(20)
မြို့ပြနှင့်
မိုင်ထောင်ချီဝေးသော တုန်ဖန်း တပ်မဟာတွင် တပ်မဟာ ခေါင်းဆောင်မှာ
စီးကရက်တစ်လိပ်ကိုသောက်နေလျှက် သူ့ရှေ့မှ မျက်နှာပေါ်တွင်
ဝမ်းနည်းမှုများရောယှက်နေသော လူများကို စိုက်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင်တော့
တစ်စုံတစ်ယောက်က မအောင့်အီးနိုင်တော့ဘဲ အတည်ပြုချက်ရရန်အတွက်
ထပ်မံပြောလာခဲ့သည်။
“ဦးလေး၊
ကျွန်တော်တို့ ဒီအကြောင်းကို ကွန်မြူနတီကို မပြောလို့မရတော့ဘူး၊ အခု ကျွန်တော်တို့
တပ်မဟာမှာ ပညာတတ်လူငယ် ဆယ်ယောက်လောက်ရှိနေပြီ၊ နောက်ထပ် နည်းနည်း ထပ်လာဦးမယ်ဆိုရင်
ကျွန်တော်တို့တပ်မဟာက လူတွေကို အသက်မရှင်နှင့်တော့လို့ ပြောနေတာ မဟုတ်ဘူးလား!”
“ဟုတ်တယ်
ခေါင်းဆောင်၊ အဲဒီမြို့က ကလေးတွေ ဒီကို လာရင်တောင် ဘာတွေများ
လုပ်နိုင်လို့လဲ၊ သူတို့က ကျွန်တော်တို့ကို နောက်ကိုပြန်ဆွဲရုံပဲ
တတ်နိုင်တာ၊ ကျွန်တော်တော့ မလှုပ်ရှားနိုင်တော့ဘူးဆိုတဲ့ ပညာတတ်လူငယ်တွေကို
ပြန်သယ်ဖို့အတွက် တောင်ကို နှစ်ခါလောက် ပြန်မတက်ချင်တော့ဘူး”
“ဒါ့အပြင်
ပညာတတ်လူငယ် ဧရိယာက လူပြည့်နေပြီနော်၊ အများဆုံး သုံးလေးယောက်လောက်ပဲ ညှစ်ထည့်လို့
ရတယ်၊ သူတို့တွေ နောက်ထပ်နည်းနည်း ထပ်ရောက်လာရင် သူတို့အတွက် နောက်ထပ် အဆောင်တွေ
ထပ်ဆောက်ရဖို့ ဖြစ်လာလိမ့်မယ်၊ ကျွန်တော်တို့မှာ သူတို့အတွက် အိမ်ဆောက်ဖို့
အားလပ်ချိန် မရှိဘူး၊ ဒီမှာ ရှိနေတဲ့ အလုပ်တောင် မပြီးနိုင်သေးဘူး!”
သူတို့တစ်ယောက်ပြီး
တစ်ယောက် ပြောလာသည့် တိုင်ကြားချက်များကို နားထောင်ရင်း ခေါင်းဆောင်ကတော့ တကယ်ကို
စိတ်မသက်မသာ ခံစားနေရပြီ။
သို့သော်လည်း
အသင်းငယ်လေးတစ်ခု၏ အသင်းခေါင်းဆောင်တစ်ယောက်သာ ဖြစ်သည့် သူ့ထံတွင်
ဆုံးဖြတ်ချက်ချဖို့ရန်အတွက်မည်သည့်အချိန်တွင် အလှည့်ကျရောက်နိုင်မည်နည်း။
ဤအမိန့် မှာ
အထက်လူကြီးမှ ပေးအပ်လာသော အမိန့်တစ်ခုသာဖြစ်ပြီး ၎င်းတို့မှာ
လိုက်နာဆောင်ရွက်ရန်သာ တတ်နိုင်လိမ့်မည်။
မနက်မိုးလင်းချိန်တုန်းက
သူ ကွန်မြူနတီသို့ အစည်းအဝေးသွားခဲ့ရသည်။ ထို့နောက်တွင် ကွန်မြူနတီမှ ခေါင်းဆောင်က
မြို့မှ ဖုန်းဆက်လာကြောင်းကို ပြောလာခဲ့သည်။
နောက်ထပ်ရက်အနည်းငယ်
ကြာသည့်နောက်တွင် မြို့မှ ပညာတတ်လူငယ်များကို ကျေးလက်သို့သွားရန်
စီစဉ်ပေးထားကြောင်း ဖြစ်သည်။ သူတို့၏ ချွန်းဖန်း တပ်မဟာသည်လည်း ဤတစ်ကြိမ်တွင်
ပညာတတ်လူငယ်ငါးဦးကို လက်ခံလိမ့်မည်။
ထိုရောက်လာသည့်
လူငယ်များအတွက် ကောင်းကောင်းဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောလာခဲ့သည်။
ဤသည်ကို
ခေါင်းဆောင် ကြားခဲ့ရပြီးနောက်တွင် အမှန်တကယ် စိတ်ရှုပ်သွားခဲ့ရသည်။
သူ့အနေဖြင့်
ဤစကားများကို မည်သို့ ပြောနိုင်မည်နည်း:
‘လူငါးယောက်က
အလွန်များပြားလွန်းတယ်၊ နည်းနည်းလောက် ထပ်လျှော့ပေးလို့ရမလား၊ လုံးဝမရှိရင်တော့
ပိုကောင်းလိမ့်မယ်’
သို့သော်
ကွန်မြူနတီ၏ သဘောထားမှာလည်း အလွန်ရှင်းလင်းနေခဲ့ပြီး
နောက်ထပ်ဆွေးနွေမှုကိုမလိုအပ်ခဲ့ပေ။
“ဟေး၊
နေရေးထိုင်ရေးက သိပ်ပြီး ကိစ္စမရှိလောက်ပါဘူး...”
ခေါင်းဆောင်က
သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့ဘေးနားမှ စကားများများဝင်မပြောဘဲ ရပ်နေသည့်လူကို
ကြည့်လိုက်လေ၏။
သူ ခဏလောက်
တုံ့ဆိုင်းသွားခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ အရှက်ကင်းမဲ့သော မျက်နှာဖြင့်
ပြောရန်မှတပါး ရွေးချယ်စရာမရှိပေ။
“ကျန်းအန်း ၊
မင်းမှာ အိမ်ခန်းလွတ်တစ်ခုရှိနေသေးတာကို ငါမှတ်မိတယ်၊ မင်း အဲဒီအခန်းကို
သန့်ရှင်းရေးလုပ်ပြီး အသစ်ရောက်လာတဲ့ ပညာတတ်လူငယ်တွေကို ရက်နည်းနည်းလောက် ခဏ
ငှားပေးထားလိုက်ပါလား”
ထိုလူ၏နာမည်မှာ
လင်းကျန်းအန်းဖြစ်ပြီး တပ်မဟာခေါင်းဆောင်၏ ဆွေမျိုးတစ်ယောက်လည်း ဖြစ်ချေသည်။
ထိုသူက
နှိမ့်ချတတ်ပြီး အလုပ်ကြိုးစားကာ၊ ရက်ရောသူ၊ စကားပြောသိမ်မွေ့သူလည်း ဖြစ်သည်။
ထို့ကြောင့်
တပ်မဟာတွင် ကိစ္စ တစ်ခုခုကြုံလာသည့် အချိန်တိုင်း တပ်မဟာခေါင်းဆောင်က သူ့ကို
အကူအညီတောင်းတတ်လေ့ရှိသည်။
လက်ရှိတွင်
ဤကိစ္စများကိုပြောပြရန်အတွက် သူ့ကို ဤနေရာသို့ ခေါ်ရခြင်း၏ အကြောင်းရင်းမှာ
သူတို့၏ ထင်မြင်ယူဆချက်များကို ကြားချင်သည့်အပြင် ထိုသူ၏အိမ်မှ လစ်လပ်နေသည့်
အိမ်ခန်းကို စိတ်ဝင်စားနေခြင်းကြောင့်လည်း ပါသည်ပင်။
သူတို့
တပ်မဟာတစ်ခုလုံး၏ ဘဝက အတော်လေးကောင်းမွန်သော်လည်း ထိုကောင်းမွန်မှုမှာ
အစားအသောက်အပေါ်တွင်သာ ကန့်သတ်ထားခဲ့သည်။
သူတို့၏တပ်မဟာမှာ
အလုပ်ကြိုးစားသူများအားလုံးဖြစ်ပြီး အလေးအနက်လုပ်ဆောင်ပါက စားနပ်ရိက္ခာကို
မလောက်ငှမည်က မည်သူအပေါ်တွင်မှ မဖြစ်နိုင်ပေ။
သို့သော်လည်း
စားနပ်ရိက္ခာ လုံလောက်ရုံသာရှိပြီး အိမ်မျာ့ကတော့ အပိုအလျံမရှိပါချေ။
မိသားစုများစွာတွင် အိမ်တစ်အိမ်၌ လူပေါင်းများစွာ ကြပ်တည်းစွာနေကြရလေ့ရှိသည်။
ခြံနေရာကျယ်ဝန်းပြီး အခန်းလွတ်များရှိသည့် တစ်ခုတည်းသောအိမ်မှာ
လင်းကျန်းအန်း၏အိမ်သာ ရှိနေပေသည်။
သူ့အိမ်တွင်
အခန်းများအဘယ်ကြောင့် ပိုနေသည်လဲ ဟူသည်ကတော့ အကြောင်းပြချက်က ဝမ်းနည်းဖွယ်ရာပင်။
လင်းကျန်းအန်း၏ အိမ်မှ အပိုအခန်းမှာ လင်းကျန်းအန်း၏ ယခင်က
မင်္ဂလာအိမ်ခန်းဖြစ်ခဲ့ဖူးသည်။
လင်းကျန်းအန်းမှာ
ထိုအချိန်တုန်းက အိမ်ထောင်ပြုခဲ့သော်လည်း နှစ်အနည်းငယ်အတွင်း၌ သူ့၏ဇနီးသည်ဖြစ်သူက
သူ့မိသားစု၏ ဆင်းရဲမွဲတေမှုနှင့် အရည်အချင်းမရှိခြင်းကို မကြိုက်နှစ်သက်သောကြောင့်
သမီးဖြစ်သူကို ခေါ်၍ ထွက်သွားခဲ့သည်။
ထိုအချိန်မှစ၍
လင်းကျန်းအန်းမှာ တစ်ကိုယ်တည်းသာ နေထိုင်ခဲ့သည်။ သူက ထပ်မံ
မချစ်ချင်တော့သည့်အတွက်လား ၊ ထို ရက်စက်သည့်
ဇနီးဖြစ်သူနေထိုင်ခဲ့သည့်အခန်းဖြစ်၍ မုန်းတီးနေခြင်းကြောင့်လား မသိရသော်လည်း
လင်းကျန်းအန်းက ထိုအိမ်ခန်းအား သော့ခတ်ပြီး အိမ်ထောင်မကျခင် နေထိုင်ခဲ့သော
အိမ်ဟောင်းအိမ်မကြီးသို့ ပြန်နေခဲ့သည်။
နှစ်များစွာကြာပြီးနောက်မှာတောင်
ထိုအိမ်က ကွက်လပ်အဖြစ်ကျန်ရှိနေခဲ့သည်။ လူတိုင်းက ထိုသို့ ထားရှိခြင်းကို
ဖြုန်းတီးရာရောက်သည်ဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ ဤသည်မှာ တခြားလူတစ်ဦး၏
အိမ်သာဖြစ်၍ ဝင်ပြောနိုင်ခွင့်မရှိပေ။
သို့သော်လည်း
ယခုတွင်တော့ တပ်မဟာသို့ ရောက်လာမည့် ပညာတတ်လူငယ် အရေအတွက်မှာ မျှော်မှန်းထားသည်ထက်
ကျော်လွန်နေပြီဖြစ်ကာ လောလောဆယ်တွင် ပညာတတ်လူငယ်များအတွက် နေရာမရှိသေးပေ။
ထို့ကြောင့်
အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်များ၏ အိမ်များတွင် ပညာတတ်လူငယ်များကို
ယာယီနေရာချထားရန်ဆိုသည့် နည်းလမ်းတစ်ခုကိုသာ ရှာဖွေနိုင်ခဲ့ပြီး အလုပ်များသော
လယ်ယာလုပ်ငန်းရာသီကုန်ဆုံးပြီးနောက်တွင်တော့ အိပ်ဆောင်များကို တိုးချဲ့ရန်
စီစဉ်ဖို့တွေးထားခဲ့သည်။
ယခင်
လင်းကျန်းအန်း၏ စကားပြောရလွယ်ကူသည့် အကျင့်စရိုက်ကြောင့် သူ့၏တောင်းဆိုချက်ကို
လျှင်မြန်စွာသဘောတူလာလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော်လည်း
မမျှော်လင့်စွာနှင့် သူပြောသည့်စကားကိုကြားပြီးနောက်တွင် လင်းကျန်းအန်းက
ခဏလောက်တောင် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းခါလိုက်ပြီး နက်ရှိုင်းသည့်အသံဖြင့်
ဖြည်းညှင်းစွာပြောလာသည်။
“တောင်းပန်ပါတယ်
ဦးလေး၊ ကျွန်တော် အဲဒီအိမ်ကို မငှားနိုင်ဘူး”
ခေါင်းဆောင်က
ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီး အလွန်စိတ်ရှုပ်ထွေးစွာမေးလာခဲ့သည်။
“ဘာဖြစ်လို့လဲ?”
ထိုအိမ်က
လူနေသည့်အိမ်မဟုတ်ပေ။ လင်းကျန်းအန်းက ထိုအိမ်ထဲတွင် နေချင်စိတ်ရှိပါက ငြင်းဆန်သည်က
အဓိပ္ပါယ်ရှိသေးသည်။
သို့သော်လည်း
အဓိကအချက်မှာ ထိုသူက အသစ်ဆောက်ထားသည့် မင်္ဂလာအိမ်တွင်နေရဖို့ထက် အိမ်ဟောင်းတွင်သာ
နှစ်အတော်ကြာအောင် နေထိုင်ခဲ့သည်။
ဤသည်က သူ
ထိုအိမ်ကို စိတ်ပျက်နေခဲ့ခြင်းကြောင့်ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့်
ငြင်းဆန်နေသည်နည်း။
_အိမ်ထဲမှာရတနာတွေ
ရှိနေတာတော့ မဟုတ်ဘူးမလား။ လူမနေတာလည်း ကြာမြင့်လှပြီလေ။
သူ့ဘေးနားမှ
လူတွေလည်း လင်းကျန်းအန်းဆီသို့ သိချင်စွာ မေးမြန်းလာကြသည်။
ဤအခြေအနေကိုမြင်သည်တွင်လင်းကျန်းအန်းတစ်ယောက်
အမှန်အတိုင်းပြောရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။
သူက
သူ၏နှာခေါင်းကို ထိလိုက်ပြီး အနည်းငယ်ရှက်ရွံ့နေပုံရသော်လည်း
သူ့မျက်လုံးများကတော့ အလွန်လေးနက်ပြီး ခိုင်မာနေခဲ့သည်။
“ဘာလို့လဲဆိုတော့
ကျွန်တော်ရဲ့ သမီးလေးကို သူမ အနာဂတ်မှာ ပြန်လာရင် နေဖို့အတွက်
ဒီအိမ်ခန်းကို ချန်ထားပေးမယ်လို့ ကတိပေးထားခဲ့တယ်”
ထိုစကားများ
ထွက်လာသည်နှင့် တပြိုင်နက် အခန်းထဲတွင် ရှိနေသည့်လူတိုင်း အံ့အားသင့်သွားကြရသည်။
လက်ရှိ
ရောက်ရှိလာသူများအားလုံးမှာ လင်းကျန်းအန်းနှင့် အသက်အရွယ်တူသူများ
ပါရှိပြီး အငယ်ဆုံးကတောင် အသက်နှစ်ဆယ်ကျော်ရှိနေခဲ့ကာ လင်းကျန်းအန်း၏
ကွာရှင်းပြတ်စဲခဲ့သည့် အဖြစ်အပျက်ကို မှတ်မိနေခဲ့ကြသည်။
ထို့ကြောင့်
လင်းကျန်းအန်းနှင့် သူ၏ဇနီးသည်တို့ လေးနှစ်ကြာအောင် ပေါင်းသင်းပြီးနောက်
ကွာရှင်းခဲ့ကြောင်းကို လူတိုင်းသိရှိသည်ဟုဆိုနိုင်သည်။
သူတို့၏
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စာကြောင်းတစ်ကြောင်းတည်းနဲ့ မှတ်ချက်ပေးရမည်ဆိုရပါက
ထိုဇနီးမောင်နှံမှာ တစ်ယောက်နဲ့တစ်ယောက် ကံပါလာခြင်းမရှိ သို့မဟုတ် သေသည်အထိ
ပြန်လည်တွေ့ဆုံနိုင်လောက်မည်မဟုတ်ကြောင်း ပြောနိုင်သည်။
မဟုတ်ပါက
လီရှို့လီက သူ့သမီးကို အနာဂတ်တွင် လင်းမိသားစုနဲ့ တွေ့ဆုံဖို့ ပြန်ခေါ်ပေးမည်ဟူသော
ကတိက မည်သည့်နေရာသို့ ရောက်သွားမည်နည်း။
ဆယ်နှစ်ကျော်လာပြီဖြစ်သော်လည်း
ထိုသားအမိနှစ်ယောက်မှ တစ်ခါမှ မပေါ်လာတော့သည် မဟုတ်ပါလား။
ထို့ကြောင့်
လီရှို့လီနှင့် လင်းရန်တို့မှာ တုန့်ဖန်း တပ်မဟာသို့ ပြန်လာဖို့ရန်
လုံးဝမဖြစ်နိုင်တော့ဟု လွန်ခဲ့သည့် အချိန်များစွာကတည်းက လူတိုင်းက
ယုံကြည်ထားခဲ့ကြသည်။
သို့သော်လည်း
အမြဲတစေ ရင့်ကျက်တည်ငြိမ်မှုများရှိနေခဲ့သည့် လင်းကျန်းအန်းမှာ လီရှို့လီ၏
အလိမ်အညာစကားများကို ယုံကြည်ပြီး စောင့်ဆိုင်းနေလိမ့်မည်ဟု သူတို့
မမျှော်လင့်ထားခဲ့ကြပါချေ !
ထိုအခိုက်အတန့်တွင်
အခန်းထဲတွင်ရှိနေသည့်လူများအားလုံး တိတ်ဆိတ်သွားခဲ့ကြကာ လင်းကျန်းအန်းဆီသို့
ကြည့်လာသော မျက်လုံးများမှာလည်း စာနာစိတ်အပြည့်ရှိနေခဲ့ကြသည်။
သူတို့အနေဖြင့်
လင်းကျန်းအန်း၏ ပခုံးများကို ပြင်းပြင်းထန်ထန်လှုပ်ရမ်းကာ သူ့၏သမီးဖြစ်သူမှာ
ပြန်မလာတော့ကြောင်း၊ နိုးထသင့်ပြီဖြစ်ကြောင်း ပြောပြချင်နေခဲ့ကြသည်။
လင်းကျန်းအန်း၏
ဆွေမျိုးတစ်ဦးအနေဖြင့် ခေါင်းဆောင်သည်လည်း သူ ကြီးပြင်းလာသည်ကို
စောင့်ကြည့်ခဲ့သူဟု ဆိုနိုင်ပေ၏။ ထို့အတွက် လင်းကျန်းအန်း၏
ထိုစကားများကို ကြားရချိန်တွင် တခြားလူများထက် ပို၍ ဝမ်းနည်းမိသွားရသည်။
ထို့ကြောင့်
အဆုံးသတ်တွင် သက်ပြင်းတစ်ချက်ချကာ လက်ကိုဝှေ့ရမ်း၍ ထပ်မပြောလာတော့ပေ။
“ကောင်းပြီ၊
မင်းအိမ်က မင်းရဲ့သမီးလေးနေဖို့လို့ပြောလာမှတော့ ငါလည်း
အတင်းအကြပ်မလုပ်တော့ပါဘူး၊ တခြားနည်းလမ်းတွေကိုပဲ စဉ်းစားကြတာပေါ့”
လင်းကျန်းအန်းက
ထိုသို့မြင်ရချိန်တွင် အပြစ်ရှိသကဲ့သို့ ခံစားရသော်လည်း သူ၏သမီးလေးအတွက်
အခန်းကိုထားနိုင်တော့မည်ဖြစ်ကြောင်း အတွေးကြောင့် စိတ်သက်သာရာ ရသွားခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ
ပညာတတ်လူငယ်များအတွက် သူ့သမီးလေး၏ အခန်းကို နေခွင့်မပေးလိုက်ရသရွေ့ သူက
စိတ်သက်သာရာရနေလိမ့်မည်ပင်။
နောက်ဆုံးတွင်
လူတိုင်းက ထပ်မံဆွေးနွေးကြပြီး အပိုပညာတတ်လူငယ်များမှာ ယောက်ျားလေး ဖြစ်လျှင်
တပ်မဟာခေါင်းဆောင်၏အိမ်တွင် နေထိုင်ကာ သားဖြစ်သူနှင့် အတူအိပ်လိမ့်မည်။
အမျိုးသမီး ပညာတတ်လူငယ်ဖြစ်ပါက အမျိုးသမီး ဒါရိုက်တာ၏ရုံးသို့ သွားရလိမ့်မည်ဟု
ဆုံးဖြတ်ခဲ့ကြသည်။
ဤအစီအစဉ်ကို
လူတိုင်းက ကန့်ကွက်ခြင်းမရှိသောကြောင့် ကိစ္စအား
ပြေလည်အောင်ဖြေရှင်းနိုင်ပြီဟုသတ်မှတ်လိုက်နိုင်ပေပြီ။
သို့သော်လည်း
မကြာခင်ရောက်လာမည့် ပညာတတ်လူငယ်များအကြောင်းကို
တွေးကြည့်လိုက်ရုံဖြင့် လူတိုင်း၏မျက်နှာတွင် အပြုံးမရှိတော့ချေ။
သူတို့၏မျက်နှာများတွင် ငြင်းဆန်လိုသည့် အရိပ်အယောင်များပင်ရှိနေခဲ့သည်။
ထိုပညာတတ်လူငယ်အဖွဲ့ကို
အမှန်တကယ် မရောက်လာစေချင်ခဲ့ကြပါချေ။
လင်းကျန်းအန်း၏အပေါ်ယံမျက်နှာမှာ
လေးနက်တည်ကြည်နေခဲ့သော်လည်း လူတိုင်း၏ တိုင်ကြားချက်များကို နားထောင်ပြီး စိတ်ထဲမှ
တိတ်တဆိတ် သဘောတူနေခဲ့သည်။
အမှန်ပဲ!
ဒီပညာတတ်လူငယ်တွေ
မလာသင့်ဘူး!
သူတို့ကြောင့်
သူ့သမီးလေးရဲ့ အခန်းက ပါသွားလုနီးပါးပဲ!
ကံကောင်းလို့သာပေါ့။
သူ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တယ်။ မဟုတ်ရင် သူ့သမီးလေးရဲ့ အခန်းက
ပြသနာတက်သွားရလိမ့်မယ်!
**