25: မနက်ဖန်မှ
ကုတ်ခြစ်ရမယ်
အဆုံးမှာတော့
လင်းချွမ်က ခေါင်းငုံ့ပြီး ပြုံးနေတာကို သူမ မြင်တွေ့လိုက်ရလေတယ်။ ပြောရရင်
သူပြုံးတာကို ဒါပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပဲ
“မဟုတ်တာ.. ကိုယ်က
မင်းကို လုံးဝ ရက်စက်ကြမ်းတမ်းလာလိမ့်မယ်လို့ မထင်မိဘူး”
“ကျွန်မက
ဒီလိုမျိုး ရက်စက်ကြမ်းတမ်းပြလိုက်မှာ”
ဆုဆုက
ချစ်စရာကောင်းတဲ့ အပြုအမူမျိုးဖြင့် ရက်စက်လွန်းတဲ့
လူသတ်သမားတစ်ယောက်လိုမျိုးပြုမူပြကာ သူမက တကယ့်ကို ရက်စက်ပြီးသန်မာကြောင်း
ပြသရန်အတွက် iron manပုံစံဟန်မျိုးတောင်
ပြုလုပ်ပြခဲ့သေးတယ်။
သို့သော်လည်း
လင်းချွမ်က သူ့ရဲ့မျက်နှာကို ဘေးတစ်ဖက်ဆီသို့ လှည့်ပြီးဖုံးကွယ်လိုက်လေတယ်။
“ကျွန်မကို
မရယ်နဲ့လေ.. မရယ်နဲ့ ကျွန်မပြမယ်”
သူမ လင်းချွမ်ရဲ့
အပြုံးကို မြင်ရဖို့အတွက် သူ့ရဲ့မျက်နှာဘက်သို့ အပြေးသွားလိုက်ပေမဲ့ ထိုအမျိုးသားက
ပြန်လည်ထိန်းချုပ်လိုက်ပြီ။
သူမ
ဒေါသထွက်ချင်လာတာကြောင့် သူ့ကို ကုတ်ခြစ်ဖို့လုပ်လိုက်တယ်။
သူမရဲ့လက်တွေက
လက်သည်းတွေနဲ့ကုတ်ခြစ်တော့မဲ့ဟန်မျိုး ပြောင်းလဲသွားသော်လည်း တစ်ဖက်လူကို
မကုတ်ခြစ်နိုင်လိုက်ပြန်ဘူး။
ရုတ်တရတ်
အနည်းငယ်တုန်ယင်နေဟန်ရတဲ့ မသဲမကွဲစကားသံတစ်ခုက ထွက်ပေါ်လာတယ်။
“မနက်ဖြန်ကျရင်
မင်းကိုကုတ်ခြစ်ခွင့်ပေးမယ်”
ဆုဆု
အံ့သြသွားရတယ်။ မနက်ဖြန်က သူတို့ မင်္ဂလာဆောင်ရမဲ့နေ့မဟုတ်ဘူးလား ဒီတော့
သူပြောချင်တာက...
အား မားရေ!
ဒီအမျိုးသားအရံဇာတ်ဆောင်က ဒီလောက်ထိ အရိုင်းဆန်နေလိမ့်မယ်လို့ သူမ မသိခဲ့ဘူး။ သူက
သူမကို သူ့ကို ကုတ်ခြစ်စေချင်တယ်ပေါ့လေ။
လက်ထပ်တဲ့နေ့မှာ
အမျိုးသမီးက တစ်ဖက်လူကို ဘယ်လိုအချိန်မျိုးမှာ ကုတ်ခြစ်လေ့ရှိလဲ?
ဆုဆု နေရာမှာတင်
ပေါက်ထွက်သွားတော့မလိုပဲ။
ထို့နောက်မှာတော့
လင်းချွမ်တစ်ယောက် အခြားပစ္စည်းတွေဝယ်ရန်အတွက် ထောက်ပံ့ရေးနှင့်
အရောင်းဆိုင်တွေဆီမှာ တန်းစီဖို့ထွက်သွားတာကိုကြည့်ရင်း ဆုဆုတစ်ယောက်
သူ့ကိုအမှန်တကယ်ကို ကုတ်ခြစ်ချင်စိတ်ဖြစ်သွားရတယ်။
သူမက
ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ? တကယ်တမ်းမှာ လင်းချွမ်က ဒီကိစ္စကို ထိုမျှလောက်အထိ
မစဉ်းစားခဲ့ဘူး။ သူဆိုလိုချင်တာ မနက်ဖြန်မှာ သူတို့တွေက
ဇနီးမောင်နှံတွေဖြစ်သွားပြီဖြစ်လို့ သူမ မည်မျှကုတ်ခြစ်ချင်တာပဲဖြစ်ဖြစ်
ပွင့်ပွင့်လင်းလင်း လုပ်နိုင်ပြီလို့ဆိုလိုတာပဲ။
ကံမကောင်းစွာနဲ့
အချစ်အက်ရှင်လှုပ်ရှားမှု ဇာတ်လမ်းတွေ မရေမတွက်နိုင်လောက်အောင်ဖတ်ဖူးတဲ့ ငါတို့ရဲ့
ရဲဘော်ဆုဆုကတော့ မှားယွင်းပြီးတွေးတောသွားခဲ့ပြီ။
ပြီးတော့
သူမကမျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေသေးတယ်။
အဆုံးမှာ သူမရဲ့
တခြားသောအတန်းဖော်တွေက သူတို့ကောလိပ်တက်နေစဥ်မှာကတည်းက အသားစတင်စားနေခဲ့ကြပြီလေ။
ဒါပေမယ့် သူမကတော့ နောက်ဆုံးစာမေးပွဲပြီးသွားလို့ ဘွဲ့ရပြီးသွားချိန်အထိ
တစ်ကိုယ်တည်းဖြစ်နေတုန်းပဲ။ တကယ်လို့ သူမ မလိုချင်ဘူးလို့ ပြောမယ်ဆိုရင် ဒါက
လိမ်ညာနေတာပဲဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူမစိတ်ဝင်စားတဲ့လူနဲ့ မတွေ့ခဲ့ဖူးဘူးလေ။ အခု
သူတို့တွေ တွေ့ခဲ့ရပြီဆိုမှတော့ တခြားအရာတွေကိုစိုးရိမ်နေစရာမရှိဘူးမလား။
သူမ
ဒါကိုတွေးမိတော့ ဒီလက်ထပ်ပွဲကို သူမ တကယ်ကြုံတွေ့ရတော့မှာပဲလို့ ခံစားမိတယ်။
ပထမဆုံးအနေနဲ့ အနည်းဆုံးတော့ သူမကိုယ်သူမ လှပအောင် ၀တ်ဆင်ရမယ်။ ကံကောင်းစွာနဲ့
သူမဆီမှာ အလှကုန်တွေ၊ အတွင်းခံဝတ်စုံတွေ ဒါမှမဟုတ် တခြားသော ပစ္စည်းအသစ်တွေ
ပါလာခဲ့တယ်။ ဒါပေမယ့် ထိုအမျိုးသားဘက်ဖက်က မေးခွန်းထုတ်လာမှာစိုးရိမ်ရတဲ့အတွက်
အရမ်းအဆင့်မြင့်တဲ့အရာတွေကိုတော့ ၀တ်ဆင်လို့မရလောက်ဘူး။
သူမရဲ့စိတ်တွေက
ရှုပ်ထွေးနေပြီး မကြာခင်မှာပဲ လင်းချွမ် ပြန်လာခဲ့တယ်။ သူက
မနက်ဖြန်ချက်ပြုတ်ချိန်မှာ သုံးဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို
အတူတူထည့်လိုက်တယ်။ သူက အားလုံးပြောင်းထည့်ပြီးသွားတဲ့နောက်မှာ ရုတ်တရက်
ပစ္စည်းတစ်ခုကို ထုတ်ပြီး ဆုဆုရဲ့လက်ထဲကို ထည့်ပေးလိုက်ပြီးနောက် မြည်းကို
ကြိုးဖြည်ကာ လှည်းပေါ်ကိုတက်လိုက်တယ်။
ဒီတစ်ခုက ..
နူးညံ့နေတယ်။
သူမ
ကြောင်အမ်းသွားပြီး အခုခေတ်ကာလအတွက် အလွန်ခေတ်ဆန်နေပုံရတဲ့ ဂျင်ဆင်းခရင်မ်အထုပ်ကို
ထုတ်ယူကြည့်လိုက်တယ်။
ဖြောင့်တန်းပြီးရိုးရှင်းတဲ့အမျိုးသားဖြစ်တဲ့
လင်းချွမ်က ဒီလိုအရာမျိုးဝယ်ယူလာခဲ့တာက ဆုဆုကို အမှန်တကယ် အံ့သြသွားစေတယ်။
သူနဲ့
ဇာတ်လိုက်မတို့ လက်ထပ်ပြီးချိန်မှာ နှစ်ရက်ကြာအောင်
အတူနေထိုင်ခဲ့ကြတယ်လို့ဆိုထားပေမဲ့ သူတို့နှစ်ယောက်ရဲ့ကြားမှာ ချိုမြိန်မှုတွေ
လုံးဝမရှိခဲ့ဖူးဘူး။ ဇာတ်လိုက်မပြောခဲ့သလိုပဲ သူက အလုပ်ကလွဲရင်
ဆေးလိပ်သောက်တတ်တာကလွဲလို့ ဘဝအကြောင်းကို ဘာတစ်ခုမှ စိတ်မဝင်စားခဲ့ဘူး။
ဒီတော့
ဒီလိုခရမ်ဝယ်ပေးတာမျိုးတွေလည်း မရှိခဲ့လောက်ဘူးလားလို့?
ဒါပေမယ့် သူမ
သိပ်ပြီးပျော်ရွှင်တာမျိုး မဖြစ်နိုင်ခဲ့ဘူး။ ဒါကို ဝယ်ဖို့အတွက် သူ့ရဲ့အမေက
ခိုင်းတာဖြစ်နိုင်တယ်။ ဒါကြောင့် သူမ မြည်းလှည်းပေါ်မှာ လင်းချွမ်ရဲ့နောက်ကျောကို
အသာထိပြီး ပြောလိုက်တယ်။
“ဒါ
ရှင့်အမေက ကျွန်မအတွက် ဝယ်ခိုင်းလိုက်တာလား”
“မဟုတ်ဘူး လေတွေက
ပြင်းထန်တယ်.. မင်းမျက်နှာကို မထိခိုက်မိစေနဲ့”
“အိုး ရှင်က
ကျွန်မ လှနေတာကို ကြိုက်တာလား”
လင်းချွမ်က
စကားမပြန်ပြောလာဘဲ သူမကိုသာ သူ့ရဲ့အနောက်သို့ ဆွဲခေါ်လိုက်လေတယ်။ သူ့ဆီမှာ
ကြမ်းတမ်းသော အသားအရည်နှင့် အရေပြားထူထဲမှုကိုပိုင်ဆိုင်ထားတာကြောင့်
ကြမ်းတမ်းတဲ့လေအေးတွေကို မကြောက်လန့်သော်လည်း သူ့အတွက် ချွေးမလေးရဲ့
မျက်နှာလေးကိုတော့ လေပြင်းဒဏ်ကို မခံရစေချင်ဘူး။ သူမသာ
လေပြင်းတွေတိုက်တာကိုခံရမယ်ဆိုရင် သူမရဲ့မျက်နှာလေး အခုလိုနူးညံ့တော့မှာ မဟုတ်ဘူး။
သူ့အနေနဲ့ ကောင်းကောင်းထိန်းသိမ်းထားပေးရမှာဖြစ်ပြီး သူမကို
နာကျင်ခံစားခွင့်မပေးနိုင်ဘူး။
ထိုအမျိုးသားက
တိတ်ဆိတ်နေပြီး စကားပြောမလာခဲ့ဘူး။
ဒါပေမယ့် သူမက
သူ့ရဲ့သဘောထားကိုတော့ နားလည်နိုင်တယ်။ ဆုဆု ထိုခရမ် အေးခဲသွားခြင်းကနေ
ကာကွယ်ဖို့အတွက် သူမရဲ့အိတ်ကပ်ထဲမှာ ထည့်ထားလိုက်တယ်။ အခုချိန်မှာ သူမ ဒါကို
မလိုအပ်သေးပေမယ့် အနာဂတ်မှာ သူမရဲ့အသာစအရည်တွေကိုထိန်းသိမ်းဖို့အတွက် ဒီအရာတွေကို
အားကိုးရလိမ့်မယ်။
ဒီအကြောင်းကိုပြောမှ
သူမ ကူးပြောင်းလာခဲ့စဥ်ကတည်းက သူမရဲ့ခန္ဓာကိုယ်က မူလတုန်းကနှင့်
တူနေသေးတယ်ဆိုပေမဲ့လည်း သိသိသာသာ ငယ်ရွယ်နေခဲတာကို သူမ တွေ့ထားခဲ့တယ်။ ဒါက
အရမ်းကောင်းတာပဲ။ သူမ ဘာမှ မလိမ်းထားရင်တောင် အသားအရည်ခြောက်သွေ့တာမျိုးတွေ
မရှိဘူး။
အသက်
နှစ်အနည်းငယ်လောက် ပိုပြီးငယ်သွားတာက တကယ်ကိုပျော်စရာကေုင်းတာပဲလေ။ ဒါကလည်း
ကောင်းကျိုးရလာတာပဲ ဟုတ်တယ်မလား။
သူက ဒီလို
နုပျိုလှပတဲ့ ချွေးမလေးကိုစျေးတန်တန်နဲ့ ကောက်ယူလိုက်မိတာပဲ။ သူမခေါင်းငုံ့ရင်း
ရုတ်တရက်ရယ်မောလိုက်မိတယ်။
“ဘာလို့ ရယ်တာလဲ?”
“ရှင်က
ရှင့်ရဲ့ချွေးမကို ဘာမှပေးစရာမလိုပဲ ကောက်ယူတဲ့အချိန်ကျတော့ အတော်လေးမြန်ဆန်တာပဲ..
ချင်ယွဲ့ယွဲ့နဲ့တုန်းကကျတော့ ရှင်ဘာလို့ ဒီလိုမျိုး မတက်ကြွတာလဲ”
တဖက်လူက
စကားမပြောဘဲ မြည်းကို သာကြာပွတ်နဲ့ ရိုက်လိုက်တယ်။
ဆုဆုတစ်ယောက်
မြည်းလှည်းလှုပ်ရမ်းသွားတဲ့အပေါ်မှာ လန့်ဖြန့်သွားပြီး
သူ့ရဲ့အင်္ကျီစကိုလှမ်းဆွဲလိုက်မိပေမဲ့ တုံ့ဆိုင်းစွာပြောလိုက်တုန်းပဲ။
“ရှင် ပြောလေ
ဘာလို့လဲ?”
လင်းချွမ်တစ်ယောက်
စကားပြောဖို့ ဖိအားပေးခံလိုက်ရတယ်။
“ကိုယ်... သူမက
ကိုယ့်ကို လက်မထပ်ချင်ဘူးဆိုတာသိတယ်”
“ကျွန်မ
သူ့အကြောင်းကို မမေးပါဘူး.. ရှင့်အကြောင်းကိုပဲ မေးနေတာ.. ရှင် သူမကို ကြိုက်လား?
ရှင်သူမကိုကြိုက်ရင် သူမဆီကိုပြန်ပေးလိုက်မယ် လက်ထပ်ပွဲက ပြီးမှ မပြီးသေးတာ”
ဒါကအမှန်ပဲ။
ဆုဆုအနေနဲ့ သူမ နေဖို့အတွက် နေရာတစ်ခု အမှန်တကယ်ပဲ လိုချင်ပြီး
ထိုအမျိုးသားအပေါ်မှာလည်း အထင်အမြင်ကောင်းတွေရှိနေတယ်ဆိုပေမဲ့ တစ်ဖက်လူက
တခြားတစ်ယောက်ကို သဘောကျနေတယ်ဆိုရင်တော့ သူမ ရှေ့ဆက်တိုးမှာမဟုတ်ဘူး။
“မင်းဘာတွေပြောနေတာလဲ
ကိုယ်က သူမအတွက် တာဝန်ရှိလို့ပဲ လက်ခံထားတာ ခံစားချက်မရှိဘူး”
လင်းချွမ်က
အမှန်အတိုင်းပြောခဲ့တာပဲ။ သူ့ဆီမှာ စိတ်ခံစားချက်နဲ့ပတ်သက်တဲ့
ရာဇဝင်မျိုးမရှိခဲ့ဖူးသော်လည်း အလွန်အမင်းလိမ္မာပါးနပ်သေးတယ်။
သူ့ရဲ့ချွေးမလေးက
စိတ်ဆိုးချင်နေတာပဲ။
ဒီကောင်မလေးက
ရွာထဲက အသိပညာမဲ့တဲ့မိန်းကလေးတွေလို မဟုတ်ဘူးဆိုတာ မင်းသိရမယ်။ သူမက ကောလိပ်မှာ
ပညာသင်ကြားခဲ့ပြီး အလွန်လိမ္မာပါးနပ်တဲ့သူပဲ။
သူမရဲ့
အားနည်းပြီး နူးညံ့ပုံရတဲ့ အသွင်အပြင်ကိုပဲမကြည့်နဲ့။ သူမက အလိမ္မာရှိစွာနဲ့
လမ်းပေါ်က စကားတွေကိုတောင် မှတ်တမ်းတင်ထားတန်တယ်ဆိုတာ သိထားရမယ်။
ဒီလိုမိန်းကလေးမျိုးက တွေ့ဖို့မလွယ်သလို လှည့်စားဖို့လည်း မလွယ်ကူဘူး။ သူ့အနေနဲ့
သူ့ကို ယုံကြည်စိတ်ချထားနိုင်စေဖို့အတွက် သူမကို ဂရုတစိုက် ချော့မော့ရုံသာ
တတ်နိုင်တော့တယ်။
ပြောရမယ်ဆိုရင်
လူတိုင်းက မမြင်နိုင်ခဲ့ကြတာပဲ။ တကယ်တမ်းမှာ ရိုးသားပြီးတုံးအပုံရတဲ့ လင်းချွမ်ကသာ
လိမ္မာပါးနပ်မှုအရှိဆုံးသူဖြစ်ကြောင်းကို လုံးဝမသိခဲ့ကြဘူး။
ဆုဆုသည်လည်း
မသိခဲ့ဘူး။ သူ ပြောတဲ့စကားကိုကြားတော့ သူမက ချက်ခြင်းဝမ်းသာသွားပြီး :
“ဒါဆို ရှင်
ကျွန်မကိုရောဘယ်လိုထင်လဲ? ရှင် ဘယ်လိုတွေးထားလဲ”
“…”
ဒါက နည်းနည်းတော့
ခက်ခဲတာပဲ။ သူက လိမ္မာပါးနပ်ရင်တောင် အခုချိန်မှာတော့ ဘာပြောရမလဲဆိုတာ
မသိတော့ဘူး။
ဒါ့အပြင်
ဒီခေတ်ကာလမှာ ဘယ်သူကမှ အချစ်နဲ့မြတ်နိုးမှုအကြောင်းတွေကို တချိန်လုံး
ပြောနေတတ်ကြတာမဟုတ်ဘူးလေ။
ဒါပေမယ့်
တွေးကြည့်လိုက်တော့ ထိုသို့ဖြစ်နေမယ်ဆိုရင်တောင် နည်းလမ်းမရှိဘူး။ ဘယ်သူကများ
သူတို့တွေကို တစ်ယောက်ကိုတစ်ယောက် အချိန်တိုတိုလေးပဲ သိကျွမ်းစေခဲ့လို့လဲ။
အဓိကအချက်ကတော့ အနာဂတ်မှာ မင်းသူ့ကို စနောက်ကျီစယ်စရာ ဘာမှမရှိတော့ဘူးဆိုရင် သူ့
ကိုယ့်ကို ချစ်မိသွားစေအောင်အောင် ဘယ်လိုလုပ်နိုင်မလဲ။
တကယ်လို့
မလုပ်မဖြစ်ရင် ထွက်သွားမှာလား။
ကောင်းပြီ။
ကွာရှင်းခြင်းဆိုတာက ခေတ်သစ်မှလူတွေအတွက် အလွန်အဖြစ်များသော်လည်း
အခုခေတ်မှလူတွေအတွက်ကတော့ မဖြစ်နိုင်ဘူး။
ထို့ကြောင့်
လင်းချွမ် လေးလေးနက်နက် စဉ်းစားပြီး:
“မင်းအတွက်
ကိုယ်တာဝန်ယူပါတယ်”
“အိုး”
ဆုဆုအနည်းငယ်
စိတ်ပျက်သွားရတယ်။ တာဝန်ယူတယ်ဆိုတာက အချစ်နှင့်မတူဘူးလေ။
သူမရဲ့အသံထဲမှ
စိတ်ပျက်သွားမှုကိုကြားလိုက်ရတော့ လင်းချွမ်ရဲ့ခန္ဓာကိုယ်ကို မသိစိတ်အရ
တင်းကြပ်သွားရတယ်။
“ ကိုယ်
မင်းကိုလက်ထပ်မယ်လို့ ကတိပေးလိုက်ကတည်းက... ကိုယ့်ရဲ့တစ်ဘဝလုံးစာက မင်းအပေါ်မှာ
တာဝန်ယူသွားမှာ”
သူရဲ့စကားက
အလွန်ထိမိသော်လည်း ဆုဆုကတော့ တိတ်ဆိတ်သွားခဲ့လေတယ်။
လင်းချွမ်
ခေါင်းကုတ်လိုက်မိတယ်။ သူ့ရဲ့အနာဂတ်ချွေးမကို ဘယ်နေရာမှာ
စော်ကားလိုက်မိတာလဲဆိုတာကို သူမသိနိုင်တော့ဘူး။