Chapter 14
"အား
... တစ်ယောက်ယောက် ငါ့ကို သတ်နေတယ်။ ရှင်က အသုံးမကျတဲ့လူပဲ ရှင့်မိန်းမ
အသတ်ခံရလုနီး ပါးဖြစ်နေတာကို အဲဒီမှာ ရပ်နေသေးတာလား ? အမလေး...နာလိုက်တာ
! ခွေးမသား လင်းဂျင်ရွှမ် နင်ငါ့ကိုသတ်နေတာလား ? အား ... "
နောက်ထပ်
အရိုက်ခံလိုက်ရတာကြောင့် ဒါ၀မ်၏အမေသည် မြေပြင်ပေါ်ထိုင်ချကာ အော်ဟစ်
ငိုယိုကာကြိမ်းမောင်းနေတော့သည်။ တခါတရံ သူ့ယောက်ျားအား ကြိမ်းမောင်းပြီး၊ တခါတရံ
လင်းဂျင်ရွှမ်အား ဆူပူကြိမ်းမောင်းပြီး နာကျင်မှုကြောင့်ထပ်ခါထပ်ခါ
ငိုကြွေးခဲ့သည်။ အမျိုးသမီး၀မ်သည် ထိုမိန်းမ၏ ယောက်ျားဖြစ်သူကို ကြည့်မိတဲ့အခါမှာ
စိတ်မရှည်သလိုမျက်မှောင်ကြုတ်ပြီး ကြည့်နေတာကိုမြင်လိုက်ရသည်။ ဒီမိန်းမ တကယ်ကို
အရှက်မဲ့တာကတော့ အဆင့်သစ်တစ်ခုကိုတောင် ရောက်သွားပြီပဲ။
"
ဖေဖေ "
ပေါင်မုန့်နှစ်လုံးသည်
လင်းဂျင်ရွှမ်၏ပေါင်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး မျက်ရည်များကျကာ
မျက်လုံးရွဲကြီးများသည် လင်းဂျင်ရွှမ်၏လူသတ်ချင်စိတ်အား
ချက်ချင်းပျောက်ကွယ်သွားစေသည်။ သူ ထိုင်ချလိုက်ပြီး သူတို့ကို ပွေ့ဖက်လိုက်ကာ
"ကောင်းပြီ၊
မကြောက်နဲ့ ဖေဖေ သားတို့ကိုကာကွယ်ပေးမယ်... "
မျက်လုံးများကျဉ်းမြောင်းသွားကာ
သူ့မျက်လုံးထဲ မှိန်ဖျော့နေသောအလင်းရောင်ကို ဖျောက်ပစ်လိုက်သည်။ What The Fuck
! မျှော်လင့်ထားသည့်အ တိုင်း ထိုအမျိုးသမီးသည် သူ့ယောက်ျားကို ဤနေရာသို့
အမှန်ပင်ခေါ်လာခဲ့ပြီး သူ့ရှေ့မှာပင် ပေါင်မုန့်လုံးလေးများအား
ရိုက်နှက်ရန်ကြိုးစားခဲ့ဟည်။ အကယ် ၍ သူသာ ပြင်းပြင်းထန်ထန် လုံလုံလောက်လောက်
ရိုက်နှက်ဆုံးမခဲ့ပါက ၎င်းတို့သည် မထိသင့်သောသူအား
အမှန်တကယ်သိသွားလိမ့်မည်ဖြစ်ပြီး ထပ်မံနှောက်ယှက်ရဲမည်မဟုတ်တော့ချေ။ သူတို့
လုပ်ရဲပါက ရွှမ်လင်းဂျင်ဟုပင် အမည်ပြောင်းပစ်လိုက်မည်။
"ဂျင်ရွှမ်...."
အမျိုးသမီး၀မ်သည်
သားနှင့်မြေးနှစ်ယောက်ကို ကိုင်ပြီးကြည့်လိုက်သည်။ သူ့မျက်လုံးကပဲ
တစ်ခုခုမှားနေတာလား ? သူ့သားက အရူးမဟုတ်တော့ဘူးလား ? ထိုစကားကိုကြားတော့
လင်းဂျင်ရွှမ်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်လှုပ်သွားပြီး ဖြည်းညှင်းစွာ
မျှော်ကြည့်လိုက်ရာ သခင်မ၀မ်၏မျက်ရည်စမျက် လုံးများ၊ နှုတ်ခမ်းများ
တုန်တုန်ယင်ယင်ဖြင့် သူ့ကို စိတ်လှုပ်ရှားစွာစိုက်ကြည့်နေသည်ကို
တွေ့လိုက်ရသည်။ အသက်သုံးဆယ်ကျော်သာရှိသေးသော သူမသည်
နှစ်ပေါင်းများစွာခက်ခဲသောအလုပ်များအပြင် သူ့အတွက် စိတ်ပူရသဖြင့်
နှစ်အနည်းငယ်သာရှိသော် လည်း အသက် 40 ကျော်ကဲ့သို့ထင်ရသည်။
သို့သော်သူမ၏အခြေခံအုတ်မြစ်ကောင်းသဖြင့် သူမ ငယ်စဉ်ကကဲ့သို့အလွန်လှပနေသင့်သည်။
အရေးကြီးဆုံးက တော့ သူမသည် သားဖြစ်သူကို ကာကွယ်ပေးသည့် မိခင်ကောင်းတစ်ယောက်ပင်။
"မား၊
ကျေးဇူးတင်ပါတယ်၊ မား ကြောင့်သာမဟုတ်ရင် ရှောင်၀မ်နဲ့ ရှောင်ဝူ
အနိုင်ကျင့်ခံရလောက်တယ် ဒီနှစ်တွေတစ်လျှောက်လုံး မားကိုကျေးဇူးတင်ပါတယ် အခု
သားမရူးတော့ဘူး ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ပြီးကောင်း
ကောင်းနေပါ့မယ်"
ကလေးတွေကိုမြှောက်ထားရင်း
လင်းဂျင်ရွှမ် သူမကို လေးလေးနက်နက် ကြည့်ပြီးပြောလိုက်ဟည်။ မူလပိုင်ရှင်ကို
ကာကွယ်ဖို့ ကြိုးစားတာပဲဖြစ်ဖြစ်၊ သူသာ သူတို့ကို အမြဲကောင်းကောင်း
ဆက်ဆံမည်ဆိုလျှင် သူသည် သူမအား သူ့မိခင်အဖြစ်မှတ်ယူရလိမ့်မည်။
"အိုး...
မင်းက အရူးပဲ မင်းအမေကို ဘာလို့ကျေးဇူး တင်တယ်လို့ပြောနေရတာလဲ ဂျင်ရွှမ် ငါ့
ဂျင်ရွှမ်လေး ၊ နောက်ဆုံးတော့ မင်း တွေးနိုင်၊ စဉ်းစားနိုင်ခဲ့ပြီး ... ဝူး ...
ဝူး ~ "
ပါးနပ်လှဟည့်အမျိုးသမီးဝမ်သည်
သူ့အား ဖက်ပြီး ငိုခဲ့သည်။ သူ့သားက မတုံးဘူး၊ မရူးတော့ဘူး။
"
အမေ၊ မငိုနဲ့တော့...အမေ့သား နေကောင်းနေပြီ "
လင်းဂျင်ရွှမ်က
ကူကယ်ရာမဲ့ နဖူးကိုကိုင်ထားရင်း သူက တခြားသူတွေကို
ဘယ်လိုနှစ်သိမ့်ရမှန်းမသိခဲ့ချေ။
"အဖွား...
အဖွားငိုတာမြင်ရင် သားလည်း ငိုချင်တယ် အဖွား..."
ပေါင်မုန့်လုံးလေးသည်
လင်းဂျင်ရွှမ်ကိုလွှတ်လိုက်ပြီး သူမရဲ့ အကျီကိုဆွဲယူကာ
သနားစရာကောင်းသည့်မျက်လုံးတစ်စုံနဲ့ သူမကို မော့ကြည့်လိုက်သည်။
ပေါင်မုန့်လုံးကြီးကလည်း မကျန်ခဲ့ပေ တစ်ဖက်က အကျီစကိုဆွဲပြီး
"
အဖွား ၊ မငိုပါနဲ့ ဖေဖေက မရူးတော့ဘူး ၊ သားတို့ရဲ့
မကောင်းတဲ့နေ့ရက်တွေကျော်လွန်သွားခဲ့ပြီ အနာဂတ်မှာပိုကောင်းလာလိမ့်မယ်။ ပြီးတော့
သားအဖွားအ တွက် ငွေနားကပ်ဝယ်ပေးမယ် အရင်က သူများတွေဝတ်တာတွေ့တယ်
တောက်ပြောင်ပြီးအရမ်းလှတာပဲ"
ဒါ
အမြဲတမ်း ပေါင်မုန့်လုံးကြီးရဲ့လှည့်ကွက်ပဲ။ သူမှန် သည်ဖြစ်စေ မမှန်သည်ဖြစ်စေ
သူသည် ဦးစွာပုံဖော်ကြည့်မည်သာ။ လင်းဂျင်ရွှမ်သည် တကယ်အဲ့လိုနေ့ရောက်လာတဲ့အခါ
သူတကယ် ငွေပေးချေမှာလားဆိုတာကို သံသယဖြစ်မိသည်။
"အိုး...
အဖွား မငိုတော့ပါဘူး...မင်းတို့ရဲ့ကောင်းချီးတွေအတွက် ၀မ်းသာနေမိလို့ပါ"
သခင်မ၀မ်သည်
သားဖြစ်သူအား တွန်းထုတ်လိုက်ပြီး မျက်ရည်များကို အမြန်သုတ်ကာ ထိုင်ချလိုက်ကာ
မျိုးဆက်သုံးဆက် လိုက်ဖက်ညီလှသည့် ချစ်စဖွယ်မြေးလေးနှစ်ဦးကိုဖက်ကာ တစ်ဖက်တွင်
ဒါ၀မ်၏ ဖခင်သည် ဇနီးဖြစ်သူကိုငြီးငွေ့လာကာ သူ့ကိုအတင်း ဖိအားပေးဆွဲထစေခဲ့သည်။ ဝက်ခေါင်းကဲ့သို့ဖူးရောင်နေသော
မျက်နှာကိုလျစ်လျူရှုကာ သူ့ မျက်နှာကို ပါးရိုက်လိုက်ရာ ဒါ၀မ်၏အမေမှ
မည်သည့်အသံမှမပြောဝံ့တော့ပေ။
"ဒီနေ့
မင်း ငါ့ကို ရှင်းပြချက်မပေးရင် ရွာလူကြီးကိုခေါ်ပြီး ငါတို့အတွက်
တရားမျှတမှုရအောင်လုပ်ရမယ်။"
သူ့မိန်းမကို
ဘေးနားရွေ့ပြီး ဒါ၀မ်ရဲ့အဖေက လင်းဂျင်ရွှမ်ကို လက်ညိုးထိုးပြီး ရှေ့ကိုတိုးလာတယ်၊
အဲဒီညစ်ညမ်းပြီး ကောက်ကျစ်တဲ့ မျက်နှာပေါ်မှာ ဒေါသနဲ့ တွက်ချက်မှုတွေ
ပြည့်နှက်နေတဲ့ သူ့သူခိုးမျက်လုံးတွေက လင်းဂျင်ရွှမ်ဘေးနား ငါးတွေပြည့်နေတဲ့
စည်ကြီးဆီ ရံဖန်ရံခါစိုက်ကြည့်နေသည်။
"မဟုတ်ဘူး
၊ ဘယ်လိုပဲဖြစ်ဖြစ် ရွာသူကြီးက ငါ့ရဲ့ ဒုတိယအဘိုးဆိုတော့ တစ်ချို့လူတွေမယုံဘဲနေမယ်
ခရိုင်ပဲသွားရအောင်
တရားသူကြီးဟူကဆုံးဖြတ်ရာမှာမျှတမှုရှိတယ်လို့ကြားတယ်
ငါတို့ကိစ္စကိုလည်း အငြင်းပွားမှုမဖြစ်စေပဲ ကိုင်တွယ်နိုင်လိမ့်မယ်။ မင်းရဲ့သားက
လူတစ်စုခေါ်လာပြီး ငါ့ကိုရိုက်နှက်ခဲ့တာ ငါ့ကို ရက်အတော်ကြာအောင်သတိမေ့မြောသွားစေခဲ့တယ်၊
မင်းဇနီးကလည်း ထပ်ပြီး ရှောင်၀မ်ရဲ့ မျက်နှာကိုဖောင်းပွနေတဲ့
ပေါက်စီလိုမျိုးရိုက်နှက်ခဲ့တယ်။ ငါလည်း တရားသူကြီးဟူကို ငါ့ကို
ဖြေရှင်းချက်ပေးပါလို့ ပြောရလိမ့်မယ်"
လင်းဂျင်ရွှမ်လှည့်ကြည့်ပြီးတော့
သူ့ကိုအေးစက်စက်အကြည့်တစ်ချက်ပေးလိုက်သည်။အထင်အမြင်သေး စွာဖြင့်
ပါးစပ်ထောင့်များကို လှုပ်ရှားလိုက်သည်။
ဟမ့်
.. သူ့ဆီက ရှင်းပြချက်လိုချင်လို့လား? သူ့လျှာ အချိုးခံရမှာ မကြောက်ဘူးလား ? အကယ်၍
သူတို့ဘက်က ဒီကိစ္စကိုလွှတ်ပေးလိုက်ရင်တောင် လင်းဂျင်ရွှမ်ကတော့ အဲ့လိုလုပ်မှာ
မဟုတ်ဘူး...
"မင်း
... မင်း ငါ့မိန်းမကို ဝက်ခေါင်းလိုဖြစ်အောင် ရိုက်တယ် အခု မင်းက
ငါတို့ကိုပြန်ကိုက်နေတယ်.. တရားသူကြီးရှေ့မှာ မင်းကို ကြောက်မယ်မထင်နဲ့ "
ဒါ၀မ်ရဲ့အဖေက
ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
"
ကောင်းပြီ ပထမဆုံးအနေနဲ့ မင်းမိန်းမက ငါ့အိမ်မှာအရိုက်ခံခဲ့ရတယ်။
အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အနေနဲ့
ကလေးနှစ်ယောက်ရှိတဲ့ယောက်ျားပျိုရဲ့အိမ်ထဲကို ဘာကြောင့်ရောက်လာတာလဲ? တစ်
ယောက်ယောက်က ငါတို့အကြားကိစ္စရှိတယ်လို့ပြောရင်တောင် အနည်းဆုံး ငါက ပညာ ရှင်တစ်ယောက်ပဲ။
ဒီလိုအပေါက်ဆိုးတဲ့အမျိုးသမီးအပေါ်
ဘယ်လိုစိတ်၀င်စားနိုင်မှာလဲ
? အရင်ရက်က မင်းသား ငါ့သားကို ရိုက်နှက်တုန်းက သက်သေတွေအများကြီးရှိသေးတယ်။
ဒီရက်တွေမှာ မင်းမိန်းမ ငါ့အိမ်ကိုလာပြီး ဆူပူကြိမ်းမောင်းပြီး
အော်ဟစ်ဆူငေါက်တယ်။ လူတော် တော်များများလည်း မြင်လိုက်မယ်ထင်တယ်။
မင်းရဲ့သားက ငါ့သားကို အရင်ရိုက်တယ်၊
မင်းမိန်းမက ဒီမှာလုပ် ဇာတ်လာခင်းတယ်..ငါ့သားမျက်နှာက ဒဏ် ရာက ခိုင်လုံတဲ့သက်သေပဲ
အဲ့ဒီတော့ ငါက ပြန်မတိုက်ဘဲ သူ ငါ့ကို သတ်တဲ့အထိစောင့်နေရမှာလား။
ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာက ရာဇ၀တ်မှုဖြစ်လာနိုင်လား ? "
အေးစက်တဲ့လေသံနဲ့
လင်းဂျင်ရွှမ်သည် စူးရှသည့်မေးခွန်းများဖြင့် ခြေလှမ်းတလှမ်းချင်းချဉ်းကပ်လာတယ်၊
ဒါ၀မ်ရဲ့အဖေက တဖြည်းဖြည်းနောက်ဆုတ်ပြီး အဆုံးမှာ လက်သီးတွေကိုတင်းတင်းဆုပ်ပြီး
အော်လိုက်ဟည်။
"မင်းမှာ
လူတွေကို ရိုက်နှက်ဖို့ အကြောင်းပြချက်ရှိသလား ?"
တိုင်းပြည်ကလူတွေက
စာအုပ် အနည်းအကျဉ်းသာဖတ်ကြတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ သူဈေးထဲမှာ
စားပွဲထိုးအလုပ်ရှာပေမယ့် စကားစစ်ထိုးရာမှာ မတော်ဘူးဆိုသည်ကို ရှာတွေ့ခဲ့သည်။
"ချင်တိုင်းပြည်ရဲ့
ဥပဒေမှာ ဘယ်သူမဆို ကိုယ့်ကိုကိုယ်ခုံခံကာကွယ်ပြီး လူရိုက်မိတာကအပြစ်မရှိဘူးလို့
ရေးထားတယ်။ ကာကွယ်တဲ့အတွက် အပြစ်မရှိဘူး ဒီနေ့သူ့ကိုသတ်လိုက်ရင်တောင်
တရားသူကြီးက ငါ့ကို ဘာမှမလုပ်နိုင်ဘူး ပါးနှစ်ချက်ကတော့ ပြောမနေနဲ့တော့ "
"မင်း...မင်း..."
သူပြောခဲ့တဲ့
ဥပဒေက မှန်သလားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါဝမ်ရဲ့အဖေက 'မင်း' လို့သာ
ဆက်ပြောနေပေမယ့် စကားတော့ မပြောတော့ပေ။ လင်းဂျင်ရွှမ်သည်
ရှေ့သို့လှမ်း၍လှမ်းပိတ်ကာ နှစ်ယောက်သား ကြားရုံ အသံဖြင့်ပြောလိုက်သည်။
"ငါ
ဘာဖြစ်လဲ မင်းရဲ့မိန်းမနဲ့ ဒီခွေးကောင်လေးကို သတ်တာကို မင်း တကယ်မြင်ချင်နေတာလား ?
"
"
မင်းကို ငါသတ်မယ်.... ”
မခံနိုင်တော့တဲ့နောက်
ဒါ၀မ်ရဲ့အဖေက သူ့ကို လက် သီးနဲ့ထိုးလာသည်။ လင်းဂျင်ရွှမ်၏ မျက်လုံးများ သည်
ဆန်းကြယ်သောအလင်းရောင်ကို ပြသသည်။ သူသည် သူ့ခန္ဓာကိုယ်ကို
လျင်မြန်စွာလှည့်လိုက်ပြီး ထိုလက်သီးကို ရှောင်လိုက်ပြီး သူ့လက် မောင်းကို
ဆွဲကိုင်ကာ သွက်လက်သော ခွန်အားဖြင့် ပစ်ပေါက်လိုက်သည်။ ဒါ၀မ်၏ဖခင်သည် သူ့ကိုယ်သူ
တည် ငြိမ်အောင် ကြိုးစားပြီး ချက်ခြင်းနောက် ပြန်ဆုတ်သွားသည်။
မျက်လုံးထဲတွင်
ရုတ်တရက်လူသတ်လိုသော အလင်းတန်းများ ပေါ်ထွက်နေသဖြင့် လင်းဂျင်ရွှမ်သည် လက်မအရွယ်
ထက်မြသောအကိုင်းအ ခက်တစ်ခုကိုရထားပြီး သူ့မျက်နှာဆီသို့ အလျင်စလိုမပြေးမီတွင်
သူ၏ပိန်လှီသော ခန္ဓာကိုယ်သည် ခုန်တက်လာပြီး ထိုချွန်ထက်သော အကိုင်းအခက်နှင့်
သူ့လက်များကို ချိန်ရွယ်ထားသည်။
"အားးး
... "
ဒါ၀မ်၏ဖခင်သည်
ဝက်ကိုသားသတ်သကဲ့သို့ အော် ဟစ်ကာ သွေးထွက်နေသော လက်မောင်းကိုကိုင်ကာ ဒူးထောက်ပြီး
ခြေတဝက်ရှည်သော အကိုင်းအခက်ကို သူ့လက်မောင်းအတွင်းသို့ ထိုးသွင်းလိုက်သည် .
"ဒါဝမ်ရဲ့ အဖေ..."
"ဖေဖေ..."
ဒါကိုမြင်တော့
ဆံပင်တွေ ရှုပ်ပွနေသည့် ဒါ၀မ်၏အမေနှင့် သားဖြစ်သူသည်
သူ့နံဘေးကိုတွားသွားခဲ့သည်။ သူ့လက်မောင်းမှာ သွေးတွေကိုမြင်လိုက်ရသဖြင့် သား
အမိနှစ်ယောက်လန့်ဖြန့်သွားသည်။ သိထားသင့်သည်မှာ ဒီဘက်ခေတ်တွင် ယောက်ျားများ သည်
မိသားစု၏မဏ္ဍိုင်ဖြစ်ပြီး ဒီတိုင်ပြိုကျရင် မုဆိုးမနှင့်သားဖြစ်သူအတွက်
ရှင်သန်ဖို့ခက်သည်။
"သူ
မသေဘူး ! ဒါ နောက်ဆုံး အကြိမ်ပဲ ။ မင်းတို့ထပ် လာရဲရင် မင်းမိသားစုအားလုံးကို
ငရဲကိုပို့ပေးဖို့ စိတ်မရှိဘူး "
ဟုဆိုရင်း
သူတို့ကို ငုံ့ကြည့်ကာ လင်းဂျင်ရွှမ်ရက် စက်စွာပြောလိုက်သည်။ ခဏတာ
သူ့ဘဝကိုတကယ် အဆုံးသတ်ချင်ပေမယ့် အဲ့ဒီအချိန်မှာ ပေါင်မုန့်နှစ်လုံးကို
တွေးနေမိခဲ့သည်။ စာဖတ်ခြင်းသာ အမွန် မြတ်ဆုံးသောခေတ်ကြီးတွင်
ကလေးနှစ်ယောက်သည် ဘဝကိုကြီးပွားတိုး တက်လိုလျှင် စာဖတ်ပြီး
တော်၀င်စာမေးပွဲကိုအောင်ရမယ် ၊ ပညာတော်သင်၏ ဂုဏ်သတင်းသည် အလွန်အရေးကြီးသည်။
အတိတ်ကဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို
သူ ဂရုမစိုက်ဘူး။ အနည်းဆုံးတော့ အခုချိန်ကစပြီး သူ့ကလေးတွေမှာ
လူသတ်သမားအဖေရှိ သည်ဆိုပြီး လူများအား အတင်းအဖျင်းပြောခွင့်မပေးဘဲ
လူသတ်ရမည်ဆိုလျှင်ပင် နေ့ခင်းကြောင်တောင်လုပ်မည်မဟုတ်ချေ။ သဲလွန်စမရှိဘဲ
သတ်ရန်နည်းလမ်း ပေါင်းများစွာရှိသည်။ သူတို့သုံးယောက်လုံးကြောက်
လန့်တကြားတုန်လှုပ်နေကြပြီး သူနှင့်မျက်လုံးချင်းတောင် မဆုံရဲတော့ပေ။ ဒီတစ်ခါတော့
သူတို့တကယ်ကြောက်သွားကြသည်။
"ထွက်သွား..
! "
ကြမ်းတမ်းသော
အသံကို ကြားလိုက်ရသည်နှင့် သူတို့သုံးယောက် ချက်ခြင်းပြေးထွက်လာပြီး တစ္ဆေ
သရဲနောက်မှလိုက်နေသကဲ့သို့ ကုတ်ကာတွားသွားကြသည်။ ဒီကိစ္စပြီးရင်
ဒီမယုံနိုင်စရာမိသားစုက ဘယ် တော့မှ ဒုက္ခရှာဖို့သတ္တိရှိမည်မဟုတ်တော့ပေ။