Ch 94
Viewers 24k

🍉 Chapter 94

 

 

 

စွင်းမို သူ့အားမည်သူကမှလာပြီး လာပြီးကြိမ်းမောင်း လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

 

သူက ချက်ချင်းဒေါသထွက်သွားပြီး "မင်းက ရှုမုန့် ရဲ့ လက်ထောက်ပဲ။ မင်းဘာတွေပြောနေတာလဲ”

 

ကောင်မလေးက ပါးစပ်ဖွင့်တော့မည့်အချိန်တွင် ရှုမုန့်မှ မျက်ရည်များဝဲ ကာ "မပြောနဲ့၊" ဟု အသဲအသန်တားလိုက်သည်။

 

သို့သော်လည်း ကောင်မလေးက ဒေါသပြေသွားပုံရပြီး ဂရုမစိုက်စွာဖြင့် “ဟိုတုန်းကတော့ ဒုတိယသခင်လေးလင်းက မုန့်မုန့်ကိုခြိမ်းခြောက်ခဲ့တယ်။ သူသာ နင့်ကိုမထားခဲ့ဘူးဆိုရင် ဒုတိယသခင်လေးလင်းက နင့်ကိုနာမည် ပျက်စာရင်းသွင်းပြီး လူတွေကို နင့်နောက်ကိုလိုက်ခိုင်းလိမ့်မယ်။ အဲဒီတုန်းက နင် ရိုက်ကူးရေးမှာ မတော်တဆမှုတွေကြုံခဲ့ရပြီး ကောင်းမွန်တဲ့ဇာတ်ကောင်မရခဲ့ဘူးမဟုတ်လား? အဲ့တာ ဒုတိယသခင်လေးလင်း မုန့်မုန့်ကို လုယူချင်လို့လုပ်ခဲ့တာ။ မုန့်မုန့်က သူ့ အတွက်ကြောင့်နဲ့ နင့်ကိုဒုက္ခမရောက်စေချင်ခဲ့ဘူး၊ အဲ့တာကြောင့် သူလူဆိုးဟန်ဆောင်ပြီး နင့်ကို စွန့်ပစ်ဖို့ရွေးချယ်ခဲ့တာ။”

 

"ဒါပေမယ့် နင်ကရော ? နင်အောင်မြင်လာပြီးမှ ဒုတိယသခင်လေးလင်းက မုန့် မုန့်ကိုစွန့်ပစ်သွားတာကို နင်မြင်တော့ နင် သူ့ကိုရှာဖို့ပြန်မလာခဲ့တဲ့အပြင်ကို အကြိမ်တိုင်း သူ့အတွက် အတားအဆီးတွေဖန်တီးပြီး သူ့ ကိုဆန့်ကျင်နေခဲ့တယ်။ မုန့်မုန့် နင့်ကိုပြန်ရှာဖို့ မတွေးဘဲနဲ့ နင့်ဘေးကမိန်းမကို မထီမဲ့မြင်လုပ်တာကိုတောင် ခွင့်ပြုလိုက်သေးတယ်၊ နင်က အသဲနှလုံးမရှိတဲ့လူ!"

 

လက်ထောက်လေးက ကပျာကယာနှင့် ဗလုံးဗထွေးပြောလိုက်သည်။ အပြင်လူတစ်ယောက်အတွက်မူ၊ သူသည် ဒေါသစိတ်ဖြင့် ပြောနေပုံရပြီး သူ့စကားလုံးများအားမရွေးချယ်နိုင်တော့ပဲ ရှုမုန့် ကိုယ်စားဒေါသဖြစ်နေပုံပေါ် သည်။

 

[တကယ်တော့ အပြစ်ရှိတဲ့သူတွေက တုန်လှုပ်နေတာကြာပြီ။ အာ ၊ ရှုမုန့် စောစောက သူ့ဖုန်းနဲ့ ဘာတွေလုပ်နေလဲ ဆိုတာ ငါသိသွားပြီ။ အဲ့ဒါကြောင့် သူက သူနဲ့အတူဒီပြဇာတ်ကို သရုပ်ဖော်ဖို့ သူ့လက်ထောက်ကိုဆက်သွယ်ခဲ့တာကိုး!]

 

ကျီဖေး ထိုအကြောင်းအား တွေးရင်းတွေးရင်းနှင့် စိတ်လှုပ်ရှားလာသည်။

 

[သူက စွင်းမိုကိုမထိန်းနိုင်တော့မှာကြောက်လို့ အတားအ ဆီးတွေ အကုန်လုံးကို ဆွဲထုတ်ပစ်လာတာ။ ဇာတ်ဝင်ခန်းတွေအများကြီးကို ရိုက်ကူးလာခဲ့တာက ယုတ္တိရှိတဲ့ဇာတ် ကွက်တစ်ခုကို ဖန်တီးတဲ့နေရာမှာ တကယ့်ကိုအထောက် အကူဖြစ်စေတာပဲ၊ ဟမ်? သူတို့က ဒီလို အခြေအနေကိုတောင်ပြောင်းလဲပစ်နိုင်ကြတယ်။ တီဗီဒရာမာထက် တောင် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်။]

 

ထိုအချိန်တွင် သီးသန့်ခန်းထဲရှိ ချင်ကျောက်သည် ဒီအ တိုင်းထိုင်မနေနိုင်တော့ပဲ လူကိုယ်တိုင်ထွက်လာကာဒရာမာအားကြည့်ချင်လာသည်။

 

ရလဒ်အနေဖြင့် ယန်ဟုန်သည် သူ့ဘေးနားတွင်အကြာကြီးစောင့်ခဲ့ရပြီး သန့်စင်ခန်းသွားတော့မည်ဟုပြောကာ စိတ်မရှည်စွာထရပ်လိုက်သည်။

 

အခန်းတစ်ဝက်လောက် ထွက်သွားကြပြီး မန်နေဂျာနှစ်ယောက်သာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းကျန်ခဲ့ကြသည်။ ချင်ကျောက်သည် မထွက်ခွာနိုင်တော့ဘဲ ကျီဖေး၏စိတ်ထဲမှ တိုက်ရိုက်ထုတ်လွှင့်မှုအား ခိုကိုးရာမဲ့   ဖြင့်ဆက်လက်နားဆင်နိုင်ခဲ့သည်။

 

ထိုအချိန်တွင် ကျီဖေးသည် လှုပ်ရှားမှုအချို့အားသဘာဝအတိုင်းကြားရပြီး ကံကောင်းထောက်မစွာပင် သူသည် ကောင်းစွာဖုံးကွယ်ထားသောကြောင့် ယန်ဟုန် တိတ်တ ဆိတ် အနီးသို့ချဉ်းကပ်လာသည်ကို ချက်ချင်းတွေ့ လိုက်ရသည်။

 

[နောက်တစ်ယောက်လား ?]

 

လက်ထောက်၏စကားများအား ကြားပြီးနောက် စွင်းမိုအံ့အားသင့်သွားပြီး ရှုမုန့်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ "ရှုမုန့်၊ ဒါအမှန်ပဲလား?"

 

ရှုမုန့်က သူ့ကိုတောင် မကြည့်တော့ဘဲ ငိုနေခဲ့သည်။

 

သို့သော် စွင်းမိုသည် မိုက်မဲသူတစ်ယောက် ဖြစ်နိုင်သော် လည်း ဖေးမင်ရွမ်သည်တော့ မဟုတ်ချေ။

 

“သူပြောရုံနဲ့တော့ နင် မယုံလောက်ဘူး ဟုတ်တယ်မလား ?” ဖေးမင်ရွမ်မှ မျက်မှောင်ကြုတ်လိုက်သည်။

 

တကယ်တော့ ဖေးမင်ရွမ်သည်လည်း စိတ်ကူးယဉ်ဇာတ် လမ်းထဲမှ အမှန်တရားကိုမပြောနိုင်ဘဲ ရှုမုန့် အကြောင်းကို သူ့နားလာ်မှုအပေါ်အခြေခံပလက သူဟာ သူ့ကိုယ်သူစတေးတတ်သူတစ်ယောက်မဟုတ်ကြောင်း ခံစားမိ သည်။

 

"နင့်မှာ အထောက်အထားရှိလား?"

 

ကောင်မလေးက ချက်ချင်းဆိုသလို စူးစူးရဲရဲစိုက်ကြည့်ကာ "ဒီလိုကိစ္စမျိုးအတွက် ဘယ်လိုလုပ် အထောက်အ ထားတွေ ရှိနိုင်မှာလဲ ? ဖေးမင်ရွမ်၊ နင့်ကိုယ်နင် အရမ်းရက်စက်တယ်လို့မထင်ဘူးလား? နင်သာ အရင်က မုန့်မုန့်ကို စွင်းမိုနဲ့ လမ်းခွဲသင့်တယ်လို့ အမြဲမပြောခဲ့ရင်၊ စွင်းမိုကိုဆွဲမထားနဲ့လို့မပြောခဲ့ရင်၊ မုန့်မုန့်က စိတ်ပျက်သွားခဲ့မှာ မဟုတ်ဘူး။” ဟု ပြောလိုက်သည်။

 

ထိုစကားကိုကြားသောအခါ စွင်းမိုသည် ဖေးမင်ရွမ်အား ရုတ်တရက်လှည့်ကြည့်လိုက်ပြီး၊ သူ့မျက်လုံးများထဲ သူ့တို့ချစ်လှစွာသောလင်မယားနှစ်ယောက်အား သဘော ထားကွဲလွဲပြီး ကွဲစေခဲ့သည့် ရက်စက်ကြမ်းကြုတ်သော မိန်းမတစ်ဦးအဖြစ်မြင်နေပုံရသည်။

 

နှစ်ပေါင်းများစွာ သူတို့၏အသက်မွေးဝမ်းကြောင်းလုပ် ငန်းတွင် သွေးသောက်ရဲဘော်တွေလိုလက်တွဲခဲ့ကြသည့် သူငယ်ချင်းတစ်ဦးထံမှထိုသို့သော မျက်လုံးမျိုးဖြင့် အကြည့်ခံရခြင်းသည် ဖေးမင်ရွမ်အား အမှန်တကယ်ပင် စိတ်ထိခိုက်စေသည်ဟုဆိုရမည်။

 

သို့သော် ဖေးမင်ရွမ်သည် သူ့ လုပ်ရပ်အပေါ် ကျေနပ်နေခဲ့သည်။ “ငါ ပြောခဲ့တယ် "

 

စွင်းမို၏မျက်လုံးများသည် ချက်ချင်းပင်သွေးများဖြင့် ပြည့်နှက်နေ သကဲ့သို့ နီရဲလာသည်။

 

“ဒါပေမယ့် နင် မေ့သွားပြီ၊ ငါ နင့်ရှေ့မှာတင်ပဲပြောခဲ့တာလေ” ဟု ဖေးမင်ရွမ်က ပြောလိုက်သည်။

 

[အိုးးး၊ ဒါဆို မီးလောင်ပြီးသွားမှ ဒေါသထွက်လာတာပေါ့။ ပြီးတော့ မန်နေဂျာတစ်ယောက်အနေနဲ့၊ နင့်ရဲ့ အနု ပညာရှင်ကို ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့မိန်းမတစ်ယောက်ကို ချိန်းတွေ့ တာမျိုး မလုပ်စေချင်တာကလုံးဝကို နင့်ရဲ့တာဝန်ဝတ္တရားဘောင်ထဲမှာပါပဲ။]

 

ထိုအချိန်က အခြေအနေအား မှတ်မိနေသော်လည်း စွင်းမို၏အမူအရာမှာ မပြောင်းလဲဘဲ ဖေးမင်ရွမ်ကို သံသယ အကြည့်ဖြင့် ကြည့်နေဆဲပင်။

 

"အဲ့နောက်အချိန်‌တွေမှာကော ?"

 

စွင်းမိုက ဖေးမင်ရွမ်မှ သူ့အားသဘောကျနေသည်ဟု ထင်နေသေးသည့်အတွက် သူက ဖေးမင်ရွမ်မှ ရှုမုန့် အား မောင်းထုတ်ချင်နေသည်ဟု အလိုလိုခံစားရလာသည်။

 

ဖေးမင်ရွမ်သည် စွင်းမိုအတွက် နောက်ဆုံး မျှော်လင့် ချက်ကိုဆုပ်ကိုင်ထားပြီး ၎င်းတို့၏ အနာဂတ်အသက် မွေးဝမ်းကြောင်း အလားအလာအတွက် မျှော်လင့်နေဆဲဖြစ်သည်။

 

သို့သော် ယခုမူ ဖေးမင်ရွမ်၏နှလုံးသားသည် တဖြည်း ဖြည်း အေးစက်လာခဲ့သည်။

 

ဖေးမင်ရွမ်သည် အရူးတစ်ယောက်ကိုကြည့်နေသလိုမျိုး သံသယဖြစ်နေသည့် စွင်းမိုအား အေးစက်သောအပြုံးဖြင့်ကြည့်ကာ "တခြားထပ် မရှိတော့ဘူး။ အဲ့ဒါနဲ့ ပတ်သတ်ပြီး ငါ နင့်ကို ရင်ဆိုင်ရဲတယ်”

 

သို့ပေမယ့် ရှုမုန့်က သူ့လက်ထောက်၏ပုခုံးထဲသို့ခေါင်းအား မြုပ်ထား ပြီး “ဟင့်အင်း၊ စွင်းမို၊ ဖေးကျဲကို အပြစ်မတင်ပါနဲ့။ သူ ရှင့်အတွက် အများကြီးလုပ်ပေးခဲ့တာပဲ။ ဟိုတုန်းကဖြစ်ပျက်ခဲ့တာတွေက အရမ်းကိုကြာခဲ့ပြီ။ ရှင် ရှာတွေ့ခဲ့မယ်လို့ ကျွန်မ လုံးဝမထင်ထားခဲ့ဘူး။ ကျွန်မတို့က ကျွန်မတို့ရဲ့အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ပြီးပြီ၊ အမှန်တရားကိုထပ်ပြီး မရှာပါနဲ့တော့။"

 

[Wow နင့်ရဲ့ရှင်းပြချက်က..အရမ်းကောင်းတယ်။ နောက်တစ်ခါ နင်ဒီလိုရှင်းပြရင် ငါ ရဲ ခေါ်လိုက်မယ်။]

 

လက်ထောက်က “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ? နင့်ရဲ့ အနစ်နာခံမှုကြောင့် နောက်ဆုံး သူ ကောင်းကောင်းရိုက် ကူးနိုင်ခဲ့ပေမယ့် ဖေးမင်ရွမ်ကပဲ သူ့ကို နိမ့်ကျတဲ့အချိန်မှာအတူရှိနေပေးခဲ့သူလို့ထင်ပြီး အသိအမှတ်ပြုခဲ့တယ်လေ။ နင်ရဲ့အနစ်နာခံမှုကရော ဘယ်လိုလဲ? သူက နင့်ကိုတောင်မှအနိုင်ကျင့်ခဲ့တယ် နာကျင်စေခဲ့တယ်လေ။ ဒါ။  မတရားဘူး။“

 

[အတင်းအဖျင်းစနစ်ကြောင့်သာမဟုတ်ရင် ငါလည်း ရှေ့ နောက်ယိုင်ထိုးနေလောက်တယ်။ ဦးနှောက်ထဲ အချစ်အ ကြောင်းပဲရှိတဲ့ စွင်းမိုကတော့ ပြောစရာကိုမလိုဘူး။]

 

သေချာသလောက်ပင်၊ နောက်တစ်စက္ကန့်တွင် စွင်းမို မျက်ရည်များကျလာသည်။

 

“ရှုမုန့်၊ ကိုယ့်ကို ပြောပါ၊ သူပြောတာ အမှန်ပဲလား ? ကိုယ် မင်း ပါးစပ်ကပြောတာ ကြားချင်တယ်။"

 

သို့ပေမယ့် ရှုမုန့် က “ မဟုတ်ဘူး၊ အားလုံး မှားနေတာ၊ ဆက်မမေးနဲ့ တော့!”

 

သူပြောပြီးသည်နှင့် ထွက်သွားရန် ကြိုးစားခဲ့သော်လည်း စွင်းမို မှ သူ၏လက်မောင်းအားဆုပ်ကိုင်ထားခဲ့သည်။

 

နာကျင်မှုများနှင့်အချစ်၏နောက်ထပ် ဇာတ်ကွက်တစ်ခု ပေါ်လာတော့မည်ဟုထင်သည်။

 

ဖေးမင်ရွမ်သည် အလွန်ပင်ပင်ပန်းနေပုံပေါ်ပြီး သူ၏ နားထင်အားဖိလိုက်သည်။

 

အခြားသူ၏စကားအနည်းငယ်ကြောင့် သူ၏ အထောက်အပံ့များ ပျက်ပြားသွားသည်အား လုံးဝဂရုမစိုက်ချေ။ ထိုအသေးအဖွဲကိစ္စများ နှင့်ပတ်သက်၍လည်း ငြင်းခုံရန်စိတ်မဝင်စားခဲ့ပေ။ နောက်ဆုံးတွင်၊ သူသည် စွင်းမိုအား မည်သူ့ကိုယုံကြည်ပြီး မည်သူ့ဖက်ကနေလိမ့်မည်ကို သိလောက်အောင်ကောင်းစွာနားလည်ခဲ့သည်။

 

ဒါကလည်း သူ၏ကိုယ်ပိုင်အလုပ်ဖြစ်သောကြောင့် စွင်းမို သူ့အားကျေးဇူးတင်ရန် သူ ဘယ်တော့မှမလိုအပ်ချေ။ အကယ်၍ ကမ္ဘာကြီးအားသိမ်းပိုက်ရန် သူတို့အတူလက် တွဲမည်ဆိုလျှင်ကောင်းသည်၊ ထိုသို့မဟုတ်လျှင် ဒါကြောင့်ပဲဖြစ်လိမ့်မည်။

 

စိတ်ပျက်စရာများက လုံလောက်စွာ စုပုံလာသည့်အခါ၊ အသက်ရှင်ဖို့အတွက် ရောဂါရှိနေသည့် ကိုယ်လက်အင်္ဂါများအားဖြတ်တောက်ကာ တခြားလမ်းရှာရမည်။

 

ဖေးမင်ရွမ်စကားတစ်ခွန်းမှ မပြောဘဲလှည့်ထွက်သွားသည်။

 

သို့သော် စွင်းမိုမှ တစ်ဖန်ထိတ်လန့်သွားပြီး "ရွမ်" ဟု အော်ခေါ်လိုက်သည်။

 

ဖေးမင်ရွမ် နောက်ပြန်လှည့်ကာ အေးစက်စွာပြောသည်။

 

“ငါ နောက် တစ်ခေါက်ထပ်ရှင်းပြမယ်၊ ငါက နင့်ရဲ့ မန် နေဂျာသပ်သပ်ပဲလေ။ နင်က ရင့်ကျက်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်နေပြီ။ ငါ ပြောဖို့လိုတာတွေကို ပြောခဲ့ပြီးသွားပြီ။ နင်နားမထောင်ရင် ငါ့အနေနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ နှင့် သဘောအတိုင်းပဲ။"

 

ထို့နောက် ဖေးမင်ရွမ်သည် တွယ်တာမှုမရှိဘဲ ထွက်ခွာသွားခဲ့သည်။

 

[အိုး ဟို၊ ကောင်းတယ်၊ အလောင်းအစားသဘောတူညီချက်က ဖေးကျဲကို စွင်းမိုနဲ့ အခု စာချုပ်ရပ်စဲချင်အောင် မလုပ်နိုင်မှာကိုစိုးရိမ်နေတာ။]

 

သီးသန့်ခန်းထဲရှိ ချင်ကျောက်သည် လန့်ဖျပ်သွားပြီး ကောင်းဟောင်ဘက်လှည့်ကာ “ကောင်းကော ငါတို့ သူ့ကိုလုဖို့ပြင်လို့ရပြီ” ဟု ပြောလိုက်သည်။

 

ကောင်းဟောင်: "ဟင် ?"

 

ဖေးမင်ရွမ်ထွက်သွားပေမယ့် ကျီဖေးကတော့မထွက်သွားသေးပေ။

 

လသာဆောင်ရှိ အမျိုးသားနှင့်အမျိုးသမီးတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် နှလုံးသားများပွင့်အန် ထွက်လာစေရန်အတွက် လက်ထောက်က လိမ္မာပါးနပ်စွာ ရှောင်ဖယ်ပေးခဲ့သည်။

 

စွင်းမိုသည် နောင်တရပြီး စိတ်ခံစားမှုများ ပြည့်နှက်နေချိန်တွင် ရှုမုန့် သည် သူ့ နှလုံးသားကိုလှည့်စားခဲ့သည်။

 

[တခါတရံမှာ ယောက်ျားတွေက အလွယ်တကူအလိမ်ခံရတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့က ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလွန်းပြီး တစ်ဖက်လူက ပုံမှန်အတိုင်း သူ့အတွက်ဆို မဆုတ်မနစ်နဲ့ သစ္စာရှိပြီး စွန့်လွှတ်အနစ်နာ ခံပေးဖို့ ဆန္ဒရှိတယ်လို့ ထင်နေကြတာလေ။ အဲ့ဒါကြောင့် လိမ်နေရင်တောင်မှ အဲ့ထဲမှာအလွယ်တကူ ကျရှုံးသွားရတာပဲ။]

 

[ကျစ် ကျစ် ကျစ်၊ ပွေ့ ဖက်နမ်းရှုံ့နေကြပြန်ပြီ၊ ဆက်ကြည့်ဖို့ သည်းမခံနိုင်တော့ဘူး... မဟုတ်သေးဘူး၊ နေဦး၊ ဒီမှာ နောက်ထပ် ပရိသတ်တစ်ယောက်ရှိသေးတယ်!]

 

[နင် သူတို့ကိုတားဖို့ ထွက်လာတာ မဟုတ်ဘူးမလား၊ ဒါဆိုရင် နင်ရဲ့ရည်ရွယ်ချက်တွေက တကယ့်ကိုမဖြူစင်ဘူးပဲ၊ ဟက်!]

 

အဆုံးတွင်၊ ရှုမုန့်သည် စွင်းမိုအား အော်ဟစ်ကာတွန်းထုတ်ခဲ့သည်။

 

"ကျွန်မတို့က မဖြစ်နိုင်ဘူး။ ရှင် ဖေးကျဲကို သွားရှာသင့်တယ်။ ရှင် သူ့ကိုကမ်းလှမ်းပြီးပြီမဟုတ်လား?ကျွန်မ... ကျွန်မမှာလည်း ကောင်လေးရှိတယ်။ ကျွန်မ ယန်ဟုန်ကို သစ္စာမဖောက်နိုင်ဘူး။"

 

“ကိုယ် ဖေးမင်ရွမ်အပေါ် ခံစားရတာက… လေးစားရုံပါပဲ။ ကိုယ် မင်းကိုမေးမယ်၊ မင်း သူ့ကိုချစ်တာလား ကိုယ့်ကို ချစ်တာလား? မုန့်မုန့်၊ ကိုယ့်ကို မလိမ်ပါနဲ့"

 

စွင်းမိုသည် နာကျင်မျုအားစွဲလန်းနေပုံပေါ်သည်။

 

သို့သော် ရှုမုန့်က ဘယ်လိုဖြေရမှန်းမသိဖြစ်နေပုံရသည်။

 

ရုတ်တရက် အသံတစ်သံက အရာအားလုံးကိုဖြတ်သွားသည်။

 

"မင်း ဘာလုပ်နေတာလဲ ?”

 

ယန်ဟုန်သည် နောက်ဆုံးတွင် သူ၏တည်ရှိမူအားထုတ် ဖော်လာခဲ့သည်။

 

ထိုအချိန်တွင် ရှုမုန့်အမှန်တကယ် ထိတ်လန့်သွားပြီး စွင်းမိုအား တွန်းထုတ်လိုက်သည်။

 

[ ကြည့်ရတာ ရှုမုန့်က နှစ်ယောက်လုံးကြား ဟန်ချက်ညီအောင်ထိန်းထားချင်ပုံရတယ်။ စွင်းမိုအပေါ်  အချစ်မကုန်သေးတာကို ယန်ဟုန်ကို မမြင်စေချင်ဘူး။]

 

သို့သော် စွင်းမိုမှ “ယန်ဟုန်၊ ငါ မင်းကိုပြောစရာရှိတယ်...

 

သို့သော် ရှုမုန်က သူ့အား နှောင့်ယှက်ခဲ့သည်။ "စွင်းမို၊ ကျွန်မတို့ကိစ္စအကြောင်းပြောပြီးသွားပြီ။ ရှင် ဒီဖျော်ဖြေမှုကို ကောင်းကောင်းမွန်မွန်ပြီးသွားအောင် ကျွန်မ ကူညီပေးမယ်။ ရှင် အခုပြန်သင့်ပြီ။”

 

အဆုံးတွင် သူက “ကျေးဇူးပြုပြီး“ ဟု ခပ်တိုးတိုးပြော လိုက်သည်။

 

စွင်းမိုက ရှုမုန့်အား ဝမ်းနည်းစွာ ကြည့်နေပေမယ့် ရှုမုန့် က စွင်းမိုအားတင်းတင်းကြပ်ကြပ်ကြည့်နေပြီး သူ၏ အကြည့်များက အလွန်သနားစရာကောင်းကာ နောက်တစ်စက္ကန့်မှာပင် မျက်ရည်များကျလာသည်။

 

စွင်းမိုသည် သူ့ချစ်ရသူခက်ခဲနေမည်ကို သည်းမခံနိုင်သောကြောင့် အဆုံးတွင် ဤဖရိုဖရဲခံစားချက်များအား ခေတ္တဖိနှိပ်ပြီး စိတ်တည်ငြိမ်အောင် ထိန်းနိုင်ရုံမျှသာ တတ်နိုင်သည်။

 

ထိုနေရာမှ စွင်းမိုထွက်ခွာသွားပြီးနောက် လသာဆောင်တွင် လူနှစ်ဦးသာကျန်ရစ်ခဲ့သည်။

 

ဒီတစ်ကြိမ်မှာလည်း ရှုမုန့် စကားမပြောခင် ယန်ဟုန်ကအရင်စပြောပြန်သည်...

 

[ ဒါဆို တကယ်တော့ နင့်ရဲ့ပန်းတိုင်က စွင်းမိုသုံးပြီးသားထဲမှာ ပျော်ရွှင်စွာမွေ့လျော်နေဖို့ပေါ့။ နင်က အရူးအမူးစွဲလမ်းနေတဲ့ ပရိသတ်ပဲ!]

 

သို့သော် ရှုမုန့်မှ ယန်ဟုန်ဟာ တစ်ခုခုကိုကျိန်းသေပေါက် မြင်ခဲ့ပြီး၊ ဒါ သူ့ပိုင်ဆိုင်လိုမှုကြောင့်ဟုတွေးလိုက်သည်။

 

“ယန်ဟုန် ငါတောင်းပန်ပါတယ်၊ ငါ... ငါ့မှာ ခုခံဖို့ ခွန်အားမရှိခဲ့ဘူး။ ငါ မလိုချင်ပါဘူး၊ သူက အတိတ်ကခံစားချက် တွေကြောင့် ငါ့ကို အတင်းအကြပ်ဖိအားပေးခဲ့တာ။ ငါ... ငါ နင့်ကိုချစ်တာပါ နင်သိတယ်မဟုတ်လား။" ဟု ရှုမုန့်ကသနားစရာ၊ အားနည်းပြီးအပြစ်ကင်းစင်သည့် ပန်းတစ်ပွင့်လိုမျိုးပြောလိုက်သည်။

 

“ကိုယ် သိပါတယ် မစိုးရိမ်နဲ့" ယန်ဟုန်က ရှုမုန့် နှုတ်ခမ်းထောင့်မှတံတွေးများအား သုတ်ရင်းပြောလိုက်သည်။

 

“မင်းတို့နှစ်ယောက်ကို အတူတူပြန်ရှိနိုင်ဖို့အတွက် ကိုယ် ကျောခိုင်းပေးဖို့ ဆန္ဒရှိတယ်။"

 

ရှုမုန့် အေးခဲသွားပြီး ယန်ဟုန်အား ထိတ်လန့်စွာကြည့်လိုက်သည်။ "ဘာ...နင် ဘာတွေပြောနေတာလဲ ?"

 

[သူ ထိတ်လန့်နေတယ်၊ သူထိတ်လန့်သွားပြီ၊ သူ့လေသံတွေလွဲသွားပြီ။ ဒါပေါ့ သူက ယောက်ျားနှစ်ယောက်ကြား စိတ်အားထက်သန်စွာ ထိန်းကျောင်းနေရတဲ့ အခန်းကဏ္ဍကိုဆက်ပြီး သရုပ်ဆောင်ချင်သေးတယ်လေ။ နင် သူ့ရဲ့ ဟန်ချက်ကို ဘယ်လိုများရိုက်ချိုးပစ်လိုက်တာလဲ? အဲ့ ဒီအပြင်ကို သူက ဘယ်သူနဲ့ ပေါင်းသင်းဖို့အကောင်းဆုံးဖြစ်မလဲကို လောင်းကြေးထပ်နေတုန်းလေ။ နင် သူ့ကို ဘယ်လိုများတွန်းထုတ်နိုင်ရတာလဲ ? ဟားဟားဟား။]

 

သို့သော် ယန်ဟုန်သည် နာကြည်းခြင်း သို့မဟုတ်နောင်တ ရခြင်းမရှိဘဲ ယုတ္တိမဆန်သည့် ကြင်နာမှုလွန်ကဲသူ အပြု အမူအား ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

 

“မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ ကိုယ် သိတယ်။ မင်း ကိုယ့်ကို စိတ်ပူနေစရာ မလိုဘူး။ ကိုယ် မင်းကိုချစ်တယ်၊ အဲ့ဒါကြောင့် မင်းကို ပျော်ရွှင်စေချင်တယ်”

 

ရှုမုန့် ၏မျက်နှာသည် အေးခဲသွားသည်။ ထိုကဲ့သို့မဟုတ်ကြောင်း ရှင်းပြရန် ပါးစပ်ဖွင့်ချင်နေမိသည်။

 

သို့ပေမဲ့ ယန်ဟုန်က လုံးဝနားမထောင်ခဲ့ဘဲ ‘ကိုယ်သိတယ်၊ ကိုယ်အကုန်နားလည်တယ်၊ မင်း ရှင်းပြဖို့မလိုပါဘူး' ဟူသည့် သဘောထားအားထိန်းသိမ်းထားခဲ့သည်။

 

"မင်းတို့နှစ်ယောက်ကို အင်တာနက်တစ်ခုလုံးက မကျိန် ဆဲအောင် ကိုယ် နည်းလမ်းရှာပေးပါ့မယ်၊ စိတ်မပူပါနဲ့”

 

ဒါက ရှုမုန့် ရဲ့ကျွမ်းကျင်မှုအားလုံးကို အသုံးမဝင်ဖြစ်အောင်လုပ်တာပဲ၊ သူ ပိုပြီးမရှုပ်ထွေးဘဲမ‌နေနိုင်တော့ဘူး။

 

[ ငါ အူတက်လို့သေတော့မယ်၊ လုံလောက်သွားပြီ မှော် ပညာကို မှော်ပညာကပဲ အနိုင်ယူနိုင်တာသေချာတယ်။]