၁၉၆၀ ခုနှစ်က အမျိုးသားဇာတ်လိုက်၏ မေမေလေးအဖြစ်
ကူးပြောင်းသွားခြင်း
အပိုင်း ၁၂
လုနန်က မျက်တောင်ခတ်လိုက်ပြီး သူက ဒီလောက်ကောင်းကောင်း
မေးနေမှတော့ သူမက ပြန်ချုပ်တည်းထားစရာ မလိုတော့ဘူးလို့ စဉ်းစားလိုက်သည်။
အရင်က ဒေါ်လေးစွင်းက အိမ်ထဲမှာ အခန်းငယ်လေးတစ်ခန်း
ရှိခဲ့သည်။ ဒါပေမဲ့ အခန်းက အခြေအနေ မကောင်းပေ။ ပြတင်းပေါက်က သေးပြီး အလင်းရောင် အများကြီး
ဝင်မလာဘူး၊ ကုတင်ကလည်း သစ်သားပြားတွေနဲ့ ယာယီဆောက်ထားတာဖြစ်သည်။ အခန်းက လူတစ်ယောက်
ဝင်ထွက်ဖို့လောက်တောင် မကျယ်သလောက်ပင်။
ဒေါ်လေးစွင်းက ပုံမှန်အားဖြင့် သူမအိမ်မှာပဲ နေပြီး
အဲဒီအခန်းကို သူမပစ္စည်းတွေ ထားဖို့လောက်ပဲ သုံးတာဖြစ်သည်။ ဒီလို စီစဉ်ထားတာ နှစ်ပေါင်းများစွာ
ကြာတော့ သူမလည်း အသားကျနေပြီ၊ ဒါပေမဲ့ ဒေါ်လေးဝူကတော့ မတူပေ။
ဒေါ်လေးဝူက သင့်တော်တဲ့ နေထိုင်စရာနေရာ လိုအပ်သည်။
ဒေါ်လေးဝူ အသက်ကြီးလာတာနဲ့အမျှ ဒီလို အလင်းရောင် မကောင်းတဲ့နေရာမှာ ထားလို့မဖြစ်ပေ။
အချိန်ကြာလာရင် သူမကျန်းမာရေးကို ထိခိုက်နိုင်သည်။
ဖေး မိသားစုအိမ်ရဲ့ ပထမထပ်မှာ အဲဒီအခန်းငယ်လေးအပြင်
အလားတူ အပြင်အဆင်ရှိတဲ့ နောက်ထပ်အခန်းတစ်ခန်း ရှိသေးသည်။ အခန်းနှစ်ခန်းက နံရံတစ်ခုနဲ့
ကွဲနေသည်။ ဒီအခန်းကို အစောင့်နဲ့ ယာဉ်မောင်းဖြစ်တဲ့ ရှောင်ကျိုးကို ပေးထားတာ၊ သူကလည်း
ဒေါ်လေးစွင်း လိုပဲ ညဘက် အဲဒီအခန်းငယ်လေးမှာ မအိပ်ပေ။ နားဖို့နဲ့ ပစ္စည်းထားဖို့ပဲ
သုံးသည်။
လုနန်က အခန်းနှစ်ခန်းကို ပေါင်းပြီး ပိုကျယ်တဲ့
နေရာတစ်ခု ဖြစ်အောင်လုပ်မယ်၊ နည်းနည်း ပြန်ပြင်မယ်၊ လေဝင်လေထွက်ကောင်းအောင် လုပ်မယ်လို့
စီစဉ်ထားသည်။ အဲဒီအခါ ဒေါ်လေးဝူ သက်သက်သာသာ ပြောင်းရွှေ့နေနိုင်လိမ့်မည်။
ရှောင်ကျိုးအတွက်တော့ သူမက တိတ်တိတ်ဆိတ်ဆိတ်ပဲ
တောင်းပန်လိုက်သည်။ နောက်မှ ဒေါ်လေးဝူကို သူ့အတွက် ပိုပြီး အရသာရှိတဲ့ အစားအစာတွေ ပြင်ဆင်ခိုင်း
ရမယ်လို့ စဉ်းစားလိုက်သည်။
“အဲဒီလိုဆိုရင် အဆင်ပြေမယ်ထင်လား” လုနန်က သူမရဲ့
အကြံဉာဏ်ကို ဖေးကျီအန်းကို ပြောပြလိုက်သည်။ “ပြုပြင်မှုတွေ မပြီးမချင်း ဒေါ်လေးဝူက
ကျွန်မနဲ့အတူ အိပ်လို့ရတယ်”
ဖေးကျီအန်းက တိတ်ဆိတ်စွာ နားထောင်ပြီး ခဏတာ စဉ်းစားပြီးမှ
အကြံပြုလိုက်သည်။ “ဒေါ်လေးဝူကို ဒုတိယထပ်ကို ပြောင်းလိုက်ရင် မကောင်းဘူးလား”
“ဒုတိယထပ်လား” လုနန်က နားမလည်စွာ မေးလိုက်သည်။
“ဒါပေမဲ့ အဲဒီမှာ အခန်းလွတ် မရှိဘူးလေ”
ဖေးကျီအန်းက ပြန်ဖြေသည်မှာ “ရှောင်ဟွိုက်ရဲ့အခန်းကို
ဖယ်ပြီး ရှောင်ဟွိုက်ကို ဖေးကျန့်နဲ့အတူ ပြောင်းနေခိုင်းလို့ရတယ်”
“အိုး၊ အဲဒါတော့ မဖြစ်ဘူး!” ဒေါ်လေးဝူက ထိတ်လန့်စွာ
ခေါင်းယမ်းလိုက်ပြီး ထိုအကြံကို ငြင်းပယ်လိုက်သည်။
လုနန်သည် ဒေါ်လေးဝူ၏ လက်ကို ကိုင်ထားပြီး ခဏတာ
စဉ်းစားပြီးမှ ခိုင်မာစွာ ငြင်းပယ်လိုက်သည်။ “ရှောင်ဟွိုက်နဲ့ ဖေးကျန့်အခန်းအတူတူ နေတာ
မကောင်းဘူး။ ဖေးကျန့်က သူ့ကိုယ်ပိုင်နေရာကို လိုချင်လိမ့်မယ်”
ဆယ်ကျော်သက်အရွယ် ကလေးများသည် သူတို့၏ ကိုယ်ပိုင်နေရာကို
အလွန်အမင်း တန်ဖိုးထားကြသည်။ အသက်နှစ်ဆယ်တွင် လုနန်က ဤကိစ္စနှင့်ပတ်သက်၍ ဖေးကျီအန်းထက်
သူမက ပို၍ ဆုံးဖြတ်နိုင်သည်ဟု ခံစားရသည်။
ထို့အပြင် ဖေးကျန့်၏ သဘောတူညီချက်မရှိဘဲ သူ၏ ညီအစ်ကိုအတွက်
သူ၏ အခန်းတစ်ဝက်ကို ယူရန် ဆုံးဖြတ်ခြင်းသည် ရိုင်းစိုင်းရုံသာမက မိသားစုသဟဇာတဖြစ်မှုကိုလည်း
ထိခိုက်စေမည် ဖြစ်သည်။
မည်သည့်ကလေး၏ ခံစားချက်ကိုမဆို စဉ်းစားကြည့်လို့ရသည်။
မိထွေးတစ်ယောက်သည် သူမ၏ သားနှင့်အတူ ဝင်ရောက်လာပြီး အခြားသူတစ်ဦးကို လာရောက်နေထိုင်ရန်
ဖိတ်ခေါ်နေချိန်တွင် ထိုကလေးသည် သူ့အခန်းကို သူ့ညီငယ်နှင့်အတူ မျှဝေနေရသည်။ မည်သူမဆို
စိတ်မသက်မသာ ဖြစ်လိမ့်မည်။
ဖေးကျီအန်းက ဤအကြံကို စတင်ကတည်းက ပေးသင့်သည် မဟုတ်ပေ။
ဖေးကျန့်ကို နစ်နာစေသော ပထမဆုံး လုပ်ရပ်ကို သူ စတင်လိုက်သည်နှင့် အလားတူ အခြေအနေများ
မရေမတွက်နိုင်အောင် လိုက်လာလိမ့်မည်။ လူ့နှလုံးသားသည် မည်သည့်အခါမျှ စမ်းသပ်မှုများကို
များများစားစား ခံနိုင်ရည်မရှိပေ။
သူမသည် ရက်စက်သော မိထွေးအဖြစ် မြင်ခံရလိုခြင်း
မရှိပေ။ သူမသည် လှပသူဖြစ်ပြီး ထိုအတိုင်း ဆက်လက်ရှိနေလိုသည်။
သို့သော် ဖေးကျန့်နှင့် ကုဟွိုက်တို့အတူတူ မနေနိုင်သောကြောင့်
ဒေါ်လေးဝူသည် ကုဟွိုက်နှင့်အတူ နေထိုင်နိုင်သည်။
“ဒေါ်လေးဝူ၊ ဒေါ်လေးက ရှောင်ဟွိုက်နဲ့ အတူတူ နေရင်
ဘယ်လိုလဲ” ဖေးကျီအန်းက ဒေါ်လေးဝူကို ဒုတိယထပ်သို့ ပြောင်းရွှေ့ရန် သဘောတူပြီးဖြစ်သောကြောင့်
သူသည် ဤစီစဉ်မှုကို သဘောမတူဘဲ မနေနိုင်ပေ။
“ရှောင်ဟွိုက်လား” ဒေါ်လေးဝူသည် တုံ့ဆိုင်းသွားသည်။
“ဟုတ်တယ်၊ ရှောင်ဟွိုက်နဲ့ အတူတူနေပြီး သူ့ကို
ဂရုစိုက်ပေးပါ” လုနန်က အားပေးလိုက်သည်။
ဒေါ်လေးဝူသည် ရှောင်ဟွိုက်ကို ဂရုစိုက်ရမည်ဆိုသည်ကို
ကြားလိုက်သည်နှင့် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ “ဒါဆို ကောင်းပြီ”
နှစ်ဦးသား သဘောတူညီမှု ရရှိသည်ကို မြင်သောအခါ
ဖေးကျီအန်းက ကန့်ကွက်ခြင်း မရှိပေ။ သူသည် ရှောင်ကျိုးကို ခေါ်၍ စစ်ဘက်သုံး ပစ္စည်းရုံးမှ
အသင့်လုပ်ထားသော တစ်ယောက်အိပ် ကုတင်တစ်လုံး ဝယ်ယူရန် တောင်းဆိုလိုက်သည်။
ရှောင်ကျိုးက ချက်ချင်း ထွက်သွားသည်။ လုနန်သည်
အိမ်တွင် အသားမရှိတော့သည်ကို သတိရ၍ ရှောင်ကျိုးကို ပြန်ခေါ်ကာ မေးလိုက်သည်။ “ရဲဘော်
ရှောင်ကျိုး စစ်ဘက်သုံးပစ္စည်းရုံးက ကုန်စည်နှင့်စျေးကွက်သမဝါယမနဲ့ ဝေးလား”
“မဝေးပါဘူး။ ထွက်သွားချင်ရင် ကျွန်တော် လိုက်ပို့ပေးလို့ရပါတယ်”
ရှောင်ကျိုးက ပြန်ဖြေလိုက်သည်။
'ကားစီးလို့ ရနေမှတော့ လမ်းလျှောက်ဖို့ မလိုတော့ဘူး။'
လုနန်က ပျော်ရွှင်သွားပြီး ကလေးကို ဒေါ်လေးဝူဆီ လွှဲပေးလိုက်ပြီးတော့ သူမစုဆောင်းထားတဲ့
ငွေနဲ့ လက်မှတ်တွေ ယူဖို့ အပေါ်ထပ်ကို အမြန်ပြေးတက်သွားတယ်၊ ပြီးတော့ အောက်ထပ်ကို လျင်မြန်စွာ
ပြန်ဆင်းလာသည်။
ယနေ့ ကောင်းသော ရိတ်သိမ်းမှုနှင့် ပြန်လည်ဆုံစည်းမှု
ရှိသောကြောင့် သူတို့ ကောင်းမွန်စွာ စားသောက်သင့်သည်။
သူမ ပြန်ဆင်းလာသောအခါ ဖေးကျီအန်းမှာ ရှိနေသေးသည်။
လုနန်သည် ကုရှောင်ဟွိုက်ကို ဒေါ်လေးဝူ၏ ရင်ခွင်ထဲမှ ယူလိုက်ပြီး ဖေးကျီအန်းအား လွှဲပေးလိုက်သည်။
“အရေးပေါ်! ကျွန်မတို့ စျေးဝယ်သွားတုန်း သူ့ကို ထိန်းပေးထားပါဦး”
ထိုသို့ ပြောပြီးနောက် သူမသည် ဒေါ်လေးဝူကို ဆွဲ၍
အိမ်နီသေးသေးလေးထဲမှ ပြေးထွက်သွားကြသည်။
ဖေးကျီအန်း - “…”
ကုရှောင်ဟွိုက် - “…”
သူတို့သည် တစ်ဦးကိုတစ်ဦး ရှုပ်ထွေးစွာ ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်ကျိုးသည် သူတို့ကို
ကုန်စည်နှင့်စျေးကွက်သမဝါယမသို့ အရင်ပို့ဆောင်ပေးပြီးမှ စစ်ဘက်သုံး ပစ္စည်းရုံးသို့
သွား၍ တစ်ယောက်အိပ်ကုတင်ကို ဝယ်ယူခဲ့သည်။
လုနန်နှင့် ဒေါ်လေးဝူတို့သည် အချိန်မှီ ရောက်ရှိခဲ့သည်။
ဝက်သားဆိုင်က ဖွင့်ခါစဖြစ်ပြီး တန်းစီသူ အများအပြား မရှိခဲ့ပေ။
သူမသည် ဒေါ်လေးဝူ ချက်သော ဝက်သားသုံးထပ်သားနှပ်၊
ချယ်ရီနှင့် အသားချိုချဥ်၊ သန္တာဂေါ်ဖီထုပ်၊ ခရမ်းသီးနှပ်၊ ပျားရည်သစ်တော်သီးလုံးတို့ကို
အရမ်းစားချင်နေခဲ့သည်။
ဒီနေ့ အကုန်စားရမှာပဲ!
လုနန်သည် ဒေါ်လေးဝူအား အသားဆိုင်တွင် တန်းစီခိုင်းပြီး
ငွေနှင့် လက်မှတ်များကို ပေးကာ အခေါက်ပါသော ဝက်သားသုံးထပ်သားနှင့် ဝက်အူချောင်းနှစ်ချောင်း၊
ဝက်သားစုံတစ်ဆယ်ပိဿာ ဝယ်ခိုင်းလိုက်သည်။
သူမသည် အနီးအနားရှိ ဆိုင်များတွင် လှည့်ပတ်ကြည့်ရှုရန်
စီစဉ်ထားသည်။
…
ဆယ်မိနစ်အကြာတွင် လုနန်သည် သူမ၏ ဆုံးဖြတ်ချက်ကို
နောင်တရမိသည်။ ကံမကောင်းစွာဖြင့် လူကြိုက်များသော အထည်များ ရောက်ရှိလာချိန်ဖြစ်သဖြင့်
ဆိုင်ထဲတွင် အမျိုးသမီးငယ်များ ပြည့်နှက်နေပြီး လုနန်ကို ငါးခြောက်တစ်ကောင်အဖြစ်သို့
ပြောင်းလဲလုနီးပါး ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် အထည်ကောင်တာကို တိုးဝှေ့ဖြတ်ကျော်ပြီးနောက်
လုနန်သည် သကြားလုံးနေရာသို့ ဦးတည်သွားလေသည်။ သူမ သကြားလုံးစားချင်၍ မဟုတ်ဘဲ သူမတွင်
သကြားလုံးလက်မှတ်များရှိပြီး အကယ်၍ သူမ မသုံးပါက အလဟသ ဖြစ်သွားမည်ဖြစ်သောကြောင့် ဖြစ်သည်။
ဤခေတ်တွင် ယုန်ဖြူ နို့သကြားလုံးသည် ပိုက်ဆံလို
သဘောထားခြင်းခံရသည်။ လက်တစ်ဆုပ်စာမျှသော သကြားလုံးသည် သူမအား ကောင်းမွန်သော လက်တွဲဖော်ကို
ရှာဖွေရာတွင် ကူညီပေးနိုင်သည်။
သေချာပေါက်၊ ဈေးနှုန်းတွေက နာမည်နဲ့ လိုက်ဖက်၏။
ဆယ်ယွမ်ဆိုရင် သုံးပိဿာ ရမည်။ ပြီးတော့ သကြားလုံးလက်မှတ်တွေလည်း လိုသည်။
လုနန်သည် ယုန်ဖြူနို့သကြားလုံး ပိဿာဝက်နှင့် ကျောက်သကြားသုံးပိဿာ
ဝယ်ယူခဲ့ပြီး ညစာအတွက် ဒေါ်လေးဝူအား ကျောက်သကြားငှက်သိုက်ဟင်းချို ချက်ခိုင်းရန် စီစဉ်ထားသည်။
သူမသည် မျက်စိရှင်သူဖြစ်ပြီး ဒေါ်လေးဝူ၏ ကြိမ်ခြင်းတောင်းကို
မြင်တွေ့လိုက်ရာ အထဲတွင် ပန်းကန်ခွက်ယောက်များသာမက အောက်ဘက်တွင် ငှက်သိုက်အကောင်းစားများ
အပါအဝင် ပစ္စည်းကောင်းများ စုပုံနေသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် သူမသည် စိုက်ပျိုးရေးနှင့် တွဲဖက်ထုတ်ကုန်များ
ကဏ္ဍသို့ သွားရောက်၍ သစ်တော်သီးဝါများ၊ ပျားရည်နှင့် နှမ်းဆီတို့ကို ဝယ်ယူခဲ့သည်။ သူမသည်
စီချွမ်ငရုတ်ကောင်းနှင့် နွယ်ချိုခတ်ကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်မျိုးစုံကို ရွေးချယ်ခဲ့ရာ
သူမ၏ ငွေ၏ တစ်ဝက်ကျော်ကို သုံးစွဲခဲ့ရသည်။
သူမ အသားဆိုင်သို့ ပြန်ရောက်သောအခါ ဒေါ်လေးဝူသည်
စျေးဝယ်ပြီးစီး၍ ဆိုင်အနီးတွင် သူမကို စောင့်နေသည်။ လုနန်လာသည်ကို မြင်သောအခါ သူမသည်
သူမ၏ လက်ထဲမှ ပစ္စည်းများကို လျင်မြန်စွာ ယူလိုက်သည်။ “ဘာလို့ အများကြီး ဝယ်ခဲ့တာလဲ?
အိမ်မှာ ဘာမှမရှိလို့လား”
လုနန်သည် ဒေါ်လေးစွင်း၏ ချက်ပြုတ်ပုံကို တွေးလိုက်သည်နှင့်
တုန်ရီသွားသည်။
“နင်က အမြဲတမ်း နင့်မှာပဲရှိတဲ့ အကျင့်လေးတွေနဲ့ပဲ”
ဒေါ်လေးဝူသည် လုနန်ကို စနောက်လိုက်ပြီး နောင်တရသော လေသံဖြင့် ထပ်ပြောလိုက်သည်။ “ဝက်အူကြီးမရှိတော့ဘူး”
ထိုအချိန်က မည်သည့်မိသားစုမျှ အထူးတလည် ချမ်းသာကြွယ်ဝခြင်း
မရှိသေးဘဲ လူတိုင်းက အသားစားချင်ကြသည်။ ဝက်အူကြီးသည် အလွန်သင့်တော်သည်။ ဈေးလည်းမကြီးဘဲ
အသားစားချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်သည်။
ထို့အပြင် ဤသည်မှာ ရှန့်တုန့်ဟင်းလျာများ မြောက်ပိုင်းဒေသကို
လွှမ်းမိုးနေသည့် ခေတ်ကာလဖြစ်သည်။ ကိုးထပ်အူမကြီးဟင်းသည် နာမည်ကျော် ဟင်းလျာတစ်ခု ဖြစ်သည်။
အိမ်တိုင်းက ဒါကို မပြင်ဆင်နိုင်သော်လည်း အနည်းဆုံး လူများက ဝက်အူမကြီးစားခြင်းကို
ကောင်းမွန်စွာ လက်ခံကြသည်။
“ရပါတယ်၊ နောက်တစ်ခါ စားလို့ရတာပေါ့” လုနန်က ဒေါ်လေးဝူအား စိတ်သက်သာရာရစေရန် ပြောကြားလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် ရှောင်ကျိုးသည် ကားမောင်း၍
ပြန်လာခဲ့ပြီး အမျိုးသမီးနှစ်ဦးအား သူမတို့၏ ပစ္စည်းများကို တင်ဆောင်ရာတွင် ကူညီပေးခဲ့သည်။
သူတို့ အိမ်ပြန်ရောက်သည်နှင့် ဒေါ်လေးဝူသည် တရားဝင်
စတင်ချက်ပြုတ်တော့သည်။
ဖေးကျီအန်းက ကလေးကို မည်သို့ ဂရုစိုက်နေသည်ကို
သိလိုစိတ်ဖြင့် လုနန်သည် သူ့ကို အောက်ထပ်တွင် မတွေ့ရသဖြင့် အပေါ်ထပ်သို့ တက်သွားလိုက်သည်။
သူမသည် ကလေး၏ အခန်းကို အရင်ဆုံး စစ်ဆေးခဲ့သော်လည်း ဗလာဖြစ်နေသည်ကို တွေ့ရှိရသည်။
ထို့နောက် သူမသည် အိပ်ခန်းသို့ ပြေး၍ ကြည့်လိုက်ရာ
အိပ်ခန်းလည်း ဗလာဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် သူမသည် စာကြည့်ခန်းတံခါးသို့ ရောက်ရှိသွားပြီး
တိုးတိုးလေး နားကပ်ကြည့်လိုက်သည်။
သူမ ထိုသို့ပြုလုပ်လိုက်သည်နှင့် တံခါးသည် ရုတ်တရက်
လွှဲဖွင့်သွားပြီး ဖေးကျီအန်းသည် ထိုနေရာတွင် ရပ်နေကာ သူမကို ကြည့်နေခဲ့သည်။
လုနန် - “…” ဒါကတော့ တော်တော်လေး ကသိကအောက် ဖြစ်စရာ
ကောင်းသွားပြီ။
ဖေးကျီအန်း၏ မျက်နှာအမူအရာ မကောင်းမွန်သည်ကို
မြင်သောအခါ လုနန်သည် သူမ အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဖေးမိသားစုကဲ့သို့ စစ်တပ်မိသားစုတွင် ချောင်းနားထောင်ခြင်းသည်
သူလျှိုအဖြစ် သံသယဝင်ခံရနိုင်သည်။ လုနန်တွင် ဘာမျှ ပြုလုပ်ရန် ရည်ရွယ်ချက်မရှိသော်လည်း
ချောင်းနားထောင်သည့် လုပ်ရပ်သက်သက်ပင် အလွန်သိမ်မွေ့သည်။
သူမ၏ ခေတ်သစ်အတွေးအခေါ်သည် အခြေအနေနှင့် လိုက်လျောညီထွေမဖြစ်သေးသည့်အတွက်
စိတ်ပျက်မိသည်။ နောင်တွင် ပိုမိုသတိထားရမည် ဖြစ်သော်လည်း အခု ဘယ်လိုလုပ်ရမည်နည်း။
“သကြားလုံးလိုချင်လား”
သူမ စိတ်ကူးတစ်ခု ရလိုက်ပြီး ယနေ့မှ ဝယ်လာသော
နို့သကြားလုံးကို ထုတ်ကာ ဖေးကျီအန်းအား ကမ်းပေးလိုက်သည်။
ဖေးကျီအန်း ငုံ့ကြည့်လိုက်ရာအဖြူရောင် ယုန် နို့သကြားလုံးကြီးတစ်လုံးသည်
သူမ၏ နူးညံ့ဖြူစင်သော လက်ထဲတွင် တိတ်ဆိတ်စွာ ရှိနေပြီး၊ လှပချစ်စရာကောင်းလှသည်။
သူသည် သကြားလုံးကို သရဲပူးဝင်ထားသည့်နှယ် ကောက်ယူလိုက်သည်။
လုနန် သည် တစ်ဖက်သတ် ပျော်ရွှင်စွာ ဆုံးဖြတ်လိုက်သည်–
သူက သူမ၏ သကြားလုံးကို လက်ခံလိုက်ပြီဖြစ်ရာ ခုနက ဘာမှ မဖြစ်ခဲ့ချေ။
မည်သို့ပင်ဖြစ်စေ၊ သူမ ရှက်ရွံ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
“ကျွန်မ ရှောင်ဟွိုက် ကို သွားကြည့်ဦးမယ်” ဟု
လုနန် သည် သူမ အပိုင်းကို လျင်မြန်စွာ ဝင်သရုပ်ဆောင်လိုက်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“သူ ရှင့်ကို အနှောင့်အယှက် ပေးသေးလား”
ဖေးကျီအန်း - “…”
သူ တစ်ခုခု ပြောလိုသော်လည်း လုနန်သည် နားမလည်သည့်ဟန်ဖြင့်
“ဘာလို့ ကျွန်မ မေးတာကို မဖြေတာလဲ။ ရှင် ဘာပြောပြော ကျွန်မ နားလည်မှာ မဟုတ်ဘူး” ဟု
ပြောနေသည့်နှယ် မျက်နှာထားကို မြင်လိုက်ရသည်။
ဖေးကျီအန်းသည် ပြောလိုသည့် စကားလုံးများကို မျိုချလိုက်ပြီး
ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်– “မဟုတ်ပါဘူး”
“ကျွန်မ ရှင် ဘာကို ဆိုလိုမှန်း မသိဘူး… ဟမ်”
လုနန် ရယ်မောမိလုနီးပါး ဖြစ်သွားသည်။ ဖေးကျီအန်း၏
အစောပိုင်း မျက်နှာအမူအရာသည် သူမကို ဆုံးမလိုကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
“အဲ့ဒါ ကောင်းတယ်၊ ကောင်းပါတယ်၊ ဟားဟား။” ဒီကောက်ကျစ်တဲ့
လူကြီးကတော့။
ဖေးကျီအန်း၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု
လျင်မြန်စွာ ဖြတ်ပြေးသွားပြီး သူ ဘေးသို့ ရှောင်တိမ်းလိုက်ရာ လုနန်အား စာကြည့်ခန်းထဲသို့
ဝင်ခွင့်ပြုလိုက်သည်။
သူမ ဝင်ရောက်လာသောအခါ ရှောင်ဟွိုက်သည် ဖေးကျီအန်း၏
စာရေးစားပွဲပေါ် မှီထားကာ ပုံပြင်စာအုပ်တစ်အုပ်တွင် လုံးဝနစ်မြုပ်နေပြီး သူ၏ မိခင်
ရောက်ရှိလာသည်ကိုပင် သတိမထားမိပေ။
ဤမြင်ကွင်းသည် လုနန် အား အလွန်အံ့အားသင့်စေခဲ့သည်။
သူမသည် ရှောင်ဟွိုက် ငိုမည်ဟု မျှော်လင့်ထားခဲ့ပြီး၊ ဖေးကျီအန်းက သူ့ကို တင်းမာစွာ
ချော့မော့လိမ့်မည်။ သို့သော် ကလေးက သူ၏ အေးစက်သော အမူအရာကို ဂရုမစိုက်ဘဲ ဖေးကျီအန်းအား
ဘာလုပ်ရမှန်း မသိအောင် ဖြစ်စေလိမ့်မည်ဟု မျှော်မှန်းထားခဲ့သည်။
စိတ်ကူးထားသည့် မြင်ကွင်းသည် အတော်ပင် ရယ်စရာကောင်းမည်
ဖြစ်သော်လည်း ထိုသို့ မဖြစ်ခဲ့ပေ။
ထိုအချိန်တွင် ဖေးကျီအန်းသည် လုနန် အနီးသို့ လျှောက်လာကာ
ရှောင်ဟွိုက် ကို ကြည့်လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်သည်– “ ရှောင်ဟွိုက်က ကိုယ့်ကိုယ်ကို
ဂရုစိုက်တတ်တယ် ပြီးတော့ အရမ်းလိမ္မာတယ်။ ကိုယ် သင်ပေးတဲ့ စာလုံးတွေကို တစ်ခါတည်းနဲ့
မှတ်မိတယ်။ သူက Photographic Memory ရှိတယ်လို့ ထင်တယ်။” (Photographic Memory - အကုန်လုံးကို
တစ်ခါမြင်ရုံနှင့် စွဲထင်နေအောင် အသေးစိတ် ဓာတ်ပုံရိုက်ယူထားသကဲ့သို့ မှတ်မိသူ)
“ဪ။”
လုနန်သည် ဤစကားကို ကြားပြီးနောက် သာမန်တုံ့ပြန်မှုသာ
ပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် ဝတ္ထုတစ်ပုဒ်ထဲမှ ဉာဏ်ရည်ဉာဏ်သွေး အမြင့်ဆုံး ဗီလိန်ကြီးဖြစ်သည့်အတွက်
ငယ်စဉ်ကတည်းက ထူးခြားသည်မှာ အံ့သြစရာမဟုတ်ပေ။
ထို့အပြင် သူ၏ မိခင်နှစ်ဦးစလုံး (မူရင်းပိုင်ရှင်နှင့်
လုနန်)တွင် Photographic Memory ရှိသဖြင့် ထိုစွမ်းရည်ကို အမွေမရရှိပါက အလွန်အမင်း
ဖြုန်းတီးရာ ရောက်ပေမည်။
သူမ၏ ပေါ့ပေါ့ပါးပါး တုံ့ပြန်မှုသည် အလွန်ပင်
ပေါ့ရွှတ်ရွှတ်နိုင်လှသဖြင့် ဖေးကျီအန်းသည် သူမဘက်သို့ လှည့်ကြည့်ကာ သူ၏ အကြည့်များမှာ
နက်နဲလေးနက်နေသည်။
ခဏအကြာတွင် လုနန် သည် နောက်ဆုံးတွင် သဘောပေါက်သွားပြီး
လက်ခုပ်နှစ်ချက် တီးလိုက်ကာ အနည်းငယ် ပေါ့ပေါ့တန်တန်ဖြင့် ပြောလိုက်သည်။ “ဒါက တကယ်ကို
ကောင်းတာပဲ”
ဖေးကျီအန်းသည် သူ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး
ဟု မေးလိုက်သည်။ “ရှောင်ဟွိုက်ကို လာတွေ့ရုံလား၊ ဒါမှမဟုတ် ခေါ်သွားချင်တာလား”
“ဟုတ်တယ်၊ သူ ကောင်းကောင်းနေရဲ့လားဆိုတာ လာကြည့်တာ။
သူ ကောင်းကောင်းနေနေတာဆိုတော့ ကျွန်မ စိတ်အေးရပြီ။”
လုနန်သည် ရယ်စရာမြင်ကွင်းကို ကြည့်လိုသည့် သူမ၏
လျှို့ဝှက်ရည်ရွယ်ချက်ကို ဖုံးကွယ်ကာ ဖေးကျီအန်းအား ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
ရှောင်ဟွိုက်ကို ခေါ်သွားရန် မဖြစ်နိုင်ပေ။ သူမသည်
မီးဖိုချောင်သို့ သွားကာ ချိုမြိန်သော အချိုပွဲများ ပြုလုပ်ရန် စီစဉ်နေဆဲဖြစ်သည်။ ကလေးကို
ကူညီထိန်းကျောင်းမည့်သူ ရှိနေသဖြင့် သူမ ငြင်းပယ်စရာ အကြောင်းမရှိပေ။
“ရှောင်ဟွိုက်က ပုံပြင်စာအုပ်ကို တကယ်ကြိုက်ပုံရတယ်။
သူ ကြိုက်တာဆိုတော့ နည်းနည်း ပိုကြည့်ပါစေ။ ကျွန်မ ရှင်တို့ စားဖို့ စတော်ဘယ်ရီ သွားယူလိုက်ဦးမယ်။”
စာကြည့်ခန်းထဲမှ ထွက်လာသည်နှင့် လုနန်သည် ဖေးကျီအန်း၏
နောက်ဆုံးမေးခွန်းသည် သူမကို သွားခွင့်ပြုသည်ဟု ဆိုလိုပုံရကြောင်း ရုတ်တရက် နားလည်သွားသည်။
“…” သူမ စတော်ဘယ်ရီတွေ အလကားဖြစ်တော့မှာပဲ။
အောက်ထပ်သို့ ရောက်သောအခါ လုနန်သည် လီမိသားစု
ဥယျာဉ်မှ ယူလာသော စတော်ဘယ်ရီများကို နှစ်ပိုင်းခွဲလိုက်သည်။ သူမ တစ်ပိုင်းကို အပေါ်ထပ်
စာကြည့်ခန်းသို့ ယူသွားကာ ဖေးကျီအန်းအား ရှောင်ဟွိုက်ကို တစ်လုံး သို့မဟုတ် နှစ်လုံးသာ
ကျွေးရန် သတိပေးလိုက်သည်။
ကျန်သော စတော်ဘယ်ရီတစ်ပိုင်းသည် ယုန်ဖြူ နို့သကြားလုံးကြီးဖြင့်
စတော်ဘယ်ရီနို့ရေခဲမုန့် ပြုလုပ်ရန် အလွန်သင့်တော်လေသည်။
အချိုပွဲများအကြောင်း ပြောရလျှင် လုနန်သည် သူမ၏
ရည်းစားဟောင်းအား ကျေးဇူးတင်ရပေမည်။ သူက အချိုပွဲဘလော့ဂါတစ်ဦးဖြစ်ပြီး “အမျိုးသမီးတစ်ဦး၏
နှလုံးသားကို ရယူလိုလျှင် သူမ၏ ဗိုက်ကို ဦးစွာ သိမ်းပိုက်ရမည်” ဟူသော ဆိုရိုးကို ယုံကြည်သူဖြစ်သည်။
သူမကို စတင်လိုက်ကတည်းက သူသည် သူမအတွက် နေ့တိုင်း
မတူညီသော အချိုပွဲတစ်မျိုးစီ ပြုလုပ်ပေးခဲ့ပြီး၊ ချက်ပြုတ်နည်းများကို ရိုက်ကူးတည်းဖြတ်ကာ
အွန်လိုင်းတွင် တင်ခဲ့ကာ လုနန်အား tag တွဲ၍ သူ၏ ခံစားချက်များကို ဖွင့်ပြောခဲ့သည်။