Chapter 1
Viewers 311

ငါက CEO ရဲ့ အထူးလက်ထောက်ပါ။ သုံးနှစ်လုံးလုံး တစ်ကြိမ်မှ မပျက်ကွက်ဘဲ တစိုက်မတ်မတ်၊ အချိန်မှန် လုပ်လာခဲ့တယ်။


အခု ပထမဆုံးအကြိမ် ခွင့်ယူတာနဲ့ ဆေးရုံက အရေးပေါ် ဖုန်းခေါ်ဆိုမှု ရမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။


"လက်ထောက် စုန့်၊ မစ္စတာ လု ယာဥ်တိုက်မှုဖြစ်တယ်!"


ယာဉ်တိုက်မှုလား။


ငါ လုံးဝကြောင်သွားပြီး ဖုန်းတောင် ပြုတ်ကျလုနီးပါး ဖြစ်သွားတယ်။


မစ္စတာလု ဘာမှမဖြစ်ရဘူး!


မနေ့ကမှ ငါ့ကို နှစ်ဆတိုးလစာ ပေးမယ်လို့ သူ ကတိပေးထားတာ။


လုပ်ငန်းစဉ်က အခုမှ စတာ၊ သူက လက်မှတ်မထိုးရသေးဘူးလို့!


ငါ ဆေးရုံကို အလျင်အမြန်ရောက်တော့ လုပေချန်က စစ်ဆေးမှုပြီးလို့ လူနာခန်းထဲကို တွန်းပို့နေတုန်းပဲ ရှိသေးတယ်။


ငါ စိုးရိမ်တကြီး ပြေးသွားပြီး


"မစ္စတာလု၊ ဘာဖြစ်သွားသေးလဲ"


ကုသပေးနေတဲ့ ဆရာဝန် ဝမ်လီက ပြန်ဖြေတယ်။ 


"ကားမောင်းတဲ့သူက အချိန်မီ ကွေ့လိုက်လို့ မစ္စတာ လုက သိပ်ပြီး ဒဏ်ရာမပြင်းထန်ပါဘူး။ ဒါပေမယ့် ခေါင်းထိသွားလို့ ထိခိုက်မှု နည်းနည်းတော့ ရှိတယ်။ တခြားလက္ခဏာတွေတော့ မရှိပေမယ့် သူ့မှတ်ဉာဏ်က နည်းနည်း ထိခိုက်သွားတယ်"


"မှတ်ဉာဏ်ထိခိုက်တာလား" 


ငါ အာမေဋိတ်သံပြုလိုက်မိတယ်။


အေးစက်စက် CEO + ကားတိုက်မှု + မှတ်ဉာဏ်ပျောက်တာ၊ ဒါ ဘာကံကြမ္မာမျိုးလဲ


ဝမ်လီက ငါ့စိုးရိမ်နေတဲ့ မျက်နှာကို မြင်တော့ စိတ်ချစေတဲ့အနေနဲ့


"ယာယီပါပဲ သူ တဖြည်းဖြည်း ပြန်မှတ်မိလာမှာပါ စိတ်မပူပါနဲ့"


စိတ်ပူရမှာလား


ဘယ်လိုလုပ် စိတ်မပူဘဲနေမလဲ


တစ်ရက်ခြားတာနဲ့ ပိုက်ဆံအများကြီး ဆုံးရှုံးရမှာ!


မင်းသာဆိုရင် မင်းလည်း ပူမှာပဲ!


ငါ လုပေချန်ကို တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်တယ်။ 


"မစ္စတာလု၊ ခင်ဗျား ကျွန်တော့်ကို မှတ်မိသေးလား"


ငါ့ရဲ့ မျှော်လင့်နေတဲ့ မျက်လုံးအောက်မှာ လုပေချန်က ခေါင်းညိတ်တယ်။


ငါ မျက်ရည်ကျလုနီးပါး ဝမ်းသာသွားပြီး မစ္စတာလုကို နှစ်ဆတိုးလစာ ကတိမမေ့ဖို့ သတိပေးဖို့ လုပ်နေတုန်း။


ငါ မပြောရသေးခင်မှာပဲ မစ္စတာ လုက ဆေးရုံကုတင်ကနေ ထပြီး ငါ့ဆီ တန်းတန်းမတ်မတ် လျှောက်လာတယ်။


ငါ ရှုပ်ထွေးသွားပြီး သူ့ကို လှမ်း‌ပြောမိတယ်။


"မစ္စတာလု?"


လုပေချန်က ဘာမှ ပြန်မပြောဘဲ ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ငါ့ကို တင်းတင်းဖက်လိုက်တယ်။


"ဇနီးလေး... မင်း ဘာလို့ ဒီလောက်ကြာနေတာလဲ..." 


သူက အပစ်ခံရတဲ့ ခွေးကလေးတစ်ကောင်လို ညည်းတွားရင်း ငါ့မျက်နှာကို ပွတ်သပ်ပြီး ပြောတယ်။


ငါ : !


"မစ္စတာလု၊ ခင်ဗျား လူမှားနေပြီ! ကျွန်တော်က ခင်ဗျားရဲ့ လက်ထောက်၊ စုန့်ယိနင်!"


လုပေချန်က ငါ့နောက်ကနေ ပြန်ပြောတယ်။


"စုန့်ယိနင်လား"


ငါ အားရပါးရ ခေါင်းညိတ်လိုက်တယ်။


"ဟုတ်တယ်!"


"ဇနီးလေး!"


"..."


လုပေချန်က ယာဉ်တိုက်မှုပဲ မဟုတ်ဘူး။ သူ့ကို ဦးနှောက်ဆေးထားကြတာ သေချာတယ်။


အများကြီး ကြိုးစားပြီးနောက်မှာ ငါ လုပေချန်ကို ဆေးရုံကုတင်ပေါ် ပြန်ရောက်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။


ငါ ဝမ်လီကို အပြင်ဆွဲထုတ်ပြီး မေးမြန်းတယ်။ 


"တကယ် မှတ်ဉာဏ်ပျောက်တာပဲလား..မှတ်ဉာဏ်အသစ်တွေ ထည့်သွင်းထားတာ ဘာမှမရှိဘူးလား"


ဝမ်လီက စကားမပြောနိုင်ဖြစ်သွားတယ်။


"လက်ထောက် စုန့်၊ ကျွန်တော်တို့က တီဗီဒရာမာ ရိုက်နေတာ မဟုတ်ဘူး"


ငါ စိတ်လှုပ်ရှားနေတယ်။ 


"သူ မှတ်ဉာဏ်ပျောက်နေတာ! င

ကျွန်တော် နည်းနည်းသံသယဝင်တာ မဖြစ်သင့်ဘူးလား"


"ဒါမှမဟုတ် သူ လိင်ပိုင်းဆိုင်ရာ ရောဂါရနေတာလား... တခြားဟာတွေထားဦး၊ ကျွန်တော်က ယောက်ျားလေး လုပေချန် ခွဲခြားမသိသင့်ဘူးလား"


ဝမ်လီက သူ့မေးစေ့သူ ကိုင်လိုက်တယ်။ 


"ခင်ဗျားတို့နှစ်ယောက် ဘယ်တုန်းက တွဲတာလဲ"


ငါ : ?


ကောင်းပြီ၊ နောက်တစ်ယောက် ရူးပြန်ပြီ။


ငါ စိတ်ဓာတ်ကျလုနီးပါးဖြစ်နေတာကို မြင်တော့ ဝမ်လီက စိတ်သက်သာအောင် ပြောလာတယ်။


"မှတ်ဉာဏ်တွေ ရောထွေးသွားတာ ဖြစ်နိုင်တယ် မင်းကို တခြားသူနဲ့ မှားတာပေါ့"


"ဘာပဲဖြစ်ဖြစ်၊ မစ္စတာ လုနဲ့ပဲ လိုက်လျောညီထွေနေ၊ သူ့ဇနီးအဖြစ် ရက်နည်းနည်းနေလိုက်ပေါ့၊ သူ့စိတ်ကြည်လာရင် အရာအားလုံး အဆင်ပြေသွားမှာပါ"


သူက ပြောပြီးတာနဲ့ ငါ့ပခုံးကို ပုတ်တယ်။


ငါ မျက်နှာသေနဲ့ သူ့ကို တွန်းထုတ်လိုက်တယ်။


"အကြံကောင်းပဲ၊ နောက်တစ်ခါ မလိုတော့ဘူး"


~~~