Ch 7
Viewers 4k

🧶 Chapter 7

 

 

ရှန်းချူးချူး သည် ရှင်းမျန့်၏စိတ်အားထက်သန် သော အသံကြောင့်တုန်လှုပ်သွားပြီး

 

 

“ကျွန်မ အခုအိမ်မှာရှိတယ်၊ မျန့်ကော ဘာဖြစ်လို့လဲ ? တစ်ခုခုဖြစ်လို့လား ?"

 

 

ရှင်းမျန့်သည် သူမ တစ်ခါမှမကြားဖူးသော စိတ်အားထက်သန်သော လေသံဖြင့်တုံ့ပြန်ခဲ့သည်။

 

 

"ဟုတ်တယ်! အကြီးကြီးတစ်ခုဖြစ်သွားတယ်၊ ငါ မင်းကို ခေါ်ဖို့လာနေပြီ။ ကုမ္ပဏီက Han Group နဲ့စာချုပ်မှာအမှားလုပ်မိသွားကြတာ တကယ်က 7:3 ဖြစ်သင့်တာ”

 

 

ရှန်းချူးချူးသည် သူမ၏နားများကိုပင်မယုံနိုင်ခဲ့ချေ။ ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာ သူ့ကိုအခွင့်အ ရေးပေးဖို့ဆန္ဒရှိတုန်းပဲလား ? မန်နေဂျာဖြစ်သူသည် သူ့ထံမှ ပြင်းပြင်းထန်ထန်အပြောခံရပြီးတာတောင် အခုလိုပြောင်းလဲသွားတယ်ဆိုတော့ မက်ဆိုးချစ်များလား ??

 

 

သူ သတိမထားမိလိုက်တာ တစ်ခုခုများရှိနေတာများလား ?

 

 

ရှင်းမျန့်ကားထဲသို့ဝင်သွားပြီးနောက် ၎င်းသည်နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခဲ့သည့်အချိန်ထက် သူ့သဘောထားသည် လုံးဝပြောင်းလဲသွားခဲ့သည်။ သူက လက်ဟန်ခြေဟန်ဖြင့်

 

 

 

“ချူချူး၊ ဒီ့အတွက် မင်း ငါ့ကို တကယ်ကျေးဇူး တင်ရမယ်၊ နင့်ကို Han Group ရဲ့ ကိုယ်စားလှယ်အဖြစ်ဆက်ထားဖို့ ငါ ကုမ္ပဏီနဲ့အခြေအတင်ပြောခဲ့ ရတယ်”

 

 

ရှန်းချူးချူးသည် ရှင်းမျန့်ကို တစ်ဖန်ပြန်ကြည့်ကာ သူ လုံးဝမသိသည့် သူစိမ်းတစ်ယောက်လိုခံစားလိုက်ရသည်။

 

 

သို့သော် သူလိုချင်သော လမ်းခွဲမှုကိုရရှိပြီး Han Group အတွက်ကြော်ငြာရိုက်ကူးနိုင်ဆဲဖြစ်သော ကြောင့် သူ့ အနေဖြင့် အလွန်သတိထားနေရန်မလို အပ်တော့ချေ။ သူ့ ကိုယ်သူထိန်းကာ

 

 

 

"ကျေးဇူးပါ မျန့်ကော"

 

 

ယခင်က ဘာမှမဖြစ်ခဲ့သလိုပင် ရှင်းမျန့်က

 

 

 

"မင်း ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး၊ မင်းက ငါ့တောင်ပံအောက်ကလူပဲလေ၊ ငါမှ မင်းကိုမကူညီရင်ဘယ်သူ့ကိုကူညီရမှာလဲ ? မင်း နာနာခံခံရှိသရွေ့  မျန့်ကောက မင်းကို ကောင်းကောင်းဆက်ဆံမှာပါ"

 

 

ထိုစကားကိုကြားသောအခါ သူ တုံ့ပြန်ခဲ့ပေ။ ပိုနာခံရမှာလား ? ဘယ်လိုမျိုးလဲ ? ကိုယ့်ကို အခွင့် ကောင်းယူခွင့်ပြုလိုက်ရမှာလား ? တောင်းပန်ဖို့လား ? နိုးပဲ လုံးဝ မဖြစ်နိုင်ဘူး!

 

 

ရှန်းချူးချူး မတုံ့ပြန်သည်ကိုမြင်သောအခါ ရှင်း မျန့်လည်း နှုတ်ဆိတ်နေခဲ့သည်။ သူတို့ ကုမ္ပဏီကိုရောက်သည်နှင့် စာချုပ်လက်မှတ်ရေးထိုးဖို့လုပ်ခဲ့ပြီး ရှင်းမျန့်က သူ ဘယ်လောက်ပင်ပန်းထားရလဲ ? သူ ဘယ်လို Credit တွေအများကြီးရသင့်လဲဆိုတာကိုထပ်ပြောလာပါတော့တယ်။

 

 

ရှန်းချူးချူးသည် စာချုပ်ထဲ အမှားအယွင်းမရှိသည်ကိုတွေ့သောအခါတွင် သူ့ အမည်ကိုအောက် ခြေတွင်ရေးထိုးလိုက်သည်။ ရက်စွဲများကိုအတည် ပြုပြီး အားလုံးပြီးသည်နှင့် ထွက်ခွာရန်အဆင်သင့်ဖြစ်နေသည်။ ရှင်းမျန့်၏ပြုံးနေသောမျက်နှာသည်  ရှန်းချူးချူး၏ဘယ်လိုမှမနေသော မျက်နှာထားကိုကြည့်ရင်းမှိန်ဖျော့လို့သွားသည်။

 

 

ဥပဒေရေးရာဌာနမှထွက်လာပြီးနောက် တစ်နှစ်တည်း တပြိုင်တည်းပွဲဦးထွက်ထားသည့် မင်းသမီးတစ်လက်စင်္ကြန်တွင်ပေါ်လာခဲ့သည်။

 

 

လီကျီရွှမ်သည် ရှန်းချူးချူးအား အပေါ်အောက်တစ်ချက်ကြည့်ပြီး လှောင်ပြောင်သောလေသံဖြင့်

 

 

 

"နင့်ကိုယ်နင် ကလေးလိုလိုခွေးလိုလိုဟန်ဆောင်မနေနဲ့တော့၊ အစက သိက္ခာရှိတဲ့သူလို့ထင်ထားခဲ့တာ ဒါပေမယ့် ဒီလိုပုံစံလေးနဲ့ စာချုပ်တစ်ခုရဖို့ ခန္ဓာ ကိုယ်နဲ့အလဲအထပ်လုပ်လိမ့်မယ်လို့မထင်ထားဘူး"

 

 

ရှန်းချူးချူး မျက်မှောင်ကြုတ်လိုက်ပြီး "နင် ဘာကိုဆိုလိုတာလဲ ? နင်ပြောတာကို ငါ နားမလည်ဘူး"

 

 

လီကျီရွှမ်သည် ရှန်းချူးချူးမျက်နှာထက် ဒေါသကိုမြင်လိုက်သောအခါတွင် သူ ဟန်ဆောင်ကာ  ပြန်ခံငြင်းနေသည်ဟုထင်ကာ "Han Group ရဲ့ကိုယ် စားလှယ်အနေဖြစ်ဖို့ နင့်အဆင့်နဲ့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လူတိုင်းလည်းသဘောပေါက်တယ်။ နင့် ခန္ဓာကိုယ်ကိုသုံးပြီး နင်ရထားတာလေ။ ဒီလိုအခွင့် အရေးကောင်းကို နင့်လို လူသစ်တစ်ယောက်ဆီထိုးပေးလိုက်ရအောင် ဒီကုမ္ပဏီမှာရှိတဲ့လူတိုင်းကို ရူးနေတယ်လို့ နင် တကယ်ထင်နေတာလား ?"

 

 

ရှန်းချူးချူးမျက်မှောင်ကြုတ်ပြီး သူ မသိတဲ့တာတစ်ခုခုတကယ်ရှိနေတာလား ? ဒါပေမယ့် သူ အခလေးတင်လက်မှတ်ထိုးလိုက်ပြီးပြီ၊ ရှင်းမျန့်က စောစောကပြောတုန်းက …… သူက ရှင်းမျန့်ကို တစ်ချက်ကြည့်လိုက်ပြီး

 

 

"မျန့်ကော၊ ကျွန်မ စာချုပ်ရအောင်ကူညီပေးခဲ့တာ  ရှင်လို့ ပြောထားတာမဟုတ်လား ?"

 

 

ရှင်းမျန့်၏ကောင်းသော စိတ်သည်ပျောက်ကွယ်သွားပြီဖြစ်သည်။ ထုတ်ဖော်ခံရသည့်အချိန်၌ပင် အ ပြစ်ရှိစိတ် တစ်စုံတစ်ရာမျှမခံစားရဘဲ “ဒီစာချုပ်ရ ဖို့ ငါ တကယ်ကြိုးစားထားရတာ အမှန်ပဲ၊ ရွှမ်ရွှမ် ဆိုလိုတာက......"

 

 

ရှင်းမျန့်သည် လီကျီရွှမ်ကိုတစ်ချက်ကြည့်လိုက်ပြီး "ရွှမ်ရွှမ်၊ မင်း မှားနေပြီ၊ ဥက္ကဋ္ဌဟန်က ကိုယ်ကျင့် တရားရှိတာလူတိုင်းသိတယ်၊ တစ်ယောက်ယောက်က သူ့မျက်နှာကိုအသုံးပြုပြီး ခန္ဓာကိုယ်နဲ့ဖြား ယောင်းသွေးဆောင်ချင်တယ်ဆိုရင် အရမ်း အရမ်းကြည့်ကောင်းနေမှရမယ် နတ်သမီးတမျှပေါ့!”

 

 

သူပြီးသည်နှင့် ရှင်းမျန့်သည် ရှန်းချူးချူးကိုသိသာ ထင်ရှားစွာတစ်ချက်ကြည့်လိုက်သည်။

 

 

လီကျီရွှမ်သည် ထိုစကားကိုကြားသောအခါ သူ ဒေါသူပုန်ထကာ ရယ်မောလိုက်ပြီး "အမှန်ပဲ၊ မျန့်ကော သတိပေးတဲ့အတွက် ကျေးဇူးပဲ၊ ငါ မှားပြောမိသွားတယ်။ ဒါပေါ့၊ ဘယ်သူမဆို မစ္စတာဟန်နဲ့ မအိပ်နိုင်ဘူးလေ၊ သူဆို မစ္စတာဟန်ရဲ့အတွင်းရေး မှူးဆီလောက်ပဲ ရောက်နေရမှာ။”

 

 

"တော်ပြီ ရွှမ်ရွှမ် မင်း လိမ်လိမ်မာမာနဲ့နာခံနေသရွေ့တော့ နောက်ပိုင်းကျ အခွင့်အရေးအများကြီးရလာလိမ့်မယ်၊ တစ်ချို့တွေက အခုချိန်မှာလုပ်ကွက်ရှိ နေပေမယ့် နောင်တစ်ချိန် အခွင့်အရေးဘယ်တော့ထပ်ရလာမလဲဆိုတာ သေချာမသိနိုင်ဘူးလေ”

 

 

လီကျီရွှမ်သည် ရှန်းချူးချူးအား မာနတစ်ခွဲသားဖြင့် ဂုဏ်ယူစွာကြည့်လာပြီး "ဟုတ်တယ်၊ မျန့်ကော ကျွန်မက အလိမ္မာဆုံးပဲနော်"

 

 

ရှင်းမျန့်နှင့် လီကျီရွှမ်နှစ်ယောက်စလုံး ထိုသို့ပြောပြီးနောက် အဝေးကိုလျှောက်သွားကြသည်။ 

 

 

“အင်း၊ ကုမ္ပဏီက အပစ်ခံရတဲ့အခါကျရင် မင်းရဲ့ကိုယ်ပိုင်ကုန်ကျစရိတ်အတွက် ကိုယ့်ဘာသာပေးရလိမ့်မယ်၊ လမ်းခွဲလိုက်ရုံနဲ့ ပြောင်းလဲသွားမယ်ဆိုတာ ဘယ်သူသိမှာလဲ၊ ဒါကြောင့် ငါတို့ကို အပြစ်မတင်နဲ့။"

 

 

ထိုစကားကိုကြားလိုက်တဲ့အခါ လီကျီရွှမ်ရဲ့အပြုံးကပိုကြီးလာသည်။

 

ရှန်းချူးချူး ဒေါသမထွက်ဘဲ ပြုံးပြီး “တာဝန်ယူမှု ဒါမှမဟုတ် ဥပဒေအကြောင်းထည့်မစဉ်းစားဘဲ ကြိုက်သလိုကောလာဟလတွေပြန့်နေတဲ့ ပါးစပ်ကြီးနဲ့၊ နောက်တစ်ခါဆို ခုလိုသိပ်ကံကောင်းမှာမဟုတ်ဘူး၊ သူ ပြောတာကို အသံမသွင်းတာကိုပဲ ကျေးဇူးတင်လိုက်”

 

 

သူတို့နှစ်ယောက်စလုံးက ရှန်းချူးချူးကို အရူးလားဆိုသည့်အကြည့်နှင့် စိုက်ကြည့်လိုက်ပြီး အဓိပ္ပါယ်မဲ့သည့်စကားတွေပြောလာသည့်အတွက် သူ့ ဦးနှောက်ထဲတစ်ခုခုမှားနေသလားလို့ဟုပင်တွေးနေမိသည်။ ကောလဟာလ ? ဥပဒေ ? အဲ့ဒါကို ဘယ်သူကများ အလေးအနက်ထားနေမှာလဲ ?

 

 

လီကျီရွှမ် ကျိန်ဆဲတော့မည်ဖြစ်သော်လည်း ရှန်းချူးချူးက "ကောင်းပြီ၊ မစ္စတာဟန် (သို့) သူ့အတွင်းရေးမှုးကို ငါ သေချာမသိပေမယ့် နင်နဲ့ အမှုဆောင်လွေ့အကြောင်းတော့ ငါ မသေချာဘူး။ ကံကောင်းပါစေနော်၊ သူ့မိန်းမဆီမှာ အဖမ်းမခံရ စေနဲ့ဦး!"

 

 

ရှန်းချူချူသည် လီကျီရွှမ်၏ထိတ်လန့်တုန်လှုပ်သောအမူအရာကိုမြင်လိုက်ရသောအခါ အလွန်စိတ် သက်သာရာရသွားသည်။ ထို့နောက် သူ ပြုံးပြုံးလေး ရှင်းမျန့်နှင့် လီကျီရွှမ်ကိုနှုတ်ဆက်သည်။

 

 

ထုံးစံအတိုင်း၊ ရှန်းချူးချူးသည် လီကျီရွှမ်၏အိမ် ထောင်ရေးစနစ်ကိုလေ့လာကြည့်သောအခါ သူတို့ ၏ဆက်ဆံရေးအကြောင်း သိလိုက်ရသည်။ ရလဒ်အနေဖြင့် သူ့ ခင်ပွန်းသည် နာမည်ကြီးအမျိုးသမီးများနှင့် အိပ်လေ့ရှိသူဖြစ်ကြောင်းထုတ်ဖော်ခဲ့သည်။ သူ့ကိုအသိအမှတ်ပြုရတဲ့ တစ်ခုတည်းသော အ ကြောင်းအရင်းကတော့ ရှင်းမျန့်ရဲ့ ညစာစားပွဲမှာ တစ်ခါ သူ့ကိုတွေ့ဖူးတာကြောင့်ပင်။

 

 

သို့သော်၊ သူ့ထံ အိမ်ထောင်ဖက်ရှိပြီးသားဟု ယခင်ကကြားသိခဲ့ရပြီး ရှင်းမျန့် သူ့အား အကြံပေးသည့်စကားအရ ဇနီးသည် ထက်ထက်မြတ်မြတ်စရိုက်လက္ခဏာရှိသော်ငြား ခင်ပွန်းမှာ အမျိုးသမီးအနု ပညာရှင်များစွာနှင့် ရှုပ်ထွေးနေသောကြောင့် ထိုလူနှင့် မပတ်သက်သည်ကအကောင်းဆုံးပင်။

 

 

လီကျီရွှမ်နောက်ဆုံးအောင်မြင်သွားမယ်လို့ ဘယ်သူထင်မှာလဲ။ သူ မြင်ခဲ့ရတာအရ ရှင်းမျန့်နဲ့အတူ ညစာစားပွဲတက်ပြီး သိပ်မကြာခင်မှာပဲ ၎င်းတို့နှစ်ယောက်သည် မနှစ်ကစတင်၍ အတူတူရှိနေခဲ့ကြသည်။ ယခုနှစ်ကုန်မှာ လက်ထပ်လိမ့်မည်ဟုခန့်မှန်းရသည်။

 

 

နောက်ဆုံးညစာစားပွဲအပြီး တစ်လလောက်ကြာသည်အထိ အမှုဆောင်လွေ့သည် ဇနီးဖြစ်သူနှင့်မကွာရှင်းနိုင်သေးပေ။ ဆိုလိုသည်မှာ လီကျီရွှမ်သည် လက်ရှိတွင် အငယ်အနှောင်းသာ။

 

ယခု လီကျီရွှမ်၏လက်ရှိအမူအရာကိုကြည့်ပြီး ရှန်းချူးချူးသည် သူ့ မှန်းဆချက်မှန်ကန်ကြောင်းပိုသေချာသွားသည်။

 

 

သူ့ကိုယ်သူ အငယ်အနှောင်းမှန်းသိနေတာတောင် သူ့ကို လာလှောင်ရယ်သေးတယ်ပေါ့ ?? လီကျီရွှမ်သည် ရယ်စရာပင်။ လူတိုင်းကို သူနဲ့တူတယ်လို့ များ သူ တကယ်ထင်နေတာလား ?

 

 

ရှန်းချူးချူးထွက်သွားသောအခါ ရှင်းမျန့်သည် လီကျီရွှမ်ကိုလေးလေးနက်နက်ကြည့်ကာ "မင်းနဲ့ အမှုဆောင်လွေ့ ?"

 

 

လီကျီရွှမ်က “အင်း… မျန့်ကော ရှင် ကျွန်မကိုအ ပြစ်တင်လို့မရဘူး၊ အမှုဆောင်လွေ့ကအရင် ကျွန်မဆီလာတာ၊ ကျွန်မမှာ ရွေးချယ်ခွင့်မရှိတာအမှန်ပဲ။"

 

 

ရှင်းမျန့်သည့် သူ့ အနီရောင်ဘောင် B မျက်မှန်ကို ပြင်လိုက်ပြီး အဝေးကိုထွက်ခွာသွားခဲ့သည်။

 

"အမှုဆောင်လွေ့ရဲ့ဇနီးကိုသတိထားဖို့ ငါ မင်းတို့ကို သတိပေးခဲ့ဖူးတယ်ထင်တယ်။ တစ်ခုခုဖြစ်သွားရင် မင်းရဲ့လုံခြုံရေးကို ငါ အာမမခံနိုင်ဘူး။"

 

 

လီကျီရွှမ် သူ့အရှိန်ကိုအရှိန်မြှင့်လိုက်ပြီး "မျန့်ကော ရှင်ကော ရှန်းချူးချူးပြော......"

 

 

ရှင်းမျန့် မျက်မှောင်ကြုတ်ပြီး လီကျီရွှမ်ကိုကြည့်ကာ "မင်းဒီကိုရောက်တာ ဒါ ပထမဆုံးနေ့လား ? သူ ဘာမှပြောရဲမှာမဟုတ်ဘူး ဒီလူမှုအသိုင်းအဝိုင်းထဲမှာ ဆက်မနေချင်တော့ရင်တောင်မှ နောက်ခံပံ့ပိုးမှုမရှိဘူးဆိုရင် သူ ဘာမှထုတ်ဖော်ရဲမှာမဟုတ်ဘူး။ နောက်ပြီး ကင်မရာနဲ့ဖမ်းမိထားလို့လား ?”

 

လီကျီရွှမ် ခဏလောက်ခေတ္တရပ်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ပြီး “အဲ့လို မထင်ပါဘူး၊ ရှန်းချူးချူး မှာနောက်ခံပံ့ပိုးမှုမရှိဘူးဆိုတော့ Han Group ရဲ့  Brand Ambassador နေရာကို သူ ဘယ်လိုများရထားတာလဲ ?"

 

 

ထိုမေးခွန်းကြောင့် ရှင်းမျန့်၏မျက်နှာမည်းမှောင်သွားရသည်။ ကွန်ဖရင့်အစည်းအဝေးတစ်ခုအတွင်း အလယ်အလတ်တန်းစား မန်နေဂျာတစ်ဦးက သူသည် Han Group ၏အထက်ပိုင်းမှ ရှန်းချူးချူးအား Brand Ambassador ကို‌ရွေးခြယ်ထားကြောင်းပြောကြားခဲ့သည်။ သို့သော် မန်နေဂျာအား ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးကာ  ရှန်းချူးချူးအား လီကျီရွှမ်နှင့် အစားထိုးရန်အဆို ပြုသောအခါ Han Group မှငြင်းဆိုခဲ့သည်။

 

 

ထိုအချိန်တွင် ရှန်းချူးချူးသည် မူလက သူ့မျက်နှာကြောင့်ရွေးချယ်ခံရကြောင်းကို သူနောက်ဆုံးနား လည်ခဲ့သည်။ ပါဝင်ပတ်သက်နေသည့် ဝန်ထမ်းတစ်ဦးစီ မေးမြန်းစုံစမ်းကြည့်ရာမှာ ရှန်းချူးချူး ပုံစံသည် ၎င်းတို့၏ Brand နှင့်လိုက်ဖက်မှုရှိသော ကြောင်း လီကျီရွှမ်သည် ပလပ်စတစ်ဆာဂျရီလုပ်ထားကြောင်းသိရှိထားသည့်အတွက် ရှန်းချူးချူးကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

 

 

ရှင်းမျန့်က လီကျီရွှမ်ကို သေသေချာချာကြည့်ပြီးနောက် "ငါ မင်းကိုညွှန်းလိုက်‌သေးတယ်၊ ဒါပေမယ့် သူတို့က မင်းကို လှသင့်သလောက်မလှဘူးဆိုဘူး ဖယ်ချလိုက်တာပဲ"

 

 

"ကျွန်မက မလှသေးဘူးလား ? ကျွန်မက ရှန်းချူးချူးထက်တောင်ပိုလှ‌သေးတယ်!”

 

 

လီကျီရွှမ်သည် သူမ၏ဒေါ်လာတစ်ထောင်တန် မျက်နှာကိုပွတ်သပ်ရင်း ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

 

 

"မင်း အရမ်းလှတယ်၊ ဒါပေမယ့် Han Group က မင်းမျက်နှာက ပလပ်စတစ်ဆာချရီမျက်နှာတဲ့ ဘာမှထူးခြားမှုမရှိဘူးလို့ပြောတာပဲ"

 

 

ရှင်းမျန့် ဓာတ်လှေကားကိုနှိပ်လိုက်ပြီး “ဒါ့ပြင် ရှန်းချူးချူးက သူ့ကို ကျောထောက်နောက်ခံပေးတဲ့သူ ရှိ၊ မရှိ စိတ်ပူနေစရာမလိုဘူး။ မင်း ပြောသလိုပဲ၊ မစ္စတာဟန်က ငါတို့ကုမ္ပဏီရဲ့ထိပ်တန်းမိန်းကလေးကိုတောင်စိတ်မဝင်စားတာ နာမည်မကြီးတဲ့မင်းသမီးပေါက်စလေးကိုစိတ်ဝင်စားဖို့ဆိုတာ ဘယ် လိုမှမဖြစ်နိုင်ဘူး။ အားလုံး အသိဉာဏ်မရှိဘဲလျှောက်ပြောတာတွေချည်းပဲ။”

 

 

လီကျီရွှမ် စိတ်အေးလက်အေးနဲ့ "အဲ့ဒါ ကောင်းတယ်၊ ကျွန်မ ဘာမှစိတ်ပူစရာမလိုတော့ဘူး"

 

 

ရှင်းမျန့် ခဏစဉ်းစားပြီး "ဒါပေမယ့် ရှန်းချူးချူး ရဲ့ဒေါသကတဖြည်းဖြည်းကြီးလာပြီ သူ ဘာမှမလုပ်မိတာသေချာအောင် ငါ ဖုန်းကြိုဆက်ထားတာပိုကောင်းလိမ့်မယ်"

 

 

သူပြောသည့်အတိုင်း ရှင်းမျန့်သည် ရှန်းချူးချူး၏ နံပါတ်ကိုခေါ်လိုက်သည်။

 

 

ရှန်းချူးချူးသည် ရှင်းမျန့်နာမည် သူ့ဖုန်းတွင်ပေါ် လာသည်ကိုတွေ့လိုက်ရသောအခါ ဖြစ်ပျက်ပြီးသည့်နောက် ဖုန်းမကိုင်ချင်တော့ပေ။ သို့သော် ၎င်းတို့နှင့် စာချုပ်သက်တမ်းမကုန်သေးသောကြောင့် သူ စိတ်တိုင်းကျမလုပ်နိုင်သေးချေ။