Ch 17
Viewers 11k


Chapter 17

@telegraph • May 7 at 11:34 AM

"ဟေးကောင်လေး သွားကြစို့!"




လင်းဖန် အင်္ဂလိပ်စာလုံးတော်တော်များမျာကျက်ပြီးသွားသလို အစမ်းမေးခွန်းနှစ်စုံစာ လည်းဖြေပြီးသွားတဲ့အချိန်မှာ မျောက်ကတံခါးကိုကြမ်းတမ်းစွာ ကန်ဖွင့်လာသည်။




"ငါတို့ဘယ်ကိုသွာကြမှာလဲ" လင်းဖန်က မေးလိုက်သည်။




"ဘာမေးခွန်းမှမမေးဘဲ ငါနဲ့လိုက်ခဲ့စမ်း"




'လောင်လိ့သာငါတို့ကို ပိုက်ဆံအများကြီး မပေးဘူးဆိုရင် ငါတို့လည်းဒီရှိုးပွဲမှာ ဝင်ကူညီပေးမှာမဟုတ်ဘူး' မျောက်က ထိုသို့တွေးလိုက်သည်။ 




လင်းဖန်ကလည်း သူ့ပါးစပ်သူပိတ်လိုက်သည်။




"ငါ့ကျောင်းသား ဘယ်မှာလဲ"




လင်းဖန် ဟောခန်းနားကိုရောက်တဲ့အချိန်မှာ လောင်လိ့ရဲ့နွေးထွေးပြီး လေးနက်နေတဲ့အသံကို ကြားလိုက်ရသည်။အရင်ဘဝတုန်းက လောင်လိ့ရဲ့ ထိုစကားများကသူ့ရင်ထဲထိခဲ့သည်။




'သရုပ်ဆောင်တွေနဲ့ဇာတ်ရံတွေက ဒီရောက်နေပြီပဲ။ပြပွဲစဖို့အချိန်တန်ပြီ' လင်းဖန်က တွေးမိလိုက်သည်။ ထို့နောက် သူအော်လိုက်သည်။ 




"မစ္စတာလောင် ကျွန်တော်ဒီမှာ!"




သူလောင်လိ့ကိုမြင်တဲ့အချိန်မှာ သူ့ပုံစံကအရင်ဘဝတုန်းကလိုပဲ စိတ်လှုပ်ရှားနေတဲ့ပုံပေါက်သည်။လောင်လိ့က လင်းဖန်ကိုတစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့ကာ သရုပ်ဆောင်တော့သည်။




"သူကကျောင်းသားပဲရှိသေးတာ။မင်းတို့ဘာလို့ သူ့ကိုဒီနေရာခေါ်ထားရလဲ ငါနားမလည်နိုင်ဘူး။ အကယ်၍ သူအကြွေးတင်နေတာရှိရင် ငါသူ့အစားပေး ပေးမယ်"




ကတုံးနှင့်လူက နှာမှုတ်လိုက်သည်။ "ဟမ့်!ဒီလိုဆင်းရဲသား ကျောင်းသားတစ်ယောက်ကို


ငါတို့ကပိုက်ဆံချေးမယ်များထင်နေလား။သူကငါ့ကိုမလေးမစားလုပ်လို့ ငါကသင်ခန်းစားပေးဖို့ဆုံးဖြတ်လိုက်တာ"




နှိမ့်ချခြင်းလည်းမရှိသလို မောက်မာခြင်းလည်းမရှိဘဲ လောင်လိ့ပြောလိုက်သည်။




"မင်းသူ့ကိုသင်ခန်းစားပေးပြီးပြီမလား။ ဒီလောက်ဆို လုံလောက်ပြီ။သူအခုသွားလို့ရပြီလား။သူ့ဆရာတစ်ယောက်အနေနဲ့ သူယဉ်ကျေးလာအောင် ငါသင်ပေးလိုက်ပါ့မယ်"




'ဟင်း..သူကသရုပ်ဆောင်တဲ့နေရာမှာ တော်လွန်းတယ်ဆိုတာတော့ ငါအသိအမှတ်ပြုရလိမ့်မယ်။သူ ချူရှောက်ကို လိုက်နိုင်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။' လင်းဖန် မနေနိုင်ဘဲတွေးလိုက်မိသည်။




"မင်းကသူ့ဆရာလား...ဟား..ဟား..ကောင်းတယ်... မင်းဒီမှာနေခဲ့ပြီး မင်းကျောင်းသားတွေကို ဘယ်လို သင်လဲဆိုတာ ငါ့ကိုပြောပြပါဦး"




ကတုံးနှင့်လူက လူယုတ်မာပြုံးပြုံးကာ လောင်လိ့ကို လောဘတကြီး စိုက်ကြည့်ကာ တွေးလိုက်တယ်။




'ဒီကောင်လေးက တကယ်ဆွဲဆောင်မှုရှိတယ်။ ငါသူနဲ့အတူအိပ်ချင်လိုက်တာ..ဒါပေမယ့်ငါမလုပ်နိုင်ဘူး။မဟုတ်ရင် သူငါ့ကိုလက်ကျန်ငွေပေးတော့မှာ မဟုတ်ဘူး'




"ကောင်းပြီ" လောင်လိ့က တည်ငြိမ်စွာပြောလိုက်သည်။




"ဒါပေမယ့် မင်းတို့ငါ့ကျောင်းသားကို အရင်ထွက်သွား ခွင့်ပေးရမယ်"




ထို့နောက် လောင်လိ့က လင်းဖန်ကိုကြည့်ကာ


ပြောလိုက်သည်။




"လင်းဖန် မင်းအတန်းဆီအရင်ပြန်နှင့်တော့"




"ဒါပေမယ့်....မစ္စတာလောင်...ဆရာ..."




"အတန်းထဲကိုပြန်သွားတော့..."




"ဟုတ်ကဲ့ပါ"




အခုတော့လောင်လိ့အတွက် လင်းဖန်ကအသုံးမလိုတော့ပေ။လင်းဖန်ထွက်ပြေးသွားသည်...ဒါပေမယ့်သူ ဘားထဲကနေထွက်သွားတာတော့ မဟုတ်ပေ။သူက ထောင့်လေးနားမှာ ဝင်ပုန်းလိုက်သည်။အမှောင်ထဲမှာ သူနှုတ်ခမ်းတွေက ကြက်သီး ထလောက်စေတဲ့အထိ ကွေးညွတ်ကာပြုံးနေသည်။ ဤအချိန်အတောအတွင်းမှာ သူက လောင်လိ့ရှိနေသည့်စင်္ကြံအဆုံးကအမှောင်ထဲကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။




လောင်လိ့က မပျော်ရွှင်သည့်အမူအရာနှင့် ကတုံးနဲ့လူကို အေးစက်စွာစိုက်ကြည့်ရင်း မေးလိုက်သည်။




"မင်းငါ့ဆီကနေ ဘာလိုချင်နေတာတုန်း"




"ဟားဟား...စိတ်အေးအေးထား...ငါကမင်းဆီနေ စာသင်ကြားတဲ့ပုံပြင်လေးတွေကို နားထောင်ချင်တာပါ"




လောင်လိ့ လုံးလုံးတိတ်ဆိတ်သွာသည်။




"ယို!မင်းဘာလို့ တိတ်သွားတာလဲ။ငါနဲ့လာသောက်ပါဦး။မင်းဒီဝိုင်ကို မသောက်မချင်း ငါမင်းကိုလွှတ်မပေးဘူးနော်"




"ကောင်းပြီ"




လောင်လိ့ အသက်ရှုထုတ်လိုက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲဝိုင်ခွက်ကို ယူလိုက်သည်။ကတုံးနှင့်လူက လောင်လိ့အမှန်တကယ်ဆေးခတ်ထားသည့်ဝိုင်ကို သောက်တော့မည် ဟုထင်လိုက်သည်။ရုတ်တရက် လူတစ်ယောက် ရောက်လာကာ လောင်လိ့လက်ထဲကဝိုင်ခွက်ကိုဆွဲယူကာ သောက်လိုက်သည်။




"ဒီလောက်ဆို လုံလောက်ပြီလား"




အေးစက်သည့် လေသံနှင့်မေးလိုက်သည်။




"ဘယ်လုံလောက်မလဲ...အာ...မစ္စတာချူ"




"ငါ့မျက်စိရှေ့က ထွက်သွားစမ်း"




"အာ..ဟုတ်ကဲ့...ကျွန်တော်တို့အခုပဲထွက်သွားပါ့မယ်"




ကတုံးဆံပင်နှင့် လူကသူ့လူတွေကိုခေါ်ကာ ချက်ချင်းထွက်ပြေးသွားတော့သည်။




'ပိုက်ဆံရဖို့အတွက်နဲ့ ငါကလောင်လိ့နဲ့ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ဒါပေမယ့်ချူရှောက်နဲ့ဒီမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။လောင်လိ့သာ ချူရှောက်ကိုမျှော်မှန်းထားတယ်ဆိုတာကို သိပါက သူလောင်လိ့နဲ့စီးပွားရေး မလုပ်ရဲတော့ဘူး။ငါအခု မြန်မြန်ထွက်ပြေးမှဖြစ်မယ် မဟုတ်ရင်သေလိမ့်မယ်' သူရဲကောင်းက ထွက်ပေါ်လာပြီ။




သူရဲဘောကြောင်ပြီး ထွက်ပြေးသွားတဲ့လူတွေကို လင်းဖန်တစ်ချက်လေးကိုလှည့်မကြည့်ခဲ့‌ပေ။ ဆေးခတ်ထားတဲ့ဝိုင်ကို ချူရှောက်သောက်လိုက်တာ လင်းဖန်တွေ့လိုက်ရသည့်အတွက် သူ့မျက်နှာ တောက်ပလာကာ စိတ်လှုပ်ရှားမှုတို့နှင့်  ယပြည့်သွားသည်။လင်းဖန်တစ်ယောက်ထဲမဟုတ်ပေ။ လောင်လိ့ပါ ထပ်တူစိတ်လှုပ်ရှားနေခဲ့သည်။ဒါပေမယ့် လောင်လိ့က သူစိတ်လှုပ်ရှားနေတဲ့ အမူအရာကို မဖော်ပြခဲ့ပေ။


_




48 views • Wrong layout?