Ch 13
Viewers 4k

🧶 Chapter 13   

 

 

 

ရှန်းချူးချူး နံနက်ခင်း အကြောင်းကြားစာလက်ခံရရှိသောအခါတွင် အလွန်တုန်လှုပ်သွားခဲ့သည်။ Taobao တွင် သင်ရနိုင်သည့် အနီရောင်အထုပ်တစ်ခုစီတွင် ယွမ်နှစ်ရာထုပ်ပါရှိပြီး သူရေတွက်ကြည့်လိုက်ရာ စုစုပေါင်းအနီရောင်အထုပ်ငါးဆယ်ခန့်ရေတွက်လိုက်မိသည်။

 

*TL-မှတ်ချက်- အနီရောင်အထုပ်များ/စာအိတ်များသည် အခြားသူတစ်ဦးထံသို့ ငွေပေးပို့နိုင်စေသည့် တရုတ် App များဖြစ်သည်။ လက်တွေ့ဘဝတွင်၊ အနီရောင်စာအိတ်များ (ကံကောင်းငွေ) ပေးခြင်းသည် တရုတ်နှစ်သစ်ကူးကာလတွင် အစဉ်အ လာတစ်ခုဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် အနီရောင်အထုပ်များပေးပို့ခြင်းသည် ယနေ့ခေတ်တွင် တရုတ်နိုင်ငံ၌ လူကြိုက်များသောငွေလက်ဆောင်တစ်ခုဖြစ်သည်။

 

ငါက ယွဲ့လောင်: နတ်ဘုရားတွေက လာဘ်မစားဘူး

 

Lily- မင်းကအတုလား ဒါမှမဟုတ် အစစ်လား အရေးမကြီးပေမယ့်၊ ဒါ မင်းအတွက် ငါ့ရဲ့ဆုလာဘ် ပဲ။ နတ်ဘုရားလည်း စားဖို့သောက်ဖို့လိုတာပဲလေ၊ ဒီငွေက ငါ့အတွက် ဘာမှအဓိပ္ပါယ်မရှိဘူး။

 

ရှန်းချူးချူးထံမှသတိပေးချက်ကို သူလက်ခံရရှိပြီးကတည်းက ချန်းရှီလီသည်ပြီးခဲ့သောနှစ်မတ်လတွင် ဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအချို့ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍အချိန်များစွာကုန်သွားသော်လည်း၊ တစ်စုံတစ်ခုပြုလုပ်ခဲ့သူ အမှန်တကယ်ရှိခဲ့ပါက နောက်ကျနေမည်မှာသေချာသည်။

 

 

သို့သော် သုံးရက်မပြည့်မီတွင် ပုဂ္ဂလိကစုံထောက်များသည် ထိုနေ့မှစ၍အချက်အလက်များကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။

 

 

ယုယွီတင်းသည် ထိုနေ့ထူးနေ့မြတ်တွင် သူမအား တမင်တကာလိုက်ရှာခဲ့ခြင်းပင်။ သူသည် သူမ၏ အထောက်အထားကိုသိရှိပြီး ရည်ရွယ်ချက်တစ်ခုဖြင့်ချဉ်းကပ်ခဲ့သည်။

 

 

LOL ! သူ အသက်သုံးဆယ်ကျော်နေလာခဲ့ပြီးပြီ ဒီလိုမျိုးက ဒါ ပထမဆုံးအကြိမ် ဒီလိုလူမျိုးနဲ့ကြုံဖူးလိုက်တာပဲ။

 

 

သူမထံမှတဆင့် ဖျော်ဖြေရေးနယ်ပယ်၏ အရင်းအ မြစ်များကိုရယူလိုသည်မှာ သိသာထင်ရှားသော် လည်း အပေါ်ယံတွင် သူသည် ဂရုမစိုက်သောသွင်ပြင်ကိုပြသထားသည်။ သူမ ပျော်ရွှင်စေဖို့အတွက် အရာအားလုံးလုပ်ခဲ့ပြီး သူ့၏ နွေးထွေးတဲ့အပြုအမူနဲ့ရည်ရွယ်ချက်များသည် သူမကိုဆွဲဆောင်ဖို့သက်သက်ပင်။ ထိုပြင် နာခံရှိသဖြင့် ၎င်း၏မူလစီမံခန့်ခွဲမှုကုမ္ပဏီမှထွက်နိုင်ရန် ကူညီပေးခဲ့သည်။ သူမ ၏ကုမ္ပဏီတွင် လူအချို့ထံမှဆန့်ကျင်မှုများရှိသော် ငြား သူ့ထံ သေချာပေါက်နာမည်ကြီးလာမည့်လက္ခ ဏာများရှိသည်ဟုအခိုင်အမာဆိုကာ ကုမ္ပဏီထဲဆွဲသွင်းခဲ့သည်။

 

တကယ့်ကို လှည့်ကွက်ကောင်းတစ်ခုပင်။

 

ယုယွီတင်းအတွက် သူရဲ့ခံစားချက်တွေကို တကယ်ကိုဝန်မခံချင်ခဲ့ချေ... အတိအကျပြောရရင် သူ့ကိုယ့်သူရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

 

သူမသည် ဖျော်ဖြေရေးအသိုင်းအဝိုင်း၏အကျင့်ပျက်ခြစားမှုထဲနှစ်အတော်ကြာနှစ်မြုပ်နေခဲ့သည်။ လူအများနှင့်အိပ်ခဲ့ဖူးသော်လည်း တွေးကြည့်ရမည်ဆိုပါက ထိုတစ်ယောက်နှင့်မှ သူဦးနှောက်မရှိသလိုဖြစ်သွားခဲ့သည်။ မကြာသေးမီကအထိ သူမ သူ့အားကားတစ်စီးဝယ်ပေးချင်နေသေးသည်... ယခုမူ တွေးကြည့်ရသည်မှာ ရယ်စရာကောင်းလှသည်။

 

သူ့ရည်ရွယ်ချက်တွေကိုအစကတည်းက သိအောင်လုပ်ထားခြ့ရင် သူ အခုလောက်ဒေါသထွက်နေမည်မဟုတ်ချေ။ ဖျော်ဖြေရေးအဝန်းအဝိုင်းထဲ လွန်ခဲ့သည့်နှစ်များအတွင်း အကျိုးအမြတ်အချို့တောင်း ခံရန်မရေမတွက်နိုင်သောလူများသည် သူမထံပစ်ဝင်လာကြသည်။ သူ့အနေနှင့် ၎င်းတို့ကိုနှစ်သက်သရွေ့ နှစ်ဦးနှစ်ဖက်အကျိုးရှိသောကြောင့် ၎င်းတို့ကိုဘယ်သောအခါမှ မငြင်းပယ်ခဲ့ဖူးပေ။ သူမသည် ၎င်းတို့ထံမှ နုပျိုသောခန္ဓာကိုယ်နှင့် ချောမောသော မျက်နှာကိုနှစ်သက်သည် ၎င်းတို့ကလည်း အရင်းအ နှီးအချို့ကိုရယူလိုသည်။ ယုယွီတင်းသည် အစထဲကရှင်းရှင်းလင်းလင်းမလုပ်ခဲ့ဘဲ သူ၏ချစ်ခင်ယုယမှုများကြောင့် သူမ လှည့်စားခံရသည်။

 

ဤသည်မှာ သူမ လုံးဝသည်းမခံနိုင်သည့်အရာတစ်ခုပင်။

 

ကားလိုချင်တယ်ပေါ့ ? ကိုယ်တိုင်ဝယ်ပေါ့၊ အရင်း အမြစ်လိုချင်တာလား ? အဲ့အတွက် ကိုယ်တိုင် တိုက်ပွဲဝင်ပေါ့။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက... အာ၊ နောက်ထက်သင့်တော်မယ့် လတ်ဆတ်တဲ့အသားကိုရှာတွေ့တဲ့အထိ ဆက်သွားလို့ရသားပဲ

 

ရှန်းချူးချူး၏သတိပေးချက်အတွက် သူအလွန်ကျေးဇူးတင်မိသည်။ မူလက Taobao တွင် အမှာများတင်လိုသော်လည်း အကန့်အသတ်ရှိသဖြင့်ဖြုတ်ချခံခဲ့ရသည်။

 

နောက်ဆုံး ရှန်းချူးချူးထံသို့ ယွမ်တစ်သောင်းအနီရောင်အထုပ်များပေးပို့ရုံသာတတ်နိုင်ခဲ့သည်။

 

ရှန်းချူးချူးသည် သူမ၏ကိုယ်ပိုင်ဝင်ငွေအား သူဌေးလက်သစ်ချန်းရှီလီနှင့် နှိုင်းယှဉ်ကာလက်ခံလိုက်သည်။

 

 

သူသည် အတိုင်းအတာတစ်ခုအထိ၊ ချန်းရှီလီအားသတိပေးခဲ့သော်လည်း ဤသည်မှာ အိမ်ထောင်ရေးအားပျက်စီးစေသည်ဟုယူဆနိုင်သည်။ အဆုံးမှာ သူမကို ပြန်ကိုက်လာမလားဆိုတာ ဘယ်သူသိမှာလဲ ? ဒါပေမယ့် အစကတော့ သူကပိုက်ဆံရမယ်၊ ကျန်တာ နောက်မှစဉ်းစားမယ်။ ဒါ့အပြင် ချန်းရှီလီသည်ငွေကြေးမချို့တဲ့ပေ။

 

 

ဤအချိန်တွင် ရှန်းချူးချူးသည် တစ်ခုခုကိုဆုံး ဖြတ်ချက်ချလိုက်သည်။

 

ငါက ယွဲ့လောင်- ဘုရားကျောင်းကို လှူဒါန်းတဲ့အ တွက် အလှူရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

 

 

ရှန်းချူးချူးသည် အငယ်အနှောင်းတစ်ဦးအား နှင် ထုတ်ပြီး အမှုဆောင်လွေ့နှင့်ဇနီးဖြစ်သူ၏အိမ် ထောင်ရေးကိုကယ်တင်ခဲ့သည့် နောက်ဆုံးအချိန်ကို ပြန်တွေးလိုက်သည်။ စနစ်သည် အလွန်ရက်ရောလှသည်၊ သူ အတွေ့အကြုံရမှတ်နှစ်ဆယ်နှင့် အခွင့်အ လမ်းတန်ဖိုးကိုရရှိခဲ့သည်။ ဒီအချက်ကြောင့် သူမ Han Group အတွက် ကြော်ငြာရိုက်ကူးခွင့်ရခဲ့သည် မှာအတိအကျပင်။ စနစ်ကထပ်ပြီး သူ့ကိုနောက် ထပ်အခွင့်အလမ်းတန်ဖိုး ဆုပေးမလားဟုတွေးနေမိသည်။

 

 

ဤသည်ကိုတွေးရင်း ရှန်းချူးချူး အိမ်ထောင်ရေးစနစ်ကိုအလျင်အမြန်ဖွင့်လိုက်သည်။ ရလဒ်အနေ ဖြင့် ရှန်းချူးချူးသည် အတွင်းမှအကြောင်းအရာများကိုမြင်လိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။

 

 

လက်ရှိအဆင့်- 7 (20/80)

 

သရုပ်ဆောင်စွမ်းရည်- 26 (100)၊

 

အခွင့်အလမ်းတန်ဖိုး- 1 (10)

 

အမှန်မှာ သူမ၏မူလအတွေ့အကြုံအမှတ်သည် နှစ်ဆယ့်ငါးဖြစ်နေပြီဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အတွေ့အကြုံရမှတ်များမထည့်ထားရုံသာမက အမှန်တကယ်လည်းလျော့လို့သွားသည်။ ဒါ သိပ္ပံနည်းကျဟုတ်မနေဘူး၊ ဘာကြောင့်လျှော့လိုက်တာလဲ ? သူ ပြတ်ပြတ်သားသားသတိပေးခဲ့ပြီး    ချန်းရှီလီအား ပလေးဘွိုင်းနှင့်မဖြစ်စေရန်ကူညီပေးခဲ့သည်။ ဘာ့ကြောင့် ဆုငွေမှမပေးဘဲ ပြစ်ဒဏ်ပေးရတာလဲ ??

 

ယခုအချိန်တွင် ရှန်းချူးချူးသည် အောက်တွင်ရေး ထားသော စာကြောင်းကိုမြင်ရသည့်အတွက်အလွန် ဝမ်းနည်းနေသည်။

 

 

[Host မင်းရဲ့လုပ်ဆောင်မှုတွေကြောင့် အိမ်ထောင် ရေးနှုန်းကျဆင်းသွားတယ်။ ဒါကြောင့် ငါးမှတ် နုတ်လိုက်ပါတယ်၊ နောက်ဆို ပိုသတိထားပါ။]

 

ရှန်းချူးချူးသည် ထိုစကားကြောင့် ဒေါသပေါက် ကွဲလုနီးပါးဖြစ်သွားသည်။ အိမ်ထောင်ရေးကျဆင်းအောင် ဘယ်လိုလုပ်ခဲ့မိလို့လဲ ၊ သူ သေချာပေါက် ကောင်းကောင်းလုပ်ခဲ့တာကို !!

 

ရှန်းချူးချူးသည် ထိုအတွေးဖြင့် ယုယွီတင်း၏ အိမ်ထောင်ရေးစနစ်ကို ဒေါသတကြီးဖွင့်လိုက်သည်။ အိမ်ထောင်ရေးစနစ်အရ ယုယွီတင်းသည် နှစ်ကြိမ်လက်ထပ်ခဲ့သော်လည်း မတူညီသောလူများနှင့်အတူရှိခဲ့ပြီး ၎င်းတို့သည် ယခင်ကလိုမလှပ ခဲ့ပေ။ ထိုနှစ်ယောက်သည် သာမန်ထက်သာလွန်သည်ဆိုရုံသာ။

 

 

ရှန်းချူးချူး သူ ဘာမှမမှားဟုခံစားရသည်။ ယုယွီတင်းအတွက် အနည်းဆုံးကွာရှင်းမှုနှုန်းကိုလျှော့ချခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် စိတ်မချမ်းသာစရာ စုံတွဲတစ်တွဲဖြစ်ပေါ်လာမည်ကို တားဆီးနိုင်ခဲ့သည်။ လက်ထပ်သည့်အကြိမ်ရေထက် ကွာရှင်းသည့်အ ကြိမ်မှာ တစ်ကြိမ်တိတိနည်းနေသေးသည်။

 

အသုံးမဝင်ချက်...မဟုတ်မှဒီပြဿနာကချန်းရှီလီ ?

 

ရှန်းချူးချူးသည် ချန်းရှီလီ၏ဓာတ်ပုံကို အမြန်ဖွင့်လိုက်သည်။ ယခု ချန်းရှီလီ၏ခေါင်းပေါ်တွင်အနက် ရောင်နှလုံးသားတစ်ခုရှိနေသည်။ အနက်ရောင် နှလုံးသားသည် ဘယ်တော့မှအိမ်ထောင်မပြုဟု ဆိုလိုခြင်းပင်။ OMG !! ချန်းရှီလီ ရှင်က ဘာလို့ အိမ်ထောင်မပြုချင်ရတာလဲ ? ဒီရလဒ်က ကြေကွဲစရာကောင်းလွန်းတယ်။

 

စိတ်ဓာတ်ကျနေသော ရှန်းချူးချူးသည် ငိုလုမ တတ်ပင်။ အဆိုပါအတွေ့အကြုံရမှတ်များရရှိရန် လွယ်ကူသောအလုပ် မဟုတ်သော်လည်း နောက် ပိုင်းအဆင့်များတွင် အဆင့်တစ်ခုရရှိရန် မည်မျှ ခက်ခဲမည်ကို သူ တွေးကြည့်နိုင်မည်မဟုတ်ပေ။ ဒီလိုအနုတ်ထွက်မှုနှုန်းနှင့်သာဆို သရုပ်ဆောင်စွမ်းရည်များကုန်ဆုံးသွားရပြန်သည်။

 

 

ရှန်းချူးချူး ဒါကိုတွေးပြီး ဒီလိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေမျိုးမှာ ကြိုးစားဖို့ဆုံးဖြတ်လိုက်ကာ ချန်းရှီလီထံ သီးသန့်မက်ဆေ့ချ်တစ်စောင်ပေးပို့ခဲ့သည်။

 

ငါက ယွဲ့လောင်- အလှူရှင်၊ ကမ္ဘာပေါ်မှာလူကောင်းတွေအများကြီးရှိတယ်။ ယုတ်ညံ့တဲ့လူကလွဲရင် မင်း ရွေးချယ်စရာကောင်းတာတွေ အများကြီးရှိလိမ့်မယ်။

 

ချန်းရှီလီက စက္ကန့်ပိုင်းအတွင်းပြန်ပြောလာသည်- မင်း မှန်တယ်၊ ငါလည်း အဲ့လိုပဲတွေးတယ်။ လတ် ဆတ်တဲ့အသားတွေ အများကြီးရှိတဲ့အတွက် ငါ လက်ရှိဘ၀မှာပျော်သင့်သည်။ အိမ်ထောင်ရေးလား ? အဲ့လိုကိစ္စမျိုးက အရမ်းအန္တရာယ်များတယ် အဲ့တာကြောင့် ငါ မလုပ်တော့ဘူး။

 

ရှန်းချူးချူးသည် ချန်းရှီလီ၏မှန်ကန်သည်ဟု သူမခံစားမိသောကြောင့် ပြန်ချေပစကားမပြောနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ့အား ထပ်မံဆွဲဆောင်ရန် ကြိုးစားခဲ့သည်။

 

ငါက ယွဲ့လောင်- အလှူရှင်၊ ဒီဆုံးဖြတ်ချက်ကို တကယ်စဉ်းစားပြီးပြီလား။ ဘာကြောင့် ထပ်မစဉ်း စားကြည့်ရတာလဲ ?

 

 

ချန်းရှီလီ- ဟင့်အင်း၊ ဒီဆုံးဖြတ်ချက်ကအရမ်းသင့်လျော်တယ်လို့ ခံစားရတယ်၊ ဒါ ငါ့ရဲ့ကိုယ်ပိုင်  ထင်မြင်ချက်ကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာ။ [Cool]

 

ရှန်းချူးချူးသည် ချန်းရှီလီကိုမဆွဲဆောင်နိုင်သော ကြောင့် စွန့်လွှတ်ရန်ဆုံးဖြတ်လိုက်သည်။ အကယ် ၍ သူ အခြားပလေးဘွိုင်းတစ်ဦးနှင့်တွေ့ဆုံရန် သို့ ထာဝရတစ်ကိုယ်တည်းနေရန် ဆုံးဖြတ်ချက်ချရမည်ဆိုပါက၊ သူသည်လည်း ဒုတိယတစ်ခုကိုရွေး ချယ်မည်ဖြစ်သည်။

 

 

ထို့အပြင် နေရောင်အောက်လက်ထက်မှုအတွက် သူမထံမှ အိမ်ထောင်ရေးအကူအညီလိုအပ်သူများစွာရှိနေဆဲဖြစ်သည်။ ထိုသို့ ကြုံတွေ့ထားသူတစ်ယောက်အားလက်ထပ်ချင်စိတ်ဖြစ်ရန် ဦးနှောက်မဆေးချင်တော့ပေ။

 

 

ရှုံးနိမ့်မှုကို ဝန်ခံကာအရှုံးပေးလိုက်တော့သည်။

 

 

ရေချိုးပြီးနောက် ရှန်းချူးချူးသည် သူ နေ့စဥ်လုပ်ရမည့်အရာကိုစတင်လုပ်ဆောင်ခဲ့သည်။

 

သရုပ်ဆောင်စွမ်းရည်လေ့ကျင့်ခြင်းပင်။

 

သူမရဲ့လေ့ကျင့်ခြင်းဟုခေါ်သည့် လေ့ကျင့်မှုမှာ ဂန္တဝင်ရုပ်ရှင်ထဲမှ သရုပ်ဆောင်ကောင်းသည့်အမျိုး သမီးများကို ကြည့်ရှုခြင်းမှတပါးအခြားမရှိပေ။ ထို့နောက် အဓိကဇာတ်ကောင်အမျိုးသမီး၏အ ပြောအဆိုကိုတုပကာ ၎င်းတို့၏သရုပ်ဆောင်မှုများကိုအတုယူမည်ဖြစ်သည်။ ရှင်းရှင်းပြောရပါက ရှန်းချူးချူးကိုယ်တိုင်ပင် အသုံးဝင်သလားမသိချေ။ တကယ်တော့ သူသည် ကျွမ်းကျင်သည့်လေ့ကျင့်မှုမျိုး တစ်ခါမှမရရှိခဲ့ဖူးသလို သူ လုပ်ရမည့်သင် ကြားမှုမျိုးလည်း တစ်ကြိမ်တစ်ခါမှမရရှိခဲ့ပေ။ သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သတ်ပြီး မှတ်တမ်းရုပ်ရှင်တစ်ခုသာကြည့်ရှုခဲ့ပြီး ထိုအမျိုးသမီးသရုပ် ဆောင်မှလည်း သူမ ပရော်ဖက်ရှင်နယ်လေ့ကျင့်မှုမျိုးတစ်ခါမှမပြုလုပ်ခဲ့ဘူးဟုဆိုထားသည်။ အစပိုင်းမှာအဓိကမင်းသမီးသည် သူမ၏ကိုယ်ပိုင်သရုပ် ဆောင်ရာ၌ ဗဟုသုတကြွယ်ဝစေရန်အလွန်ကောင်း မွန်သော ဇာတ်ကားများစွာကိုကြည့်ရှုခဲ့သည်။ ထို့ ကြောင့် ရှန်းချူးချူးသည်လည်း သူမကဲ့သို့လိုက်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။

 

သို့သော် သူ မကြာမီ အကျိုးကျေးဇူးများကိုသိရှိလာရသည်။

 

လက်ရှိတွင် သူမ၏သရုပ်ဆောင်စွမ်းရည်သည် နှစ်ဆယ့်ခြောက်နှစ်သာရှိသေးသော်လည်း သူမ၏ သရုပ်ဆောင်စွမ်းရည်မှာတော့ နှစ်ဆယ်သာရှိသေးသည်။ ထိုရမှတ်ဖြင့် သူမ ကျွမ်းကျင်ပိုင်နိုင်လှသည့်သရုပ်ဆောင်ဇာတ်ကွက်များကို သုံးနိုင်မည်မဟုတ်‌ ပေ။ Han Group အတွက် ရိုက်ကူးတုန်းကလိုပင်၊ သူသည် ခြေလက်အင်္ဂါအချို့ကို မပေါင်းစပ်နိုင်ခဲ့သလို သူမရဲ့စိတ်ကလည်း သူမရဲ့ခန္ဓာကိုယ်နောက် လိုက်မမီနိုင်ခဲ့ချေ။ ပြဿနာကိုနည်းနည်းချင်းကျော် လွှားနိုင်ဖို့ နာရီပေါင်းများစွာအချိန်ယူလိုက်ရသည်။

 

အခုနောက်ပိုင်း သရုပ်ဆောင်စွမ်းရည် နှစ်မှတ်တိုးလာသည့်အတွက် သူ အလုပ်လုပ်ရသည်မှာပိုခက်ခဲလာမည်ပင်။ ထို့ကြောင့်၊ သူ အိမ်၌သာလေ့ကျင့်နိုင်သောကြောင့် သူ့ခန္ဓာကိုယ်သည် သူ့စိတ်ထဲ ဆန္ဒရှိသည့်အတိုင်းလိုက်မှီနေနိုင်ပြန်သည်။

 

 

တစ်လကြာပြီးနောက် Han Group အတွက် သူမရိုက်ခဲ့သည် လက်ဝတ်ရတနာကြော်ငြာသည်ထုတ်လွင့်လာခဲ့သည်။ တစ်ဖက်မှာလည်း သူမသည် Taobao ၌အတွဲများကိုချိတ်တက်ပေးနေကာ သူမရဲ့သရုပ်ဆောင်မှုစွမ်းရည်ကိုလေ့ကျင့်နေခဲ့သည်။

 

ရှင်းမျန့်၏ သူမအပေါ်ဂရုမစိုက်သည့်သဘောထားကြောင့် သူ့မန်နေဂျာထံမှစကားကိုထုံးစံအတိုင်း ကြားလိုက်ရပြန်သည်။ သူသည် ကြော်ငြာနှင့်ပတ် သက်သည့် နောက်ပိုင်းအဆင့်များနှင့်ပတ်သက်သည့်အချက်အလက်များလုံးဝမရရှိခဲ့ပေ။

 

သို့သော် သူမသည် ဉာဏ်မမှီသူမဟုတ်ပေ။ ရှင်းမျန့် မည်သို့ပင်လုပ်ပါစေ သူမသည် မိမိကိုယ်ကိုအားကိုးနိုင်ဆဲပင်၊ Han Group တွင် တရားဝင် Weibo ရှိပြီးသဘာဝကျကျ သူ အာရုံစိုက်ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအခန်းကဏ္ဍများနှင့်ပတ် သက်ပြီး သူမ ထိတွေ့မှုမရှိခြင်းကြောင့်ဖြစ်သည်။

 

ရှန်းချူးချူး လုပ်ချင်သည့်အရာမှာ Han Group ကကြော်ငြာကို ၎င်းတို့၏ Weibo မှာပို့စ်တင်လိုက်ပြီးဆိုသည်နှင့် ၎င်းကို Share လိုက်ခြင်းပင်။ ဤသည်မှာ ကြော်ငြာပေါက်သွားချိန်တွင် ရင်းနှီးသောမျက်နှာနှင့် ရောနှောမှတ်မိသွား‌စေမည့် အထူးအခွင့် အရေးတစ်ခုဖြစ်ပြီး သူအမြန်မလုပ်ပါက သူလူမိုက် ဖြစ်ပေလိမ့်မည်။

 

ကံကောင်းထောက်မစွာပင် ကုမ္ပဏီသည် သူ့အား Weibo တွင်စာရင်းသွင်းထားပြီးဖြစ်ကာ သူမ၏အကောင့် Password ကိုမယူထားတာသဖြင့် ထို Weibo သည် သူမ လက်ထဲမှာရှိနေသေးသည်။

 

ရှန်းချူးချူး V: စစ်မှန်တဲ့အချစ်က စောင့်ဖို့ထိုက်တန်တယ် [Tease] // Han Group V:

 

 

"အဆုံးအစမဲ့ ကျယ်ပြောတဲ့ကောင်းကင်၊ အဆုံးမဲ့တောနက်ထဲ၊ ဆာဟာရသဲကန္တာရရဲ့အိုအေစစ်ထဲ... ငါရုတ်တရက် လှည့်ကြည့်လိုက်ချိန်မှာ မင်းနဲ့မဝေးဘူးဆိုတာသိလိုက်ရတယ်။ မင်းနဲ့တွေ့ဆုံရဖို့ အဆုံးစမဲ့တဲ့နှစ်ပေါင်းများစွာစောင့်စားခဲ့ရတဲ့ ဒီအခိုက် အ တန့်လေးကထိုက်တန်ပါတယ်။ အချစ်စစ်ကိုစောင့်တယ်၊ မင်းအတွက်စောင့်တယ်၊ မင်းကောစောင့်နေတုန်းပဲလား ?" သစ်ရွက်ပုံသဏ္ဍာန်နားကပ်၊ မင်းဘဝရဲ့ပျော်ရွှင်မှုက မင်းကိုစောင့်မျှော်နေတယ်။ @ရှန်းချူးချူး [ဗီဒီယို]

 

 

သူမ Share ပြီးနောက် ရှန်းချူးချူးသည် ဗီဒီယိုကိုကြည့်ရန်သတိရသွားသည်။ ပြီး‌နောက် သူ လုံးဝကို လှနေတယ်လို့ခံစားလိုက်ရသည်။ သူ့ရဲ့အဆင်မပြေလှတဲ့သရုပ်ဆောင်စွမ်းရည်ကို ဒီကြော်ငြာထဲဘယ် လိုမှမတွေ့နိုင်တာကြောင့် အရေးမကြီးပါဘူး။ သူမရဲ့တမူထူးခြားတဲ့အလှကိုပြလိုက်ခြင်းသာ။ ကြော် ငြာကိုသဘောကျပြီး ခဏတာနှစ်မျောသွားပြီးနောက် အောက်ရှိ Comment များကိုဖတ်လိုက်သည်။

 

"ဘယ်လိုတောင် လှလိုက်တဲ့ နားကပ်လှလေးလဲ [Drool]"

 

“ငါ တွေးနေတာ အဲ့တာက ဈေးကြီးနေရင်ကော ?ငါ တကယ်ဝယ်ချင်တယ်။ [Frantic]"

 

"ငါ အဲ့ဒါတွေဝတ်ထားရင် တကယ်ပဲအချစ်စစ်ကိုရှာတွေ့နိုင်မှာလား ? [နှုတ်ခမ်းစူ]"

 

…

 

တစ်ဒါဇင်ခန့်ကြာပြီးနောက်၊ ရှန်းချူးချူးသည် သူမအား ချီးကျူးသည့်မှတ်ချက်တစ်ခုကိုတွေ့ရှိခဲ့သည်။

 

“အကယ်၍ ငါသာ ကြော်ငြာထဲကကောင်မလေးလိုဆ်ုရင် ချစ်စရာကောင်းတဲ့နားကပ်တင်မကဘူး အဲ့နားကပ်နဲ့တွဲရက် Set လိုက်ပါဝယ်တစ်ခါတည်းဝယ်ပြီးသွားလောက်ပြီ။ အဲ့တော့ နားကပ်လှလား မလှလားဆိုတာက မျက်နှာပေါ်မှာမူတည်နေသေးတယ်။”

 

ထိုမှတ်ချက်ကိုမြင်ပြီးနောက် သူ နောက်ဆုံးစိတ် သက်သာရာရသွားသည်။