Ch 9
Viewers 4k

🧶 Chapter 9

 

 

ရှင်းမျန့်က ရှန်းချူးချူးအားဂရုမစိုက်မည်မဟုတ်တော့ဟုပြောပြီးနောက်၊ အမှန်မှာ ရှန်းချူးချူးသည် ၎င်းတို့ငြင်းခုံမှုအပြီး သူမ၏ မန်နေဂျာအားမတွေ့ချင်ခဲ့ချေ။

 

မရိုက်ကူးမီတွင် ရှန်းချူးချူးသည် မိတ်ကပ်ပညာရှင်၊ စတိုင်လ်လစ်၊ ဝတ်စုံဒီဇိုင်နာနှင့် လက်ထောက်တစ်ဦးထံဆက်သွယ်ခဲ့ပြီး ကားတစ်စီးကိုပင်ငှားရမ်းခဲ့သည်။

 

ရိုက်ကူးသည့်နေ့တွင် ရှန်းချူးချူးသည် သူငှားရမ်းထားသောအဖွဲ့နှင့်အတူ သတ်မှတ်ထားသောနေရာသို့သွားရောက်ခဲ့သည်။ ထိုနေရာသည် Han Group ဖြစ်ပြီးအခြားမဟုတ်ပေ။

 

ကြော်ငြာမှာဓါတ်ပုံရိုက်ရုံသာမက လှုပ်ရှားမှုလည်းပါဝင်ပါသည်။ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်သည် လေးမှတ်အထိ တိုးလာပြီဖြစ် သဖြင့် အရင်ကထက်ပိုကောင်းအောင်လုပ်ထားသော်လည်းထင်ထားသလိုမဖြစ်ခဲ့ချေ။ ရှန်းချူးချူးသည် အကြောင်းရင်းမသိဘဲ အချို့နေရာများတွင် ကိုက်ညီမှုမရှိဟုအမြဲလိုလိုခံစားနေရသည်။

 

တစ်နည်းဆိုရသော် သူ မည်သို့လုပ်ဆောင်ရမည်ကိုသိသော်လည်း သူ့ လှုပ်ရှားမှုများကအမီမလိုက်နိုင်ပေ။ သူ တစ်ခါမှ ထိုသို့မခံစား ဖူးဘဲ နောက်ဆုံးရိုက်ကူးခဲ့သည့်ကြော်ငြာနှစ်ခုတွင် ခေါင်းထဲတွေးထားသည့်အတိုင်းလှုပ်ရှားနိုင်ခဲ့သည်။

 

ထိုအချိန်တွင် ရှန်းချူချူသည် သူ့ စိတ်ထဲအဖြေတစ်ခုရှိနေပြီဖြစ်သော်လည်း မသေချာသေးဘဲသံသယဖြစ်နေဆဲပင်။

 

ထုံးစံအတိုင်း၊ ဒါရိုက်တာ မကျေမနပ်ဖြစ်ပြီး လှုပ်ရှားမှုတွေထပ်လုပ်ဖို့ ရှန်းချူးချူးအားဆက်တိုက်ညွှန်ကြားခဲ့သည်။ ရှန်းချူးချူး သည် ဒါရိုက်တာ၏ညွှန်ကြားချက်ကြောင့်ခေါင်းမူးလာသောအခိုက် ကြမ်းတမ်းသောအမျိုးသမီးတစ်ဦး၏အသံထွက်ပေါ်လာသည်။

 

“ဟားဟား! ဒါထုတ်ကုန်အသစ်အတွက် Brand Ambassador အသစ်လား ? ဒီလူသစ်က ဘယ်ကရောက်လာတာလဲ။ သူ့ကို တစ်ခါမှမမြင်ဖူးဘူး သရုပ်ဆောင်တာကလည်းညံ့လိုက်တာ၊ လူထုဆက်သွယ်ရေးဌာနက ဘယ်လိုမျိုးလူကိုရှာထားတာလဲ ?

 

ထိုစကားများထွက်လာသောအခါ လူတိုင်း သူ့အား စိုက်ကြည့်လိုက်ကြသည်။

 

"အထွေထွေမန်နေဂျာကောင်း"

 

 

"ကောင်းကျဲ"

 

 

Han Group မှ အလုပ်သမားများအားလုံးတယောက်ပြီးတယောက် နှုတ်ဆက်လိုက်ကြသည်။

 

 

ကောင်းအန်ချီက လူအုပ်ကြီးကိုအသိအမှတ်မပြုဘဲ ရှန်းချူးချူးကို အပေါ်စီးကနေကြည့်ရင်း

 

 

 

"ငါတို့ရဲ့လက်ဝတ်ရတနာတွေက သူနဲ့မှသိသိသာ သာတန်ဖိုးကျသွားသလိုမျိူး ဘာလို့ခံစားနေရပါ လိမ့်၊ အသားငါးဈေးတန်းထဲ ရောက်သွားသလိုပဲ မင်းတို့ကော ဘယ်လိုထင်ကြလဲ"

 

 

ကောင်းအန်ချီပြောပြီးသွားသောအခါ အားလုံးရယ် မောလိုက်ကြသည်။ အချို့သောလူများက သူမအားကပ်ဖားရပ်ဖားလုပ်ကာ

 

 

“ဟုတ်ပါ့ ကောင်းကျဲ ပြောသလိုခံစားရတယ်။ သူကတတ်သစ်စလေးမှန်း အရမ်းသိသာတယ် သူ့ဟာသူလာတာလေ သူ့ကုမ္ပဏီကတောင် သူ့အပေါ်ဘာလေးစားမှုမှမရှိဘူး။ Han Group မှာရိုက်ကူးဖို့ သူ ဘယ်က ဘယ်လိုရောက်လာမှန်းတောင်မသိဘူး”

 

 

“ဟုတ်တယ်၊ ကုမ္ပဏီက ဘာတွေတွေးနေတယ်မှန်း ငါ တကယ်နားမလည်ဘူး။ ရိုက်ကူးထားတဲ့အရည် အသွေးကိုကြည့်ဦး၊ အဲဒါကို စျေးကွက်မှာထုတ်လိုက်တာနဲ့ ရောင်းလို့တောင်ရမှာမဟုတ်ဘူး”

 

 

ရှန်းချူးချူးသည် Han Group ကိုပျက်စီးစေလိုသည့်ရည်ရွယ်ချက်ဖြင့် စကားပြောနေသည့်အမျိုး သမီးကိုစိုက်ကြည့်လိုက်သည်။ အစမှ အဆုံးအထိ၊ သူ ထိုကြော်ငြာကြောင့် သူ့ အရင်းအမြစ်များသိမ်း ပိုက်ခံရမလိုဖြစ်ကာ မန်နေဂျာထံမှလုံး၀ရှောင်ဖယ်ခံခဲ့ရသည်။ အခု Han Group မှာလည်း ထိုမိန်းမဆီမှ နှိမ့်ချခံနေပြန်ရသည်။

 

 

ပွင့်ပွင့်လင်းလင်းပြောရလျှင် အဘယ်ကြောင့်ထိုအ ခွင့်အရေးကောင်း သူ့ဆီရောက်လာသည်ကို သူနားမလည်သေးပေ။ အထူးသဖြင့် သူ ထိုအခွင့်အရေးအား မည်သို့ရလာခဲ့သည်ကို အခြားသူများလည်း အံ့သြနေကြသောကြောင့်ပင်။ ဒါရယ်စရာမကောင်း ဘူးလား ?

 

 

သူ နားမလည်သော်လည်း ထိုအခွင့်အရေးကို သူပိုင် ဆိုင်သည်။ Han Group က အခုအချိန်မှာပြန်ထွက်သွားစေချင်တယ်ဆိုရင်တော့ စာချုပ်ပါအတိုင်း လျော်ကြေးငွေ အများအပြားပေးဆောင်ရမည်ပင်။

 

 

ရှန်းချူးချူးသည် ပျော့ညံ့သည့်စရိုက်လက္ခဏာမရှိသည့်အပြင် သူ ပြန်မဖြေပါက ယုံကြည်မှုမရှိသည့်ပုံပေါက်သွားလိမ့်မည်။

 

 

 

“သေချာတာပေါ့ ကျွန်မက ငယ်ပြီး လှတယ်လေ အဲ့တာကြောင့် သူတို့ ကျွန်မကိုရွေးချယ်ခဲ့ကြတာ” ဟုရှန်းချူးချူးသည် ယုံကြည်မှုအပြည့်နှင့် ခေါင်းကို မတ်မတ်ထားခဲ့သည်။ ကျော်ကြားမှုနဲ့သရုပ်ဆောင်စွမ်းရည် ? Sorry ပဲ လောလောဆယ် သူ့မှာ အဲဒါတွေမရှိဘူး။ ထို့ကြောင့် သူမသည်ပြန်လည်တိုက် ခိုက်ရန်အတွက် ပြင်ပသွင်ပြင်ကိုသာအသုံးချရမည်ဖြစ်သည်။ အဆုံးမှာ တစ်ဖက်လူသည် သူ့ထက် အသက်ပိုကြီးပုံရသည်။

 

 

အားလုံးတိတ်ဆိတ်သွားကာ ရှန်းချူချူကိုကြည့်လိုက် ကောင်းအန်ချီကိုကြည့်လိုက်ကြည့်နေကြသည်။

 

 

ထိုစကားများကိုကြားသောအခါ ကောင်းအန်ချီ၏ မျက်လုံးများမှေးမှိန်သွားခဲ့သည်။ သူ သိတယ်၊ အ ကြောင်းပြချက်က အဲ့လိုမျက်နှာပဲ။ တခြားသူတွေက ရှန်းချူးချူး ဒီအခွင့်အရေးဘယ်လိုရသွားမှန်းမသိကြပေမယ့် သူကတော့ ဒါကိုကောင်းကောင်းသိပါတယ်။ သူမအား ရွေးချယ်ရခြင်းအကြောင်းရင်းမှာ အခြားသူများပြောသည့်နှင့် လုံးဝမသက်ဆိုင်ပေ။ မစ္စတာဟန်ထံမှတိုက်ရိုက်အမိန့်သာဖြစ်သည်။

 

 

မစ္စတာဟန်သည် အမည်မသိတတ်သစ်စမင်းသမီးတစ်ဦးကိုရွေးချယ်လိုက်သောအခါ ထိုမျှမရိုးရှင်းနိုင်သည်ကို သူ တွေ့ရှိခဲ့သည်။ အခု သူ့ရဲ့စကား ပြောပုံကနေ သူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးရှိမှန်း သူ သိလိုက်သည်။ ငယ်တာနဲ့ လှတာဆိုပြီးပြောလိုက်တာလား ?

 

 

သူကုမ္ပဏီသို့ ဝင်ရောက်လာသောအခါ သူသည်နိုင်ငံရပ်ခြားမှ ဘွဲ့လွန်ယူကာပြန်လာသည့်အထက် တန်းစားတစ်ဦးပင်။ သူသည် မစ္စတာဟန်နောက်နှစ် ပေါင်းများစွာ အချည်းနှီးလိုက်လာခဲ့မိသော်လည်း သူဘယ်လောက်ပဲအားထုတ်နေပါစေ အလုပ်ကလွဲလို့ သူမနှင့် ဘယ်တော့မှအခြားဆက်ဆံရေးမရှိချေ။ ယခင် ချမ်းသာသောမိသားစုမှသမီးနှင့် အတူရှိစဥ် သူ့မိသားစုနောက်ခံမှာထိုသူဌေးသမီးနှင့်လုံးဝ မနှိုင်းယှဥ်နိုင်ခဲ့ချေ။

 

 

သို့ဖြစ်ရာ မစ္စတာဟန်သည် ထိုတတ်သစ်စသရုပ် ဆောင်အားစွဲလန်းနေသည်ကို သူ မည်သို့ခံနိုင်ရည် ရှိမည်နည်း။

 

 

သူ့အနေနှင့် ချမ်းသာသောမိန်ကလေးနှင့် မယှဉ်နိုင်သော်လည်း သေချာပေါက် လူမသိ သူမသိတတ်သစ်စတစ်ယောက်က သူ့အားမယှဉ်နိုင်ပေ။

 

 

"လှတယ် ? နင့်ရဲ့ယုံကြည်မှုက ဘယ်ကလာမှန်းမသိပေမယ့် မင်းက အလှပန်းအိုးသက်သက်ပဲ။ မင်းမျက်နှာကို ဘယ်နှစ်ခါပြင်ပြီးပြီလဲဆိုတာ ငါတို့မသိဘူးလေ။ ပလပ်စတစ်ဆာဂျရီလုပ်ပြီးနဲ့ ချမ်းသာတဲ့ ယောက်ျားတွေကို လှည့်စားရတာသဘောကျတဲ့ မင်းသမီးပဲမဟုတ်ဘူးလား ? အရှက်မရှိချက် ?"

 

 

ကောင်းအန်ချီသည် ရှန်းချူးချူးကို စိုက်ကြည့်ကာ ရက်စက်စွာလှောင်ပြောင်ခဲ့သည်။

 

 

ရှန်းချူးချူး၏အမူအရာမှာ အနည်းငယ်အေးစက် သွားသော်လည်း "တချို့တွေက အဲ့လိုပဲ ငယ်လည်းမငယ်၊ လှလည်းမလှဆိုတော့ တခြားသူတွေကို အဲ့လိုပြောပြီးနှိမ်တတ်ကြတယ်"

 

 

ဒေါသထွက်နေသောကောင်းအန်ချီ နောက်ထပ်စကားတစ်ခွန်းမှမပြောမီ ရှန်းချူးချူးမှ လျင်မြန်စွာဆက်ပြောလာသည်။

 

 

"ဒါနဲ့ ရှင်က ဘယ်သူလဲ ? ကျွန်မ Han Group နဲ့ စာချုပ်ချုပ်ထားတာ ရှင် သိသင့်တယ်။ ရှင်မကျေ နပ်ရင် အစားထိုးမယ့်သူရှာလေ၊ ဒါပေမယ့် စာချုပ်ပါအတိုင်းဒဏ်ကြေးငွေဆယ်ဆပေးဆောင်ဖို့ မမေ့နဲ့ဦး”

 

 

စာချုပ်သည်တစ်သန်းဖြစ်ကာဒဏ်ကြေးသည်ဆယ် ဆဖြစ်သဖြင့် ဆယ်သန်းရနိုင်သည်။ ကြော်ငြာမရိုက်ရရင်တောင်တန်တယ်။

 

 

ကောင်းအန်ချီသည် ရှန်းချူးချူးကို အထင်အမြင်သေးစွာဖြင့် အေးစက်စွာစိုက်ကြည့်လိုက်သည်။ သူဘာလို့ ပြန်ငြင်းဆန်ရဲမှာလဲ။ သူသည် မစ္စတာဟန်ထံမှထိုအပြုအမူကိုခံရပေမည်။

 

 

“နာမည်မကြီးတဲ့ မင်းသမီးတစ်လက်က သူ့ကိုယ်သူ ထိုးကျွေးဖို့ကလွဲပြီး ဘာလုပ်နိုင်လို့လ ? နင်က ယောက်ျားတွေကိုတွယ်ကပ်နေတဲ့ လိပ်ခေါင်းပန်းပဲ ။ ကြော်ငြာမရိုက်ချင်ရင် အခုထွက်သွား!”

 

 

ဒုတိယအကြိမ်ထွက်သွားဖို့ပြောပြီးနောက်မှာတော့ သူ့ ဒေါသကိုမထိန်းထားနိုင်တော့ချေ။

 

 

"ရှင်က ကျွန်မကိုထွက်သွားစေချင်တာလား Han Group ရဲ့ဝန်ထမ်းတွေက တကယ်ကြောက်စရာကောင်းတာပဲ၊ ရှင်တို့က ကျွန်မကိုကြော်ငြာရိုက်ဖို့းဖိတ်ထားပေမယ့် အဖက်ဖက်ကနေလှောင်ပြောင်နေသလိုပဲ။ သူ ပြောတာကို လူတိုင်းကြားတယ်နော်”

 

 

ရှန်းချူးချူး လူတိုင်းကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီး “ကောင်းပြီ၊ ကျွန်မ မရိုက်တော့ဘူး။ Han Group ကသာ ဒီကိစ္စကျွန်မကို မရှင်းပြရင် ကျွန်မ တကယ် ဆက်ရိုက်မှာမဟုတ်တော့ဘူး။ ကျွန်မက မကျော် ကြားရင်တောင်မှ ငါက လူတစ်ယောက်ပဲ။ ရှင်က ဘာကိစ္စ ကျွန်မကို အသရေဖျက်ရဲတာလဲ ?"

 

 

ရှန်းချူးချူးသည် ထိုကိစ္စများကိုမျက်စိစုံမှိတ်မပြောထွက်ခဲ့ပေ။ အကယ်၍ Han Group ကသာ သူမကိုထောင်ပေါင်းများစွာသောလူထဲမှ ဂရုတစိုက်ရွေးချယ်ခဲ့မည်ဆိုလျှင် သူ့ အတွက်တန်ဖိုးရှိသောအရာတစ်ခုကိုတွေ့ရမည်ဖြစ်သည်။ အထွေထွေမန် နေဂျာကောင်းသည် အထက်လူကြီးများ၏ဆုံးဖြတ် ချက်ကိုမပြောင်းလဲနိုင်သောကြောင့် သူမအား လှောင်ပြောင်ရန် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ် သည်။ ဒီမိန်းမက သူ့ကို ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားစေချင်နေတာ ဆိုလိုတာက သူ့မှာ ထွက်သွား အောင်လုပ်ဖို့ အခွင့်အာဏာမရှိဘူးလို့ဆိုလိုတာပဲ။ အကယ်၍ အဲ့လိုသာဆိုရင် အခြေအနေကတဖြည်း ဖြည်းပိုစိတ်ဝင်စားဖို့ကောင်းလာပြီ။

 

 

အရာအားလုံးကို သူမ၏လက်ထောက်ဖြစ်သူမှ မှတ်တမ်းတင်ထားသည်ကို သူ သတိပြုမိသည်။

 

 

ရှန်းချူးချူးသည် သူမ၏အဝတ်အစားများကို မြှောက်ကာ လက်ထောက်ရှေ့သို့လျှောက်လာပြီးပြုံးလျက် “ငါ့ဆီ ဗီဒီယို‌ကော်ပီပို့လိုက်၊ နင့် ဒီနေ့ကောင်းကောင်းလုပ်ခဲ့တယ် ငါ နင့်ကို ရေရှည်အတွက်လက်ထောက်ခန့်မယ်၊ ငါ့ အနာဂတ်က မြင်တဲ့အတိုင်းပဲ အရမ်းကိုအလားအလာရှိတယ် အဲ့တော့တော့ ငါ့ နောက်သာလိုက်ခဲ့"

 

 

လက်ထောက်သည် ယာယီငှားရမ်းထားခြင်းဖြစ်ရာ ရေရှည်ရာထူးရရန်အလားအလာရှိသဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

 

 

ရှန်းချူးချူး သူ့ဖုန်းကိုယူလိုက်ပြီး ဗီဒီယိုကိုကြည့်ကာ ကောင်းအန်ချီရှေ့လက်ဝှေ့ယမ်းလိုက်သည်။

 

 

တခဏချင်းမှာပင် ကောင်းအန်ချီရဲ့မျက်နှာသည်ပုပ်သိုးသွားတော့သည်။

 

 

ထိုအခိုက်အတန့် တစ်စုံတစ်ယောက်ဝင်လာပြီး ကောင်းအန်ချီအား "အထွေထွေမန်နေဂျာကောင်း၊ အတွင်းရေးမှူးဝမ် မင်းကိုရှာနေတယ်"

 

 

ကောင်းအန်ချီသည် ထိုစကားကိုကြားသည်နှင့် ရှန်းချူးချူးကို ခဏလောက်စိုက်ကြည့်ပြီးထွက်သွားလိုက်သည်။ အပြင်မှာရောက်သည်နှင့် အဝေးမှာ ရပ်နေသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။

 

 

ဟန်ရှင်းယန်သည် မီးပူသပ်ရပ်စွာတိုက်ထားသည့် မီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ နောက်မှကြည့်ပါက သူ့ပခုံးကျယ်ကာ ခါးကျဉ်းပြီး ခြေတံ ရှည်တွေရှိသည်။ အမှန်မှာ သူသည် Han Group ၏နာမည်ကြီး CEO ဖြစ်ပြီး သူ့ကိုမသိပါက တစ်စုံ တစ်ယောက်မှ မော်ဒယ်တစ်ဦးဟုအလွယ်တကူအထင်မှားနိုင်သည်။

 

 

ဟန်ရှင်းယန်သည် အလင်းဘက်သို့ကျောပေးထားရာ သူ၏ခန့်ညားရှည်လျားသောအရိပ်သည် ကြမ်း ပြင်ပေါ်ကျရောက်လို့နေသည်။