Ch 23
Viewers 11k

23: ထိုမိန်းကလေး

 

ဒီအချိန်ကျမှ ဆွေးနွေးတိုင်ပင်တာက ဘာများအသုံးဝင်မှာလဲ။ သူတို့က ပြောသင့်တာအားလုံးကို ပြောပြီးပြီ။ လင်းချူအန်းရဲ့ အပေးအယူအကြောင်းကိုကြားတာနဲ့ ဝမ်းသာအားရသဘောတူလိုက်တဲ့ ဘူးသီးခြောက်လိုပါးစပ်ကိုပဲ အပြစ်တင်ရမယ်။

 

သို့သော်လည်း သူက အလွန်အမင်းယောကျာ်းပီသတယ်လို့ သူမဘာလို့ထင်နေရပါလိမ့်။

 

သူမ ခရီးသွားတုန်းက ဦးနှောက်ကြီးပေါက်ကွဲထွက်ပြီး ကျန်နေရစ်တာများလား။

 

သို့သော်လည်း အမေလင်းသည်ကတော့ စိတ်လှုပ်ရှားလွန်းလို့ ကျောက်တိုင်တစ်ခုလိုမျိုး တောင့်တောင့်ကြီး ရပ်နေတဲ့ သားဖြစ်သူကို ကြည့်လိုက်ပြီးနောက် ခန်ပေါ်မှာ မျက်နှာကို လက်နဲ့ဖုံးကွယ်ပြီး ထိုင်နေတဲ့ချွေးမဖြစ်သူကို ကြည့်လိုက်ကာ သိပ်ပြီးမဆိုးလှဘူးလို့ ရုတ်တရက် ခံစားလာခဲ့ရပြီး သူမရဲ့ ပေါင်ကို ပုတ်ရင်းပြောလိုက်တယ်။

 

အိုကေ ဒါဆို အဲဒီအတိုင်းပဲဆက်လုပ်ကြတာပေါ့

 

အဖေလင်းကလည်း ခေါင်းညိတ်လိုက်ပြီး :

 

မင်းတို့က လက်ထပ်ပွဲမလုပ်ရသေးဘူးဆိုတော့ ဒီခန်ပေါ်မှာ မအိပ်နဲ့.. ငါတို့နဲ့ အရှေ့ဘက်အိမ်ကိုပြန်လိုက်ခဲ့.. ပြီးရင် မင်းက မနက်ဖြန် နယ်မြို့ဆီကို အဝတ်အစားသစ်ဝယ်ဖို့ ရဲဘော်ဆုနဲ့ လိုက်သွားရမယ်

 

ဟုတ်ကဲ့

 

လင်းချွမ်က ဒီတစ်ကြိမ်မှာတော့ စိတ်အားထက်သန်စွာ သဘောတူလာတယ်။ အရင်တုန်းက ချင်ယွဲ့ယွဲ့နဲ့တုန်းကတော့ သူအလွန်အမင်းမပျောရွှင်ဖြစ်နခဲ့တာလေ။

 

ဒါကမှ ဘဝပဲ။

 

အမေလင်းက ထပ်ပြီးအငြင်းအခုန်မလုပ်တော့ပဲ ဆုဆုကို အိမ်သို့ခေါ်ခဲ့လိုက်တယ်။ ပြီးနောက်မှာတော့ သူမရဲ့သားဖြစ်သူက တွေးတောစဥ်းစားပေးတတ်လွန်းကြောင်း ပိုပိုပြီး သိလာခဲ့ကြရတယ်။ ပုံမှန်ဆိုရင် သူက အရှေ့မှလမ်းလျှောက်တတ်ပြီး ဓာတ်မီးအသုံးပြုကာ ခြေလှမ်းကျဲကျဲဖြင့်သွားနေကျပဲ။ သို့ပေမယ့် အခုချိန်မှာတော့ သူက အနောက်ဘက်ကနေလိုက်ပြီး လမ်းတစ်လျှောက်လုံး မီးထိုးပေးလာခဲ့တယ်။

 

“...”

 

သူက သူမရဲ့သားအရင်းသာ မဟုတ်ဘူးဆိုရင် သူ့ကို တကယ်ရိုက်ပစ်ချင်မိလိမ့်မယ်။

 

အမေလင်းက ခင်ပွန်းသည်ကို အသာတို့ကာ တီးတိုးပြောလိုက်တယ်။

 

ဒါက သဘောတူရမယ်

 

မင်းရဲ့သားက ခက်ခဲလွန်းတယ်

 

ဒါ ရှင့်ရဲ့သားလည်း မဟုတ်လို့လား

 

အသက်ရှူကျပ်စေတာပဲ

 

ဒါပေမယ့် ဆုဆုက ယွဲ့ယွဲ့ထက်အများကြီး ပိုပြီးကောင်းမွန်လွန်းတယ်.. သူက ကောလိပ်ကနေလည်း ဘွဲ့ရပြီးသားပဲ.. တကယ်လို့ လက်ထပ်ပြီးသွားပြီဆိုရင်တောင် ကျွန်မစိတ်ပူတာက...

 

သားသမီးတွေ မြေးမြစ်တွေမှာ သူတို့ရဲ့ကိုယ်ပိုင်ကောင်းချီးတွေရှိကြတယ်.. သူတို့တွေ ခန်ပေါ်ကို တက်ပြီးသွားရင် အချိန်ကောင်းတွေရရှိလာကြမှာပါ

 

အမေလင်းကလည်း ထိုသို့တွေးမိခဲ့တယ်။ နောက်တို့ သူတို့တွေ တိတ်ဆိတ်စွာနဲ့ ခန်ပေါ်ကိုတက်ပြီး လှဲလျောင်းလိုက်ကြတယ်။

 

ထိုအခိုက်မှာပဲ သူတို့ရဲ့သားဖြစ်သူက ဆုဆုနဲ့ စကားပြောဖို့အတွက် သူဘက်ကအရင် အစပြုပြီးသွားခဲ့တာကို သူတို့ကြားသိလိုက်ကြတယ်။ ဒါဟာ သမိုင်းမှာ ပထမဆုံး အကြိမ်ပဲ။ သူက ချင်ယွဲ့ယွဲ့နဲ့တုန်းကဆို လမ်းလျှောက်တဲ့အချိန်မှာတောင် ခြေလှမ်း ဆယ်လှမ်းနီးပါးလောက် အကွာအဝေးခြားထားတတ်တဲ့လူလေ။

 

ဇနီးမောင်နှံနှစ်ယောက်သား သားဖြစ်သူပြောတဲ့စကားကိုကြားရဖို့အတွက် တိတ်ဆိတ်နေခဲ့ကြသော်လည်း သူတို့ရဲ့အသံတွေက ကြားရဖို့အတွက် အလွန်တရာမှ တိုးလွန်းနေခဲ့တယ်။

 

အိမ်ထဲမှာတော့ လင်းချွမ်က သူ့ရဲ့အခြေအနေကို အရင် အစီရင်ခံခဲ့ပြီး သူမကို ပြန်မေးလာခဲ့တယ်။

 

မင်းက မိဘမဲ့တစ်ယောက်ဆိုတာ ကိုယ်သိပါတယ်.. ဒါပေမယ့် မင်းမှာ ဒီလိုအိမ်ထောင်တစ်ခုတည်ဆောက်မဲ့အကြောင်းကို အကြောင်းကြားပေးရမဲ့ လူတစ်ယောက်ယောက်ရှိသေးလား.. မနက်ဖြန် မြို့ကိုသွားတဲ့အခါ ဖုန်းခေါ်တာ ဒါမှမဟုတ် စာရေးပတာမျိုး လုပ်လို့ရတာပေါ့

 

ဒီအကြောင်းကို ပြောတော့ ဆုဆုက ခဏလောက် နှုတ်ဆိတ်သွားခဲ့ပြီး သူမရဲ့ မျက်နှာပေါ်က အမူအရာကလည်း အနည်းငယ် ဝမ်းနည်းနေပုံ ပေါ်လာခဲ့တယ်။

 

ကိုယ်တောင်းပန်ပါတယ်..ကိုယ် မဟုတ်...

 

မင်းရဲ့ဝမ်းနည်းမှုတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။

 

သို့ပေမယ့် ဆုဆုက ခေါင်းကိုပြန်မော့ပြီး ပြုံးကာပြောလာခဲ့တယ်။

 

ကျွန်မမှာ ဆွေမျိုးတွေလည်းမရှိဘူး

 

ဒီလောကထဲရောက်လာပြီးတဲ့နောက်မှာ သူမ သိတဲ့လူဆိုလို့ လင်းမိသားစုထဲက လူတွေပဲရှိတော့တယ်။ ဒါက သူမက ချက်ချင်းလက်ထပ်ဖို့အတွက်ကို အလျင်စလိုဆုံးဖြတ်ချက်ချခဲ့တဲ့အကြောင်းပြချက်တွေထဲက အရေးပါဆုံးသောတစ်ခုပဲ။

 

အလျင်စလို စကားပြောဆိုခဲ့ခြင်းကိုပါပေါင်းထည့်လိုက်တော့ လက်ထပ်ပွဲက မတော်တဆတွေကြောင့် ဖြစ်လာခဲ့ရတယ်။

 

ထို့အပြင် လင်းချွမ်က အလွန်တာဝန်ယူတတ်သူဖြစ်ပြီးပြီး သူမသည်လည်း သူ့အပေါ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တာကြောင့် စောစောလက်ထပ်ပြီး ချစ်မိသွားစေရန် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ တကယ်တမ်း မကောင်းတဲ့အရာကလည်း ရှိနေခဲ့တယ်။ ဒီဘက်ခေတ်မှာ ယောက်ျားတွေကို ကိုယ့်ဘက်ကနေအစပျိုးလိုက်တာမျိုးက အရမ်းရှက်စရာကောင်းနေတုန်းပဲလေ။

 

အခုအချိန်ကစပြီး ကိုယ်တို့က မင်းရဲ့ ဆွေမျိုးတွေဖြစ်လာလိမ့်မယ်

 

လင်းချွမ် အခိုင်အမာ ပြောလာခဲ့တယ်။

 

ဟမ်? ရှင်က ကျွန်မရဲ့အစ်ကို ဖြစ်ချင်နေတာလား

 

ဘယ်သူက ရှင့်ရဲ့ ဆွေမျိုးဖြစ်ချင်နေလို့လဲ ဒီသစ်သားတုံးကြီးကတော့!

 

အဲဒါကိုတော့ မလုပ်နိုင်ဘူး

 

တကယ်တမ်းမှာ သူက သူမရဲ့အစ်ကို မဖြစ်ချင်ပါဘဲ သူမကို ဘယ်လိုမျိုးအနိုင်ကျင့်ရမလဲဆိုတာကိုသာ ပိုပြီးတွေးနေမိတာလေ။ ဟုတ်တာပေါ့။ သူ အခုတော့ မလုပ်နိုင်သေးဘူး။ သူ အမှားတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ချင်ခဲ့တယ်။

 

သူ့အတွက် အနည်းငယ် နားမလည်နိုင်တာက ဒီမိန်းကလေးက ဘာလို့ အရမ်းချစ်စရာကောင်းနေရတာလဲ။ အထူးသဖြင့် သူမက ဗဟုသုတနဲ့ စိတ်ကူးတွေလည်း ကောင်းမွန်သေးတယ်။ သူမကို ပိုပြီးမြင်တွေ့လာရလေလေ သူပိုပြီးကြိုက်လာလေလေပဲ။

 

ဒါဆို ရှင် ကျွန်မအကြောင်းကို ဘယ်လိုတွေးလဲ

 

လင်းချွမ် ပြာယာခတ်သွားတာကိုမြင်တော့ ဆုဆု ပိုပြီး ရဲရင့်လာခဲ့ကာ ခန် ပေါ်မှာ ဒူးထောက်လိုက်ပြီး မေးလိုက်တယ်။

 

သို့သော်လည်း သူမရဲ့ပခုံးတစ်ဖက်က အဖိထားခံလိုက်ရကာ လင်းချွမ်က ပြောလာခဲ့တယ်။

 

ခဏစောင့်ဦး.. အဟွတ်... ကိုယ်တို့ လက်မထပ်ရသေးဘူးလေ ဒီနေ့ ဒီလောက်ပဲပေါ့

 

သူ စိတ်လှုပ်ရှားနေတာလား။

 

လင်းချွမ် ကျွန်မတို့က အခုလက်ထပ်ကြတော့မှာလေ ဒီတော့ ဒါက ဘယ်လောက်ထိ နီးကပ်နေလို့လဲ

 

ကောင်းပြီ

 

ကောင်းပြီဟုတ်လား? သူမ အမြဲတမ်း အမှားလုပ်မိထားသလို ခံစားနေရတယ်။

 

ဆုဆု တွေးရင်းနဲ့ သူမရဲ့အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်တယ်။ သူမအနေနဲ့ စိတ်လှုပ်ရှားနေခဲ့ရတာကြောင့် အနည်းငယ်ပူလာကာ အပူဒဏ်ကိုသက်သာချင်ခဲ့တာ။

 

ဒီနေ့မှာ သူမက ကိုယ်ကျပ်ဆွယ်တာနဲ့ ခေတ်မီတဲ့ ဘရာစီယာကို ၀တ်ထားတာကြောင့် အရမ်းကို ပေါ်လွင်နေခဲ့တယ်။ စစ်စခန်းမှာ နှစ်အတော်ကြာနေခဲ့တဲ့ လင်းချွမ်ရဲ့ သူငယ်အိမ်တွေက နက်မှောင်သွားခဲ့ရပြီး ထိတ်လန့်စွာနဲ့ ပြောလိုက်တယ်။

 

သဘက်ခါမှ တွေ့မယ်

 

သူက ပြောပြီးသွားတာနဲ့ လှည့်ပြီး အမြန်ထွက်ပြေးသွားတယ်။

 

သို့ပေမယ့် သူအပြင်ဘက်သို့ထွက်တဲ့အချိန်မှာ တံခါးဘောင်ကို ထပ်ပြီးတိုက်မိသွားပုံရတယ်။

 

လင်းမိသားစုတစ်ခုလုံးက ထိုပေါက်ကွဲသံကို ကြားလိုက်ကြရပေမယ့် သူကတော့ သာမာန်လူတစ်ယောက်လို အမြန်ပြေးသွားခဲ့တုန်းပဲ။

 

သဘက်ခါ ဘာကို တွေ့ရမှာလဲ။

 

ဒီလူက သူ့ရဲ့စိတ်ထဲက အရာကို မတော်တဆထုတ်ဖော်ပြောလိုက်မိတာလား? သူက သူမရဲ့ .... အတွင်းဘက်ကို ကြည့်ချင်တာ? ဒီတော့ ဒါကို တွေ့ရဖို့အတွက် မင်္ဂလာဆောင်မယ့်ရက်ကို စောင့်မျှော်နေမယ်လို့ဆိုလိုတာလား?

 

ဆုဆု သူမရဲ့ကိုယ်ကို အသာစစ်ကြည့်လိုက်ပြီး အတော်လေးကောင်းကြောင်းတွေးလိုက်တယ်။ ပြီးနောက် လင်းချွမ်ရဲ့အသွင်အပြင်ကို တွေးကြည့်လိုက်ပြန်တယ်။ ပြီးနောက် မတတ်နိုင်တော့ဘဲ ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်တယ်။ သူက လေးနက်လွန်းကြောင်းသိသာလှပေမဲ့ သူ့ကိုကြည့်ရတာ ရိုးသားဖြူစင်လွန်းတဲ့ကလေးကြီးလိုပဲ။ ဒီလို ရိုးသားပြီးချစ်စရာကောင်းတဲ့အမျိုးသားမျိုးကို ခေတ်သစ်မှာ ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။

 

ဖြစ်နိုင်တာက သူမ ဒီခေတ်ကိုရောက်လာတာက သူကိုပျော်ရွှင်စေဖို့အတွက်လိုမျိုးပဲ။ ထိုအကြောင်းကိုတွေးရင်း သူမ ဆေးကြောပြီးအိပ်ယာဝင်ဖို့လုပ်တယ်။ မနက်ဖန်ကျရင် လုပ်စရာတွေအတော်များတယ်လေ။

 

လင်းချွမ်ကတော့ မအိပ်နိုင်လေဘူး။ သူ့ကိုယ်သူ အရာအားလုံးက အချိတ်အဆက်မမိနိုင်သလိုဖြစ်နေခဲ့တယ်။ ဘေးမှာရှိနေတဲ့ လင်းဟိုင်က သိချင်စွာမေးလာတယ်။

 

အစ်ကိုကြီး မင်း ပြန်ရောက်လာပြီးကတည်းက တစ်ခုခုပြောင်းလဲသွားသလိုပဲ.. မင်းနဲ့ ရဲဘော်ဆုဆုတို့ အသံတိုးတိုးနဲ့စကားပြောနေတာကိုလည်း ကျွန်တော်ကြား....

 

မင်းက ဘာတွေကိုနားထောင်နေတာလဲ.

 

အနာဂတ်မှာ သူမကို လေးလေးစားစားဆက်ဆံ.. အခု အိပ်တော့

 

အိုး

 

လင်းဟိုင်ကယောက် အကြောင်းပြချက်တိတိကျကျမရှိဘဲ အတင်းအကြပ် အိပ်စက်ဖို့ ဖိအားပေးခံလိုက်ရပေမဲ့ သူ့ဘေးနားရှိ အကိုဖြစ်သူက နောက်နေ့မနက် အစောကြီး သူအိပ်ရာက နိုးလာသည်အထိ မအိပ်သေးကြောင်းကို ခံစားခဲ့ရတယ်။ ထို့နောက် သူက ထင်းခုတ်ပြီး ရေသယ်ကာ ပြီးတာနဲ့ အိမ်ထဲသို့ဝင်ပြီး သူ့ကိုယ်သူ ဖီးလိမ်းပြင်ဆင်တာတွေ လုပ်ပြန်တယ်။ သူက မုတ်ဆိတ်မွေးကိုတောင် ကတ်ကြေးနဲ့ဖြတ်တောက်ခဲ့သေးတယ်။

 

တကယ်ကို ထူးဆန်းနေသလိုပဲ။ ရဲဘော်ဆုကလည်း ထူးဆန်းနေခဲ့တယ်။ သူမက ခါတိုင်းထက် ပိုပြီးရှက်နေပုံရတယ်။ သို့သော်လည်း သူ့အမေကတော့ သူမကို ကြင်နာလွန်းနေခဲ့ကာ ထမင်းစားပြီးနောက် ပြောလာခဲ့တယ်။

 

ဆုဆု ငါ ချွမ်ဇီကို မင်းအတွက် အဝတ်အသစ်ဝယ်ဖို့ မြို့ကိုခေါ်သွားခိုင်းမယ်.. အရမ်းနောက်ကျသွားရင် အဆင်သင့်ချုပ်ပြီးသားပဲဝယ်ခဲ့ကြလေ.. မင်းနဲ့မတော်ဘူးဆိုရင် မင်းအတွက်​ပြန်ပြင်ပေးလို့ရတယ်

 

မဝယ်တော့ဘူးလေ.. ကျွန်မမှာ အဝတ်အစားတွေ ရှိသေးတယ်.. အကုန်လုံးက အသစ်ပဲ

 

မင်းလက်ထပ်တဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး မင်းအတွက် အဝတ်အစားမဝယ်ဘဲ နေရမှာလဲ? ချွမ်ဇီ သွားပြီးတော့ အိမ်ထောင်ဖက်လက်ဆောင်ကို ပြန်တောင်းခဲ့လိုက်

 

အမေလင်း ပြောပြီးသည်နှင့် လင်းချွမ်က လှည့်ထွက်သွားခဲ့တယ်။ ခဏလောက်ကြာတော့ သူပြန်လာခဲ့ပြီး အိတ်ကပ်ထဲက ယွမ် 80 ကို ထုတ်ယူလိုက်တယ်။

 

သူမက ယွမ် 20 ကုန်သွားပြီလို့ ပြောတယ်

 

နှစ်ရက်အတွင်း ယွမ်နှစ်ဆယ် ကုန်သွားပြီတဲ့လား.. ဒီကောင်မလေးက စကားကိုဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ.. ဘာလို့... သူမက ဘယ်လိုနေထိုင်ရမလဲဆိုတာကိုတောင် သိပုံမရဘူး

 

ဒီယွမ်နှစ်ဆယ်က လယ်သမားအတွက်တော့ နည်းတဲ့ပမာဏမဟုတ်ဘူး။ ပမာဏအနည်းငယ်ဖြင့်သာ ဂရုတစိုက်နေထိုင်မယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး သုံးနိုင်တယ်။ သို့ပေမယ့် ချင်ယွဲ့ယွဲ့ကတော့ရက်ပိုင်းအတွင်း အသုံးပြုလိုက်လေတယ်။

 

လင်းချွမ်လည်း ပြောစရာမဲ့နေခဲ့တယ်။

 

ထိုမိန်းကလေးက သူမရဲ့ မင်္ဂလာပွဲအတွက်ပန်းတွေကို ပြင်ဆင်ခဲ့လို့ ကုန်သွားတယ်လို့ပြောခဲ့တယ်လေ။ သူမက သူ့ကိုအရူးလို့ထင်နေတာများလား။ သူမ လက်မထပ်ချင်တာ အသိသာကြီးကို မင်္ဂလာပွဲအတွက် ပြင်ဆင်ရမယ့်အရာတွေကို လုပ်ခဲ့မှာတဲ့လား။

 

ဘယ်သူကမှ ယုံကြည်မှာမဟုတ်ဘူး ။ သူမက သူမ ဘယ်လိုသုံးခဲ့လဲဆိုတဲ့အကြောင်းကို မပြောချင်ရုံပဲဆိုတာ လူတိုင်းသိနေတာပဲလေ။ ဒါကြောင့် လင်းချွမ် အိမ်ကိုပြန်ရောက်ပြီးနောက် နောက်ထပ် ယွမ်ငါးဆယ်ကို ထပ်ထုတ်လိုက်ပြီး စားပွဲပေါ် တိတ်တိတ်လေး တင်ထားလိုက်တယ်။

 

အမေလင်းက သူ ဘာကိုဆိုလိုတာလဲဆိုတာကို နားမလည်ဘူး။ သူဘာလို့ ပိုက်ဆံထပ်ထည့်တာလဲ။

 

နယ်မြို့ကိုရောက်ရင် ကိုယ်မင်းအတွက်နာရီဝယ်ပေးမယ်

 

လင်းချွမ်က ဒီစကားကိုပြောချိန်မှာ သူမဘက်ကို မကြည့်ရဲခဲ့ဘူး။

 

ကျွန်မမှာ နာရီတစ်လုံးရှိတယ်

 

ဆုဆုက သူမရဲ့လက်ကောက်ဝတ်ကို မြှောက်ပြလိုက်တယ်။ သူမက တောက်ပတဲ့နာရီတစ်ခုကိုပတ်ထားခဲ့ပြီး နာရီရဲ့အတွင်းဘက်မှာ စိန်စီထားတဲ့ ကွင်းလေးတစ်ခုပါဝင်ကာ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခုဖြစ်မှန်း သိသာနေခဲ့တယ်။

 

ယိုး.. ဒါက အရမ်းလှတဲ့ နာရီပဲ

 

ဒါက အတန်းဖော်ဆီက မွေးနေ့လက်ဆောင်ရခဲ့တာလေ

 

အိုး ယောက်ျားလား မိန်းမလား?

 

အမေလင်းက သားဖြစ်သူအတွက်ဝင်မေးလိုက်တယ်။

 

**