သူမကို
မော့ကြည့်ပြီး အလေးအနက်ဖြစ်စွာနဲ့ ပြန်ဖြေလာတယ်။
“ကိုယ့်မှာ
နှစ်ကုန်အားလပ်ရက်က အကန့်အသတ်ရှိတယ်.. တခြားခင်ပွန်းသည်တွေလို တစ်နှစ်ပတ်လုံး
အတူနေပေးနိုင်မှာမဟုတ်ဘူး.. မင်း အန္တရာယ်ရှိတဲ့အချိန်မှာ ကာကွယ်ဖို့
..နောက်ပြီး မင်းဖျားတဲ့အချိန်မှာ ဂရုစိုက်ပေးဖို့.. ”
လင်းချွမ်ရဲ့လည်စေ့က
လှုပ်ရှားသွားခဲ့ပြီး ဆက်ပြောလာတယ်။
“ဒါပေမဲ့ ကိုယ်
မင်းအတွက် စစ်တပ်ထဲမှာနေဖို့ လျှောက်ထားနိုင်တယ် ကိုယ် ဒီတာဝန်ကို
အမြန်ဆုံးပြီးမှာပါ.. ကိုယ် ခေါင်းဆောင်ကို မင်းအတွက် အလုပ်ရှာပေးဖို့လည်း
အကူအညီတောင်းနိုင်တယ်.. အဲဒီအချိန်ကျရင် အားလပ်ရက်တွေမှာ အနည်းဆုံး
နေ့တစ်ဝက်လောက်တော့ ကိုယ်မင်းဆီကို ပြန်လာကြည့်လို့ရတယ်”
ဘာကြောင့်လဲဆိုတာ
မသိပေမဲ့ ဆုဆု သူ့ရဲ့လေသံထဲက အပြစ်မကင်းတဲ့ အသံမျိုးကို ခံစားမိတယ်။
“ရှင် ဘာပြောချင်နေတာလဲ?”
“ကိုယ့်ကို အမှန်အတိုင်းပြောပါ
.. အခုက.. မင်းနောင်တရဖို့ အရမ်းနောက်မကျသေးဘူး”
“အိုး.. ရှင်က
ကျွန်မကို ပြန်သွားစေချင်တာလား “
ဘောလုံးက
လင်းချွမ်ဘက်ကို ပြန်လည် တွန်းပို့ခံလိုက်ရကာ သူ ရှက်ရွံ့နေပုံရပြီး ခဏလောက်နေမှ
ပြောလာခဲ့တယ်။
“ကိုယ် မလိုချင်ဘူး”
ဆုဆု သူက
အနည်းငယ် ရယ်စရာကောင်းတယ်လို့ တွေးမိကာ :
“ ရှင်က
အန်တီပြောတာကို နားထောင်ပြီးရင် ကျွန်မဆီကို လာခဲ့တာလား.. ကျွန်မက
ထိန်းမထားနိုင်တဲ့လူနဲ့ တူနေလို့လား”
သူမ
သူ့ကိုစိုက်ကြည့်လိုက်တယ်။
လင်းချွမ်
သူမထံမှ အစိုက်ကြည့်ခံလိုက်ရပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို
မခွဲခြင်းနိုင်လောက်အောင် ဖြစ်နေခဲ့ရကာ သူ့ရဲ့ လည်စေ့ကလည်း လှုပ်ရှားသွားခဲ့တယ်။
“မဟုတ်ဘူး.. ကိုယ်
တခြားလူတွေကို မယုံတာ”