Ch 16
Viewers 11k

16: ပညာတတ်တစ်ယောက်ရဲ့ ပူဆွေးမှု

 

 

အမေလင်းက ပြုံးပြီးပြောလာတယ်။

 

လက်ထပ်ပွဲလုပ်ခါနီးမှာဒီလိုကောင်းတဲ့အရာတွေဖြစ်လာတာပဲ ..ဒါက တကယ်ကောင်းတယ် 

 

အနာဂတ်မှာ သူမရဲ့သားဖြစ်သူ အလုပ်ပြောင်းမယ်ဆိုရင်လည်း ရာထူးတစ်ခုလောက် ရနိုင်တော့မှာဖြစ်ပြီး သူတို့နှစ်ယောက်လုံးရဲ့ ဘဝက သေချာပေါက် ကောင်းကောင်းနေထိုင်နိုင်လာလိမ့်မယ်။

 

သို့ပေမဲ့ ချင်ယွဲ့ယွဲ့ကတော့ စိတ်မသက်မသာဖြစ်လာနေရတယ်။ သူမက ဆုဆုရဲ့အလုပ်အကြောင်းကို မေးနေရာကနေ ဘယ်လိုလုပ်ပြီး တခြားအကြောင်းကို စကားလွှဲသွားရတာလဲ? သူမ ရယ်မောပြီးပြောလိုက်တယ်။

 

စကားမစပ် ရဲဘော်ဆု နင်က ကောလိပ်ကနေဘွဲ့ရထားပြီးပြီကို ဘာလို့ အလုပ်မရသေးတာလဲ

 

ငါ ဘာလုပ်ရမလဲဆိုတာ မစဥ်းစားရသေးလို့ မာစတာဘွဲ့ရပြီးတာနဲ့ ဒီကိုလာခဲ့တာ

 

မာစတာဘွဲ့ဆိုတဲ့အကြောင်းကို လူအနည်းငယ်သာ နားလည်နိုင်ပေမဲ့ ထိုလူတွေထဲမှာ ချင်ယွဲ့ယွဲ့၊ လင်းတုံဟဲနဲ့ လင်းချွမ်တို့ပါဝင်တယ်။

 

ချင်ယွဲ့ယွဲ့တစ်ယောက် ရှင်းလင်းမပြနိုင်စွာ ပါးရိုက်ခံလိုက်ရပြီး ထပ်မံ ပျော်ရွှင်နေခြင်းမရှိတော့ဘူး။ ဒါကြောင့် မျက်နှာမသာယာစွာနဲ့ပြောလိုက်တယ်။ 

 

ကျွန်မ နောက်နှစ်ကျရင် ကျောင်းတက်ရတော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ သွားတော့မယ်

 

ဆုဆုက သူမ မပျော်မရွှင်ဖြစ်သွားကြောင်းကို ခံစားလိုက်ရပြီး လင်းချွမ်ကို လှမ်းမေးလိုက်တယ်။

 

ကျွန်မ တစ်ခုခုမှားပြောမိသွားလို့လား?

 

မဟုတ်ဘူး.. အိမ်ပြန်ကြစို့ 

 

သူမက တခြားလူကို ရန်စပြီး သူများရဲ့ဒဏ်ရာအပေါ်ကို တက်နင်းချင်နေတာလေ။ သူမက ဆုဆုကို အနိုင်ကျင့်ရလွယ်ကူတဲ့ မိန်းကလေးလို့ထင်ခဲ့တာ။ သို့ပေမယ့် သူမက မာစတာကျောင်းသားဆိုတဲ့စကားတစ်ခွန်းထဲနဲ့ အနိုင်ပိုင်းသွားလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။

 

အမေလင်းသည်လည်း အခုလေးတင် ချင်ယွဲ့ယွဲ့က အနည်းငယ်ရှုပ်ထွေးအောင်လုပ်ချင်နေတာကို ခံစားမိတယ်။ ကောလိပ်ဝင်ခွင့်ရသွားပြီး နောက်နှစ်ကျရင် ကျောင်းသွားတက်ရမှာလေ။ ဒီလိုပျော်စရာကောင်းတဲ့ပွဲကို ဆင်နွှဲဖို့ သူတို့နဲ့အတူမလိုက်ပဲ ပြင်ဆင်စရာရှိတာကိုပြင်ဆင်ဖို့ ပြန်သွားတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ? 

 

သူမက ဒီလိုမျိုးထွက်သွားခဲ့တာကိုမြင်တော့ အမေလင်း သူမရဲ့ ရိုးသားလွန်းတဲ့သားဖြစ်သူကို တိတ်တဆိတ် လှမ်းကြည့်လိုက်မိကာ သူ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိသွားတယ်။

 

ဒါပေမယ့်.. သူမရဲ့သားက ဘာလို့ ချင်ယွဲ့ယွဲ့ဘက်ကို တစ်ချက်မှ မကြည့်ဘဲ ဆုဆုကို စိုက်ကြည့်နေရတာလဲ။

 

အမေလင်းက အရိပ်အကဲကို ပိုင်းခြားတတ်တဲ့သူပဲ။ သူမက အိမ်ကိုပြန်လာပြီးနောက် ဆုဆုကို အနောက်ဘက်အိမ်မှာတစ်ယောက်တည်းရှိနေတုန်းမှာ လင်းချွမ်ကို လှမ်းခေါ်ပြီ ပြောလိုက်တယ်။

 

ချွမ်ဇီ ယွဲ့ယွဲ့က မင်းကို သိပ်ဂရုမစိုက်ဘူးဆိုတာ ငါသိတယ်.. ဒါပေမယ့် ဒါက လူကြီးတွေစီစဥ်ပေးထားတာဖြစ်လို့ ငါတို့က လေးနက်ရမယ်.. စာချုပ်ကို ချိုးဖောက်ချင်တဲ့ ဆိုးသွမ်းတဲ့ အကျင့်မျိုးလုပ်လို့မရဘူး.. သူမက နားမလည်ဘူးဆိုရင်တောင် မင်းကတော့ နားလည်နေရမယ်.. တကယ်လို့ သူမက ကောလိပ်ကိုသွားမယ်ဆိုရင်တောင် အပြီးထွက်သွားတာမဟုတ်ဘူးလေ.. မင်းဘက်ကသာ တစ်စုံတစ်ခုကို အရင်ချိုးဖျက်လာမယ်ဆိုရင် ငါတို့မိသားစု အသက်ဆက်ပြီးမရှင်နိုင်လောက်တော့ဘူး

 

အဖေလင်းကလည်း ထိတ်လန့်သွားပြီး ဝင်မေးလာတယ်။

 

ဘာလဲ? သူက နောက်ပြန်ဆုတ်ချင်နေတာလား သူသာလုပ်ရဲရင် ငါသူ့ကိုသတ်ပစ်မယ်

 

လင်းချွမ်က သူ့ရဲ့လက်နှစ်ဖက်ကို နောက်ဘက်မှာ ဆုတ်ကိုင်ထားရင်း အသံတိုးတိုးသာ ထုတ်လာတယ်။

 

သို့ပေမယ့် ထိုအချိန်မှာပဲ အမေလင်းက ဆက်ပြောလာတယ်။

 

ဆုဆုက မိန်းကလေးပဲ.. သူမအနေနဲ့ အပြင်လောမှာ တစ်ယောက်တည်း ရှင်သန်နေထိုင်ဖို့ဆိုတာ မလွယ်ကူဘူး.. မင်းအနေနဲ့ သူမကိုအစ်ကိုကြီးလိုမျိုး ဂရုစိုက်ရမယ်ပေမယ့် တကယ့်ညီမ အရင်းမဟုတ်ဘူးလေ.. လူတွေက သူမကို အတင်းအဖျင်းပြောစရာဖြစ်အောင် မလုပ်သင့်ဘူး

 

သူမပြောပြီးချိန်မှာ သားဖြစ်သူက သူမကို ရုတ်တရက် မော့ကြည့်လာခဲ့သူ့ သူ့ရဲ့မျက်ဝန်းထောင့်တွေကလည်း သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အရှိန်နှုန်းနဲ့ နီရဲလာတာကို တွေ့လိုက်ရတယ်။ သို့ပေမယ့် သူက ခေါင်းကိုချက်ချင်းပြန်ငုံ့သွားကာ ပြောလာတယ်။

 

သိပါပြီ 

 

သူ ပြောပြီးပြီးချင်းပဲ နောက်ထပ်စကားတွေကိုနားမထောင်တော့ဘဲ လှည့်ထွက်သွားခဲ့တယ်။

 

ဒီကလေး ဘာဖြစ်နေတာလဲ

 

သူ့ရဲ့သားကို သိတဲ့သူတိုင်း သူ စိတ်ဖိစီးလာတတ်တဲ့အချိန်တွေမှာ သူ့ရဲ့မျက်လုံးတွေ နီရဲလာတတ်ပြီး ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီးလေးနက်လာတတ်တယ်ဆိုတာကို သိထားကြတယ်။ အခုကြည့်ရရတာ သူက စိတ်ဖိစီးနေတာလား။

 

အမေလင်းရဲ့ အပ်ကိုကိုင်ထားတဲ့လက်က လေထဲမှာ ရပ်တန့်သွားခဲ့ရတယ်။ ဒီအခိုက်အတန့်မှာ သူမရဲ့ သားဖြစ်သူက အမှန်တကယ် စိဖိစီးနေရတဲ့အကြောင်းကို ခံစားမိခဲ့တယ်လေ။ သူက ဆုဆုနဲ့ သူ့ရဲ့အကြောင်းကို ပြောလိုက်တာကို တကယ်သဘောမကျခဲ့ဘူး။ ဒါဆိုသူတကယ် ဆုဆုအပေါ်မှာ စိတ်တွေ ပြောင်းလဲပြီး လှုပ်ရှားနေတဲ့အကြောင့် သက်သေပဲမလား။

 

ဘုရားရေ။ သူမဘာလိုလုပ်ရတော့မလဲ။

 

ဒီလက်ထပ်ပွဲကို ပြီးအောင်လုပ်ရမယ်အမြန်ဆုံးပြီးအောင်လုပ်မှရတော့မယ်။

 

လက်ထပာပွဲပြီးသွားရင် သူ့သားမှာ ဇနီးသည်တစ်ယောက်ရှိလာတော့မှာ။ ဒါဆို အိမ်ထောင်ရေးရဲ့ ချိုမြိန်မှုကြောင့် အကောင်းတဲ့အတွေးကိုကို ဘေးဖယ်ပစ်မှာသေချာတယ်။

 

အဘိုးကြီး သူ့အဒေါ်တွေဆီကိုသွားပြီး ဒီမှာ စောင်တွေချုပ်ဖို့လာကူဖို့ပြောလိုက် လက်ထပ်ပွဲကို နှစ်ရက် အရှေ့ကိုတိုးလိုက်ရမယ်

 

ဘာလို့ ဒီလောက်အမြန်လုပ်ချင်နေရတာလဲ

 

သွားလို့ပြောရင် သွားလိုက်တော့ ဒါမှမဟုတ်ရင်... 

 

သူမ အနည်းငယ် စိတ်ရှုတ်ထွေးနေခဲ့တယ်။

 

အဖေလင်းက မေမေလင်းရဲ့စကားကို နားထောင်ပြီးနောက် သူမနဲ့ စောင်အတူချုပ်ဖို့အတွက် တစ်စုံတစ်ယောက်ကို ချက်ချင်းပဲ သွားခေါ်တော့တယ်။ 

 

ထို့နောက် စောင်ကို နေ့တစ်ဝက်အတွင်းပြီးစီးအောင် ပြုလုပ်ခဲ့ကြတယ်။

 

ပြီးနောက် စောင်ကို အိမ်သစ်ဆီသို့ ပို့ပြီးနောက်နေ့မနက်စောမှာပဲ ရွာသားတွေကို အသိပေးခဲ့တယ်။

 

ဆုဆုကတော့ ထိုသတင်းကိုကြားတော့ စိတ်ရှုပ်သွားရတယ်။ သူတို့က နှစ်ရက်တောင် အရှေ့ကိုတိုးသွားလိုက်တာလား။ဆိုလိုတာက နှစ်ရက်ကြိုတင်မှာထားသေးတယ်။ 

 

သူမပဲ အထင်မှားနေတာလားဆိုတာကို မသိပေမဲ့ လက်ထပ်ပွဲအရှေ့ကိုတိုးသွားတဲ့အပေါ်မှာ လင်းချွမ်က ပိုလို့တောင် မပျော်တော့သလိုပဲ။ 

 

ကောင်းပြီလေ။ ပြောရရင် သူ့မျက်နှာကိုကြည့်ရင်တော့ ဘာမှ မပြောနိုင်လောက်ဘူး။ သို့ပေမယ့် ထိုလူက ပိုပြီးတိတ်ဆိတ်လာခဲ့သလို ပိုပြီး ရန်လိုတဲ့အအရှိန်အဝါမျိုးရှိလာကာ တောရိုင်းထဲ ပစ်ချခံလိုက်ရတဲ့ သားရဲကြီးတစ်ကောင်လိုပဲ။ မြင်နေရတာတောင် စိတ်ဆင်းရဲစရာကောင်းတယ်။

 

သူက ဇာတ်လိုက်မ သူ့ကို မကြိုက်ဘူးဆိုတာကို သေချာပေါက်သိထားမှာပဲ။ နောက်ပြီး သူက မကြာခင်မှာပဲ ကောလိပ်တက်ဖို့အတွက် ထွက်သွားတော့မှာဆိုတော့ ဒီလို တုံ့ပြန်မှုတွေ ရှိနေမှာပဲ ဟုတ်တယ်မလား။

 

သူမ သူ့ကို သနားမိတာကြောင့် အမေလင်းကို တစ်ချက်လှမ်းကြည့်ပြီး လှမ်းပြောလိုက်တယ်။ 

 

ချွမ်ကောက ခြံနောက်ဖေးကို ထင်းတွေဖြည့်ဖို့အတွက် တောင်ပေါ်ကိုမရပ်မနားတက်ပြီး ထင်းတွေအများကြီးခုတ်နေတာ မပင်ပန်းသေးဘူးလားမသိဘူး

 

အမေလင်းက ဟင်းချက်တာကို ရပ်လိုက်ပြီး ပြောလာတယ်။

 

ငါသွားကြည့်လိုက်မယ် 

 

ကျွန်မလည်း အန်တီနဲ့လိုက်ခဲ့မယ်

 

ဒီလိုနဲ့ သူတို့နှစ်ယောက်သားရောက်သွားချိန်မှာ ထိုသူက ခွဲပြီးသားထင်းတွေကို ထင်းပုံထိပ်ဆီသို့ တင်မြှောက်လိုက်တာကို တွေ့လိုက်ရပြီး သူ့ဆီမှာ သွေးတွေပါစီးကျနေတာကိုပါ တွေ့လိုက်ရတယ်။

 

အမှန်ပဲ သွေးထွက်နေခဲ့တယ်။

 

သူ့ရဲ့လက်မောင်းကို တစ်စုံတစ်ခုနဲ့ ခြစ်မိထားပေမဲ့လည်း သူကတော့ သာမန်လူတစ်ယောက်လိုမျိုး ထင်းတွေကိုခုတ်နေဆဲဖြစ်ပြီး လက်မောင်းကို မြှောက်လိုက်တဲ့အချိန်တွေမှာ သွေးနှင့် ချွေးရောပြီး စီးဆင်းနေတဲ့ပုံက အတော်လေးကြောက်စရာကောင်းနေခဲ့တယ်။

 

အမေလင်းက ချက်ချင်းပဲ မူးဝေသွားခဲ့ရပြီး လှမ်းအော်လိုက်တယ်။

 

မင်း..မင်းရဲ့ လက်တွေကို မမြှောက်နဲ့တော့ ! ရပ်လိုက်! ငါပြောတာကို ကြားလား!

 

သို့သော်လည်း လင်းချွမ်ကတော့ သူမရဲ့စကားတွေကို မကြားသလိုမျိုး ထင်းကိုသာ ဆက်ခုတ်နေခဲ့တယ်။

 

ချွမ်ကော.. ရှင် ဘာလုပ်နေတာလဲ.. ရပ်လိုက်တော့ 

 

ဒီအမျိုးသား အရံဇာတ်ကောင်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။

 

လင်းချွမ် ခဏတာလောက် ရပ်တန့်သွားပေမဲ့လည်း ထင်းတွေကို ဆက်ခုတ်နေဆဲဖြစ်ပေမဲ့လည်း သူရဲ့အနေအထားက ယခင်တုန်းကလို စိတ်လက်မာန်မာအမူအယာမျိုးမဟုတ်တော့ပဲ သိသိသာသာ နှေးကွေးသွားခဲ့တယ်။

 

အမေလင်း: မင်း သူ့ကိုကြည့်ထားလိုက်ဦး.. အန်တီ သူ့ရဲ့ဒဏ်ရာကိုစည်းဖို့ တစ်ခုခု သွားယူလိုက်ဦးမယ်

 

ကောင်းပါပြီ 

 

ဆုဆုက သဘောတူလိုက်ပြီး လင်းချွမ်ဆီ သို့ပြေးသွားလိုက်တယ်။ သူ ထပ်ပြီးခုတ်ထစ်ချင်နေသေးတာကိုမြင်တော့ သူမက သူ့ရဲ့လက်မောင်းကို သူမရဲ့လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားလိုက်တယ်။

 

ရှင့်မှာ ကိစ္စတစ်ခုခုရှိနေရင်ရင် ကျွန်မကိုပြောပြလေ.. အခုလိုမျိုး ဒဏ်ရာတွေ ရှိနေတာကို လှုပ်ရှားမနေသင့်ဘူး

 

လွှတ်လိုက်

 

မလွှတ်ဘူး

 

လွှတ်လိုက်

 

မလွှတ်ဘူး ဒါမှမဟုတ်ရင်လည်း ရှင် ကျွန်မကို ခုတ်လို့ရတယ် 

 

ဆုဆုက သူ သူမကို ခုတ်မယ်ဆိုတာကိုမယူံကြည်ဘူးဆိုတဲ့အမူအယာနဲ့ မော့ကြည့်လိုက်တယ်။ 

 

သို့ပေမဲ့ လင်းချွမ်ကတော့ သူတို့ရဲ့အနေအထားက တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သတိပြုမိသွားခဲ့တယ်။ သူမက အမျိုးသားတစ်ယောက်ရဲ့ လက်မောင်းကို ကိုင်ပြီး မော့ကြည့်နေခဲ့တာလေ။ 

 

ဒါ့အပြင် လင်းချွမ်က ဒီလိုအေးစက်တဲ့ဆောင်းရာသီမှာ စစ်အင်္ကျီလက်ပြတ်ကိုပဲ ဝတ်ဆင်ထားခဲ့တယ်။ သူ့ရဲ့လက်မောင်းမှ ကြွက်သားတွေက ဖောင်းပွနေပြီး သူမက ဘေးကနေ အခုလိုဆုတ်ကိုင်ထားခဲ့တာက ရှင်းမပြနိုင်စွာ တမျိုးတစ်မည်ဖြစ်နေသလိုပဲ။

 

ဆုဆု တစ်ဖက်လူ မလှုပ်ရှားတာကိုမြင်မှ စိတ်သက်သာရာရသွားခဲ့တယ်။ ပြီးနောက် ရှက်မနေတော့ဘဲ သူမရဲ့လက်ကိုင်ပုဝါကို ထုတ်ကာ သူ့ရဲ့လက်မောင်းမှ ဒဏ်ရာနေရာကို သုတ်လိုက်ပြီး :

 

ရှင် ဘယ်လိုများလုပ်လိုက်တာလဲ 

 

သစ်ပင် ခုတ်တုန်းက ခြစ်မိတာ

 

ရှင်ဘာလို့ ဒီလောက်တောင်ဂရုမစိုက်ရတာလဲ..ရှင် ဘာလို့ အမြဲတမ်း ဒဏ်ရာတွေရနေရတာလဲ.. အရင်တစ်ခေါက်ကရော၊ အခုရော ၊ နောက်ပြီး....

 

သူမ ထပ်ပြီး မပြောနိုင်တော့ဘူး။ သူမ ဘာကို ဆက်ပြောနေရဦးမှာလဲ? ဒီလူက အခု သူမနဲ့ သက်ဆိုင်နေတာမှ မဟုတ်ပဲလေ။

 

သူမ မော့ကြည့်လိုက်တော့ ထိုလူက ဘာစကားမှ ပြန်မပြောလာပဲ ဖြောင့်တန်းစွာရပ်နေတာကိုသာ တွေ့လိုက်ရတယ်။