(40)
လင်းရန်
ကား၏နောက်ခန်းထဲတွင် ထိုင်လျှက် သူမ၏အစ်ကိုကြီး လင်းကွမ်းချင်းပြောနေသော
ဇာတ်လမ်းကို နားထောင်နေခဲ့ပြီး မတတ်နိုင်ဘဲ အနည်းငယ်
ထိတ်လန့်ကြောက်ရွံ့သွားသကဲ့သို့ ခံစားနေခဲ့ရသည်။
သူမ၏ယခင်ဘဝတွင်၊
စစ်မှန်သောစစ်သားများနှင့် တွေ့ဆုံရန် အခွင့်အရေးအနည်းငယ်သာရှိခဲ့လေ၏။ အများစုမှာ
တီဗီပေါ်တွင် သို့မဟုတ် ဗီဒီယိုတိုလေးများပေါ်မှ တင်ပြမှုများသာဖြစ်ပြီး ရံဖန်ရံခါ
ကြုံကြိုက်၍ တွေ့မြင်ခဲ့မှုများသာပင်။
သို့သော်လည်း
ထိုသူရဲကောင်းများက သူတို့နိုင်ငံ၏ ပြည်တွင်းပြည်ပကို ကာကွယ်ပြီး
ရဲရင့်စွာဖြင့် အရှေ့ကို ချီတက်နေသည်ကို ကြည့်ရှုနေခဲ့သည့် အချိန်များ၌သာ စိတ်ထဲ၌
လေးစားမှုနှင့် စိတ်နှလုံးတုန်လှုပ်မှုများကို ခံစားခဲ့ရပြီး အလျှင်အမြန်ပင်
ပြန်လည်မေ့လျော့သွားတတ်သည်။
သို့သော်
ယခုအခိုက်အတန့်တွင်တော့ သူမ၏ရှေ့တွင် ထောင့်ဖြတ်ခုံထိုင်နေခဲ့သောသူမှာ စစ်မြေပြင်၌
ရှိခဲ့ဖူးပြီး ရန်သူကိုပင် သတ်နိုင်ခဲ့သော
စစ်မြေပြင်၏စစ်သည်တော်တစ်ဦးဖြစ်နေခဲ့သည်။
ထိုကဲ့သို့
လူမျိုးများမှာ သူ၏အသက်နှင့်ခန္ဓာကိုယ်ကို တိတ်တဆိတ် ပေးဆပ်အပ်နှံထားခဲ့ပြီး
သာမာန်မိသားစုများအတွက် တည်ငြိမ်သောဘဝကို ထူထောင်နိုင်ရန် အသက်အိုးအိမ်တို့ကို
ကာကွယ်ပေးနေခဲ့ကြသည်။
ထို့ကြောင့်
ဤအခိုက်အတန့်တွင် လင်းရန်တစ်ယောက် သူမ၏ဝမ်းကွဲနှစ်ယောက်မှာ
သိပ်ပြီးဉာဏ်မကောင်းလှသော်လည်း သူမ၏အစ်ကိုကြီးဖြစ်သည့် လင်းကွမ်းချင်းကို
ပို၍လေးစားရန် ဆုံးဖြတ်လိုက်သည်။
လင်းကွမ်းချင်းကို
ကယ်တင်ရန် ကြိုးပမ်းရင်း ဒဏ်ရာရသွားခဲ့သည့် တပ်ရင်းခေါင်းဆောင်သည်လည်း
သူမ၏အစ်ကိုကဲ့သို့ လေးစားစရာကောင်းသည့် သူရဲကောင်းတစ်ယောက် ဖြစ်လိမ့်မည်။
လင်းကွမ်းချင်းအတွက်ကတော့
သူ၏ ဝမ်းကွဲညီမ လင်းရန်မှာ လင်းကျန်းအန်းဆီသို့ အလည်အပတ် ရောက်ရှိလာခြင်း
သို့မဟုတ် ဆွေမျိုးများထံ လည်ပတ်ရန် ဇာတိမြို့သို့ ပြန်လာခြင်း မဟုတ်ဘဲ
ပညာတတ်လူငယ်တစ်ယောက်အဖြစ် အလုပ်အဖွဲ့တွင် ဝင်ရောက်ဖို့ လာခဲ့ခြင်းဖြစ်ကြောင်း
သိလိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားခဲ့ရကာ မျက်နှာက အနည်းငယ်
မယုံကြည်နိုင်မှုတို့ ဖုံးလွှမ်းသွားရသည်။
သူ မထိန်းနိုင်ဘဲ
လင်းကျန်းအန်းဆီသို့ တစ်ချက်ကြည့်လိုက်ရာ သူ မျှော်လင့်ထားသည့်အတိုင်း
သူ့ဒုတိယဦးလေး၏ မျက်လုံးများထဲမှ ဖုံးကွယ်ထားသော စိုးရိမ်မှုကိုလည်း
မြင်လိုက်ရလေ၏။
လင်းရန်၏
ဤတစ်ခေါက် ကျေးလက်ဒေသသို့ ရောက်လာသည့် နောက်ကွယ်တွင် ဖုံးကွယ်ထားသော
အရာတချို့ ရှိကောင်းရှိနိုင်လောက်သည်ဟု သူတို့နှစ်ယောက်လုံး
တူညီစွာတွေးခဲ့ကြပုံရသည်။
...
ဂျစ်ကားက
အလွန်လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး တပ်မဟာအဖွဲ့ဆီသို့ ပြန်လည်ဝင်ရောက်ရန်
အချိန်သိပ်ပြီး မကြာမြင့်ခဲ့ပါချေ။
အချိန်က
မနက်ကိုးနာရီထိုးခါနီးနေပြီဖြစ်ကာ တပ်မဟာထဲမှ တခြားလူတွေအားလုံးက လယ်ကွင်းထဲသို့
ရောက်သွားခဲ့ကြပြီ။ ယခင်တုန်းက ဂျစ်ကားရပ်တဲ့ နေရာမှာလည်း လူတွေ စုဝေးလျက်
မရှိတော့ချေ။
စုန့်ရှီးယန်နှင့်
တခြားရဲဘော်တို့ကိုလည်း ဤနေရာတွင် မတွေ့ခဲ့ရသောကြောင့်
လင်းကွမ်းချင်းတစ်ယောက်စုန့်ရှီးယန်တို့ သူတို့၏အိမ်သို့ ဘေးကင်းလုံခြုံစွာ
ပြန်ရောက်ရှိသွားခြင်း ရှိ၊ မရှိ အတည်ပြုရန်အတွက် ချက်ချင်းပင်
အိမ်သို့ပြန်ချင်ခဲ့သည်။
သူ
အလွန်စိုးရိမ်ပူပန်နေသည်ကိုတွေ့လျှင် လင်းကျန်းအန်းနှင့်
တပ်မဟာခေါင်းဆောင်နှစ်ယောက်လုံးက နားလည်နိုင်သောကြောင့် သူတို့၏လက်များကို
ခါရမ်းကာ ပြန်ခွင့်ပြုလိုက်ကြသည်။
“အိမ်ကို
အမြန်သွားပြီး မင်းရဲ့ ခေါင်းဆောင်ကိုသွားတွေ့လိုက်ဦး၊ ငါတို့က
စည်းမျဥ်းစည်းကမ်းတွေအတိုင်း ပေါင်းထည့်စရာတွေရှိသေးလို့ အဖွဲ့ဌာနချုပ်ကို
သွားရဦးမယ်၊ ငါတို့လည်း မကြာခင် ပြန်လာခဲ့မယ်”
လင်းကွမ်းချင်းလည်း
အလျှင်အမြန် ခေါင်းညိတ်ခဲ့သည်။
သူ
အိမ်သို့ပြန်ခါနီးတွင် တစ်စုံတစ်ခုကို သတိရပြီး ရပ်တန့်သွားခဲ့ပြန်သည်။ ထို့နောက်
လင်းရန်ဆီကိုလှမ်းကြည့်ကာ :
“ညီမ ရန်ရန်၊
မင်းရဲ့ပစ္စည်းတွေကို ဒီမှာ ချထားလိုက်လေ၊ ငါ မင်းအတွက် ကူသယ်ပေးမယ်”
လင်းရန် ခဏတာမျှ
အံ့အားသင့်သွားခဲ့ရပြီး လှိုက်လှဲစွာ ရယ်မောလိုက်မိသည်။
“မလိုပါဘူး
အစ်ကိုကြီး၊ ဒါကို ကျွန်မ ကိုယ်တိုင်သယ်နိုင်ပါတယ်”
သူမ၏
ဤအစ်ကိုကြီးမှာ ထိုမျှလောက်အထိ အလျင်လိုနေချိန်တွင်တောင် သူမအတွက် မမေ့မလျော့ဘဲ
မေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိသောကြောင့် သူမအနေဖြင့် အမှန်တကယ်ပင်
စိတ်လှုပ်ရှားသွားခဲ့ရသည်။
ဤသည်ကိုမြင်လျှင်
လင်းကျန်းအန်းက စိတ်မရှည်စွာ လက်ကိုဝှေ့ရမ်းလိုက်ပြီး တူဖြစ်သူကို
ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ
ဒီမှာရှိနေတာကို ခရီးဆောင်အိတ် ပြန်မသယ်နိုင်တော့မှာကို ကြောက်နေတာလား၊
မြန်မြန်သွားလိုက်တော့!”
ထိုအချိန်မှသာ
လင်းကွမ်းချင်းတစ်ယောက် အိမ်ဘက်သို့လှည့်ကာ လှည့်အကြည့်တမ်း
ပြေးလွှားသွားခဲ့တော့သည်။
နောက်ဆုံးတော့
သူ၏ညီမဖြစ်သူ အိမ်သို့ ပြန်ရောက်လာပြီဖြစ်သော်လည်း
အစ်ကိုတစ်ယောက်အနေဖြင့် သူ ဘာတစ်ခုမှ လုပ်မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် သူ
အိမ်ကိုအမြန် ပြန်သွားပြီး ဗိုလ်ကြီးစုန့် အိမ်မှာရောက်နေကြောင်းကို
အတည်ပြုပြီးလျှင် လင်းရန်၏ ခရီးဆောင်အိတ်ကို ပြန်လာသယ်ဖို့ ဆုံးဖြတ်လိုက်သည်။
လင်းကွမ်းချင်း
ထွက်သွားပြီးနောက် အဖွဲ့ခေါင်းဆောင်နှင့် လင်းကျန်းအန်းလည်း လင်းရန်နှင့်
ကျောက်ရှီလဲ့အား အဖွဲ့ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။
လင်းရန်မှာ
လင်းကန်းအန်း၏သမီးဖြစ်သော်လည်း သူမတွင်
တခြားအမှတ်အသားတစ်ခုရှိနေသေးသည်။
ဆိုလိုသည်မှာ
သူမသည်ကား ကျေးလက်ဒေသတွင် အလုပ်လုပ်ရန်အတွက် ချွန်းဖန်း တပ်မဟာသို့ ရောက်ရှိလာသော
ပညာတတ်လူငယ်တစ်ဦးဖြစ်နေခဲ့သည်။
စာရင်းသွင်းသည့်နေရာသို့
အရင်ဆုံးသွားရဦးမည်ဖြစ်ကာ သူတို့ လိုအပ်သည့်လုပ်ငန်းစဉ်များကို
ဦးစွာလုပ်ဆောင်ရန်လိုအပ်သည်။
တပ်မဟာဌာနချုပ်က
ရွာ၏ဝင်ပေါက်ဘေးတွင် ရှိနေခဲ့သည့်အတွက် လူလေးယောက်က လျှင်မြန်စွာပင်
ရောက်လာခဲ့ကြသည်။
တပ်မဟာသို့
ရောက်ရှိပြီးနောက် ခေါင်းဆောင်က လုပ်ထုံးလုပ်နည်းအချို့ကို ထုတ်နှုတ်ပြီး
လင်းရန်နှင့် ကျောက်ရှီလဲ့အား ၎င်းတို့၏ လက်ဗွေရာများကို နှိပ်ကာ လက်မှတ်
ထိုးခိုင်းခဲ့သည်။
လက်မှတ်
ရေးထိုးပြီးနောက်တွင် ခေါင်းဆောင်က ကျောက်ရှီလဲ့နှင့် လင်းရန်တို့ကိကြည့်ကာ
ပြောလာသည်။
“မင်းတို့ နှစ်ယောက်
စောစောရောက်လာကြတာပဲ၊ အိပ်ဆောင်မှာကုတင်လေးခုရှိတယ်၊ ပြီးသွားရင်
မင်းတို့နှစ်ယောက်ကို ခေါ်ပြီး မင်းတို့နေရမဲ့ ခုတင်နှစ်လုံးဆီကို
လိုက်ပို့ပေးလိုက်မယ်၊ မင်းတို့ရဲ့ ခရီးဆောင်အိတ်နဲ့ တခြားပစ္စည်းတွေကို
အရင်ချထားလိုက်ပေါ့”
ထိုသို့ပြောပြီးနောက်
သူက မတ်တပ်ထရပ်ကာ လင်းရန်နှင့် ကျောက်ရှီလဲ့ ကို ပညာတတ်လူငယ်အဆောင်သို့
ခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့သည်။
ရလဒ်အနေနဲ့ သူ
ထွက်သွားခါနီးမှာဘဲ သူ့ဘေးနားတွင်ရှိနေသည့် လင်းကျန်းအန်းက ကပျာကယာဖြင့်
စကားဝင်ပြောလာသည်။
“ဦးလေး၊ ရန်ရန်က
အိပ်ဆောင်မှာ နေစရာ မလိုဘူး၊ သူက ကျွန်တော်နဲ့အတူ အိမ်ပြန်လို့ရတယ်!”
ထိုစကားကိုကြားလျှင်
ခေါင်းဆောင်က ခေတ္တရပ်သွားခဲ့ပြီး လင်းကျန်းအန်းဆီကို စက္ကန့်အနည်းငယ်လောက်
ကြာအောင် စူးစိုက်ကြည့်လျှက် ပြောလာသည်။
“ တချို့လူတွေက
အရင်တုန်းက ပညာတတ်လူငယ်တွေအတွက် အိမ်မှာရှိနေတဲ့ အခန်းကို
ဘယ်တော့မှမပေးနိုင်ဘူးလို့ပြောခဲ့တာကို ငါ ဘာလို့များ မှတ်မိနေပါလိမ့်”
လင်းကျန်းအန်း: “......”
ဒါကို
မျက်နှာတဲ့တဲ့ ဖြတ်ရိုက်ခံရတယ်လို့ ပြောကြတာမလား?
သူ့အနေနဲ့
သူ့ရဲ့သမီးလည်း ပညာတတ်လူငယ်အဖြစ်ရောက်လာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး
သိနိုင်ခဲ့မှာလဲ?
လင်းကျန်းအန်း
ခပ်ဖွဖွ ချောင်းဆိုး၍ ပြန်ပြောလိုက်သည်။
“ဒါပေမယ့်
အဲဒီအခန်းက ကျွန်တော့်သမီးအတွက် သီးသန့်ချန်ထားတာလို့ ကျွန်တော် မပြောခဲ့လို့လား၊
အခု ကျွန်တော့်ရဲ့ သမီးလေး ရန်ရန်က ဒီမှာရောက်နေပြီလေ၊ မဟုတ်ဘူးလား”
ဒီလိုပြောရင်လည်း
မှန်တာပဲ မဟုတ်ဘူးလား။
ထိုသူက
အလွန်လျင်မြန်စွာ တုံ့ပြန်လာသည်ကိုမြင်လိုက်ရတော့ ခေါင်းဆောင်လည်း
အော်ရယ်လိုက်လေသည်။
သူက လင်းရန်ကို
ပညာတတ်လူငယ်အဆောင်တွင် အမှန်တကယ်နေထိုင်ခိုင်းချင်ခဲ့ခြင်း မဟုတ်သောကြောင့်
လက်ကိုဝှေ့ယမ်းကာ ပြောခဲ့လေ၏။
“ကောင်းပြီ၊
ကောင်းပြီ ၊ ပညာတတ်လူငယ်အဆောင်မှာလည်း ခုတင်က အလုံအလောက်ရှိနေတာမှ မဟုတ်ဘဲ၊
မြန်မြန်လုပ်ပြီး ခေါ်သွားလိုက်တော့၊ မင်းတို့ရဲ့ အိမ်ကို ဖြည်းဖြည်းချင်းလည်း
ပြန်သွားကြဦး”
ကျောက်ရှီလဲ့အတွက်ကတော့
ပညာတတ်လူငယ်အဆောင်တွင် နေထိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
သူမအနေဖြင့်
လင်းရန်နှင့် မကြာလိုက်သေးခင်အချိန်အတွင်း ခွဲခွာရမည်ဟု သူ
မမျှော်လင့်ထားခဲ့သောကြောင်း အနည်းငယ် ဝမ်းနည်းသွားခဲ့ရသည်။
သူမက
လင်းရန်နှင့်ခုတင်ချင်းကပ်လျှက် အတူနေနိုင်လိမ့်မည်ဟု ထင်ခဲ့ပြီး အရာအားလုံးကို
အတူတကွလုပ်ဆောင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်ပင်။
ကျောက်ရှီလဲ့တစ်ယောက်
စိတ်ဓာတ်ကျပြီး စွန့်ပစ်ခံရသကဲ့သို့ ဖြစ်နေသည်ကို မြင်လျှင် လင်းရန်လည်း
သူမ၏လက်ကို ညှစ်ပြီး နှစ်သိမ့်ရုံသာ တတ်နိုင်ခဲ့သည်။
“အဆင်ပြေပါတယ်၊
ငါတို့တွေ အတူနေလို့မရပေမယ့် အဖွဲ့က ဘယ်လောက်ကြီးလဲဆိုတာကို နင်လည်း
မြင်နိုင်နေတာပဲ၊ အချိန်ကျလာရင် ငါတို့ နေ့တိုင်း အတူတူ အလုပ် လုပ်နိုင်တယ်၊
နောက်ပြီး တစ်ယောက်ကိုတစ်ယောက်တွေ့နိုင်လိမ့်မယ်”
သူမ၏စကားကြောင့်
ကျောက်ရှီလဲ့၏ စိတ်ခံစားချက်များ ပို၍ကောင်းလာခဲ့သည်။
ကောင်မလေးနှစ်ယောက်က
ခွဲခွာရဖို့ ဝန်လေးနေသည်ကိုမြင်လျှင် လင်းကျန်းအန်း ဝင်ပြောလိုက်သည်။
“ရဲဘော်ကျောက်၊
မင်း ပညာတတ်လူငယ်အဆောင်မှာ အခြေချပြီးသွားရင် ရန်ရန် မင်းကိုလာရှာလို့ရအောင် ငါ
ခေါ်လာပေးမယ်လေ၊ မင်းလည်း ညနေပိုင်းတွေမှာ ငါတို့အိမ်ကို အတူတူလိုက်လာလို့ရတာပေါ့”
သူတို့၏အိမ်တွင်
ထမင်းစားပြီး လမ်းကိုသိသွားပြီဆိုပါက အလိုရှိသည့်အချိန်တိုင်း လာနိုင်လိမ့်မည်။
ကျောက်ရှီလဲ့လည်း
ထိုစကားကိုကြားလိုက်ရသည့်နောက်တွင်တော့ ရယ်မောလာခဲ့သည်။
“ကျေးဇူးတင်ပါတယ်အန်ကယ်လင်း!”
ထို့နောက်တွင်
သူမက ခေါင်းဆောင်၏နောက်မှ ပညာတတ်လူငယ်နေရာသို့ ပျော်ရွှင်စွာ လိုက်ပါသွားခဲ့သည်။
လင်းရန်နှင့်
လင်းကျန်းအန်းတို့လည်း တို့၏ ခရီးဆောင်အိတ်များကို သယ်ဆောင်ကြပြီး
လင်းမိသားစုအိမ်ဆီသို့ ဦးတည်သွားခဲ့ကြသည်။
လင်းမိသားစုအိမ်က
ပိုပိုပြီး နီးကပ်လာသည်ကိုမြင်လိုက်ရချိန်တွင် မတိုင်မီအချိန်က
ငြိမ်သက်နေပြီဖြစ်သော လင်းရန်မှာ မထိန်းနိုင်ဘဲ နောက်တစ်ကြိမ်
စိတ်လှုပ်ရှားလာခဲ့ရပြန်သည်။
ထိုအချိန်တွင်
လင်းမိသားစုနေအိမ်..
လင်းကွမ်းချင်းမှာ
အိမ်သို့ အမြန်ပြန်ပြေးလာခဲ့ပြီး သူ အိမ်သို့ရောက်ချိန်တွင် သူ့မိသားစုနှင့်
စုန့်ရှီးယန်တို့မှာ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်နေကြသည်ကို
တွေ့လိုက်ရမည်ဟု မျှော်လင့်ထားခဲ့သော်လည်း တံခါးထဲသို့မဝင်မီကတည်း သူ့အဖွား၏
အူလှိုက်သည်းလှိုက် ရယ်မောသံကို ကြားလိုက်ရလေ၏။
“ဟားဟားဟား၊
တော်လိုက်တဲ့ကောင်လေး၊ မင်းရဲ့ကြွက်သားတွေက အရမ်းသန်မာတာပဲ! မင်းသာ ဒီမှာ
အလုပ်သွားလုပ်ရင် သေချာပေါက် အမှတ်ပြည့်ရလိမ့်မယ်!”
“အိုး! အဲဒါလည်း
အတူတူပဲ၊ မင်း တစ်ကြိမ်ကို အနည်းဆုံး ရေပုံးတစ်ဒါဇင်လောက် သယ်သွားနိုင်လောက်တယ်
ဟုတ်တယ်မလား”
တံခါးအပြင်ဘက်တွင်ရှိနေသည့်
လင်းကွမ်းချင်းမှာ ထိုစကားကိုကြားလိုက်ရလျှင်
တံခါးပေါက်အနီး၌ချော်လဲလုနီးပါးပင်ဖြစ်သွားရသည်။
ကျွန်တော့်ရဲ့
အဖွားရေ! အဲဒါက ကျွန်တော်ရဲ့ တပ်ရင်းခေါင်းဆောင်နော်! မိသားစုအတွက်
သီးသန့်အလုပ်လုပ်ဖို့ အိမ်ကိုခေါ်လာတဲ့လူမဟုတ်ဘူး!
အဘွားရဲ့
စကာသံထဲက စိတ်အားထက်သန်မှုတွေကို မကြားရဘူးလို့ မထင်လိုက်နဲ့!
**