Ch 32
Viewers 10k

(32)

 

လင်းရန် သူမအဖေဖြစ်သူ၏ မေးခွန်းကိုကြားလျှင် သိပ်ပြီးမစဉ်းစားမိခဲ့ဘဲ အမြန်ရှင်းပြခဲ့သည်။

 

အဖေ့ရဲ့ မျက်နှာကို မြင်လိုက်ရတော့ နည်းနည်း ရင်းနှီးသလိုမျိုး ခံစားရတယ်လေ၊ အဲဒါက သမီး အဖေ့ကို မှတ်မိတဲ့ပုံစံနဲ့ ဆင်တူတယ်လို့ တွေးမိတယ်၊ ဒါကြောင့် အဖေ့ကို သမီးရဲ့ အဖေဖြစ်မယ်လို့ ထင်ခဲ့တာ

 

ဤသည်မှာ အမှန်ပင်။

 

လင်းကျန်းအန်းမှာ လီရှို့လီနှင့် လက်ထပ်စဉ်အချိန်တွင် အသက်နှစ်ဆယ်ခန့်သာ ရှိသေးပုံရသည်။ ယခု လင်းရန်၏ အသက်က (18)နှစ်ရှိပြီဖြစ်သည့်တိုင် လင်းကျန်းအန်းမှာ အသက် (38) နှစ်သာရှိနေသေးပြီး အမျိုးသားတစ်ယောက်အတွက် ရင့်ကျက်ပြီး ချောမောခန့်ညားနေဦးမည့် အသက်အရွယ်၌သာ ရှိနေသေးသည်။

 

အသက်နှစ်ဆယ်အရွယ် လူငယ်၏ အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက လက်ရှိ သူ၏အသွင်အပြင်မှာ အနည်းငယ်ပို၍ ရင့်ကျက်မှုများရောယှက်နေသည့် ဆွဲဆောင်မှုရှိနေခဲ့ပြီး တခြားမျက်နှာအသွင်အပြင်မှာက်း များစွာ ပြောင်းလဲခြင်းမရှိပေ။

 

  

လင်းရန်တစ်ယောက် ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟုတ်မဟုတ်ကို မသိသော်လည်း သူမအနေဖြင့် အဖေလင်းကို တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သလို ခံစားနေခဲ့ရသည်၊ သို့မဟုတ် သူ့ကိုမြင်သောအချိန်တွင် သူနှင့် ဆင်တူသော တစ်စုံတစ်ယောက်ကို မြင်တွေ့ဖူးခဲ့သလိုမျိုး ခံစားနေခဲ့ရသည်။

 

ကံမကောင်းစွာနှင့် သူမ အချိန်ခဏမျှစဉ်းစားပြီးသည့်နောက်တွင်ပင် ထိုလူက မည်သူဖြစ်ဖြစ်ကြောင်းကို မသိနိုင်ခဲ့ပေ။

 

အဆုံးတွင် လင်းရန်တစ်ယောက် ခေါင်းကိုသာ ခါရမ်းလိုက်မိပြီး ထိုကိစ္စကို အချိန်တစ်ခုလောက်အထိနောက်တွင် ချန်ထားရုံသာ တတ်နိုင်ခဲ့သည်။

  

လင်းကျန်းအန်းမှာ သူမပြောသည်ကိုကြားသောအချိန်တွင် စိတ်ခံစားချက်များ ပြင်းထန်လာခဲ့ပြီး လင်းရန်အား စိတ်လှုပ်ရှားစွာဖြင့် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

 

ရန်ရန်၊ မင်းရဲ့ မျက်လုံးတွေက အရမ်းကောင်းတာပဲ၊ မှတ်ဉာဏ်ကလည်း အရမ်းကောင်းတယ်! မင်းက တစ်ချက်နှစ်ချက်လောက်ကြည့်ပြီးတာနှင့် အဖေ့ကို မှတ်မိနိုင်တယ်!

 

တကယ်လို့ သူသာ သူ့ရဲ့သမီးက ဒီလောက်ထိ မျက်စိကောင်းမှန်း ကြိုသိနေခဲ့မယ်ဆိုရင် သူမ ကားပေါ်မှ ဆင်းလာပြီးကတည်းက သူ သူ့မဆီကို ပြေးပြီး သူမကို စိုက်ကြည့်လိုက်လိမ့်မယ်!

 

လွန်ခဲ့သည့် မိနစ်ပိုင်းအချိန်လောက်တွင် ယောက်ျားတစ်ယောက်ကို စိုက်ကြည့်နေခဲ့သည့် မိန်းကလေးကို စိတ်ထဲတွင် အပြုအမူကောင်းများမရှိကြောင်း ၊ ပညာမဲ့လွန်းကြောင်း မကျေမနပ်ပြောခဲ့မိသည်အတွက်ကလား?

 

သူ့၏ ရန်ရန်မှ အခြားလူများကို စိုက်ကြည့်နေခြင်းမှာ အရှက်မရှိစွာစူးစိုက်ကြည့်ခြင်းဟု ခေါ်ဆို၍မရပေ။ ဤသည်မှ အမှန်တရားကို ရှာဖွေခြင်းဟု ခေါ်ဆိုလိမ့်မည်!

 

သူမ၏ စူးရှထက်မြက်သည့် အမြင်အာရုံတဲ့မျက်လုံးတွေကြောင့်သာ မဟုတ်ခဲ့ပါက ဤအဖေနဲ့သမီးက တစ်ယောက်ကိုတစ်ယောက် မမှတ်မိဘဲ နေလိမ့်မည်ကိုတောင် စိုးရိမ်ရသည်။

 

ထို့ကြောင့် သူမ သူ့ကို ငေးစိုက်ကြည့်နေခဲ့သည်က သူမ အလွန်မှန်ကန်ပေသည်။

 

ဤနည်းဖြင့် အဖေနှင့်သမီးနှစ်ယောက်က မည်သူမျှ မမျှော်လင့်ထားခဲ့သော ဤအခိုက်အတန့်တွင် တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုခဲ့ကြသည်။

 

သို့သော် အဖေလင်း၏ အသိအမှတ်ပြုခြင်းမှာ လင်းရန်၏ နှလုံးသားထဲတွင် အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်ကိုတော့ ငြင်းဆန်၍မရနိုင်ပါချေ။

 

 

ထို့အပြင် အဖေလင်းမှာ သူမအပေါ် မုန်းတီးနာကျည်းစိတ်များ ရှိမနေကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူမှာ သူမကို မြင်တွေ့ရသည့်အပေါ် အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည့်ပုံပင်။

 

ဆိုရလျှင် သူမ၏ အဖေကိုရှာဖို့ရန်အတွက် ကျေးလက်ဒေသသို့ လာခဲ့သည့်မှာ မှန်ကန်တဲ့လုပ်ရပ်ဟု သတ်မှတ်သင့်ပုံရသည်။

 

သားအဖနှစ်ယောက်၏ အသိအမှတ်ပြုမှု ပြေလည်သွားသည်နှင့် လင်းရန်၏ အစိုးရိမ်ဆုံးအရာသည်လည်း ပြေလည်သွားခဲ့ပြီဖြစ်၍ တစ်နေ့တာလုံး ခရီးရှည်ကြီးထိက်ခဲ့ရခြင်းမှ ပင်ပန်းနွမ်းနယ်မှုများကလည်း သိသိသာသာရောက်ရှိလာခဲ့သည်။

 

ထိုအချိန်အတွင်းတွင် ကျောက်ရှီလဲ့မှာ တည်းခိုခန်းအတွင်း တစ်ညတာတည်းခိုရန်အတွက် လိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်း၍ ပြီးမြောက်သွားခဲ့ပြီဖြစ်သောကြောင့် လင်းရန်ဆီသို့ လှမ်းခေါ်ကာ အခန်းထဲတွင် အနားယူနိုင်ပြီဖြစ်ကြောင်း ပြောလာခဲ့သည်။

 

သို့သော်လည်း သမီးဖြစ်သူမှာ တည်းခိုခန်း အခန်းထဲ၌ အိပ်ပျော်နေချိန်တွင် ဖခင်ဖြစ်သူ လင်းကျန်းအန်းမှာ လမ်းပေါ်၌ အိပ်နေရမည့်အဖြစ်ကိုတော့ လင်းရန် အဖြစ်မခံနိုင်ပါချေ။

 

ထို့ကြောင့် သူမက မတိုင်ခင်က လင်းကျန်းအန်း၏ ငြင်းပယ်မှုကို လျစ်လျူရှုခဲ့ပြီး သူနှင့် လင်းတာ့ကျွမ်းတို့အတွက် အခန်းတစ်ခုကို တိုက်ရိုက်ဖွင့်ခဲ့သည်။

 

အဖေ၊ မငြင်းနဲ့တော့၊ တကယ်လို့ အဖေသာ အခန်းထဲမှာ မအိပ်ဘူးဆိုရင် သမီးလည်း မသွားဘူး၊ အဖေနဲ့ အပြင်မှာဘဲ နေလိုက်မယ်

 

လင်းရန် ဤကဲ့သို့ပြုမူနေပြီဖြစ်သောကြောင့် လင်းကျန်းအန်းသည်လည်း မငြင်းဆန်ရဲတော့ချေ။ သို့သော်လည်း အခန်းခကိုတော့ သူကိုယ်တိုင် ပေးဆောင်ရန် ခေါင်းမာနေဆဲဖြစ်ကာ သမီးဖြစ်သူ၏ပိုက်ဆံကို မသုံးစွဲချင်ခဲ့ပေ။

 

လင်းရန်လည်း မငြင်းဆန်ခဲ့ဘဲ အဖေဖြစ်သူ အခန်းတစ်ခန်းဖွင့်သည်မှာ သေချာကြောင်းကို စောင့်ကြည့်ပြီးမှသာ သူမ၏ အခန်းထဲကို ဝင်သွားခဲ့လိုက်သည်။

 

ယနေ့အချိန်တွင် အမှန်တကယ်ပင် ပင်ပန်းလွန်းနေပြီဖြစ်၍ လင်းရန်မှာ ခုတင်ပေါ်တွင် လှဲချပြီး မကြာခင်၌ အိပ်ပျော်သွားခဲ့တော့သည်။

 

တစ်ဖက်တွင်ရှိနေသော လင်ကျန်းအန်းမှာတော့ ခုတင်ပေါ်တွင် ခဏလှဲအိပ်ပြီးနောက် နောက်ဆုံးတွင် သူ့သမီးနှင့်တွေ့ဆုံရာမှ ရရှိခဲ့သည့် စိတ်လှုပ်ရှားမှုမှာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီ။

 

မတိုင်ခင်အချိန်က သူသည်ကား သမီးဖြစ်သူနဲ့ ပြန်ဆုံတွေ့ရတာ စိတ်လှုပ်ရှားပျော်ရွှင်နေသောကြောင့် ဤကိစ္စအပေါ် အများအပြား မတွေးတောဖြစ်ခဲ့ပေ။

  

  

ဥပမာအားဖြင့် လင်းရန်က မြို့ထဲမှာ ကောင်းကောင်းနေမယ့်အစား ဘာကြောင့် ကျေးလက်ကို ရုတ်တရက် ရောက်လာရတာလဲ?

 

တခြားဥပမာတစ်ခုအနေနှင့် လီရှို့လီက လင်းရန် ကျေးလက်သို့သွားခြင်းကို ဘာကြောင့် မတားဆီးခဲ့ရတာလဲ?

 

သူမကိုယ်တိုင်က ဒီနေရာကို သွားခိုင်းခဲ့တာလား?

 

ဤအဓိကမေးခွန်းနှစ်ခုထွက်လာသည်နှင့်တပြိုင်နက် လင်းကျန်းအန်းမှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို လျင်မြန်စွာသဘောပေါက်လိုက်သည်။

 

သူ့အနေဖြင့် သမီးဖြစ်သူကို အမြဲတစေလွမ်းဆွတ်ပြီး တွေ့ချင်နေခဲ့သော်လည်း ယခုကဲ့သို့ သမီးဖြစ်သူအား ပညာတတ်လူငယ်တစ်ယောက်အဖြစ် ကျေးလက်ဒေသသို့ အလုပ်လာလုပ်စေချင်သည်ကို တွေ့မြင်လိုသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပါချေ။

 

သူ့အနေဖြင့် သမီးဖြစ်သူက ဆွေမျိုးများထံသို့ အလည်လာ၍ ဆော့ကစားဖို့အတွက် ပြန်လာခြင်းကိုသာ အလိုရှိခဲ့ခြင်းဖြစ်ကာ ပညာတတ်လူငယ်တစ်ယောက်အဖြစ် ခက်ခဲပင်ပန်းသွာနှင့်တော့ ကျေးလက်ဒေသသို့ မလာစေလိုခဲ့ပေ။

 

သူ၏သမီးဖြစ်သူအား ဆင်းရဲဒုက္ခများကို ကြုံတွေ့ခံစားရခြင်းကို အမှန်ပင် မဖြစ်စေလိုပါချေ။

 

လင်းကျန်းအန်းအနေဖြင့် အစပိုင်းတွင် လီရှို့လီမှ သူ့၏သမီးလေးကို ခေါ်ဆောင်ရန် ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်မိကြောင်း ဝန်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လီရှို့လီ နောက်အိမ်ထောင်ပြုသော အမျိုးသားမှာ မြို့တွင်းရှိ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အလွန်တော်သော လူကောင်းတစ်ဦးဖြစ်ကြောင်းကို သိရှိခဲ့ရသည်။

 

သူ၏သမီးဖြစ်သူသာ ထိုနေရာတွင် ရှိနေဦးမည်ဆိုပါက မြို့ပေါ်တွင်ကောင်းမွန်စွာနေထိုင်ရမည်ဖြစ်ကာ အနည်းဆုံးတော့ ကျေးလက်ဒေသမှာကဲ့သို့ အခက်အခဲများကို ရင်ဆိုင်နေစရာ မလိုအပ်ပါချေ။

 

  

သူ့ထံတွင် သူ့၏သမီးလေးကို ချစ်မြတ်နိုးသည့် နှလုံးသားအပြည့်အဝရှိနေသော်လည်း သမီးဖြစ်သူအား အကောင်းဆုံးဘဝကို ပေးစွမ်းနိုင်ဖို့အတွက် ခွန်အားမရှိခဲ့ပါချေ။

 

ထို့အတွက် သူ့၏နှလုံးသားမှာ အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေခဲ့ရသည်။

 

ဤသည်မှာ လင်းကျန်းအန်းမှ သမီးဖြစ်သူကို လက်လွှတ်ပေးလိုက်ရန် ရွေးချယ်ခဲ့သည့် အခြေခံအကျဆုံး အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပေသည်။

 

သို့သော် သူ၏သမီးဖြစ်သူမှာ နှစ်ပေါင်းများစွာကြာအောင် မြို့ထဲတွင် ကောင်းကောင်းနေထိုင်နိုင်ခဲ့ရာမှ ယခုချက်ချင်းပင် ပညာတတ်လူငယ်တစ်ဦးအဖြစ် ကျေးလက်ဒေသတွင် အလုပ်လုပ်ဖို့ ဖြစ်လာခဲ့သည်။

 

တစ်ခုခုကတော့ သေချာပေါက် မှားယွင်းနေလောက်ပြီ။

 

လင်းကျန်းအန်းမှာ တွေးတောရင်းဖြင့် သမီးဖြစ်သူအား စိတ်မပူပင်ဘဲ မနေနိုင်တော့ချေ။

 

မြို့ပေါ်မှာ နေခဲ့ရတုန်းက သူ့၏ သမီးလေးဆီမှာ ဘာတွေများ ဖြစ်သွားခဲ့တာလဲ။

 

သူ အလွန်အမင်းစိုးရိမ်နေခဲ့သော်လည်း ဤအကြောင်းကို မေးသင့်၊ မမေးသင့် တွေးတောရခက်ခဲနေခဲ့ပြန်သည်။

 

သူ့အနေဖြင့် သူ့သမီးလေးအား ဝမ်းနည်းစေမည့် ခံစားချက်ကို သွားရောက် ထိတွေ့မိမည်ကို ကြောက်လန့်နေခဲ့ရသည်။

 

အဆုံးတွင် သူတို့အဖေနဲ့သမီးမှာ မတွေ့ရတာ ကြာမြင့်လှပြီဖြစ်ကာ ကွာဟချက်ကို တစ်ရက် ၊နှစ်ရက်အတွင်း ပြန်လည် ဖြည့်စွတ်ရန် မဖြစ်နိုင်ပါချေ။

 

ထို့အပြင် သူ့၏သမီးမှာ အရွယ်ရောက်လာပြီဖြစ်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့ပြီး ငယ်စဉ်က သူ့၏ ပခုံးပေါ်တွင်တက်က် မြင်းကြီးစီးနိုင်သည့် ကလေးလေး မဟုတ်တော့ပေ။

 

ဖခင်တစ်ယောက်အနေဖြင့် သမီးဖြစ်သူအပေါ် မည်သို့မေးရမှန်းမသိနိုင်သည့် မေးခွန်းတချို့ရှိနေသေးသည်ပင်။

 

ကံကောင်းထောက်မစွာဖြင့် သူ့အတွက် ထိုမေးခွန်းများကို မေးမြန်းရန် ခက်ခဲသော်လည်း သူ့တွင် လင်းရန်နှင့် အသက်ရွယ်တူသည့် တူများက ရှိနေသေးသောကြောင့် ၎င်းတို့ကို မေးမြန်းစုံစမ်းဖို့ရန် ခိုင်းစေနိုင်သေးသည်ပင်။

 

အသက်အရွယ်တူသူများက အချင်းချင်း စကားပြောဆိုရန် ပိုမိုလွယ်ကူသင့်လျော်လိမ့်မည်။

 

ထိုသို့ တွေးတောပြီးနောက်တွင် လင်းကျန်းအန်းမှာ မနက်ဖြန် သူတို့ ခရိုင်မှ ထွက်ခွာပြီး တပ်မဟာသို့ ရောက်သည်နှင့် တခြားမိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးရန် လင်းရန်အား လင်းမိသားစုဆီသို့ ချက်ချင်းပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။

 

...

 

ထိုညတွင် လင်းကျန်းအန်းမှာ သူ့သမီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို တွေးတောကာ နောက်ကျမှသာ အိပ်ပျော်သွားခဲ့သည်။

 

သို့သော်လည်း ကံကောင်းထောက်မစွာနှင့် သူ့မှာ အခြေခံအလေ့အကျင့်ကောင်းတစ်ခုရှိနေခဲ့ပြီး နောက်ကျမှအိပ်ယာဝင်လျှင်ပင် မနက်စောစောပြန်ထဖို့ရန်အတွက် ဆိုးကျိုးမရှိခဲ့ပေ။

 

ထိုအစား သူ့၏သမီးဖြစ်ကို ပြန်လည်ခေါ်ယူနိုင်တော့မည်ဟူသောအတွေးဖြင့်  လန်းဆန်းတက်ကြွနေခဲ့သည်။

 

  

အိမ်မှာရှိနေသော သူ၏ မိခင်မှာ ဤတစ်ဦးတည်းသော မြေးမလေးအကြောင်းကို မကြာခဏ ပြောလေ့ရှိသည်။ လင်းရန် ပြန်ရောက်လာသည်ကို မြင်လျှင် အလွန်အမင်းပျော်ရွှင်သွားလောက်ပေသည်။

 

လင်းရန်သည်လည်း တစ်ညတာ အနားယူပြီးနောက် ခွန်အားများပြန်လည်ရရှိလာသည်။

 

သူမနှင့် ကျောက်ရှီလဲ့တို့ ပြင်ဆင် ထုပ်ပိုးပြီးနောက် အောက်ထပ်သို့ အမြန်ဆင်းသွားခဲ့ကြသည်။

 

သူတို့နှစ်ယောက် တည်းခိုခန်းမှဝန်ထမ်းအား ဤတည်းခိုခန်းတွင် မနက်စာ စားသုံးနိုင်မလားဟု မေးမြန်းရန် တွေးတောလိုက်စဥ်တွင် တည်းခိုခန်း၏ ဝင်ပေါက်မှတဆင့် လင်းကျန်းအန်းတစ်ယောက် လက်ထဲတွင် အသားဘန်းမုန့်ကြီးနှစ်ခုနှင့်အတူ ပြန်လာနေသည်အား တွေ့လိုက်ရလေ၏။

 

လင်းကျန်းအန်းမှာ မနက်စောစောထပြီး လမ်းပေါ်ရှိ အစိုးရပိုင် စားသောက်ဆိုင်သို့ သွားခဲ့သည်။ ထို့နောက် သူနှင့် လင်းတာ့ကျွမ်းတို့နှစ်ယောက်ပေါင်းပြီး ကျန်ရစ်သော ပိုက်ဆံနှင့် အစားအသောက်လက်မှတ်များကို စုစည်းကာ နောက်ဆုံးတွင် အသားဘန်းမုန့်နှစ်လုံးအတွက် လုံလောက်အောင် ရရှိခဲ့သည်။

 

  

  

သူက လင်းရန်နှင့် ကျောက်ရှီလဲ့တို့အား  အသားဘန်းမုန့်နှစ်ခုကို လှမ်းပေးလိုက်ကာ ဗိုက်ကို အရင်ဖြည့်ထားဖို့အတွက် တစ်လုံးစီ စားခိုင်းခဲ့သည်။

 

**