Ch 11
Viewers 189

Chapter 11

 

 

"ဘယ်လိုလုပ် အရသာရှိနေရတာလဲ ? ဖေဖေ နေ့တိုင်းသာ ငါးဟင်းဆိုရင်..."

 

ဖောင်းနေသည့်ဗိုက်လေးကိုကိုင်ပြီး ကျေနပ်အားရနေသည့်မျက်နှာနှင့် နှုတ်ခမ်းကိုတင်းတင်းစေ့ကာပြောနေခဲ့တယ်၊ လင်းဂျင်ရွှမ် သူ့ခေါင်း ကိုပွတ်သပ်ကာ "အဲ့လိုဆို မရိုးသွားဘူးလား ?  မနက်ဖြန် ဖေဖေ မင်း အတွက် တစ်ခုခုထပ်ဖမ်းပေးမယ် "

 

" ဟမ်... တော်ပါပြီ ဖေဖေ တစ်ခုခုဖြစ်သွားမှာ သား ကြောက်တယ် ... "

 

ဟု ဆိုကာ ပေါင်မုန့်လုံးလေးမျက်နှာပေါ်မှအပြုံးသည် ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ နှုတ်ခမ်းဆူနေခဲ့ကာ ဆီဘူးကိုလှမ်းယူထားဖို့ အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေခဲ့သော သူ့ပုံစံသည် စိတ်မသက်မသာဖြစ်စရာတစ်ခုခုကို တွေးနေသည်မှာသေချာသည်။ 

တစ်ဖက်က ပေါင်မုန့်လုံးကြီးရဲ့ သူ့မျက်နှာလည်း မည်းမှောင်သွားပြီး

 

“သားတို့ ငါးမစားတော့ဘူး ဖေဖေ၊ နောက်ထပ် ငါးဖမ်းဖို့ မကြိုးစားနဲ့တော့” ဟု တီးတိုးဆိုလာသည်။

 

သူတို့ဖေဖေက ဘဝကိုဘယ်လိုနေထိုင်ရမယ်ဆိုတာမသိပေမယ့် သူတို့ ဒီဖေဖေကိုအရမ်းသဘော ကျတဲ့အတွက် မဆုံးရှုံးချင်ဘူး။ 

 

"ရယ်လျက်~ ... ကောင်းပြီ .. ငါးဖမ်းဖို့ပိုက်ကွန်သုံးကြရင်ကော ?? မနေ့က ရွယ်ဟွာမြောင်း အောက်ခြေမှာ ငါးအကြီးကြီးတွေအများကြီးရှိတာ တွေ့ခဲ့တယ် ၊ မင်းတို့ အဖိုးနဲ့အဖွားလာတဲ့ရက်ကြရင် ပိုက်ကွန်သေးသေးလေးဝယ်ခိုင်းလို့ရတယ်လေ ၊ ငါတို့ ငါးတွေအများကြီးဖမ်းပြီးပြန် ရောင်းလို့ရတာပေါ့"

 

မနေ့ညက ဟင်းချက်တဲ့အဖြစ်အပျက်အပြီးမှာ လင်းဂျင်ရွှမ် ပေါင်မုန့်လုံးကြီးရဲ့အကျင့်တချို့ကို သိလိုက်ရသည်။ ငွေရှာသည့်ကိစ္စဖြစ်သရွေ့ သူဘယ်တော့မှကန့်ကွက်မည်မဟုတ်ချေ။ 

 

" တကယ် ??"

 

သူတို့ငွေရှာနိုင်သည်ကို ကြားလိုက်ရသည်နှင့် ပေါင်မုန့်လုံးကြီးသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေးနီရဲလာသည်။ လင်းဂျင်ရွှမ်သည် ကူကယ်ရာမဲ့သက်ပြင်းချကာ သူ့အားကြည့်လာသောစိတ်လှုပ်ရှားနေသည့် အကြည့်များအောက်ခေါင်းညိတ်ပြရင်း၊ လူသား၏သဘာဝအတိုင်း မက်မောသောစိတ်သည် ငွေ၏သွေးဆောင်မှုကို တွန်းလှန်ရန် မမျှော်လင့်ဘဲပျက်ကွက်သွားသည်။သြော် သူ့ရဲ့ပေါင်မုန့်လုံးကြီးက နည်းနည်းလေးတော့... သိတယ်မလား ??

 

"အရမ်းကောင်းတယ်၊ သားတို့ပိုက်ဆံတွေအများကြီးရအောင်လုပ်ရမယ်၊ ဆောင်း၀င်လာရင် တစ် ယောက်ယောက်ကို သားတို့အတွက် ခေါင်မိုးကို ပြင်ခိုင်းရမယ် အဲ့လိုဆိုပေါက်တော့မှာမဟုတ်ဘူး "

 

ပေါင်မုန့်လုံးကြီး၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့်နီရဲနေပြီး အနာဂတ်အတွက် အစီအစဉ်ဆွဲရင်း မျက်လုံးများသည် ကြေးဒင်္ဂါးပုံသဏ္ဍာန်သို့ ပြောင်းလဲလုနီးပါးဖြစ်နေသည်။ သူ့အားကြည့်ရသည်မှာ အနည်းငယ်ရယ်စရာကောင်းနေချိန်လင်းဂျင်ရွှမ်လည်း အံ့ဩသွားသည်။ အုတ်နဲ့ဆောက်ထားတဲ့ အိမ်ကြီးဖြစ်သင့်တာမဟုတ်ဘူးလား ?? ဘယ်လောက်လုံအောင် ကောင်းတဲ့အထိ ခေါင်မိုးကိုပြင်နေရမှာလဲ ??

 

"ဒါပေမယ့် ဖေဖေ အန္တရာယ်မရှိတာ သေချာလားဟင် "

 

ပေါင်မုန့်လုံးကြီးစိုးရိမ်ပြီးမေးလာခဲ့သည်။ ပိုက်ဆံကအရေးကြီးသော်လည်း ဖေဖေကပိုအရေးကြီးသည်။ 

"အိုး မဟုတ်ဘူးလေ၊ ဖေဖေ ရေကူးတတ်တယ်လေ"

 

လင်းဂျင်ရွှမ် နှလုံးသားထဲမှာ နွေးထွေးသည့်ခံစားချက်လေးရခဲ့သဖြင့် ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။ ယခုအိမ်သညါ သက်ကယ်အိမ်ပင်။  သူ့သားကပ်စီးနဲနေသော်လည်း သူ့အသက်ကို ပိုက်ဆံရှေ့ထားထားသည်။ ပိုက်ဆံအများကြီးရှာနိုင်ခဲ့ပါက တိုက်ရိုက်တိုက်ဆောက်လို့ရသည်။ 

 

"ကောင်းတာပေါ့၊ မနက်ဖြန် အဖွားရောက်လာရင် ငါးဖမ်းဖို့ ဝါးခြင်းတောင်းကြီး ကူလုပ်ခိုင်းမယ်၊ ပြီးရင် ဝယ်ခြမ်းဖို့ပိုက်ဆံရလာတာကို စောင့်ရုံပဲ"

 

ဟုပြောသံကြားသဖြင့် အဆုံးမှာ ကောင်လေးတွေစိတ်သက်သာရာရသွားကြသည်။ လင်းဂျင် ရွှမ်သည် ပေါင်မုန့်လုံးကြီးအားကြည့်ကာ ကူကယ်ရာမဲ့ ခေါင်းယမ်းရင်း....

 

"အင်းပါ မင်းက ဘော့စ်ပါ၊ မင်း နောက်ဆုံးပြောစရာရှိတာလည်းပြောပြီးပြီ၊ မှောင်လည်းမှောင်နေပြီ၊ သန့်ရှင်းရေးလုပ်ပြီး စောစောအိပ်ကြစို့"

ဆီမီးရှိရှိ၊ မရှိရှိ ပေါင်မုန့်လုံးကြီး၏ကပ်စီးနဲသည့်စိတ်နှင့် သူ့သားဖြစ်သူမှာ ဆီမီးအသုံးပြုခွင့်ပြုမည်မဟုတ်ပေ။  ထို့ကြောင့် မေးရန်အချိန်မဖြုန်း တော့ချေ။ ထို့ပြင် သူ အနည်းငယ်ပင်ပန်းနေသဖြင့် စောစောအိပ်ရန်လိုအပ်သည်။ 

 

" အင်း "

 

ပေါင်မုန့်လုံးနှစ်လုံးသည် ပန်းကန်နှင့် တူတွေ သိမ်းလာကြသည်။ လင်းဂျင်ရွှမ်သည် ပေါင်မုန့်လုံးကြီး၏စိုက်ကြည့်မှုအောက်တွင် ပျက်စီးနေသော သစ်သားအင်တုံထဲ ထပ်ခါတလဲလဲဆေး ကြောခဲ့ရသည်။ အခန်းတွင်းရှိ သန့်ရှင်းသော ချည်ထည်တစ်ထည်ကိုရှာတွေ့ပြီးနောက် ရေဇလုံကိုလှမ်းယူကာ ခုံတန်းရှည်ပေါ်တင်ထားလိုက်သည်။ မီးဖိုပေါ်မှဆားအိုးကို ယူကာ ဆားနည်းနည်းနှစ်ပြီး ပါးစပ်ကိုဖွင့်ဖို့ ပေါင်မုန့်လုံးလေးကို လက်နဲ့လှုပ်လိုက်တယ်။ လက်ထဲမှဆားအား ပါးစပ်ထဲသို့ပို့ရန် ပြင်စဉ်..... မတော်တဆတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ 

“ဖေဖေ ဘာလုပ်နေတာလဲ ?? ဆားက အရမ်းဈေးကြီးတယ်”

 

အကြာကြီးစောင့်ကြည့်နေခဲ့သော ပေါင်မုန့်လုံးကြီးသည် ဆားအိုးကိုလုယူသွားကာ သူ့အားမကျေမနပ်စိုက်ကြည့်နေပြန်သည်။ တကယ်တော့ သူ့ဖေဖေသည် သူ သတိမထားမိသည့် အချိန်တိုအတွင်းမှာပင် ပစ္စည်းများကိုထက်မံဖြုန်းတီးတော့သည်။

"အမ်..."

 

လင်းဂျင်ရွှမ်၏မျက်နှာသည် နစ်မြုပ်သွားပြီး သူသည် ပါးစပ်အနံ့အသက်အားသည်းမခံနိုင်ပေ။  ပေါင်မုန့်လုံးလေးသည် သူတို့အားကြည့်ကာ ပြုံးပြီးပါးစပ်အုပ်ထားလိုက်သည်။ အဖေကို အရမ်းအထင်ကြီးမိတယ်၊ သူ့ကော တစ်နေ့ထဲအကြိမ်ပေါင်းများစွာရူးသွပ်သွားတာကို သူ ပထမဆုံးမြင်ဖူးတာဘဲ....

 

လင်းဂျင်ရွှမ်စိတ်ထဲ ပေါင်မုန့်လုံးလေးတွေးနေတာကိုသာသိပါက လင်းဂျင်ရွှမ် သူ့ကိုယ်သူ ကြက်ဥနှင့်ရိုက်သတ်ပစ်နိုင်သည်။ ဒီကိစ္စနှင့်ပတ်သတ်ပြီး ဘယ်ဟာက အလွန်အထင်ကြီးစရာကောင်းနေလို့လဲ ?? ဒါ အဖေ့ကို ချုပ်နှောင်ထားတဲ့ ဘဝဗားရှင်းတစ်ခုပဲ Ok  ? 

 

"အဟမ်း... သွားတွေကို သန့်ရှင်းဖို့ဆားသုံးရမယ်၊ အစာစားပြီးလို့ သွားကိုမသန့်ရှင်းရင် ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးပိုးမွှားတွေ ပေါက်လာလိမ့်မယ်။ သွားကိုက်တာဖြစ်ချင်လို့လား ?"

 

သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက်အကြာကြီးစိုက်ကြည့်ပြီးနောက် လင်းဂျင်ရွှမ် သူ့လည်ချောင်းကိုရှင်းလိုက်ပြီး အတိုချုံးရှင်းပြလိုက်သည်။ အတတ်နိုင်ဆုံး သူအကုန်အ‌ လျှော့ပေးနိုင်ပေမယ့် ဒီတစ်ခုတော့မရဘူး။  တစ် နေ့မှာ သူ့ပေါင်မုန့်လုံးနှစ်လုံးအား ပါးစပ်တခုလုံး ပုပ်နေတာမျိုးမဖြစ်‌စေချင်ပေ။ 

 

"ဒါပေမယ့် ဆားမသုံးရဘူး၊ ဆားက စျေးကြီးတယ်... လက်ကျန် ဒါ အကုန်ပဲ"

 

ပေါင်မုန့်လုံးကြီးသည် သူ့မျက်နှာနီရဲနေပြီး အလျှော့မပေးချင်သေးပေ။ လင်းဂျင်ရွှမ် သူ့အားဆွဲယူလိုက်ပြီး

 

"ဆား ပိုစျေးကြီးလား ဒါမှမဟုတ် သမားတော်နဲ့ သွားပြတာလား ? မင်းပါးစပ်က ပုပ်သွားပြီး သွားတွေမကောင်းရင် ပိုကုန်ကျလိမ့်မယ်၊ ဖေဖေတို့ ငါးရောင်းပြီးတော့ ဆားပြန်၀ယ်လို့ရတယ်၊ နောက်ပြီး ဖေဖေစာအုပ်တွေ အများကြီးဖတ်ထားတဲ့အတွက်တိုင်းရင်းဆေးတစ်ချို့လည်း ရှာပြီးရောင်းလို့တယ်၊ အဲ့လိုမျိုးပိုက်ဆံပြန်ရှာလို့ရတယ် မဟုတ်ဖူးလား ? အရင်ဆုံး ကျန်းမာဖို့လိုတယ်၊ ရောဂါမျိုးစုံက ပါးစပ်ကနေဝင်လာတာ ၊ ခံတွင်းသန့်ရှင်းရေးအတွက် ဆားနည်းနည်းသုံးရမှာကြောင့်နဲ့ ပစ်ထားတော့မလို့လား ?"

 

လင်းဂျင်ရွှမ်သာ ငါးနှစ်သားအရွယ်ပေါင်မုန့်လုံးကြီးကိုမကိုင်တွယ်နိုင်ခဲ့ပါက အသက်ရှင်လာခဲ့သည်မှာ အချည်းအနှီးပင်။ ကြည့်ပါလား ? ပေါင် မုန့်လုံးကြီး ပြတ်ပြတ်သားသားတွန့်ဆုတ်သွားသည်မဟုတ်ပါလား ? မကျေမနပ်မျက်နှာထားဖြင့်ငြိမ်နေသော်လည်း ဆားအိုးကိုကိုင်ထားသည့် လက်အား ဖြေလျော့လိုက်သည်။ 

 

ပေါင်မုန့်လုံးကြီးငြိမ်နေသည်ကိုကြည့်ပြီး လင်းဂျင်ရွှမ် ဆားအိုးကိုပြန်ယူလိုက်သည်။ သူ့ပေါင် မုန့်လုံးကြီး၏ကူကယ်ရာမဲ့နေသည့် မျက်နှာကိုမြင်လိုက်သော်လည်း မမြင်ဟန်ဆောင်လိုက်သည်။ အနာဂတ်တွင် ၎င်းတို့အားခံတွင်းသန့်ရှင်းရေးသာမက အခြားကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အဆုံးစွန်ထိဆောင်ရွက်ပေး‌ချင်သည်။ ဘဝတွင်ကောင်းကောင်း‌နေရရန်မှာ အရေးကြီးသော်လည်း အဓိကမှာအရေးကြီးသည်မှာ ကျန်းမာသည့်ခန္ဓာကိုယ်ပင်။ ဤအချက်အား သူဘယ်တော့မှ အပေးအယူလုပ်မည်မဟုတ်ပေ။

 

နောက်ဆုံးအကြိမ်အနေနှင့် မရေမတွက်နိုင်အောင်ရှုံးနိမ့်ပြီးနောက် လင်းဂျင်ရွှမ်သည်  သေးငယ်သောအောင်ပွဲတစ်ခုဟာ အနိုင်ရရှိခဲ့သော် လည်း၊ ထိုအောင်ပွဲသည် လုံးဝမလွယ်ကူခဲ့ချေ။