Ch 22
Viewers 4k

🧶 Chapter 22

 

 

 

လက်ရှိလီယွိထောင်ရော ကျောင်းရှင်းရွမ်ကော နှစ်ယောက်လုံး hot search ထဲ၀င်ရလောက်အောင် နာမည်မကြီးသေးသော်လည်း ၎င်းတို့နှစ်ယောက် ပေါင်းစပ်မှုနှင့်အတူ မကောင်းသတင်းတွဲလိုက်ရာ လုံး၀ကို hot search ထဲရောက်သွားတော့သည်။ ဆိုရိုးလည်းရှိသလိုပေါ့ ကောင်းတဲ့အရာတွေက အိမ်ပြင်မထွက်ပေမယ့် မကောင်းတဲ့အရာတွေက တော့ မိုင်ထောင်ချီအောင်ခရီးဆန့်သတဲ့။ သို့ဖြစ်ရာယခုလိုမကောင်းသတင်းမျိုးသည် အရှိန်အဟုန်နှင့်တောမီးသဖွယ်ပျံ့နှံ့သွားတော့သည်။

 

"ရှင်းရှင်းပြောရရင် wtf! လီယွိထောင် ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်နိုင်တာလဲ... သူတို့တွဲတာမှ တစ်လကျော်ဘဲရှိသေးတာမဟုတ်လား...ဒီဟာက ကျောင်းရှင်းရွမ်အတွက် တော်တော်ဆိုးလွန်းတယ် (🤬 )"

 

"ငါတော့ ကျောင်းရှင်းရွမ် ဒီကိစ္စကိုသိပြီးသားများလား သံသယရှိမိတယ်... သူမ မသိသေးဘူးဆိုရင်တော့ တကယ် စိတ်မကောင်းစရာပဲ...အကယ်၍ သူမ သိနေပြီးသားဆိုရင်တော့ ...ဒါ အရမ်းကြောက်ဖို့ကောင်းသွားပြီ...(🤔 )"

 

"ငါတို့ရဲ့ရှင်းရွမ်ကို ဆွဲမထည့်ပါနဲ့...လီယွိထောင်လို Player ဆီကတော့ ဘာရှင်းပြချက်မှမလိုတော့ပါဘူးနော် (  ) #LiYuTaoPlayer #

 

"ငါ အစထဲက ဘာပြောခဲ့သလဲ... ဖျော်ဖြေရေးလော ကမှာ အချစ်ရေးကိုလွယ်လွယ်ကူကူချပြလိုက်ရင် အဲဒီအချစ်ကမြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ကြလိမ့်မယ်လို့...ဒါပေမယ့် ဒီလောက်မြန်မြန်ကြီးအဆုံး သတ်သွားတာမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံရတာတော့ ဒါ ပထမဆုံးပဲဟ 🤣"

 

***

 

ဖုန်းအားသွင်းပြီးတည်းက လီယွိထောင်နှင့်၀မ်ရှန်း ရှန်းတို့ တစ်စက္ကန့်လေးပင်အနားမရသေးချေ။

 

တင်းမာမှုများ တစ်ဖြည်းဖြည်းမြင့်တက်လာသည် နှင့်အမျှ ကျောင်းရှင်းရွမ်ရဲ့ကုမ္ပဏီဖက်ကရှေ့ထွက်ပြီး ကောလဟာလများကိုငြင်းဆိုခဲ့သည်။ သည်ကိစ္စမှာနှစ်ဖက်စလုံးက မီဒီယာမှာနာမည်ကြီးဖို့ ပူးပေါင်းလုပ်ဆောင်မှုတွေရှိခဲ့သော်လည်း ယခုလိုအချိန်မျိုးမှာ သေချာပေါက် ၀န်ခံတာမျိုးလုပ်မည်မဟုတ်ပေ။ အကောင်းဆုံးနည်းလမ်းကတော့ သဘောတူညီချက်လုပ်ထားသည်ထက် တစ်ယောက်၏လုံခြုံရေးအား ဦးစားပေးဖို့အစပြုရမည်ပင်။

 

မကောင်းသတင်းကြောင့် သူမ၏ပုံရိပ်ထိခိုက်ခဲ့ရလျှင်ပင် လီယွိထောင်၏ရလဒ်ထက်တော့သာနေသေးသည်။

 

"ကျွန်တော်တို့ ရွမ်ရွမ်ကို မကောင်းပြောနေတာတွေအားလုံးရပ်ပေးဖို့တောင်းဆိုပါတယ်...လက်ရှိ သူ့ရဲ့ စိတ်အခြေအနေကပြိုလဲနေတာပါ...ကျွန်တော်တို့အားလုံးလည်း အခုလိုဖြစ်လာမယ်လို့မမျှော်လင့်ထားခဲ့ကြပါဘူး...အဲ့တော့ သူပြန်နလန်ထူနိုင်အောင် ကျေးဇူးပြုပြီးအချိန်တစ်ခုပေးကြပါ...( 😔 ) (🛡 )"

 

ယခုလိုတရား၀င်ဖြေရှင်းစာထွက်လာချိန်တွင် ထုံးစံအတိုင်း လူတိုင်းသည် လီယွိထောင်အားဝိုင်းဝန်းဆဲဆိုကြတော့သည်။

 

သုံးရက်ခန့်အကြာမှာတော့ ကျောင်းရှင်းရွမ်တစ်ယောက် မျက်လုံးတွေဖောင်းမို့နီရဲကာ မျက်နှာဖြူဖျော့ဖျော့ ညှိုးငယ်သောအသွင်ဖြင့် လူထုရှေ့ ထွက်ပေါ်လာခဲ့သည်။ ဂျာနယ်လစ်များ ရှေ့တိုးပြီးစကားမပြောခင်မှာပဲ သူ့ မျက်ရည်တွေထိန်းမနိုင်သိမ်းမရစီးကျလာပြီး ခေါင်းတွင်တွင်ရမ်းကာအင် တာဗျူးဖြေဖို့ငြင်းဆန်ခဲ့သည်။

 

သဘာ၀ကျစွာပင် ထိုအသွင်အပြင်သည် စာနာသနားမှုလှိုင်းကြီးအား ဆွတ်ခူးနိုင်ခဲ့သည်။

 

လီယွိထောင်ကတော့ သိပ်ကံမကောင်းရှာပေ။ online ပေါ်တွင်လည်း မည်သည့်စာနာသနားခြင်းကိုမှမရရှိခဲ့ဘဲ ဆန့်ကျင်ဖက်အနေနှင့် ဆိုးဆိုးဝါးဝါး ကျိန်ဆဲခြင်းကိုသာခံခဲ့ရသည်။ online ပေါ်မှ လူ တွေတင်လားဆိုမဟုတ်ပါ သူ့ ကုမ္ပဏီဖက်ကပင် သူ့အားအေးခဲထားဖို့ တနည်းပြောရရင် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့သည်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆိုင်းငံ့ခံရခြင်းသည် အဆိုးဝါးဆုံးကိစ္စဖြစ်သည်။ ကုမ္ပဏီမှ သူ့အား မည်သည့်နေရာတွင်မှအသုံးပြုမည်မဟုတ်ပေ။

 

 

အချို့ဆယ်လီများသည် ဆိုးရွားသည့်လုပ်ရက်များလုပ်ကာ နာမည်ဆိုးထွက်သော်လည်း ဘယ်လိုနည်းနဲ့၀န်မခံတတ်ကြပေ။ ၎င်းတို့တွေသည် ဖန်သားပြင်ထက်ပေါ်လာနိုင်ဆဲဖြစ်ပြီး ကုမ္ပဏီဖက်မှလည်း အမျိုးမျိုးသော ထုတ်ပြန်မှုတွေပြုလုပ်ပေးလိမ့်မည်။ ထိုနည်းဖြင့် Cele များ၏အတိတ်ကအမှားများကို လူတိုင်းအလိုလိုမေ့သွားကြတော့သည်။

(မြန်မာ Cele တွေပေါ့ အရည်ထူထူပဲ)

 

အကယ်၍ ၎င်းတို့ဆိုင်းငံ့ခံရမည်ဆိုပါက.... ဖျော် ဖြေရေးနယ်ပယ်ဆိုသည်မှာ အရာရာကိုလျင်လျင် မြနါမြန်အစားထိုးနိုင်သည့်နေရာတစ်ခုပင်။ နောက်တစ်ကြိမ်ပြန်လည်စတင်ဖို့ရာ အလွန်ခက်လှသည်။

 

သည်လိုနဲ့ပဲ မပြောမဆိုဆိုင်းငံ့ခံလိုက်ရပြီး ၀မ်ရှန်း ရှန်းသည်လည်း ကုမ္ပဏီမှအလုပ်ဖြုတ်ခံလိုက်ရသည်။ အကြောင်းကတော့ အင်တာနက်ပေါ် လီယွိထောင်၏အရှုပ်ထုပ်တွေသာမက လူတွေက၀မ်ရှန်းရှန်း၏အရှုပ်တော်ပုံတွေပါ ထုတ်ဖော်လာခဲ့ကြသည်။ မန်နေဂျာတစ်ယောက်အနေဖြင့် သူမလက် အောက်ရှိ Cele များကို အနိုင်ကျင့်လေ့ရှိသလို ၎င်းတို့မတက်ချင်သည့် ပါတီပွဲများသို့လည်းအတင်း စေလွှတ်လေ့ရှိသည်ဟူ၍ အတွင်းသတင်းများပေါ် ပေါက်လာခဲ့သည်။

 

အချုပ်ပြောရလျှင် လူတိုင်း၏စိတ်ထဲ သူမ၏ပုံရိပ်မှာပြည့်တန်ဆာခေါင်းနှင့် Online ချီးထုတ်တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သာမန်ဖြတ်သွားဖြတ်လာများထံမှ ကျိန်ဆဲခြင်းကိုခံရရုံသာမက လီယွိထောင်ပရိသတ်များ၏ သေလောက်အောင်မုန်း တီးခြင်းလည်းခံရသေးသည်။ အကယ်၍များ လှပသည့် ကျောင်းရှင်းရွမ်နဲ့သာဆိုပါက သူတို့ကြိုက်တဲ့ Cele အချင်းချင်းမို့ လက်ခံကောင်းလက်ခံနိုင်ကြမည်ဖြစ်ပြီး ကျေကျေနပ်နပ်နှင့်ဆုမွန်ကောင်းတောင်းပေးကြမည်ပင်။

 

 

 

သို့သော် ၀မ်ရှန်းရှန်းလိုမိန်းမမျိုးနှင့်တော့ သူ့တို့အ တူရှိဖို့တော့ လက်သင့်မခံနိုင်ပေ။ ဒါ့အပြင် အင်တာနက်ပေါ်မှ လူတစ်ချို့သည် လီယွိထောင်တစ်ယောက် ခုလိုဒုက္ခရောက်ရသည့်အကြောင်းရင်းမှာ ၀မ်ရှန်းရှန်းကြောင့်ဆိုကာ ထိုအရာများအားလုံး ၀မ်ရှမ်းရှန်းမှ ဖိအားပေးလုပ်ခိုင်းခြင်းဖြစ်မည်ဆိုကြသေးသည်။

 

အနာဂတ်တွင် လီယွိထောင်သည် သူ့ရုပ်ရည်နဲ့အသံကြောင့် အသက်မွေး၀မ်းကြောင်းလုပ်ငန်းကိုပြန် လည်စတင်နိုင်လောက်သော်လည်း ၀မ်ရှန်းရှန်းအ တွက်ကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ချေ။ မန်နေ ဂျာတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်မှာရှိတဲ့ အမျိုးသားအနုပညာရှင်တစ်ယောက်ကို ရုတ်တ ရက်ကြီးလက်ထပ်လိုက်တာမျိုးကြောင့် ဘယ်ကုမ္ပဏီကမှ ယခုလို စိတ်လိုက်မာန်ပါလုပ်တတ်သည့် မန်နေဂျာတစ်ယောက်ကား ငှားရဲတော့မည်မဟုတ်ပေ။

 

မိန်ကျာ့ Entertainment သည် online ပေါ်မှ ဦး တည်ရာကိုကြိုမြင်ခဲ့ပြီး Weibo ပေါ်အချိန်ကိုက် Post တင်ကာ လူတိုင်း၏အာရုံကိုဖမ်းစားခဲ့သည်။

 

"ကျွန်တော်တို့ကုမ္ပဏီက အနုပညာရှင်နဲ့ မန်နေဂျာတို့ရဲ့အပြုအမူကြောင့် ကျွန်တော်တို့အလွန်ဘဲစိတ်မကောင်းဖြစ်ရပါတယ်...အနုပညာရှင်တစ်ယောက်ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေရမှာဖြစ်သလို...မန်နေဂျာတစ်ယောက်ကလည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုခွဲခြားတတ်ရမှာပါ... နောက်ဆုံးအားလုံးကို အသိပေးချင်တာကတော့ မန်နေဂျာကိုအလုပ်ထုတ်လိုက်ပြီဖြစ်ပြီး အနုပညာရှင်ကိုလဲ ဆိုင်းငံ့ထားပါတယ်....ကျွန်တော်တို့က တာ၀န်ယူမှုအပြည့်ရှိတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့် စိတ်ချလက်ချနဲ့ ကျွန်တော်တို့ရဲ့အနုပညာရှင်တွေကို ဆက်လက်အားပေးကြပါဦးခင်ဗျား..."

 

ထိုစိတ်၀င်စားဖွယ်မကောင်းသော Weibo Post ကိုကြည့်ပြီး လူတွေ ဘာပြောရမှန်းပင်မသိတော့ချေ။

 

အတိုချုပ်အနေနဲ့ ထိုကိစ္စပြီးသည့်နောက်တော့ လီယွိထောင်နှင့် ၀မ်ရှန်းရှန်းတို့သည် အများပြည်သူရှေ့အချိန်တိုအတွင်း ပြန်လည်ထွက်ပေါ်လာမည် မဟုတ်တော့ပေ။

 

ရှန်းချူးချူးသည် သူမအတွက် အကောင်းဆုံးဖန် တီးမှုမှရရှိသည့် ထိုရလဒ်နဲ့ပက်သက်လို့ အလွန် အမင်းစိတ်ချမ်းသာနေသည်။ ၀မ်ရှန်းရှန်း သူမအ ပေါ်လုပ်ခဲ့သည်မှာ သက်သေမရှိသည့်အတွက် တိုင်ချင်ရင်တောင် အရမ်းခက်ခဲမည်ပင်။ ထို့အပြင် ဂရုမစိုက်မိပါက သူမပါထိုအရှုပ်ထဲရောပါသွားမည်ဖြစ်သည်။ မဖြစ်နိုင်တာကို ကြံစည်အားထုတ်ရန်   မထိုက်တန်သော်လည်း လက်ရှိ ၎င်း၏သနားစရာပုံစံသည် သူ့အားအလွန်အမင်းပျော်ရွှင်စေခဲ့သည်။

 

သူမ မပျော်ရသည့် တစ်ခုတည်းသောအရာကဘတစ်ခြားတစ်ခုပင်။ သူမ၏ အတွေ့အကြုံရမှတ်များ နုတ်ယူခံလိုက်ရပြီး သည်အကြိမ်မှာ အမှတ်နှစ်ဆယ်တောင်နုတ်သွားခဲ့သည်။ အကြောင်းရင်းက တော့ ၀မ်ရှန်းရှန်းနှင့် လီယွိထောင်တို့၏အိမ်ထောင် ရေးအဆင့်သတ်မှတ်ချက်မှာ ကြယ်နှစ်ပွင့်သို့ကျဆင်းသွားသောကြောင့်ပင်။ ရှန်ချူးချူး၏အတွေ့ အကြုံအရ ကြယ်နှစ်ပွင့်အိမ်ထောင်ရေးဆိုသည်မှာ ထိုစုံတွဲသည် ကွာရှင်းရန်အလွန်နီးကပ်နေပြီဟုဆိုလိုခြင်းပင်။

 

ထို့ကြောင့် သူမ အမှတ်နှစ်ဆယ်ပင် အနုတ်ခံလိုက်ရသည်။

 

အမှတ်နှစ်ဆယ်အနုတ်ခံလိုက်ရသဖြင့် ရှန်ချူးချူးတစ်ယောက်ပျော်မနေဘူးသော်လည်း သူမအား ပြန်လည်ရွေးချယ်ခွင့်ပေးမည်ဆိုလျှင်ပင် ယခုလိုသာထပ်ပြီးဆုံးဖြတ်လိမ့်မည်။

 

သို့သော်လည်း ရိုက်ခတ်မှုသည် ပြီးဆုံးသွားခြင်းအလျင်းမရှိပေ။ မိန်ကျာ့ Entertainment မှမန်နေဂျာများသည် ၎င်းတို့၏အနုပညာရှင်တွေအပေါ် ပြောမကောင်းသည့် လုပ်ရပ်တွေလုပ်ဖို့ အတင်းအကြပ်ဖိအားပေးကာ အကျိုးအမြတ်ရယူနေသည်ဆိုသည့်အသံတွေ ထုံးစံအတိုင်း online ပေါ်မှာအလွန်လျင် မြန်စွာပျံ့နှံ့နေသည်။ ထိုသတင်းကိုတွေ့ပြီးနောက် မိန်ကျာ့ Entertainment မှ ချက်ချင်းကောလဟာလများကိုငြင်းချက်ထုတ်ခဲ့သည်။ ၎င်းတို့အနေဖြင့် ၀မ်ရှန်းရှန်းအား အလုပ်ထုတ်ပြီးဖြစ်ပြီး အခြားမည် သူတစ်ဦးတစ်ယောက်မှ ထိုကိစ္စနှင့် မသက်ဆိုင်ကြောင်း၊ ကျင့်၀တ်လိုက်နာသော ကုမ္ပဏီတစ်ခုဖြစ် ကြောင်း နည်းလမ်းတကျထုတ်ပြန်ခဲ့သည်။

 

ထိုအလိမ်အညာတွေ လုပ်ကြံပြောဆိုနေသည်ကိုတွေ့ပြီး သူမ စာချုပ်ဖျက်သိမ်းဖို့နီးကပ်လာပြီဟု   ရှန်ချူးချူး သိလိုက်သည်။

 

အတွင်းရေးမှူး၀မ် ဖုန်းဆက်လာသည့်အတွက် သူ ဘက်ကပြောစရာမလိုခဲ့ပေ။

 

"မစ်ရှန်း...စာချုပ်ဖျက်သိမ်းဖို့တွေးထားတုန်းပဲ မဟုတ်လား ? ကျွန်တော်တို့ လေ့လာသလောက်တော့ ဒီအချိန်က ဖျက်သိမ်းဖို့အကောင်းဆုံးအချိန်ပဲ...မင်း အချိန်ရှိရင် ကျွန်တော်တို့ကုမ္ပဏီမှာအသေး စိတ်ဆက်ဆွေးနွေးကြတာပေါ့..."

 

ရှန်ချူးချူး စဉ်းစားလ်ိုက်သည်။ သူမ ဖက်က တောင်းဆိုထားတာမှန်သော်လည်း ပြောင်းပြန်ဖြစ်နေသလိုပင်။

 

 

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်အတွင်းရေးမှူး၀မ် ကျွန်မ ဘယ်အချိန်ဖြစ်ဖြစ်အဆင်ပြေပါတယ်...ရှင် ဘယ်အချိန်အားမလဲမသိဘူး...?"

 

"ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်..မစ်ရှန်း အချိန်မရွေးလာခဲ့လို့ရပါတယ်...."

 

ရှန်းချူးချူး နောက်ထပ်အိပ်ပျက်ညတွေ ထပ်များမနေရအောင် ရက်ရွေးနေမည့်အစား ယနေ့ချက် ချင်းသွားလိုက်တာ ပိုကောင်းမည်ဟုခံစားရသည်။ တော်ကြာ Han Group ကနောက်ဆုတ်သွားရင် ဘယ်နှယ့်လုပ်မလဲ ?

 

သူမ Han Group ရောက်သည်နှင့် ရှေ့နေနှင့်တကွ ၀န်ထမ်းအဖွဲ့များနှင့်အတူ စာချုပ်နှင့်ပက်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

 

 

ဟန်ရှင်းယန်တစ်ယောက် တံခါး၀မှနေ၍ ရှန်းချူးချူး၏အကြံအိုက်နေသောမျက်နှာကို လှမ်းကြည့်ရင်းပြောလာခဲ့သည်။

 

"ဒီနေ့လည် မင်း မိန်ကျာ့ Entertainment ကိုသူတို့ကိုခေါ်ပြီးသွားလိုက်"

 

အတွင်းရေးမှူး၀မ် အနည်းငယ် အံ့အားသင့်သွားသော်လည်း မျက်နှာထက်မည်သည့်အမူအရာမှမပေါ်စေဘဲ ရိုရိုသေသေပြန်ပြောလိုက်သည်။

 

"ဟုတ်ကဲ့ Boss"

 

မိန်ကျာ့ Entertainment တွင် စာချုပ်ဖျက်သိမ်းသည့်ဖြစ်စဉ်တစ်ခုလုံး အံ့အားသင့်စရာ‌ကောင်းလောက်အောင်ကိုလွယ်ကူချောမွေ့နေသည်။ နှစ်ဖက်စလုံး စာချုပ်ဖြတ်သိမ်းရေးကိစ္စပြောရာတွင်   ‌ချက်ချင်းသဘောတူကာ ပြေလည်ရာပြေလည်ကြောင်းနှင့် အေးအေးဆေးဆေးပြီးဆုံးသွားခဲ့သည်။ နောက်ဆုံး သူမ လျော်ပေးရမည့် ယွမ်တစ်သန်းပမာဏကိုကြည့်ပြီး အနည်းငယ်တော့ ရင်နာသွားရသည်။

 

သူမ သဘောတူကြောင်း လက်ခံခါနီးတွင် အတွင်း ရေးမှူး၀မ်က စာချုပ်ကိုင်ရင်းပြောလိုက်သည်။

 

"တစ်သန်း ဟုတ်လား ? ဒါနဲ့ မစ်ရှန်းရဲ့ ပုံရိပ်ထိခိုက်မှုအတွက်ကရော ? မင်းတို့ ဖက်ကဘယ်လို လျော် ကြေးပေးမှာလဲ ?"

 

မိန်ကျာ့ Entertainment ဖက်မှ ၀န်ထမ်းများမျက် မှောင်ကြုတ်သွားကြသည်။

 

 

" ဘာထိခိုက်မှုလဲ... ဒါက ငါတို့ကုမ္ပဏီနဲ့ ဘာမှမပတ်သက်ဘူးလေ"

 

သူတို့ကို ရှန်းချူးချူးမှာ Han Group နောက်ခံရှိကြောင်း လှမ်းပြောထားသည့်အတွက် အဆင်ပြေအောင်လုပ်ပေးခဲ့သော်လည်း အရာအားလုံးလိုက် လျောမည်ဟုမဆိုလိုပေ။

 

အတွင်းရေးမှူး၀မ် သူ့မျက်မှန်ကိုပြင်ရင်း စာရွက်စာ တမ်းများကိုတစ်ချက်ကြည့်လိုက်သည်။

 

"ငါတို စုံစမ်းစစ်ဆေးမှုအရပြောရမယ်ဆို မင်းတို့ကုမ္ပဏီက မန်နေဂျာတစ်ချို့က သူတို့ရဲ့အနုပညာရှင်တွေကိုဖိအားပေးပြီး အလုပ်ချိန်အတွင်းအနိုင် ကျင့်တာမျိုးတွေ့ရတယ်။ မစ်ရှန်းလည်း ဒီကုမ္ပဏီမှာရှိနေတာဆိုတြော သူ့ ပုံရိပ်ပျက်စီးရတာပေါ့။ ထပ်ဆောင်းပြောရရင် မစ်ရှန်းရဲ့မန်နေဂျာလည်း အစတုန်းက သူ မလုပ်ချင်တာတွေအများကြီးကို အတင်းအကြပ်ဖိအားပေးပြီး ခိုင်းခဲ့တာမျိုးတွေရှိတယ်။ ဒါက ဥပဒေအရဆို အလုပ်သမားညှင်းပမ်းနှိပ်စက်မှုပဲ။ ဒါကြောင့် မင်းတို့ဖက်က မစ်ရှန်းကို လျော်ကြေးပေးရမယ်။ ဒါပေမယ့် မစ်ရှန်းက စိတ် ထားကောင်းပြီး ဒီကိစ္စကို ဆက်မလုပ်စေချင်ဘူး အဲ့ကြောင့် မင်းတို့လျော်ကြေးပေးစရာမလိုတော့ဘူး။ အဲ့လိုပဲ ငါတို့ဖက်ကလည်း လျော်ကြေးငွေတစ် သန်းပေးမှာမဟုတ်ဘူး....."

 

အဆိုပါရှင်းပြချက်ကြီးကိုကြားပြီးနောက် မိန်ကျာ့ Entertainment ၀န်ထမ်းတွေသာမက ရှန်းချူးချူးပါကြက်သေသေသွားသည်။ သူမ စာချုပ်ဖျက် သိမ်းနိုင်ရုံနဲ့တင် အကောင်းဆုံးရလဒ်ဖြစ်နေပြီဟု တွေးထားသော်လည်း ယခုလို မစဉ်းစားခဲ့မိချေ။   ဒီလိုမျိုးလဲ ရတာလား ?

 

အတွင်းရေးမှူး၀မ် ရှန်းချူးချူးအားစိတ်အေးအေးထားရန် အချက်ပြလိုက်သည်။

 

ထို့နောက်တော့ အထူးရှေ့နေတစ်ယောက်က မိန်ကျာ့ Entertainment ဖက်မှလူများနှင့် ဆက်လက်ငြင်းခုံခဲ့သည်။ ရှေ့နေမှာစကားပြောကောင်းကာ သူပြောသမျှမှာလဲ ရှင်းလင်းကာယုတ္တိရှိလှသည်။ သူဆိုလိုသည်မှာ မင်းဘက်က ငါ့ကိုအကြွေးတင်နေတယ် အဲ့တော့ ငါ့ဘက်က ပေးစရာရှိတာကိုလည်းမပေးတော့ဘူး ချေလိုက်ကြတာပေါ့ ?' မင်းတို့ကောင်တွေ အသိစိတ်ကောရှိကြသေးရဲ့လား?

 

ရှန်းချူးချူးထင်ထားခဲ့သည်မှာ သဘောတူညီမှုအ တွက် နှစ်ဖက်ဖြည်းဖြည်းချင်းညှိနှိုင်းပြီး သူမဘက်မှလျော်ကြေးတစ်ချို့ပေးချေရမည်ဟုပင်။

 

အတွင်းအရေးမှူး၀မ် အရိပ်အမြွက်တစ်ချို့အကြံ ပေးပြီးနောက်မှာ မိန်ကျာ့ Entertainment ဖက်ကနေစာချုပ်ဖျက်သိမ်းဖို့ရာ ကျေကျေနပ်နပ်လက် မှတ်ထိုးပေးလာခဲ့သည်။

 

ရှန်ချူးချူးတစ်ယောက် အိမ်ပြန်ရောက်သည်အထိ ဖြစ်ပျက်ခဲ့သည်ကို မယုံကြည်နိုင်သေးပေ။ သူမစာချုပ်ကို အောင်အောင်မြင်မြင်ဖျက်သိမ်းနိုင်ခဲ့သည့်အပြင် လျော်ကြေးချူးတစ်ပြားပင် မပေးခဲ့ရချေ။ သူမ ဟန်ရှင်းယန်၏လိပ်စာကဒ်ကိုထုတ်ကာ ခဏလောက်စိုက်ကြည့်ပြီး တံတွေးမျိုချမိလိုက်သည်။

 

သူမဘာသာ တွေးလိုက်မိတာတစ်ခုက 'ပိုက်ဆံနဲ့ အာဏာ' ရှိတာ သိပ်ကောင်းတယ်ဆိုတာပဲ။

 

သူမ၏ယနေ့အောင်မြင်မှုအားလုံးသည် ဒီကဒ်ပေါ်ကလူကြောင့်ဟုတွေးမိပြီး သူ့ထံ ကျေးဇူးတင်ကြောင်းစာတိုလှမ်းပို့လိုက်သည်။