Ch 2
Viewers 4k

🧶 Chapter 2

သူ(မ)ချက်ချင်းနာမည်ကြီးလာမည့်နေ့အား အမြဲလိုလိုအိပ်မက်မက်နေသောကြောင့်  “trending” ဖြစ်နေသော အကြောင်းအရာကို ပထမဆုံးဖွင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ သိပ်ကောင်းတာပဲ၊ သူ(မ)သည် ထိပ်တန်းရှာဖွေမှုအဆင့်ငါးဆယ်စာရင်းထဲ၌ပင်မပါဝင်ခဲ့ပဲ ချက်ခြင်းနာမည်ကြီးလာဖို့အိပ်မက်ဟာလည်း နောက်တစ်ကြိမ်မအောင်မြင်ခဲ့ ချေ။ သူ(မ)သည် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ခဲ့သော်လည်း မည်သူမှဓာတ်ပုံရိုက်ဖို့ပင် မစဉ်းစားခဲ့ကြပေ။

သူ(မ)သည် စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတစ်ခုကို ကြုံရာကျပန်းရွေးချယ်လိုက်ပြီး ၎င်းအားနှိပ်ကာအကြောင်းအရာကိုအတိုချုံးဖတ်လိုက်သည်။

ခေါင်းစဉ်မှာ "ပင်း-ကောကောသည် သူရဲကောင်းဆန်ဆန်ကယ်တင်ပြီးနောက် လက်ရှိတွင်စိုးရိမ်ရ သောအခြေအနေသို့ရောက်ရှိနေသည်။" 

အဆိုပါသတင်း၏ အသေးစိတ်အချက်အလက်မှာ ပညာသင်ကြားနေသည့် အမျိုးသမီးကောလိပ် ကျောင်းသူတစ်ဦးသညါ သူ(မ)၏မာစတာဘွဲ့အတွက် စာတမ်းရေးသားရာတွင် ကျရှုံးခဲ့သဖြင့် မိမိကိုယ်ကိုအဆုံးစီရင်ရန် ကြိုးပမ်းခဲ့ကြောင်းကို အကြမ်းဖျင်းဖော်ပြထားသည်။သို့သော် ပင်း-ကောကောဆိုသူသည် မဆိုင်းမတွပင် ၎င်း၏ကုတ်အင်္ကျီကိုချွတ်ပြီးအေးခဲနေသည့် ရေကန်ထဲသို့ခုန်ဆင်းကာကယ်တင်ခဲ့ကြောင်းကို မျက်မြင်တွေ့ခဲ့ကြရသည်။ အမျိုးသမီးမာစတာအတန်း၏ ကျောင်းသူလေးအား အောင်မြင်စွာကယ်တင်နိုင်ခဲ့သော်လည်း ပင်း-ကောကောသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသေးသည်။

မှတ်ချက်- နောက်ဆက်တွဲအနေဖြင့် ကောကော သည် အကိုကြီးဟုအဓိပ္ပါယ်ရပြီး ၎င်းသည်မိသားစု နှင့် သင့်ထက်အသက်ကြီးသူ/ သင်အားကြည့်ရှုနေသူ များနှင့် သက်ဆိုင်သည်။ ထိုနေရာတွင် -ကောကောကို "အစ်ကိုကြီး"/ဒုက္ခရောက်နေသူကို ကူညီသောပုဂ္ဂိုလ်နေရာတွင် ရိုးရှင်းသောအသုံးအနှုန်းအဖြစ်သုံးထားသည်။

ရှန်းချူးချူးသည် သတင်းဆောင်းပါးမှ ဓာတ်ပုံများကိုကြည့်ရှုလိုက်သည်။ စုတ်ပြတ်သတ်နေသည့် အသွင်အပြင်နှင့် အမျိုးသမီးကျောင်းသူလေးသည် ပွန်းပဲ့နေသောဒဏ်ရာများဖြင့် မြေပြင်ပေါ်တွင်လှဲလျောင်းနေသော ပင်း-ကောကော၏ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရှန်းချူးချူးသည် ပင်း- ကောကောအတွက် စိုးရိမ်ပူပန်စွာဖြင့်မျက်ရည်ကျလုဆဲဆဲတွင် Screen ပေါ်၌ မယုံနိုင်စရာဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။

ပန်းရောင်အသဲပုံလေးသည် ၎င်းတို့နှစ်ယောက်၏ ခေါင်းပေါ်တွင် အသီးသီးပေါ်လာကြသည်။

ထိုအရာသည် တကယ့်လူအစစ်များတွင်သာပေါ် လာနိုင်သည်ဟု သူ(မ)ထင်ခဲ့သော်လည်း ဓာတ်ပုံများတွင်လည်း အမှန်တကယ်အလုပ်လုပ်ကြောင်း ထင်ရှားနေသည်။

သူ(မ)သည် အမျိုးသမီးမာစတာအတန်းရှိ ကျောင်း သူလေး၏နှလုံးသားအားဖွင့်ကြည့်လိုက်သည်နှင့် သူ့ရှေ့ရှိ System မျက်နှာပြင်ထက် စာမျက်နှာတစ်ခုပေါ်လာသည်။

အခြေအနေ - အိမ်ထောင်မရှိသူ

အိမ်ထောင်ဖက် - ချမ်းပင်း[ဓာတ်ပုံ]

မင်္ဂလာရက်စွဲ - 12 Dec 2018

အိမ်ထောင်ရေး အဆင့်သတ်မှတ်ချက် - ကြယ် 4 ပွင့် (လိုက်ဖက်သည်)

ကံကြမ္မာကြိုးနီ - [ဖွင့်]

ယခုတစ်ကြိမ်တွင် ရှန်းချူးချူးသည် အဆိုပါစာ မျက်နှာအား စိတ်အေးလက်အေးဖြင့် ဂရုတစိုက် စစ်ဆေးနိုင်ခဲ့သည်။ ID အမျိုးအစား ဓာတ်ပုံဖြစ်သည့် ချမ်းပင်း၏ဓာတ်ပုံအား ဖွင့်ကြည့်လိုက်ရာ ဓာတ်ပုံထဲမှအမျိုးသားသည် စစ်ယူနီဖောင်းကို၀တ်ဆင်ထားပြီး မျက်နှာထားတင်းတင်းနှင့်ဖြောင့်မတ် သောအသွင်အပြင်ရှိသည်။ သို့သော်လည်း ရှန်းချူးချူးသည် ထိုဓာတ်ပုံကို အချိန်ကြာကြာ စိုက်ကြည့် လေရာ ယခင်တစ်နေရာရာမှာမြင်ဖူးသည်ဟုခံစားလိုက်ရသည်။

ထိုအမျိုးသား၏နာမည်နှင့်ဓာတ်ပုံထဲတွင် စစ်သားတစ်ယောက်ဖြစ်ကြောင်း အမှားမရှိသော်လည်း စစ်သားဖြစ်သူတိုင်းကို သူ(မ)မသိခဲ့ပေ။ ရှန်ချူးချူးသည် ဖြစ်နိုင်မည့်အရာများကို စဥ်းစားရင်း မြေပြင်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများဖြင့် လဲလျောင်းနေသောမျက်နှာအား အသေအချာမစစ်ဆေးမီစနစ်မှအမြန်ထွက်လိုက်သည်။ သူ(မ) ထိုအရာကိုကြည့်လေလေ သူနှင့်တကယ်တူလေလေဖြစ်သည်။ ဒီကျောင်းသူရဲ့ အိမ်ထောင်ဖက်က ပင်း-ကောကောများဖြစ်နေမလား ?

သူ(မ)သည် အမျိုးသမီးမာစတာအတန်းရှိကျောင်း သူ၏ စနစ်အားရှင်းရှင်းလင်းလင်းသိရန် ချက်ခြင်း ပင်ထပ်နှိပ်လိုက်ချင်သော်လည်း ပင်း-ကောကော ၏ခေါင်းပေါ်တွင် အသဲပုံလေးပေါ်လာသောကြောင့် ထိုလူ၏စနစ်ထဲသို့ တန်းတန်းမတ်မတ်ပင်နှိပ်ချလိုက်တော့သည်။

အခြေအနေ - အိမ်ထောင်မရှိ

အိမ်ထောင်ဖက် - ကျန်းကျောင်း [ဓာတ်ပုံ]

ရှန်းချူးချူးသည် ဓာတ်ပုံအားကြည့်လိုက်ရာ ထိုဓာတ်ပုံသည် အရှေ့ကလိုပင် တူညီသောနောက်ခံပုံစံ နှင့် တူညီသော ID type format ဖြင့် ရှိနေခဲ့သည်။ ဓာတ်ပုံအတွင်းရှိ မိန်းကလေးသည် အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ပြုံးရွှင်နေသည်။ထိုမိန်းကလေးသည် အမျိုးသမီးမာစတာအတန်းရှိကျောင်းသူလေးမှန်း သေချာသည်။

၎င်းတို့နှစ်ဦးသည်ယခုနှစ်နှောင်းပိုင်းတွင် လက်ထပ် တော့မည်ဆိုသောအချက်သည် ပင်း-ကောကော နေပြန်ကောင်းသွားပြီဖြစ်ကြောင်း သက်သေပြပြီး ရှန်းချူးချူးသည် လုံးဝစိတ်သက်သာရာရသွား သည်။ ဆိုရိုးစကားအရဆို လူကောင်းတွေသည် ကောင်းသောအရာများသာ ဖြစ်တတ်သည်။ သူ(မ) အသက်ကိုကယ်တင်ခဲ့သည့် ထိုအမျိုးသားကိုအိမ် ထောင်ပြုခြင်းဖြင့်ပြန်လည်ပေးဆပ်ခဲ့သည်။ တ  ကယ့်ကို ဒရမ်မာဆန်တဲ့ဇာတ်အိမ်မျိုးပင်။

ရှန်းချူးချူးသည် ကံကြမ္မာကြိုးနီစာမျက်နှာအား စူးစမ်းလိုစိတ်ဖြင့်ဖွင့်လိုက်သည်။

ကံကြမ္မာကြိုးနီ...

တွေ့ဆုံရသည့်အကြောင်းရင်း - ဇနီးသည်၏အ သက်အား ကယ်တင်ခဲ့သည်။

ပထမဆုံးတွေ့ဆုံမည့်ရက် - 1 Jan 2018

တွေ့ဆုံမည့်နေရာ - မြောက်လတ္တီတွဒ် XX၊ အရှေ့လောင်ဂျီကျု YY၊ ကျန်းနန်တံတား

Relationship စတင်မည့်ရက်စွဲ - 9 Mar 2019

ပထမည - 12 Dec 2018

ရှန်းချူးချူးသည်  သူ(မ)ရှေ့ရှိ ဖန်သားပြင်၏ အကြောင်းအရာအားဖတ်ရှုရင်း ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ပေးလိုက်သလိုခံစားရသည်။ သူ(မ) သည် ပင်း-ကောကော၏ စနစ်အားပိတ်ကာ အမျိုး သမီးမာစတာကျောင်းသူလေး၏ စနစ်ကိုဖွင့်ကြည့်ရာထိုအကြောင်းအရာများသည်လည်း တွေ့ဆုံခြင်း နောက်ကွယ်မှအကြောင်းရင်းများနှင့် အတိအကျတူညီနေပြန်သည်။

သူ(မ)သည် ထိုအကြောင်းအရာနှစ်ခုအား ဖတ်ရှုပြီးသည်နှင့် Weibo သို့သွားရောက်ကာ လက်တွေ့စမ်းသပ်ကြည့်ရန် ဓာတ်ပုံအနည်းငယ်ကိုဖွင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ သူ(မ) ဆက်လက်ရှာဖွေနေချိန်တွင် သူ(မ)ကိုယ်တိုင်စိတ်လှုပ်ရှားမှုကိုမထိန်း ချုပ်နိုင်တော့ပေ။ ကွဲပြားသည့် အရောင်ရှိနေသော အသဲလေးများ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို သူ (မ)နားလည်နိုင်ခဲ့သည်။ ထိုအသဲလေးများသည် အိမ်ထောင်ရေးအခြေအနေကို ကိုယ်စားပြုနေခြင်းဖြစ်သည်။ ပန်းရောင်နှလုံးသားသည် အိမ်ထောင်မပြုရသေးသောသူများကိုရည်ညွှန်းပြီး အနီရောင်အသဲလေးမှာ အိမ်ထောင်သည်များကိုရည်ညွှန်းကာ အစိမ်းရောင်အသဲလေးသည် ကွာရှင်းပြတ်စဲထားကြောင်းဖော်ပြနေသည်။ တခြားသောအရောင်များကိုတော့ သူ(မ)မတွေ့ဖူးသေးချေ။

တအောင့်အကြာတွင် ရှန်းချူချူသည် အနည်းငယ် အိပ်ငိုက်လာပြီး အချိန်လည်းနောက်ကျနေပြီမို့ ဖုန်းကိုချကာအိပ်ဖို့ပြင်လိုက်သည်။ သို့သော် သူ(မ) မအိပ်ခင်မှာပင် ယခုလို စနစ်မျိုးအဘယ်ကြောင့်မြင် နိုင်နေရသနည်းဟု မိမိကိုယ်ကိုမေးခွန်းထုတ်ခဲ့သည်။

ရုတ်တရက် စနစ်ပွင့်လာသည်။

ကံကြမ္မာကြိုးနီ စနစ်အခြေအနေတိုးတက်မှု

နိဒါန်း - အိမ်ထောင်ပြုနှုန်းကျဆင်းနေမှုနှင့် ကွာ ရှင်းမှုနှုန်းတိုးလာမှုတို့အား ဖြေရှင်းရန်အတွက် ယွဲ့လောင်သည် ယခုမစ်ရှင်ကိုပြီးမြောက်အောင်ကူညီပေးဖို့သင့်အားရွေးချယ်ခဲ့သည်။ ထိုအလုပ်တာဝန်များပြီးမြောက်ခြင်းဖြင့် ဖျော်ဖြေရေးနယ်ပယ်ရှိ သင်၏အရည်အချင်းစံနှုန်းများကို မြှင့်တင်နိုင် သည်။

မစ်ရှင် - ကံကြမ္မာမှဖန်တီးပေးသော ချစ်သူများ ( သင်သည် အိမ်ထောင်ရေးပြဿနာများကို နေ့စဉ် အနည်းဆုံး လူတစ်ယောက်အားကူညီပေးရမည်)

ပြစ်ဒဏ် - သရုပ်ဆောင်စွမ်းရည်လျှော့ချခံရမည်။

ဆုလာဘ် - သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်ပေးမည်။

လက်ရှိအဆင့် - 0 (0/10)

သရုပ်ဆောင်တန်ဖိုး - 19 (100)

အခွင့်အလမ်းတန်ဖိုး - 0 (10)

အောက်ခြေ၌ အနီရောင်သတိပေးစာတစ်ခုပါရှိနေ သည်။

စနစ်အရိပ်အမြွက် - ယမန်နေ့ မစ်ရှင်မပြီးသေးသည့်အတွက် သင်၏သရုပ်ဆောင်စွမ်းရည် 1 မှတ်လျော့ချခံလိုက်ရသည်။ ကျေးဇူးပြုပြီးအိမ်ထောင် ရေးလမ်းကြောင်းမှာ ပျောက်ဆုံးနေတဲ့လူသားတွေကိုလမ်းညွှန်မှုပေးရန်။