(2)စာအုပ်ထဲမှ
အမျိုးသား
ဒဏ်ရာတွေ၊
ကြောက်ရွံ့မှုတွေနှင့် ရှေးခေတ်ဆီသို့ ကူးပြောင်းသွားရတဲ့အပေါ်
သက်ရောက်မှုများကြောင့် ဆုဆုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အမှောင်ထုထဲသို့
သတိလစ်မေ့မျောသွားရတော့တယ်။
လင်းချူအန်းသည်တော့
သူ့ရဲ့ လည်ပင်းဆီကို တစ်ဖက်လူရဲ့ခေါင်းက ငိုက်စိုက်ကျလာတာကို ခံစားလိုက်ရပြီး
တစ်ကိုယ်လုံး တောင့်တင်းသွားရလေတော့တယ်။ သူရဲ့အသက်က
ယခုနှစ်မှာ(25)နှစ်ရှိပြီဖြစ်ပေမဲ့ ဒီအသက်အရွယ်အထိ ဆန့်ကျင်ဘက်
မိန်းကလေးတစ်ယောက်နဲ့ ရင်းရင်းနီးနီးထိတွေ့ဆက်ဆံဖူးတာက အခုတစ်ကြိမ်မှာ ပထမဆုံးပဲ။
သို့ပေမဲ့
သူ့ဆီမှာ တခြားသောအတွေးတွေ မတွေးနိုင်ပါဘူး။
မင်းမှာသာ
အရည်အချင်းရှိရင် တောင်ပေါ်ကနေ မြန်မြန်ဆင်းနိုင်ဖို့လုပ်သင့်တယ်!
ဒီနေ့မှာ သူ
အိမ်ကို စောစောပြန်ရောက်နိုင်ဖို့အတွက် ဖြတ်လမ်းကသွားဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့
ဒီတောင်ပေါ်မှာ ဘယ်လောက်ထိအန္တရာယ်များလဲဆိုတာကို တောင်ရဲ့အနီးတဝိုက်မှာ
နေထိုင်တဲ့လူတွေပဲ သေသေချာချာနားလည်နိုင်လိမ့်မယ်။
ညဘက်တွေမှာ
ဝံပုလွေတွေထွက်လာတတ်ရုံတင်မကဘဲ ဝက်ဝံတွေလည်း ရှိနေတတ်သေးတယ်။ သူသာ
ထိုသားရဲတွေနဲ့တွေ့မယ်ဆိုရင် ရှောင်ထွက်သွားဖို့အတွက် ခက်ခဲသွားလိမ့်မယ်။
သူ့ရဲ့နောက်ကျောမှာ အနည်းငယ်ထူးဆန်းပေမဲ့ သိမ်မွေ့တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့
မိန်းကလေးတစ်ယောက်ကိုပါ ချီထားတာတာကိုတော့ ထည့်မပြောနဲ့ဦး။
သို့ပေမဲ့
လင်းချူအန်းဆိုတာက ဒီဒေသတစ်ခုလုံးမှာရှိနေတဲ့ ထိပ်တန်းစစ်သားတစ်ယောက်ပဲ။ သူက
တစ်စုံတစ်ယောက်ကို သူ့ရဲ့နောက်ကျောမှာပိုးထားရင်တောင် ရွာအစွန်နားအထိ
အလျှင်အမြန်ရောက်ရှိလာတယ်။
သူက
ဒီမိန်းကလေးကို ကယ်တင်ဖို့အတွက် သူ့ရဲ့နောက်ကျောမှာ တင်ထားခဲ့ပေမဲ့
ရွာထဲကိုဝင်တော့မဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံးရဲ့ ဂုဏ်သတင်းကို
ထိမ်းသိမ်းဖို့ရန်အတွက် အခြေအနေတွေကို လှည့်ပတ်စစ်ဆေးခဲ့ကာ ဘယ်သူမှမရှိတာကိုတွေ့မှ
ရွာအစွန်မှာရှိနေတဲ့ အိမ်ဆီကို အပြေးအလွှားဝင်သွားခဲ့တယ်။
လင်းမိသားစုက
ရွာခံတွေမဟုတ်ဘူး။ သူတို့ရဲ့မွေးရပ်မြေမှာ ရေကြီးတာကြောင့်
ယခုရှောင်ရှန်ရွာလေးဆီကို ပြောင်းရွှေ့နေထိုင်ကြတာဖြစ််လေတယ်။ ဒီရွာက
အဆင့်အတန်းမမြင့်ပေမဲ့ သူတို့ကို ဖယ်ရှောင်ခြင်းတော့ မရှိကြဘူး။ သို့ပေမဲ့
သူတို့ရဲ့မိသားစုက လူဦးရေများပြားတာကြောင့် အတော်လေး ဆင်းရဲလွန်းတယ်။
လင်းချူအန်း
အသံမပေးပဲ အိမ်ထဲသို့ဝင်လာခြင်းကြောင့် လင်းမိသားစုကို တကယ်ထိတ်လန့်သွားစေခဲ့တယ်။
ပြီးနောက် လင်းချူအန်းက အနီရောင်ဂွမ်းကတ်အင်္ကျီနဲ့ မိန်းကလေးတစ်ယောက်ကို
အပူပေးခန်ပေါ်မှာ နေရာချပေးလိုက်တာကိုလည်း အံ့ဩတကြီး အမူအယာနဲ့ ကြည့်နေခဲ့ကြတယ်။
သူရဲ့လက်ထဲမှာလည်း အလွန်ကြီးမားတဲ့ ကျောပိုးအိတ်တစ်လုံး အပိုပါလာသေးတယ်လေ။
“ဒါက
ဘာဖြစ်လာခဲ့တာလဲ?”
အမေလင်းက
ဆီမီးအိမ်ထွန်းညှိရင်း မေးလာတယ်။ သူမရဲ့အကြီးဆုံးသားက စစ်တပ်ထဲဝင်ပြီးတဲ့နောက်မှာ
အိမ်ကိုပြန်လာတာ ရှားပါးလွန်းတယ်။ ဒီနှစ်မှာ ဒါကပထမဆုံးအကြိမ်ပြန်တာတာပဲ။
သူက
သူမရဲ့ချွေးမကိုပါ ပြန်ခေါ်လာခဲ့တာလား? သူတို့ရဲ့သားက စေ့စပ်ထားသူရှိနေပေမဲ့
ရိုးရိုးသားသားပြောရရင် ထိုမိန်းကလေးကို သူတို့တွေ သိပ်ပြီး သဘောမကျလှဘူး။ သူသာ
သူ့ရဲ့အသိစိတ်နဲ့ သူတို့အတွက် ချွေးမလေးတစ်ယောက်ကို ပြန်သယ်ပေးနိုင်ရင် ကောင်းမယ်။
သူမ
ထိုအကြောင်းကိုတွေးမိပြီးနောက် ပျော်ရွှင်သွားကာ သူမရဲ့သားကြီးကို အပြုံးတစ်ခုနဲ့
ရိုက်လိုက်တယ်။
“ကောင်းပြီ..
မင်းက ငါတို့အတွက်ချွေးမလေးတစ်ယောက် အိမ်ကိုပြန်ခေါ်လာပေးတာလား။”
တံခါးပေါက်ဆီမှ
ခေါင်းလေးတွေက တစ်လုံးမှ နှစ်လုံး၊ နှစ်လုံးမှ သုံးလုံးထွက်ပေါ်လာကာ
(17)နှစ်အရွယ်ရှိတဲ့ ဒုတိယသားက လှမ်းမေးလာတယ်။
“အမေ ဒါက မရီးလား”
လင်းချူအန်း
သူ့ရဲ့မျက်ခုံးမွှေးတွေကို ဖိပွတ်လိုက်မိပြီး ပြောလိုက်တယ်။
“ဘာကို မရီးလဲ..
ငါက စေ့စပ်ထားပြီးသားပဲ.. သွားအိပ်လိုက်ကြတော့”
သူ့အစ်ကိုကြီးအကြောင်း
စိုးရိမ်နေတဲ့လင်းဟိုင်ကတော့ ညီလေးတွေကို အိပ်ယာဆီသို့
ပြန်လည်ဆွဲခေါ်သွားရတော့တယ်။
အဖေလင်းက
မျက်မှောင်ကြုတ်ကာ မေးလာတယ်။
“ဒါ
မင်းရဲ့ဇနီးမဟုတ်ဘူးဆိုရင် သူ့ကို ဘာလို့ပြန်သယ်လာတာလဲ”
“ကျွန်တော် သူ့ကို
တောင်ပေါ်ကနေ ခေါ်လာတာ”
လင်းချူအန်း
သူ့အမေကိုပြောလိုက်တယ်။
“သူမရဲ့ခြေထောက်က
ဒဏ်ရာရနေပုံပဲ.. အမေ.. တစ်ချက်လောက် ကြည့်ပေးလိုက်ပါဦး”
“ကောင်းပြီ”
လင်းမိသားစုမှ
လူတိုင်းက ကြင်နာတတ်ကြတယ်။ သူတို့တွေက တောင်ပေါ်မှ ခေါ်လာတယ်ဆိုတဲ့စကားကိုကြားတော့
တစ်စုံတစ်ရာခက်ခဲမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာကို ရိပ်မိသွားခဲ့ကြတယ်။
ပြသနာတစ်ခုခုရှိလာရင်
ကူညီပေးရမှာပေါ့။ ငါတို့ရဲ့သားက မှန်ကန်တဲ့အရာကိုလုပ်ခဲ့တာပဲ။
ဒါကြောင့်
အမေလင်းက ချက်ချင်းပဲ ရေနွေးပူတစ်ချို့လောင်းထည့်လာကာ ခန်ပေါ်မှာရှိနေတဲ့
မိန်းကလေးရဲ့ နွေးထွေးပုံရတဲ့ လေသာရှူးဖိနပ်တစ်စုံကိုချွတ်ပေးလိုက်ပြီး ဘေးမှာ
ဂရုတစိုက်ချပေးထားကာ ပြောလာတယ်။
ပြီးနောက်မှာတော့
သူမရဲ့ခန္ဓာကိုယ်နဲ့အကိုက်လိုက်ဖက်စွာဝတ်ဆင်ထားတဲ့ ဘောင်းဘီကလည်း
ကြုံ့နိုင်ဆန့်နိုင်မှန်းကို သိလိုက်ရတာကြောင့် အပေါ်ကိုပဲ ဆွဲတင်လိုက်တယ်။
“အိုး..
ဒီကောင်မလေးက ဘာလို့ ဒီလောက်တောင် ဖြူဆွတ်နေရတာလဲ.. သူက ငါတို့ရဲ့
လေးယောက်မြောက်ကလေးထက်တောင် ပိုပြီးနုနယ်နေသလိုပဲ”
အမေလင်း
ထပ်ပြောလာတယ်။
လင်းချူအန်းက
မူလတုန်းက ထိုမိန်းကလေးရဲ့ မူလဇစ်မြစ်ကို သံသယဝင်ကာ တွေးတောနေတာဖြစ်ပေမဲ့
သူ့အမေရဲ့စကားကိုကြားချိန်မှာ သတိလက်လွတ်နဲ့ သူမရဲ့ခြေထောက်တွေကို
စိုက်ကြည့်မိသွားတယ်။ သူမရဲ့ ခြေထောက်တွေက တကယ့်ကို ဖြူဖွေးနေတာပဲ။
မဟုတ်သေးဘူး။
မင်း ဘာတွေစဉ်းစားနေတာလဲ။
သူ့ရဲ့အတွေးကို
သဘောပေါက်သွားချိန်မှာတော့ လင်းချူအန်းတစ်ယောက် ချက်ချင်းပဲ အာရုံလွှဲလိုက်ကာ
သူမနဲ့ပါလာတဲ့ ကျောပိုးအိတ်ကြီးကို ဆွဲယူလိုက်တယ်။
ဖေဖေလင်း: “မင်းဘာတွေလုပ်နေတာလဲ..
မိန်းကလေးတစ်ယောက်ရဲ့ ပစ္စည်းတွေကို သွားထိမလို့လား”
“ကျွန်တော်က
စစ်သားတစ်ယောက်ပဲ.. သူမ ဘယ်ကနေရောက်လာတာလဲဆိုတာကို ကျွန်တော် သံသယဝင်နေလို့..
နောက်ပြီး သူမက မတိုင်ခင်တုန်းက အချက်ပြစနစ်(ဖုန်းလိုင်းမိ)အကြောင်းကိုလည်း
ထည့်ပြောခဲ့သေးတယ်.. ဒါကြောင့် ကျွန်တော် နည်းနည်းလောက်သံသယ...”
သူ ဆက်မပြောပေမဲ့
အဓိပ္ပါယ်က ရှင်းလင်းနေတယ်။
အဖေလင်းကလည်း
စကားကိုရပ်တန့်လိုက်တယ်။ တိုင်းပြည်က လက်တလောမှာမှ တည်ငြိမ်အေးချမ်းလာတာဖြစ်ပြီး
အုပ်ချုပ်မှုပိုင်းကလည်းတင်းကြပ်လွန်းတယ်။ သူ့ရဲ့သားဖြစ်သူက တပ်မတော်ရဲ့
အရာရှိတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်မှာ ခိုင်လုံတဲ့
အကြောင်းပြချက်ရှိနေလိမ့်မယ်။
သို့ပေမဲ့
သူကတော့ သူစိမ်းအမျိုးသမီးတစ်ယောက်ရဲ့ပစ္စည်းတွေကို ကြည့်ဖို့ အဆင်မပြေတာကြောင့်
ဆေးလိပ်ကိုမီးညှိလိုက်ပြီး ထိုအထုပ်ဘက်ကိုလှည့်မကြည့်ပဲ ဆေးလိပ်သောက်နေလိုက်တယ်။
“ငါကတော့
မင်းအတွေးလွန်နေတယ်လို့ထင်တာပဲ.. ဒီလိုမိန်းကလေးတစ်ယောက်က
ဘာတွေများလုပ်နိုင်မှာလဲ.. ကံကောင်းလို့ ဒဏ်ရာက မပြင်းထန်လို့သာပေါ့.. အဘိုးကြီး..
မနှစ်တုန်းက ကျွန်မ ဒဏ်ရာရတဲ့အချိန်မှာကပ်ခဲ့တဲ့ ပလတ်စတာကို သွားရှာလိုက်ဦး..
ဒီမိန်းကလေးကို ကပ်ပေးရမယ်”
“ကောင်းပြီ”
ဖေဖေလင်း
ထွက်သွားပြီးနောက် လင်းချူအန်းသည်လည်း သူ ရှာနေတဲ့ ရန်သူဖက်နဲ့ပတ်သက်တဲ့
အထောက်အထားတွေကို ရှာမတွေ့ခဲ့ဘူး။ သို့ပေမဲ့ အိတ်ထဲမှ ဖိုင်တွဲတစ်ခုကို
တွေ့ခဲ့တာကြောင့် သူ ဖွင့်ဟပြီးကြည့်လိုက်တော့
ထိုမိန်းကလေးရဲ့နောက်ခံအထောက်အထားအကြောင်းကို မြင်တွေ့လိုက်ရကာ စိတ်သက်သာရာရစွာနဲ့
သက်ပြင်းချလိုက်မိပြီး အိတ်ကိုပြန်ပိတ်လိုက်တယ်။
အမေလင်း: “ ကောင်းပြီ..
သံသယမဖြစ်တော့ဘူးမလား”
“အင်း”
လင်းချူအန်းက
စကားအများကြီးဆက်မပြောလာတော့ဘဲ ခန်ပေါ်မှာရှိနေတဲ့ မိန်းကလေးဆီကိုသာ တိတ်တဆိတ်
စိုက်ကြည့်လာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သံသယနည်းနည်းလေးတောင်မပါတော့ဘူး။ ဒါက
အလွန်အမင်းရှားပါးလွန်းလှတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်နေတာပဲ။
အံ့သြစရာကောင်းလိုက်တာ။
ငှက်တွေတောင်
ဖြတ်မသွားချင်လောက်အောင် ခေါင်လွန်းတဲ့နေရာဆီကို ဒီလိုမိန်းကလေးမျိုးရောက်လာတာက
တကယ့်ကို ထူးခြားလွန်းတယ်။
သူတွေးပြီးနောက်
ကျောခိုင်းလိုက်ကာ ဆန်ပြုတ်ချက်ဖို့အတွက် ထွက်ခွာလာခဲ့တယ်။ သူစားရတာမစားရတာက
အရေးမကြီးပေမဲ့ ဒီကောလိပ်ကျောင်းသူရဲဘော် နိုးလာတဲ့အချိန်ကျရင် ဗိုက်ဆာနေလိမ့်မယ်။
အဖေလင်းနဲ့
အမေလင်းတို့ကတော့ စကားပြောရတာကို သဘောမကျတဲ့ သားဖြစ်သူကို ကိုင်တွယ်ဖြေရှင်းဖို့
နည်းလမ်းမရှိတော့တာကြောင့် မိန်းကလေးရဲ့ကိုယ်ပေါ်မှ ဒဏ်ရာတွေကိုသာ ဂရုစိုက်ပေးကာ
စောင်နဲ့လွှမ်းခြုံပေးလိုက်ပြီး ဘာလုပ်ကြမလဲဆိုတာကို ဆွေးနွေးနေကြတယ်။
ညမှောင်နေပြီဖြစ်လို့
အခုချိန်မှာတော့ ကျေးရွာရဲ့ခေါင်းဆောင်ဆီကို သွားဖို့မဖြစ်နိုင်လောက်တော့ဘူး။
သူတို့တွေ သူမကို ဒီမှာပဲ နေခိုင်းထားရတော့မှာပဲ။
ကံကောင်းထောက်မစွာနဲ့
သူတို့ရဲ့မွေးစားသမီးဖြစ်သူ လက်ထပ်ပြီးတဲ့ နောက်မှာ သူမနေခဲ့တဲ့ အိမ်လေးက
ရှိနေသေးတာကြောင့် ထိုနေရာမှာ အိပ်ခိုင်းထားလို့ရတယ်။
သူတို့တွေတွေးတောနေချိန်မှာတော့
ကန်းပေါ်မှာအိပ်နေတဲ့ မိန်းကလေးက ဖြည်းညှင်းစွာနိုးလာခဲ့ပြီ။
ဆုဆု သူမက
ရှေးခေတ်ကို အမှန်တကယ်ရောက်ရှိလာကြောင်းကို အတည်ပြုခဲ့ပြီး သူမက ဇာတ်လမ်းထဲမှ
အချစ်ရူးဇာတ်ပို့အမျိုးသားထံမှ ကယ်ဆယ်ခံခဲ့ရတယ်။
ထိုအချစ်ရူး
အမျိုးသားဇာတ်ပို့ လင်းချူအန်းက အမှန်တကယ် ဇာတ်လိုက်တစ်ယောက်ဖြစ်ပြီး သူမ
တွေးနေသလို ရိုက်ကူးရေးလုပ်တာလည်းမဟုတ်သလို cosplayလုပ်နေတာလည်းမဟုတ်ခဲ့ဘူး။
သို့ပေမဲ့ စာအုပ်ထဲမှာ သူက တကယ့်ကို သနားစရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်ခဲ့တယ်။
လွန်ခဲ့သော
ဆယ်နှစ်ခန့်က သူတို့မိသားစုက ဇာတ်လိုက်မတို့ မိသားစုနဲ့
စေ့စေပ်စာချုပ်,ချုပ်ဆိုခဲ့ကြတယ်။ ဇာတ်လိုက်မ လင်းမိသားစုကို
ပြုစုစောင့်ရှောက်ဖို့အတွက်ဆိုပြီး ရောက်လာချိန်မှာလည်း လင်းမိသားစုကလူတွေက
ကြင်နာတတ်ပြီး အလွန်ပဲရိုးသားကြတယ်။ သူတို့က ဇာတ်လိုက်မကို သံသယနည်းနည်းလေးတောင်
မဝင်ခဲ့ပဲ ပညာတတ်လူငယ်ဘဝမှာပဲ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးခဲ့ကြတယ်။
( t/n_ လက်မထပ်ရသေးပေမဲ့
ယောက္ခမရဲ့အိမ်မှာ ဝတ်ကြီးဝတ်ငယ်လုပ်ဖို့ဆိုပြီး လာခဲ့ပေမဲ့ လင်းမိသားစုက
အေးအေးဆေးဆေးပဲနေလို့ရတယ်ဆိုပြီး ပြန်လွှတ်လိုက်တယ် လို့ပြောချင်တာထင်ပါတယ်)
ဒီလိုနဲ့ဇာတ်လိုက်မက
တစ်နှစ်အကြာမှာပဲ တက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့ပြီး ဒီဒေသအတွင်း ပထမဆုံးသော
ကောလိပ်ကျောင်းသူဖြစ်လာခဲ့ကာလင်းမိသားစုဝင်တွေကတော့ အလွန်အမင်းဂုဏ်ယူခဲ့ကြတယ်။
သို့ပေမဲ့
ဇာတ်လိုက်မရဲ့မိသားစုက သမီးတွေထက် သားတွေကိုသာ ဦးစားပေးခဲ့တာကြောင့် သူမ
ကောလိပ်တက်ဖို့အတွက် လိုအပ်တဲ့အခကြေးငွေအားလုံးကို လုံးဝမပေးခဲ့တဲ့အတွက်
သူမရဲ့အသုံးစရိတ်အားလုံးကို လင်းမိသားစုကသာ ပေးဆောင်ခဲ့ရတယ်။
အဆုံးမှာတော့
ဇာတ်လိုက်မက ကျေးရွာခေါင်းဆောင်ဖြစ်တဲ့ ဇာတ်လိုက် လင်းတုံဟဲနဲ့
တိတ်တဆိတ်ချစ်ကြိုက်သွားခဲ့တယ်။ ဇာတ်လိုက် လင်းတုံဟဲက လက်ရှိမှာ
ကျေးရွာခေါင်းဆောင်ဖြစ်နေပေမဲ့ တကယ်တမ်းမှာတော့ သူက စစ်တပ်မှ
အဆင့်မြင့်အရာရှိရဲ့သားဖြစ်ပြီး စစ်ပွဲအတွင်းမှာ လင်းမိသားစုထံမှာ
ပြုစုပျိုးထောင်ပေးဖို့ ခဏတာ ထားခဲ့တာဖြစ်လေတယ်။ သူက မကြာခင်မှာပဲ
မြို့ကိုပြန်သွားလိမ့်မယ်။
ဇာတ်လိုက်မကို
ပညာသင်ဖို့ထောက်ပံ့ပေးခဲ့တဲ့ အရံဇာတ်ကောင် လင်းချူအန်းကတော့ တစ်ဖက်မှမိန်းကလေးထံမှ
အချစ်ဆိုတာ လွတ်လပ်တဲ့ခံစားချက်တွေပဲဖြစ်ကြောင်း၊ ငယ်ရွယ်တဲ့လူငယ်တွေက
အယူအဆဟောင်းတွေကို လက်ခံတော့မှာမဟုတ်ကြောင်း ပြောတာတွေကို နားထောင်ခဲ့ရတယ်။
နောက်တော့ သူရဲ့ အသက်အရွယ်ကြောင့် လက်ထပ်ဖို့ရာအတွက်
ကောင်းမွန်တဲ့ဇနီးတစ်ယောက်ကိုမရှာနိုင်တော့တဲ့အတွက် ငယ်ရွယ်တဲ့မုဆိုးမတစ်ယောက်နဲ့
လက်ထပ်ဖို့ စီစဥ်ပေးခံခဲ့ရတယ်။
ထိုမုဆိုးမကလည်း
သစ္စာမဲ့ခဲ့ပြီး ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ ရွာကိုပြန်လာခဲ့ချိန်မှာ
တစ်ခြားလူနဲ့ ဖောက်ပြန်နေတာကို ဖမ်းမိခဲ့ကာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ကပဲ
ထိုမုဆိုးမကို သေဖို့အထိ ဖိအားပေးခဲ့ကြတယ်။
ဒီအကြောင်းတွေကြောင့်
လင်းမိသားစုကို တစ်ရွာလုံးဆီမှာ အထင်သေးခံရဖို့ဖြစ်လာခဲ့ပြီး လူအိုကြီးစုံတွဲက
တောင့်မခံနိုင်တော့ပဲ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားခဲ့ကြတယ်။
ကျန်ရှိနေတဲ့လူတွေကလည်း
တကွဲတပြားဆီဖြစ်သွားခဲ့ကာ မူလတုန်းက ပျော်ရွှင်စရာအိမ်လေးက ပျောက်ကွယ်သွားခဲ့ပြီး
အပျက်အစီးတွေကသာ ကျစ်ရစ်နေခဲ့တယ်။
ကံဆိုးလွန်းခဲ့တဲ့
လင်းချူအန်းကတော့ သူ့ရဲ့အလုပ်မှာ အောင်မြင်ဖြစ်ထွန်းခဲ့ပေမဲ့ ဘဝတစ်လျှောက်လုံး
အိမ်ထောင်မပြုခဲ့ဘူး။
သိုပေမဲ့လည်း
ဇာတ်လိုက်မကတော့ သူ့ကို မကြာခဏအကူအညီအတွက် တောင်းဆိုတတ်တယ်။ သူမက သူ့ကို
အစ်ကိုကြီးတစ်ယောက်လိုမျိုး သဘောထားတာကြောင့် သူမရဲ့ပြသနာတွေကိုလည်း ကူညီပေးပါဦး
ဆိုတာမျိုးတွေနဲ့ပေါ့။