ငါ ကျန်းစစ်ယန်ရဲ့ အမေကို နောက်ဆုံးအကြိမ် တွေ့ခဲ့တာ ငါ အသက်ဆယ့်ခုနစ်နှစ်အရွယ်တုန်းကပဲ။
ငါက ကျန်းစစ်ယန်အိမ်ရဲ့ဘေးအိမ်ကို ပြောင်းလာခဲ့တာဖြစ်ပြီး နေ့တိုင်း လသာဆောင်မှာ သူ(မ)က သူ့အဖေနဲ့ ရန်ဖြစ်နေတာကို ကြားရတယ်။ တစ်ခါတစ်ရံမှာဆို သူ(မ)က ကျန်းစစ်ယန် အပေါ်ကို ဒေါသတွေ ထုတ်ပစ်တတ်တယ်။
သူ(မ)က အမြဲတမ်း စကားတစ်ခွန်းတည်း ပြောခဲ့တယ်။ သူ(မ)သာ သူ့ကြောင့် ကိုယ်ဝန်မရခဲ့ရင် သူ့အဖေကို လက်ထပ်ခဲ့မှာ မဟုတ်ဘူး။ သူ့အဖေကို လက်ထပ်မခဲ့ဘူးဆိုရင် သူ(မ) ပျော်ရွှင်ချင် ပျော်ရွှင်နိုင်မယ်တဲ့။
ငါ ကျန်းစစ်ယန်ပြန်ပြောတာကို တစ်ခါမှ မကြားခဲ့ရပါဘူး။ အချိန်အများစုမှာတော့ သူ(မ)ရဲ့ အော်ဟစ်သံတွေပဲ ရှိနေခဲ့ပြီး သူ့ညီလေးက သူ(မ)ကို အာရုံစိုက်ဖို့ ငိုခဲ့မှ သူ(မ)ရဲ့အာရုံက ကျန်းစစ်ယန်ကနေ ရွေ့သွားခဲ့တယ်။
သူ့အမေက သူ့ကို ဆူပြီးတဲ့အခါတိုင်း ကျန်းစစ်ယန် လသာဆောင်ကို ပြေးလာပြီး ရာသီဥတုအရုပ်လေးကို သူ့ရဲ့ မကျေနပ်ချက်တွေကို ပြောပြလေ့ရှိတယ်။ ငါကတော့ ငါ့လသာဆောင်မှာ ထိုင်ပြီး သူ့ကို နားထောင်နေခဲ့တယ်။
ငါ အစတုန်းက သူ့ကို နှစ်သိမ့်ချင်ခဲ့ပေမဲ့ သူက ရာသီဥတုအရုပ်လေးကိုပဲ ပြောနေတာကြောင့် သူက တခြားတစ်ယောက်ယောက်ကို သူ့ခံစားချက်တွေကို မမြင်စေချင်ဘူးလို့ အမြဲခံစားခဲ့ရတယ်။
ဒါကြောင့် ငါ အဲဒီနှစ်ပေါင်းများစွာမှာ အဲဒီမှာ နားထောင်နေတယ်ဆိုတာကို သူ တစ်ခါမှ မသိခဲ့ပါဘူး။
အကယ်၍ သူ့အိမ်ထဲမှာ လူသတ်သမားတစ်ယောက် ပုန်းနေတာသာ မရှိခဲ့ဘူးဆိုရင် ငါ့လို အိမ်နီးနားချင်းရှိနေတယ်ဆိုတာကို သူ တစ်ခါမှ သိမှာမဟုတ်ပါဘူး။
သူ့အမေဘေးမှာ ထိုင်နေတဲ့ သူ့ကို ငါ ကြည့်နေခဲ့တယ်။ သူက လူစိမ်းတွေဘေးမှာ ထိုင်နေတာထက်တောင် ပိုပြီးချုပ်တည်းနေပုံရတယ်။
ငါ လက်လှမ်းပြီး သူ့ပခုံးကို ပုတ်လိုက်တယ်။ သူ လန့်သွားပြီး သူ့အသက်ရှူသံက မသိစိတ်ကနေ နည်းနည်း တည်ငြိမ်သွားတယ်။
ဒီလုပ်ရပ်တွေကို ကျန်းစစ်ယန်ရဲ့အမေကလည်း သတိထားမိခဲ့တယ်။
ငါ မော့ကြည့်လိုက်တဲ့အခါ သူ(မ)က ငါ့ကို ကြည့်နေတာကို မြင်လိုက်ရတယ်။
အပြစ်ရှိသလို ခံစားရပြီး ငါ့လက်ကို ပြန်ရုတ်လိုက်တယ်။ သူ(မ)ကတော့ ပုံမှန်အတိုင်းပဲ အပြုံးတစ်ခု ပြုံးပြလိုက်တယ်။
“မင်း ချန်လွီ့ကျီဖြစ်ရမယ်၊ မင်းက ငါတို့ စစ်ယန်ကို ကယ်တုန်းက အသက်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်၊ မျက်စိတစ်မှိတ်အတွင်းမှာ မင်းက အသက်နှစ်ဆယ့်ငါးနှစ်တောင် ဖြစ်နေပြီ”
ငါ ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
“ရှစ်နှစ်ရှိသွားပါပြီ”
ကျန်းစစ်ယန်ရဲ့အမေက အဓိပ္ပာယ်ပြည့်ဝစွာ ခေါင်းညိတ်လိုက်တယ်။
“ဟုတ်တယ်၊ ရှစ်နှစ်တောင်…”
စစ်ယန်ရဲ့ မျက်နှာအမူအရာက တည်ငြိမ်နေတုန်းပဲ။ ငါတို့ရဲ့ စကားဝိုင်းကို စိတ်မဝင်စားသလိုပါပဲ။
အဲဒီအစား ကျန်းချီယွမ်က တင်းမာတဲ့ ပတ်ဝန်းကျင်ကို ပထမဆုံး ခံစားမိလိုက်တယ်။ သူက လည်ချောင်းရှင်းလိုက်ပြီး စကားစပြောင်းလိုက်တယ်။
“ကျွန်တော် နောက်လ အင်္ဂလန်မှာ ကျောင်းသွားတက်မယ်၊ ကော ကျွန်တော့်ကို လိုက်ပို့ပေးမှာလား”
“တောင်းပန်ပါတယ်၊ ငါ့မှာ အချိန်မရှိဘူး”
ကျန်းစစ်ယန်က ဆက်စားနေပြီး မော့တောင်မကြည့်ခဲ့ပါဘူး။
“ခင်ဗျား တကယ်အလုပ်များနေတာလား၊ ဒါမှမဟုတ် ကျွန်တော့်ကို မတွေ့ချင်ရုံလား”
ကျန်းချီယွမ်က မျက်လုံးတွေ နီရဲနေရင်း မေးလိုက်တယ်။
ငါ ကျန်းစစ်ယန်ရဲ့ ခြေထောက်ကို ငါ့ခြေထောက်နဲ့ ထိလိုက်တယ်။
သူက စတိတ်အသားတစ်ဖတ်ကို လှီးလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ ဘာမှမပြောခဲ့ပါဘူး။
ကျန်းစစ်ယန်ရဲ့အမေက သက်ပြင်းချလိုက်တော့ ပတ်ဝန်းကျင်က ပိုပြီးလေးလံလာတယ်။
“ငါတို့အပေါ် မင်းအမုန်းတရားတွေ ရှိနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ မင်းရဲ့ညီလေးက မင်းကို သူ့အကိုကြီးလို့ပဲ မြင်နေတုန်းပဲ၊ အားလပ်ရက်တိုင်း သူက မင်းကို လာတွေ့ချင်တယ်.. စစ်ယန် မင်းအဖေနဲ့ငါ မင်းအပေါ် အကြွေးတွေ အများကြီးတင်နေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ မင်းရဲ့ညီလေးကတော့ မင်းကို တစ်ခါမှ မမှားယွင်းခဲ့ဘူး၊ မင်း သူ့ကို အဆက်အသွယ်မပေးတာ ဒါမှမဟုတ် သူ့ကို တွေ့ဖို့ ခွင့်မပြုတာ…အဲဒါက အရမ်းပဲ ရက်စက်လွန်းနေတာ မဟုတ်ဘူးလား”
ကျန်းစစ်ယန်ရဲ့လက်က တုန်ယင်သွားပြီး အိုးခွက်တွေ ပွတ်တိုက်မိတဲ့ အသံက အထူးသဖြင့် ဆူညံသွားတယ်။
ကျန်းချီယွမ်က သူ့အမေရဲ့လက်ကို ပုတ်လိုက်ပြီး သူ့ကိုယ်သူ နည်းနည်းလေး လှီးမိတော့မလိုဖြစ်နေတဲ့ ကျန်းစစ်ယန်ကို စိုးရိမ်စွာ ကြည့်လိုက်တယ်။
ကျန်းစစ်ယန်က ခဏရပ်တန့်သွားပြီး သူ့မျက်နှာအမူအရာက မပြောင်းလဲပါဘူး။
“ငါ တကယ်အချိန်မရှိဘူး၊ မင်း မယုံဘူးဆိုရင် ငါ့အတွင်းရေးမှူးကို ငါ့ရဲ့အစီအစဉ်တွေအကြောင်း မေးလို့ရတယ်၊ ဒါ့အပြင် ငါ မင်းကို မတွေ့ချင်ဘူးဆိုရင် ဒီနေ့ဒီနေရာကို လာမှာမဟုတ်ဘူး၊ ကျန်းချီယွမ်က ဒီနေ့ ငါ့ကို မြင်ခဲ့ပြီးပြီ၊ တစ်လအတွင်းမှာ ငါ သိပ်ပြောင်းလဲမှာ မဟုတ်ဘူး၊ ဒါကြောင့် ထပ်တွေ့ဖို့ မလိုဘူး”
သူက သူ့ရဲ့အမဲသားကို ဆက်လှီးနေခဲ့တယ်။
“ဟုတ်ပါတယ်၊ မင်းက ငါ့ကို ရက်စက်တယ်လို့ သတ်မှတ်ချင်ရင်လည်း သတ်မှတ်လိုက်ပါ၊ မင်းပျော်နေသရွေ့ ဘာပဲဖြစ်ဖြစ် ရပါတယ်”
ဆောင့်ကနဲဆိုတဲ့ အသံနဲ့ ကျန်းစစ်ယန်ရဲ့အမေက စားပွဲကို ရိုက်လိုက်တော့ စားပွဲတစ်ခုလုံး တုန်ခါသွားခဲ့တယ်။
ငါ မသိစိတ်ကနေ မတ်တပ်ရပ်လိုက်ပြီး ကျန်းစစ်ယန်ကို ကာကွယ်ပေးလိုက်တယ်။
“ကျန်းစစ်ယန် မင်း တကယ်ပဲ ဒီလိုလုပ်ရမှာလား”
လန့်သွားတဲ့ ကျန်းချီယွမ်က သူ့အမေရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ(မ)ကို စိတ်အေးအောင် ကြိုးစားခဲ့တယ်။
သူ(မ)က ကျွန်တော့်ကို ကြည့်လိုက်တယ်။
“မင်းက ဘာလို့ သူ့ကို ကာကွယ်ပေးနေတာလဲ၊ ငါက သူ့ကို နာကျင်အောင်လုပ်မယ်လို့ မင်းထင်နေတာလား”
ကျန်းစစ်ယန်က ဖြည်းဖြည်းချင်း သူ့ပါးစပ်ကို သုတ်လိုက်ပြီး ငါ့ကို နောက်ပြန်ဆွဲလိုက်တယ်။
“မင်းက ညစာအတွက် ငါ့ကို ဖိတ်တယ်၊ ငါ လာတယ်လေ၊ ငါ နောက်လမှာ ဘာလို့ မင်းကို မတွေ့နိုင်တာလဲဆိုတာ ရှင်းပြပြီးပြီ၊ ငါ ဘာမှမမှားခဲ့ဘူးလို့ ငါမထင်ဘူး၊ ဒါ့အပြင် ငါ့ရဲ့သက်တော်စောင့်က ငါ့ကို ကာကွယ်ပေးနေတာက သူ့အလုပ်ပဲ၊ ဒါကြောင့် သူ့ကို အော်စရာမလိုဘူး”
“ကော အမေက အဲလို ဆိုလိုတာ မဟုတ်ဘူး၊ ကျွန်တော်တို့ ခံစားရတာက ကောက ကောရဲ့သက်တော်စောင့်တောင် ကျွန်တော်တို့နဲ့ထက် ပိုရင်းနှီးတယ်၊ ကျွန်တော်တို့က မိသားစုတွေပါ၊ ဘာလို့ ကျွန်တော်တို့ကို တွန်းထုတ်နေရတာလဲ”
“ဒါပေမဲ့ ငါ့အတွက်တော့ ဒီရှစ်နှစ်အတွင်းမှာ ချန်လွီ့ကျီက မိသားစုနဲ့ ပိုတူတယ်”
~~~