20: နင်တို့က
မျောက်တွေမဟုတ်ဘူးလား
လင်းမိဘတွေရဲ့
စိတ်ထဲမှာ နည်းနည်းလောက် အဆင်မပြေဖြစ်နေကြရုံပဲ။ အနာဂတ်မှာ သူတို့သားရဲ့ဂုဏ်သတင်းက
ပျက်သုဉ်းသွားတဲ့အတွက် နောက်ထပ်လက်တွဲဖော်ကို မရှာနိုင်တော့မှာကို သူတို့
စိုးရိမ်နေခဲ့တယ်။
ဆုဆုက
ဇာတ်လိုက်မရဲ့ မျက်မှောင်ကြုတ်နေပေမဲ့ မျက်ဝန်းထဲမှာ
ပျော်ရွှင်မြူးတူးတဲ့အရိပ်အယောင်တွေရှိနေတဲ့ပုံကို ကြည့်နေခဲ့တယ်။ သူတို့တွေက
ဒါကို တမင် ရည်ရွယ်ပြီးလုပ်ခဲ့ကြတာမလား။
လက်ထပ်ပွဲကို
အလွယ်တကူနဲ့ ဖျက်သိမ်းပြီးရင် သူမက လုပ်စရာရှိတာကို လုပ်နိုင်ပြီဖြစ်ပေမဲ့
လင်းမိသားစုအတွက်ကတော့ ဘယ်အရာကမှ ကောင်းမလာနိုင်တော့ဘူး။
ထိုအချိန်မှာပဲ
ချင်ယွဲ့ယွဲ့က မျက်ရည်တွေဝဲပြီးပြောလာပြန်တယ်။
“ဒါပေမယ့်..ပြောရရင်
ရှင်တို့မိသားစုနဲ့ စီစဥ်ထားတဲ့ ကျွန်မရဲ့ စေ့စပ်ပွဲက အချိန်တွေ
အရမ်းကြာမြင့်နေခဲ့ပြီလေ.. နောက်ပြီး အစ်ကိုချွမ်ဇီနဲ့အတူရှိဖို့အတွက်
ကျွန်မရဲ့မိသားစုက ဒီကိုပို့ထားခဲ့တာဆိုတော့ ကျွန်မဆီမှာ စေ့စပ်ခဲ့တုန်းက
လက်ဆောင်ပိုက်ဆံကို ပြန်ပေးစရာမရှိတော့ဘူး..
ကျွန်မရဲ့မိသားစုက
မိန်းကလေးတွေကို ညီညီမျှမျှဆက်ဆံတာမဟုတ်ဘူး.. နောက်ပြီး ဒါက ကျွန်မရဲ့
အမှားမဟုတ်ပေမဲ့ .. နှစ်သစ်ကူးပြီးသွားရင် ကျွန်မက ကောလိပ်တက်ရတော့မှာကို..
တကယ်လို့ ကျွန်မရဲ့ ဂုဏ်သတင်းကမကောင်းဘူးဆိုရင် ကျွန်မ ကောလိပ်မှာ
ဘယ်လိုများနေနိုင်မှာလဲ”
ပြီးနောက် သူမက
မျက်ရည်တွေပါ ကျလာခဲ့တယ်။
လင်းချွမ်က
တာဝန်သိတတ်သူတစ်ဦးဖြစ်တာကြောင့် စဥ်းစားပြီးပြောလိုက်တယ်။
“စိတ်မပူပါနဲ့..
နောက်ကျရင် ငါ့ကို မင်းရဲ့အစ်ကိုလို့ ပြောလို့ရတယ်.. လက်ဆောင်ပိုက်ဆံကိုလည်း ငါ
ပြန်မလိုချင်ဘူး.. နောက်ကို မင်း လိုအပ်လာတာရှိရင် ငါ့ဆီမှာ
အကူအညီတောင်းလို့ရတယ်.. ငါ မင်းကိုကူညီဖို့ အစွမ်းကုန်ကြိုးစားပေးမယ်”
ဒါက သူမ
လိုချင်နေတဲ့အရာပဲ။ လင်းချွမ်က တာဝန်သိစိတ်အပြည့်ရှိသူတစ်ဦးဖြစ်ကြောင်းကို
ချင်ယွဲ့ယွဲ့သိထားတယ်။ သူက ဒီလိုပြောလိုက်ပြီဆိုတော့ သူမရဲ့ ကျူရှင်ခ နဲ့
အထွေထွေကုန်ကျစရိတ်ငွေတွေ အပါအဝင် အနာဂတ်မှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့လာပါစေ
သူကူညီပေးလာလိမ့်မယ်။
သူမ
ဒီလိုမျိုးလုပ်မှဖြစ်လိမ့်မယ်။ သူမရဲ့ မိသားစုက သူမအတွက် အသုံးစရိတ်မရှိတဲ့အတွက်
သူမက ဝင်ငွေမရှိတဲ့သူဖြစ်နေခဲ့တာလေ။ လင်းချွမ်ကသာ သူမကို လစဉ်
ပိုက်ဆံလွှဲပေးနေမယ်ဆိုရင် အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။
“ဒါဆို
ကျေးဇူးတင်ပါတယ် အစ်ကို ချွမ်ဇီ.. ကျွန်မက အခုကစပြီး အစ်ကို့ရဲ့ညီမပဲဖြစ်တော့မယ်”
ချင်ယွဲ့ယွဲ့က
သူမရဲ့အမူအရာတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ယ်ဆိုပေမဲ့လည်း ထိုအမူအယာထဲမှာ
ပျော်ရွှင်မှုအနည်းငယ်ကိုတော့ မြင်တွေ့နိုင်နေသေးတယ်။
ဒါက သူမရဲ့
တကယ့်ရည်ရွယ်ချက်ပဲ။ သူက သူမ အချိန်မရွေးပိုက်ဆံ လိုချင်သလောက်တောင်းလို့ရတဲ့
အစ်ကိုတစ်ယောက်လိုချင်နေတာ။
“မရဘူး”
ဆုဆု တကယ်ကို
ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ သူတို့တွေက
သူတို့ရဲ့လက်ထပ်ပွဲကိုဖျက်သိမ်းနိုင်ဖို့အတွက် သူမ(ဆုဆု)ရဲ့ဂုဏ်သိက္ခာအပေါ်မှာ
နင်းချေပြီးအသုံးပြုနေကြတာ။ အခုလည်း လင်းမိသားစုအပေါ်ကို
အခွင့်ကောင်းယူချင်နေကြတယ်။ တကယ်ပဲ သည်းမခံနိုင်တော့ဘူး။
လင်းချွမ်က
ထိတ်လန့်သွားပြီး ဆုဆုဘက်ကို လှည့်ကြည့်လိုက်မိကာ ခေါင်းကို
ပြန်ငုံ့လိုက်မိပြန်ဆယ်။ သူ့အနေနဲ့ သူအခု လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီးရင်တောင်
သူမနဲ့ အတူမရှိနိုင်ကြောင်း သိနေခဲ့တယ်။ အခုဆို သူ့ရဲ့ ဂုဏ်သတင်းက
ပိုပြီးဆိုးရွားသွားခဲ့ပြီလေ။
သို့ပေမယ့်
အမေလင်းကတော့ သူတို့သုံးယောက်ကို ကြည့်လိုက်ကာ ဒီသုံးယောက်လုံးကအပေါ်ယံမှာ
မြင်နေရသလောက် မရိုးရှင်းဘူးလို့ ရုတ်တရက်ထင်လာမိတယ်။ သုံးယောက်လုံးမှာ
ကိုယ်စီကိုယ်စီ အတွေးတွေ ရှိနေတဲ့ပုံပဲ။
ချင်ယွဲ့ယွဲ့: “ရဲဘော်ဆုဆီမှာ
ဒီကိစ္စကို ဝင်ပြောဖို့ ဘာအရည်အချင်းရှိိလို့လဲ”
ဆုဆုအနေနဲ့
အခုချိန်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရံဇာတ်ကောင်ကို ကူညီပေးရလိမ့်မယ်။
ဒါမှမဟုတ်ရင် သုံးနှစ်လောက်အတွင်းမှာ ဒီမျက်ဖြူဝံပုလွေအတွက် ပိုက်ဆံတွေအများကြီး
ရှာပေးနေရဦးမယ်။ နောက်ပြီး ဇာတ်လိုက်မက ကောလိပ်တက်တုန်းက
ပိုက်ဆံအများကြီးသုံးခဲ့တယ်ဆိုတာလည်း သိဖို့လိုတယ်။
သူမက
သူမရဲ့အတန်းဖော်နှစ်ယောက်ကို ကူညီဖို့အတွက် သူမရဲ့ကိုယ်ပိုင်ငွေကို
အသုံးပြုခဲ့တယ်လေ။ နောက်ဆုံးမှာ သူတို့အားလုံးက သူမအပေါ် သစ္စာစောင့်သိခဲ့ကြတယ်။
တစ်ဖက်မှာ သူတို့တွေက သူကို အိမ်မှာလာနေခိုင်းပြီး လက်ထပ်ဖို့ ဖိအားပေးခဲ့တဲ့
အရံဇာတ်လိုက်အပေါ်ကိုတော့ အလွန်မုန်းတီးနေခဲ့ကြတယ်လေ။
ဟား။ သူမက
ဘယ်သူ့ရဲ့ပိုက်ဆံနဲ့ သူတို့ကို ကူညီခဲ့တာလဲဆိုတာကိုတောင် မစဉ်းစားခဲ့ကြဘူး။
အရင်တုန်းက သူမ
ဝင်မပါနိုင်ပေမဲ့ အခုချိန်မှာတော့ ဝင်ပါခွင့်ရှိနေပြီ။
နောက်ဆုံးမှာတော့
ဒီကွာရှင်းပြတ်စဲမှုက သူမရဲ့ခေါင်းပေါ်ကို နင်းလာခဲ့တာလေ။ သူမမှာ စကားပြောဖို့
အရည်အချင်းမရှိဘူးဟု ဘယ်လိုများပြောနိုင်တာလဲ?
ဆုဆု
လှောင်ရယ်လိုက်တယ်။
“ငါသာ ဘာမှ
မပြောဘူးရင် ဒီလင်းချွမ်က အူတိုင်အထိ နင်တို့ဆီမှာ အတွက်ချက်ခံရတော့မှာလေ..
ဘာဖြစ်တာလဲ..နင်က မျောက်လိုမျိုး ကစားပြချင်နေသေးလို့လား”
သူမ
ပြောတဲ့အဓိပ္ပါယ်ကို သူတို့တွေ မသိပေမဲ့ သူမက သူတို့ကို ဆဲဆိုချင်နေတာဆိုတာကိုတော့
ဝေဝေဝါးဝါး သိနိုင်သေးတယ်။
လင်းတုံဟဲက
ဆုဆုရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး :
“ရဲဘော်ဆု
မင်းဘာကိုဆိုလိုတာလဲ”
“ဘာကိုဆိုလိုတာလဲ
ဟုတ်လား? တစ်ချို့လူတွေက လင်းချွမ်ကို လက်မထပ်ချင်သလို ကောလိပ်တက်တဲ့အချိန်မှာလည်း
လက်မထပ်ထားတဲ့ အပျိုတစ်ယောက်လို တက်ချင်နေတယ်လေ.. သူမက ကောလိပ်မှာ ကျူရှင်က
အခမဲ့ဖြစ်ပေမဲ့ အခန်းခနဲ့ အထွေထွေစရိတ်တွေ ပေးရဦးမယ်ဆိုတာကို သိထားတယ်..
များသောအားဖြင့် ပစ္စည်းတွေဝယ်ရတဲ့ ကုန်ကျစရိတ်တွေပဲ.. အကုန်လုံးအတွက်
အသုံးစရိတ်တွေကိုပေါင်းလိုက်ရင် တစ်နှစ်မှာ အနည်းဆုံး နှစ်ရာ၊သုံးရာလောကာ
ကုန်ကျဦးမှာကိုး”
သူမက ထပ်ပြီး
ဆက်ပြောလာပြန်တယ်။
“နင်တို့မိသားစုက
ရှေးရိုးဆန်တဲ့လူတွေဖြစ်ပြီး နင့်အတွက် အသုံးစရိတ်
ပိုက်ဆံလုံးဝမပေးဘူးဆိုတဲ့အကြောင်းကို ငါကြားလိုက်တယ်.. ဒီတော့ အဲဒီနှစ်ရာ၊
သုံးရာက တစ်ယောက်ယောက်ဆီကနေ ထွက်လာမှဖြစ်လိမ့်မယ်.. နင်က လက်ထပ်ပွဲကို
ဖျက်သိမ်းဖို့အတွက်ကိုတော့ မငြင်းဆန်ဘူး.. ဒါပေမယ့် နင်က ချွမ်ကောကို နင့်အတွက်
ကောလိပ်ပြီးတဲ့အထိ ထောက်ပံ့ပေးစေချင်နေတာမလား..
ဒီတော့ နင်အခု
ထပ်ပြောကြည့်လိုက်လေ.. အခုက ခေတ်သစ်ကိုရောက်နေပြီ .. လူကြီးတွေ စီစဥ်ပေးတဲ့
လက်ထပ်ပွဲဆိုတာက အကျုံးမဝင်တော့ဘူး.. နင်က အစတုန်းက ဒီလက်ထပ်ပွဲအတွက်
အတင်းအကြပ်ဖိအားပေးခံခဲ့ရတာဆိုရင် အခု လက်ထပ်ပွဲကိုရုပ်သိမ်းလိုက်တဲ့အချိန်မှာ
နင်ပျော်ရွှင်နေသင့်တယ်လေ ဟုတ်တယ်မလား..
ဒါပေမဲ့
နင်ကအရင်တုန်းက လက်ထပ်ပွဲကိုဖျက်ဖို့ မလုပ်နိုင်ခဲ့လို့ ငါနဲ့ ချွမ်ကောကို
ခန်ပေါ်မှာ အတူလှဲနေတာကို ဖမ်းမိဖို့အတွက် နည်းလမ်းရှာခဲ့တယ်.. ပြီးတော့
လက်ထပ်ပွဲကို ဖျက်သိမ်းတဲ့အပေါ်မှာ နင်က လင်းမိသားစုကို အပြစ်ပုံချဖို့လုပ်တယ်..
ဒီလိုဆိုရင် ချွမ်ကောက နင့်ရဲ့ကျူရှင်နဲ့ တခြားအခကြေးငွေတွေကို ပေးလာလိမ့်မယ်..
ဘာပဲဖြစ်ဖြစ် နင်က လက်ထပ်ပွဲအဖျက်ခံလိုက်ရတဲ့ မိန်းကလေးပဲ ဆိုတဲ့အတွေးနဲ့လေ..
ဒီတော့ နင်က သူ့ဆီကနေ”အစ်ကို”ဆိုတဲ့
ဂုဏ်ကိုလိုချင်ပြီး သူ နင့်ဆီကို အရာအားလုံးကို ပေးလာအောင် လုပ်ခဲ့တယ် ဟုတ်တယ်မလား”
ဆုဆုရဲ့
ခွဲခြမ်းစိတ်ဖြာချက်ကို ကြားလိုက်ရတော့ လူတိုင်းက အံ့ဩသွားခဲ့ကြတယ်။
သူမရဲ့စကားတွေက အခြေအမြစ်မရှိဘူးလို့ ခံစားမိပေမဲ့လည်း ထိုစကားတွေက အလွန်
ကျိုးကြောင်းဆီလျော်နေတယ်လို့လည်း ခံစားရပြန်တယ်။
“နင်ဘာတွေပြောနေတာလဲ
ငါကဒီလိုလူမျိုးမဟုတ်ဘူး”
ချင်ယွဲ့ယွဲ့က
ချက်ချင်း အော်ဟစ်လိုက်ပေမယ့် သူမ ထိတ်လန့်နေတုန်းပဲ။ ဒီတစ်ယောက်က
သူမရဲ့စိတ်ထဲမှာရှိနေတာတွေကို ထုတ်ပြောလာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
“နင်က
ဘယ်လိုလူမျိုးလဲဆိုတာကိုတော့ ငါမသိဘူး.. ဒါပေမယ့် နင်လုပ်နေတဲ့ကိစ္စတွေထဲကို
ငါ့ကိုတော့ လာပြီး မထည့်သင့်ဘူး.. ငါ့ကို ဇယားလာရှုပ်တဲ့လူတိုင်းကို ငါက
ဒီအတိုင်းသည်းခံပြီး လွှတ်ပေးမှာမဟုတ်ဘူး.. အခု နင် ဒီလိုမျိုး ငါတို့နှစ်ယောက်ကို
ထောင်ဖမ်းခဲ့တာက နင့်ရဲ့လက်ထပ်ပွဲကို ဖျက်သိမ်းချင်ရုံတင်မကဘဲ နင့်ရဲ့
နာမည်ကောင်းကို ထိန်းသိမ်းထားချင်နေတာပဲ.. ပြီးတော့ နင်က လင်းမိသားစုကို နင့်အပေါ်
အရှက်ရပြီး အပြစ်ရှိသလိုခံစားရအောင်လုပ်ခဲ့တယ်..
နင့်ကို
အရင်ကလိုမျိုး ဂရုစိုက်ပေးရုံတင်မကဘဲ နင်ကောလိပ်တက်ဖို့အတွက် သူတို့
ပင်ပင်ပန်းပန်းလုပ်ထားရတဲ့အလုပ်မှတ်တွေကို ချွေတာပြီး စုဆောင်းပေးစေချင်ခဲ့တယ်..
ငါ
နင့်ကိုပြောမယ်.. နင့်လို တစ်ကိုယ်ကောင်းဆန်တဲ့လူကို ငါတစ်ခါမှမမြင်ဖူးဘူး..
မြေကြီးကနင့်အတွက် လုံလောက်မှာမဟုတ်ဘူး ဘာလို့ ကောင်းကင်ပေါ်ကိုပဲ တိုက်ရိုက်
မတက်သွားရတာလဲ”
ဆုဆုက
ခန်ပေါ်မှာထိုင်နေရာမှ ထရပ်လိုက်ပြီး သူမပြောနေစဥ်မှာ စိတ်လှုပ်ရှားမှုကြောင့်
မျက်နှာတွေကနီရဲကာ စကားတွေကလည်း အလွန်တင်းမာနေခဲ့တယ်။
ပြင်းထန်ပြီး
အမုန်းတွေ ပြည့်နေတဲ့ပုံပဲ။
သို့ပေမယ့်
ထိုကြိမ်းမောင်းစကားတွေထဲမှာ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားတစ်ခွန်းမှ မပါခဲ့ဘူး။
တကယ့်ကောလိပ်ကျောင်းသူတစ်ယောက်ပီသလွန်းတယ်။
တစ်ဖက်မှာရှိနေတဲ့
လင်းချွမ်ကတော့ သူရဲ့လက်တွေကို ပူးကပ်ပွတ်သပ်ရင်း တွေးတောနေခဲ့တယ်။ သို့ပေမယ့်
ဒီကိစ္စတွေက လှည့်စားမှုတစ်ခုပဲဆိုတဲ့အကြောင်းကို ကြားလိုက်ရတော့
ဘေးနားမှာရှိနေတဲ့ လင်းတုံဟဲကို လှမ်းကြည့်လိုက်တယ်။
“တုံဟဲက
အနားယူဖို့ အနောက်ခန်းကို ပြန်သွားလို့ ကျွန်တော်ကို ပြောခဲ့တာကို မှတ်မိသေးတယ်”
သူထိုအကြောင်းကို
မှတ်မိနေသေးတယ်။
ထိုစကားကိုကြားတော့
အမေလင်းလည်း မျက်မှောင်ကြုတ်သွားခဲ့တယ်။ ဆုဆုကို အနောက်ခန်းဆီသို့ သွားဖို့
ပြောခဲ့ချိန်မှာ ဒီတူလေး ရှိနေခဲ့တာကို သူမ မှတ်မိတယ်။ သူက ထိုအချိန်မှာ
ဝိုင်ရှာဖို့အတွက် အိမ်ပြင်သို့ ထွက်လာခဲ့တာလေ။
လင်းတုံဟဲ: “ကျွန်တော်..
ကျွန်တော် အဲဒီမှာ ရဲဘော်ဆု ရှိနေမှန်းကိုမသိဘူး”
အမေလင်းက
လုံးဝကိုဒေါသထွက်သွားပြီ။ သူ လိမ်နေတယ်ဆိုတာကို သိသာထင်ရှားနေပြီဖြစ်တဲ့အတွက်
အမေလင်း လှမ်းပြောလိုက်တယ်။
“မင်းဘာတွေပြောနေတာလဲ..
ငါ ဆုဆုနဲ့ စကားပြောနေတုန်းက မင်း အဲဒီမှာရှိနေတယ်..မင်းမကြားလိုက်စရာ
ဘာအကြောင်းမှမရှိဘူး”
“မဟုတ်ဘူး..
ကျွန်တော် အန်တီဘာပြောလဲဆိုတာကို မကြားလိုက်ဘူး.. ကျွန်တော်က
ဒီအတိုင်းဖြတ်သွားခဲ့တာ”
သူတို့တွေ
စီစဉ်ထားတဲ့အစီအစဥ်ကို ဆုဆုက စကားလုံးအနည်းငယ်နဲ့ ထောက်ပြခဲ့လိမ့်မယ်လို့
လင်းတုံဟဲ မထင်ထားခဲ့ဘူး။
ချင်ယွဲ့ယွဲ့ကတော့
ဇာတ်လိုက်ထက် သိသိသာသာပိုပြီး တည်ငြိမ်နေခဲ့တယ်။
“ရဲဘော်ဆု နင်က
ငါတို့ကို အပြစ်ပုံချဖို့ ကြိုးစားနေတာလား .. ငါတို့ခေါင်းပေါ်ကို ဒီလိုမျိုး
ဦးထုပ်ကြီးတစ်ခုတောင် ဆောင်းထားချင်နေသေးတယ်.. ဒီည ဒါတွေအားလုံးက
တိုက်ဆိုင်မှုဖြစ်နေရင်တောင် ငါဖက်က လင်းချွမ်ဆီမှာ ငါ့အတွက် ကောလိပ်ကြေးကို
ပေးဖို့ တောင်းဆိုခဲ့တာမဟုတ်ဘူး.. ရှင်တို့တွေ ကျွန်မကိုမယုံရင် ကျွန်မ
အခုချက်ချင်းပဲ ကြိုးဆွဲချပြီးသတ်သေပြလိုက်မယ်”
သူမက
ပြောပြီးသည်နဲ့ ခိုကိုးရာမဲ့စွာ မျက်ရည်တွေ စီးကျလာခဲ့ပြန်တယ်။
လူတိုင်းက
သူမပြောတာကို ကြားတော့ သူမကို ထပ်ပြီး မရှုပ်ရဲကြတောသဘူး။ တကယ်တမ်း
တစ်စုံတစ်ယောက်ကို သတ်မိသွားရင် မကောင်းဘူးလေ။
မေမေလင်းက
မျက်နှာဖြူဖျော့စွာနဲ့ ပြောလာတယ်။
“ကောင်းပြီလေ..
ဒီနေ့ ဒီလောက်ပါပဲ.. ဒါပေမယ့် ငါတို့မိသားစုမှာ သမီးမရှိနိုင်ရင်တောင်
ချို့တဲ့နေရင်တောင် ဒီဆွေမျိုးတော်စပ်မှုကိုတော့ အသိအမှတ်မပြုနိုင်တော့ဘူး..
ဒီတော့ ညီမအဖြစ်အသိအမှတ်ပြုတာကို မေ့လိုက်တော့”
“ဘာလို့လဲ?
အပြင်လူရဲ့စကားကြောင့် ကျွန်မက ဘာလို့ ဒီလိုမကျေမနပ်မှုတွေကို လက်ခံနေရမှာလဲ..
ကပ္ပတိန် ရှင် ကျွန်မအတွက်ဆုံးဖြတ်ရမယ်”
ချင်ယွဲ့ယွဲ့က
လင်းတုံဟဲကိုဆွဲပြီး ပြောလိုက်တယ်။
“ကျွန်မတို့က
လက်ထက်ပွဲကို ဖျက်သိမ်းလိုက်တော့ ဆွေမျိုးတွေတောင် မဖြစ်လာနိုင်တော့ဘူးလား?”
“တခြားလူတွေ
လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာကိုတော့ ငါမသိဘူး ဒါပေမယ့် ငါတို့
လင်းမိသားစုကတော့ မလုပ်နိုင်ဘူး။”
လူတွေကို
သူ့တို့ဆီကနေ အမြတ်ကြီးထုတ်တာမျိုးကို လင်းမိသားစုက လက်ခံမှာမဟုတ်ဘူး။
“ဒါပေမယ့်
လင်းချွမ်ကသာ အမှားလုပ်လိုက်တဲ့လူပဲလေ..ရှင်တို့တွေ ဘာလို့ ကျွန်မကို
အပြစ်တင်နေရတာလဲ”
“နင့်ကိုဘယ်သူက
အပြစ်တင်နေလို့လဲ.. နင့်ကိုဘယ်သူက အပြစ်တင်နေတာလဲ.. နင့်ရဲ့ မျက်လုံးတွေကို
ဖွင့်ပြီး ဘာလို့ အဓိပ္ပါယ်ရမရှိတဲ့စကားတွေကို ပြောနေရတာလဲ.. ဒါမှမဟုတ်ရင်
ဒီလက်ထပ်ပွဲကို မဖျက်နဲ့လေ.. နင် ငါတို့ မိသားစုကိုလက်ထပ်ပြီး ငါတို့မိသားစုဆီ
ဝင်လာလိုက်.. ဒါကိုမလုပ်ချင်ရင်တောင် နင့်ရဲ့ကောလိပ်ကျောင်းအတွက် ပိုက်ဆံကို
ငါတို့အိမ်က ပေးမှာမဟုတ်ဘူး”
အမေလင်းက
ပြတ်သားစွာပြောတယ်။ ဒီ ကောင်မလေးက သူတို့မိသားစုဆီကနေ ဂုတ်သွေးစုရဖို့အတွက်
ဇာတ်လမ်းတွေ လာပြီး ရိုက်ပြချင်နေတာ။ မဟုတ်ရင် သူ မက ဒီလောက်ထိ
ရှုပ်ထွေးသွားရမှာမဟုတ်ဘူး။
ဆုဆုက
ပြုံးလိုက်တယ်။
“ဟုတ်တယ်
နင်တို့တွေ လက်ထပ်လက်မှတ်ထိုးရမှာပေါ့”
လက်ထပ်ပွဲကို
ဖျက်သိမ်းပြီးနောက် လင်းချွမ်က သူ့ကိုယ်သူ အနည်းငယ်
ပိုပြီးလွတ်လပ်ခွင့်ပေးလိုက်ပြီး ယခင်ကထက် လည်းပိုပြီးတွေးနိုင်လာခဲ့တယ်။ သူက
ပိုကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေတဲ့အချိန်မှာ သူ့ရဲ့အမေက ခေါင်းစဉ်ကို
ပြန်လှည့်သွားခဲ့ပြန်ပြီ။ နောက်ပြီး သူ့ရဲ့ ချိုမြိန်တဲ့အနာဂတ်လေးကလည်း
သူ့အမေဘက်ကနေ ကူညီပေးနေခဲ့တယ်လေ။ သူ ချက်ချင်းပဲ ထပြီး ငြင်းပစ်ချင်နေခဲ့တယ်။
သို့သော်လည်း
ရုတ်တရက်ပဲ လှပတဲ့မျက်ဝန်းတစ်စုံက သူ့ဘက်ကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး
အချက်ပြနေတာကို မြင်လိုက်ရပြီးနောက် သူ့ရဲ့ပါးစပ်ကိုဖွင့်ဟနေရင်းတန်းလန်းနဲ့
ကြောင်အန်းသွားရတယ်။
တကယ်လို့
အနာဂတ်မှာ ဒီမိန်းကလေးနဲ့သာ အတူရှိသွားရမယ်ဆိုရင် သူ့အနေနဲ့ တင်းကျပ်သော
ဇနီးသည်ထံမှာ ထိန်းချုပ်ခံလိုက်ရတော့မှာပဲလို့ တွေးမိသွားခဲ့ရတယ်။
ဒါတွေကို
တကယ်ဖြစ်လာအောင် လုပ်နိုင်ဦးမှ ဖြစ်မှာပဲလေ။ ကံကောင်းတဲ့လူကသာ ထိုဇနီးလေးထံမှာ
ထိန်းချုပ်ခံရတဲ့သူ ဖြစ်လာမှ ဖြစ်ပြီး ကံဆိုးတဲ့သူတွေကတော့
သူမရဲ့လက်လေးတွေကိုတောင် ကိုင်နိုင်မှာမဟုတ်ဘူး။
ချင်ယွဲ့ယွဲ့က
ထိုမရှိမဖြစ်လိုအပ်ချက်ကို ကြားလိုက်ရတော့ ငိုကျွေးလာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့
သူမ တကယ်ကို ငိုမိသွားတာ ။ လက်ထပ်လက်မှတ်သာ ထိုးပြီးသွားမယ်ဆိုရင် သူမက
လက်ထပ်ပြီးသားဆိုတဲ့အကြောင်း သက်သေဖြစ်သွားလိမ့်မယ်။ သူမ ကောလိပ်တက်ရင်တောင်
တခြားသူငယ်ချင်းတွေနဲ့ စကားပြောနေနိုင်ဖို့ကို မဆိုထားနဲ့ သူမရဲ့ ခေါင်းကိုတောင်
မထောင်နိုင်လောက်တော့ဘူး။ အဲဒါက ယောက်ျားတွေ ရှုပ်နေတာဖြစ်သွားလိမ့်မယ်။ ဒါ့အပြင်
အိမ်ထောင်ရေးကို ဖျက်သိမ်းလိုက်ပြီးမှ ဘယ်လိုလုပ်ပြီးပြန်သွားနိုင်မှာလဲ။
လင်းတုံဟဲက
သူမငိုနေတာကိုကြည့်ပြီး စိတ်ဆင်းရဲနေရတယ်။
“ကွာရှင်းလိုက်ရုံပဲမလား?
အစ်ကိုချွမ်ဇီက သူ တတ်နိုင်တာရှိရင် ကူညီပေးမှာပါ..ပြောရရင် မင်းက
အပြင်လူမှမဟုတ်တာ”
အမေလင်းက
အေးစက်စွာနှာမှုတ်လိုက်တယ်:
“ဘာလို့
ကူညီရမှာလဲ.. ငါတို့က သူ့အမေနဲ့ အဖေမဟုတ်ဘူး.. စေ့စပ်ထားခဲ့တဲ့
သုံးနှစ်ကျော်အတွင်းမှာ ဘယ်သူက သွေးစုပ်တတ်တဲ့တစ္ဆေလဲ?ငါတို့က ဘာကိုမှမသိခဲ့ဘဲ
ကူညီပေးနေခဲ့တာ.. စေ့စပ်ထားတဲ့ သုံးနှစ်ကျော်အတွင်းမှာ ငါတို့မိသားစုက
ဘယ်လိုအကျိုးအမြတ်မှ မရရှိခဲ့ဘူး.. မင်းက မင်းရဲ့ဒုတိယဦးလေးတို့ မိသားစုဆီကကနေ
အကျိုးအမြတ်ထုတ်ဖို့ လုပ်ချင်နေတာပဲ.. ငါတို့မိသားစုက ငါတို့ရဲ့သားတွေကို
တင်းတင်းကြပ်ကြပ်သင်ကြားပေးခဲ့တယ်ဆိုပေမဲ့ ရိုးသားတယ်ဆိုတဲ့ သဘောက
လိမ်လည်လွယ်ကူတယ်လို့ ဆိုလိုတာမဟုတ်ဘူး”
ချင်ယွဲ့ယွဲ့က
မကျေမနပ်နဲ့ပြောလာတယ်။
“ဒါပေမယ့် ကျွန်မက
ဒီလိုလူမျိုးမဟုတ်ဘူး.. ကျွန်မက အစ်ကိုချွမ်ဇီကို ကျွန်မရဲ့အစ်ကိုလိုပဲ ဆက်ဆံခဲ့တာ”
ဒါဟာ
ဇာတ်လိုက်မရဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်တာကြောင့် ဖြစ်လိမ့်မယ်။
ဘေးတစ်ဖက်မှာရှိနေတဲ့ လင်းတုံဟဲက အရမ်းပျော်နေပုံရပေမယ့် လင်းချွမ်ကတော့
ဇာတ်လိုက်မဘက်ကို လှည့်ကြည့်ခြင်းမရှိဘူး။
“ဒါဆို
နင်အရင်တုန်းက ဘာလို့မပြောတာလဲ”
ဆုဆု
ဝင်ပြောလိုက်တယ်။လင်းချွမ်က သူ ပြန်လာမှာက လက်ထပ်ဖို့အတွက်လို့
ပြောခဲ့ပြီးသားပဲလေ။
ချင်ယွဲ့ယွဲ့: “အန်တီ .. ဒါက
ကျွန်မတို့မိသားစုကိစ္စကို ဆွေးနွေးနေတာလို့ ထင်တယ်.. ရဲဘော်ဆုကို ဘာလို့ အရင်
ထွက်မသွားခိုင်းတာလဲ။”
ဆုဆု: “ငါက ဘာလို့
ထွက်သွားရမှာလဲ.. ဒီကိစ္စက ငါနဲ့လည်း သက်ဆိုင်တယ်လေ.. ဒါမှမဟုတ် နင်တို့မိသားစုက
ငါ့ကို တစ်ယောက်တည်းရောက်လာတဲ့
မိန်းကလေးတစ်ယောက်ဖြစ်နေလို့ဆိုပြီးလှည့်စားချင်နေတာလား”