(8)
August 12, 2024
8: လက်မှတ်
ပို့ပေးခြင်း
သူမ နောက်ကို
ပြန်လှည့်ကာ လင်းချွမ်ကို သတိထားပြီး ကြည့်လိုက်တော့ တစ်ဖက်လူရဲ့
အေးစက်စက်အမူအယာနဲ့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတဲ့သဘောထားတို့ဖြင့် ပြောလာတာကို
ကြားလိုက်ရတယ်။
“ရဲဘော်ဆုဆု
..မင်းရဲ့ အပြုအမူကို ကျေးဇူးပြုပြီး ပြင်ဆင်ပေးပါ”
“ဘာဖြစ်လို့လဲ?”
ဆုဆု
အံ့သြသွားခဲ့တယ်။ သူမ ဒီအမျိုးသားအရံဇာတ်ကောင်နဲ့ ဆုံဆည်းခဲ့စဥ်ကတည်းက သူ့ဆီမှာ
တက်ကြွတဲ့အမူအယာမျိုးရှိမနေခဲ့ဘူး။
‘မင်းလို
အမျိုးသမီးငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုအရာတွေကို ပြောနိုင်ရတာလဲ..
မင်းရဲ့ပုံစံကို ပြင်ရမယ်’
လင်းချွမ်မျက်မှောင်ကြုတ်လိုက်တယ်။
ထိုစကားတွေက သူ့ရဲ့ပါးစပ်ဖျားမှာရှိနေပေမယ့် သူသာပြောလိုက်ရင် သူ့ရှေ့မှ
အမျိုးသမီးလေးက နာကျင်သွားရလိမ့်မယ်။
“ကျွန်မက
ဘယ်နေရာမှာ မှားနေလို့လဲ.. ရှင်တို့က ဒီလိုဆက်ဆံရေးရှိနေတာကို
ခံစားချက်ရှိလားလို့မေးတာက ဘာပြသနာရှိလို့လဲ.. ရှင့်မှာသာ ခံစားချက်မရှိဘူးဆိုရင်
ရှင် လက်ထပ်တဲ့အချိန်မှာ စိတ်ရှုပ်ထွေးနေရမှာမလား.. ရှင့်ရဲ့ဘဝက
ဘယ်လိုဖြစ်သွားမှာလဲ”
ဆုဆုက သူ့ကို
စိုက်ကြည့်ပြီး သူမရဲ့အမြင်တွေကို မကျေမနပ်နဲ့ ပြောလိုက်မိတယ်။
လင်းချွမ်
သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ စကားလုံးတွေကိုသာ
ပြောင်းလဲခဲ့မိတယ်။
“အကုန်လုံးက
ဒီအတိုင်းပါပဲ”
ဆုဆုမေးချင်နေသေးပေမဲ့
သူလှည့်ထွက်သွားတာကို မြင်လိုက်ရတော့ အနောက်ကနေ ဆက်ပြီး လိုက်လာခဲ့တော့တယ်။
သူမ
စိတ်မကြည်စွာနဲ့ အရှေ့ကိုဆက်သွားနေစဥ်မှာ မမျှော်လင့်ပဲ ခလုပ်တိုက်မိကာ
မှောက်ရက်လဲခါနီးဖြစ်သွားတာကြောင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီနေစေဖို့အတွက်
အနားမှာရှိနေတဲ့ တစ်စုံတစ်ခုကို မသိစိတ်ကနေ လှမ်းဆွဲလိုက်မိတယ်။
သတိပြန်ဝင်လာချိန်ကိုရောက်မှ
သူမရဲ့လက်က လင်းချွမ်ရဲ့ခါးကို ဖက်ထားမိတာကို သတိပြုမိလိုက်ရတယ်။
သူမရဲ့မျက်နှာက
တစ်ဖက်လူရဲ့ ခန္ဓာကိုယ်နားမှာတောင် ကပ်နေခဲ့သေးတယ်လေ။
တကယ်ကို
ရှက်စရာကောင်းလွန်းတာပဲ!
သေချာတာပေါ့။
သူမရဲ့ ရှေ့ကအမျိုးသားသည်လည်း တောင့်တင်းသွားသလိုပဲ။ နောက်တော့ သူ့ရဲ့လက်တွေနဲ့
သူမကို ထူမ,ပေးလာခဲ့တယ်။
“အမ် ကျွန်မ
တောင်းပန်ပါတယ်.. ကျွန်မ မရည်ရွယ်ပါဘူး”
“လမ်းကို
ဂရုစိုက်ပြီးလျှောက်ပါ”
ဆုဆု တကယ်ကို
ဂရုတစိုက်နဲ့ လမ်းလျှောက်နေပေမယ့် မှောင်စပျိုးနေတဲ့အချိန်ဖြစ်လို့
ထပ်ပြီးချော်လဲမှာကို ကြောက်နေတုန်းပဲ။
“ဒီက လင်းချွမ်
ကျွန်မ ရှင့်ရဲ့အင်္ကျီစကို ဆွဲကိုင်ထားလို့ရမလား.. ကျွန်မ ထပ်ပြီး လဲမှာကို
ကြောက်လို့”
ဆုဆု
တိုးတိုးလေးပြောလိုက်တယ်။
“....”
လင်းချွမ်က
ဘာမှပြန်မပြောလာခဲ့ဘူး။
ဆုဆုတစ်ယောက်
အနာဂတ်မှာ တစ်ဖက်လူ သဘောမတူဘူးလို့ထင်တာကြောင့် ထိုအဖြောင့်ကောင်လိုအမျိုးသားက
တိတ်တဆိတ် စွန့်ပစ်ခံရတာ ထိုက်တန်တယ်လို့ တွေးနေတုန်းမှာပဲ သူမရဲ့လက်ထဲကို
တုတ်ချောင်းလေးတစ်ချောင်း ရောက်ရှိလာခဲ့တယ်။
“ကိုင်ထား”
“…”
သူမဆီမှာ
မကျေမနပ်ပြောစရာအင်အားတောင် မကျန်တော့ဘူး။
သူမ
ထိုအမျိုးသားပေးလာတဲ့တုတ်လေးကို တိတ်တိတ်လေးဆွဲကိုင်ပြီး လင်းအိမ်သို့
ပြန်သွားခဲ့ရကာ အိမ်ကိုရောက်တယ်ဆိုရင်ပဲ အမေလင်းကို မကျေမနပ်နဲ့ တိုင်တမ်းတော့တယ်။
“အန်တီ..
ကျွန်မရဲ့ လက်က ဆူးနဲ့ထိုးမိသွားသလိုပဲ .. အရမ်းနာနေတယ်”
“ဘယ်လိုထိခိုက်မိသွားတာလဲ
ပြပါဦး”
အမေမေလင်း
ဆုဆုရဲ့ကိုဆွဲယူပြီးကြည့်လိုက်တော့ သူမရဲ့လက်ဖဝါးထဲမှာ
ဆူးတစ်ခုဝင်နေတာကိုတွေ့လိုက်ရတယ်။ ဒါကြောင့် ဆီမီးအိမ်ကိုလှမ်းယူကာ ဆူးကို
ပြန်ထုတ်ပေးလိုက်တယ်။
“ရဲဘော်
လင်းချွမ်ကြောင့်တော့မဟုတ်ပါဘူး.. ကျွန်မ လမ်းမှာတုန်းက ရှင်းရှင်းလင်းလင်း
မမြင်ရလို့ သူ့ရဲ့အင်္ကျီစကိုကိုင်ပြီး လမ်းလျှောက်ပါရစေလို့ တောင်းဆိုခဲ့တယ်လေ..
ဒါပေမဲ့ ရလဒ်ကတော့ သူက လမ်းဘေးက ကောက်လာတဲ့ တုတ်လေးကို ကိုင်ဖို့ဆိုပြီး ပေးလာတယ်”
ဆုဆု အမေလင်းက
သူမအတွက် လက်စားချေပေးလိမ့်မယ်လို့ တွေးထားခဲ့တယ်။
သို့သော်လည်း
ယခုခေတ်ရဲ့ ခိုင်မာမှုက သူမ စိတ်ကူးထားတာထက် အများကြီး ကျော်လွန်နေခဲ့တယ်။
အမေလင်းက သူမကို ပြုံးပြီးပြောလာခဲ့တယ်လေ__
“ချွမ်ဇီက
ဆယ်ကျော်သက်အရွယ်ကတည်းက စစ်တပ်ထဲကိုဝင်ပြီး စစ်တပ်ရဲ့စည်းကမ်းအတိုင်းပဲ
စွဲစွဲမြဲမြဲနေခဲ့တာလေ.. ဒီတော့ မင်းကို ဘယ်လိုလုပ်ပြီး မင်းကို သူ့ရဲ့အနားကို
ပေါ့ပေါ့တန်တန်ချည်းကပ်ခိုင်းပါ့မလဲ.. တကယ်လို့ လူတွေသာမြင်သွားရင် မင်းရဲ့
ဂုဏ်သိက္ခာအတွက် မကောင်းဘူးမလား”
“ဒီလောက်မှောင်နေတာကို
ဘယ်သူက မြင်မှာလဲ”
ဒီလောက်တောင်
မျက်လုံးကောင်းကြတာလား။
တစ်ဖက်မှာတော့
လင်းချွမ်ဇီတစ်ယောက် သူမကြောင့် ခေါင်းကိုက်သလို ခံစားနေရတယ်။ ဒီကလေးမလေးက
ဒီမှာတောင် ပြန်ပြီး တိုင်တမ်းလိုက်သေးတယ်။ သူက သူမရဲ့ ကောင်းကျိုးအတွက်
လုပ်ခဲ့မှန်း သိသာနေတာပဲကို။
ဒါပေမဲ့လည်း
မှားယွင်းနေသေးတာပဲ။ နောက်ကျရင် သူမကိုပေးမယ့် တုတ်ချောင်းမှာ
ဆူးတွေပါနေသေးလားဆိုတာ သူ့ရဲ့လက်နဲ့ အရင်စမ်းကြည့်ရမယ်။ ဒီမိန်းကလေးရဲ့ လက်တွေက
ဒီလောက်တောင် နုဖတ်နေတာကို ဘယ်သူသိခဲ့မှာတဲ့လဲ။
သူ တွေးရင်းနဲ့
ထိုမိန်းကလေးက သူ့ရဲ့ခါးကို ပွေ့ဖက်ထားခဲ့တဲ့ ခံစားချက်ကို ပြန်လည်တွေးလိုက်မိပြီး
အကြောင်းပြချက်မရှိ ထိတ်လန့်သွားခဲ့တယ်။ ဒါကြောင့် တိတ်တဆိတ်နဲ့
သူ့ရဲ့အင်္ကျီကိုချွတ်ပြီး ခန်ပေါ်မှာ သွားထိုင်လိုက်တယ်။ သူက
အိမ်ထောင်ပြုရတော့မယ့်လူဖြစ်ပေမယ့် သူနဲ့စေ့စပ်ထားတဲ့တစ်စုံတစ်ယောက်ရဲ့အကြောင်းကိုတွေးချိန်မှာ
နွေးထွေးမှုကို အနည်းငယ်လေးတောင် မခံစားခဲ့ရဖူးဘူး။ ဒါပေမဲ့ ထိုမိန်းကလေးမှ သူ့ကို
ပွေ့ဖက်ထားချိန်မှာတော့ နည်းနည်းလောက်...
တော်လောက်ပြီ။
မင်းရဲ့ ကိုယ်ပိုင်အလုပ်တွေကိုပဲ အာရုံစိုက်တာကောင်းလိမ့်မယ်။
သူသာ
အာရုံမစိုက်ရင် လမ်းလွဲသွားတော့မှာ။
သူ သူရဲ့
စေ့စပ်ထားသူနဲ့ တွေ့ဆုံပြီး အဆက်အသွယ်လုပ်ခဲ့တာ တစ်နှစ်နီးပါးလောက်ရှိနေပြီ။
ဒါပေမယ့် ဒီလို ရင်ခုန်လှုပ်ရှားမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးဘူး။
သူ့ဆီမှာ
ဘာတွေဖြစ်နေတာလဲ။
မဟုတ်သေးဘူး။
မင်းက မကြာခင်လက်ထပ်ရတော့မယ့်လူပဲ။ အဲဒါတွေကို မစဉ်းစားသင့်တော့ဘူး။
မကျေမနပ်ဖြစ်နေတဲ့
ဆုဆုကတော့ ညဘက် သူမရဲ့အခန်းဆီကို ပြန်လာပြီးနောက်မှာ အရံဇာတ်ကောင်ကို ဘယ်လိုမျိုး
ကယ်တင်ရမလဲဆိုတာကို တွေးတောနေခဲ့ပြန်တယ်။ တစ်ဖက်လူက ဖြောင့်တန်းလွန်းနေပေမဲ့လည်း ၊
သူက ထိုစေ့စပ်ကြောင်းလမ်းမှုကို အဆုံးထိ လိုက်ပါပြီးဆောင်ရွက်နေဦးမှာပဲလို့ သူမ ခံစားမိတယ်။
ထိုအရာက အချစ်ကြောင့်မဟုတ်ပဲ တာဝန်ယူစိတ်ကြောင့်ပဲ။ ကမ္ဘာပေါ်မှာ
ဒီလောက်ထိတုံးအနေတဲ့လူတစ်ယောက်ရှိနေလိမ့်မယ်လို့ သူမ မထင်ခဲ့မိဘူး။ ဒီခေတ်ကတော့
ခေတ်သစ်နဲ့ တကယ်ကွာခြားတာပဲ။
သူမ
ခန်ပေါ်မှာထိုင်ပြီး သူမရဲ့မေးစေ့ကိုပွတ်သပ်ရင်း စာအုပ်ထဲက ဇာတ်ကွက်တွေကို
ပြန်တွေးနေခဲ့တယ်။
တကယ်တမ်းမှာ
စာအုပ်ထဲက ဇာတ်ကွက်တွေက ဇာတ်လိုက်မရဲ့ မှတ်ဉာဏ်တွေထဲက အတိုင်းသာဖြစ်ပြီး သူမက
အမျိုးသားအရံဇာတ်ကောင်က အမျိုးသမီးတွေကို ဘယ်လိုမျိုး ဂရုစိုက်ရမလဲဆိုတာကို
လုံးဝမသိတဲ့အကြောင်း မကျေမနပ်ပြောထားခဲ့တယ်။
လက်မထပ်ခင်တုန်းက
သူမက သူ့ကို အိမ်ကို သပ်ရပ်အောင် ကူညီခိုင်းခဲ့ပေမဲ့ သူက အလုပ်ကို မကူညီပေးခဲ့ဘူး။
အဆုံးမှာ သူမက သူမကို လက်ထပ်ဖို့အတွက် ခန်းဝင်ပစ္စည်းအဖြစ် သူမတောင်းခဲ့တဲ့
ယွမ်တစ်ရာသာရပြီး လက်ထပ်ခဲ့ရတယ်။ ဒါ့အပြင် စောင်အသစ်တစ်ထည်တည်းပဲ ရရှိခဲ့တယ်။
ဒါပေမဲ့ သူမက
လင်းမိသားစုရဲ့အခြေအနေကိုတော့ မသိခဲ့ဘူး။ ထို ခန်းဝင်ပစ္စည်းအတွက် ပိုက်ဆံနဲ့
စောင်ကိုရဖို့အတွက် အမေလင်းက ညသန်းခေါင်အချိန်လောက်အထိ အဖေလင်းနဲ့အတူ
တိုင်ပင်ဆွေးနွေးခဲ့ရတုန့်ပဲ။ သူတို့က အိမ်မှာမွေးတဲ့ ကြက်နှစ်ကောင်ကို ရောင်းပြီး
တခြားသူတွေဆီကလည်း ပိုက်ဆံချေးရင်တောင် ယွမ်တစ်ရာပြည့်ဖို့ မလောက်သေးမှာကို
စိုးရိမ်နေခဲ့ကြတယ်။ ဒါ့အပြင် အဝတ်အစားအတွက် လက်မှတ်တွေကလည်း လိုအပ်သေးတယ်လေ။
လင်းချွမ်က
နှစ်တိုင်းပြန်လာတဲ့အချိန်မှာ လက်မှတ်တွေကို ယူလာခဲ့ပေမဲ့ ထိုလက်မှတ်က
အဝတ်အစားတွေဝယ်ဖို့အတွက်သာ လုံလောက်ခဲ့တယ်။ စောင်ဝယ်ဖို့အထိတော့ မကျန်ခဲ့ဘူးလေ။
နောက်ပြီး စောင်ဝယ်ဖို့အတွက် ပိုက်ဆံလည်း ထပ်ပြီးလိုအပ်သေးတယ်။
“အိုင်းယား
အကြီးဆုံးသား လက်ထပ်ပြီးရင် ကျွန်မတို့ရဲ့ ဒုတိယမြောက်သားကလည်း မကြာခင်
လက်ထပ်ရတော့မှာပဲ.. အဲဒီအချိန်ကျရင်လည်း
ကျွန်မတို့တွေအခုထက်ပိုနည်းပြီးပေးလို့မရဘူး.. ကျွန်မတို့တွေ ပြန်ပြင်နေရမှာကို
စိုးရိမ်တယ်”
အမေလင်းပြောလိုက်တယ်။
“အတူတူပေးရမှာပေါ့..
သားသမီးတွေအကုန်လုံးက အကြွေးရှင်တွေချည်းပဲ”
“ကျွန်မမှာ
သမီးလေးတစ်ယောက်လောက်လိုချင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တခြားလူရဲ့ သမီးကိုပဲ
ပျိုးထောင်နိုင်ခဲ့တယ်.. သူမက လက်ထပ်ပြီးသွားတဲ့ နောက်ရက်မှာတောင် ပြန်မလာခဲ့ဘူး”
“သူနေတဲ့နေရာက
ဝေးလို့ဖြစ်မှာပါ.. ကောင်းပြီ ငါ မနက်ဖြန်ကျရင် အဝတ်အထည်လက်မှတ်အတွက်
အစားအသောက်တွေနဲ့ လဲလှယ်လို့ရမလား ကြည့်လိုက်ဦးမယ်”
“ကျွန်မတို့
မိသားစုရဲ့ စားစရာတွေကက မလုံလောက်တော့ဘူးလေ.. အနာဂတ်မှာ သက်ကြီးရွယ်အိုတွေကို
ထောက်ပံ့ဖို့ လုံလောက်မှာ မဟုတ်ဘူး။”
“
မလုံလောက်ရင်တောင် ထောက်ပံ့ရမယ်.. အများဆုံး လူတစ်ယောက်ကို
ထမင်းတစ်နပ်လျှော့စားပြီး ခါးကို တင်းတင်းကြပ်ကြပ်ဝတ်ထားကြရုံပဲပေါ့ကွာ”
ဆုဆု ထပ်ပြီး
သည်းမခံနိုင်တော့ဘူး။ သူမ အထည်လက်မှတ်ကိုသူမရဲ့အဝတ်အစားထဲမှာ
တင်းကြပ်နေအောင်ထည့်ပြီး ဒီအိမ်မှာ နှစ်ရက်လောက် စားသောက်ပြီးနေပြီ။ နောက်ပြီး
ဒီမိသားစုက သူမကို ကောင်းကောင်း ဆက်ဆံကြတယ်လေ။
ဒါကြောင့် သူမရဲ့
ပိုက်ဆံအိတ်ကို အားနည်းတဲ့ အလင်းရောင်အောက်မှာ ထုတ်ယူလိုက်ပြီး
အထည်လက်မှတ်နှစ်ခုကို ထုတ်ယူလိုက်တယ်။ သူ့အနေနဲ့ ပိုက်ဆံ သို့မဟုတ် တခြားတစ်ခုခု
ချေးငှားဖို့ တွေးခဲ့ပေမဲ့လည်း ဒီခေတ်မှာ လက်မှတ်တွေက ပိုက်ဆံထက်တောင်
ပိုရှားပါးပြီး တန်ဖိုးပိုမြင့်နေတဲ့ပုံပဲ။
“အန်တီ ဦးလေး ..
ကျွန်မ ဝင်လာဦးမယ်နော်”
“လာခဲ့လေ
မိန်းကလေး .. ညဘက်ကြီး ဘာလို့ အပြင်ထွက်လာတာလဲ? အပြင်မှာ အရမ်းအေးတယ်”
သူ စကားပြီးတာနဲ့
ဆုဆုတစ်ယောက် ည၀တ်အင်္ကျီကိုဝတ်ပြီး အိမ်ထဲသို့ဝင်လာတာကို တွေ့လိုက်ရတယ်။
ဆောင်းရာသီက အိမ်ထဲမှာတောင် အေးနေပြီး တုန်ယင်နေရတယ်။
“စောင်ထဲကို
မြန်မြန်ဝင်လိုက်”
အမေလင်းက
စောင်ကိုလှစ်ပေးလာတာကြောင့် ဆုဆုလည်း ယဉ်ကျေးမနေတော့ဘဲ စောင်ထဲသို့
တိုးဝင်လိုက်တယ်။ ယခုခေတ် အရှေ့မြောက်ကျေးလက်ဒေသတွေမှာက မယဉ်ကျေးဘူးဆိုတာကိုက
ယဉ်ကျေးမှု တမျိုးပဲ။ ဒါ့အပြင် သူမသည်လည်း မေလင်းကို သဘောကျတယ်လေ။
“အန်တီ ကျွန်မ
အန်တီတို့ဆီမှာ လက်မှတ်တွေ ပြတ်နေတယ်လို့ပြောနေတာကို အခန်းထဲကနေ ကြားနေရလို့..
ပြီးတော့ ကျွန်မရဲ့လက်ထဲမှာလည်း လက်မှတ်တွေရှိနေတာကို တွေးမိလို့ အန်တီတို့ဆီကို
လာပေးတာပါ”
သူမက
စကားပြောပြီးတာနဲ့ လက်မှတ်နှစ်စောင်ကိုထုတ်ကာ
အမေလင်းရဲ့ခေါင်းအုံးပေါ်မှာတင်လိုက်ကာ သူမရဲ့ခြေထောက်မှာ ခြုံထားတဲ့စောင်ကို
ပြန်ခွာလိုက်တယ်။
အမေလင်းက
စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။
“ဒါက
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီကိစ္စက ငါတို့ရဲ့အိမ်တွင်းရေးကိစ္စပါ မင်းက ...”
“အန်တီ..
အန်တီတို့အိမ်က အခုအရင်လိုနေတာလေ.. ကျွန်မရဲ့အဝတ်အစားတွေအတွက် စိတ်ပူနေစရာ
မလိုပါဘူး.. အရမ်းအေးတာပဲ.. ကျွန်မ အိမ်ပြန်လိုက်ဦးမယ်”
ဆုဆု အိမ်ထဲမှ
အမြန်ပြေးထွက်လာချိန်မှာ နံရံကြီးတစ်ခုနဲ့ တိုက်မိတော့တယ်။
**