Ch 64
Viewers 24k

🍉 Chapter 64

 

 

စားပွဲတစ်ခုတည်းမှာထိုင်နေသည့် ချင်ကျောက်က ပိုလို့ပင်မယုံနိုင်ချေ။ သူတို့ လမ်းလျှောက်ထွက်လိုက်တာ ဘယ်လိုဖြစ်ပြီး ပထမအဖွဲ့ရဲ့ဧည့်သည်ကို အဝတ်ချွတ်ဖို့ လုပ်ကြတာလဲ ? ချင်ရန်ပြန်ရောက်ချိန်မှာ လူတိုင်း လူနာ၏လျှို့ဝှက်ချက်ကို မစူးစမ်းချင်ကြပေမယ့် အရမ်းသိချင်နေကြတုန်းပင်။

 

ချင်ရန်က "သူက သနားစရာကောင်းတယ်၊ ဆေးရုံတက်ကတည်းက သူတစ်ယောက်တည်းနေနေတာ၊ သူ့မိဘတွေဆုံးသွားပြီလို့ကြားသည်၊ သူ့ခင်ပွန်းလည်း ဟင်း"

 

"သူ့ခင်ပွန်းကို သူ့အခြေအနေအကြောင်း မပြောပြဘူးလား" မားချင် စိုးရိမ်တကြီးမေးသည်။

 

"သူ ပြောပေမယ့် သူ့ခင်ပွန်းက မယုံဘူး၊ လှည့်စားဖို့လုပ်တယ်လို့တောင်စွပ်စွဲတယ်၊ မနာလိုစိတ်ကြောင့် သူ့ကိုယ်သူကျိန်ဆဲတယ်ဆိုပြီး ဒေါသထွက်သွားတယ်၊ အဲဒီနောက် သူ့ခင်ပွန်းက အမှန်တရားကိုသိဖို့မတန်ဘူးဆိုပြီး ပြောခဲ့တယ်" ဟုဆိုကာ ချင်ရန် ခေါင်းခါလိုက်သည်။

 

[အဲဒါ နောက်ဆုံးအဆင့်ရောဂါလေ အသက်ရှင်ဖို့ ဘယ် နှစ်ရက်ကျန်သေးလဲ သူမ မသိဘူး။ အဲ့ယောက်ျားသိရင် နောင်တရလိမ့်မယ်ဆိုပြီး သူ့ဘဝနဲ့ အလောင်းကစားလုပ်နေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့် ? အဲ့ဒါ မရူးလွန်းဘူးလား ?]

 

ချင်ရန်ဘာမှပြန်မပြောပေမယ့် ကျီဖေး မတော်တဆ ထုတ်ဖော်လိုက်မသည်နှင့် ချင်မိသားစုသည် ကြားရသည်ကြောင့် စိတ်မချမ်းမသာဖြစ်မိသည်။

 

ဒါ သူ့ဘဝနဲ့ ကစားနေတာ မဟုတ်ဘူးလား ?

 

ချင်ရန်က  "သူ ဆေးကုသမှုကို လုံးဝမပူးပေါင်းပေးဘူး။ သူ့ရောဂါကို ကုသပေးပေမယ့်... သူ့ ကြည့်ရတာ မျှော် လင့်ချက်ကို စွန့်လွှတ်လိုက်သလိုခံစားရသည်"

 

"နှလုံးသားသေဆုံးတာဘလာက် ပိုဝမ်းနည်းဖို့‌ကောင်းတာမရှိဘူး" မားချင် စိတ်မကောင်းစွာနဲ့ ခေါင်းခါလိုက်ပါသည်။

 

အားလုံး ဝေဖန်နေကြပြန်သည်။

 

ရက်အနည်းငယ်ကြာပြီးနောက် "My Acting, Cut!" ပရိုမိုးရှင်းဗီဒီယိုအား အချိန်မီရိုက်ကူးရန်စီစဉ်ထားသည်။

 

အားလုံးစုရုံးရောက်လာကာ တရားဝင်တွေ့ဆုံကြပြီး အုပ်စုလိုက် ညစာစားဖြစ်နိုင်သည်ဟုဆိုသည်။ ကျီဖေး သည် ထိုရေသူမဝတ်စုံကို စိတ်လှုပ်ရှားစွာယူဆောင်လာခဲ့သည်။

 

ကောင်းဟောင် သူတို့ကိုလာခေါ်ချိန် ကုမ္ပဏီကားထဲမှာကျီဖေးပြင်ဆင်ထားသည့် ၀တ်စုံကိုမြင်ပြီး အမြင်ရှိမှုကို မချီးမွမ်းဘဲမနေနိုင်လောက်အောင်ပင်။

 

"အင်း၊ အရမ်းကြည့်ကောင်းတယ်လို့ ထင်တယ်"

 

ကျီဖေး ပိုလို့ပင် တောက်ပစွာပြုံးလိုက်သည်။

 

သူတို့နှင့်အတူလိုက်ပါနေသော ချင်ကျောက်သည် နားမလည်နိုင်စွာတုန်လှုပ်သွားပြီး ကောင်းဟောင်ကိုဘေးသို့ဆွဲလိုက်ကာ "လူမှုရေးကိစ္စတွေမှာ သတိထားဖို့သတိရ" ဟု မနေနိုင်စွာပြောလိုက်ရသည်။

 

ကောင်းဟောင် စိတ်ရှုပ်ထွေးစွာနဲ့ "ဘာလို့လဲ ?"

 

ချင်ကျောက် ကောင်းဟောင်၏ပခုံးကို မသိမသာပုတ်လိုက်သည်။ သူနဲ့ကျီဖေးက လူတွေကိုစော်ကားမိတာကို ဂရုမစိုက်ပေမယ့် ကောင်းဟောင်ရဲ့အစီအစဉ်အတွက် ပြပြဿနာဖြစ်စေလိမ့်မည်။

 

 

"ကျီဖေး အပြောအဆိုမတတ်ဘဲ မတော်တဆ တခြားသူတွေကိုစော်ကားမိမှာကို စိတ်ပူနေတာလား၊ စိတ်မပူနဲ့၊ ငါ သေချာအကဲခတ်ပြီးပြီ၊ ကျီဖေးက လူမှုဆက်ဆံရေးမကောင်းပေမယ့် ရိုးရိုးသားသားဖော်ရွေပြီး ရုပ်ရည်ချော မောတဲ့သူလေ၊ သရုပ်ဆောင်တွေထဲမှာ ဖြူစင်တဲ့အသစ် စက်စက် သရုပ်ဆောင်တစ်ယောက်အနေနဲ့ဆိုရင် နှစ်ယောက်စလုံး ဘယ်လိုမှ သဘောထားမတိုက်ဆိုင်ကြဘူး။ အဲ့လိုမရှိရင်တော့ သူ ဟာနဲ့သူအေးဆေးဖြစ်လိမ့် မယ်"

 

ချင်ကျောက် နှစ်ခါသာရယ်လိုက်ပြီး မပြောတော့ပေ။

 

ကောင်းဟောင် ကျီဖေးကို စိတ်ရှုပ်ထွေးစွာကြည့်နေရာမှ ပြန်လှည့်ကြည့်လိုက်ရာ သူမ ရှောင်းထောင်နှင့် ဖုန်းထဲတွင် တွေ့ခဲ့ရသော အတင်းအဖျင်းမျိုးစုံကိုစိတ်လှုပ်ရှားစွာဝေမျှနေသည်ကိုမြင်လိုက်ရသည်။

 

အင်း... အတင်းပြောတာကလွဲရင် ဘာမှစိုးရိမ်စရာမရှိပါဘူး။

 

Show သို့ရောက်သောအခါ ဒါရိုက်တာနှင့် ထုတ်လုပ်သူ အကြီးအကဲကိုယ်တိုင် လာရောက်နှုတ်ဆက်သည်။

 

ချင်ကျောက် ထိုလူနှစ်ယောက်အား သူ မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ထုတ်ဖော်ထားပြီးဖြစ်သည်ကို သူတို့သိသောကြောင့် ကျီဖေးသည် ၎င်းတို့၏နွေးထွေးသောဧည့်ခံမှုနှင့် ရင်ဆိုင်ရသောအခါတွင် အဆင်မပြေခဲ့ပေ။ သူမသည် လုပ်ငန်းနယ်ပယ်ထဲ ယဉ်ကျေးသိမ်မွေ့သော လူသစ်တစ်ဦးကဲ့သို့ပြုမူကာ ချဉ်းကပ်ရလွယ်ကူပုံပေါက်သည်။

 

သူမအား ဒုက္ခပေးမည့်သူတစ်ယောက်ဟု မထင်ထားတာကြောင့် နှစ်ယောက်သားချက်ခြင်း စိတ်သက်သာရာရသွားသည်။ အဆင့်အတန်းမြင့်သူတစ်ဦးသည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြဿနာများဖန်တီးနိုင်မည်မဟုတ်သည့်အတွက် ယင်း Show အားစီမံခန့်ခွဲရာတွင် ခက်ခဲစေမည်ကိုစိုးရိမ်ခဲ့ကြသည်။

 

"ဒီနေ့ ဓါတ်ပုံတစ်ပုံလောက်ရိုက်မယ်၊ ရိုးရှင်းတဲ့ တစ်ဦးချင်းနဲ့ အဖွဲ့လိုက် အင်တာဗျူးတွေလုပ်မယ်" ဟု ထုတ် လုပ်သူသည် လူတိုင်းကို မိတ်ကပ်ခန်းထဲမဝင်ခင် အတို ချုံးရှင်းပြသည်။

 

အဖွဲ့ငါးဖွဲ့စလုံးအား မျက်နှာသာမပေးဘဲ မိတ်ကပ်ခန်းတစ်ခုတည်းကိုဟာအသုံးပြုခဲ့ကြသည်။ နောက်ဆုံး ဤရှိုးအတွက် မိတ်ကပ်ခန်းသည် ကျယ်ဝန်းကာ အခန်းကန့်များပါရှိပြီး ကောင်းစွာတပ်ဆင်ထားသည်။ လူတစ်ဦးစီတွင် ကိုယ်ပိုင်ဧရိယာသေးသေးဖြင့် လူများစွာကိုတစ်ချိန်တည်းတွင် မိတ်ကပ်ပြင်ဆင်မှုပေးနိုင်အောင်ပြုလုပ်ထားသည်။ အကောင်းဆုံးဇာတ်ဆောင်တွေနဲ့ မင်းသမီးတွေပါခဲ့လျှင်ပင် မည်သူမှ အလေးမထားဟုးခံစားရမည် မဟုတ်ပေ။

 

ထုတ်လုပ်ရေးအဖွဲ့သည် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လူတိုင်းကိုအသိပေးရန် အဆင်ပြေမည်ဟုထင်မြင်ပြီး ဒါရိုက်တာချုပ်ကလည်း လူတိုင်းအချင်းချင်းမြန်မြန်ဆန်ဆန် ရင်းနှီးလာစေရန် အချိန်ပိုပေးနိုင်မည်ဟု မျှော်လင့်ထားသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ၎င်းတို့ ရပ်တန့်သွားမည်မဟုတ်ပေ။

 

လူတွေ တဖွဲဖွဲဝင်ရောက်လာကြသည်။ ကျီဖေးနှင့် ချင်ကျောက် ဝင်လာသောအခါတွင် အဖွဲ့သုံးဖွဲ့ရှိနေပြီဖြစ် သည်။

 

ကောင်းဟောင်သည် လူမှုရေးကောင်းသည့်လိပ်ပြာတစ်ကောင်ဖြစ်ကာ ချက်ချင်းဆိုသလိုသက်တောင့်သက်သာဖြင့် နေရာတိုင်းကူးခတ်နေသည်။ ကျီဖေးသည် လူတိုင်းအားလိုက်လံနှုတ်ဆက်ရန် ဆွဲထုတ်ခံလိုက်ရပြီး ခေါင်းသည် စပရင်ကဲ့သို့ တဆတ်ဆတ်တုန်ခါနေကာ လူတစ်ဦးချင်းစီ၏အတင်းအဖျင်းစကားနှင့် လိုက်လျောညီထွေဖြစ်အောင်ဂရုစိုက်ခဲ့သည်။ သို့သော် ကျီဖေးအား သူတို့ သိပ်ဂရုမစိုက်ကြချေ၊ အဆုံးမျာ သူမအား အနုပညာလုပ်ငန်းထဲ ဖြူစင်သည့်လူသစ်တစ်ယောက်ဟုသာ သတ်မှတ်လိုက်ကြသည်။

 

ကျီဖေး တောက်ပသော မျက်လုံးများဖြင့် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ လူတစ်ဦးစီချင်း၏ ဦးခေါင်းများသည် ဖရဲသီးများဖုံးလွှမ်းနေသကဲ့သို့ သူ့အား ခူးယူရန်စောင့် ဆိုင်းနေကြသည်။

 

သို့သော် ကျီဖေး သူတို့ထံမှ အတင်းအဖျင်းများမတူးဆွခင် "အကောင်းဆုံးသရုပ်ဆောင်ရှန်းနှင့် ဝမ်ကျားနီတို့အဖွဲ့က အခုထိမရောက်ကြသေးဘူး။"

 

"အခုတင်ထားတဲ့ မားကတ်တင်းအကောင့်တွေကို သူတို့ မတွေ့ကြဘူးလား"

 

သတင်းအချက်အလက်ရသူတစ်ဦးကပြုံးပြီး "သူတို့ နောက်ကျမှ ရောက်လာလိမ့်မယ်"

 

"ဒီခေတ်လူငယ်တွေက..."

 

“ဒီရှိုးဟာ သူတို့ရဲ့ဆက်ဆံရေးကို သတ်မှတ်တဲ့ပွဲဖြစ်လာမှာလေ” ဟု တစ်စုံတစ်ယောက်မှ အရွှန်းဖောက်လာခဲ့သည်။

 

တကယ်တော့၊ အကောင်းဆုံးသရုပ်ဆောင်မင်းသား၏ လျှို့ဝှက်အိမ်ထောင်ရေးအကြောင်း လူတချို့ကြားဖူးကြသော်လည ထိုအကြောင်းကိုကြားဖူးသည်နှင့် တကယ်သိရသည်မှာ မတူညီတဲ့အရာနှစ်ခုပင်။ ယခုအချိန်ကော လ ဟာလများကိုကြားသိသူများမှာ လျှို့ဝှက်အိမ်ထောင် ရေးသည် ကောလဟာလသာဖြစ်သည်ဟုသံသယဝင်နေကြသည်။ ဒီလိုမှမဟုတ်ရင် ဒီလိုပြင်းထန်တဲ့ အတင်းအ ဖျင်းစကားတွေနဲ့ သူ့ဇနီးက ဘယ်လိုလုပ်ငြိမ်နေနိုင်မှာလဲ ??

 

အနည်းဆုံးတော့ အဲဒီ့မှာ ဇနီးဖြစ်သူ အမြဲတစေကော်နဲ့ကပ်သလို လိုက်နေတဲ့ဝါရင့်မင်းသားကြီးဆီက သင်ယူသင့်တယ်။

 

[ဝမ်ကျားနီရဲ့ရပ်ကွက်ထဲကို ညဥ့်နက်ကြီးအပြေးအလွှား သွားတာကို မိုးလင်းတဲ့အထိ ဖုံးဖို့မကြိုးစားကြဘူး ? ဘာဖြစ်နေတာလဲ ကြည့်ရအောင်... ဘာ ?!]

 

သူ့ဆံပင်ကိုအပြီးသတ်ရန် အနီးတွင်ထိုင်နေသော ချင်ကျောက်သည် ထိုစကားကိုကြားသောအခါ တည့်တည့် မတ်မတ်ထိုင်ကာ အတင်းအဖျင်းနားထောင်လိုသည့် တွန်းအားကိုသည်းမခံနိုင်ချေ။

 

[အဆင့်မြင့်ရပ်ကွက်ထဲမှာ မိုးကြိုးမုန်တိုင်း‌ကြောင့် မီးဖြတ်တာကို ဝမ်ကျားနီက အမှောင်ကြောက်လို့ ရှန်းဝမ်ယွဲ့ကိုအကူအညီတောင်းတယ်... ရှန်းဝမ်ယွဲ့က လျှပ်စစ်မီး လား ဒါမှမဟုတ် အလင်းရောင်ကြီးလား ? အမှောင်ကိုကြောက်တဲ့လူကိုကျ တစ်ညလုံးဂရုစိုက်ပေးနေချိန်မှာ သူ့မိန်းမ သူတစ်ယောက်တည်း ဆေးကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေခံနေရတယ်ဆိုတာကို သူ သိလား ?]

 

ချင်ကျောက်သည် ရှန်းဝမ်ယွဲ့အား ရည်မွန်ပြီးပရော်ဖက် ရှင်နယ်ပီသသူဟု မူလကထင်မြင်ခဲ့သော်လည်း ယခုမူ သူ လှောင်ပြောင်ချင်နေခဲ့သည်။

 

ဒီအကြောင်းကို သူတွေးနေချိန်မှာပဲ တခြားလူတစ်စုက ဝင်လာပြီး အကောင်းဆုံးမင်းသားရှန်းအဖွဲ့ရဲ့ ဝန်ထမ်းတွေဖြစ်ပေမယ့် ရှန်းဝမ်ယွဲ့နဲ့ ဝမ်ကျားနီကိုတော့ မတွေ့ခဲ့ရချေ။

 

ကောင်းဟောင်နှင့် ထိုသမိုင်းဝင်ဒရာမာဇာတ်လမ်းတွဲ၏ အမျိုးသမီးမန်နေဂျာသည် ရှန်းဝမ်ယွဲ့၏မန်နေဂျာကို နှုတ်ဆက်ပြီး ပျက်ကွက်သည့်အကောင်းဆုံးသရုပ် ဆောင်အတွက် ယဉ်ကျေးစွာစိုးရိမ်ကြောင်းပြသကာ ပထမဆုံးတုံ့ပြန်ခဲ့ကြသည်။

 

"အိုး၊ ငါတို့ ကြိုတင်ပြင်ဆင်ဖို့လာပြီ၊ မကြာခင် သူတို့နှစ်ယောက် ရောက်လာတော့မယ်။"

 

လူတိုင်းက ဒီစကားကိုကြားတဲ့အခါ သူတို့မှာကိုယ်ပိုင် အတွေးအမြင်တွေရှိကြသည်။ ၎င်းတို့နှစ်ဦးသည် အခြားတစ်နေရာမှ သီးခြားထွက်ခွာသွားကြသည်။

 

မန်နေဂျာသည် ခေါင်းစဉ်အားရှောင်ရန် လုံးဝမကြိုးစားဘဲ နှစ်ယောက်အား ပြောင်ပြောင်တင်းတင်းပေါင်းထား ပေးခြင်းဖြစ်သည်။ ဒါ အကောင်းဆုံးသရုပ်ဆောင်ရဲ့ စိတ်ဆန္ဒ အပြုအမူသက်သက် မဟုတ်ဘူး၊ ဒီ မန်နေဂျာလည်း သဲလွန်မမရှိလှပါဘူး ။

 

ကောင်းဟောင်နှင့် အမျိုးသမီးမန်နေဂျာနှစ်ဦးစလုံးသည် အကောင်းဆုံးသရုပ်ဆောင်မင်းသား၏ လျှို့ဝှက်အိမ် ထောင်ရေးကို အမှန်ပင်သိထားကြပြီး အရူးများကို ကြည့်နေသောအမူအရာများဖြင့် ၎င်းတို့၏မျက်လုံးများ တောက်ပသွားသည်။

 

တဖက်လူသည် အကောင်းဆုံးသရုပ်ဆောင်တစ်ဦးကို ပြုစုပျိုးထောင်ပေးခဲ့သည့် ဝါရင့်မန်နေဂျာတစ်ဦးဖြစ်ခဲ့သော်ငြား ယခုအခါ ၎င်းတို့သည်မာနကြီးပြီးဘဝင်လေဟပ်ကာပြုမူနေကြပြီဖြစ်သည်။ ထိပ်ဆုံးမှာရောက်နေချိန် အထီးကျန်တတ်သည်ဆိုသည်ကို ၎င်းတို့နားလည်ထားသလို ယခုလိုအားနည်းချက်တစ်ခုခုကို မထင်မှတ်ပဲ ထားပါက အခြားသူတွေအသုံးချလာနိုင်သည်။ ပြိုင် ဘက်အနေဖြင့် ရှန်းဝမ်ယွဲ့အားအမှန်တကယ် ရိုက်ချချင်သည်ဆိုပါက အချိန်တိုအတွင်းကျဆုံးခန်းတိုင်သွားစေနိုင်သည်။

 

သို့သော် အပြင်လူများအနေဖြင့် ၎င်းတို့သည်အပေါ်ယံ ယဉ်ကျေးပြနေသော်ငြား စိတ်ထဲငြူစူ‌နေကြသည်။

 

သူတို့မိတ်ကပ်အဖွဲ့သည် ကျီဖေး၊ ချင်ကျောက်တို့၏ အနီးဆုံးမှာရှိနေသဖြင့် မိတ်ကပ်ပညာရှင်များနှင့် တီးတိုး စကားပြောဆိုနေသည်ကိုပင်ကြားနိုင်ကြသည်။

 

"contouring လုပ်တာ သတိထား"

 

"ကျားနီကျဲ မျက်နှာရောင်နေသေးလား ?"

 

“အရာတွေ ရှိနေသေးတယ်လို့ကြားတယ်"

 

"မစ္စတာရှန်း ကျားနီကျဲကို စောစောကတောင်းပန်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။"

 

"ဘာပြဖြစ်ဖြစ် အဲ့တစ်ယောက်က သူ့ကို ရိုက်ခဲ့တာလေ"

 

[အိုး၊ သူ ဘာကြားလိုက်ရတာလဲ ? ရောင်နေသေးလား ? အရာထင်တယ်ဆိုရင်တောင် ရက်တော်တော်ကြာနေပြီလေ ခုလောက်ဆိုအရောင်ကျသွားသင့်ပြီ။ ထူးဆန်းလိုက်တာ... အိုး ခိုင် မော့ ~  ရှန်းဝမ်ယွဲ့ သူ့ကိုစိုးရိမ်အောင် မနက်တိုင်း အဲ့တစ်နေရာကို ကိုယ့်ကိုကိုယ် ပါးရိုက်နေတာ၊ ဝိုး ~]

 

ချင်ကျောက်ပါးစပ်တွေ တွန့်သွားသည်- ဒီလျှို့ဝှက်ချစ် သူက တကယ်ကိုအလေးထားလုပ်‌နေတာပဲ သူ့ကိုယ်သူ တောင် မညှာဘူး။

 

[အာ့ ကောင်းပြီလေ၊ နင် ငါ့ကို အပြစ်ပြောလို့မရဘူး၊ နောက်ကျတာ သူတို့အပြစ်ပဲ]

 

ချင်ကျောက်: ?

 

ထို့နောက် ကျီဖေးသည် သူ့ဘေးရှိ ရှောင်းထောင်အား တိတ်တဆိတ်ပြောသည်ကိုကြားလိုက်ရသည်။

 

"ခဏနေကျ ငါနဲ့ပူးပေါင်းပေး"

 

ရှောင်းထောင်၏သစ်သားမျက်နှာသည် အချက်ပြမှုကို လက်ခံရရှိချိန်တွင် လိမ္မာပါးနပ်သောအမူအရာတစ်ခု ပြသလာသည်။

 

ချင်ကျောက်: ငါ ဘာလို့ မကောင်းတဲ့ခံစားချက်ရနေတာပါလိမ့် ?

 

လူတိုင်းမိတ်ကပ်ပြင်ပြီး အေး‌‌အေးဆေးဆေးစကားစမြည်းပြောနေကြစဉ်၊ ရှုပ်ယှက်ခတ်နေသည့် အတင်းအ ဖျင်းအငွေ့အသက်များ ရုတ်တရက်ထွက်ပေါ်လာသည်။ လူ့သဘောသဘာဝကိုက အတင်းအဖျင်းဆိုလျှက်တိတ်တဆိတ်နားစွင့်တတ်ကြသည်။ ကျီဖေးရဲ့ ဦးတည် ရာမှ စကားပြောသံကို သူတို့ကြားလိုက်ရသည်။

 

"ဒီဝတ်စုံကို တမင်လုခဲ့တာလေ"

 

ရှောင်းထောင်: "ဘာဖြစ်လို့လဲ ?"

 

"ဘာဖြစ်လို့လဲဆိုတော့ ရန်ဖြစ်နေတဲ့နှစ်ယောက်က တရားဝင်ဇနီးနဲ့ လျှို့ဝှက်ချစ်သူလေ"

 

ရှောင်းထောင်: "တကယ် ?"

 

"တကယ်တော့ ဒါက @#¥%amp"

 

ရှောင်းထောင်: "Ah ? Oh ? My good ! Eww ! ကျီကျဲ၊ ကျဲက ကောင်းကင်ဘုံကိုယ်စားတရားမျှတမှုလုပ်ပေးလိုက်တာပဲ"

 

ကျီဖေးသည် ၎င်းတို့ဧည့်သည်အဖွဲ့ထဲ နာမည်ကြီးလျှို့ဝ်ျြချစ်သူအလှလေးဘွဲ့အား သရဖူဆောင်းထားသော မင်းသမီးတစ်ဦးရှိနေသည်ကိုမေ့နေခဲ့သည်။ ထိုလူက ထိုစကားကိုကြားသောအခါ ကျီဖေး သူမအား လှောင် ပြောင်သယောင်ယောင် အရိပ်အမြွက်ပြောနေသော ကြောင့် သူမ ဘက်ကိုလှည့်ကြည့်လိုက်သည်။

 

ဝါရင့်မင်းသားကြီး၏ဇနီးသည် မင်းသမီးသည် လျစ် လျူရှုထားရာမှ ဖော်ရွေသောအကြည့်တစ်ချက်ထွက်ပေါ်လာသည်။

 

ကျီဖေးသည် အဖြစ်အပျက်များ၏လမ်းကြောင်းကို ကာတွန်းဖြင့် ဖော်ပြသည်ကိုမြင်တွေ့ရပြီး ၎င်းသည် ရည်ရွယ်ချက်ရှိရှိ သရော်လှောင်ပြောင်ခြင်းထက်အဖြစ်မှန်ဖြစ်ပုံရသည်။

 

ချက်ခြင်းပင် သိချင်လာကြပြီး အတင်းအဖျင်းပြောလာကြသည်။ အထူးသဖြင့် သခင်မ၏နည်းပရိယာယ်အမျိုး မျိုးကိုကြားသိရသောအခါတွင် လူတန်းစားနိမ့်ပါးပုံကို စိတ်ထဲမှဝေဖန်ခဲ့ကြသည်။ အသိဥာဏ်နည်းနည်းပိုရှိတဲ့သူတိုင်း တရားဝင်ဇနီးကသရုပ်မှန်ကို ချက်ချင်းရှာတွေ့ကြမည်ပင်။

 

အပိုင်းအသေးစိတ်များကိုရှင်းပြရန် စောစီးစွာရောက် လာသော အမှုဆောင်ဒါရိုက်တာနှင့် ထုတ်လုပ်သူပင်လျှင် အားလုံးရောက်ရှိလာပြီးသည့်နောက် ကြည့်ရှုသူများထံသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။

 

ကျီဖေး၏အတင်းအဖျင်းစကားများ ပြီးဆုံးပြီးနောက် တွင် လူအုပ်ကြီးသည် ၎င်းတို့၏တက်ကြွစွာ ပြောဆိုမှုဆီသို့ တဖြည်းဖြည်းပြန်လည်ရောက်ရှိသွားခဲ့သည်။ သာမန်လူများ၏ဒရာမာတစ်ခုမျှသာဖြစ်ပြီး ပေါ့ပေါ့တန်တန် စိတ်ဝင်စားဖွယ်ကောင်းရုံသာဖြစ်သည်။ ကောင်းဟောင်ပင်လျှင် ပါဝင်ပတ်သက်သူများမှာ မည်သူမည်ဝါဖြစ် သည်ကို စူးစမ်းလိုစိတ်မရှိပေ။

 

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ တစ်စုံတစ်ဦးရောက် လာသည်ဟုယူဆရပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ ကျီဖေး သူမလက်ထောက်နှင့်အတူ အဝတ်လဲခန်းသို့သွားခွင့်ရခဲ့သည်။ အနုပညာရှင်တွေရဲ့၀တ်စုံများကို ပြင်ဆင်ဖို့ရာပို့ထားပြီးသားဖြစ်သည်။

 

ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီ လျှောက်ဝင်လာချိန် ကျီဖေးပျောက်နေခဲ့ပြီး ချင်ကျောက် သူ့ခြေချောင်းများကိုမြေကြီးထဲသို့တူးနိုင်သည်အထိ လှုပ်လှုပ်ရွရွဖြစ်လာပြီဖြစ်သည်။

 

ကျီဖေး အဝတ်လဲပြီးထွက်လာတာ... အဲဒီမြင်ကွင်းကို... သူတကယ် စိတ်ကူးမယဉ်ရဲတော့ဘူး...