Into
Viewers 1k

Into


1955 ခုနှစ်တွင် ယဲ့လီနဲ့ သူမရဲ့တစ်မိသားစုလုံး ပြန်လည်မွေးဖွားလာသည်။


ပထမအချက်မှာ အရင်ဘဝက သူတို့ကို မြေပဲနဲ့ အလွဲသုံးစားလုပ်ခဲ့တဲ့ သူတို့ရဲ့အဘိုးကို ဆုချီးမြှင့်မှာဖြစ်သည်။


ဒုတိယအချက်က အမြဲတမ်းတောင့်တခဲ့တဲ့ အနောက်မြောက်ကို ပြန်ဖို့ပါပဲ။


အစွန်းမရောက်တဲ့ဘဝက အလွန်သာယာပြီး နွေးထွေးသည်။ မင်းမှာ ဘာမှလုပ်စရာမရှိတဲ့အခါ ဝံပုလွေတစ်ကောင်ကို မွေးမြူနိုင်တယ်။ ဝံပုလွေဘုရင်နဲ့အတူ အမဲလိုက်နိုင်တယ်။ ဒါမှမဟုတ် သဲကန္တာရထဲမှာ တောကုလားအုတ်တစ်ကောင်ကို စီးနိုင်တယ်။


တဟေးက (အနက်ကြီး) စိုးရိမ်ပူပင်မှု မရှိဘဲ မြက်ပင်ကို အေးအေးဆေးဆေး ဝါးရင်း နောက်ကနေလိုက်ပြီး အမြန်မပြေးနိုင်သော ကုလားအုတ်လေး ရှောင်ဟွမ်က (အဝါရောင်လေး) နောက်ကလိုက်လာတယ်။


မိဘတွေနဲ့အတူ လယ်မြေတွေကို ပြန်လည်သိမ်းယူပြီး အပင်တွေ စိုက်မယ်။ သစ်ပင်စိုက်ဖို့ နေရာတွေကို အသုံးပြုပြီး Taklimakan သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲမယ်။


တောဖရဲသီးကို စုဆောင်းမယ်။ ရို့ကုန်းရုံပင် (Cistanche deserticola) ရောင်းမယ်။ ရှားတုံးချင်ပင်ကို (Ammopiptanthus mongolicus) စုဆောင်းမယ်။ သားရဲတိရစ္ဆာန်တွေကို ကာကွယ်မယ်။ 


စော်းစော်းပင် (Haloxylon ammodendron) နဲ့ ဟုန်လျိုပင်ကိုစိုက်ပြီး ပထမဆုံးချမ်းသာတဲ့မျိုးဆက် လုပ်မယ်။


(ပုံတွေက ထည့်ပေးလို့ မရလို့ပါ။ အင်္ဂလိပ်နဲ့ တရုတ်အသံထွက်အတိုင်း ရေးထားတာ အပင်တွေပါဘဲ။)